အခန်း(၂၀၆) မင်းကရော ... သေ သွားရင်တောင် ဖြစ်တယ်လို့ 'တွေးခဲ့တာလား။
"ကုယျန်ရှန်း ... ငါ့ကို လွှတ် "
ကုယျန်ရှန်းက သူ အခုလေးတင် အနမ်းပေးခဲ့သော ဝမ်နျဲ့နျန်၏ နှုတ်ခမ်းပါးကို ငေးကြည့်နေရင်း မျက်ဝန်းအကြည့်တို့က ငြိမ်သက်ခြင်း မရှိတော့ပေ။ ဝမ်နျဲ့နျန်၏မျက်လုံးကို အုပ်ထားသော သူ့လက်ကိုလည်း နောက်ဆုံးတွင် ဖယ်ပေးလိုက်သည်။
"နျန်နျန် .... ငါ မင်းကို ခိုးနမ်းဖို့ မရည်ရွယ်ခဲ့ ပါဘူး ..."
လက်ကိုဖယ်လိုက်သည်နှင့် နီရဲကာ တုန်လှုပ်မှုတို့ပြည့်နေသော ဝမ်နျဲ့နျန်၏မျက်ဝန်းများကို ကုယျန်ရှန်း မြင်လိုက်ရ၏။
တစ်ဖက်တွင် ကုယျန်ရှန်းထံမှ စိုက်ကြည့်နေခြင်းကို ခံနေရ၍ နေမထိထိုင်မသာဖြစ်လာသော ဝမ်နျဲ့နျန်၏မျက်နှာက ရုတ်ချည်း နီရဲတက်လာပြီး လက်ထဲကိုင်ထားသည့် အပေါ်ဝတ်ကို ကုယျန်ရှန်းထံသို့ ပစ်ထုတ်ပေးကာ ပြန်ဖို့အတွက် မတ်တပ်ရပ်လိုက်သည်။
ကုယျန်ရှန်းက သူ့ထံသို့ ပစ်ထုတ်ပေးခဲ့သော အင်္ကျီကို ကိုင်ပြီး တွေတွေဝေဝေနှင့် ဝမ်နျဲ့နျန်၏နောက်ကျောပြင်ကို ကြောင်ကြည့်နေခဲ့သည်။ ထို့နောက်တွင်မှ သူလည်း ထိုင်နေရာမှထပြီး ဝမ်နျဲ့နျန်အနောက်သို့ လိုက်သွားခဲ့သည်။
ထိုအချိန်၌ ကုယျန်ရှန်းမမြင်လိုက်ရသည်မှာ သူအနမ်းပေးခဲ့သော နှုတ်ခမ်းသားကိုထိ၍ ရှက်သွေးဖြာစွာ ပြုံးနေသော ဝမ်နျဲ့နျန်၏ ပုံစံကို ဖြစ်သည်။
"နျန်နျန် ... ငါ့ကို စောင့် အုံးလေ "
သူ့ထံသို့ နီးကပ်လာသော အနောက်ဘက်မှ အော်ခေါ်သံကြောင့် ဝမ်နျဲ့နျန်က အကွာအဝေးပိုတိုးရန် လမ်းမရှိရာသို့ ခပ်မြန်မြန်လှမ်းနေခဲ့သည်။ သို့ပေမယ့် ခြေချော်ပြီး ပြုတ်ကျသွားခဲ့တာကြောင့် ဒူးခေါင်းက လမ်းအဆင့်နေရာနှင့် ဆောင့်မိသွားခဲ့သည်။
ဒါကို မြင်သည့် ကုယျန်ရှန်းက အနားသို့ ကူညီရန် ပြေးလာပြီး ဘေးတစ်ဖက်တွင်ထိုင်ကာ စိုးရိမ်ကြီးစွာဖြင့် မေးလိုက်၏။
"ရလား။ နာ သွားလား။ ငါ တောင်းပန်ပါတယ် ..ငါ့ကြောင့် မင်း အခုလို ဖြစ်သွားတာ။ မင်း လန့်သွားအောင် ငါ အနောက်က မလိုက်ခဲ့သင့်ဘူး။ "
"မင်းက Z နိုင်ငံမှာ ဘယ်လိုလုပ်ပြီး ရှိနေတာလဲ။" ဝမ်နျဲ့နျန်က ဒူးခေါင်းကို လက်ဖြင့် ပွတ်ရင်း ကုယျန်ရှန်းကို ကြည့်၍ မေးလိုက်သည်။
ကုယျန်ရှန်းက အကြည့်တို့ကို ခနမျှ လွှဲပြီး လက်ကိုဆန့်ထုတ်ကာ ဝမ်နျဲ့နျန်၏ဒဏ်ရာကို စစ်ဆေးနေသည်။ နှုတ်မှလည်း ထစ်ထစ်ငေါ့ငေါ့ဖြင့် " ငါ ... ငါ ဒီကို ကုမ္ပဏီကိစ္စနဲ့ အလုပ်ခရီး ထွက်လာတာ။ ဒီနားရောက်တော့ မင်းလည်း ဒီနေ့ ကမ်းခြေမှာ ဓာတ်ပုံရိုက်ဖို့ရှိတာကို သတိရလိုက်တာနဲ့ ဝင်လာကြည့်လိုက်တာ"
ထိုစကားက သေချာပေါက် အလိမ်အညာဖြစ်နေမှန်း ဝမ်နျဲ့နျန် သိတာပေါ့။ သို့ပေမယ့် ထပ်မငြင်းချင်တော့တာကြောင့် ပြန်ဖို့သာ ပြင်လိုက်သည်။ သို့သော် သူ မတ်တပ်ရပ်လိုက်သည်နှင့် ဒူးခေါင်းက နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့၏။
"ငြိမ်ငြိမ်နေ ... မင်းခြေထောက်က ဒဏ်ရာဟောင်းလည်း ရှိနေတာ အခုနေ လမ်းလျှောက်ဖို့ အဆင်မပြေနိုင်ဘူး။ အကိုက်အခဲပျောက်ဆေးရော ယူလာခဲ့လား။ ငါ မင်းကို ဟိုတယ်ပြန်ပို့ပေးမယ်။"
"ဘာ ..." ဝမ်နျဲ့နျန် ထိတ်လန့်သွားခဲ့သည်။
ကုယျန်ရှန်းကဖြင့် သူ့အပေါ်ဝတ်ကိုချွတ်ပြီး ဝမ်နျဲ့နျန်ကိုယ်ပေါ်၌ လွှမ်းခြုံပေးကာ လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ထိုသူကို ပွေ့ချီရန် တာဆူနေလေသည်။
ရလဒ်အဖြစ် ဝမ်နျဲ့နျန်ထံမှ လက်မခံဘဲ ငြင်းဆန်ခြင်းကိုသာ ပိုင်ဆိုင်ရလိုက်၏။
"မင်း အခု လမ်းလျှောက်လို့ မဖြစ်ဘူးလေ။ အဲ့လိုဆိုပြီး မင်းကို ပွေ့ချီပြီးလည်း မသွားပါဘူး။ ငါ ကျောပိုး သွားမယ်လေ ... မရဘူးလား။ " ကုယျန်ရှန်းက သူ ဆန့်တန်းထားသော လက်နှစ်ဖက်ကို တွေးတွေးစစနှင့်ကြည့်ပြီး သက်ပြင်းချကာ ပြောလာသည်။ ဝမ်နျဲ့နျန်က ဘာစကားမှပြန်မပြောဘဲ သူ့ကိုယ်ပေါ်၌ လွှမ်းခြုံပေးထားသော ကုယျန်ရှန်း၏ အင်္ကျီစကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့၏။
မှောင်ရီပျိုးလာပြီဖြစ်သော ကောင်းကင်ကြီး၌ အလင်းစတို့ ပျောက်ကွယ်နေလေပြီ။ လမ်း၏တစ်ဖက်စီရှိ မီးတိုင်တို့က တစ်တိုင်ပြီးတစ်တိုင် မီးလင်းလာပြီး အဝေးမှ လှမ်းမျှော်မြင်ရသော လမ်းတစ်လျှောက်ရှိ မီးတိုင်အလင်းအိမ်တို့က ကြယ်စုလေးများသဖွယ် ဖြစ်နေသည်။
လမ်းမီးရောင်အောက်၌ လှုပ်လိလှုပ်လဲ့အရိပ်နှစ်ခု ထင်ဟပ်ကျနေပြီး တစ်ဖက်လမ်း၏ မီးတိုင်များအောက်မှ ကျောထက်တွင် ဝမ်နျဲ့နျန်ကို ချီပိုးထားလျက် ကုယျန်ရှန်းက ဖြည်းဖြည်းချင်း လျှောက်လှမ်းနေသည်။
မည်သူကမှ စကားတစ်ခွန်းဖွင့်အံလာခြင်းမရှိ ကိုယ်စီ၏အတွေးများဖြင့် တိတ်ဆိတ်နေကြသည်။
"နျန်နျန် ... ငါ့ကို သေချာဖက်ထားနော် ... မပြုတ်ကျစေနဲ့။ "
ထိုသို့စကားစလိုက်ပေမယ့် တုံ့ပြန်လာခြင်းမရှိသော တစ်ဖက်သူကြောင့် ကုယျန်ရှန်း တစ်ယောက် ဝမ်းနည်းသွားခဲ့သည်။ သူက ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်နေရင်း ထောင့်ချိုးတစ်ခုကိုကွေ့ကာ တစ်ဖက်လမ်းသို့ ကူးသွားသည့် အချိန်၌ ဝမ်နျဲ့နျန်ထံမှ သူ့အား တင်းတင်းကြပ်ကြပ်ပွေ့ဖက်လာသည်ကို ခံစားမိပြီး အပြုံးတစ်ခုကလည်း ကုယျန်ရှန်း၏ ကော့တက်နေသော နှုတ်ခမ်းထောင့်စွန်း၌ အလိုအလျောက် ချိတ်ထားမိလျက် ဖြစ်သွားခဲ့သည်။
ထိုမှ အချိန်အကြာကြီး လမ်းလျှောက်လာပြီးနောက်တွင် ဟိုတယ်သို့ ပြန်ရောက်ခဲ့ပြီး အခန်းကဒ်ဖြင့် တံခါးကိုဖွင့်ကာ ဝမ်နျဲ့နျန်ကို ကူတွဲ၍ အခန်းထဲသို့ ဝင်စေခဲ့သည်။
ဝမ်နျဲ့နျန်က သူ့အိတ်ထဲမှ အကိုက်အခဲပျောက်ဆေးကို ထုတ်သောက်ပြီး ဘေးတွင်ရပ်နေသည့် ကုယျန်ရှန်းကို လှည့်ကြည့်လိုက်သည်။
"မင်း ... အခုထိ မပြန်သေးဘူးလား။"
"ငါ ဒီကို ကားနဲ့လာတာ မဟုတ်ဘူးလေ။ ပြီးတော့ ငါနေတဲ့ ဟိုတယ်က ဒီကနေဆို အဝေးကြီးပဲ ... အငှားကားတွေက ဒီအချိန်ဆို မရှိကြတော့ဘူး ... ကား ရဖို့ အကြာကြီး စောင့်ရနိုင်တယ် "
ကုယျန်ရှန်းက ခုံတွင်ထိုင်ပြီး ကုတ်အင်္ကျီကို ချွတ်နေရင်းမှ ဝမ်နျဲ့နျန်ကို အားငယ်ဝမ်းနည်းစွာ ငေးကြည့်နေသည်။ ဝမ်နျဲ့နျန်ထံမှ သူ့အား လက်ခံခွင့်ပြုသည့် စကားသံထွက်မလာသည်ကို မြင်တော့ ကူကယ်ရာမဲ့သွားသော အကြည့်များဖြင့် ကုယျန်ရှန်း ပြောလာခဲ့သည်။
"ဒါဆိုလည်း ငါ ပြန်တော့မယ်။ မင်းခြေထောက်က ဒဏ်ရာ နာလာရင် မန်နေဂျာကို ဖုန်းဆက်ခေါ်လိုက်နော်"
"နေ ဦး"
ကုယျန်ရှန်း၏ ခြေလှမ်းတို့ ရပ်တန့်သွားသည်။ လက်နှစ်ဖက်ကိုလည်း တစ်ဖက်သူမသိအောင် သိုဝှက်၍ တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး မေးလိုက်သည်။
"ဘာ ဖြစ်လို့လဲ"
"မင်း ဒီည ဒီမှာပဲ နေလိုက်တော့။ လင်းလင်းက မိန်းကလေးဖြစ်နေတော့ ညဘက်ကြီး ငါ့အခန်းထဲလာပြီး စောင့်ကြည့်ပေးဖို့က မသင့်တော်ဘူး။"
အပြုံးတစ်ပွင့်က ကုယျန်ရှန်း၏မျက်ဝန်းအတွင်း ထင်ဟပ်၍ အနောက်တွင်ရပ်နေသာ ဝမ်နျဲ့နျန်ကို ပြန်လှည့်ကြည့်ပြီး ကုယျန်ရှန်း ဖြေလိုက်၏။
"ရတယ်လေ ... ငါ နေပေးမယ်"
____
စားပွဲပေါ်၌ အဖုံးဖွင့်ပြီးတင်ထားသော ဝိုင်ပုလင်းများစွာ ရှိနေသည်။ ကုလင်က မျက်ဝန်းထဲ မူးယစ်ခြင်းအပြည့်ဖြင့် လက်ထဲက ပန်းချီကားချပ်ကို ခါးသီးစွာ စိုက်ကြည့်နေသည်။
ဒီနေ့က ကုလင်ရဲ့မွေးနေ့ဖြစ်ပေမယ့် သူ့ကိုဂုဏ်ပြုပေးမည့် မည်သူတစ်ဦးမှမရှိသလို သူ့မွေးနေ့ကို မှတ်မိသည့်သူလည်း မရှိချေ။ သူသာလျှင် နှစ်တိုင်းရဲ့ သူ့မွေးနေ့ကို မှတ်မိနေသူ ဖြစ်သည်။
ထို့အပြင် အရင်အချိန်က သူ့မွေးနေ့မှာ အနားမှာအတူရှိနေပေးမည်'ဟု ပြောခဲ့သူလည်း ယခု သူ့နားတွင် ရှိမနေချေ။ ထိုသူက သူ့နံဘေးမှ ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်....
"ခင်များ လိမ်တယ် ... အကို ... ခင်များလိမ်တယ်။ ပြောတော့ ကျွန်တော့်မွေးနေ့မှာ အတူရှိနေပေးမှာဆို ... ကျွန်တော့်ကို ထားမသွားပါဘူး ဆို ..."
ကုလင်က သူတို့ဆုံနေကျ လမ်းကြားထဲသို့ အကြိမ်များစွာ သွားပြီး ပိုင်ကျင်ချန်အနားသို့ ရောက်လာတိုင်း အော်ခေါ်ခဲ့ပေမယ့် ပြန်ဖြေသူမရှိဘဲ ပိုင်ကျင်ချန်မှာ ပျောက်ကွယ်သွားခဲ့သည်။
ပုံတူကားချပ်ထဲမှ အပြုံးချိုချိုနှင့် ထိုသူကိုကြည့်ပြီး ကုလင်၏မျက်ဝန်းများ၌ ခံစားချက်ထွေလီတို့ ရောထွေးထင်ဟပ်သည်။ ကုလင်သည် ထိုင်နေရင်းမှ မတ်တပ်ထရပ်ပြီး ကားဖြင့် ကုကျွမ်းအိမ်မှ ထွက်သွားခဲ့သည်။
အပြင်၌ ကုလင် ပိုင်ကျင်ချန်နှင့် ပထမဦးဆုံး ဆုံတွေ့ခဲ့တဲ့ နေ့တုန်းကအတိုင်း မိုးများ သည်းထန်စွာ ရွာနေသည်။ ကုလင်က ပိုင်ကျင်ချန်၏တိုက်ခန်းရှိရာသို့ သွားပြီး ကားထဲမှ အပြင်ဘက်မိုးရေထဲသို့ ထွက်ကာပိုင်ကျင်ချန်၏ အိမ်တံခါးကို ခေါက်ခဲ့၏။
"အကို ... အကို အထဲမှာ ရှိနေလား။"
ကုလင်က နောက်ထပ်တစ်ကြိမ် တံခါးကို ပြင်းပြင်းထန်ထန်ထုနေပေမယ့် အတွင်းဘက်မှ ပြန်ဖြေလာသည့်အသံ ထွက်ပေါ်မလာချေ။ အရက်အရှိန်ကြောင့်ပင်လား သို့မဟုတ် ဒီနေ့က သူ့ရဲ့မွေးနေ့ဖြစ်နေတာကြောင့်လား မပြောတတ် .... ကုလင်မှာ ခံစားချက်တို့ ပေါက်ကွဲလွယ်နေခဲ့သည်။
"အကို တံခါးဖွင့်ပါ။ တံခါးဖွင့်ပြီး ကျွန်တော့်ကို လာတွေ့ပါ။ လုပ်ပါ ... ကျွန်တော့်မှာ အကိုတစ်ယောက်တည်းရှိတာ အခုလိုမျိုး မစွန့်ပစ်လိုက်ပါနဲ့ ... အကိုလည်း ကျွန်တော့်အနားရှိချင်တာပဲ မဟုတ်ဘူးလား။"
ကုလင်က ငိုနေရင်းပင် ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး တံခါးကိုသာ ထုရိုက်နေခဲ့သည်။ သူ့တစ်ကိုယ်လုံးက မိုးရေကြောင့် ရွှဲစိုနေပြီး တံခါးကို ကျောမှီလိုက်ရင်း ဦးခေါင်းထက်သို့ တဖွဲဖွဲကျနေသော မိုးပေါက်တို့ကို မော့ကြည့်လိုက်သည်။
"ကျွန်တော်က ဒီလောက်တောင်ပဲ စိတ်ပျက်စရာကောင်းလား။ ဘာလို့ လူတိုင်းက ကျွန်တော့်ကို စွန့်ပစ်နေကြတာလဲ။... အကိုလည်း အမေ့လိုပဲ ကျွန်တော့်ကို မလိုချင်ဘူးလား။"
ကုလင်က ဒူးနှစ်ဖက်ကို ပွေ့ဖက်ကာ ထိုင်နေပြီး မျက်ရည်များကလည်း မိုးပေါက်တို့နှင့်အတူ ကျဆင်းနေသည်။
'ကျွန်တော် သူ့ကို စောင့်နေပေမယ့် ... သူကတော့ ကျွန်တော့်ကို မလိုချင်တော့ဘူး..'
ပိုင်ကျင်ချန်က အနုပညာပြခန်းမှပြန်မည်အပြုတွင် မိုးသည်းထန်စွာရွာနေခြင်းကြောင့် အိမ်မပြန်သေးဘဲ ပြခန်းရှေ့တွင် ခေတ္တမျှ ရပ်စောင့်နေခဲ့သည်။
ပိုင်ကျင်ချန်က အိမ်အပြင်ဘက်၌ ကားရပ်ပြီး ထီးဖွင့်ကာ ကားထဲမှဆင်းလာခဲ့သည်။ အိမ်ရှေ့သို့ရောက်သည့်အခါ တံခါးဝ၌ လူတစ်ယောက်ရှိနေသည်ကို သတိထားမိပြီး အနားသို့ တိုးကပ်သွားနေရင်းမှ တစ်ဖက်လူကို သေချာမြင်လိုက်ရချိန်တွင် ပိုင်ကျင်ချန် အံ့ဩသွားခဲ့သည်။
"ရှောင် လင် လား "
ထိုအချိန်၌ မိုးရေထဲတွင် ထိုင်နေခဲ့သည်မှာ မည်မျှကြာမြင့်သွားပြီဖြစ်မှန်း ကုလင် သိပင်မသိတော့။ အသံကြောင့် ကုလင်မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ သူ့အား ထီးဆောင်းထားပေးပြီး ရေးရေးလေး ပြုံးပြနေသည့် ပိုင်ကျင်ချန်ကို တွေ့လိုက်ရသည်။
"အကို ... ကျွန်တော် အကို့ကို စောင့်နေတာ .." ထိုစကားပြောပြီးနောက် ကုလင် မေ့လဲသွားခဲ့သည်။
________
Z နိုင်ငံ၏ နွေးထွေးသော နေရောင်ခြည်က ပြတင်းပေါက်မှတဆင့် အခန်းအတွင်းသို့ ဖြာကျနေသည်။
အလင်းရောင်ကြောင့် အိပ်ရာမှနိုးလာသည့် ဝမ်နျဲ့နျန်က မျက်လုံးကို ပွတ်သပ်ရင်း အိပ်ရာမှထရန် ပြင်လိုက်သည်။ သို့ပေမယ့် သူထမရအောင် တစ်စုံတစ်ခုက သူ့အား ပွေ့ဖက်ထားပေသည်။ ဝမ်နျဲ့နျန် ခနမျှ တုန်လှုပ်သွားပြီး အိပ်ရာတစ်ဖက်တွင် အိပ်ပျော်နေသေးသော နောက်ထပ်လူတစ်ယောက်ကို ငဲ့ကြည့်လိုက်သည်။
ထိုအကြည့်က ပြေပြစ်ချောမောလှသော လက်တစ်ထွာစာပင် အကွာအဝေးတွင်ရှိသည့် အသွင်ပြင်ပုံရိပ်တစ်ခုကြောင့် တွေဝေငေးမောသွားခဲ့သည်။ ထိုမျက်နှာက တစ်ဖက်သူကို ရှိနေသည့် အခြေအနေတွင် ရပ်တန့်သွားစေပြီး လူတိုင်းကို အကြည့်မလွှဲနိုင်အောင် ဖြစ်စေသည်။ ထို့အပြင် အသည်းခိုက်သဖွယ်ဖြစ်ရသော သိမ်မွေ့သည့် ယင်းမျက်နှာထားကပဲ ဝမ်နျဲ့နျန်၏နှလုံးသားကို အကြည့်တစ်ချက်ဖြင့် ဖမ်းစားသွားခဲ့သည်။
ကုယျန်ရှန်းက ဝမ်နျဲ့နျန်၏ လက်ကိုဆုပ်ကိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ သူ၏ အမဲရောင်ရှပ်အင်္ကျီအောက်နားက အပေါ်သို့ လိပ်တက်နေပြီး တောင့်တင်းသော ဝမ်းဗိုက်ကြွက်သားများကို လစ်ဟာပြနေချေသည်။
ထိုသို့အိပ်မောကျနေသူ၏ မျက်တောင်ဖျားလေးတို့ လှုပ်ခတ်လာသည်ကို မြင်တဲ့အခါ ဝမ်နျဲ့နျန်က ကုယျန်ရှန်း ဆုပ်ကိုင်ထားသော သူ့လက်ကို အလျင်အမြန်ဆွဲယူပြီး တစ်ဖက်သို့ မျက်နှာလွှဲထားလိုက်သည်။ နိုးလာပြီဖြစ်သော ကုယျန်ရှန်းက အိပ်ရာမှထထိုင်ပြီး ဝမ်နျဲ့နျန်၏ခြေထောက်ကိုကြည့်ကာ သက်ပြင်းတချချနှင့် ပြောလာသည်။
"တော်သေးတာပေါ့ ... ဒဏ်ရာက သိပ်မပြင်းလို့။ ဒါနဲ့ နာနေသေးလား။"
"အဲ့လောက်လည်း မနာတော့ပါဘူး။ ငါ ကိုယ်လက်သန့်စင်တော့မယ်" ကုယျန်ရှန်း၏မျက်ဝန်းတွေကို မကြည့်ရဲဘဲ ဝမ်နျဲ့နျန်က အကြည့်လွှဲ၍သာ ခပ်တိုးတိုးပြန်ဖြေခဲ့သည်။
"အင်း ငါ ရေချိုးခန်းထဲ လိုက်ပို့ပေးမယ်"
ရေချိုးခန်းတံခါးပိတ်သွားတဲ့အခါ အပြင်ဘက်တွင် ကျန်နေခဲ့သည့် ကုယျန်ရှန်းက စိတ်ထဲပီတိဖြစ်လျက် ပြုံးလာသည်။ သူက နေမထွက်ခင်ကတည်းက နိုးနေပြီး ရည်ရွယ်ချက်ရှိရှိ အင်္ကျီစကို ဆွဲတင်ထားကာ မျက်နှာကိုလည်း ဝမ်နျဲ့နျန်နှင့် နီးနီးကပ်ကပ် ထား၍ ပြန်အိပ်နေခဲ့ခြင်း ဖြစ်သည်။
ဆေးသောက်ပြီးနောက်တွင် ဝမ်နျဲ့နျန်၏ခြေထောက်ဒဏ်ရာလည်း နာကျင်မှုမပြင်းထန်တော့ပေ။ ထို့အပြင် ဒီနေ့တွင်လည်း ဓာတ်ပုံရိုက်ရန် ကျန်နေသေးသည့်အတွက် နာကျင်မှုအနည်းငယ်ကျန်ရှိနေသော ခြေထောက်ဒဏ်ရာဖြင့် ရိုက်ကွင်းနေရာသို့ သွားခဲ့ပြီး ကုယျန်ရှန်းက အစောင့်အကြပ်အနေဖြင့် လိုက်ပါသွားခဲ့၏။
အပြင်ဘက်တွင် ဖုန်းပြောပြီးနောက် ကုယျန်ရှန်း အဝတ်အစားလဲခန်းသို့ ဝင်လာခဲ့သည်။
"မင်း အဆင်ပြေရဲ့လား။ ခြေထောက်က နာနေတယ်ဆိုရင် ငါတို့ ရိုက်ကူးရေးမလုပ်ဘဲ ပြန်ရအောင်လေ။" အခန်းထဲသို့ ဝင်ဝင်ချင်း မျက်နှာညှိုးငယ်နေသော ဝမ်နျဲ့နျန်ကို တွေ့လိုက်ရတာကြောင့် စိုးရိမ်ကြီးစွာဖြင့် ကုယျန်ရှန်း မေးလိုက်သည်။
ထိုအချိန် တစ်ဖန်ထပ်မြည်လာသော ကုယျန်ရှန်း၏ဖုန်းကို ဝမ်နျဲ့နျန် ကြည့်လိုက်သည်။
"ငါ့ကို ဂရုစိုက်ဖို့ တစ်ခြားသူတွေ ရှိတယ်။ မင်းမှာ အလုပ်ရှိနေသေးတယ်မဟုတ်ဘူးလား ... ပြန်တော့ လေ"
"ဒါဆို ... မင်းကိုတွေ့ဖို့ ညကျမှ ငါထပ်လာလို့ ရလား။"
"အင်း" ခေါင်းညိမ့်ကာဖြင့် ဝမ်နျဲ့နျန် ပြန်ဖြေခဲ့၏။ ကုယျန်ရှန်းပြန်သွားသည်နှင့် မိတ်ကပ်ပြင်ဆရာက အတင်းအဖျင်းစကားစပြောခဲ့ပြီး မေးခွန်းများစွာမေးပြီးနောက်မှာ ကုယျန်ရှန်းက ဘယ်သူဘယ်ဝါဖြစ်ကြောင်း သိသွားခဲ့သည်။
ဝမ်နျဲ့နျန်က အချိန်ကို ကြည့်ပြီး ဒေါက်တာလီပေးခဲ့သည့် ဆေးဘူးကို စားပွဲပေါ်မှယူကာ ရေတစ်ခွက်ထည့်၍ သောက်လိုက်သည်။
ယင်းကို မိတ်ကပ်ပြင်ပေးသည့် ကောင်မလေးကမြင်ပြီး အံ့ဩနေဟန်ဖြင့် ဝမ်နျဲ့နျန်ကို မေးလာသည်။
"အယ် ... M နိုင်ငံမှာလည်း အဲ့ဒီဆေးကို ဝယ်လို့ရတာလား။ ကျွန်မက ကျွန်မတို့ Z နိုင်ငံမှာပဲ ရနိုင်တယ်လို့ ထင်ခဲ့တာ"
ဝမ်နျဲ့နျန်သည်လည်း အံ့ဩ၍ " ဒါကို ကျွန်တော့်ဆရာဝန်က ပေးခဲ့တာပါ။ ကျွန်တော်လည်း သေချာမသိဘူး။"
"ဟုတ်မှာပါ။ ကျွန်မကြားတာတော့ ဆေးရဲ့ အထောက်အထားနဲ့ ဖြန့်ဝေခွင့်အားလုံးကို M နိုင်ငံမှာရှိတဲ့ ကု 'အဖွဲ့အစည်းပိုင် ကုမ္ပဏီကို လွှဲပြောင်းပေးလိုက်တယ် ဆိုပဲ။ပြီးတော့ အဲ့ဒီလွှဲပြောင်းခွင့်က အရက်ပြိုင်သောက်ပြီးမှ ရခဲ့တာလို့လဲ ပြောကြတယ် "
"မျိုးရိုးနာမည်က ကု လား "
ကု'မျိုးရိုးနှင့် ဆက်စပ်သည့် ကုမ္ပဏီဟု ကြားလိုက်သည်နှင့် ဆေးဘူးကိုကိုင်ထားသော ဝမ်နျဲ့နျန်၏လက်က တောင့်တင်းသွားခဲ့သည်။ သူ၏ ခံစားချက်သည်လည်း မကောင်းတော့။
ညနေ၌ လင်းလင်းက ဝမ်နျဲ့နျန်ကို ဟိုတယ်သို့ ပြန်လိုက်ပို့ပေးပြီး သူတို့နှစ်ယောက် ဓာတ်လှေကားမှထွက်သည်နှင့် တံခါးဝတွင် နေကြာပန်းစည်းကြီးကိုင်ကာ ရပ်စောင့်နေသော ကုယျန်ရှန်းကို တွေ့လိုက်ရ၏။
ဝမ်နျဲ့နျန်ကို တွေ့တော့ ကုယျန်ရှန်းက ရှေ့သို့ လျင်မြန်စွာ လျှောက်လာပြီး ပန်းစည်းကို ကမ်းပေးခဲ့သည်။
"နျန်နျန် ... ညစာစားဖို့အတွက် မင်းကို ဖိတ်ခေါ်လို့ရမလား။" နူးနူးညံ့ညံ့ ငေးစိုက်ကြည့်၍ ညင်သာစွာ ဆိုလာသည့် ကုယျန်ရှန်း။
လင်းလင်းကတော့ ဒါကို လစ်ထွက်ရမည့် အခွင့်အရေးအဖြစ် အသုံးချခဲ့သည်။
"ဆိုတော့ .... အကိုနျဲ့နျန် ၊ ကျွန်မဘဲ အရင်ပြန်ပြီး နားလိုက်တော့မယ်နော် ။ အကို့ကို မနှောက်ယှက်တော့ဘူး။"
ဟိုတယ်၏ လျှောက်လမ်း၌ လူနှစ်ယောက်သာ ကျန်ရစ်နေခဲ့သည်။
ကုယျန်ရှန်းက ဝမ်နျဲ့နျန်၏မျက်နှာချင်းဆိုင်တည့်တည့်တွင် ရပ်နေပြီး မျှော်လင့်ခြင်းများစွာဖြင့် စိုးရိမ်တကြီး ငေးကြည့်နေသည်။
ဝမ်နျဲ့နျန်က သူ့လက်တွင်ကိုင်ထားသည့် ဆေးဘူးကို ကြည့်ပြီး မသိသာစွာ လှုပ်ခါသွားသော မျက်ဝန်းအိမ်ဖြင့် ကုယျန်ရှန်းကို ပြန်မော့ကြည့်လိုက်သည်။
"သွား စို့"
သူလည်း ကုယျန်ရှန်းကို မေးချင်နေသည့် အကြောင်းအရာတစ်ချို့ ရှိသည် မဟုတ်လား။
...
"ဆရာရဲ့ နာမည်လေး ပြောပေးပါ ခင်မျ"
စားပွဲထိုးက သူတို့နှစ်ယောက်လုံးကို ကုယျန်ရှန်း ကြိုတင်မှာထားသော သီးသန့်ခန်းရှိရာသို့ လမ်းပြခေါ်သွားခဲ့သည်။
ဝမ်နျဲ့နျန်၏အမူအရာက မသက်မသာဖြစ်နေတာကြောင့် ပင်ပန်းနေသည်'ဟု တွေးမိပြီး ဆက်၍ သူနှင့်အတူ ညစာထွက်စားရန် မခေါ်ခဲ့သင့်ကြောင်းပါ စဉ်းစားမိတဲ့အခါ ကုယျန်ရှန်း စိတ်မကောင်း ဖြစ်လာရသည်။
"ဟေး ... ဒါ ဥက္ကဌကု မဟုတ်ဘူးလား။ တိုက်တိုက်ဆိုင်ဆိုင် ပါပဲလား ... " ယောက်ျားတစ်ယောက်၏ အသံက နောက်ကျောဘက်ဆီမှ ထွက်ပေါ်လာခဲ့သည်။ ထိုအသံကြောင့် ကုယျန်ရှန်းတစ်ယောက် ရပ်နေသည့် နေရာ၌ပင် အေးခဲသွားပြီး အနောက်သို့လှည့်ကာ အသံပိုင်ရှင်ကို ကြည့်လိုက်သည်။ ထူးဆန်းသည့် အရိပ်အယောင်များလည်း မျက်ဝန်းတွင်း ထင်ဟပ်လို့။
ထိုသူက ဆေးကုမ္ပဏီမှ မစ္စတာ ဘရောင်း ဖြစ်နေသည်။
ကုယျန်ရှန်းက သူ့ဘေးတွင်ရှိနေသော ဝမ်နျဲ့နျန်ကို ဝေ့ကြည့်ပြီး ပျာပျာယာယာနှင့် ပြန်နှုတ်ဆက်ခဲ့၏။
"အာ ... မတွေ့တာကြာပြီနော် မစ္စတာ ဘရောင်း"
မစ္စတာ ဘရောင်းက ပြုံးကာဖြင့် " ခင်များရော ဘယ်လိုလဲ။ အဲ့ဒီတုန်းက အရက်သောက်ပြီး အစာအိမ်သွေးယိုလို့ သွေးအန်သွားခဲ့တယ် ဆို"
"ခင်များ ဘာပြောလိုက်တာလဲ။ အရက်သောက်ပြီး သွေးအန်တယ် ဆိုတာက ဘာလဲ ..." ဝမ်နျဲ့နျန်က အံ့ဩထိတ်လန့်၍ ပြန်မေးခဲ့သည်။
"ဥက္ကဌကုက ဘေးထွက်ဆိုးကျိုးနည်းတဲ့ ကျွန်တော်တို့ ကုမ္ပဏီက ဆေးကို ရဖို့ ကျွန်တော့်နဲ့ လာတွေ့ခဲ့တယ်။ အဲ့ဒီတုန်းက ဆေးဝါးမူပိုင်ခွင့်ကို ရဖို့ အရက်သောက်ခဲ့ရတယ် ဆိုပါတော့။ ဒါနဲ့ ကျွန်တော်လေ ... ဥက္ကဌကုလို သောက်နိုင်လွန်းတဲ့သူကို တစ်ခါမှ မတွေ့ဖူးဘူး။ တဇွတ်ထိုးခေါင်းမာပြီး ဘာမှမစဉ်းစားဘဲ သောက်တဲ့ပုံက ကျွန်တော်တောင် လက်ဖျားခါမိတယ်။ တော်တော်လေးလည်း သဘောကျသွားလို့ ဆေးရဲ့မူပိုင်ခွင့်ကို လွှဲပြောင်းပေးလိုက်တာ။ ဒါပေမယ့် အစာအိမ်ပါသွေးယိုပြီး သွေးအန်လောက်တဲ့အထိ ဖြစ်ခဲ့တာကိုတော့ ကျွန်တော် စိတ်မကောင်းဘူး။"
ဝမ်နျဲ့နျန်က ချက်ချင်းပင် နီရဲလို့သွားသော မျက်ဝန်းများဖြင့် ကုယျန်ရှန်းကို လှည့်ကြည့်လိုက်သည်။ ထို့နောက် အသံတုန်တုန်ဖြင့် မေးလိုက်၏။
"ဒေါက်တာလီ ငါ့ကို ပေးတဲ့ဆေးက .... မင်း သွေးအန်ခဲ့တဲ့အထိ အရက်သောက်ပြီး ယူပေးခဲ့တဲ့ ဆေးလား။ Z နိုင်ငံကို မင်းသွားခဲ့တာက ငါ့ အတွက်လား ..."
"ဒေါက်တာလီက မင်း ဆေးမသောက်တော့တဲ့အကြောင်းကို ပြောပြတယ်။ ပြီးတော့ ဘေးထွက်ဆိုးကျိုးနည်းတဲ့ ဆေးကို လိုအပ်တယ်ဆိုလို့ ငါ ...." ကုယျန်ရှန်းက သက်ပြင်းချပြီး ခက်ခက်ခဲခဲပြုံးကာ ပြန်ဖြေလိုက်၏။
"မင်းကရော ..."
"သေသွားရင်တောင် ရတယ် လို့ တွေးခဲ့တာလား။ ... အစာအိမ် သွေးယိုတာ
... မင်း မနာ ဘူးလား။ "
--------------------------
Black 🌻 Lotus
Feb/16/2023
Y.
အခန္း(၂၀၆) မင္းကေရာ ... ေသ သြားရင္ေတာင္ ျဖစ္တယ္လို႔ 'ေတြးခဲ့တာလား။
"ကုယ်န္ရွန္း ... ငါ့ကို လႊတ္ "
ကုယ်န္ရွန္းက သူ အခုေလးတင္ အနမ္းေပးခဲ့ေသာ ဝမ္န်ဲ့န်န္၏ ႏႈတ္ခမ္းပါးကို ေငးၾကည့္ေနရင္း မ်က္ဝန္းအၾကည့္တို႔က ၿငိမ္သက္ျခင္း မရွိေတာ့ေပ။ ဝမ္န်ဲ့န်န္၏မ်က္လုံးကို အုပ္ထားေသာ သူ႕လက္ကိုလည္း ေနာက္ဆုံးတြင္ ဖယ္ေပးလိုက္သည္။
"န်န္န်န္ .... ငါ မင္းကို ခိုးနမ္းဖို႔ မရည္႐ြယ္ခဲ့ ပါဘူး ..."
လက္ကိုဖယ္လိုက္သည္ႏွင့္ နီရဲကာ တုန္လႈပ္မႈတို႔ျပည့္ေနေသာ ဝမ္န်ဲ့န်န္၏မ်က္ဝန္းမ်ားကို ကုယ်န္ရွန္း ျမင္လိုက္ရ၏။
တစ္ဖက္တြင္ ကုယ်န္ရွန္းထံမွ စိုက္ၾကည့္ေနျခင္းကို ခံေနရ၍ ေနမထိထိုင္မသာျဖစ္လာေသာ ဝမ္န်ဲ့န်န္၏မ်က္ႏွာက ႐ုတ္ခ်ည္း နီရဲတက္လာၿပီး လက္ထဲကိုင္ထားသည့္ အေပၚဝတ္ကို ကုယ်န္ရွန္းထံသို႔ ပစ္ထုတ္ေပးကာ ျပန္ဖို႔အတြက္ မတ္တပ္ရပ္လိုက္သည္။
ကုယ်န္ရွန္းက သူ႕ထံသို႔ ပစ္ထုတ္ေပးခဲ့ေသာ အကၤ်ီကို ကိုင္ၿပီး ေတြေတြေဝေဝႏွင့္ ဝမ္န်ဲ့န်န္၏ေနာက္ေက်ာျပင္ကို ေၾကာင္ၾကည့္ေနခဲ့သည္။ ထို႔ေနာက္တြင္မွ သူလည္း ထိုင္ေနရာမွထၿပီး ဝမ္န်ဲ့န်န္အေနာက္သို႔ လိုက္သြားခဲ့သည္။
ထိုအခ်ိန္၌ ကုယ်န္ရွန္းမျမင္လိုက္ရသည္မွာ သူအနမ္းေပးခဲ့ေသာ ႏႈတ္ခမ္းသားကိုထိ၍ ရွက္ေသြးျဖာစြာ ၿပဳံးေနေသာ ဝမ္န်ဲ့န်န္၏ ပုံစံကို ျဖစ္သည္။
"န်န္န်န္ ... ငါ့ကို ေစာင့္ အုံးေလ "
သူ႕ထံသို႔ နီးကပ္လာေသာ အေနာက္ဘက္မွ ေအာ္ေခၚသံေၾကာင့္ ဝမ္န်ဲ့န်န္က အကြာအေဝးပိုတိုးရန္ လမ္းမရွိရာသို႔ ခပ္ျမန္ျမန္လွမ္းေနခဲ့သည္။ သို႔ေပမယ့္ ေျခေခ်ာ္ၿပီး ျပဳတ္က်သြားခဲ့တာေၾကာင့္ ဒူးေခါင္းက လမ္းအဆင့္ေနရာႏွင့္ ေဆာင့္မိသြားခဲ့သည္။
ဒါကို ျမင္သည့္ ကုယ်န္ရွန္းက အနားသို႔ ကူညီရန္ ေျပးလာၿပီး ေဘးတစ္ဖက္တြင္ထိုင္ကာ စိုးရိမ္ႀကီးစြာျဖင့္ ေမးလိုက္၏။
"ရလား။ နာ သြားလား။ ငါ ေတာင္းပန္ပါတယ္ ..ငါ့ေၾကာင့္ မင္း အခုလို ျဖစ္သြားတာ။ မင္း လန႔္သြားေအာင္ ငါ အေနာက္က မလိုက္ခဲ့သင့္ဘူး။ "
"မင္းက Z နိုင္ငံမွာ ဘယ္လိုလုပ္ၿပီး ရွိေနတာလဲ။" ဝမ္န်ဲ့န်န္က ဒူးေခါင္းကို လက္ျဖင့္ ပြတ္ရင္း ကုယ်န္ရွန္းကို ၾကည့္၍ ေမးလိုက္သည္။
ကုယ်န္ရွန္းက အၾကည့္တို႔ကို ခနမွ် လႊဲၿပီး လက္ကိုဆန႔္ထုတ္ကာ ဝမ္န်ဲ့န်န္၏ဒဏ္ရာကို စစ္ေဆးေနသည္။ ႏႈတ္မွလည္း ထစ္ထစ္ေငါ့ေငါ့ျဖင့္ " ငါ ... ငါ ဒီကို ကုမၸဏီကိစၥနဲ႕ အလုပ္ခရီး ထြက္လာတာ။ ဒီနားေရာက္ေတာ့ မင္းလည္း ဒီေန႕ ကမ္းေျခမွာ ဓာတ္ပုံရိုက္ဖို႔ရွိတာကို သတိရလိုက္တာနဲ႕ ဝင္လာၾကည့္လိုက္တာ"
ထိုစကားက ေသခ်ာေပါက္ အလိမ္အညာျဖစ္ေနမွန္း ဝမ္န်ဲ့န်န္ သိတာေပါ့။ သို႔ေပမယ့္ ထပ္မျငင္းခ်င္ေတာ့တာေၾကာင့္ ျပန္ဖို႔သာ ျပင္လိုက္သည္။ သို႔ေသာ္ သူ မတ္တပ္ရပ္လိုက္သည္ႏွင့္ ဒူးေခါင္းက နာက်င္မႈေၾကာင့္ မ်က္ႏွာတစ္ခုလုံး ရႈံ႕မဲ့သြားခဲ့၏။
"ၿငိမ္ၿငိမ္ေန ... မင္းေျခေထာက္က ဒဏ္ရာေဟာင္းလည္း ရွိေနတာ အခုေန လမ္းေလွ်ာက္ဖို႔ အဆင္မေျပနိုင္ဘူး။ အကိုက္အခဲေပ်ာက္ေဆးေရာ ယူလာခဲ့လား။ ငါ မင္းကို ဟိုတယ္ျပန္ပို႔ေပးမယ္။"
"ဘာ ..." ဝမ္န်ဲ့န်န္ ထိတ္လန႔္သြားခဲ့သည္။
ကုယ်န္ရွန္းကျဖင့္ သူ႕အေပၚဝတ္ကိုခြၽတ္ၿပီး ဝမ္န်ဲ့န်န္ကိုယ္ေပၚ၌ လႊမ္းၿခဳံေပးကာ လက္ႏွစ္ဖက္ကို ဆန႔္ထုတ္၍ ထိုသူကို ေပြ႕ခ်ီရန္ တာဆူေနေလသည္။
ရလဒ္အျဖစ္ ဝမ္န်ဲ့န်န္ထံမွ လက္မခံဘဲ ျငင္းဆန္ျခင္းကိုသာ ပိုင္ဆိုင္ရလိုက္၏။
"မင္း အခု လမ္းေလွ်ာက္လို႔ မျဖစ္ဘူးေလ။ အဲ့လိုဆိုၿပီး မင္းကို ေပြ႕ခ်ီၿပီးလည္း မသြားပါဘူး။ ငါ ေက်ာပိုး သြားမယ္ေလ ... မရဘူးလား။ " ကုယ်န္ရွန္းက သူ ဆန႔္တန္းထားေသာ လက္ႏွစ္ဖက္ကို ေတြးေတြးစစႏွင့္ၾကည့္ၿပီး သက္ျပင္းခ်ကာ ေျပာလာသည္။ ဝမ္န်ဲ့န်န္က ဘာစကားမွျပန္မေျပာဘဲ သူ႕ကိုယ္ေပၚ၌ လႊမ္းၿခဳံေပးထားေသာ ကုယ်န္ရွန္း၏ အကၤ်ီစကိုသာ တင္းက်ပ္စြာ ဆုပ္ကိုင္ထားခဲ့၏။
ေမွာင္ရီပ်ိဳးလာၿပီျဖစ္ေသာ ေကာင္းကင္ႀကီး၌ အလင္းစတို႔ ေပ်ာက္ကြယ္ေနေလၿပီ။ လမ္း၏တစ္ဖက္စီရွိ မီးတိုင္တို႔က တစ္တိုင္ၿပီးတစ္တိုင္ မီးလင္းလာၿပီး အေဝးမွ လွမ္းေမွ်ာ္ျမင္ရေသာ လမ္းတစ္ေလွ်ာက္ရွိ မီးတိုင္အလင္းအိမ္တို႔က ၾကယ္စုေလးမ်ားသဖြယ္ ျဖစ္ေနသည္။
လမ္းမီးေရာင္ေအာက္၌ လႈပ္လိလႈပ္လဲ့အရိပ္ႏွစ္ခု ထင္ဟပ္က်ေနၿပီး တစ္ဖက္လမ္း၏ မီးတိုင္မ်ားေအာက္မွ ေက်ာထက္တြင္ ဝမ္န်ဲ့န်န္ကို ခ်ီပိုးထားလ်က္ ကုယ်န္ရွန္းက ျဖည္းျဖည္းခ်င္း ေလွ်ာက္လွမ္းေနသည္။
မည္သူကမွ စကားတစ္ခြန္းဖြင့္အံလာျခင္းမရွိ ကိုယ္စီ၏အေတြးမ်ားျဖင့္ တိတ္ဆိတ္ေနၾကသည္။
"န်န္န်န္ ... ငါ့ကို ေသခ်ာဖက္ထားေနာ္ ... မျပဳတ္က်ေစနဲ႕။ "
ထိုသို႔စကားစလိုက္ေပမယ့္ တုံ႕ျပန္လာျခင္းမရွိေသာ တစ္ဖက္သူေၾကာင့္ ကုယ်န္ရွန္း တစ္ေယာက္ ဝမ္းနည္းသြားခဲ့သည္။ သူက ျဖည္းျဖည္းမွန္မွန္ လမ္းေလွ်ာက္ေနရင္း ေထာင့္ခ်ိဳးတစ္ခုကိုေကြ႕ကာ တစ္ဖက္လမ္းသို႔ ကူးသြားသည့္ အခ်ိန္၌ ဝမ္န်ဲ့န်န္ထံမွ သူ႕အား တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္လာသည္ကို ခံစားမိၿပီး အၿပဳံးတစ္ခုကလည္း ကုယ်န္ရွန္း၏ ေကာ့တက္ေနေသာ ႏႈတ္ခမ္းေထာင့္စြန္း၌ အလိုအေလ်ာက္ ခ်ိတ္ထားမိလ်က္ ျဖစ္သြားခဲ့သည္။
ထိုမွ အခ်ိန္အၾကာႀကီး လမ္းေလွ်ာက္လာၿပီးေနာက္တြင္ ဟိုတယ္သို႔ ျပန္ေရာက္ခဲ့ၿပီး အခန္းကဒ္ျဖင့္ တံခါးကိုဖြင့္ကာ ဝမ္န်ဲ့န်န္ကို ကူတြဲ၍ အခန္းထဲသို႔ ဝင္ေစခဲ့သည္။
ဝမ္န်ဲ့န်န္က သူ႕အိတ္ထဲမွ အကိုက္အခဲေပ်ာက္ေဆးကို ထုတ္ေသာက္ၿပီး ေဘးတြင္ရပ္ေနသည့္ ကုယ်န္ရွန္းကို လွည့္ၾကည့္လိုက္သည္။
"မင္း ... အခုထိ မျပန္ေသးဘူးလား။"
"ငါ ဒီကို ကားနဲ႕လာတာ မဟုတ္ဘူးေလ။ ၿပီးေတာ့ ငါေနတဲ့ ဟိုတယ္က ဒီကေနဆို အေဝးႀကီးပဲ ... အငွားကားေတြက ဒီအခ်ိန္ဆို မရွိၾကေတာ့ဘူး ... ကား ရဖို႔ အၾကာႀကီး ေစာင့္ရနိုင္တယ္ "
ကုယ်န္ရွန္းက ခုံတြင္ထိုင္ၿပီး ကုတ္အကၤ်ီကို ခြၽတ္ေနရင္းမွ ဝမ္န်ဲ့န်န္ကို အားငယ္ဝမ္းနည္းစြာ ေငးၾကည့္ေနသည္။ ဝမ္န်ဲ့န်န္ထံမွ သူ႕အား လက္ခံခြင့္ျပဳသည့္ စကားသံထြက္မလာသည္ကို ျမင္ေတာ့ ကူကယ္ရာမဲ့သြားေသာ အၾကည့္မ်ားျဖင့္ ကုယ်န္ရွန္း ေျပာလာခဲ့သည္။
"ဒါဆိုလည္း ငါ ျပန္ေတာ့မယ္။ မင္းေျခေထာက္က ဒဏ္ရာ နာလာရင္ မန္ေနဂ်ာကို ဖုန္းဆက္ေခၚလိုက္ေနာ္"
"ေန ဦး"
ကုယ်န္ရွန္း၏ ေျခလွမ္းတို႔ ရပ္တန႔္သြားသည္။ လက္ႏွစ္ဖက္ကိုလည္း တစ္ဖက္သူမသိေအာင္ သိုဝွက္၍ တင္းတင္းၾကပ္ၾကပ္ဆုပ္ထားၿပီး ေမးလိုက္သည္။
"ဘာ ျဖစ္လို႔လဲ"
"မင္း ဒီည ဒီမွာပဲ ေနလိုက္ေတာ့။ လင္းလင္းက မိန္းကေလးျဖစ္ေနေတာ့ ညဘက္ႀကီး ငါ့အခန္းထဲလာၿပီး ေစာင့္ၾကည့္ေပးဖို႔က မသင့္ေတာ္ဘူး။"
အၿပဳံးတစ္ပြင့္က ကုယ်န္ရွန္း၏မ်က္ဝန္းအတြင္း ထင္ဟပ္၍ အေနာက္တြင္ရပ္ေနသာ ဝမ္န်ဲ့န်န္ကို ျပန္လွည့္ၾကည့္ၿပီး ကုယ်န္ရွန္း ေျဖလိုက္၏။
"ရတယ္ေလ ... ငါ ေနေပးမယ္"
____
စားပြဲေပၚ၌ အဖုံးဖြင့္ၿပီးတင္ထားေသာ ဝိုင္ပုလင္းမ်ားစြာ ရွိေနသည္။ ကုလင္က မ်က္ဝန္းထဲ မူးယစ္ျခင္းအျပည့္ျဖင့္ လက္ထဲက ပန္းခ်ီကားခ်ပ္ကို ခါးသီးစြာ စိုက္ၾကည့္ေနသည္။
ဒီေန႕က ကုလင္ရဲ႕ေမြးေန႕ျဖစ္ေပမယ့္ သူ႕ကိုဂုဏ္ျပဳေပးမည့္ မည္သူတစ္ဦးမွမရွိသလို သူ႕ေမြးေန႕ကို မွတ္မိသည့္သူလည္း မရွိေခ်။ သူသာလွ်င္ ႏွစ္တိုင္းရဲ႕ သူ႕ေမြးေန႕ကို မွတ္မိေနသူ ျဖစ္သည္။
ထို႔အျပင္ အရင္အခ်ိန္က သူ႕ေမြးေန႕မွာ အနားမွာအတူရွိေနေပးမည္'ဟု ေျပာခဲ့သူလည္း ယခု သူ႕နားတြင္ ရွိမေနေခ်။ ထိုသူက သူ႕နံေဘးမွ ထြက္ေျပးသြားခဲ့ၿပီ ျဖစ္သည္....
"ခင္မ်ား လိမ္တယ္ ... အကို ... ခင္မ်ားလိမ္တယ္။ ေျပာေတာ့ ကြၽန္ေတာ့္ေမြးေန႕မွာ အတူရွိေနေပးမွာဆို ... ကြၽန္ေတာ့္ကို ထားမသြားပါဘူး ဆို ..."
ကုလင္က သူတို႔ဆုံေနက် လမ္းၾကားထဲသို႔ အႀကိမ္မ်ားစြာ သြားၿပီး ပိုင္က်င္ခ်န္အနားသို႔ ေရာက္လာတိုင္း ေအာ္ေခၚခဲ့ေပမယ့္ ျပန္ေျဖသူမရွိဘဲ ပိုင္က်င္ခ်န္မွာ ေပ်ာက္ကြယ္သြားခဲ့သည္။
ပုံတူကားခ်ပ္ထဲမွ အၿပဳံးခ်ိဳခ်ိဳႏွင့္ ထိုသူကိုၾကည့္ၿပီး ကုလင္၏မ်က္ဝန္းမ်ား၌ ခံစားခ်က္ေထြလီတို႔ ေရာေထြးထင္ဟပ္သည္။ ကုလင္သည္ ထိုင္ေနရင္းမွ မတ္တပ္ထရပ္ၿပီး ကားျဖင့္ ကုကြၽမ္းအိမ္မွ ထြက္သြားခဲ့သည္။
အျပင္၌ ကုလင္ ပိုင္က်င္ခ်န္ႏွင့္ ပထမဦးဆုံး ဆုံေတြ႕ခဲ့တဲ့ ေန႕တုန္းကအတိုင္း မိုးမ်ား သည္းထန္စြာ ႐ြာေနသည္။ ကုလင္က ပိုင္က်င္ခ်န္၏တိုက္ခန္းရွိရာသို႔ သြားၿပီး ကားထဲမွ အျပင္ဘက္မိုးေရထဲသို႔ ထြက္ကာပိုင္က်င္ခ်န္၏ အိမ္တံခါးကို ေခါက္ခဲ့၏။
"အကို ... အကို အထဲမွာ ရွိေနလား။"
ကုလင္က ေနာက္ထပ္တစ္ႀကိမ္ တံခါးကို ျပင္းျပင္းထန္ထန္ထုေနေပမယ့္ အတြင္းဘက္မွ ျပန္ေျဖလာသည့္အသံ ထြက္ေပၚမလာေခ်။ အရက္အရွိန္ေၾကာင့္ပင္လား သို႔မဟုတ္ ဒီေန႕က သူ႕ရဲ႕ေမြးေန႕ျဖစ္ေနတာေၾကာင့္လား မေျပာတတ္ .... ကုလင္မွာ ခံစားခ်က္တို႔ ေပါက္ကြဲလြယ္ေနခဲ့သည္။
"အကို တံခါးဖြင့္ပါ။ တံခါးဖြင့္ၿပီး ကြၽန္ေတာ့္ကို လာေတြ႕ပါ။ လုပ္ပါ ... ကြၽန္ေတာ့္မွာ အကိုတစ္ေယာက္တည္းရွိတာ အခုလိုမ်ိဳး မစြန႔္ပစ္လိုက္ပါနဲ႕ ... အကိုလည္း ကြၽန္ေတာ့္အနားရွိခ်င္တာပဲ မဟုတ္ဘူးလား။"
ကုလင္က ငိုေနရင္းပင္ ၾကမ္းျပင္ေပၚသို႔ ထိုင္ခ်လိဳက္ၿပီး တံခါးကိုသာ ထုရိုက္ေနခဲ့သည္။ သူ႕တစ္ကိုယ္လုံးက မိုးေရေၾကာင့္ ႐ႊဲစိုေနၿပီး တံခါးကို ေက်ာမွီလိုက္ရင္း ဦးေခါင္းထက္သို႔ တဖြဲဖြဲက်ေနေသာ မိုးေပါက္တို႔ကို ေမာ့ၾကည့္လိုက္သည္။
"ကြၽန္ေတာ္က ဒီေလာက္ေတာင္ပဲ စိတ္ပ်က္စရာေကာင္းလား။ ဘာလို႔ လူတိုင္းက ကြၽန္ေတာ့္ကို စြန႔္ပစ္ေနၾကတာလဲ။... အကိုလည္း အေမ့လိုပဲ ကြၽန္ေတာ့္ကို မလိုခ်င္ဘူးလား။"
ကုလင္က ဒူးႏွစ္ဖက္ကို ေပြ႕ဖက္ကာ ထိုင္ေနၿပီး မ်က္ရည္မ်ားကလည္း မိုးေပါက္တို႔ႏွင့္အတူ က်ဆင္းေနသည္။
'ကြၽန္ေတာ္ သူ႕ကို ေစာင့္ေနေပမယ့္ ... သူကေတာ့ ကြၽန္ေတာ့္ကို မလိုခ်င္ေတာ့ဘူး..'
ပိုင္က်င္ခ်န္က အႏုပညာျပခန္းမွျပန္မည္အျပဳတြင္ မိုးသည္းထန္စြာ႐ြာေနျခင္းေၾကာင့္ အိမ္မျပန္ေသးဘဲ ျပခန္းေရွ႕တြင္ ေခတၱမွ် ရပ္ေစာင့္ေနခဲ့သည္။
ပိုင္က်င္ခ်န္က အိမ္အျပင္ဘက္၌ ကားရပ္ၿပီး ထီးဖြင့္ကာ ကားထဲမွဆင္းလာခဲ့သည္။ အိမ္ေရွ႕သို႔ေရာက္သည့္အခါ တံခါးဝ၌ လူတစ္ေယာက္ရွိေနသည္ကို သတိထားမိၿပီး အနားသို႔ တိုးကပ္သြားေနရင္းမွ တစ္ဖက္လူကို ေသခ်ာျမင္လိုက္ရခ်ိန္တြင္ ပိုင္က်င္ခ်န္ အံ့ဩသြားခဲ့သည္။
"ေရွာင္ လင္ လား "
ထိုအခ်ိန္၌ မိုးေရထဲတြင္ ထိုင္ေနခဲ့သည္မွာ မည္မွ်ၾကာျမင့္သြားၿပီျဖစ္မွန္း ကုလင္ သိပင္မသိေတာ့။ အသံေၾကာင့္ ကုလင္မ်က္လုံးဖြင့္ၾကည့္လိုက္သည့္အခါ သူ႕အား ထီးေဆာင္းထားေပးၿပီး ေရးေရးေလး ၿပဳံးျပေနသည့္ ပိုင္က်င္ခ်န္ကို ေတြ႕လိုက္ရသည္။
"အကို ... ကြၽန္ေတာ္ အကို႔ကို ေစာင့္ေနတာ .." ထိုစကားေျပာၿပီးေနာက္ ကုလင္ ေမ့လဲသြားခဲ့သည္။
________
Z နိုင္ငံ၏ ေႏြးေထြးေသာ ေနေရာင္ျခည္က ျပတင္းေပါက္မွတဆင့္ အခန္းအတြင္းသို႔ ျဖာက်ေနသည္။
အလင္းေရာင္ေၾကာင့္ အိပ္ရာမွနိုးလာသည့္ ဝမ္န်ဲ့န်န္က မ်က္လုံးကို ပြတ္သပ္ရင္း အိပ္ရာမွထရန္ ျပင္လိုက္သည္။ သို႔ေပမယ့္ သူထမရေအာင္ တစ္စုံတစ္ခုက သူ႕အား ေပြ႕ဖက္ထားေပသည္။ ဝမ္န်ဲ့န်န္ ခနမွ် တုန္လႈပ္သြားၿပီး အိပ္ရာတစ္ဖက္တြင္ အိပ္ေပ်ာ္ေနေသးေသာ ေနာက္ထပ္လူတစ္ေယာက္ကို ငဲ့ၾကည့္လိုက္သည္။
ထိုအၾကည့္က ေျပျပစ္ေခ်ာေမာလွေသာ လက္တစ္ထြာစာပင္ အကြာအေဝးတြင္ရွိသည့္ အသြင္ျပင္ပုံရိပ္တစ္ခုေၾကာင့္ ေတြေဝေငးေမာသြားခဲ့သည္။ ထိုမ်က္ႏွာက တစ္ဖက္သူကို ရွိေနသည့္ အေျခအေနတြင္ ရပ္တန႔္သြားေစၿပီး လူတိုင္းကို အၾကည့္မလႊဲနိုင္ေအာင္ ျဖစ္ေစသည္။ ထို႔အျပင္ အသည္းခိုက္သဖြယ္ျဖစ္ရေသာ သိမ္ေမြ႕သည့္ ယင္းမ်က္ႏွာထားကပဲ ဝမ္န်ဲ့န်န္၏ႏွလုံးသားကို အၾကည့္တစ္ခ်က္ျဖင့္ ဖမ္းစားသြားခဲ့သည္။
ကုယ်န္ရွန္းက ဝမ္န်ဲ့န်န္၏ လက္ကိုဆုပ္ကိုင္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနသည္။ သူ၏ အမဲေရာင္ရွပ္အကၤ်ီေအာက္နားက အေပၚသို႔ လိပ္တက္ေနၿပီး ေတာင့္တင္းေသာ ဝမ္းဗိုက္ႂကြက္သားမ်ားကို လစ္ဟာျပေနေခ်သည္။
ထိုသို႔အိပ္ေမာက်ေနသူ၏ မ်က္ေတာင္ဖ်ားေလးတို႔ လႈပ္ခတ္လာသည္ကို ျမင္တဲ့အခါ ဝမ္န်ဲ့န်န္က ကုယ်န္ရွန္း ဆုပ္ကိုင္ထားေသာ သူ႕လက္ကို အလ်င္အျမန္ဆြဲယူၿပီး တစ္ဖက္သို႔ မ်က္ႏွာလႊဲထားလိုက္သည္။ နိုးလာၿပီျဖစ္ေသာ ကုယ်န္ရွန္းက အိပ္ရာမွထထိုင္ၿပီး ဝမ္န်ဲ့န်န္၏ေျခေထာက္ကိုၾကည့္ကာ သက္ျပင္းတခ်ခ်ႏွင့္ ေျပာလာသည္။
"ေတာ္ေသးတာေပါ့ ... ဒဏ္ရာက သိပ္မျပင္းလို႔။ ဒါနဲ႕ နာေနေသးလား။"
"အဲ့ေလာက္လည္း မနာေတာ့ပါဘူး။ ငါ ကိုယ္လက္သန႔္စင္ေတာ့မယ္" ကုယ်န္ရွန္း၏မ်က္ဝန္းေတြကို မၾကည့္ရဲဘဲ ဝမ္န်ဲ့န်န္က အၾကည့္လႊဲ၍သာ ခပ္တိုးတိုးျပန္ေျဖခဲ့သည္။
"အင္း ငါ ေရခ်ိဳးခန္းထဲ လိုက္ပို႔ေပးမယ္"
ေရခ်ိဳးခန္းတံခါးပိတ္သြားတဲ့အခါ အျပင္ဘက္တြင္ က်န္ေနခဲ့သည့္ ကုယ်န္ရွန္းက စိတ္ထဲပီတိျဖစ္လ်က္ ၿပဳံးလာသည္။ သူက ေနမထြက္ခင္ကတည္းက နိုးေနၿပီး ရည္႐ြယ္ခ်က္ရွိရွိ အကၤ်ီစကို ဆြဲတင္ထားကာ မ်က္ႏွာကိုလည္း ဝမ္န်ဲ့န်န္ႏွင့္ နီးနီးကပ္ကပ္ ထား၍ ျပန္အိပ္ေနခဲ့ျခင္း ျဖစ္သည္။
ေဆးေသာက္ၿပီးေနာက္တြင္ ဝမ္န်ဲ့န်န္၏ေျခေထာက္ဒဏ္ရာလည္း နာက်င္မႈမျပင္းထန္ေတာ့ေပ။ ထို႔အျပင္ ဒီေန႕တြင္လည္း ဓာတ္ပုံရိုက္ရန္ က်န္ေနေသးသည့္အတြက္ နာက်င္မႈအနည္းငယ္က်န္ရွိေနေသာ ေျခေထာက္ဒဏ္ရာျဖင့္ ရိုက္ကြင္းေနရာသို႔ သြားခဲ့ၿပီး ကုယ်န္ရွန္းက အေစာင့္အၾကပ္အေနျဖင့္ လိုက္ပါသြားခဲ့၏။
အျပင္ဘက္တြင္ ဖုန္းေျပာၿပီးေနာက္ ကုယ်န္ရွန္း အဝတ္အစားလဲခန္းသို႔ ဝင္လာခဲ့သည္။
"မင္း အဆင္ေျပရဲ႕လား။ ေျခေထာက္က နာေနတယ္ဆိုရင္ ငါတို႔ ရိုက္ကူးေရးမလုပ္ဘဲ ျပန္ရေအာင္ေလ။" အခန္းထဲသို႔ ဝင္ဝင္ခ်င္း မ်က္ႏွာညွိုးငယ္ေနေသာ ဝမ္န်ဲ့န်န္ကို ေတြ႕လိုက္ရတာေၾကာင့္ စိုးရိမ္ႀကီးစြာျဖင့္ ကုယ်န္ရွန္း ေမးလိုက္သည္။
ထိုအခ်ိန္ တစ္ဖန္ထပ္ျမည္လာေသာ ကုယ်န္ရွန္း၏ဖုန္းကို ဝမ္န်ဲ့န်န္ ၾကည့္လိုက္သည္။
"ငါ့ကို ဂ႐ုစိုက္ဖို႔ တစ္ျခားသူေတြ ရွိတယ္။ မင္းမွာ အလုပ္ရွိေနေသးတယ္မဟုတ္ဘူးလား ... ျပန္ေတာ့ ေလ"
"ဒါဆို ... မင္းကိုေတြ႕ဖို႔ ညက်မွ ငါထပ္လာလို႔ ရလား။"
"အင္း" ေခါင္းညိမ့္ကာျဖင့္ ဝမ္န်ဲ့န်န္ ျပန္ေျဖခဲ့၏။ ကုယ်န္ရွန္းျပန္သြားသည္ႏွင့္ မိတ္ကပ္ျပင္ဆရာက အတင္းအဖ်င္းစကားစေျပာခဲ့ၿပီး ေမးခြန္းမ်ားစြာေမးၿပီးေနာက္မွာ ကုယ်န္ရွန္းက ဘယ္သူဘယ္ဝါျဖစ္ေၾကာင္း သိသြားခဲ့သည္။
ဝမ္န်ဲ့န်န္က အခ်ိန္ကို ၾကည့္ၿပီး ေဒါက္တာလီေပးခဲ့သည့္ ေဆးဘူးကို စားပြဲေပၚမွယူကာ ေရတစ္ခြက္ထည့္၍ ေသာက္လိုက္သည္။
ယင္းကို မိတ္ကပ္ျပင္ေပးသည့္ ေကာင္မေလးကျမင္ၿပီး အံ့ဩေနဟန္ျဖင့္ ဝမ္န်ဲ့န်န္ကို ေမးလာသည္။
"အယ္ ... M နိုင္ငံမွာလည္း အဲ့ဒီေဆးကို ဝယ္လို႔ရတာလား။ ကြၽန္မက ကြၽန္မတို႔ Z နိုင္ငံမွာပဲ ရနိုင္တယ္လို႔ ထင္ခဲ့တာ"
ဝမ္န်ဲ့န်န္သည္လည္း အံ့ဩ၍ " ဒါကို ကြၽန္ေတာ့္ဆရာဝန္က ေပးခဲ့တာပါ။ ကြၽန္ေတာ္လည္း ေသခ်ာမသိဘူး။"
"ဟုတ္မွာပါ။ ကြၽန္မၾကားတာေတာ့ ေဆးရဲ႕ အေထာက္အထားနဲ႕ ျဖန႔္ေဝခြင့္အားလုံးကို M နိုင္ငံမွာရွိတဲ့ ကု 'အဖြဲ႕အစည္းပိုင္ ကုမၸဏီကို လႊဲေျပာင္းေပးလိုက္တယ္ ဆိုပဲ။ၿပီးေတာ့ အဲ့ဒီလႊဲေျပာင္းခြင့္က အရက္ၿပိဳင္ေသာက္ၿပီးမွ ရခဲ့တာလို႔လဲ ေျပာၾကတယ္ "
"မ်ိဳးရိုးနာမည္က ကု လား "
ကု'မ်ိဳးရိုးႏွင့္ ဆက္စပ္သည့္ ကုမၸဏီဟု ၾကားလိုက္သည္ႏွင့္ ေဆးဘူးကိုကိုင္ထားေသာ ဝမ္န်ဲ့န်န္၏လက္က ေတာင့္တင္းသြားခဲ့သည္။ သူ၏ ခံစားခ်က္သည္လည္း မေကာင္းေတာ့။
ညေန၌ လင္းလင္းက ဝမ္န်ဲ့န်န္ကို ဟိုတယ္သို႔ ျပန္လိုက္ပို႔ေပးၿပီး သူတို႔ႏွစ္ေယာက္ ဓာတ္ေလွကားမွထြက္သည္ႏွင့္ တံခါးဝတြင္ ေနၾကာပန္းစည္းႀကီးကိုင္ကာ ရပ္ေစာင့္ေနေသာ ကုယ်န္ရွန္းကို ေတြ႕လိုက္ရ၏။
ဝမ္န်ဲ့န်န္ကို ေတြ႕ေတာ့ ကုယ်န္ရွန္းက ေရွ႕သို႔ လ်င္ျမန္စြာ ေလွ်ာက္လာၿပီး ပန္းစည္းကို ကမ္းေပးခဲ့သည္။
"န်န္န်န္ ... ညစာစားဖို႔အတြက္ မင္းကို ဖိတ္ေခၚလို႔ရမလား။" ႏူးႏူးညံ့ညံ့ ေငးစိုက္ၾကည့္၍ ညင္သာစြာ ဆိုလာသည့္ ကုယ်န္ရွန္း။
လင္းလင္းကေတာ့ ဒါကို လစ္ထြက္ရမည့္ အခြင့္အေရးအျဖစ္ အသုံးခ်ခဲ့သည္။
"ဆိုေတာ့ .... အကိုန်ဲ့န်န္ ၊ ကြၽန္မဘဲ အရင္ျပန္ၿပီး နားလိုက္ေတာ့မယ္ေနာ္ ။ အကို႔ကို မေႏွာက္ယွက္ေတာ့ဘူး။"
ဟိုတယ္၏ ေလွ်ာက္လမ္း၌ လူႏွစ္ေယာက္သာ က်န္ရစ္ေနခဲ့သည္။
ကုယ်န္ရွန္းက ဝမ္န်ဲ့န်န္၏မ်က္ႏွာခ်င္းဆိုင္တည့္တည့္တြင္ ရပ္ေနၿပီး ေမွ်ာ္လင့္ျခင္းမ်ားစြာျဖင့္ စိုးရိမ္တႀကီး ေငးၾကည့္ေနသည္။
ဝမ္န်ဲ့န်န္က သူ႕လက္တြင္ကိုင္ထားသည့္ ေဆးဘူးကို ၾကည့္ၿပီး မသိသာစြာ လႈပ္ခါသြားေသာ မ်က္ဝန္းအိမ္ျဖင့္ ကုယ်န္ရွန္းကို ျပန္ေမာ့ၾကည့္လိုက္သည္။
"သြား စို႔"
သူလည္း ကုယ်န္ရွန္းကို ေမးခ်င္ေနသည့္ အေၾကာင္းအရာတစ္ခ်ိဳ႕ ရွိသည္ မဟုတ္လား။
...
"ဆရာရဲ႕ နာမည္ေလး ေျပာေပးပါ ခင္မ်"
စားပြဲထိုးက သူတို႔ႏွစ္ေယာက္လုံးကို ကုယ်န္ရွန္း ႀကိဳတင္မွာထားေသာ သီးသန႔္ခန္းရွိရာသို႔ လမ္းျပေခၚသြားခဲ့သည္။
ဝမ္န်ဲ့န်န္၏အမူအရာက မသက္မသာျဖစ္ေနတာေၾကာင့္ ပင္ပန္းေနသည္'ဟု ေတြးမိၿပီး ဆက္၍ သူႏွင့္အတူ ညစာထြက္စားရန္ မေခၚခဲ့သင့္ေၾကာင္းပါ စဥ္းစားမိတဲ့အခါ ကုယ်န္ရွန္း စိတ္မေကာင္း ျဖစ္လာရသည္။
"ေဟး ... ဒါ ဥကၠဌကု မဟုတ္ဘူးလား။ တိုက္တိုက္ဆိုင္ဆိုင္ ပါပဲလား ... " ေယာက္်ားတစ္ေယာက္၏ အသံက ေနာက္ေက်ာဘက္ဆီမွ ထြက္ေပၚလာခဲ့သည္။ ထိုအသံေၾကာင့္ ကုယ်န္ရွန္းတစ္ေယာက္ ရပ္ေနသည့္ ေနရာ၌ပင္ ေအးခဲသြားၿပီး အေနာက္သို႔လွည့္ကာ အသံပိုင္ရွင္ကို ၾကည့္လိုက္သည္။ ထူးဆန္းသည့္ အရိပ္အေယာင္မ်ားလည္း မ်က္ဝန္းတြင္း ထင္ဟပ္လို႔။
ထိုသူက ေဆးကုမၸဏီမွ မစၥတာ ဘေရာင္း ျဖစ္ေနသည္။
ကုယ်န္ရွန္းက သူ႕ေဘးတြင္ရွိေနေသာ ဝမ္န်ဲ့န်န္ကို ေဝ့ၾကည့္ၿပီး ပ်ာပ်ာယာယာႏွင့္ ျပန္ႏႈတ္ဆက္ခဲ့၏။
"အာ ... မေတြ႕တာၾကာၿပီေနာ္ မစၥတာ ဘေရာင္း"
မစၥတာ ဘေရာင္းက ၿပဳံးကာျဖင့္ " ခင္မ်ားေရာ ဘယ္လိုလဲ။ အဲ့ဒီတုန္းက အရက္ေသာက္ၿပီး အစာအိမ္ေသြးယိုလို႔ ေသြးအန္သြားခဲ့တယ္ ဆို"
"ခင္မ်ား ဘာေျပာလိုက္တာလဲ။ အရက္ေသာက္ၿပီး ေသြးအန္တယ္ ဆိုတာက ဘာလဲ ..." ဝမ္န်ဲ့န်န္က အံ့ဩထိတ္လန႔္၍ ျပန္ေမးခဲ့သည္။
"ဥကၠဌကုက ေဘးထြက္ဆိုးက်ိဳးနည္းတဲ့ ကြၽန္ေတာ္တို႔ ကုမၸဏီက ေဆးကို ရဖို႔ ကြၽန္ေတာ့္နဲ႕ လာေတြ႕ခဲ့တယ္။ အဲ့ဒီတုန္းက ေဆးဝါးမူပိုင္ခြင့္ကို ရဖို႔ အရက္ေသာက္ခဲ့ရတယ္ ဆိုပါေတာ့။ ဒါနဲ႕ ကြၽန္ေတာ္ေလ ... ဥကၠဌကုလို ေသာက္နိုင္လြန္းတဲ့သူကို တစ္ခါမွ မေတြ႕ဖူးဘူး။ တဇြတ္ထိုးေခါင္းမာၿပီး ဘာမွမစဥ္းစားဘဲ ေသာက္တဲ့ပုံက ကြၽန္ေတာ္ေတာင္ လက္ဖ်ားခါမိတယ္။ ေတာ္ေတာ္ေလးလည္း သေဘာက်သြားလို႔ ေဆးရဲ႕မူပိုင္ခြင့္ကို လႊဲေျပာင္းေပးလိုက္တာ။ ဒါေပမယ့္ အစာအိမ္ပါေသြးယိုၿပီး ေသြးအန္ေလာက္တဲ့အထိ ျဖစ္ခဲ့တာကိုေတာ့ ကြၽန္ေတာ္ စိတ္မေကာင္းဘူး။"
ဝမ္န်ဲ့န်န္က ခ်က္ခ်င္းပင္ နီရဲလို႔သြားေသာ မ်က္ဝန္းမ်ားျဖင့္ ကုယ်န္ရွန္းကို လွည့္ၾကည့္လိုက္သည္။ ထို႔ေနာက္ အသံတုန္တုန္ျဖင့္ ေမးလိုက္၏။
"ေဒါက္တာလီ ငါ့ကို ေပးတဲ့ေဆးက .... မင္း ေသြးအန္ခဲ့တဲ့အထိ အရက္ေသာက္ၿပီး ယူေပးခဲ့တဲ့ ေဆးလား။ Z နိုင္ငံကို မင္းသြားခဲ့တာက ငါ့ အတြက္လား ..."
"ေဒါက္တာလီက မင္း ေဆးမေသာက္ေတာ့တဲ့အေၾကာင္းကို ေျပာျပတယ္။ ၿပီးေတာ့ ေဘးထြက္ဆိုးက်ိဳးနည္းတဲ့ ေဆးကို လိုအပ္တယ္ဆိုလို႔ ငါ ...." ကုယ်န္ရွန္းက သက္ျပင္းခ်ၿပီး ခက္ခက္ခဲခဲၿပဳံးကာ ျပန္ေျဖလိုက္၏။
"မင္းကေရာ ..."
"ေသသြားရင္ေတာင္ ရတယ္ လို႔ ေတြးခဲ့တာလား။ ... အစာအိမ္ ေသြးယိုတာ
... မင္း မနာ ဘူးလား။ "
------------------