Part 32

533 58 1
                                    

Unicode Ver

ထိုအချိန်က နျူးနှင့်သူ နှစ်ဦးစလုံး အချိန်ကောင်းများစွာကို ပိုင်ဆိုင်ခဲ့ကြသည်။ သူတို့ အချင်းချင်းချစ်ခင်မြတ်နိုးခဲ့ကြပြီး အရာအားလုံးကလည်း စစ်မှန်တဲ့ချစ်ခြင်းတွေနဲ့ပဲ တည်ဆောက်ခဲ့ကြတယ်။ ပြောရရင်တော့ အရာအားလုံးက ယွင်းရန်ဆိုတဲ့ သူတယောက်တည်းရဲ့ ထင်မြင်ချက်တွေလို့ပဲထင်ပါတယ်။

ထိုအကြောင်းတွေကို ပြန်တွေးကြည့်ကာမှ သူတို့ကြားမှာ အနည်းဆုံးတော့ ရင်ခုန်ဖွယ်ရာ ချစ်ခြင်းတွေရှိခဲ့သေးတယ်လို့ သူထင်လာမိတယ်။ နောက်ဆုံးအချိန်ထိ အမုန်းတရားတို့နဲ့သာ ချုပ်နှောင်ခံခဲ့ရပြီး ဒီနှစ်အတွင်းမှာလည်း ထိုသူ ရက်စက်ခဲ့သည့် အဖြစ်အပျက်တွေကသာ သူ့ဆီမှာ ထင်ရှားနေတာမို့ ကျန်တဲ့အကြောင်းအရာတွေကို သူမေ့နေခဲ့မိသည်။

ယွင်းရန်မှာ သူ့လက်ထဲတွင် ကျန်နေသေးသည့် သေရည်ခွက်ထဲရှိလက်ကျန်သေရည်တချို့ကို တကျိုက်တည်းမော့ကာ သောက်လိုက်ပြီးတဲ့နောက် သူ့ကိုသူပြန်လည်လှောင်ရယ်မိပြန်သည်။

( တကယ်ပဲ ဘာတွေကို ထပ်မျှော်လင့်နေမိပြန်တာလဲ....ယွင်းရန် ...ယွင်းရန် ... မင်းအမှတ်သည်းခြေမရှိတာလား)

သို့သော်လည်း သူ့၏မျက်၀န်းများကတော့ ချီယွမ်ရှိရာ အခန်းဆောင်သို့ လှမ်းကြည့်မိနေတော့သည်။ တမဟုတ်ချင်း သူ ထိုအခန်း၏တံခါးဝသို့ရောက်ကာလာပြီး ဖြည်းဖြည်းချင်းပင် အခန်းထဲသို့ ဝင်လာခဲ့သည်။

ထိုကောင်လေးဖွင့်ပြောတာကို နောက်တကြိမ်သူ့ဘ၀မှာ ထပ်ပြီး ခံရလိမ့်အုန်းမယ်လို့ မထင်မိတာတော့အမှန်ပင်။ သူ့နှလုံးသားက ရေခဲလို ခဲနေသင့်ပြီ။ ဒီတခါ ပိုလို့တောင် ခဲနေသင့်ပြီ။ အချစ်စိတ် အမုန်းစိတ် အရာအားလုံး ေရာပြွန်းပြီး ခံစားချက်ပေါင်းများစွားနဲ့ ယွင်းရန်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ချီယွမ်ကို သူလဲလျောင်းရာ ကုတင်ဘေးစွန်းနားတွင် ထိုင်လျက်ပင် သေချာစွာ ကြည့်နေခဲ့မိသည်။ ချီယွမ်က ယခုအချိန်မှာတန်ဖိုးရှိတဲ့ အမြုတေကို ပိုင်ဆိုင်ထားတဲ့ လူသားသတ်ရှိအစာပေမို့ ပင့်ကူမယ်က ယခင်တခေါက်ကလိုတော့ အဆိပ်ခတ်ထားခြင်းမရှိပါချေ။

The Deal With A Demon King Where stories live. Discover now