Part 41

429 57 2
                                    

Unicode Ver

ချီယွမ်သည် ရင်ဘတ်ထဲမှထိုးအောင့်လာသော နာကျင်မှုကြောင့် သူ၏ခါးကိုရှေ့ဘက်သို့အတင်းကုန်းကာ နာကျင်မှုကိုသက်သာစေရန်အလိုငှာ ကြိုးစားနေလျက်ရှိသည်။ သို့သော်လည်း ထိုလူက ချီယွမ့်အားအလွတ်မပေးချေ။ ထိုသူသည် ချက်ချင်းဆိုသလို ချီယွမ်၏ရင်ဘတ်ဝတ်ရုံစကိုအတင်းဆုပ်ကိုင်ကာ ဆွဲလိုက်ရင်း ကိုယ်ခန္တာအားမတ်မတ်ရပ်ခိုင်းလေ၏။

" ငြိမ်ငြိမ်နေစမ်း....မငြင်းဆန်နေနဲ့။ သူပြန်ဝင်ဖို့အတွက်ဆို မင်းဘက်က လိုလိုလားလားရှိပေးနေမှရမယ်လေ....."

ထိုသူသည် ချီယွမ်၏မျက်နှာနားထိသူ၏မျက်နှာကိုကပ်လိုက်ရင်း အံကြိတ်ကာပြောလေ၏။ သူ၏လေသံက သိပ်မကျယ်သော်လည်း ထိုစကားများက ခြိမ်းခြောက်နေသည့်စကားများဖြစ်သည်ကိုတော့ ချီယွမ်ခံစားမိပါ၏။ သို့သော် သူ၏နှလုံးသားမှ ခံစားနေရသည့် နာကျင်မှုကိုတော့ သူမည်သို့မျှ မခံစားနိုင်ပါချေ။ ထို့ကြောင့် သူသည် ကြံရာမရနိုင်သည့် သူတယောက်နှယ် ကူရာမဲ့စွာ ဆက်လက်ရုန်းကန်နေမိသည်။

"အားးးး နာတယ်....ဝေးဝေး..ဝေး...ဝေး..မှာထား..အား...."

ထိုလူက စိတ်မရှည်တော့သည့်နှယ်... သူ၏နောက်ဘက်ရှိ မကောင်းဆိုးဝါးတချို့ကို လှမ်းကာအမိန့်ပေးလိုက်လေတော့၏။

" ဟိူကောင်တွေကို သံကြိုးဖြေပေးပြီး ဒီနားကိုခေါ်လာခဲ့လိုက်...."

" ဟုတ်ကဲ့..."

ထို့နောက် အနှီလူသည် ချက်ချင်းပင် ချီယွမ်ဘက်ကိုပြန်လှည့်လိုက်ပြီး အမြုတေအား ချီယမ်၏ရင်ဘတ်နားနှင့် နီးသည်ထက်နီးရန် တိုးကပ်လေသည်။ သို့သော်လည်း တစုံတစ်ခုက အလွှာခြားကာ ကာထားသကဲ့သို့ ထိုအမြုတေအား ဆက်မတိုးနိုင်ပဲရှိနေ၏။ ချီယွမ်ကတော့ နာကျင်လွန်းသဖြင့် အတင်းရုန်းကန်နေပြန်လေသည်။ ထိုနာကျင်မှုသည် သူ၏နှလုံးသားအား ဓားသွားတို့ဖြင့် အဆက်မပြတ်ထိုးနှက်နေကြသလိုပင်။ ထိုခံစားချက်သည် သူ၏နှလုံးသားတွင်သာမက သူ၏ကိုယ်ခန္တာတစ်ခုလုံးသို့လည်း ပြန့်နှံ့နေကာ တပြိုင်တည်းနည်းတူ သူသည်ပထမဆုံးအကြိမ်အဖြစ် ဤနာကျင်မှုအားခံစားရခြင်းမဟုတ်သည်ကိုပါ ခံစားမိနေပါ၏။

The Deal With A Demon King Where stories live. Discover now