Unicode Ver
Rating (16+)
“ ဟင်းးးးး……………”
အလျင်တခုဖြင့် လှုပ်ရှားနေသော လှုပ်ရှားမှုတွေကြောင့် ညည်းတွားမှုနှင့်အတူ သူ၏မျက်ဝန်းများက ဖြည်းဖြည်းချင်း ပွင့်လာ၏။ တယောက်ယောက်၏ရင်ခွင်ထဲတွင်ရောက်နေပြီး အပေါ်တည့်တည့်မြင်တွေ့ရသည့်ကောင်းကင်ကြီးသည်လည်း အလျင်တစ်ခုဖြင့်ရွေ့လျားနေလေသည်။ မော့ကြည့်နေရသည့်အပြင် အားနည်းနေတာကြောင့် ထိုလူ၏မျက်နှာကို သေချာမခံစားနိုင်သော်လည်း သေချာသည်က ယွင်းရန်မဟုတ်ပေ။
“ ရပ်……ရပ်ပေး……”
နျူးက ထိုလူ၏ခြေလှမ်းများကို ရပ်တန့်စေရန် ကြိုးစားလိုက်သည်။ သူ သတိလစ်သွားခဲ့သည့်တလျောက် ဘာတွေဖြစ်ပျက်သွားမှန်း သူမသိလိုက်ပေမဲ့ သူနဲ့ ယွင်းရန်ကြားမပြီးပြတ်သေးသည့်အရာတွေရှိသည်။ သူမသိလိုက်ရပဲ သေသွားလို့မဖြစ်သည့် ကိစ္စတွေရှိသည်။ သူ့ကို အဖြေမပေးရသေးပဲ ယွင်းရန်ကသူ့ကို စွန့်ပစ်လို့မရနိုင်။ သူ့အတွက် နောက်မကျသေးခင် သူကိုယ်တိုင် သိရမှဖြစ်လိမ့်မည်။
ရှန်းဝူပိုင်က သူ၏အလျင်ကို နျူးအသံကြားသည်နှင့် ရပ်တန့်လိုက်သည်။ သူ့ရင်ခွင်ထဲမှ နျူးကို အနည်းငယ်ခွာကာကြည့်လိုက်ရင်း သူပြုံးကာ
“ မင်း ပြန်သတိရလာပြီလား။ ကိုယ် မင်းကို ကောင်းကင်နန်းတော်ကို ပြန်ပို့ပေးမယ်။ ခဏလေးပဲ သည်းခံပေးနော်…”
“ မဟုတ်…ဘူး…ကျွန်တော်…မပြန်…ဘူး။”
နျူးက အတင်းခုန်ချဖို့ လုပ်လိုက်သည်။ ရှန်းဝူပိုင်က ထင်မထားတာမို့ သူ့လက်ထဲမှ နျူးသည် မြေပြင်သို့လွတ်ကျသွား၏။ သိူ့သော် အစောပိုင်း သူသွင်းပေးထားသော အမြုတေစွမ်းအားကြောင့် နျူးက သူ့ခြေထောက်နှင့်သူပြန်ရပ်နိုင်သည့် အခြေအနေမှာရှိချေပြီ။
ရှန်းဝူပိုင်က နျူးကိုတွဲထူရန် သူ၏ကိုယ်ခန္တာ လှမ်းထိန်းကာကိုင်လိုက်သည်။ နျူးကမူ ရှန်းဝူပိုင်၏လက်ဖျံအား အရင်ဆုပ်ကိုင်လိုက်ရင်း
“ ကျွန်တော့်ကို ………ပြန်ပို့ပေးပါ။ “
နျူး၏စကားကြောင့် ရှန်းဝူပိုင်က နျူး၏လက်နှစ်ဖက်လုံးကို ဆုပ်ကိုင်လိုက်ရင်း
“ ဟူတ်တယ်…ကိုယ်မင်းကို ကောင်းကင်နန်းတော်ကို ပြန်ပို့ပေးမလို့လေ။”
ရှန်းဝူပိုင်၏အပြောကြောင့် နျူးက သူ၏ခေါင်းကို ဖြည်းညှင်းစွာ ခါသည်။ သူ ယခင်ကလိုသာ အားအင်တွေအများကြီးရှိမည်ဆိုပါက သူအမြန် သွက်သွက်လက်လက် ပြောပြပြီး သူကိုယ်တိုင်ပင် အလိုရှိရာကို လုပ်ဆောင်လိုက်မည်ဖြစ်သည်။ သိူ့သော် ယခုအခါက မတူ။ သူတို့ကြည့်ရသလောက် ကောင်ကင်တံခါးဝနှင့် သိပ်မဝေးတော့သည့် နေရာကိုပင်ရောက်နေချေပြီမို့ မိစ္ဆာတိုင်းပြည်နှင့် ဝေးလာချေပြီ။ သူ့တွင် ပြန်သွားဖို့ အားမရှိတော့ချေ။ ထို့ကြောင့် သူ့ကိုယွင်းရန်လက်ထဲမှ ခေါ်လာခဲ့သည့် ကောင်းကင်မင်းကြီးကိုသာ တာဝန်ယူခိုင်းမှဖြစ်လိမ့်မည်။
“ ကောင်းကင်မင်းကြီး…… ကျေးဇူးပြုပြီး….ကျွန်တော့်ကို မိစ္ဆာတိုင်းပြည်ကို… ပြန်ပို့ပေးပါ။ ကျွန်တော်… မိစ္ဆာဘုရင်ကြီးဆီကနေ …သိရမဲ့အဖြေတစ်ခု…ရှိနေတယ်။”
“ မင်းအခု ချက်ချင်း နောက်မကျခင် အဆိပ်ဖြေဖို့လိုတယ်။ အဲ့တာတွေကို နောက်မှ လုပ်လို့မရဘူးလား။ ကိုယ်ဖြေဆေးရထားပြီးပြီ။ အဲ့တာကြောင့် မင်းကို လာခေါ်တာ…”
“ ကျွန်တော့်ကို သူ့ဆီ…လိုက်ပို့ပေးပါ။”
နျူးက ထူးခြားပြီး စွမ်းအားကြီးသည့် သူတယောက်တော့ ဟုတ်မနေပေမဲ့ သူက တခါတလေမှာ အရမ်းခေါင်းမာတတ်သည်။ သူလုပ်ချင်သည့်အရာဆိုလျှင် ယခင်ကတည်းက လောင်ရဲ့ပင် တားလို့ရခဲ့တာမဟူတ်။ လောင်ရဲ့ ဆူလည်း သူကတော့ အဆူခံပြီးကို လုပ်ခဲ့တာဖြစ်သည်။ နောက်ဆုံး တခေါက် သူတို့နှင့်မကပတ်သတ်ဖို့လောင်ရဲ့က ကတိတောင်းခဲ့ပေမဲ့ ဤတခေါက်တွင်လည်း သူတည်နိုင်တော့မည်မဟူတ်ချေ။
ရှန်းဝူပိုင်ကတော့ နျူးက မည်သိူ့မျှ သူပြောသည်ကို နာခံလိမ့်မည်မဟူတ်ကြောင်း သိသွားပူံရသည်။ သူအနည်းငယ်မျက်နှာက ပျက်ယွင်းသွားပြီး မသိမသာ လက်သီးဆုပ်လိုက်မိသည်။ နျူးကတော့ သူ့ခေါင်းကို ခတ္တငုံ့ရင်း
“ တကယ်လို့…တကယ်လို့… ဒါကသာနောက်ဆုံးဖြစ်ခဲ့မယ်ဆိုရင်… လောင်ရဲ့ကို ကျွန်တော်က… ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း ကျွန်တော့်ကိုယ်စား... ကျေးဇူးပြုပြီး…… ပြောပေးပါ။ “
နျူးက ခေါင်းမော့လာကာ ရှန်းဝူပိုင်ကို ရယ်ပြလိုက်သည်။ လေအလွင့် အနည်းငယ်ရှုပ်ပွေကာ လွင့်မြောနေသည့်အဖြူရောင်ဆံနွယ်တွေက အစီအစဉ်တော့သိပ်မကျချေ။
ရှန်းဝူပိုင်မှာ သူ့မျက်နှာအား မည်သိူ့မျှပင် ဟန်မဆောင်နိုင်အောင် စိတ်ပျက်မှု၊ ဝမ်းနည်းမှု တို့ကို ဖော်ပြမိနေ၏။ နျူးက သေချာပေါက်ကိုယွင်းရန်ကို ရွေးလိုက်မှန်း သူသိသည်။ သို့ရာတွင် ယခုလိုအချိန်မှာတောင် နျူးက သူ့အသက်ထက်ကို ထိုသူအား ရွေးချယ်လိမ့်မည်ကို သူမထင်ထားမိသည်ကတကယ်ပင်။ နျူးက ဘယ်တူန်းကများ သူ့ကိုယ်သူထက်ပိုပြီး အလေးထားခဲ့လို့လဲ။ ဘယ်အရာ ဘယ်အချိန် ဘယ်တုန်းက ထိုသို့ ပြောင်းလဲသွားသည်ကို သူရှုပ်ထွေးလျက်ရှိသည်။ သိူ့သော်လည်း ရှေ့ရှိ အရာအားလုံးဆုံးဖြတ်ထားပြီး အဆင်သင့်ဖြစ်နေသည့် သူတစ်ယောက်လို နျူး၏ဆန္ဒကိုတော့ သူမလွန်ဆန်နိုင်ပါချေ။
………………………
ရှန်းဝူပိုင် နောက်ဆုံးပြောသွားသည့် စကားကို ယွင်းရန်ပြန်စဉ်းစားမိပြီးတဲ့နောက်မှာ သူ၏စာကြည့်ဆောင်ကြီးအား ဝင်မွေမိနေ၏။ စာအုပ်တွေ တအုပ်ပြီး တအုပ် လှမ်းယူလိုက် မဟူတ်လျှင်ပစ်ချပြီး နောက်တအုပ်ကို လှမ်းယူလိုက်ဖြင့်အလုပ်ရှုပ်နေသော်လည်း စာအုပ်များသည် သူပစ်ချလိုက်သည်နှင့် တပြိုင်နက်တော့ စနစ်တကျ ပိတ်သွားကာ သူလှမ်းယူခဲ့သည့် ၎င်း၏ယခင်နေရာတွင် ပြန်ရောက်သွားကြသည်။ ‘အမြုတေစွမ်းအားထက်ဝက်မျှဝေခြင်းနည်း’ ကို သူလည်းကြားဖူးခဲ့သည်။ သူတို့၏အမြုတေနှင့်ပတ်သတ်၍ ရေးသားထားသည့် စာအူပ်များတွင် ပို၍သေချာစွာဖော်ပြထားပေလိမ့်မည်။ ပုံမှန်အနေနဲ့ များသောအားဖြင့် ထိုကဲ့သို့ဖြစ်စဉ်က ချစ်သူအကြင်သူနှစ်ဦးကြားထဲတွင် နှစ်ဦးသားတယောက်ကိုတယောက် အမှန်တကယ်ချစ်မြတ်နိုးချိန်၌ နှစ်ကိုယ်တူ ပေါင်းစပ်ချိန်မှသာ လှဲလှယ်ခြင်း သို့မဟူတ် မျှဝေခြင်းကို ပြုလူပ်နိုင်ခြင်းဖြစ်သည်။
မဟုတ်…နောက်ဆုံးတခေါက် နျူးကလည်း သူ့ကိုဖွင့်ဟ ဝန်ခံခဲ့သေးတယ်။ ဒီနည်းလမ်းက……
“ မိစ္ဆာဘုရင်…ကြီး…!!!”
ယွင်းရန်စဉ်းစားခန်း ဝင်နေစဉ်မှာပဲ အနည်းငယ်မောဟိုက်နေပုံရသည့် နျူးက စာကြည့်ဆောင်၏အခန်းတံခါးဝတွင် ရပ်တန့်နေကာ သူ့ကိုလှမ်းခေါ်လာသည်။
“………”
ယွင်းရန်မှာ သူ့ဆီသို့ ရုတ်တရက်ပေါ်လာသော နျူးကြောင့် စာအုပ်တအုပ်ကိုလက်မှ ကိုင်ထားရင်းပင် နျူးကို သေချာကြည့်နေမိ၏။ နျူးက တောက်ပနေသော မျက်ဝန်းများဖြင့် ယွင်းရန်ကိုသာစေ့စေ့ကြည့်နေရင်း သူ၏ခြေလှမ်းများကို ယွင်းရန်ဆီသို့ စတင်လှမ်းလာခဲ့သည်။
ထိူအခိုက်အတန့်တွင်ပင် ယွင်းရန်သည်လည်း သူ၏လက်ထဲရှိစာအုပ်အား မိုးပေါ်သိူ့ပစ်တင်လိုက်ကာ နျူးဆီသိူ့ ပြေးလိုက်လေသည်။ စာအုပ်သည်ကတော့ မြေပြင်ပေါ်ကျမသွားပဲ နဂိုမူလသူ၏ နေရာသို့သာ ဝင်ရောက်သွားပြီး ယွင်းရန်သည်လည်း နျူးဆီသို့ ရောက်ရှိသွားကာ နျူးအားတင်းကျပ်စွာဖက်တွယ်လိုက်သည်။
မည်သည့်စကားတစ်ခွန်းမျှမပြောကြပဲ နှစ်ဦးသားတယောက်ကိုယ်တယောက်တင်းကျပ်စွာဖက်တွယ်ထားတာမို့ နျူးကပင် စတင်ကာ ယွင်းရန်၏ဖက်တွယ်ထားမှုမှ ရုန်းကန်လေသည်။ ယွင်းရန်က သူ့ကိုယ်ကို နောက်ကိုရွေ့စေတော့ နျူးက ယွင်းရန်ကိုကြည့်ရင်း
“ မိစ္ဆာဘုရင်ကြီး…ဘာလို့ ကျွန်တော့်ကို… နှင်ထုတ်ရတာလဲ”
“ ကိုယ်…မလုပ်…”
“ ခင်ဗျား…ကျွန်တော့်ရဲ့ဝန်ခံခြင်းကို ပြန်ဖြေရအုန်းမယ်လေ…ဒါမှမဟုတ်…အဖြေမပေးချင်လို့လား…”
ယွင်းရန်က နျူးကိုပြန်မဖြေသေးခင်၌ပင် နျူးက မကျေနပ်သည့်လေသံဖြင့်ပြောလာသည်။ နျူး၏ပုံစံကတော့ အခြေအနေသိပ်မကောင်းချေ။ သူ၏စကားများက အံကြိတ်ကာ သည်းခံနေသည့်အလား။
အဖြေကိုအလိုရှိတာမို့ ပြန်လာသည်ဟု ယွင်းရန်သိလိုက်ရသည်နှင့်တပြိုင်နက် သူမည်သည့်စကားလုံးတို့ကိုမှ မပြောတော့ရန် ဆုံးဖြတ်ခိုက်လေပြီ။ နျူးက သူ့ကိုအရာအားလုံးထက်ပိုပြီးတော့ကို ရွေးချယ်လိုက်လေပြီ။ နျူးက သူ့ကိူချစ်မြတ်နိုးသည်မှာ သူ့အနေနဲ့ သံသယပင်ပွားစရာမလိုပါချေ။
ယွင်းရန်သည် ချက်ချင်းပင် နျူး၏ခါးမှနေ၍ တကိုယ်လူံးအား ဆွဲသိမ်းကာ သူနှင့် ကိုယ်ခန္တာချင်းနီးကပ်စေလိုက်သည်။ ထို့နောက် သူ၏ကျန်လက်တဖက်က နျူး၏ခပ်ဖြူဖြူဖျော့နေသော နှူတ်ခမ်းပါးလေးအား လာရောက်ထိကိုင်လေ၏။
ထိုအခိုက်အတန့် နှစ်ဦးသား မည်သည့်စကားလုံးတို့မှပင်မလိုအပ်တော့တာမို့ နျူးက သူ၏မျက်ဝန်းများကို အသာပိတ်ကာ ခေါင်းကိုမော့ပေးလိုက်သည်။ ယွင်းရန်သည်လည်း နျူး၏ပါးပြင်ကိုပြောင်းကာထိကိုင်လိုက်ပြီးနောက် နျူး၏နှုတ်ခမ်းပါးလေးကိုတော့ သူ၏နှုတ်ခမ်းတစ်စုံဖြင့် ထိတွေ့စေလိုက်တော့သည်။
နှစ်ဦးသား လောကရှိ ရှိရှိသမျှအရာအားလုံးကို မေ့ဖျောက်ပစ်လိုက်ပြီး ထိုစာကြည့်ဆောင်ထဲတွင် တစ်ဦးကိုယ်တစ်ဦးပွတ်သတ်လျက် နမ်းရှိုက်နေခဲ့ကြသည်။ အတန်ကြာလေတော့မှ ယွင်းရန်က နျူးအား ဖက်တွယ်ထားလျက်ပင် စာအုပ်စင်တန်းတစ်ခုနှင့်ဖိကပ်စေလျက် အနမ်းတို့ကိုရပ်တန့်စေကာ နျူးကို အမျိုးအမည်မသိနိုင်သော မျက်ဝန်းတို့ဖြင့်ကြည့်လို့လာသည်။ နျူးကလည်း ယွင်းရန်ကိုသာ ပြန်ကြည့်နေပြီး သူ၏နှဖူးရှိ အမှတ်လေးမှာ နီရဲနေချေပြီ။ သို့သော်လည်းမှေးမှိန်နေပါ၏။ ထို့နည်းအတူ အနမ်းတို့ဖြင့်ချိတ်ဆက်စေခဲ့သော နှုတ်ခမ်းပါးတို့မှာ အလွန်အမင်းပွတ်တိုက်မှုတို့ကြောင့်ပေလားမသိနိုင်စွာ ရဲလျက်ရှိ၏။
ယွင်းရန်က နျူး၏ခါးကို သူ၏လက်တဖက်ဖြင့် သိမ်းထားဆဲပင်။ သူက နျူးကို ကြည့်ကာနေရင်းမှ
“ ကိုယ့်ရဲ့အမြုတေထက်ဝက်ကိုမင်းအတွက်ပေးမယ်။ အခုကစပြီး ကိုယ်ကမင်းအပိုင်ပဲ။”
“ ကျွန်တော့်ကို သဘောကျရဲ့လား”
နျူးက စာတွေ့သမားလိုပင်။ သူပြောလိုက်သည့် မေးလိုက်သည့် စကားတို့အတွက် အခုထိအဖြေကိူသိချင်နေသေးတုန်းပင်။ ယွင်းရန်က ခေါင်းကိုငုံ့ကာ ခပ်ဟဟပြုံးလိုက်မိပြီးတဲ့နောက် ရွှန်းလဲ့နေပြန်သော မျက်ဝန်းတို့ဖြင့် နျူးကိူကြည့်ကာ
“ ဟင့်အင်း……ကိုယ် မင်းကို ချစ်တာ……။
နျူး……ကိုယ် မင်းကိုချစ်တယ်…”
ထိုစကားကို ကြားပြီးသည့်နောက်တွင်တော့ နျူးတွင် မည်သည့်မေးခွန်းမျိုးမှ ထပ်မံပေါ်ကောက်လာခြင်းမရှိတော့ပါချေ။ ထိုသို့လည်း မေးခွန်းတွေ ဆက်မထွက်လာနိုင်လောက်အောင် ယွင်းရန်ကတော့ နျူး၏နှုတ်ခမ်းနှင့် ပါးစပ်တစ်ခုလုံးကို သူ၏နှုတ်ခမ်းတို့ဖြင့် သိမ်းပိုက်ပစ်နေသည်။ ပို၍ ပြင်းထန်ကာ ရမ္မက်ဆန်လာသော ယွင်းရန်၏အပြုအမူတွေကြားထဲတွင် ယွင်းရန်၏ဘယ်ဘက်ရင်အုံမှအနီရောင် အလင်းတန်းတချို့က ဖြည်းညှင်းစွာပင် ရွေ့လျားလာလေပြီးနောက် လည်ချောင်း၊ ထိုမှတဆင့်အာခံတွင်း၊ ထိုမှ သူ၏နှုတ်ခမ်းတို့မှတစ်ဆင့်ပင်ထိုအနီရောင်အမြုတေစွမ်းအားများသည် ၎င်းတို့ဆက်နွယ်ထားရာ နျူး၏နှုတ်ခမ်းနှင့် ပါးစပ်တို့မှ တဖြည်းဖြည်းချင်း နျူး၏ကိုယ်ထဲသို့ဝင်ရောက်သွားကြလေတော့သည်။
မျက်ဝန်းအစုံကို မှိတ်ကာ ချိုမြိန်လှပါသောအနမ်းတို့၏အရသာကိုခံစားနေရင်းမှ နျူးသည် သူ၏ကိုယ်ခန္တာပြောင်းလဲမှုကို စတင်ခံစားလိုက်ရသည်။ သူအနည်းငယ်ရုန်းထွက်ချင်ပါသော်လည်း ယွင်းရန်သည် သူ့အား အလွတ်မပေးချေ။ စွမ်းအားတွေသည် သူ့ကိုယ်ခန္တာတစ်ခုလုံးတွင် လျောက်ပြေးလွှားနေကြပြီး မျက်စိတမှိတ်စာအတွင်း အလျင်အမြန်နှင့်နေသားကျသွားကြသည်။ နျူး၏ နှဖူးရှိနှင်းပွင့်ချက်ကလေးသည် အနီရောင်သို့ပြောင်းလဲနေသော်လည်း ယခုအခါမှေးမှိန်မနေတော့ပဲ တောက်ပလို့လာချေ၏။ ယွင်းရန်က ကူးစက်မှုပြီးဆုံးသွားပြီဆိုမှသာ နျူးကိုဖြေလျော့ပေးလိုက်သည်။ သိူ့သော်လည်း သူက အနားမပေးချင်သည့်အလား နျူးကိုပွေ့ချီလိုက်သည်။
ထို့နောက် စာကြည့်ဆောင်၏ စာဖတ်သည့် စားပွဲခုံနှင့် လဲလျောင်းရန်ပါသင့်တော်သည့် အကျယ်အဝန်းရှိသည့် ခုံတန်းရှည်ကြီးသို့ ခေါ်ဆောင်သွားလေသည်။ စာကြည့်ဆောင်တစ်ခုလုံးရှိ အလင်းရောင်အမြုတေလုံးလေးများသည် ယခင်အစိမ်းနုရောင်မှ အနီရောင်တဝက် အပြာရောင်တဝက်ဖြင့်တမျိုးတဖုံ တောက်ပနေကြပြန်တော့သည်။
ယွင်းရန်က နျူးကိုလှဲစေရန်ချပေးလိုက်ပြီးနောက် သူက မည်သိူ့မျှပင် ထွက်မပြေးစေနိုင်ရန် နျူးပေါ်မှတဆင့် အုပ်မိုးလျက်
“ ကိုယ် နောက်တဆင့်ကို တတ်လို့ရတယ်မလား။”
နျူးက သူ၏လက်နှစ်ဖက်အား အချင်းချင်းဆုပ်ကိုင်ထားကာ ယွင်းရန်ကို ကြည့်နေသည်။ သို့သော်လည်း ချက်ချင်းပင် ခေါင်းညိမ့်လိူက်ပါ၏။ သူအခု ယွင်းရန်ပေးတဲ့စွမ်းအားတွေကြောင့် သူ့တကိုယ်လုံး တျမ်တွေပေါ်မာ လမ်းလျောက်နေရသလို ပေါ့ပါးလွန်းနေကာ အလွန်လည်းပျော်ရွှင်နေပြီး နောက်ထပ်အမည်မသိသည့် ခံစားချက်မျိုးပါရနေသေးသည်။ ပို၍ ပိူ၍ ထူးခြားသည်က သူ့အောက်ပိုင်းက သူ့ဘဝအနှစ်ငါးရာ နေထိုင်လာပြီးတဲ့နောက် ပထမဆုံးတုံ့ပြန်မှုကို ခံစားနေရခြင်းဖြစ်သည်။
နျူး၏ခေါင်းညိမ့်မှုကြောင့် ယွင်းရန်က သဘောကျစွာပြုံးလိုက်ပြီး နျူး၏နှုတ်ခမ်းများကိုစတင်ကာ နမ်းပြန်သည်။ ဤတခေါက်တွင်တော့ သူ၏အနမ်းတို့က နှူတ်ခမ်းပါးတွင်သာမကပဲ တဖြည်းဖြည်းချင်းစတင်ကာ လည်ပင်းမှတဆင့်ပင် အောက်သို့ရောက်ရှိလာ၏။ နျူး၏ကိုယ်ရှိ ဝတ်ရုံတစ်ခုလုံးသည် ဘယ်အချိန်မှန်းတွင်ပင် မသိလိုက်ရပဲဖယ်ရှားခံလိုက်ရပါ၏။ ယွင်းရန်က နျူးတကိုယ်လုံးကို စိတ်ကြိုက်သုံးဆောင်လျက်ရှိပြီး ထို့နောက်တွင် သူ၏ကိုယ်ရှိ အရာအားလုံးကိုပါ ဖယ်ရှာပစ်လိုက်သည်။ နျူးမှာ ယွင်းရန်၏ ဗလာဖြစ်နေသော ကိုယ်ထည်နှင့် ကြံ့ခိုင်သန်မာပုံရသောခန္တာကိုယ်ဖွဲ့စည်းပုံကိုမြင်ရသည့်အခါ မျက်ဝန်းတို့က ပြူးကျယ်နေပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီဖြစ်သော အသားအရေကြောင့်ပင် သူ၏ပါးမို့မိူ့နှစ်ဖက်မှာ နီရဲလာပါတော့သည်။
ယွင်းရန်မှာ သဘောမကျပဲ မနေနိုင်ပါချေ။ နျူး၏ ပုခုံအပေါ်ဘက်နေရာအလွတ်များတွင် လက်နှစ်ဖက်အား တဖက်စီထောက်ကာ နျူးကိုသေချာငုံ့ကြည့်ရင်းမှ ထိုပါးပြင်မို့မို့နှင့် နှဖူးပြင်တို့အား အနမ်းဖွဖွပေးလိုက်သည်။ ထို့နောက် အပေါ်စီးမှနေရင်း
“အခုကစပြီး ကိုယ့်ကိုတင်းတင်းကျပ်ကျပ်သာဖက်ထား!”
~~~~~~~~~~~~~~~~~~~~~~~~
ဒချိ ဒချိ သွားကြတာပါနော်။ 😛🌚
ကျန်တာ ကိုယ့်ဘာသာဆက်တွေးကြပါ။ 😚
Zawgyi Ver
Rating (16+)
"ဟငျးးးး........"
အလ်င္တခုျဖင့္ လႈပ္႐ွားေနေသာ လႈပ္႐ွားမႈေတြေၾကာင့္ ညည္းတြားမႈႏွင့္အတူ သူ၏မ်က္ဝန္းမ်ားက ျဖည္းျဖည္းခ်င္း ပြင့္လာ၏။ တေယာက္ေယာက္၏ရင္ခြင္ထဲတြင္ေရာက္ေနၿပီး အေပၚတည့္တည့္ျမင္ေတြ႕ရသည့္ေကာင္းကင္ႀကီးသည္လည္း အလ်င္တစ္ခုျဖင့္ေ႐ြ႕လ်ားေနေလသည္။ ေမာ့ၾကည့္ေနရသည့္အျပင္ အားနည္းေနတာေၾကာင့္ ထိုလူ၏မ်က္ႏွာကို ေသခ်ာမခံစားႏိုင္ေသာ္လည္း ေသခ်ာသည္က ယြင္းရန္မဟုတ္ေပ။
“ ရပ္……ရပ္ေပး……”
ႏ်ဴးက ထိုလူ၏ေျခလွမ္းမ်ားကို ရပ္တန္႔ေစရန္ ႀကိဳးစားလိုက္သည္။ သူ သတိလစ္သြားခဲ့သည့္တေလ်ာက္ ဘာေတြျဖစ္ပ်က္သြားမွန္း သူမသိလိုက္ေပမဲ့ သူနဲ႔ ယြင္းရန္ၾကားမၿပီးျပတ္ေသးသည့္အရာေတြ႐ွိသည္။ သူမသိလိုက္ရပဲ ေသသြားလို႔မျဖစ္သည့္ ကိစၥေတြ႐ွိသည္။ သူ႕ကို အေျဖမေပးရေသးပဲ ယြင္းရန္ကသူ႕ကို စြန္႔ပစ္လို႔မရႏိုင္။ သူ႕အတြက္ ေနာက္မက်ေသးခင္ သူကိုယ္တိုင္ သိရမွျဖစ္လိမ့္မည္။
႐ွန္းဝူပိုင္က သူ၏အလ်င္ကို ႏ်ဴးအသံၾကားသည္ႏွင့္ ရပ္တန္႔လိုက္သည္။ သူ႕ရင္ခြင္ထဲမွ ႏ်ဴးကို အနည္းငယ္ခြာကာၾကည့္လိုက္ရင္း သူျပဳံးကာ
“ မင္း ျပန္သတိရလာၿပီလား။ ကိုယ္ မင္းကို ေကာင္းကင္နန္းေတာ္ကို ျပန္ပို႔ေပးမယ္။ ခဏေလးပဲ သည္းခံေပးေနာ္…”
“ မဟုတ္…ဘူး…ကြၽန္ေတာ္…မျပန္…ဘူး။”
ႏ်ဴးက အတင္းခုန္ခ်ဖို႔ လုပ္လိုက္သည္။ ႐ွန္းဝူပိုင္က ထင္မထားတာမို႔ သူ႕လက္ထဲမွ ႏ်ဴးသည္ ေျမျပင္သို႔လြတ္က်သြား၏။ သိူ႕ေသာ္ အေစာပိုင္း သူသြင္းေပးထားေသာ အျမဳေတစြမ္းအားေၾကာင့္ ႏ်ဴးက သူ႕ေျခေထာက္ႏွင့္သူျပန္ရပ္ႏိုင္သည့္ အေျခအေနမွာ႐ွိေခ်ၿပီ။
႐ွန္းဝူပိုင္က ႏ်ဴးကိုတြဲထူရန္ သူ၏ကိုယ္ခႏၲာ လွမ္းထိန္းကာကိုင္လိုက္သည္။ ႏ်ဴးကမူ ႐ွန္းဝူပိုင္၏လက္ဖ်ံအား အရင္ဆုပ္ကိုင္လိုက္ရင္း
“ ကြၽန္ေတာ့္ကို ………ျပန္ပို႔ေပးပါ။ “
ႏ်ဴး၏စကားေၾကာင့္ ႐ွန္းဝူပိုင္က ႏ်ဴး၏လက္ႏွစ္ဖက္လုံးကို ဆုပ္ကိုင္လိုက္ရင္း
“ ဟူတ္တယ္…ကိုယ္မင္းကို ေကာင္းကင္နန္းေတာ္ကို ျပန္ပို႔ေပးမလို႔ေလ။”
႐ွန္းဝူပိုင္၏အေျပာေၾကာင့္ ႏ်ဴးက သူ၏ေခါင္းကို ျဖည္းညႇင္းစြာ ခါသည္။ သူ ယခင္ကလိုသာ အားအင္ေတြအမ်ားႀကီး႐ွိမည္ဆိုပါက သူအျမန္ သြက္သြက္လက္လက္ ေျပာျပၿပီး သူကိုယ္တိုင္ပင္ အလို႐ွိရာကို လုပ္ေဆာင္လိုက္မည္ျဖစ္သည္။ သိူ႕ေသာ္ ယခုအခါက မတူ။ သူတို႔ၾကည့္ရသေလာက္ ေကာင္ကင္တံခါးဝႏွင့္ သိပ္မေဝးေတာ့သည့္ ေနရာကိုပင္ေရာက္ေနေခ်ၿပီမို႔ မိစၧာတိုင္းျပည္ႏွင့္ ေဝးလာေခ်ၿပီ။ သူ႕တြင္ ျပန္သြားဖို႔ အားမ႐ွိေတာ့ေခ်။ ထို႔ေၾကာင့္ သူ႕ကိုယြင္းရန္လက္ထဲမွ ေခၚလာခဲ့သည့္ ေကာင္းကင္မင္းႀကီးကိုသာ တာဝန္ယူခိုင္းမွျဖစ္လိမ့္မည္။
“ ေကာင္းကင္မင္းႀကီး…… ေက်းဇူးျပဳၿပီး….ကြၽန္ေတာ့္ကို မိစၧာတိုင္းျပည္ကို… ျပန္ပို႔ေပးပါ။ ကြၽန္ေတာ္… မိစၧာဘုရင္ႀကီးဆီကေန …သိရမဲ့အေျဖတစ္ခု…႐ွိေနတယ္။”
“ မင္းအခု ခ်က္ခ်င္း ေနာက္မက်ခင္ အဆိပ္ေျဖဖို႔လိုတယ္။ အဲ့တာေတြကို ေနာက္မွ လုပ္လို႔မရဘူးလား။ ကိုယ္ေျဖေဆးရထားၿပီးၿပီ။ အဲ့တာေၾကာင့္ မင္းကို လာေခၚတာ…”
“ ကြၽန္ေတာ့္ကို သူ႕ဆီ…လိုက္ပို႔ေပးပါ။”
ႏ်ဴးက ထူးျခားၿပီး စြမ္းအားႀကီးသည့္ သူတေယာက္ေတာ့ ဟုတ္မေနေပမဲ့ သူက တခါတေလမွာ အရမ္းေခါင္းမာတတ္သည္။ သူလုပ္ခ်င္သည့္အရာဆိုလွ်င္ ယခင္ကတည္းက ေလာင္ရဲ႕ပင္ တားလို႔ရခဲ့တာမဟူတ္။ ေလာင္ရဲ႕ ဆူလည္း သူကေတာ့ အဆူခံၿပီးကို လုပ္ခဲ့တာျဖစ္သည္။ ေနာက္ဆုံး တေခါက္ သူတို႔ႏွင့္မကပတ္သတ္ဖို႔ေလာင္ရဲ႕က ကတိေတာင္းခဲ့ေပမဲ့ ဤတေခါက္တြင္လည္း သူတည္ႏိုင္ေတာ့မည္မဟူတ္ေခ်။
႐ွန္းဝူပိုင္ကေတာ့ ႏ်ဴးက မည္သိူ႕မွ် သူေျပာသည္ကို နာခံလိမ့္မည္မဟူတ္ေၾကာင္း သိသြားပူံရသည္။ သူအနည္းငယ္မ်က္ႏွာက ပ်က္ယြင္းသြားၿပီး မသိမသာ လက္သီးဆုပ္လိုက္မိသည္။ ႏ်ဴးကေတာ့ သူ႕ေခါင္းကို ခတၱငုံ႔ရင္း
“ တကယ္လို႔…တကယ္လို႔… ဒါကသာေနာက္ဆုံးျဖစ္ခဲ့မယ္ဆိုရင္… ေလာင္ရဲ႕ကို ကြၽန္ေတာ္က… ေက်းဇူးတင္ပါတယ္ဆိုတဲ့အေၾကာင္း ကြၽန္ေတာ့္ကိုယ္စား... ေက်းဇူးျပဳၿပီး…… ေျပာေပးပါ။ “
ႏ်ဴးက ေခါင္းေမာ့လာကာ ႐ွန္းဝူပိုင္ကို ရယ္ျပလိုက္သည္။ ေလအလြင့္ အနည္းငယ္႐ႈပ္ေပြကာ လြင့္ေျမာေနသည့္အျဖဴေရာင္ဆံႏြယ္ေတြက အစီအစဥ္ေတာ့သိပ္မက်ေခ်။
႐ွန္းဝူပိုင္မွာ သူ႕မ်က္ႏွာအား မည္သိူ႕မွ်ပင္ ဟန္မေဆာင္ႏိုင္ေအာင္ စိတ္ပ်က္မႈ၊ ဝမ္းနည္းမႈ တို႔ကို ေဖာ္ျပမိေန၏။ ႏ်ဴးက ေသခ်ာေပါက္ကိုယြင္းရန္ကို ေ႐ြးလိုက္မွန္း သူသိသည္။ သို႔ရာတြင္ ယခုလိုအခ်ိန္မွာေတာင္ ႏ်ဴးက သူ႕အသက္ထက္ကို ထိုသူအား ေ႐ြးခ်ယ္လိမ့္မည္ကို သူမထင္ထားမိသည္ကတကယ္ပင္။ ႏ်ဴးက ဘယ္တူန္းကမ်ား သူ႕ကိုယ္သူထက္ပိုၿပီး အေလးထားခဲ့လို႔လဲ။ ဘယ္အရာ ဘယ္အခ်ိန္ ဘယ္တုန္းက ထိုသို႔ ေျပာင္းလဲသြားသည္ကို သူ႐ႈပ္ေထြးလ်က္႐ွိသည္။ သိူ႕ေသာ္လည္း ေ႐ွ႕႐ွိ အရာအားလုံးဆုံးျဖတ္ထားၿပီး အဆင္သင့္ျဖစ္ေနသည့္ သူတစ္ေယာက္လို ႏ်ဴး၏ဆႏၵကိုေတာ့ သူမလြန္ဆန္ႏိုင္ပါေခ်။
………………………
႐ွန္းဝူပိုင္ ေနာက္ဆုံးေျပာသြားသည့္ စကားကို ယြင္းရန္ျပန္စဥ္းစားမိၿပီးတဲ့ေနာက္မွာ သူ၏စာၾကည့္ေဆာင္ႀကီးအား ဝင္ေမြမိေန၏။ စာအုပ္ေတြ တအုပ္ၿပီး တအုပ္ လွမ္းယူလိုက္ မဟူတ္လွ်င္ပစ္ခ်ၿပီး ေနာက္တအုပ္ကို လွမ္းယူလိုက္ျဖင့္အလုပ္႐ႈပ္ေနေသာ္လည္း စာအုပ္မ်ားသည္ သူပစ္ခ်လိုက္သည္ႏွင့္ တၿပိဳင္နက္ေတာ့ စနစ္တက် ပိတ္သြားကာ သူလွမ္းယူခဲ့သည့္ ၎၏ယခင္ေနရာတြင္ ျပန္ေရာက္သြားၾကသည္။ ‘အျမဳေတစြမ္းအားထက္ဝက္မွ်ေဝျခင္းနည္း’ ကို သူလည္းၾကားဖူးခဲ့သည္။ သူတို႔၏အျမဳေတႏွင့္ပတ္သတ္၍ ေရးသားထားသည့္ စာအူပ္မ်ားတြင္ ပို၍ေသခ်ာစြာေဖာ္ျပထားေပလိမ့္မည္။ ပုံမွန္အေနနဲ႔ မ်ားေသာအားျဖင့္ ထိုကဲ့သို႔ျဖစ္စဥ္က ခ်စ္သူအၾကင္သူႏွစ္ဦးၾကားထဲတြင္ ႏွစ္ဦးသားတေယာက္ကိုတေယာက္ အမွန္တကယ္ခ်စ္ျမတ္ႏိုးခ်ိန္၌ ႏွစ္ကိုယ္တူ ေပါင္းစပ္ခ်ိန္မွသာ လွဲလွယ္ျခင္း သို႔မဟူတ္ မွ်ေဝျခင္းကို ျပဳလူပ္ႏိုင္ျခင္းျဖစ္သည္။
မဟုတ္…ေနာက္ဆုံးတေခါက္ ႏ်ဴးကလည္း သူ႕ကိုဖြင့္ဟ ဝန္ခံခဲ့ေသးတယ္။ ဒီနည္းလမ္းက……
“ မိစၧာဘုရင္…ႀကီး…!!!”
ယြင္းရန္စဥ္းစားခန္း ဝင္ေနစဥ္မွာပဲ အနည္းငယ္ေမာဟိုက္ေနပုံရသည့္ ႏ်ဴးက စာၾကည့္ေဆာင္၏အခန္းတံခါးဝတြင္ ရပ္တန္႔ေနကာ သူ႕ကိုလွမ္းေခၚလာသည္။
“………”
ယြင္းရန္မွာ သူ႕ဆီသို႔ ႐ုတ္တရက္ေပၚလာေသာ ႏ်ဴးေၾကာင့္ စာအုပ္တအုပ္ကိုလက္မွ ကိုင္ထားရင္းပင္ ႏ်ဴးကို ေသခ်ာၾကည့္ေနမိ၏။ ႏ်ဴးက ေတာက္ပေနေသာ မ်က္ဝန္းမ်ားျဖင့္ ယြင္းရန္ကိုသာေစ့ေစ့ၾကည့္ေနရင္း သူ၏ေျခလွမ္းမ်ားကို ယြင္းရန္ဆီသို႔ စတင္လွမ္းလာခဲ့သည္။
ထိူအခိုက္အတန္႔တြင္ပင္ ယြင္းရန္သည္လည္း သူ၏လက္ထဲ႐ွိစာအုပ္အား မိုးေပၚသိူ႕ပစ္တင္လိုက္ကာ ႏ်ဴးဆီသိူ႕ ေျပးလိုက္ေလသည္။ စာအုပ္သည္ကေတာ့ ေျမျပင္ေပၚက်မသြားပဲ နဂိုမူလသူ၏ ေနရာသို႔သာ ဝင္ေရာက္သြားၿပီး ယြင္းရန္သည္လည္း ႏ်ဴးဆီသို႔ ေရာက္႐ွိသြားကာ ႏ်ဴးအားတင္းက်ပ္စြာဖက္တြယ္လိုက္သည္။
မည္သည့္စကားတစ္ခြန္းမွ်မေျပာၾကပဲ ႏွစ္ဦးသားတေယာက္ကိုယ္တေယာက္တင္းက်ပ္စြာဖက္တြယ္ထားတာမို႔ ႏ်ဴးကပင္ စတင္ကာ ယြင္းရန္၏ဖက္တြယ္ထားမႈမွ ႐ုန္းကန္ေလသည္။ ယြင္းရန္က သူ႕ကိုယ္ကို ေနာက္ကိုေ႐ြ႕ေစေတာ့ ႏ်ဴးက ယြင္းရန္ကိုၾကည့္ရင္း
“ မိစၧာဘုရင္ႀကီး…ဘာလို႔ ကြၽန္ေတာ္႕ကို… ႏွင္ထုတ္ရတာလဲ”
“ ကိုယ္…မလုပ္…”
“ ခင္ဗ်ား…ကြၽန္ေတာ့္ရဲ႕ဝန္ခံျခင္းကို ျပန္ေျဖရအုန္းမယ္ေလ…ဒါမွမဟုတ္…အေျဖမေပးခ်င္လို႔လား…”
ယြင္းရန္က ႏ်ဴးကိုျပန္မေျဖေသးခင္၌ပင္ ႏ်ဴးက မေက်နပ္သည့္ေလသံျဖင့္ေျပာလာသည္။ ႏ်ဴး၏ပုံစံကေတာ့ အေျခအေနသိပ္မေကာင္းေခ်။ သူ၏စကားမ်ားက အံႀကိတ္ကာ သည္းခံေနသည့္အလား။
အေျဖကိုအလို႐ွိတာမို႔ ျပန္လာသည္ဟု ယြင္းရန္သိလိုက္ရသည္ႏွင့္တၿပိဳင္နက္ သူမည္သည့္စကားလုံးတို႔ကိုမွ မေျပာေတာ့ရန္ ဆုံးျဖတ္ခိုက္ေလၿပီ။ ႏ်ဴးက သူ႕ကိုအရာအားလုံးထက္ပိုၿပီးေတာ့ကို ေ႐ြးခ်ယ္လိုက္ေလၿပီ။ ႏ်ဴးက သူ႕ကိူခ်စ္ျမတ္ႏိုးသည္မွာ သူ႕အေနနဲ႔ သံသယပင္ပြားစရာမလိုပါေခ်။
ယြင္းရန္သည္ ခ်က္ခ်င္းပင္ ႏ်ဴး၏ခါးမွေန၍ တကိုယ္လူံးအား ဆြဲသိမ္းကာ သူႏွင့္ ကိုယ္ခႏၲာခ်င္းနီးကပ္ေစလိုက္သည္။ ထို႔ေနာက္ သူ၏က်န္လက္တဖက္က ႏ်ဴး၏ခပ္ျဖဴျဖဴေဖ်ာ့ေနေသာ ႏႉတ္ခမ္းပါးေလးအား လာေရာက္ထိကိုင္ေလ၏။
ထိုအခိုက္အတန္႔ ႏွစ္ဦးသား မည္သည့္စကားလုံးတို႔မွပင္မလိုအပ္ေတာ့တာမို႔ ႏ်ဴးက သူ၏မ်က္ဝန္းမ်ားကို အသာပိတ္ကာ ေခါင္းကိုေမာ့ေပးလိုက္သည္။ ယြင္းရန္သည္လည္း ႏ်ဴး၏ပါးျပင္ကိုေျပာင္းကာထိကိုင္လိုက္ၿပီးေနာက္ ႏ်ဴး၏ႏႈတ္ခမ္းပါးေလးကိုေတာ့ သူ၏ႏႈတ္ခမ္းတစ္စုံျဖင့္ ထိေတြ႕ေစလိုက္ေတာ့သည္။
ႏွစ္ဦးသား ေလာက႐ွိ ႐ွိ႐ွိသမွ်အရာအားလုံးကို ေမ့ေဖ်ာက္ပစ္လိုက္ၿပီး ထိုစာၾကည့္ေဆာင္ထဲတြင္ တစ္ဦးကိုယ္တစ္ဦးပြတ္သတ္လ်က္ နမ္း႐ိႈက္ေနခဲ့ၾကသည္။ အတန္ၾကာေလေတာ့မွ ယြင္းရန္က ႏ်ဴးအား ဖက္တြယ္ထားလ်က္ပင္ စာအုပ္စင္တန္းတစ္ခုႏွင့္ဖိကပ္ေစလ်က္ အနမ္းတို႔ကိုရပ္တန္႔ေစကာ ႏ်ဴးကို အမ်ိဳးအမည္မသိႏိုင္ေသာ မ်က္ဝန္းတို႔ျဖင့္ၾကည့္လို႔လာသည္။ ႏ်ဴးကလည္း ယြင္းရန္ကိုသာ ျပန္ၾကည့္ေနၿပီး သူ၏ႏွဖူး႐ွိ အမွတ္ေလးမွာ နီရဲေနေခ်ၿပီ။ သို႔ေသာ္လည္းေမွးမွိန္ေနပါ၏။ ထို႔နည္းအတူ အနမ္းတို႔ျဖင့္ခ်ိတ္ဆက္ေစခဲ့ေသာ ႏႈတ္ခမ္းပါးတို႔မွာ အလြန္အမင္းပြတ္တိုက္မႈတို႔ေၾကာင့္ေပလားမသိႏိုင္စြာ ရဲလ်က္႐ွိ၏။
ယြင္းရန္က ႏ်ဴး၏ခါးကို သူ၏လက္တဖက္ျဖင့္ သိမ္းထားဆဲပင္။ သူက ႏ်ဴးကို ၾကည့္ကာေနရင္းမွ
“ ကိုယ့္ရဲ႕အျမဳေတထက္ဝက္ကိုမင္းအတြက္ေပးမယ္။ အခုကစၿပီး ကိုယ္ကမင္းအပိုင္ပဲ။”
“ ကြၽန္ေတာ့္ကို သေဘာက်ရဲ႕လား”
ႏ်ဴးက စာေတြ႕သမားလိုပင္။ သူေျပာလိုက္သည့္ ေမးလိုက္သည့္ စကားတို႔အတြက္ အခုထိအေျဖကိူသိခ်င္ေနေသးတုန္းပင္။ ယြင္းရန္က ေခါင္းကိုငုံ႔ကာ ခပ္ဟဟျပဳံးလိုက္မိၿပီးတဲ့ေနာက္ ႐ႊန္းလဲ့ေနျပန္ေသာ မ်က္ဝန္းတို႔ျဖင့္ ႏ်ဴးကိူၾကည့္ကာ
“ ဟင့္အင္း……ကိုယ္ မင္းကို ခ်စ္တာ……။
ႏ်ဴး……ကိုယ္ မင္းကိုခ်စ္တယ္…”
ထိုစကားကို ၾကားၿပီးသည့္ေနာက္တြင္ေတာ့ ႏ်ဴးတြင္ မည္သည့္ေမးခြန္းမ်ိဳးမွ ထပ္မံေပၚေကာက္လာျခင္းမ႐ွိေတာ့ပါေခ်။ ထိုသို႔လည္း ေမးခြန္းေတြ ဆက္မထြက္လာႏိုင္ေလာက္ေအာင္ ယြင္းရန္ကေတာ့ ႏ်ဴး၏ႏႈတ္ခမ္းႏွင့္ ပါးစပ္တစ္ခုလုံးကို သူ၏ႏႈတ္ခမ္းတို႔ျဖင့္ သိမ္းပိုက္ပစ္ေနသည္။ ပို၍ ျပင္းထန္ကာ ရမၼက္ဆန္လာေသာ ယြင္းရန္၏အျပဳအမူေတြၾကားထဲတြင္ ယြင္းရန္၏ဘယ္ဘက္ရင္အုံမွအနီေရာင္ အလင္းတန္းတခ်ိဳ႕က ျဖည္းညႇင္းစြာပင္ ေ႐ြ႕လ်ားလာေလၿပီးေနာက္ လည္ေခ်ာင္း၊ ထိုမွတဆင့္အာခံတြင္း၊ ထိုမွ သူ၏ႏႈတ္ခမ္းတို႔မွတစ္ဆင့္ပင္ထိုအနီေရာင္အျမဳေတစြမ္းအားမ်ားသည္ ၎တို႔ဆက္ႏြယ္ထားရာ ႏ်ဴး၏ႏႈတ္ခမ္းႏွင့္ ပါးစပ္တို႔မွ တျဖည္းျဖည္းခ်င္း ႏ်ဴး၏ကိုယ္ထဲသို႔ဝင္ေရာက္သြားၾကေလေတာ့သည္။
မ်က္ဝန္းအစုံကို မွိတ္ကာ ခ်ိဳၿမိန္လွပါေသာအနမ္းတို႔၏အရသာကိုခံစားေနရင္းမွ ႏ်ဴးသည္ သူ၏ကိုယ္ခႏၲာေျပာင္းလဲမႈကို စတင္ခံစားလိုက္ရသည္။ သူအနည္းငယ္႐ုန္းထြက္ခ်င္ပါေသာ္လည္း ယြင္းရန္သည္ သူ႕အား အလြတ္မေပးေခ်။ စြမ္းအားေတြသည္ သူ႕ကိုယ္ခႏၲာတစ္ခုလုံးတြင္ ေလ်ာက္ေျပးလႊားေနၾကၿပီး မ်က္စိတမွိတ္စာအတြင္း အလ်င္အျမန္ႏွင့္ေနသားက်သြားၾကသည္။ ႏ်ဴး၏ ႏွဖူး႐ွိႏွင္းပြင့္ခ်က္ကေလးသည္ အနီေရာင္သို႔ေျပာင္းလဲေနေသာ္လည္း ယခုအခါေမွးမွိန္မေနေတာ့ပဲ ေတာက္ပလို႔လာေခ်၏။ ယြင္းရန္က ကူးစက္မႈၿပီးဆုံးသြားၿပီဆိုမွသာ ႏ်ဴးကိုေျဖေလ်ာ့ေပးလိုက္သည္။ သိူ႕ေသာ္လည္း သူက အနားမေပးခ်င္သည့္အလား ႏ်ဴးကိုေပြ႕ခ်ီလိုက္သည္။
ထို႔ေနာက္ စာၾကည့္ေဆာင္၏ စာဖတ္သည့္ စားပြဲခုံႏွင့္ လဲေလ်ာင္းရန္ပါသင့္ေတာ္သည့္ အက်ယ္အဝန္း႐ွိသည့္ ခုံတန္း႐ွည္ႀကီးသို႔ ေခၚေဆာင္သြားေလသည္။ စာၾကည့္ေဆာင္တစ္ခုလုံး႐ွိ အလင္းေရာင္အျမဳေတလုံးေလးမ်ားသည္ ယခင္အစိမ္းႏုေရာင္မွ အနီေရာင္တဝက္ အျပာေရာင္တဝက္ျဖင့္တမ်ိဳးတဖုံ ေတာက္ပေနၾကျပန္ေတာ့သည္။
ယြင္းရန္က ႏ်ဴးကိုလွဲေစရန္ခ်ေပးလိုက္ၿပီးေနာက္ သူက မည္သိူ႕မွ်ပင္ ထြက္မေျပးေစႏိုင္ရန္ ႏ်ဴးေပၚမွတဆင့္ အုပ္မိုးလ်က္
“ ကိုယ္ ေနာက္တဆင့္ကို တတ္လို႔ရတယ္မလား။”
ႏ်ဴးက သူ၏လက္ႏွစ္ဖက္အား အခ်င္းခ်င္းဆုပ္ကိုင္ထားကာ ယြင္းရန္ကို ၾကည့္ေနသည္။ သို႔ေသာ္လည္း ခ်က္ခ်င္းပင္ ေခါင္းညိမ့္လိူက္ပါ၏။ သူအခု ယြင္းရန္ေပးတဲ့စြမ္းအားေတြေၾကာင့္ သူ႕တကိုယ္လုံး တ်မ္ေတြေပၚမာ လမ္းေလ်ာက္ေနရသလို ေပါ့ပါးလြန္းေနကာ အလြန္လည္းေပ်ာ္႐ႊင္ေနၿပီး ေနာက္ထပ္အမည္မသိသည့္ ခံစားခ်က္မ်ိဳးပါရေနေသးသည္။ ပို၍ ပိူ၍ ထူးျခားသည္က သူ႕ေအာက္ပိုင္းက သူ႕ဘဝအႏွစ္ငါးရာ ေနထိုင္လာၿပီးတဲ့ေနာက္ ပထမဆုံးတုံ႔ျပန္မႈကို ခံစားေနရျခင္းျဖစ္သည္။
ႏ်ဴး၏ေခါင္းညိမ့္မႈေၾကာင့္ ယြင္းရန္က သေဘာက်စြာျပဳံးလိုက္ၿပီး ႏ်ဴး၏ႏႈတ္ခမ္းမ်ားကိုစတင္ကာ နမ္းျပန္သည္။ ဤတေခါက္တြင္ေတာ့ သူ၏အနမ္းတို႔က ႏႉတ္ခမ္းပါးတြင္သာမကပဲ တျဖည္းျဖည္းခ်င္းစတင္ကာ လည္ပင္းမွတဆင့္ပင္ ေအာက္သို႔ေရာက္႐ွိလာ၏။ ႏ်ဴး၏ကိုယ္႐ွိ ဝတ္႐ုံတစ္ခုလုံးသည္ ဘယ္အခ်ိန္မွန္းတြင္ပင္ မသိလိုက္ရပဲဖယ္႐ွားခံလိုက္ရပါ၏။ ယြင္းရန္က ႏ်ဴးတကိုယ္လုံးကို စိတ္ႀကိဳက္သုံးေဆာင္လ်က္႐ွိၿပီး ထို႔ေနာက္တြင္ သူ၏ကိုယ္႐ွိ အရာအားလုံးကိုပါ ဖယ္႐ွာပစ္လိုက္သည္။ ႏ်ဴးမွာ ယြင္းရန္၏ ဗလာျဖစ္ေနေသာ ကိုယ္ထည္ႏွင့္ ၾကံ့ခိုင္သန္မာပုံရေသာခႏၲာကိုယ္ဖြဲ႕စည္းပုံကိုျမင္ရသည့္အခါ မ်က္ဝန္းတို႔က ျပဴးက်ယ္ေနၿပီး ပုံမွန္အတိုင္းျပန္ျဖစ္သြားၿပီျဖစ္ေသာ အသားအေရေၾကာင့္ပင္ သူ၏ပါးမို႔မိူ႕ႏွစ္ဖက္မွာ နီရဲလာပါေတာ့သည္။
ယြင္းရန္မွာ သေဘာမက်ပဲ မေနႏိုင္ပါေခ်။ ႏ်ဴး၏ ပုခုံအေပၚဘက္ေနရာအလြတ္မ်ားတြင္ လက္ႏွစ္ဖက္အား တဖက္စီေထာက္ကာ ႏ်ဴးကိုေသခ်ာငုံ႔ၾကည့္ရင္းမွ ထိုပါးျပင္မို႔မို႔ႏွင့္ ႏွဖူးျပင္တို႔အား အနမ္းဖြဖြေပးလိုက္သည္။ ထို႔ေနာက္ အေပၚစီးမွေနရင္း
“အခုကစၿပီး ကိုယ့္ကိုတင္းတင္းက်ပ္က်ပ္သာဖက္ထား!”
~~~~~~~~~~~~~~~~~~~~~~~~
ဒခ်ိ ဒခ်ိ သြားၾကတာပါေနာ္။ 😛🌚
က်န္တာ ကိုယ့္ဘာသာဆက္ေတြးၾကပါ။ 😚