Part 49

273 25 2
                                    

Unicode

" အားရိုး......ငါ့ခါး..!!"

လတ်ဆတ်သည့် လေရနံ့သင်းသင်းအား ရှုရှိုက်မိပြီးသည့်နောက် တိဟွနိုးလာခဲ့သည်။ သူ၏ခါးကို ကိုင်လျက်အားပြုကာ ငုတ်တုတ်ထိုင်လိုက်ပြီးသည့်နောက် မျက်ဝန်းတို့ကိုဖွင့်မိသည်။

" အမ်...."

တိဟွသည် ပတ်ဝန်းကျင်တစ်ခုလုံးကို သူ၏ခေါင်းအား ဟိုတဖက်၊ သည်တဖက် အကြိမ်ကြိမ်လှည့်ကာ ကြည့်မိ၏။ သူသည် မယုံနိုင်စွာပင် မျက်ဝန်းတို့ပြူးကျယ်လာပြီးနောက် ထပ်မံကာပင် အော်ဟစ်မိပါ၏။

" င-ိုး....!!!"

ညက သူနှင့်ပိုင်ယင်းချွီဆိုသော ဒေါင်းအိုကြီး တို့ အချစ်နယ်ကျွံသည့်အလုပ်မျိုးလုပ်ခဲ့သည်ကို သူသေချာပေါက်မှတ်မိသည်။ သူ၏ရည်ရွယ်ချက်က ဒေါင်းအိုကြီးအိပ်ပျော်သွားသည့်အချိန်ကိုစောင့်ပြီး ထိုဓား​မြှောင်အား ထပ်ယူရန်ကြံစဉ်ထားခြင်းပင်။

သို့သော် အဆုံးမသတ်ခင်တွင် မေ့လဲသွားခဲ့သည်ကလည်း သူပင်ဖြစ်သလို ယခုသူသည် ထိုဒေါင်းအိုကြီး၏အိမ်လေးရှိ ကုတင်ထက်တွင် နိုးလာရမည့်အစား ထူးဆန်းသည့် နေရာတစ်ခု၏မြက်ခင်းပြင်ပေါ်တွင် နိုးလာခဲ့ခြင်းဖြစ်လေသည်။

" အောဟော...အဲ့...အဲ့တာ ဘာခံစားချက်ကြီးလဲလို့....."

တိဟွသည် ယခုဖြစ်ပျက်နေသည့် အခြေအနေနှင့် သူ့ကိုယ်သူ မယုံနိုင်သေးပဲရှိနေ၏။ သူ၏ပထမဆုံးအကြိမ်သည် လုပ်တုန်းကလုပ်ပြီး လုပ်လို့ပြီးသွားခါမှ စွန့်ပစ်သည့် သူတယောက်နှင့်ဖြစ်နေ၏။

ရုတ်တရက် သူ၏ညာဘက်လက်မှ တုန်ခါမှုကိုခံစားလိုက်ရကာ ကြည့်မိလေတော့ သူ၏လက်ထဲ၌ ဓားမြှောင်ကို ဆုပ်ကိုင်ထားမိလျက်ရှိသည်။

" ဓားမြှောင်....

အဖိုးအခပေးတဲ့သဘောလား။ "

တိဟွမှာ ဓားမြှောင်ကို မြှောက်ကြည့်ရင်း ရယ်ချင်လိုက်၊ ရုတ်တရက် ငိုချင်လာလိုက် ဖြစ်နေပြန်ပါတော့သည်။

" အားဟား....ဟားဟား....ဟ......ငါ့နှယ့်...."

တိဟွသည် ယခုအချိန်ထိ ဒေါသမထွက်နိုင်သေးချေ။ တကယ်တမ်း ဓားမြှောင်ကိုခိုးဖို့သည် သူ၏ရည်ရွယ်ချက်ဖြစ်သော်လည်း ယခုလိုတိုက်ရိုက်ကြီး သူ့အားအဖိုးအခအနေဖြင့် ပေးခံလိုက်ရသည့်အခါ မည်သည့်စကားမျှပင်ပြောမထွက်နိုင်တော့။

The Deal With A Demon King Donde viven las historias. Descúbrelo ahora