Part 51

216 27 1
                                    

Unicode

(နောက်ကြောင်းပြန်ခြင်း)

မိစ္ဆာတိုင်းပြည်ရဲ့ ဝင်ပေါက်အနားမှာရှိသည့် မက်မွန်ပင်သည် နျူး၏အပန်းဖြေရာနေရာတစ်ခုကဲ့သို့ပင်။ ယွင်းရန်က ထိုနေရာကို သူ့အတွက် သီးသန့်အဖြစ်ပြောင်းပေးခဲ့လိုက်ပြီး သူတစ်ဦးသာ ဤနေရာကို လာခွင့်ရှိလေတော့သည်။ ထို့ကြောင့်ပင် နျူးသည် ယွင်းရန်အလုပ်ရှုပ်နေကာ သူ့အနားတွင် နေဖို့အချိန်မပေးနိုင်သည့်အချိန်များတွင် ဤနေရာသို့ ယွင်းရန်၏စာကြည့်တိုက်ထဲမှ စာအုပ်တချို့ကိုသယ်လာပြီး စာဖတ်နေလေ့ရှိသည်။

လူကိုယ်လုံးနီးပါး လုံးပတ်ရှိသည့် မက်မွန်ပင်၏သစ်ကိုင်းတစ်ခုပေါ်တွင် နျူးက ခြေတဖက်ကိုချကာ တဖက်ကိုတော့ထောင်လျက် သူ၏ကိုယ်အပေါ်ပိုင်းကိုတော့ လှဲကာထားသည်။ နျူးသည် စာအုပ်တအုပ်ကိုဖတ်နေရင်းမှ ရုတ်တရက်တစ်စုံတစ်ခုကို သတိရမိသွားသည့်အလား သူ၏စာအုပ်ကိုမျ​က်နှာတဝက်ဖော်လျက် နီရဲလာသည့် မျက်နှာပေါ်အမြန်အုပ်လိုက်သည်။ မျက်ခုံးကြားရှိ နှင်းပွင့်ချပ်သည်ကတော့ ပန်းရောင်အရင့်သို့ပင်ပြောင်းလဲနေပါ၏။

အကြောင်းသည်ကား

သူနှင့်ယွင်းရန်တို့ တစ်ဦးနှင့်တစ်ဦးဖွင့်ဟဝန်ခံကာ ချစ်ကြည်နူးခဲ့သည့် အခိုက်အတန့်များကို သတိရသွားပြန်၍ဖြစ်သည်။ ထိုဖြစ်ရပ်ပြီးသည့်နောက်တွင်တောင်မှ ယွင်းရန်က နျူးကိုယ်ထဲရှိ သူ၏စွမ်းအင်များက နျူးကို တိုက်ခိုက်လာမည်ကို စိုးရိမ်သည့်အတွက် ထိုစွမ်းအင်များတည်ငြိမ်သည့်အချိန်ထိ နျူးအနားတွင် မခွာတမ်းစောင့်ကြည့်နေပေးသည်။ ရက်အနည်းငယ်အကြာမှသာ ကိစ္စတစ်ခုကို မဖြစ်မနေဆောင်ရွက်ရမည်ဟုဆိုကာ တိဟွနှင့်အတူထွက်ခွာသွားခြင်းဖြစ်၏။

တကယ်တော့ ယွင်းရန်က သေချာပေါက်ပင့်ကူမိစ္ဆာမထံသွား၍ သူ့အတွက်လက်စားချေရန်လုပ်နေခြင်းဖြစ်သည်။ ယွင်းရန်နှင့်တိဟွတို့ ပြောနေသည့်စကားများကို သူကြားခဲ့သည်။ သူလိုက်ဖို့တောင်းဆိုခဲ့ပေမဲ့ ယွင်းရန်က စိုးရိမ်တာမို့ သူ့ကိုလိုက်ခွင့်မပေးပဲ ထားပစ်ခဲ့သည်။

The Deal With A Demon King Where stories live. Discover now