Part 45

375 46 0
                                    

Unicode ver

တိဟွက တိုက်ခိုက်ရန်အသင့်အနေအထားသိူ့ ပြင်လိုက်သည်။ ဤပွဲတွင် သူသည် သေချာပေါက်ရှုံးမည်ကို အနံ့ရနေပြီးသားပင်။ အကယ်၍ လွတ်မြောက်နိုင်မည်သာဆိုပါက သူသည် ချက်ချင်းပင်လှည့်၍ ပြေးထွက်ရန်ကြိုးစားမိလိမ့်မည်။ သို့သော်လည်း ပင်ကိုယ်ဗီဇအရ အုပ်စုဖွဲ့နေထိုင်ကြသော ထိုမကောင်းဆိုးဝါးဝံပုလွေများသည် သူ့အားအလွတ်ပေးမည်မဟူတ်ချေ။

" မင်း ဒီလိုအားကိုးရာမဲ့နေမဲ့အချိန်ကို ငါတို့မှာစောင့်နေရတာဆိုတာ...သိတယ်မလား...မင်းက မိစ္ဆာဘုရင်ရဲ့နောက်လိုက်လေးဖြစ်နေပြီးတော့ ငါတို့မှာ မင်းအနားကပ်ဖို့တောင် ခက်နေခဲ့တာ...အခုတော့...အခွင့်အရေးရပြီပေါ့...ဟားဟား"

ဝံပုလွေအုပ်ထဲမှ အနှီလူပုံစံနှင့်သူက သူ့အားလှောင်ပြောင်သလျော်လျက်ရှိသည်။ တိဟွသည် စိတ်လှုပ်ရှားနေခဲ့သည်မှာ အမှန်ဖြစ်သော်လည်း ထိုလူကို ထပ်မံကာ စနောက်ရန်ဝန်မလေးခဲ့ချေ။

" ကျွန်တော့်ကို အဲ့လောက်ထိ ကြိုက်နေလိမ့်မယ် ထင်မထားဘူး။ ကျွန်တော်က အဲ့လောက်ဆွဲဆောင်နိုင်တာလား...ခင်ဗျားကိုလေ...ဟဟ"

တိဟွသည် ခပ်ဟဟရယ်လျက် ထိုလူ၏စိတ်ကိုဆွလိုက်သည်။ တိဟွစကားကြောင့် အနှီလူ၏မျက်နှာက မဲမှောင်ကျလာကာ ကြည့်ရဆိုးသွားလေ၏။ ထို့နောက်တွင် ဘေးရှိဝံပုလွေအုပ်များထက် အနည်းငယ်ပိုကာကြီးသည့် ဝံပုလွေအဖြစ်သို့ ပြောင်းလဲသွားတော့ကာ ကျယ်လောင်သော အသံကြီးဖြင့် တိဟွအား အော်ဟစ်လေ၏။

" မင်းငါတို့ကို ဘာလုပ်ခဲ့လဲသိတယ်မလား...မြေခွေးနီလေး....မင်းကို မသတ်ရမချင်း ငါတို့က ကျေမှာမဟုတ်ဘူး..."

ဤပြဿနာသည်က သူမြေခွေးပေါက်ကလေးဘဝလောက်ကဟုဆိုလျင်တောင် ဖြစ်နိုင်ပေအုန်းမည်။ ဝံပုလွေတွေက တကယ်ကို အညိုးကြီးကြပါ၏။ အရှင်ယွင်းရန်နောက်ကိုမလိုက်ခဲ့စဉ်က သူသည် ဝမ့်ယွင်တောထဲတွင် ရှိနေခဲ့ရင်း ဤဝံပုလွေ အုပ်နှင့် ရန်ဖြစ်ခဲ့ဖူးသည်။ စွမ်းအင် အပြည့်အဝမရနိုင်သေးသည့် ဝံပုလွေများကို မျှားခေါ်ခဲ့ပြီး တော၏အစွန်းရှိ ချောက်နက်ထဲသို့ အကောင်ရေတော်တော်များများကို ပြုတ်ကျပြီး သေဆုံးစေခဲ့ဖူးသည်။ ထိုကတည်းက ဝံပုလွေခေါင်းဆောင်က သူ့ကို မုန်းတီးပြီးရင်း မုန်းတီးနေခဲ့ရာ သူသည် ယွင်းရန်၏ကျေးဇူးကြောင့်နှင့် လွတ်မြောက်နေခဲ့ခြင်းဖြစ်သည်။

The Deal With A Demon King Where stories live. Discover now