Part 31**

645 58 1
                                    

Unicode Ver

Rating (16+)

“ ဟင်းးးးး……………”

အလျင်တခုဖြင့် လှုပ်ရှားနေသော လှုပ်ရှားမှုတွေကြောင့် ညည်းတွားမှုနှင့်အတူ သူ၏မျက်ဝန်းများက ဖြည်းဖြည်းချင်း ပွင့်လာ၏။ တယောက်ယောက်၏ရင်ခွင်ထဲတွင်ရောက်နေပြီး အပေါ်တည့်တည့်မြင်တွေ့ရသည့်ကောင်းကင်ကြီးသည်လည်း အလျင်တစ်ခုဖြင့်ရွေ့လျားနေလေသည်။ မော့ကြည့်နေရသည့်အပြင် အားနည်းနေတာကြောင့် ထိုလူ၏မျက်နှာကို သေချာမခံစားနိုင်သော်လည်း သေချာသည်က ယွင်းရန်မဟုတ်ပေ။

“ ရပ်……ရပ်ပေး……”

နျူးက ထိုလူ၏ခြေလှမ်းများကို ရပ်တန့်စေရန် ကြိုးစားလိုက်သည်။ သူ သတိလစ်သွားခဲ့သည့်တလျောက် ဘာတွေဖြစ်ပျက်သွားမှန်း သူမသိလိုက်ပေမဲ့ သူနဲ့ ယွင်းရန်ကြားမပြီးပြတ်သေးသည့်အရာတွေရှိသည်။ သူမသိလိုက်ရပဲ သေသွားလို့မဖြစ်သည့် ကိစ္စတွေရှိသည်။ သူ့ကို အဖြေမပေးရသေးပဲ ယွင်းရန်ကသူ့ကို စွန့်ပစ်လို့မရနိုင်။ သူ့အတွက် နောက်မကျသေးခင် ​သူကိုယ်တိုင် သိရမှ​ဖြစ်လိမ့်မည်။

ရှန်းဝူပိုင်က သူ၏အလျင်ကို နျူးအသံကြားသည်နှင့် ရပ်တန့်လိုက်သည်။ သူ့ရင်ခွင်ထဲမှ နျူးကို အနည်းငယ်ခွာကာကြည့်လိုက်ရင်း သူပြုံးကာ

“ မင်း ပြန်သတိရလာပြီလား။ ကိုယ် မင်းကို ကောင်းကင်နန်းတော်ကို ပြန်ပို့ပေးမယ်။ ခဏလေးပဲ သည်းခံပေးနော်…”

“ မဟုတ်…ဘူး…ကျွန်တော်…မပြန်…ဘူး။”

နျူးက အတင်းခုန်ချဖို့ လုပ်လိုက်သည်။ ရှန်းဝူပိုင်က ထင်မထားတာမို့ သူ့လက်ထဲမှ နျူးသည် မြေပြင်သို့လွတ်ကျသွား၏။ သိူ့သော် အစောပိုင်း သူသွင်းပေးထားသော အမြုတေစွမ်းအားကြောင့် နျူးက သူ့ခြေထောက်နှင့်သူပြန်ရပ်နိုင်သည့် အခြေအနေမှာရှိချေပြီ။

ရှန်းဝူပိုင်က နျူးကိုတွဲထူရန် သူ၏ကိုယ်ခန္တာ လှမ်းထိန်းကာကိုင်လိုက်သည်။ နျူးကမူ ရှန်းဝူပိုင်၏လက်ဖျံအား အရင်ဆုပ်ကိုင်လိုက်ရင်း

“ ကျွန်တော့်ကို ………ပြန်ပို့ပေးပါ။ “

နျူး၏စကားကြောင့် ရှန်းဝူပိုင်က နျူး၏လက်နှစ်ဖက်လုံးကို ဆုပ်ကိုင်လိုက်ရင်း

The Deal With A Demon King Where stories live. Discover now