Part 33

416 58 0
                                    

Unicode Ver

စိတ်ညစ်နေတဲ့သူက မည်သူဆိုတာကိုပင်မေ့သွားရလောက်တဲ့အထိ တိဟွက သူ့ကိုသနားရင်းသောက်နေသည်မှာ အတော်ပင် မူးနေချေပြီ။ ချီယွမ်ကလည်း ထိုအရာကိုလိုချင်နေသူမို့ တိဟွကို ဆက်တိုက် သောက်ခိုင်းနေ၏။ သိူ့သော်လည်း တခါတည်းမှောက်သွားပါက သူကြားချင်တာမှန်သမျှမသိလိုက်ရမှာကိုတော့ သူစိုးရိမ်တာမို့ တိဟွကို တားချိန်တန်လေပြီ။

“ တော်...တော်ပါတော့ကွာ...မင်းကလည်း ငါ့အစားမူးပေးနေတာကြလို့...”

တိဟွလက်ထဲရှိ သေရည်ခွက်ကို ချီယွမ်ကလှမ်းဆွဲကာလုလိုက်သည်။ တိဟွက သူ့လက်ထဲတွင်မရှိတော့သော သေရည်ခွက်ကို လိုက်ရှာနေ၏။ ပါးနှစ်ဖက်လုံးက သူ၏ဆံနွယ်၏အရောင်နီးပါးပင် နီရဲကာနေချေပြီ။ ပြီးမှ သူက ချီယွမ်ကိုသေချာကြည့်ရင်း ရယ်ပြကာ လက်ညိုးထိုးရင်း

“ ငါပြောပြမယ်...အေ့...မင်း...အရှင်ယွင်းရန်ကို ဘာခံစားချက်မှ...အေ့...မထားနဲ့။ သူက နျူးကိုပဲ...သဘောကျတာ...ဒါမဲ့ နျူးက သူ့ကို သစ္စာဖောက်ခဲ့လို့ သူက အရမ်းမုန်းနေခဲ့ပြီ...”

တိဟွ၏ မျက်ဝန်းများက ရီဝေနေပြီး တချက်တချက် ပွင့်လာရန်ပင် ခက်ခဲနေသည်။ ချီယွမ်က နျူးဟူသောအမည်ကို ကြားလေတော့ သူနှင့်အနည်းငယ်ရင်းနှီးသလို ခံစားလိုက်ရသည်။ သိူ့သော် ထိုလူနှင့်ပတ်သတ်၍ မည်သိူ့သော အကြောင်းအရာကိုမျှ သူစဉ်းစားမရပါချေ။

“ နျူး...ဟုတ်လား...အဖိုးကြီးက သူ့ကိုကြိုက်နေတုန်းလား...ငါ့ကိုသေချာပြောလေကွာ....သူကဘယ်သူလဲ…”

တိဟွက ချီယွမ်၏အမေးကြောင့် သူ့ကိုသေချာကြည့်လာသည်။ သူ၏မျက်နှာကို ချီယွမ်အနားသိူ့ တိုးလိုက်ရင်း

“ မင်းပဲလေ…”

“ ငါ နားမလည်ဘူး မင်းအရင်ကလည်း သူ့ကိုငါနဲ့ မှားဖူးတယ်။ ငါတို့က တကယ်ပဲ ဆင်တူလို့လား”

“တူတာ…မဟုတ်ဘူး…အေ့….နျူး…ကမင်း…မင်းကနျူး။ တနှစ်ပြည့်ရင် မင်းကို အရှင်ယွင်းရန်က သတ်လိမ့်မယ်…သူကမင်းကို အရမ်းမုန်းတာ…”

“ သူကငါ့ကိုမုန်းတယ်…နျူးက ငါဖြစ်နေလို့ဆိုပီး…”

ဘုန်း*

The Deal With A Demon King Where stories live. Discover now