Part 57

384 24 3
                                    

Unicode

တကယ်တမ်းတော့ အရာအားလုံးကို ချုပ်ကိုင်ထားသည်မှာ မိမိတို့ကြားဂယက်ထစေခဲ့သည့် ချန်းရှပင်ဖြစ်သည်။

ယွင်းရန် သူ့ဆီသို့လာခဲ့ပြီးသည့်နောက်တွင် ချီယွမ်၏စိတ်အခြေအနေသည် အတော်အသင့် နေလို့ကောင်းသွားပြီဟုပြောရမည်။ အနည်းဆုံးတော့ မိမိကိုယ်ကို အပြစ်တင်စိတ်တစ်ခုတည်းဖြင့် စိတ်ဓာတ်ကျမနေတော့ပဲ သူ၏ဘဝနှစ်ခုနှင့်ပတ်သတ်သည့်မှတ်ညာဏ်များကိုပြန်စီရင်း ပြဿနာကိုသာ ဖြေရှင်းရန် စတင်ဆုံးဖြတ်လိုက်သည်။

မက်မွန်တော၏အကာအရံကို ဖွင့်လိုက်သည်နှင့်တပြိုင်နက် တံခါးမကြီးသည်လည်း ပွင့်ဟသွားခဲ့သည်။ ထိုအပေါက်ဝတွင် ရပ်နေသူက ကောင်းကင်မင်းကြီးရှန်းဝူပိုင်ပါပင်။

ချီယွမ်က မက်မွန်ပင်အောက်ရှိ ကျောက်သားထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ရှန်းဝုပိုင်ကိုတော့ တချက်သာ ကြည့်လိုက်သည်။ ရှန်းဝူပိုင်သည်လည်း သူ၏လက်နှစ်ဖက်အား နောက်သို့ပစ်ထားလျက်ပင် မက်မွန်တောထဲသိူ့ ဝင်လာခဲ့လေသည်။ ရှန်းဝူပိုင်က ချီယွမ်အနားထိရောက်လာခဲ့ပြီးတဲ့နောက် မတ်တပ်ရပ်အနေအထားဖြင့်ပင် ထိုင်နေသော ချီယွမ်အားငုံ့ကြည့်နေ၏။ 

" ထိုင်လေ....ကျွန်တော့်မှာပြောစရာရှိတယ်။"

"......"

ချီယွမ်၏ပြတ်သားသောစကားတို့က ရှန်းဝူပိုင်အား အသိဝင်စေသည့်နှယ် သူသည် ချီယွမ်၏ဘေးရှိကျောက်သားထိုင်ခုံတွင် ဖြည်းဖြည်းချင်းဝင်ထိုင်လိုက်သည်။

တကယ်တမ်း ရှန်းဝူပိုင်က သူ၏အသက်အန္တာရာယ်ကင်းလွတ်သွားသည်နှင့်တပြိုင်နက် စွမ်းအင်စက်ဝန်းထဲမှ ထွက်လာကာ ချီယွမ်ရှိသည့် ဤမက်မွန်တောအပြင်ဘက်တွင်သာ ရပ်လျက် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတော့ သူဝင်လာနိုင်ခဲ့ချေပြီ။

ရှန်းဝူပိုင်က ချီယွမ့်အား အနည်းငယ်စောင်းကာကြည့်လိုက်ရင်း

" ကိုယ်ရောပဲ...အဲ့...ဒါ...."

" ကျွန်တော်အရင်မေးမယ်။ "

ရှန်းဝူပိုင်၏စကားစအား ချီယွမ်ကချက်ချင်းဖျက်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Nov 24, 2023 ⏰

Add this story to your Library to get notified about new parts!

The Deal With A Demon King Where stories live. Discover now