Part 30

404 49 9
                                    

Unicode Ver

ယွင်းရန်က ချက်ချင်းမျက်နှာအမူအရာကိုပုံမှန်အတိုင်းပြန်နေလိုက်သည်။ နျူးက သူ့ကိုယ်သူစတေးဖိူ့အသင့်ဖြစ်နေသည့်အလား။ တကယ်တမ်း သူက ဒီအတိုင်းအားတင်းထားစေဖို့ သူတို့မှာနည်းလမ်းတစ်ခုခုပေါ်လာမည်ကိုသိနေတာမို့ အားရှိစေရန် ပြောလိုက်မိခြင်းသာ။ ယခုတော့ သူ့စကားကြောင့် နျူးကပိုလိုတောင်လက်လျော့လိုက်တော့မည့် သူတယောက်နှယ်ဖြစ်နေချေ၏။

" မင်းဟုတ်ဘူး....ကိုယ်အဲ့လိုပြောချင်တာမဟုတ်..."

" မိစ္ဆာဘုရင်ကြီး......ကျွန်တော့်ကို ခင်ဗျားရဲ့စာကြည့်ဆောင်ကို လိုက်ပြပေးလေ။ မမြင်လိုက်ရပဲ သေသွားရရင် နှမြောစရာကောင်းတယ်မလား..."

နျူးက ပြုံးရယ်ကာနေပြီး သူ၏မျက်နှာက အရောင်မရှိသလောက် ဖြူဖက်ဖြူလျော်ဖြစ်နေတာမို့ ကြည့်ရတာသိပ်အဆင်မပြေချေ။ ယွင်းရန်က နျူးကို စေ့စေ့ကြည့်နေရင်း ခေါင်းအသာငြိမ့်ပြလိုက်သည်။ နျူးကို စာကြည့်ဆောင်လိုက်ပို့ရင်း သူရှာလည်းအဆင်ပြေတာပါပဲ။ မဟူတ်လည်း တိဟွက ပင့်ကူမယ်အားအမြန်ဆုံးရှာတွေ့ဖို့သာ။ နျူးကို လက်လျော့ဖို့ကတော့ ဘယ်တော့မှ ဖြစ်လာနိုင်မည့်ကိစ္စမဟုတ်ပါချေ။ နျူးကို သူရအောင်ကယ်တင်မည်။

..................................

နျူးက သူ၏ရှိသမျှအင်အားကိုသုံးကာ ယွင်းရန်၏ ဆယ်ဧကကျယ်ဝန်းသော စာကြည့်ဆောင်ကြီးကို ပတ်ကာကြည့်နေသည်။ တကယ်ပဲ သူ့ဖတ်ရှုချင်ခဲ့ဖူးသာ့် အဖိုးတန်စာအူပ်ကောင်းများစွာကို သူမြင်ရချေပြီ။ ထိုစာအုပ်စင်တန်းကြီးများက သူ့ထက်ပိုကာမြင့်မားသော်လည်း သူလက်နှင့်ထိစပ်နိုင်သည့် စာအူပ်တချို့ကို သူသွားရာလမ်းတလျောက် ထိတွေ့မိနေပါ၏။

သူ ဒီအဖိူးတန်တွေကို မဖတ်လိုက်ရတော့ဘူး။ ဒါက တကယ်ကို နှမြောစရာပါပဲ။

နျူးသတိထားမိလေတော့ ယွင်းရန်က သူ့နောက်ကနေ ဖြည်းဖြည်းချင်း လိုက်ပါလာနေပြီး တချိန်ချိန် သူလဲကျသွားတဲ့အခါ အဆင်သင့်ဖမ်းထားပေးရန်အသင့်ဖြစ်နေသည့်နှယ်။ နျူးက ရုတ်တရက်ပင် ရပ်တန့်လိုက်ပြီး ယွင်းရန်ဘက်ကို လှည့်လာလိုက်သည်။

The Deal With A Demon King Where stories live. Discover now