ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ်...

By Wine-Y

203K 26.5K 1.9K

သုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့ More

အခန်း(၁၅၈) ဝမ်နျဲ့နျန်ရဲ့ အထက်တန်းကျောင်းတုန်းက ဒိုင်ယာရီ ပေါက်ကြားသွားခြင်း။
အခန်း(၁၅၉) အရူး ... ငါက မင်းကိုနာကျင်စေတဲ့သူ
အပိုင်း(၁၆၀) အမူးသမားယျန်ရှန်းက နျန်နျန်နဲ့ ပက်ပင်းတိုး ဆုံခဲ့တယ်။
အခန်း(၁၆၁)မင်းကိုယ်တိုင် ဒဏ်ရာရဖို့ တမင်သက်သက်လုပ်ခဲ့တာလား။
အခန်း(၁၆၁) ငါ တောင်းပန်ပါတယ်....
အခန်း(၁၆၂)
အခန်း(၁၆၃) ကုယျန်ရှန်းကြောင့် ဟိုတယ်ခန်းထဲ ပိတ်မိခဲ့တယ်။
အခန်း(၁၆၄) ညသန်းခေါင်ယံ၌ အခန်းထဲသို့ ခိုးဝင်ခဲ့ပြီး လူမိသွားတယ်။
အခန်း(၁၆၅) WE ကိုတွန်းလှဲပြီး အဝတ်တွေဆုတ်ဖြဲပစ်ခဲ့တယ်။
အခန်း(၁၆၆) ဘဝတစ်ခုလုံးစာပြန်ချစ်ဖို့ လူတစ်ယောက်ကို ချော့မြူချင်တယ်။
အခန်း(၁၆၇) ငါ မင်းအမေရဲ့ စန္ဒရားကို ပြင်ထားတယ်
အခန်း(၁၆၈)သူ့ရဲ့ခန္ဓာကိုယ်ကိုသာ မင်းအရင်ရမယ်။
အခန်း(၁၆၉) မင်း ထပ်ပြီး ကွာရှင်းချင်သေးတာလား။
အခန်း(၁၇၀) ကုယျန်ရှန်းက လူလိမ်၊ သူက မင်းကို လိမ်နေတာ
အခန်း(၁၇၁) စန္ဒရားပေါ် ထိုင်စေ၍ ပြင်းပြစွာ နမ်းခဲ့သည်။
အခန်း(၁၇၂) WE ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပေါ်လာတဲ့ ကုယျန်ရှန်း
အခန်း(၁၇၃) ငါ ဘယ်သူ့ကိုမှ ထပ်ပြီးမချစ်ရဲတော့ဘူး။
အခန်း(၁၇၄)မတော်တဆဖြစ်ပေါ်ခဲ့သော ကားတိုက်မှုမှရသည့် ဆိုးဝါးသောအခြေအနေ
အခန်း(၁၇၅) ရုတ်တရက်ဖြစ်ပေါ်သော အစာအိမ်နာခြင်းကြောင့် နျဲ့နျန် မေ့လဲသွားတယ်။
အခန်း(၁၇၆) ငါ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်မှာလဲ။
အခန်း(၁၇၇)မင်းအတွက် ဆန်ပြုတ် ... ငါကိုယ်တိုင် ခွံ့ကျွေးပါ့မယ်။
အခန်း(၁၇၈) ငါ့ကို အနိုင်ကျင့်တဲ့ ဘယ်သူ့ကို မဆို ပျက်စီးသွားအောင် လုပ်မယ်။
အခန်း(၁၇၉)ဝမ်နျဲ့နျန်၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု
အခန်း(၁၈၀)ကုယျန်ရှန်းက သွေးအန်ပြီး မေ့လဲသွားတယ်
အခန်း(၁၈၁)ဒီလိုလုပ်ဖို့ ချန်းလုံအန်း ခိုင်းခဲ့တာလား။
အခန်း(၁၈၂) စန္ဒရားထပ်မတီးနိုင်အောင် သူ့လက်ကို ချိုးပစ်ခဲ့။
အခန်း(၁၈၃) မင်း သူ့ကို ဝမ်နျဲ့နျန်နဲ့ ခြိမ်းခြောက်လို့ ရတယ်
အခန်း(၁၈၄) မငိုပါနဲ့ ... ငါ တကယ် မနာပါဘူး။
အခန်း(၁၈၅) ကုယျန်ရှန်းကိုယ်တိုင် သူ့လက်နဲ့ WE ကို ဖျက်စီးလိုက်တာ လိုချင်တယ်။
အခန်း(၁၈၇) ဒုတိယအကြိမ်မြောက် ငါ ထပ်ပြီး အလိမ်ခံရပြန်တယ်။
အခန်း(၁၈၈)ကုယျန်ရှန်း မင်းက တော်တော် စိတ်ပျက်ဖို့ကောင်းတယ်။
အခန်း(၁၈၉)WE လည်း စိတ်တိုတတ်တယ်
အခန်း(၁၉၀) ကောင်းပြီ .. မင်းကို လက်ထပ်ဖို့ ငါ သဘောတူတယ်
အခန်း(၁၉၁) ဒူးထောက်ပြီး .. လက်စွပ်ကို ကောက်လိုက်!
အခန်း(၁၉၂) ချန်းလုံအန်းကိုလူသိရှင်ကြား အပြစ်ပေးခြင်း။
အခန်း(၁၉၃) ကျေးဇူးပြုပြီး ... ကျေးဇူးပြုပြီး ထပါဦး ။ တောင်းပန်ပါတယ်
အခန်း(၁၉၄)မင်းကို ဖြည်းဖြည်းချင်း နှိပ်စက်ရတာကို ငါသဘောကျတယ်
အခန်း(၁၉၅) မင်း သူ့ကို အသက်ရှင်စေချင်တယ်ဆိုရင် ..ဒီကနေထွက်သွားလိုက်။
အခန်း(၁၉၆) နျန်နျန် .. သုံးအထိရေပြီးရင် ငါ ထွက်သွားပါ့မယ်
အခန်း(၁၉၇)နာကျင်စွာ ဖန်တီးခဲ့သော ကုယျန်ရှန်း၏ အလိမ်အညာ
အခန်း(၁၉၈)ဘာလို့ အားလုံးက ဖုံးကွယ်ထားကြတာလဲ။
အခန်း(၁၉၉)ပျောက်နေတဲ့ ကုယျန်ရှန်းက နောက်ဆုံး ပြန်ပေါ်တယ်
အခန်း(၂၀၀)ငါ မင်းကို မမုန်းပါဘူး...မငိုနဲ့တော့
အခန်း(၂၀၁)မင်းက သူ့ကိုယ်သူ သတ်သေအောင် တွန်းအားပေးတဲ့သူပဲ
အခန်း(၂၀၂)နျန်နျန် ... ကိုယ်တို့ ကတိထားရအောင်
အခန်း(၂၀၃) မစ္စတာကုက ချစ်တတ်သူကြီးလား။
အခန်း(၂၀၄) ငါ့ရဲ့လက်တွဲဖော်အဖြစ် မင်းကို ထပ်ပြီး ရှိစေချင်တယ်
အခန်း(၂၀၅) ခိုးနမ်းတာကို မိပြန်တော့ ရှက်သွားတဲ့ ကုယျန်ရှန်း
အခန်း(၂၀၆) မင်းကရော ... သေသွားရင်တောင် ဖြစ်တယ်လို့' တွေးခဲ့တာလား။
အခန်း(၂၀၇) ကုယျန်ရှန်း ... ငါ မင်းကို ခွင့်လွှတ်ခဲ့တာ ကြာပြီ။
အခန်း(၂၀၈)နျန်နျန် ... အထိမခံနိုင်တဲ့နေရာက မင်းရဲ့နားရွက်လား။
အခန်း(၂၀၉)ရှက်နေတဲ့အချိန်ဆို မင်းက ချစ်ဖို့ကောင်းတယ်
အခန်း(၂၁၀) နျန်နျန်...ကိုယ်နဲ့အတူ အိမ်ပြန်ရအောင်
No update
အခန်း(၂၁၁) ရေချိုးမယ် ...ဟုတ်လား။ ဒါဆို ရေချိုးခန်းထဲ ငါချီသွားပေးမယ်
အခန်း(၂၁၂) ကုယျန်ရှန်းကို အထိန်းအချုပ်မဲ့စေသော အခိုက်အတန့်
အခန်း(၂၁၃) မင်းရဲ့လက်မှာ လက်ထပ်လက်စွပ်လေး ပြန်ဝတ်ပေးချင်တယ်။

အခန်း(၁၈၆) ချဉ်ဖက် ကုယျန်ရှန်းက ချန်းလုံအန်းနဲ့ ပြန်တွဲနေတာလား။

2.1K 292 20
By Wine-Y

အခန်း(၁၈၆) ချဉ်ဖက် ကုယျန်ရှန်းက ချန်းလုံအန်းနဲ့ ပြန်တွဲနေတာလား။

နီရဲနေသော မျက်ဝန်းများဖြင့် ကုယျန်ရှန်းက ဖုန်းကို တစ်စစီကြေမွသွားအောင် ရိုက်ခွဲပစ်လိုက်သည်။

"ငါ့ကို ခြိမ်းခြောက်နေရအောင် မင်းကိုယ်မင်း ဘာထင်နေတာလဲ။ " အံကိုတင်းတင်းကြိတ်ထားရင်း ကုယျန်ရှန်း အော်ဟစ်မေးလိုက်သည်။

"မင်း ဖုန်းကို ပစ်ခွဲလိုက်လည်း ဗီဒီယိုက ပျက်သွားမယ် လို့တော့ မထင်နဲ့နော်။ ငါ့မှာ ကော်ပီယူထားတာတွေ အများကြီးပဲ ရှိတယ်။ ငါ့ ဦးလေးနဲ့ ချင်မိသားစုကိုလည်း အဲ့ဒီဗီဒီယို ပေးထားသေးတယ်။ အကယ်၍ ငါ တစ်ခုခုဖြစ်ခဲ့ရင် ဗီဒီယိုက လူတိုင်းသိအောင် ပေါ်လာအုံးမှာပဲ။" ချန်းလုံအန်းက ကြမ်းပြင်ပေါ်တွင် တစ်စစီကွဲကြေနေသော ဖုန်းကို စောင်းငဲ့ကြည့်ပြီး ပြန်ဖြေလိုက်သည်။

"ချန်းလုံအန်း .. အဲ့ဒီပြန်ပေးဆွဲတဲ့ကိစ္စက ချင်မိသားစု စခဲ့တာ။ ပြီးတော့ လူသတ်မှုမှာ မင်းလည်း ပါဝင်ခဲ့တယ် ... ဒီဗီဒီယို ပျံ့သွားလို့ ကောင်းတာ တစ်ခုမှ မရှိဘူး။ မင်းလည်း အဆုံးသတ်လှမှာ မဟုတ်ဘူး။"

နှလုံးသားအတွင်း တင်းကြပ်နေမှုကို ကုယျန်ရှန်း ခံစားနေရသည်။ ယခုက ပြိုင်ပွဲ၏ အရေးအကြီးဆုံး အချိန်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ရှိသော သတင်းမီဒီယာအားလုံးကလည်း ပြိုင်ပွဲကိုသာ အာရုံစိုက် အလေးပေးနေကြချိန်ဖြစ်သည်။

အကယ်၍ ဗီဒီယိုသာ ပျံ့သွားရင် ထိုအရာက WE ကို ယူကျုံးမရဖြစ်အောင် မွှေနှောက်ဖျက်စီးပစ်မှာ ဖြစ်ပြီး အကျိုးဆက်များပင် ရှိလာနိုင်သေးသည်။

"ငါကရော အခု ကောင်းကောင်းမွန်မွန် နေနေရတယ်လို့ မင်း ထင်လို့လား။ ငါ အခု ခံစားနေရသမျှအခြေအနေ အားလုံးအတွက် ဝမ်နျဲ့နျန်မှာ တာဝန်ရှိတယ်။ သူက ငါ့ဘဝကို ဖျက်စီးပစ်ခဲ့တာ ... ချင်မိသားစု ငါ့ကို စွန့်ပစ်လိုက်အောင် မင်းလုပ်ခဲ့တယ်။ ငါ့ ဦးလေးကလည်း ငါက အသုံးမဝင်တဲ့ လူတစ်ယောက်လို့ ထင်သွားပြီ။ အခု ငါ့ခြေထောက်က ဒဏ်ရာရထားတယ် .. ငါက စွန့်ပစ်ခံရတဲ့ လူတစ်ယောက် ဖြစ်သွားပြီ။ ငါ့မှာ ဆုံးရှုံးစရာ ဘာမှ မရှိတော့ဘူး။ ငါ ဘာကိုမှ မကြောက်တော့ဘူး။ "

ကုယျန်ရှန်း၏ စကားကို ကြားပြီးနောက်မှာ ချန်းလုံအန်းက ရုတ်တရက် ထရယ်ပြီး ကုယျန်ရှန်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ ကျယ်လောင်စွာပင် ပြန်ပြောလိုက်သည်။

"ငါ အခု ဘာတစ်ခုမှ မကြောက်ဘူး။ ကြောက်ရမယ့် သူက ဝမ်နျဲ့နျန် ပဲ။ နေရာတိုင်း သူ့ရဲ့ သတင်းတွေချည်းပဲ ပြည့်နေတဲ့အထိ ကျော်ကြားနေတာ မဟုတ်ဘူးလား ... အဲ့တာကြောင့် ဒီဗီဒီယို ပျံ့သွားမှာကို သူ ကြောက်နေမှာ။ ငါ သေသွားရင်တောင် ... ငါနဲ့အတူ သေဖို့ သူ့ကို ရအောင် ခေါ်သွားမယ် "

ကုယျန်ရှန်း၏အတွေးထဲတွင်တော့ ပြိုင်ပွဲအတွက် ဝမ်နျဲ့နျန် ကြိုးစားခဲ့သည်များနှင့် လေယာဉ်ပေါ်မတက်ခင် သူ မြင်တွေ့ခဲ့ရသော ပြိုင်ပွဲအတွက် မျှော်လင့်စောင့်စားနေသည့် မျက်ဝန်းအကြည့်များကြောင့် နှလုံးသားတစ်ခုလုံးက တင်းကြပ်နေခဲ့သည်။

ဗီဒီယိုသာ ပျံ့သွားခဲ့ရင် လူတွေရဲ့ ထင်မြင်ချက်တွေက သူ့အပေါ် ပျက်စီးမှုကို သေချာပေါက် ဖြစ်စေမှာပင်။ ထို့အပြင် ဗီဒီယိုကြောင့် နောက်ထပ် စိတ်ကျ ပြိုလဲမှုတို့ ဖြစ်လာနိုင်ပေသည်။ သူ့အား ' ဝမ်နျဲ့နျန်က မည်သည့် စိတ်ပင်ပန်းစရာ ကိစ္စများကိုမှ ခံနိုင်ရည် ရှိမှာ မဟုတ်တော့ဘူး' ဟူ၍ စိတ်ရောဂါဆရာဝန်က ပြောထားခဲ့သည်။

"မြင်ယောင်ကြည့်ဖူးလား ကုယျန်ရှန်း ။ မင်းသာ ငါ့တောင်းဆိုချက်ကို လက်ခံပြီး သဘောတူလိုက်ရင် ဝမ်နျဲ့နျန်က အေးအေးဆေးဆေး ဖြစ်နေမှာ။ သဘောမတူရင်တော့ ... ဒီဗီဒီယိုကို လူတိုင်း မြင်သွားအောင် လုပ်လိုက်မယ် "

"ကောင်းပြီ ...။ ကောင်းပြီ ... ငါ သဘောတူတယ်"

___

ဝမ်နျဲ့နျန်က ပြတင်းပေါက်မှ သူမနေ့က ရခဲ့သော နေကြာပန်းစည်းကို ကုန်း၍ လှမ်းယူလိုက်သည်။ သူ့နှုတ်ခမ်းထက်၌ အပြုံးတစ်ပွင့် ဖြစ်ပေါ်သွားခဲ့ပေမယ့် ကြာချိန်ကတော့ သိပ်ကို တိုတောင်းခဲ့သည်။

ပြိုင်ပွဲကျင်းပပြီး ဝမ်နျဲ့နျန် ဟိုတယ်သို့ ပြန်ရောက်ရောက်ချင်း အချိန်တွင်လည်း နေကြာပန်းစည်းကြီးကို ရခဲ့ပြန်သည်။ ထိုပန်းစည်း၌ စာရေးထားသည့် ကတ်ကလေးက အရင်အတိုင်း မပါလာမြဲဖြစ်သော်လည်း ဘယ်သူပို့သည် ဆိုတာကိုတော့ ဝမ်နျဲ့နျန်က သိပြီးသာ ဖြစ်သည်။

ဝမ်နျဲ့နျန်က စန္ဒရားရှိရာသို့ သွားပြီး ခုံတွင် ထိုင်လိုက်သည်။ သူ့လက်၌ တစ်ပါးတည်း ယူလာသော ပန်းကိုလည်း စန္ဒရားပေါ်တင်လိုက်ပြီး ဆက်၍ လေ့ကျင့်နေခဲ့သည်။

ကမ္ဘာ့အဆင့် စန္ဒရားပြိုင်ပွဲများက စည်းမျဉ်းတင်းကြပ်မှန်း ဝမ်နျဲ့နျန် သိသော်လည်း ဒီနှစ်တွင်တော့ ပြိုင်ပွဲစည်းကမ်း အသစ်များကို ရုတ်တရက် ထပ်မံတိုး၍ ထည့်ခဲ့သည်။ ဤသည်မှာ ပြိုင်ပွဲဝင်များက ပြိုင်ပွဲကာလ ငါးရက်တာအတွင်း မည်သူနှင့်မျှ အဆက်အသွယ်မလုပ်ရ'ဟူ၍ ဖြစ်သည်။ ပြိုင်ပွဲဝင်အားလုံးက သူ့တို့ဖုန်းနှင့် ကွန်ပျူတာများကို အသုံးပြုခွင့် မရှိပေ။ ပြိုင်ပွဲဝင်များအတွက် စန္ဒရားကိုသာ လေ့ကျင့်နေဖို့ များစွာသော စန္ဒရားခန်းများမှ ပထမထပ်တွင် ထားရှိထားပေသည်။

ထိုအချက်ကြောင့်ပင် ကုယျန်ရှန်းနှင့် ပတ်သတ်သမျှ သတင်းများကို ဝမ်နျဲ့နျန် မသိစေဖို့ ဖြစ်လာခဲ့သည်။

နောက်တစ်နေ့၌ နောက်ဆုံးကျန်နေခဲ့သော ပြိုင်ပွဲဝင်များက အင်တာဗျူးအတွက် ကော်ဇော်နီပေါ်သို့ လျှောက်လှမ်းခဲ့ရသည်။ ထိုပွဲကို ကြည့်ဖို့အတွက် လူများစွာ ရောက်ရှိနေပြီး ကင်မရာ၏ တဖျက်ဖျက် ရိုက်နှိပ်နေသံမှာလည်း အဆက်မပြတ်ကို ထွက်ပေါ်နေခဲ့သည်။

"ဒါက စန္ဒရားပြိုင်ပွဲမှာ နောက်ဆုံးကျန်ခဲ့တဲ့ ပြိုင်ပွဲဝင်များကို အမေးအဖြေလုပ်မယ့် ကဏ္ဍဖြစ်ပြီး အခုဒီမှာ ရှိနေနိုင်တဲ့ ပြိုင်ပွဲဝင်အားလုံးကလည်း သူတို့ရဲ့ နိုင်ငံအသီးသီးမှာ ပြိုင်ပွဲများစွာ ယှဉ်ပြိုင်ထားဖူးတဲ့ အတွေ့အကြုံရှိပြီးသာ ပညာရှင်တွေပဲ ဖြစ်ပါတယ်။ ဒါဆို နောက်ထပ်ဆက်ပြီး ... နောက်ဆုံးပွဲစဉ်အတွက် ပြိုင်ပွဲဝင် အယောက် ၂၀ ကို ဖိတ်ခေါ် လိုက်ရအောင် ..."

ထို့နောက်တွင် ပြိုင်ပွဲဝင် အယောက်၂၀မှာ တစ်ယောက်ချင်းစီ စီတန်း၍ ထွက်လာခဲ့ကြသည်။ သူတို့အားလုံးက ယုံကြည်မှုအပြည့်နှင့် မျက်နှာတွင်လည်း အပြုံးများ ဝေဆာနေသည်။ ထိုထဲမှ အကျော်ကြားဆုံး တစ်ယောက်က Ya နိုင်ငံ၏ တော်ဝင်မိသားစု ဆင်းသက်လာသော ပြိုင်ပွဲဝင် Wells ' ဖြစ်သည်။ သူက WE အား နိမ့်ကျသော အသိုင်းအဝိုင်းမှ လာသူဖြစ်လို့ စန္ဒရားတီးဖို့ မထိုက်တန်ဘူး 'ဟူ၍ လှောင်ပြောင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် စိုးထိတ်စရာကောင်းသော ကမ္ဘာအဆင့် ပြိုင်ပွဲအတွင်း တစ်ယောက်တည်း လေ့ကျင့်စေခဲ့သည်။

ဆူညံနေသော လူအုပ်နှင့် အဆက်ပြတ်သွားခြင်း မရှိသော ကင်မရာမီးရောင်များကို ကားပြတင်းပေါက်မှ တဆင့်ကြည့်ပြီး ဝမ်နျဲ့နျန် လက်သီးကို အသာအယာဆုပ်ထားခဲ့သည်။ ပြီးနောက်တွင်မှ ကားတံခါးဖွင့်ပြီး ကားပေါ်မှ ဆင်းသွားခဲ့သည်။

"နတ်ဘုရား WE ! ပဲ "

သတင်းထောက်တစ်ဦး၏ အော်သံက တစ်ခြားသူများအပေါ် သက်ရောက်သွားခဲ့ပြီး ကင်မရာအားလုံးက ဝမ်နျဲ့နျန်ဘက်သို့ လှည့်လာခဲ့သည်။

မဲနက်ကာ ပျော့ပျောင်းနေသော ဆံပင်များက လည်ပင်းတစ်လျှောက် ဝေ့ဝဲနေပြီး အဖျားနားတို့က အပေါ်သို့ အနည်းငယ် ကွေးတက်နေပေသည်။ တွဲဖက်ကာ ဝတ်ဆင်ထားသော အပြာနုရောင် ဝတ်စုံကြောင့် သူက ပို၍ပင် နူးညံ့နေသည့် အသွင်ကို ပေါ်လွင်နေခဲ့သည်။

ရည်မွန်သော အပြုံးတစ်ပွင့်က သူ့မျက်နှာထက် ဖြစ်ပေါ်နေပြီး ဝမ်နျဲ့နျန်က သတင်းထောက်တွေကို ဖော်ရွေစွာ ခေါင်းညိမ့်ပြ၍ ရှေ့သို့ တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လျှောက်သွားခဲ့သည်။ လက်တွေသည်တော့ အနည်းငယ် တုန်ယင်နေလျက်ပင်။

ထိုသို့ ပွဲတက်လာသော ဝမ်နျဲ့နျန်၏ ပုံများက M နိုင်ငံ၏ သတင်းခေါင်းစည်းပိုင်းတွင် ဖော်ပြခြင်း ခံခဲ့ရသည်။

[လုံးဝကို နူးနူးညံ့ညံ့နဲ့ ပြုံးလိုက်တာ ! အချစ်ခံ ကလေးလေးတစ်ယောက်လိုပဲ လို့ ငါ ခံစားမိသွားတယ်]

[ သေစမ်း ... ဆံပင်က ကြည့်ရုံနဲ့ နူးညံ့နေတာ ကိုင်ကြည့်ချင်လိုက်တာ ]

[ပြိုင်ပွဲက စတော့မှာလား။ ]

[လုပ်ထား WE! သမိုင်းတွင်အောင် လုပ်ပြလိုက်! M နိုင်ငံရဲ့ ပထမဦးဆုံး ချန်ပီယံ ဆုရှင်အဖြစ်နဲ့ ပြန်လာခဲ့ လိုက်ပါ ! ]

[ဝေလငါး မင်းသားလေးကို ကြည့်စမ်းပါဦး ... ဒေါသကြောင့် မျက်နှာက မဲနေပြီ ]

ထိုသို့ လူအများ၏အာရုံက ပြိုင်ပွဲတွင် ရှိနေချိန်တွင် hot search ၌ များစွာသော ဓာတ်ပုံတစ်စု ပေါ်လာခဲ့ပြီး ထိုပုံတွေက hot search king ကုယျန်ရှန်း၏ ပုံတွေဖြစ်ကာ WE ၏ သတင်းများကိုပါ ဖုံးလွှမ်း သွားခဲ့သည်။

"နတ်ဘုရားက တစ်ပတ်ပြန်လည်သွားပြီ ဟေ့ ! ကုယျန်ရှန်းနဲ့ ချန်းလုံအန်းတို့ ကုအဖွဲ့အစည်းမှာ နှစ်ယောက်တွဲပြီး ပေါ်လာတယ်။ သူတို့နှစ်ယောက်က လက်စွပ်ဆိုင်လည်း သွားခဲ့ကြတာ ပြန်ပေါင်းထုပ်မလို့ လုပ်နေကြတာတော့ မဟုတ်ပါဘူးနော် "

ပရိတ်သတ်များနှင့် WE ရဲ့ အောင်မြင်မှုကို အလွတ်မပေး ချီးကျူးနေကြသော netizen တို့ အားလုံး ထိုဓာတ်ပုံတွေကြောင့် စိတ်တို့ ရှုပ်ထွေးကာ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။

[မြေနိုး ! မှားတာလား။ ခေါင်းစဉ်ကြီးက ဘာတုန်း ]

[ဘာတုန်း ဟ ? ဟိုတစ်ခါ WE ရဲ့ ဖျော်ဖြေပွဲမှာ မတော်တဆဖြစ်တုန်းက မစ္စတာကု ပေါ်လာပြီး WE ကို ကယ်ခဲ့တာဆို။ အခုကျတော့ သူ့အရင်ရည်စားနဲ့ ပြန်တွဲတယ်တဲ့လား။]

[ချဉ်ဖက်ကောင် ၊ ချဉ်ဖက်ကောင် ၊ ချဉ်ဖက်ကောင် .... ရွံလိုက်တာ။ WE မရှိတော့တာနဲ့ အရင်ရည်စားကို ခေါ်ပြီး လက်စွပ်ပြေးဝယ်တော့တာပဲ ]

[လက်စွပ် ဝယ်တယ် ? စေ့စပ်ဖို့လား။ ? ပြန်ပေါင်းထုပ်မယ်ပေါ့ ? ငါတို့ ဖန်တွေ ဒေါသထွက်လာပြီ နော် ]

[အဲ့ဒီ ချန်းလုံအန်း .. အရင်က ပီယာနို မင်းသားလေး ဆိုပြီး နာမည်ကြီးခဲ့တဲ့ တစ်ယောက် မဟုတ်ဘူးလား။ သူက မစ္စတာ ကုရဲ့ ရည်းစားဟောင်းလား။ သူတို့နှစ်ယောက် အတူပြန်ပေါင်းစရာ အကြောင်း မရှိပါဘူး။]

[ဘာ ရည်းစားဟောင်းလဲ။ ချန်းလုံအန်း က သူ့ကိုယ်သူ WE အဖြစ် ဟန်ဆောင်ပြီး နာမည်ကြီးခဲ့တာ။ သူက ရွံ့စရာကောင်းတဲ့ ပီယာနို မင်းသားလေး လေ ]

[မစ္စတာကုက ကြာကြာမပျောက်ဘူးဆိုတာ ငါသိသားပဲ။ trend list ထဲ မဝင်တာ ရက်ပိုင်းလောက်ဘဲ ရှိသေးတယ် အခု ပြန်ပေါ်လာပြီ။ WE က မစ္စတာကုဆီက ရှာဖွေမှုအများဆုံး ခံရသူနေရာကို လုယူသွားမှာ ကြောက်လို့လား။ ]

[မဖြစ်နိုင်ဘူး။ ငါတော့ မယုံဘူး။ မစ္စတာကုက ချန်းလုံအန်း လို လူမျိုးနဲ့ ပြန်တွဲတယ် ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ သူက WE ကိုချစ်တာ။ ]

[သေချာတာက သူက အရင်တုန်းကအတိုင်း ချဉ်ဖက်ကောင် ဖြစ်နေတုန်းပဲ။ WE ကို ကစားချင်နေတာ ! ]

ထိုအချိန်တွင် နီးကပ်လာသော ပြိုင်ပွဲကြောင့် ဝမ်နျဲ့နျန်က စန္ဒရားကို ကြိုးစားလေ့ကျင့်ပြင်ဆင်နေခဲ့တာကြောင့် အင်တာနက်ပေါ်ရှိ သတင်းတွေကို မတွေ့ခဲ့ပေ။

ထျန်ရှုံးကတော့ ရှာဖွေမှုအများဆုံး ဖြစ်နေသော သတင်းကိုတွေ့ပြီး အံ့ဩနေခဲ့သည်။ သူ့အဖို့ ကုယျန်ရှန်းက ချန်းလုံအန်းနဲ့အတူတွဲပြီး ပုံထွက်လာမယ် ဆိုတာ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ဖြစ်နေတာကြောင့်ပင်။

"သူ ဘာတွေ လုပ်နေတာလဲ။ သူ ငါ့နဲ့ မျှမျှတတ ပြိုင်မယ် ဆိုပြီး ပြောခဲ့တာ မဟုတ်ဘူးလား။ အခု မပြိုင်တော့မယ့် သဘောလား။"

"ကောင်းပြီလေ ... ဒါဆိုရင် နျဲ့နျန်က မင်းကို လက်လျော့လိုက်မှာပဲ။ မင်းမရှိရင် ငါ အနိုင်ရနိုင်တယ် ..ငါ သူ့ကို ထာဝရ ပိုင်ဆိုင်ခွင့် ရသွားနိုင်တယ် " ထူးဆန်းစွာ ပြောင်းလဲသွားသော မျက်ဝန်းအကြည့်များနှင့် ထျန်ရှုံးက ရေရွတ်လိုက်သည်။

ထျန်ရှုံးက ဆေးရုံမှာ သူ့အကိုနောက်ကျောကို မြင်ပြီးကတည်းက တိတ်တဆိတ် စုံစမ်းနေခဲ့သည်။ သူ့ဘက်က မသေချာပေမယ့် ကုယျန်ရှန်း အပြစ်ကင်းတယ်လို့လည်း မယုံကြည်ပေ။

ထိုစဉ် အခန်းတံခါး ပွင့်သွားပြီး မော့ပေရိ ဝင်လာခဲ့သည်။ တွေဝေငေးမောနေသည့် ထျန်ရှုံးကို မြင်တဲ့အခါ သူက မေးလိုက်သည်။

"ရှောင်ရှုံး ... ငါ မင်းအတွက် ကုမ္ပဏီ တင်ပြချက်အားလုံး ပြင်ဆင်ထားပြီးပြီ။"

"မော့ပေရိ.... ကုယျန်ရှန်း ဘာလို့ ဒီလိုလုပ်တယ် ထင်လဲ။ သူ နျဲ့နျန်ကို ဆက်မလိုက်ဘဲ အရှုံးပေးလိုက်တာလား။" ထျန်ရှုံးက မော့ပေရိဘက်လှည့်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပြန်မေးလိုက်သည်။

မော့ပေရိက ရှုပ်ထွေးသွားသော အကြည့်များဖြင့် ခနမျှ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက်မှ ပြုံး၍ ပြန်ဖြေသည်။

"သူ့ရဲ့အချစ်ဦးအပေါ်မှာ ခံစားချက် ကျန်နေသေးလို့ ဖြစ်မှာပေါ့။ ချန်းလုံအန်းရဲ့ ခြေထောက်ဒဏ်ရာက သူ့ကို နာကျင်စေတာကြောင့်လည်း ဖြစ်နိုင်တာပဲ "

ထျန်ရှုံးက သက်ပြင်းချသည်။ "မဟုတ်ဘူး။ မင်း နားမလည်ဘူး။ ကုယျန်ရှန်းက ချန်းလုံအန်းကို အရမ်းမုန်းတယ်။ အဲ့တာကြောင့် ချန်းလုံအန်းရဲ့ ခြေထောက်မှာ ဒဏ်ရာရတာကို သနားမိရုံနဲ့ အဆက်ဟောင်းကို ပြန်တွဲတယ် ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့ဒီကိစ္စကို ထားအုံး ... သူတို့နှစ်ယောက်ကြားမှာ ကျန်နေသေးတဲ့ ဆက်ဆံရေးဆိုတာကို မရှိတာ။ ... သူတို့ကြားမှာ အမုန်းတစ်ခုပဲ ရှိတယ်။ အခုကိစ္စမှာ တစ်ခြား အကြောင်းအရင်း ရှိနေနိုင်တယ်။ အကြောင်းအရင်းမရှိဘဲ ဒါမျိုး လုပ်ရတဲ့အထိ သူမတုံးဘူး။ မဖြစ်နိုင်ဘူး။"

"တစ်ခြားအကြောင်းအရင်း ရှိတော့ရော ဘာဖြစ်လဲ။ မင်း နျဲ့နျန်ကို မြန်မြန် ပိုင်ဆိုင်ရတာပဲ မဟုတ်ဘူးလား။ မင်း ပြောသလိုပဲ ကုယျန်ရှန်းရဲ့ အခုလုပ်ရက်က ဝမ်နျဲ့နျန် သူ့အပေါ်ထားတဲ့ အချစ်ကို လုံးဝပျက်စီး သွားစေနိုင်တယ်လေ။ " မော့ပေရိက ရုတ်တရက် ပြုံးလိုက်ပြီး ခါးခါးသက်သက်ပင် ပြောလိုက်သည်။

ထျန်ရှုံးက မော့ပေရိကို စိုက်ကြည့်လိုက်ပြီး တစ်ဖက်သူမျက်ဝန်းထဲမှ အချစ်နှင့် ခါးသီးမှုတွေကို တွေ့လိုက်ရတဲ့အခါ အကြည့်ကို ချက်ချင်း ပြန်လွှဲလိုက်သည်။

"အချက်အလက်တွေက ငါ့မှာရှိတာမို့ မင်း သွားလို့ ရပြီ။"

"ရှောင်ရှုံး .. ဒီည ငါမင်းနဲ့အတူ ညစာစားလို့ ရမလား ...။ ဒီနေ့ မင်း ငါ့နဲ့ ရှိနေပေးလို့ ရမလား။" မော့ပေရိက သက်ပြင်းအသာချ၍ မေးလိုက်သည်။

ထျန်ရှုံးက အဝေးတစ်နေရာသို့ အကြည့်လွှဲလိုက်ပြီး မော့ပေရိကို ကျောခိုင်းကာ " ငါ မင်းကို ထွက်သွားခွင့်ပြုတယ် ။ ငါ မင်းကို အသုံးချနေတာ .. မင်းကို သဘောကျလို့ မဟုတ်ဘူး။ ငါ့မှာ ငါချစ်တဲ့သူ ရှိပြီးသားပဲ။ " ထျန်ရှုံး၏ စကားသံက ပြတ်သားလို့ နေသည်။

"ငါ့ကို လိမ်ပြီးတောင် မပြောနိုင်ဘူးလား။ ငါ့ကို အသုံးချနေမှန်း သိတယ်ဆိုရင်တောင် အနည်းဆုံးတော့ နူးညံ့တဲ့ စကားလုံးကိုသုံးပြီး လိမ်ပေးလို့ မရဘူးလား။ .... "

"ထွက်သွား တော့ "

အခန်းတံခါးကို ဖြည်းညှင်းစွာ ပြန်ပိတ်ပေးပြီး ကိုယ်ပိုင်ရုံးခန်းထဲသို့ ပြန်သွားကာ လူတစ်ယောက်ဆီသို့ မော့ပေရိ ဖုန်းခေါ်ခဲ့သည်။

"ဒီည မွေးနေ့ပွဲကို ဖျက်လိုက်တော့ "

"ဘာလို့လဲ ? ... ဒါ နှစ်တွေအများကြီးကြာပြီးမှ ပထမဦးဆုံးအကြိမ် ပြန်လုပ်တဲ့ သခင်လေးရဲ့ မွေးနေ့ ပွဲလေ။ ဖျက်လိုက်မယ် ဆိုရင် .... "

"သူမလာဘူး .... "

".............."

"သူမလာရင် ငါလည်း မွေးနေ့ပွဲ မလုပ်ချင်ဘူး။ " ပြောပြီးနောက် မော့ပေရိ ဖုန်းချလိုက်သည်။

အမြဲတမ်း ကုမ္ပဏီအလုပ်များနှင့် မအားကြသော မိဘတွေက မော့ပေရိအတွက် မွေးနေ့ပွဲကို ကျင်းပပေးခြင်း မရှိခဲ့သလို လက်ဆောင်တစ်ခုဖြင့် နှစ်သိမ့်ပေးခြင်းလည်း မရှိခဲ့ပေ။ ထို့ကြောင့် မော့ပေရိကိုယ်တိုင်က သူ့ရဲ့မွေးနေ့ကို မေ့ထားခဲ့ပြီး မွေးနေ့အကြောင်းကိုလည်း ဖွင့်ဟပြောခြင်း မလုပ်ခဲ့ပေ။

မော့ပေရိက ဖုန်းထဲမှ ကုယျန်ရှန်း၏ သတင်းကိုကြည့်ပြီး မှန်းဆမရသော မျက်ဝန်းအကြည့်များ ဖြစ်ပေါ်နေခဲ့သည်။

"ဒါလည်း ကောင်းပါတယ် ... သူသာ ခြိမ်းခြောက်ခံထားရတာဆိုရင် ဝမ်နျဲ့နျန်ကို စွန့်လွှတ်လိုက်တာက သူ လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာပဲ။ မင်း အခု ဝမ်နျဲ့နျန်ကို တကယ်ပိုင်ဆိုင်နိုင်ပြီဆိုတော့ ပျော်နိုင်ပြီပေါ့။ .... ငါက ဗီလိန်နေရာက နေပေးမှာပေါ့ "

trending ဖြစ်နေသော ရှာဖွေမှုအများဆုံး အကြောင်းအရာကို မြင်ပြီး မော့ပေရိ ထိုအကြောင်းကို စစ်ဆေးကြည့်ခဲ့သည်။ သူက ဗီဒီယိုကို ကြည့်ပြီးနောက် ချန်းလုံအန်း၏ ကွန်ပျူတာ system ကို hack ပြီး ဘာဖြစ်ခဲ့တယ် ဆိုသည်ကို ခန့်မှန်းကြည့်ခဲ့သည်။ ထို့နောက် သူသိခဲ့ရသည့် ထိုအကြောင်းအရာကို ထျန်ရှုံးအတွက် လျှို့ဝှက်ထားဖို့ကိုပဲ မော့ပေရိ ရွေးချယ်ခဲ့သည်။

__

ဆေးသောက်ပြီးနောက် ဝမ်နျဲ့နျန် အိပ်ရာပေါ်တွင် လှဲနေပြီး စားပွဲဘေးရှိ ညှိုးခြောက်နေပြီဖြစ်သော နေကြာပန်းများကို ကြည့်နေခဲ့သည်။

'ဒုတိယမြောက်နေ့ ... တတိယမြောက်နေ့ .... ပြီးတော့ စတုတ္ထမြောက်နေ့ .... နေကြာပန်းတွေ ထပ်ပြီးပို့ခြင်း မရှိတော့ပေ....'

မျက်တောင်ဖျားတို့က အနည်းငယ် တုန်လှုပ်လျက်။ ခရီးစဉ်စသည့်အချိန်မှစ၍ နေ့စဉ်ရောက်ရှိလာသော နေကြာပန်းစည်းများကို ဝမ်နျဲ့နျန် စောင့်နေမိကြောင်း သူ့ကိုယ်သူ သတိမထားမိခဲ့။ အခု ... အကျင့်တစ်ခုလိုတောင် ဖြစ်နေခဲ့ပြီ။

မနက်ဖြန်က ပြိုင်ပွဲနေ့ပင်။ အကယ်၍ ငါသာ အနိုင်ယူနိုင်ခဲ့ရင် ကမ္ဘာ့အဆင့် စန္ဒရားပညာရှင်စာရင်းမှာ ငါ့နာမည်ကို ချန်ထားခဲ့နိုင်ပြီ။ ဒါက ငါ့အဖေနဲ့ ငါ့အမေ ဖြစ်စေချင်တဲ့ အရာပဲ ...'

ပြိုင်ပွဲမစခင် အချိန်က စောနေသေးတာကြောင့် စန္ဒရားလေ့ကျင့်ရန် ပထမထပ်တွင် ရှိသော စန္ဒရားခန်းထဲသို့ အပြင်ကုတ်ဝတ်ပြီး ဝမ်နျဲ့နျန် သွားခဲ့သည်။ ဝမ်နျဲ့နျန်က စန္ဒရားခုံတွင် ထိုင်ရုံရှိသေးပြီး အနောက်မှ ရုတ်တရက် ကြားလိုက်သော အသံကြောင့် အံ့ဩသွားသည်။

"WE"

Wells' က မျက်မှောင်ကြုပ်၍ ရှေ့တိုးလာပြီး သူအနည်းငယ်တတ်မြောက်သော တရုတ်စကားဖြင့် နားလည်သလိုပင် မေးခဲ့သည်။

"မင်းရဲ့ တရုတ်နာမည်က ဝမ် မလား။ မင်းလည်း စန္ဒရားပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ဒီကို ရောက်နေတာလား။ မင်းအရမ်း ကြိုးစားနေတာပဲ။ "

သူက red carpet တွင် တွေ့ခဲ့သည့် ဒေါသတကြီးနှင့် အချေအတင်ပြောတတ်သော မင်းသားလေးပင်။...

"ငါ များများလေး လေ့ကျင့်ထားချင်လို့ပါ။ အဲ့ဒီတော့မှ မနက်ဖြန်ပြိုင်ပွဲမှာ ပိုပြီး တည်တည်ငြိမ်ငြိမ် ဖြစ်မှာ " အပြုံးသာသာဖြင့် ခေါင်းကိုညိမ့်ပြပြီး ဝမ်နျဲ့နျန် ပြန်ဖြေခဲ့သည်။

"ငါ မင်းရဲ့ သီချင်းတွေကို နားထောင်ဖူးလို့ မင်းက အရမ်းတော်တဲ့ လူတစ်ယောက်ဆိုတာကို သိတယ်။ နောက်ပြီး ငါလည်း မင်းလိုပဲ DAWN website မှာ ပထမရဖူးတယ်။ မင်းက ရုတ်တရက် ပေါ်လာပြီး ငါ့ နေရာ လုသွားတယ်လို့ ပြောရမလား ..... "

"ဟမ် ?"

ဝမ်နျဲ့နျန် အံ့ဩသွားခဲ့သည်။ Wells' ကို DAWN ဝက်ဘ်ဆိုက်၌ ရှိမည် မထင်ခဲ့သလို အဆင့်တစ်နေရာတွင် သူတစ်ခါမှ မမြင်ဖူးသူတွေ ရှိနေမည်ဟုလည်း မထင်ခဲ့ပေ။

ထိုစဉ် Wells' က အကြောင်းအရာတစ်ခုကို ရုတ်တရက်တွေးမိပြီး တစ်ခုခုကို လှုံ့ဆော်ပေးလိုသော စိတ်ဖြင့် ဝမ်နျဲ့နျန်ကို ကြည့်ပြီး လှောင်ရွဲ့ကာ မေးလိုက်သည်။

"ဒါနဲ့ ... ကုယျန်ရှန်း ဆိုတာက မင်းရဲ့ အရင် လက်တွဲဖော်မလား။ မင်းရဲ့ ပြိုင်ပွဲအတွက် ကြိုးပမ်းနေတဲ့ အချိန်တွေမှာ သူ ဘာတွေလုပ်နေလဲ မင်း သိလား။"

=================

Black 🌻 Lotus
Words-4313
Dec/13/2022
Wine.

-------------

For my lovely zawgyis readers.

အခန္း(၁၈၆) ခ်ဥ္ဖက္ ကုယ်န္ရွန္းက ခ်န္းလုံအန္းနဲ႔ ျပန္တြဲေနတာလား။

နီရဲေနေသာ မ်က္ဝန္းမ်ားျဖင့္ ကုယ်န္ရွန္းက ဖုန္းကို တစ္စစီေၾကမြသြားေအာင္ ႐ိုက္ခြဲပစ္လိုက္သည္။

"ငါ့ကို ၿခိမ္းေျခာက္ေနရေအာင္ မင္းကိုယ္မင္း ဘာထင္ေနတာလဲ။ " အံကိုတင္းတင္းႀကိတ္ထားရင္း ကုယ်န္ရွန္း ေအာ္ဟစ္ေမးလိုက္သည္။

"မင္း ဖုန္းကို ပစ္ခြဲလိုက္လည္း ဗီဒီယိုက ပ်က္သြားမယ္ လို႔ေတာ့ မထင္နဲ႔ေနာ္။ ငါ့မွာ ေကာ္ပီယူထားတာေတြ အမ်ားႀကီးပဲ ရွိတယ္။ ငါ့ ဦးေလးနဲ႔ ခ်င္မိသားစုကိုလည္း အဲ့ဒီဗီဒီယို ေပးထားေသးတယ္။ အကယ္၍ ငါ တစ္ခုခုျဖစ္ခဲ့ရင္ ဗီဒီယိုက လူတိုင္းသိေအာင္ ေပၚလာအုံးမွာပဲ။" ခ်န္းလုံအန္းက ၾကမ္းျပင္ေပၚတြင္ တစ္စစီကြဲေၾကေနေသာ ဖုန္းကို ေစာင္းငဲ့ၾကည့္ၿပီး ျပန္ေျဖလိုက္သည္။

"ခ်န္းလုံအန္း .. အဲ့ဒီျပန္ေပးဆြဲတဲ့ကိစၥက ခ်င္မိသားစု စခဲ့တာ။ ၿပီးေတာ့ လူသတ္မႈမွာ မင္းလည္း ပါဝင္ခဲ့တယ္ ... ဒီဗီဒီယို ပ်ံ႕သြားလို႔ ေကာင္းတာ တစ္ခုမွ မရွိဘူး။ မင္းလည္း အဆုံးသတ္လွမွာ မဟုတ္ဘူး။"

ႏွလုံးသားအတြင္း တင္းၾကပ္ေနမႈကို ကုယ်န္ရွန္း ခံစားေနရသည္။ ယခုက ၿပိဳင္ပြဲ၏ အေရးအႀကီးဆုံး အခ်ိန္ျဖစ္ၿပီး ကမာၻေပၚတြင္ ရွိေသာ သတင္းမီဒီယာအားလုံးကလည္း ၿပိဳင္ပြဲကိုသာ အာ႐ုံစိုက္ အေလးေပးေနၾကခ်ိန္ျဖစ္သည္။

အကယ္၍ ဗီဒီယိုသာ ပ်ံ႕သြားရင္ ထိုအရာက WE ကို ယူက်ဳံးမရျဖစ္ေအာင္ ေမႊေႏွာက္ဖ်က္စီးပစ္မွာ ျဖစ္ၿပီး အက်ိဳးဆက္မ်ားပင္ ရွိလာႏိုင္ေသးသည္။

"ငါကေရာ အခု ေကာင္းေကာင္းမြန္မြန္ ေနေနရတယ္လို႔ မင္း ထင္လို႔လား။ ငါ အခု ခံစားေနရသမွ်အေျခအေန အားလုံးအတြက္ ဝမ္န်ဲ႕န်န္မွာ တာဝန္ရွိတယ္။ သူက ငါ့ဘဝကို ဖ်က္စီးပစ္ခဲ့တာ ... ခ်င္မိသားစု ငါ့ကို စြန႔္ပစ္လိုက္ေအာင္ မင္းလုပ္ခဲ့တယ္။ ငါ့ ဦးေလးကလည္း ငါက အသုံးမဝင္တဲ့ လူတစ္ေယာက္လို႔ ထင္သြားၿပီ။ အခု ငါ့ေျခေထာက္က ဒဏ္ရာရထားတယ္ .. ငါက စြန႔္ပစ္ခံရတဲ့ လူတစ္ေယာက္ ျဖစ္သြားၿပီ။ ငါ့မွာ ဆုံးရႈံးစရာ ဘာမွ မရွိေတာ့ဘူး။ ငါ ဘာကိုမွ မေၾကာက္ေတာ့ဘူး။ "

ကုယ်န္ရွန္း၏ စကားကို ၾကားၿပီးေနာက္မွာ ခ်န္းလုံအန္းက ႐ုတ္တရက္ ထရယ္ၿပီး ကုယ်န္ရွန္းကို လက္ညႇိဳးေငါက္ေငါက္ထိုးကာ က်ယ္ေလာင္စြာပင္ ျပန္ေျပာလိုက္သည္။

"ငါ အခု ဘာတစ္ခုမွ မေၾကာက္ဘူး။ ေၾကာက္ရမယ့္ သူက ဝမ္န်ဲ႕န်န္ ပဲ။ ေနရာတိုင္း သူ႔ရဲ႕ သတင္းေတြခ်ည္းပဲ ျပည့္ေနတဲ့အထိ ေက်ာ္ၾကားေနတာ မဟုတ္ဘူးလား ... အဲ့တာေၾကာင့္ ဒီဗီဒီယို ပ်ံ႕သြားမွာကို သူ ေၾကာက္ေနမွာ။ ငါ ေသသြားရင္ေတာင္ ... ငါနဲ႔အတူ ေသဖို႔ သူ႔ကို ရေအာင္ ေခၚသြားမယ္ "

ကုယ်န္ရွန္း၏အေတြးထဲတြင္ေတာ့ ၿပိဳင္ပြဲအတြက္ ဝမ္န်ဲ႕န်န္ ႀကိဳးစားခဲ့သည္မ်ားႏွင့္ ေလယာဥ္ေပၚမတက္ခင္ သူ ျမင္ေတြ႕ခဲ့ရေသာ ၿပိဳင္ပြဲအတြက္ ေမွ်ာ္လင့္ေစာင့္စားေနသည့္ မ်က္ဝန္းအၾကည့္မ်ားေၾကာင့္ ႏွလုံးသားတစ္ခုလုံးက တင္းၾကပ္ေနခဲ့သည္။

ဗီဒီယိုသာ ပ်ံ႕သြားခဲ့ရင္ လူေတြရဲ႕ ထင္ျမင္ခ်က္ေတြက သူ႔အေပၚ ပ်က္စီးမႈကို ေသခ်ာေပါက္ ျဖစ္ေစမွာပင္။ ထို႔အျပင္ ဗီဒီယိုေၾကာင့္ ေနာက္ထပ္ စိတ္က် ၿပိဳလဲမႈတို႔ ျဖစ္လာႏိုင္ေပသည္။ သူ႔အား ' ဝမ္န်ဲ႕န်န္က မည္သည့္ စိတ္ပင္ပန္းစရာ ကိစၥမ်ားကိုမွ ခံႏိုင္ရည္ ရွိမွာ မဟုတ္ေတာ့ဘူး' ဟူ၍ စိတ္ေရာဂါဆရာဝန္က ေျပာထားခဲ့သည္။

"ျမင္ေယာင္ၾကည့္ဖူးလား ကုယ်န္ရွန္း ။ မင္းသာ ငါ့ေတာင္းဆိုခ်က္ကို လက္ခံၿပီး သေဘာတူလိုက္ရင္ ဝမ္န်ဲ႕န်န္က ေအးေအးေဆးေဆး ျဖစ္ေနမွာ။ သေဘာမတူရင္ေတာ့ ... ဒီဗီဒီယိုကို လူတိုင္း ျမင္သြားေအာင္ လုပ္လိုက္မယ္ "

"ေကာင္းၿပီ ...။ ေကာင္းၿပီ ... ငါ သေဘာတူတယ္"

___

ဝမ္န်ဲ႕န်န္က ျပတင္းေပါက္မွ သူမေန႔က ရခဲ့ေသာ ေနၾကာပန္းစည္းကို ကုန္း၍ လွမ္းယူလိုက္သည္။ သူ႔ႏႈတ္ခမ္းထက္၌ အၿပဳံးတစ္ပြင့္ ျဖစ္ေပၚသြားခဲ့ေပမယ့္ ၾကာခ်ိန္ကေတာ့ သိပ္ကို တိုေတာင္းခဲ့သည္။

ၿပိဳင္ပြဲက်င္းပၿပီး ဝမ္န်ဲ႕န်န္ ဟိုတယ္သို႔ ျပန္ေရာက္ေရာက္ခ်င္း အခ်ိန္တြင္လည္း ေနၾကာပန္းစည္းႀကီးကို ရခဲ့ျပန္သည္။ ထိုပန္းစည္း၌ စာေရးထားသည့္ ကတ္ကေလးက အရင္အတိုင္း မပါလာၿမဲျဖစ္ေသာ္လည္း ဘယ္သူပို႔သည္ ဆိုတာကိုေတာ့ ဝမ္န်ဲ႕န်န္က သိၿပီးသာ ျဖစ္သည္။

ဝမ္န်ဲ႕န်န္က စႏၵရားရွိရာသို႔ သြားၿပီး ခုံတြင္ ထိုင္လိုက္သည္။ သူ႔လက္၌ တစ္ပါးတည္း ယူလာေသာ ပန္းကိုလည္း စႏၵရားေပၚတင္လိုက္ၿပီး ဆက္၍ ေလ့က်င့္ေနခဲ့သည္။

ကမာၻ႔အဆင့္ စႏၵရားၿပိဳင္ပြဲမ်ားက စည္းမ်ဥ္းတင္းၾကပ္မွန္း ဝမ္န်ဲ႕န်န္ သိေသာ္လည္း ဒီႏွစ္တြင္ေတာ့ ၿပိဳင္ပြဲစည္းကမ္း အသစ္မ်ားကို ႐ုတ္တရက္ ထပ္မံတိုး၍ ထည့္ခဲ့သည္။ ဤသည္မွာ ၿပိဳင္ပြဲဝင္မ်ားက ၿပိဳင္ပြဲကာလ ငါးရက္တာအတြင္း မည္သူႏွင့္မွ် အဆက္အသြယ္မလုပ္ရ'ဟူ၍ ျဖစ္သည္။ ၿပိဳင္ပြဲဝင္အားလုံးက သူ႔တို႔ဖုန္းႏွင့္ ကြန္ပ်ဴတာမ်ားကို အသုံးျပဳခြင့္ မရွိေပ။ ၿပိဳင္ပြဲဝင္မ်ားအတြက္ စႏၵရားကိုသာ ေလ့က်င့္ေနဖို႔ မ်ားစြာေသာ စႏၵရားခန္းမ်ားမွ ပထမထပ္တြင္ ထားရွိထားေပသည္။

ထိုအခ်က္ေၾကာင့္ပင္ ကုယ်န္ရွန္းႏွင့္ ပတ္သတ္သမွ် သတင္းမ်ားကို ဝမ္န်ဲ႕န်န္ မသိေစဖို႔ ျဖစ္လာခဲ့သည္။

ေနာက္တစ္ေန႔၌ ေနာက္ဆုံးက်န္ေနခဲ့ေသာ ၿပိဳင္ပြဲဝင္မ်ားက အင္တာဗ်ဴးအတြက္ ေကာ္ေဇာ္နီေပၚသို႔ ေလွ်ာက္လွမ္းခဲ့ရသည္။ ထိုပြဲကို ၾကည့္ဖို႔အတြက္ လူမ်ားစြာ ေရာက္ရွိေနၿပီး ကင္မရာ၏ တဖ်က္ဖ်က္ ႐ိုက္ႏွိပ္ေနသံမွာလည္း အဆက္မျပတ္ကို ထြက္ေပၚေနခဲ့သည္။

"ဒါက စႏၵရားၿပိဳင္ပြဲမွာ ေနာက္ဆုံးက်န္ခဲ့တဲ့ ၿပိဳင္ပြဲဝင္မ်ားကို အေမးအေျဖလုပ္မယ့္ က႑ျဖစ္ၿပီး အခုဒီမွာ ရွိေနႏိုင္တဲ့ ၿပိဳင္ပြဲဝင္အားလုံးကလည္း သူတို႔ရဲ႕ ႏိုင္ငံအသီးသီးမွာ ၿပိဳင္ပြဲမ်ားစြာ ယွဥ္ၿပိဳင္ထားဖူးတဲ့ အေတြ႕အႀကဳံရွိၿပီးသာ ပညာရွင္ေတြပဲ ျဖစ္ပါတယ္။ ဒါဆို ေနာက္ထပ္ဆက္ၿပီး ... ေနာက္ဆုံးပြဲစဥ္အတြက္ ၿပိဳင္ပြဲဝင္ အေယာက္ ၂၀ ကို ဖိတ္ေခၚ လိုက္ရေအာင္ ..."

ထို႔ေနာက္တြင္ ၿပိဳင္ပြဲဝင္ အေယာက္၂၀မွာ တစ္ေယာက္ခ်င္းစီ စီတန္း၍ ထြက္လာခဲ့ၾကသည္။ သူတို႔အားလုံးက ယုံၾကည္မႈအျပည့္ႏွင့္ မ်က္ႏွာတြင္လည္း အၿပဳံးမ်ား ေဝဆာေနသည္။ ထိုထဲမွ အေက်ာ္ၾကားဆုံး တစ္ေယာက္က Ya ႏိုင္ငံ၏ ေတာ္ဝင္မိသားစု ဆင္းသက္လာေသာ ၿပိဳင္ပြဲဝင္ Wells ' ျဖစ္သည္။ သူက WE အား နိမ့္က်ေသာ အသိုင္းအဝိုင္းမွ လာသူျဖစ္လို႔ စႏၵရားတီးဖို႔ မထိုက္တန္ဘူး 'ဟူ၍ ေလွာင္ေျပာင္ခဲ့သူ ျဖစ္သည္။ ထို႔အျပင္ စိုးထိတ္စရာေကာင္းေသာ ကမာၻအဆင့္ ၿပိဳင္ပြဲအတြင္း တစ္ေယာက္တည္း ေလ့က်င့္ေစခဲ့သည္။

ဆူညံေနေသာ လူအုပ္ႏွင့္ အဆက္ျပတ္သြားျခင္း မရွိေသာ ကင္မရာမီးေရာင္မ်ားကို ကားျပတင္းေပါက္မွ တဆင့္ၾကည့္ၿပီး ဝမ္န်ဲ႕န်န္ လက္သီးကို အသာအယာဆုပ္ထားခဲ့သည္။ ၿပီးေနာက္တြင္မွ ကားတံခါးဖြင့္ၿပီး ကားေပၚမွ ဆင္းသြားခဲ့သည္။

"နတ္ဘုရား WE ! ပဲ "

သတင္းေထာက္တစ္ဦး၏ ေအာ္သံက တစ္ျခားသူမ်ားအေပၚ သက္ေရာက္သြားခဲ့ၿပီး ကင္မရာအားလုံးက ဝမ္န်ဲ႕န်န္ဘက္သို႔ လွည့္လာခဲ့သည္။

မဲနက္ကာ ေပ်ာ့ေပ်ာင္းေနေသာ ဆံပင္မ်ားက လည္ပင္းတစ္ေလွ်ာက္ ေဝ့ဝဲေနၿပီး အဖ်ားနားတို႔က အေပၚသို႔ အနည္းငယ္ ေကြးတက္ေနေပသည္။ တြဲဖက္ကာ ဝတ္ဆင္ထားေသာ အျပာႏုေရာင္ ဝတ္စုံေၾကာင့္ သူက ပို၍ပင္ ႏူးညံ့ေနသည့္ အသြင္ကို ေပၚလြင္ေနခဲ့သည္။

ရည္မြန္ေသာ အၿပဳံးတစ္ပြင့္က သူ႔မ်က္ႏွာထက္ ျဖစ္ေပၚေနၿပီး ဝမ္န်ဲ႕န်န္က သတင္းေထာက္ေတြကို ေဖာ္ေ႐ြစြာ ေခါင္းညိမ့္ျပ၍ ေရွ႕သို႔ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ဆက္ေလွ်ာက္သြားခဲ့သည္။ လက္ေတြသည္ေတာ့ အနည္းငယ္ တုန္ယင္ေနလ်က္ပင္။

ထိုသို႔ ပြဲတက္လာေသာ ဝမ္န်ဲ႕န်န္၏ ပုံမ်ားက M ႏိုင္ငံ၏ သတင္းေခါင္းစည္းပိုင္းတြင္ ေဖာ္ျပျခင္း ခံခဲ့ရသည္။

[လုံးဝကို ႏူးႏူးညံ့ညံ့နဲ႔ ၿပဳံးလိုက္တာ ! အခ်စ္ခံ ကေလးေလးတစ္ေယာက္လိုပဲ လို႔ ငါ ခံစားမိသြားတယ္]

[ ေသစမ္း ... ဆံပင္က ၾကည့္႐ုံနဲ႔ ႏူးညံ့ေနတာ ကိုင္ၾကည့္ခ်င္လိုက္တာ ]

[ၿပိဳင္ပြဲက စေတာ့မွာလား။ ]

[လုပ္ထား WE! သမိုင္းတြင္ေအာင္ လုပ္ျပလိုက္! M ႏိုင္ငံရဲ႕ ပထမဦးဆုံး ခ်န္ပီယံ ဆုရွင္အျဖစ္နဲ႔ ျပန္လာခဲ့ လိုက္ပါ ! ]

[ေဝလငါး မင္းသားေလးကို ၾကည့္စမ္းပါဦး ... ေဒါသေၾကာင့္ မ်က္ႏွာက မဲေနၿပီ ]

ထိုသို႔ လူအမ်ား၏အာ႐ုံက ၿပိဳင္ပြဲတြင္ ရွိေနခ်ိန္တြင္ hot search ၌ မ်ားစြာေသာ ဓာတ္ပုံတစ္စု ေပၚလာခဲ့ၿပီး ထိုပုံေတြက hot search king ကုယ်န္ရွန္း၏ ပုံေတြျဖစ္ကာ WE ၏ သတင္းမ်ားကိုပါ ဖုံးလႊမ္း သြားခဲ့သည္။

"နတ္ဘုရားက တစ္ပတ္ျပန္လည္သြားၿပီ ေဟ့ ! ကုယ်န္ရွန္းနဲ႔ ခ်န္းလုံအန္းတို႔ ကုအဖြဲ႕အစည္းမွာ ႏွစ္ေယာက္တြဲၿပီး ေပၚလာတယ္။ သူတို႔ႏွစ္ေယာက္က လက္စြပ္ဆိုင္လည္း သြားခဲ့ၾကတာ ျပန္ေပါင္းထုပ္မလို႔ လုပ္ေနၾကတာေတာ့ မဟုတ္ပါဘူးေနာ္ "

ပရိတ္သတ္မ်ားႏွင့္ WE ရဲ႕ ေအာင္ျမင္မႈကို အလြတ္မေပး ခ်ီးက်ဴးေနၾကေသာ netizen တို႔ အားလုံး ထိုဓာတ္ပုံေတြေၾကာင့္ စိတ္တို႔ ရႈပ္ေထြးကာ ဇေဝဇဝါ ျဖစ္ကုန္ၾကသည္။

[ေျမႏိုး ! မွားတာလား။ ေခါင္းစဥ္ႀကီးက ဘာတုန္း ]

[ဘာတုန္း ဟ ? ဟိုတစ္ခါ WE ရဲ႕ ေဖ်ာ္ေျဖပြဲမွာ မေတာ္တဆျဖစ္တုန္းက မစၥတာကု ေပၚလာၿပီး WE ကို ကယ္ခဲ့တာဆို။ အခုက်ေတာ့ သူ႔အရင္ရည္စားနဲ႔ ျပန္တြဲတယ္တဲ့လား။]

[ခ်ဥ္ဖက္ေကာင္ ၊ ခ်ဥ္ဖက္ေကာင္ ၊ ခ်ဥ္ဖက္ေကာင္ .... ႐ြံလိုက္တာ။ WE မရွိေတာ့တာနဲ႔ အရင္ရည္စားကို ေခၚၿပီး လက္စြပ္ေျပးဝယ္ေတာ့တာပဲ ]

[လက္စြပ္ ဝယ္တယ္ ? ေစ့စပ္ဖို႔လား။ ? ျပန္ေပါင္းထုပ္မယ္ေပါ့ ? ငါတို႔ ဖန္ေတြ ေဒါသထြက္လာၿပီ ေနာ္ ]

[အဲ့ဒီ ခ်န္းလုံအန္း .. အရင္က ပီယာႏို မင္းသားေလး ဆိုၿပီး နာမည္ႀကီးခဲ့တဲ့ တစ္ေယာက္ မဟုတ္ဘူးလား။ သူက မစၥတာ ကုရဲ႕ ရည္းစားေဟာင္းလား။ သူတို႔ႏွစ္ေယာက္ အတူျပန္ေပါင္းစရာ အေၾကာင္း မရွိပါဘူး။]

[ဘာ ရည္းစားေဟာင္းလဲ။ ခ်န္းလုံအန္း က သူ႔ကိုယ္သူ WE အျဖစ္ ဟန္ေဆာင္ၿပီး နာမည္ႀကီးခဲ့တာ။ သူက ႐ြံ႕စရာေကာင္းတဲ့ ပီယာႏို မင္းသားေလး ေလ ]

[မစၥတာကုက ၾကာၾကာမေပ်ာက္ဘူးဆိုတာ ငါသိသားပဲ။ trend list ထဲ မဝင္တာ ရက္ပိုင္းေလာက္ဘဲ ရွိေသးတယ္ အခု ျပန္ေပၚလာၿပီ။ WE က မစၥတာကုဆီက ရွာေဖြမႈအမ်ားဆုံး ခံရသူေနရာကို လုယူသြားမွာ ေၾကာက္လို႔လား။ ]

[မျဖစ္ႏိုင္ဘူး။ ငါေတာ့ မယုံဘူး။ မစၥတာကုက ခ်န္းလုံအန္း လို လူမ်ိဳးနဲ႔ ျပန္တြဲတယ္ ဆိုတာ လုံးဝမျဖစ္ႏိုင္ဘူး။ သူက WE ကိုခ်စ္တာ။ ]

[ေသခ်ာတာက သူက အရင္တုန္းကအတိုင္း ခ်ဥ္ဖက္ေကာင္ ျဖစ္ေနတုန္းပဲ။ WE ကို ကစားခ်င္ေနတာ ! ]

ထိုအခ်ိန္တြင္ နီးကပ္လာေသာ ၿပိဳင္ပြဲေၾကာင့္ ဝမ္န်ဲ႕န်န္က စႏၵရားကို ႀကိဳးစားေလ့က်င့္ျပင္ဆင္ေနခဲ့တာေၾကာင့္ အင္တာနက္ေပၚရွိ သတင္းေတြကို မေတြ႕ခဲ့ေပ။

ထ်န္ရႈံးကေတာ့ ရွာေဖြမႈအမ်ားဆုံး ျဖစ္ေနေသာ သတင္းကိုေတြ႕ၿပီး အံ့ဩေနခဲ့သည္။ သူ႔အဖို႔ ကုယ်န္ရွန္းက ခ်န္းလုံအန္းနဲ႔အတူတြဲၿပီး ပုံထြက္လာမယ္ ဆိုတာ မေမွ်ာ္လင့္ထားတဲ့ ကိစၥတစ္ခု ျဖစ္ေနတာေၾကာင့္ပင္။

"သူ ဘာေတြ လုပ္ေနတာလဲ။ သူ ငါ့နဲ႔ မွ်မွ်တတ ၿပိဳင္မယ္ ဆိုၿပီး ေျပာခဲ့တာ မဟုတ္ဘူးလား။ အခု မၿပိဳင္ေတာ့မယ့္ သေဘာလား။"

"ေကာင္းၿပီေလ ... ဒါဆိုရင္ န်ဲ႕န်န္က မင္းကို လက္ေလ်ာ့လိုက္မွာပဲ။ မင္းမရွိရင္ ငါ အႏိုင္ရႏိုင္တယ္ ..ငါ သူ႔ကို ထာဝရ ပိုင္ဆိုင္ခြင့္ ရသြားႏိုင္တယ္ " ထူးဆန္းစြာ ေျပာင္းလဲသြားေသာ မ်က္ဝန္းအၾကည့္မ်ားႏွင့္ ထ်န္ရႈံးက ေရ႐ြတ္လိုက္သည္။

ထ်န္ရႈံးက ေဆး႐ုံမွာ သူ႔အကိုေနာက္ေက်ာကို ျမင္ၿပီးကတည္းက တိတ္တဆိတ္ စုံစမ္းေနခဲ့သည္။ သူ႔ဘက္က မေသခ်ာေပမယ့္ ကုယ်န္ရွန္း အျပစ္ကင္းတယ္လို႔လည္း မယုံၾကည္ေပ။

ထိုစဥ္ အခန္းတံခါး ပြင့္သြားၿပီး ေမာ့ေပရိ ဝင္လာခဲ့သည္။ ေတြေဝေငးေမာေနသည့္ ထ်န္ရႈံးကို ျမင္တဲ့အခါ သူက ေမးလိုက္သည္။

"ေရွာင္ရႈံး ... ငါ မင္းအတြက္ ကုမၸဏီ တင္ျပခ်က္အားလုံး ျပင္ဆင္ထားၿပီးၿပီ။"

"ေမာ့ေပရိ.... ကုယ်န္ရွန္း ဘာလို႔ ဒီလိုလုပ္တယ္ ထင္လဲ။ သူ န်ဲ႕န်န္ကို ဆက္မလိုက္ဘဲ အရႈံးေပးလိုက္တာလား။" ထ်န္ရႈံးက ေမာ့ေပရိဘက္လွည့္ၿပီး တည္တည္ၿငိမ္ၿငိမ္ႏွင့္ ျပန္ေမးလိုက္သည္။

ေမာ့ေပရိက ရႈပ္ေထြးသြားေသာ အၾကည့္မ်ားျဖင့္ ခနမွ် တိတ္ဆိတ္ေနခဲ့သည္။ ထို႔ေနာက္မွ ၿပဳံး၍ ျပန္ေျဖသည္။

"သူ႔ရဲ႕အခ်စ္ဦးအေပၚမွာ ခံစားခ်က္ က်န္ေနေသးလို႔ ျဖစ္မွာေပါ့။ ခ်န္းလုံအန္းရဲ႕ ေျခေထာက္ဒဏ္ရာက သူ႔ကို နာက်င္ေစတာေၾကာင့္လည္း ျဖစ္ႏိုင္တာပဲ "

ထ်န္ရႈံးက သက္ျပင္းခ်သည္။ "မဟုတ္ဘူး။ မင္း နားမလည္ဘူး။ ကုယ်န္ရွန္းက ခ်န္းလုံအန္းကို အရမ္းမုန္းတယ္။ အဲ့တာေၾကာင့္ ခ်န္းလုံအန္းရဲ႕ ေျခေထာက္မွာ ဒဏ္ရာရတာကို သနားမိ႐ုံနဲ႔ အဆက္ေဟာင္းကို ျပန္တြဲတယ္ ဆိုတာ မျဖစ္ႏိုင္ဘူး။ အဲ့ဒီကိစၥကို ထားအုံး ... သူတို႔ႏွစ္ေယာက္ၾကားမွာ က်န္ေနေသးတဲ့ ဆက္ဆံေရးဆိုတာကို မရွိတာ။ ... သူတို႔ၾကားမွာ အမုန္းတစ္ခုပဲ ရွိတယ္။ အခုကိစၥမွာ တစ္ျခား အေၾကာင္းအရင္း ရွိေနႏိုင္တယ္။ အေၾကာင္းအရင္းမရွိဘဲ ဒါမ်ိဳး လုပ္ရတဲ့အထိ သူမတုံးဘူး။ မျဖစ္ႏိုင္ဘူး။"

"တစ္ျခားအေၾကာင္းအရင္း ရွိေတာ့ေရာ ဘာျဖစ္လဲ။ မင္း န်ဲ႕န်န္ကို ျမန္ျမန္ ပိုင္ဆိုင္ရတာပဲ မဟုတ္ဘူးလား။ မင္း ေျပာသလိုပဲ ကုယ်န္ရွန္းရဲ႕ အခုလုပ္ရက္က ဝမ္န်ဲ႕န်န္ သူ႔အေပၚထားတဲ့ အခ်စ္ကို လုံးဝပ်က္စီး သြားေစႏိုင္တယ္ေလ။ " ေမာ့ေပရိက ႐ုတ္တရက္ ၿပဳံးလိုက္ၿပီး ခါးခါးသက္သက္ပင္ ေျပာလိုက္သည္။

ထ်န္ရႈံးက ေမာ့ေပရိကို စိုက္ၾကည့္လိုက္ၿပီး တစ္ဖက္သူမ်က္ဝန္းထဲမွ အခ်စ္ႏွင့္ ခါးသီးမႈေတြကို ေတြ႕လိုက္ရတဲ့အခါ အၾကည့္ကို ခ်က္ခ်င္း ျပန္လႊဲလိုက္သည္။

"အခ်က္အလက္ေတြက ငါ့မွာရွိတာမို႔ မင္း သြားလို႔ ရၿပီ။"

"ေရွာင္ရႈံး .. ဒီည ငါမင္းနဲ႔အတူ ညစာစားလို႔ ရမလား ...။ ဒီေန႔ မင္း ငါ့နဲ႔ ရွိေနေပးလို႔ ရမလား။" ေမာ့ေပရိက သက္ျပင္းအသာခ်၍ ေမးလိုက္သည္။

ထ်န္ရႈံးက အေဝးတစ္ေနရာသို႔ အၾကည့္လႊဲလိုက္ၿပီး ေမာ့ေပရိကို ေက်ာခိုင္းကာ " ငါ မင္းကို ထြက္သြားခြင့္ျပဳတယ္ ။ ငါ မင္းကို အသုံးခ်ေနတာ .. မင္းကို သေဘာက်လို႔ မဟုတ္ဘူး။ ငါ့မွာ ငါခ်စ္တဲ့သူ ရွိၿပီးသားပဲ။ " ထ်န္ရႈံး၏ စကားသံက ျပတ္သားလို႔ ေနသည္။

"ငါ့ကို လိမ္ၿပီးေတာင္ မေျပာႏိုင္ဘူးလား။ ငါ့ကို အသုံးခ်ေနမွန္း သိတယ္ဆိုရင္ေတာင္ အနည္းဆုံးေတာ့ ႏူးညံ့တဲ့ စကားလုံးကိုသုံးၿပီး လိမ္ေပးလို႔ မရဘူးလား။ .... "

"ထြက္သြား ေတာ့ "

အခန္းတံခါးကို ျဖည္းညႇင္းစြာ ျပန္ပိတ္ေပးၿပီး ကိုယ္ပိုင္႐ုံးခန္းထဲသို႔ ျပန္သြားကာ လူတစ္ေယာက္ဆီသို႔ ေမာ့ေပရိ ဖုန္းေခၚခဲ့သည္။

"ဒီည ေမြးေန႔ပြဲကို ဖ်က္လိုက္ေတာ့ "

"ဘာလို႔လဲ ? ... ဒါ ႏွစ္ေတြအမ်ားႀကီးၾကာၿပီးမွ ပထမဦးဆုံးအႀကိမ္ ျပန္လုပ္တဲ့ သခင္ေလးရဲ႕ ေမြးေန႔ ပြဲေလ။ ဖ်က္လိုက္မယ္ ဆိုရင္ .... "

"သူမလာဘူး .... "

".............."

"သူမလာရင္ ငါလည္း ေမြးေန႔ပြဲ မလုပ္ခ်င္ဘူး။ " ေျပာၿပီးေနာက္ ေမာ့ေပရိ ဖုန္းခ်လိုက္သည္။

အၿမဲတမ္း ကုမၸဏီအလုပ္မ်ားႏွင့္ မအားၾကေသာ မိဘေတြက ေမာ့ေပရိအတြက္ ေမြးေန႔ပြဲကို က်င္းပေပးျခင္း မရွိခဲ့သလို လက္ေဆာင္တစ္ခုျဖင့္ ႏွစ္သိမ့္ေပးျခင္းလည္း မရွိခဲ့ေပ။ ထို႔ေၾကာင့္ ေမာ့ေပရိကိုယ္တိုင္က သူ႔ရဲ႕ေမြးေန႔ကို ေမ့ထားခဲ့ၿပီး ေမြးေန႔အေၾကာင္းကိုလည္း ဖြင့္ဟေျပာျခင္း မလုပ္ခဲ့ေပ။

ေမာ့ေပရိက ဖုန္းထဲမွ ကုယ်န္ရွန္း၏ သတင္းကိုၾကည့္ၿပီး မွန္းဆမရေသာ မ်က္ဝန္းအၾကည့္မ်ား ျဖစ္ေပၚေနခဲ့သည္။

"ဒါလည္း ေကာင္းပါတယ္ ... သူသာ ၿခိမ္းေျခာက္ခံထားရတာဆိုရင္ ဝမ္န်ဲ႕န်န္ကို စြန႔္လႊတ္လိုက္တာက သူ လုပ္ေပးႏိုင္တဲ့ တစ္ခုတည္းေသာ အရာပဲ။ မင္း အခု ဝမ္န်ဲ႕န်န္ကို တကယ္ပိုင္ဆိုင္ႏိုင္ၿပီဆိုေတာ့ ေပ်ာ္ႏိုင္ၿပီေပါ့။ .... ငါက ဗီလိန္ေနရာက ေနေပးမွာေပါ့ "

trending ျဖစ္ေနေသာ ရွာေဖြမႈအမ်ားဆုံး အေၾကာင္းအရာကို ျမင္ၿပီး ေမာ့ေပရိ ထိုအေၾကာင္းကို စစ္ေဆးၾကည့္ခဲ့သည္။ သူက ဗီဒီယိုကို ၾကည့္ၿပီးေနာက္ ခ်န္းလုံအန္း၏ ကြန္ပ်ဴတာ system ကို hack ၿပီး ဘာျဖစ္ခဲ့တယ္ ဆိုသည္ကို ခန႔္မွန္းၾကည့္ခဲ့သည္။ ထို႔ေနာက္ သူသိခဲ့ရသည့္ ထိုအေၾကာင္းအရာကို ထ်န္ရႈံးအတြက္ လွ်ိဳ႕ဝွက္ထားဖို႔ကိုပဲ ေမာ့ေပရိ ေ႐ြးခ်ယ္ခဲ့သည္။

__

ေဆးေသာက္ၿပီးေနာက္ ဝမ္န်ဲ႕န်န္ အိပ္ရာေပၚတြင္ လွဲေနၿပီး စားပြဲေဘးရွိ ညႇိဳးေျခာက္ေနၿပီျဖစ္ေသာ ေနၾကာပန္းမ်ားကို ၾကည့္ေနခဲ့သည္။

'ဒုတိယေျမာက္ေန႔ ... တတိယေျမာက္ေန႔ .... ၿပီးေတာ့ စတုတၳေျမာက္ေန႔ .... ေနၾကာပန္းေတြ ထပ္ၿပီးပို႔ျခင္း မရွိေတာ့ေပ....'

မ်က္ေတာင္ဖ်ားတို႔က အနည္းငယ္ တုန္လႈပ္လ်က္။ ခရီးစဥ္စသည့္အခ်ိန္မွစ၍ ေန႔စဥ္ေရာက္ရွိလာေသာ ေနၾကာပန္းစည္းမ်ားကို ဝမ္န်ဲ႕န်န္ ေစာင့္ေနမိေၾကာင္း သူ႔ကိုယ္သူ သတိမထားမိခဲ့။ အခု ... အက်င့္တစ္ခုလိုေတာင္ ျဖစ္ေနခဲ့ၿပီ။

မနက္ျဖန္က ၿပိဳင္ပြဲေန႔ပင္။ အကယ္၍ ငါသာ အႏိုင္ယူႏိုင္ခဲ့ရင္ ကမာၻ႔အဆင့္ စႏၵရားပညာရွင္စာရင္းမွာ ငါ့နာမည္ကို ခ်န္ထားခဲ့ႏိုင္ၿပီ။ ဒါက ငါ့အေဖနဲ႔ ငါ့အေမ ျဖစ္ေစခ်င္တဲ့ အရာပဲ ...'

ၿပိဳင္ပြဲမစခင္ အခ်ိန္က ေစာေနေသးတာေၾကာင့္ စႏၵရားေလ့က်င့္ရန္ ပထမထပ္တြင္ ရွိေသာ စႏၵရားခန္းထဲသို႔ အျပင္ကုတ္ဝတ္ၿပီး ဝမ္န်ဲ႕န်န္ သြားခဲ့သည္။ ဝမ္န်ဲ႕န်န္က စႏၵရားခုံတြင္ ထိုင္႐ုံရွိေသးၿပီး အေနာက္မွ ႐ုတ္တရက္ ၾကားလိုက္ေသာ အသံေၾကာင့္ အံ့ဩသြားသည္။

"WE"

Wells' က မ်က္ေမွာင္ၾကဳပ္၍ ေရွ႕တိုးလာၿပီး သူအနည္းငယ္တတ္ေျမာက္ေသာ တ႐ုတ္စကားျဖင့္ နားလည္သလိုပင္ ေမးခဲ့သည္။

"မင္းရဲ႕ တ႐ုတ္နာမည္က ဝမ္ မလား။ မင္းလည္း စႏၵရားၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ဖို႔ ဒီကို ေရာက္ေနတာလား။ မင္းအရမ္း ႀကိဳးစားေနတာပဲ။ "

သူက red carpet တြင္ ေတြ႕ခဲ့သည့္ ေဒါသတႀကီးႏွင့္ အေခ်အတင္ေျပာတတ္ေသာ မင္းသားေလးပင္။...

"ငါ မ်ားမ်ားေလး ေလ့က်င့္ထားခ်င္လို႔ပါ။ အဲ့ဒီေတာ့မွ မနက္ျဖန္ၿပိဳင္ပြဲမွာ ပိုၿပီး တည္တည္ၿငိမ္ၿငိမ္ ျဖစ္မွာ " အၿပဳံးသာသာျဖင့္ ေခါင္းကိုညိမ့္ျပၿပီး ဝမ္န်ဲ႕န်န္ ျပန္ေျဖခဲ့သည္။

"ငါ မင္းရဲ႕ သီခ်င္းေတြကို နားေထာင္ဖူးလို႔ မင္းက အရမ္းေတာ္တဲ့ လူတစ္ေယာက္ဆိုတာကို သိတယ္။ ေနာက္ၿပီး ငါလည္း မင္းလိုပဲ DAWN website မွာ ပထမရဖူးတယ္။ မင္းက ႐ုတ္တရက္ ေပၚလာၿပီး ငါ့ ေနရာ လုသြားတယ္လို႔ ေျပာရမလား ..... "

"ဟမ္ ?"

ဝမ္န်ဲ႕န်န္ အံ့ဩသြားခဲ့သည္။ Wells' ကို DAWN ဝက္ဘ္ဆိုက္၌ ရွိမည္ မထင္ခဲ့သလို အဆင့္တစ္ေနရာတြင္ သူတစ္ခါမွ မျမင္ဖူးသူေတြ ရွိေနမည္ဟုလည္း မထင္ခဲ့ေပ။

ထိုစဥ္ Wells' က အေၾကာင္းအရာတစ္ခုကို ႐ုတ္တရက္ေတြးမိၿပီး တစ္ခုခုကို လႈံ႕ေဆာ္ေပးလိုေသာ စိတ္ျဖင့္ ဝမ္န်ဲ႕န်န္ကို ၾကည့္ၿပီး ေလွာင္႐ြဲ႕ကာ ေမးလိုက္သည္။

"ဒါနဲ႔ ... ကုယ်န္ရွန္း ဆိုတာက မင္းရဲ႕ အရင္ လက္တြဲေဖာ္မလား။ မင္းရဲ႕ ၿပိဳင္ပြဲအတြက္ ႀကိဳးပမ္းေနတဲ့ အခ်ိန္ေတြမွာ သူ ဘာေတြလုပ္ေနလဲ မင္း သိလား။"

Continue Reading

You'll Also Like

98.3K 13.6K 93
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
718K 100K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
112K 11.3K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...
327K 8.1K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်