My Green Forest ( Complete)

Galing kay Khinlay-Nyan

207K 19.7K 4.2K

ကန္တာရထဲက လူတစ်ယောက် ကႏၱာရထဲက လူတစ္ေယာက္ (သက်ကောင်းလူ) ဒီနေ့... မနက်ဖြန်... သန်ဘက်ခါ... ကျန်ရှိတဲ့နေ့ရက်တိုင... Higit pa

Episode (1)
Episode (2)
Episode( 3)
Episode (4 )
Episode (5)
Episode (6)
Episode(7)
Episode( 8)
Episode (9)
Episode (10)
Episode (11)
Episode (12)
Episode (13)
Episode (14)
Episode (15)
Episode (16)
Episode (17)
Episode (18)
Episode (19)
Episode (20)
Episode (21)
Episode (22)
Episode (23)
Episode (24)
Episode (25)
ခွင့်တိုင်ကြားခြင်း /ခြင့္တိုင္ၾကားျခင္း
Episode (26)
Episode (27)
Episode (28)
Episode (29)
Episode (30)
Episode (31)
Episode (32)
Episode (33)
Episode (34)
Episode (35)
Episode (36)
Episode (37)
Episode (38)
Episode (39)
Episode (40)
Episode (41)
Episode (42)
Episode (43)
Episode (44)
Episode (45)
Episode (46)
Episode (47)
Episode (48)
Episode (49)
Episode (50)
Episode (51)
Episode (52)
Episode (53)
Episode (54)
Episode (55)
Episode (56)
Episode (57) Part 2
Episode (58)
Episode (59)
Episode (60)
Final Episode (61)
မေတ္တာစာလွှာ
သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင်
Extra

Episode (57) Part 1

3.7K 294 58
Galing kay Khinlay-Nyan

Unicode

ဖန်ရေကရားထဲမှ ရေများမှာ တဖြည်းဖြည်းနည်းလာ၏ ။ ထို့အတူ ဦးကျော်ဝင်း၏မျက်လုံးအစုံမှာလည်း အိမ်ပေါက်ဝကိုသာ စူးစိုက်ကြည့်လျက် ။ အကြောင်းရင်းမရှိဘဲ လက်ချောင်းများကိုလည်း အသံမြည်အောင်ချိုးနေမိကာ စားပွဲအောက်ရှိခြေထောက်နှစ်ချောင်းလုံးမှာလည်း တလှုပ်လှုပ် ။ နံရံကပ်ပန်ကာကိုဖွင့်ထားသော်လည်း ခန္ဓာကိုယ်တွင် ချွေးအနည်းငယ်ထွက်နေခဲ့၏ ။

" ဟယ်...ပါး...ရေတွေသောက်လှချေလား "

ဘေးဘက်မှထွက်လာသည့် မား၏အသံ ။ ထိုအခါမှ မား သူ့ဘေးဘက်သို့ရောက်နေမှန်းကို သတိထားမိကာ မလုံမလဲဖြစ်သွားရသည် ။ နဖူးထက်ရှိချွေးများကို ညာဘက်လက်ဖျံဖြင့်သုတ်ပြီးမှ

" ရာသီဥတုပူနေတော့ ရေဆာလို့ပါ "

ဟု ဖြေလိုက်တော့ မားက မယုံကြည်သည့်မျက်နှာထားဖြင့် စိုက်ကြည့်နေ၏ ။

" ဟုတ်လို့လား ပါးရဲ့...စိတ်လှုပ်ရှားနေလို့ ရေတွေချည်းလိမ့်သောက်နေတာ မဟုတ်ဘူးလား "

" စိတ်လှုပ်ရှားလို့...ပါးက ဘာကိုစိတ်လှုပ်ရှားရမှာလဲ "

" ထင်နဲ့တွေ့ရမှာဆိုတော့ ပါးများစိတ်လှုပ်ရှားနေလားလို့ပါ "

" မလှုပ်ရှားပါဘူး "

ခပ်တည်တည်မျက်နှာထားဖြင့်ငြင်းဆန်နေသည့် ဦးကျော်ဝင်းကိုကြည့်၍ ဒေါ်သက်ထားဆွေ၏မျက်နှာထက်တွင် အပြုံးပါးပါးလေးဖြစ်ထွန်းလာလေသည် ။ သိသာနေသော်လည်း ဇွတ်အတင်းငြင်းဆန်နေသည်မှာ တူးတူးခါးခါး ။

မျက်နှာချင်းဆိုင်ရှိခုံတွင်ထိုင်ချလိုက်တော့ ပါးက သူ့ကို မျက်လုံးဝေ့ကြည့်လာလေသည် ။

" ထမင်းစားလိုက်တော့မလား "

" မစားချင်သေးဘူး မား "

" ထင့်ကို စောင့်ဖို့လား "

" ပါးက သူ့ကို ဘာဖြစ်လို့စောင့်ရမှာလဲ "

" ဟုတ်ပါပြီ...ဟုတ်ပါပြီရှင် ၊ မစောင့်ဘူးဆိုလဲ မစောင့်ဘူးပေါ့ "

" လုံးဝမစောင့်ဘူး "

လျင်မြန်စွာဖြင့်ထွက်လာသည့်စကားနှင့်အတူ မျက်နှာထားကလည်း ရှုံ့ရှုံ့မဲ့မဲ့ ။ ထို့နောက် ပါးက  စားပွဲ၏မျက်နှာပြင်ကို လက်ညှိုးထိပ်လေးဖြင့် ဖြည်းညင်းစွာ ပွတ်ဆွဲနေပြီးမှ သက်ပြင်းတစ်ချက်ချပစ်၏ ။ ပါးက နောက်ဆုံးလက်ကျန်မာနလေးကို
ထိန်းသိမ်းထားချင်သည့်ပုံ ။

" ပါး "

" ဟင် "

" ထင့်ကိုတော့ပြသနာမရှာဘူးမို့လား "

" အချိုးမပြေရင်တော့ ပြောစရာရှိတာပြောရမှာပဲ "

" ကလေးတွေမှမဟုတ်ကြတာ ၊ နေရာတကာတော့ လိုက်ပြောလို့ ဘယ်ဖြစ်ပါ့မလဲကွယ် "

" အဲဒါဆိုရင် လူကြီးတွေရှေ့ အချိုးပြေပြေနေကြလေ ၊ လူမြင်မကောင်းအောင်နေကြရင်တော့ ပြောမှာပဲ "

ပါးက သူ့မျက်လုံးထဲတွင် သိပ်ချစ်စရာကောင်းလှပါသည် ။ ပါးကိုသိပ်ချစ်သောကြောင့် မွေးလာသည့်ကလေးကလည်း ပါးနှင့်ချွတ်စွပ် ။ ရုပ်ရည်လည်းတူသကဲ့သို့ အကျင့်စရိုက်လည်း အတော်လေးတူကြသည့် သားအဖနှစ်ယောက်က လူတစ်ယောက်ကို နှစ်နှစ်ကာကာချစ်ပုံမှာလည်း တူညီကြပြန်သည် ။

" ပါးကလဲကွယ် "

ဟု လေသံပျော့ပျော့ဖြင့် ပြောလာသည့် မားကြောင့် သူ့မျက်နှာထားကို အနည်းငယ်ပျော့လိုက်ရ၏ ။
သူကသာ စိတ်ထဲ တစ်မျိုးခံစားနေရသော်လည်း မားကတော့ အင်မတန်တက်ကြွနေကာ ပျော်ပျော်ပါးပါးပေ ။ အစကတည်းက မား၏စိတ်မှာ အလက်ဇန်းဒါးထင်ဘက်ကို ခပ်ယိုင်ယိုင် ။ သူကတော့ ယခုထိ စိတ်ထဲ မပြေလည်သေးပေ ။

" အေးပါ...အေးပါကွာ... ပါး အတတ်နိုင်ဆုံးသည်းခံပေးမယ်...ဟုတ်ပြီလား ၊ မားကြောင့်နော်...မားကို ပါးသိပ်ချစ်လို့ သည်းခံပေးမှာ "

ထိုအခါမှ မား၏မျက်နှာလေးက ကြည်လင်သွားကာ ခေါင်းကိုလည်းထပ်တလဲလဲညိတ်ပြ၏ ။

" သူတို့နှစ်ယောက်လဲ ဒီမှာခဏပဲနေချိန်ရမှာပါ ပါးရယ် ၊ နေတုန်းနေခိုက်လေး မားတို့က မိဘဝတ္တရားကျေရမှာပေါ့...မားပြောတာ မဟုတ်ဘူးလား "

" ... "

" ပါး ထင့်အပေါ်ကို အခုထိအမြင်မကြည်သေးဘူးဆိုတာ မားသိပါတယ် ၊ ဒါပေမဲ့ ပါးရယ် ထင်က သနားစရာကောင်းတဲ့လူတစ်ယောက်ပါ ၊ ပါးတို့မားတို့က ထင့်လိုမျိုး မချမ်းသာပေမဲ့ ချစ်ပေးတဲ့မိသားစုတွေရှိကြတယ် ၊ ထင်ကတော့ တစ်ယောက်တည်းအထီးကျန်ပြီးနေခဲ့ရတာ ၊ ကလေးဘဝကတည်းက အနိုင်ကျင့်ခံပြီးနေခဲ့ရတဲ့ ထင့်ကို မားကတော့ သနားတယ် "

" ... "

" ပါးလဲ ထင့်ကို သိပ်မမုန်းတော့ဘူးဆိုတာ မားသိပါတယ် ၊ ပါး ထင့်ကိုမုန်းနေရင် အိမ်မှာလာနေဖို့ ဘယ်ခွင့်ပေးပါ့မလဲနော် "

" ပေါင်ပေ့ကြောင့် ခွင့်ပြုလိုက်တာ "

တိုပြတ်စွာထွက်လာသည့် စကားနှင့်အတူ ပါး၏မျက်ခုံးများမှာ တွန့်ကွေးသွားပြီးမှ သူ့ကိုလည်း မျက်လုံးလှန်ကြည့်လာသည် ။

" မား သိတာပေါ့ကွယ် ၊ ပါး ပေါင်ပေ့ကိုသိပ်ချစ်လို့ဆိုတာ မားသိတာပေါ့ "

" ပါးလေ အခုထိ မယုံမရဲဖြစ်နေတုန်းပဲ ၊ ဒီလောက်အေးတဲ့ကလေး...လူတွေနဲ့မဆက်ဆံချင်တဲ့ကလေးက အခုလိုမျိုးပြောင်းလဲသွားတာကို မယုံချင်ဘူး ၊ ပိုဆိုးတာက သူစိမ်းတစ်ယောက်ကြောင့် မြွေအရေခွံချွတ်လိုက်သလိုမျိုးဖြစ်သွားတာကို ပိုစိတ်မကောင်းဖြစ်တာ "

" ကောင်းတဲ့ပြောင်းလဲခြင်းပါ ပါးရယ် ၊ မားတို့မရှိတော့ရင်တောင် ပေါင်ပေ့က သူ့ဘာသာသူရပ်တည်နိုင်သွားပြီလေ ၊ မားတို့လိုချင်တာလဲ အဲဒါပဲမဟုတ်ဘူးလား ပါး "

" ဒါပေမဲ့ မားရဲ့သားက ပါးတို့ကို ထားခဲ့တော့မှာလေ ၊ သူစိမ်းတစ်ယောက်ကြောင့် ပါးတို့ကိုထားပြီး
အဝေးကိုထွက်သွားတော့မှာ "

" အို...မဟုတ်တာ ၊ ပေါင်ပေ့က မားတို့ကို မထားခဲ့ပါဘူးနော် ၊ အခုလောလောဆယ် ခဏလေးခွဲနေကြတာပါ ၊ တစ်ချိန်ချိန်ကျရင် မားတို့က ပေါင်ပေ့ဆီကိုလိုက်သွားမှာပဲလေ ၊ ခဏတစ်ဖြုတ်လေးခွဲနေရတာပါ ပါးရဲ့ "

သူမည်သည့်စကားကိုဆိုဆို မားက ရှေ့နေလိုက်ပြီးသားဖြစ်နေသောကြောင့် ပြောစရာစကားရှာမတွေ့တော့ပေ ။ အတိုက်အခံလည်း ပြောချင်စိတ်မရှိသောကြောင့် သည်အတိုင်းရေငုံနှုတ်ပိတ်နေမိချိန် သူ့လက်ကိုအုပ်မိုးပြီးကိုင်လာသည့် မား၏လက်လေးကြောင့် သူ့အကြည့်မှာ မားဆီသို့ရောက်သွားရသည် ။ သူ့မျက်နှာကို သေသေချာချာစိုက်ကြည့်နေသည့် မား၏မျက်လုံးထဲတွင် မျက်ရည်အချို့ရှိနေသည်ကို မြင်ရတော့ ရင်ထဲတွင်ထိတ်ခနဲ ။

" ဘာ...ဘာဖြစ်လို့လဲ...မား "

အလန့်တကြားမေးမိတော့ မားက ခေါင်းကိုညင်သာစွာခါပြီးမှ

" ပါးနဲ့တွေ့ဆုံခွင့်ပေးတဲ့ကံကြမ္မာကို မား ကျေးဇူးတင်လွန်းလို့ပါ ၊ မားလေ ဘယ်တုံးကမှ ပါးကြောင့်စိတ်မညစ်ခဲ့ရဘူး ၊ ပါးက မားနဲ့ပေါင်ပေ့ရဲ့အပေါ်မှာ တာဝန်ကျေတာထက်ပိုနေပါပြီ ၊ ပေါင်ပေ့ရဲ့စိတ်ဓာတ်က ပါးနဲ့တူတာ...သိလား ၊ ချစ်ရတဲ့လူအတွက်ဆိုရင် ဘာပဲဖြစ်ဖြစ်စွန့်လွှတ်မယ်ဆိုတဲ့စိတ်က ပါးဆီမှာလဲရှိတယ်...ပေါင်ပေ့ဆီမှာလဲရှိတယ် "

" ပါးအတွက်လဲ မားက နှစ်ယောက်မရှိတဲ့သူပါ ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပါးရဲ့ဘေးဘက်မှာ အမြဲနေပေးတဲ့မားကြောင့်သာ ပါးအခုထိ ရပျတညျနနျေိုငျတာ ၊ မားကြောင့်သာမဟုတ်ရင် အခက်အခဲအကြီးကြီးကို ပါး ကျော်လွှားနိုင်ခဲ့မှာမဟုတ်ဘူး ၊ မလွယ်ခဲ့ဘူး မား...ပေါင်ပေ့နဲ့အလက်ဇန်းဒါးထင်ကို လက်ခံသဘောတူပေးလိုက်ဖို့ ပါး အများကြီးပြင်ဆင်ခဲ့ရတာ "

" မား သိတာပေါ့ ၊ ပါးရဲ့စိတ်ခံစားချက်တွေကို မား နားလည်တယ် "

ပါး၏မျက်နှာပြင်မှာ တဖြည်းဖြည်းနီလာကာ မျက်တောင်များကိုလည်း တဖျတ်ဖျတ်ခတ်နေပြန်သည် ။ မငိုမိအောင်ထိန်းချုပ်ထားသည့် ပါး၏အသွင်အပြင်ကြောင့် သူပါ ငိုချင်လာ၏ ။

" ပါး သူ့ကို သားတစ်ယောက်လိုမျိုး သဘောမထားနိုင်ဘူး "

" ပေါင်ပေ့ချစ်တဲ့လူတစ်ယောက်လို့ပဲ သဘောထားလိုက်ပါ ပါး ၊ မားလဲ ထင့်ကို မောင်တစ်ယောက်လိုမျိုးပဲ သဘောထားထားတာ ၊ တကယ်တမ်းကျတော့ သားလိုမျိုး...သမီးလိုမျိုး သဘောထားပါတယ်ဆိုတာ နားထောင်ကောင်းရုံသက်သက်ပြောကြတာပါ ၊ ဘယ်သူကမှ သူစိမ်းတစ်ယောက်ကို သားရင်းသမီးရင်းလိုမျိုး မချစ်နိုင်ကြပါဘူး ၊ ခစြျနျိုငျတယျဆိုအုံးတော့ အသက်ဘေးအန္တရာယ်နဲ့ရင်ဆိုင်လာတဲ့အခါ မိဘတွေရဲ့လက်က သားရင်းသမီးရင်းဆီကိုပဲ ကမ်းကြတာလေ ၊ အဲဒီအတွက် ပါး ဘာမှစိတ်မကောင်းမဖြစ်နဲ့ ၊ ပါးရဲ့စိတ်ကိုလဲ ဇွတ်ကြီးဖိအားမပေးပါနဲ့နော် ၊ ထင့်ကို ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံပေးလိုက်ပါ "

" အင်း "

အိမ်ထဲတွင်စကားပြောသံများပြန်လည်၍ တိတ်ဆိတ်သွားပြီး ပန်ကာမှထွက်ပေါ်နေသည့် တဝီဝီအသံနှင့် နာရီမှထွက်ပေါ်နေသည့် တချောက်ချောက်မြည်သံကိုသာ အတိုင်းသားကြားနေရသည် ။

မိနစ်နှစ်ဆယ်ခန့်ကြာချိန်

ထင်က ကားအနားတွင် တောင့်တောင့်ကြီးရပ်နေပြီး မျက်လုံးများမှာလည်း သူ့အိမ်တံခါးဆီကိုသာ စူးစိုက်ကြည့်နေ၏ ။ ကျောက်ရုပ်ကဲ့သို့ငြိမ်သက်နေသည့် ထင့်ပုံစံကြောင့် အနည်းငယ်တော့ စိတ်မကောင်းဖြစ်သွားရ၏ ။ ထင်က သူ့စိတ်မကောင်းဖြစ်မည်ကိုစိုးရိမ်ပြီး သူ့အိမ်သို့လိုက်နေပေးခြင်းဖြစ်ကြောင်း ထင် မပြောလည်း သူသိပါသည် ။

" ထင် "

" ဟင် "

" စိတ်ပူနေတာလား "

" နည်းနည်းပါ "

ထင်က လေပူတစ်ချက်ကိုမှုတ်ထုတ်ပြီးမှ နဖူးထက်သို့ဝဲကျနေသည့်ဆံပင်များကို နောက်ဘက်သို့သပ်တင်ပစ်၏ ။

" ထင့်အနားမှာ ကျွန်တော်ရှိနေမှာနော် "

" အင်း "

" ထင် စားချင်တာတွေကိုပြော...ကျွန်တော်အကုန်ချက်ကျွေးမယ် "

" အင်း "

" ကျွန်တော့်အိမ်ကကျဉ်းတော့ ထင် နည်းနည်းတော့ အနေခက်လိမ့်မယ် "

" ကိုယ် နေတတ်ပါတယ် ပေါင်ပေ့ "

ထင်က သူ့ကို နှုတ်ခမ်းတွန့်ရုံလေးပြုံးပြလာသည် ။ ထျိုအပွုံးလေးကွောငျ့ နေမင်းကြီး၏အပူချိန်က ထင်သလောက် မပူတော့ပေ ။ သူကြည့်နေမှန်းလည်းသိရော ထင်က မျက်လုံးဝေ့ကြည့်လာ၏ ။

" ကိုယ်ဝတ်ထားတာ အဆင်ကောပြေရဲ့လား "

" ပြေပါတယ် ထင်ရဲ့ ၊ ထင်က ဘာပဲဝတ်ဝတ်ကြည့်ကောင်းတာပဲကို "

" ကိုယ် ဝတ်ထားတာကို ပါး သဘောကျပါ့မလားလို့ စိတ်ပူနေတာကွာ ၊ လူကြီးတွေမျက်လုံးထဲအဆင်ပြေအောင် အရိုးဆုံးကိုတော့ ရွေးဝတ်လာတာပဲ "

တကယ်လည်း ရိုးစင်းလှသည့် အဝတ်အစားကိုသာ တမင်ဝတ်လာခြင်းဖြစ်၏ ။ လည်ကတုံးအင်္ကျီအဖြူနှင့် ဘောင်းဘီအနက်ရောင်ကိုသာ ဝတ်လာသော်လည်း တစ်ခုခုအမြင်မတော်ဖြစ်နေမည်ကို တွေးကြောက်မိပါသည် ။

ပေါင်ပေ့က သူ့ခန္ဓာကိုယ်ကို အထက်အောက်အစုန်အဆန်ကြည့်ပြီးမှ အပြုံးမျက်နှာဖြင့် ခေါင်းကိုဆတ်ခနဲညိတ်ပြလာကာ

" ကြည့်ကောင်းတယ် "

ဟု ပြောလာမှ အနည်းငယ်စိတ်အေးရပါသည် ။ ထို့နောက် ပေါင်ပေ့က ကားနောက်ခန်းထဲရှိ အိတ်နှစ်ထုပ်ကိုချလိုက်ကာ တစ်ယောက်မျက်နှာကိုတစ်ယောက် စက္ကန့်အနည်းငယ်ကြာအောင်ကြည့်နေမိကြသည် ။

" ကျွန်တော်တို့ အိမ်ထဲဝင်ကြတော့မလား ထင် "

" အင်း...သွားကြတာပေါ့ "

သူ့အသံမှာ ခပ်ပျော့ပျော့ ။ ထိုအချိန် သူ့လက်ထက်ကိုရောက်ရှိလာသည့်နွေးထွေးမှု ။ ပေါင်ပေ့က သူ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားပြီးမှ နွေးနွေးထွေးထွေးလည်းပြုံးပြပြန်သည် ။ ထိုအချိန်ခဏလေးတွင် စိုးရိမ်စိတ်များမှာ အဝေးသို့လွင့်စင်သွား၏ ။ ထိုအပြုံးမျက်နှာလေးကြောင့်
ပျောက်ဆုံးနေသည့်ယုံကြည်ချက်များမှာ သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်လာသကဲ့သို့ ခံစားလိုက်ရသည် ။

ပေါင်ပေ့က သူ့လက်ကိုညင်သာစွာလွှတ်ပြီးမှ အောက်သို့ချထားသည့်အိတ်ထုပ်များကို ကောက်ယူလိုက်သည် ။

" ကိုယ့်ကို တစ်အိတ်ပေးလေ "

" ကျွန်တော်နိုင်ပါတယ် "

ထိုစကားနှင့်အတူ အိတ်ထုပ်များကိုလည်း သည်အတိုင်းကိုင်ထားလျက်ဖြင့် လက်မောင်းကြွက်သားများကိုညှစ်ပြလာသည့် ပေါင်ပေ့ကြောင့် သူ့မျက်နှာမှာ မဲ့ကျသွားရသည် ။

" လာကြွားနေတာပေါ့ "

" အရှိကိုအရှိတိုင်းပြတာပါ "

" ဘယ်လိုပဲဖြစ်ဖြစ်ကြွားတာပဲလေ "

" ကြွားတယ်လို့အထင်ခံရမှတော့ ထင့်ကိုပါ တစ်ခါတည်းချီသွားရမလား "

ပြုံးစစမျက်နှာ ၊ ရယ်သံစွက်နေသည့်စကားသံ ၊ အိတ်နှစ်အိတ်ကို လက်နှစ်ဖက်ဖြင့်ကိုင်ဆွဲထားသည့် ထိုအမျိုးသားလေးကို ဆတက်ထမ်းပိုးချစ်ရပါသည် ။

" စတာပါ ထင်ရဲ့ ၊ ကျွန်တော်က ထင့်ကိုစလိုက်တာပါ ၊ ကဲ...ကဲ...သွားကြမယ်...သွားကြမယ် "

ရှေ့မှဦးဆောင်လျှောက်သွားသည့် ပေါင်ပေ့၏နောက်ကျောပြင်ကို ကြည့်နေပြီးမှ သက်ပြင်းရှည်ကြီးကို ဟင်းခနဲ အသံထွက်အောင်ချမိကာ ငြိမ်သက်နေသောခြေထောက်များကိုလည်း အသက်သွင်းလိုက်ရသည် ။ ထိုအချိန် ပေါင်ပေ့က ခဏရပ်ပြီး နောက်ဘက်ကို ခေါင်းစောင်းကြည့်လာသဖြင့် ပုံမှန်လျှောက်နေရာမှ ခြေလှမ်းများကိုမြန်ပစ်ကာ ပေါင်ပေ့အနားကို အပြေးတစ်ပိုင်းသွားမိ၏ ။

" ဟယ်...လာကြပြီ "

ရှေ့ဘက်မှ ဝမ်းသာအားရထွက်လာသည့်အသံကြောင့် နှစ်ယောက်လုံး၏အကြည့်မှာ အိမ်တံခါးဆီကိုရောက်သွားကြသည် ။ အချိန်ကာလမှာ မား၏နုပျိုမှုကို တိုက်ခိုက်နိုင်ခြင်းမရှိသည့်ပုံ ။ ယခင်အတိုင်း နုပျိုသွက်လက်နေဆဲ မားက သူတို့နှစ်ယောက်ရပ်နေသည့်နေရာသို့ လျှောက်လာပုံမှာ ပေါ့ပေါ့ပါးပါး ။ ထို့နောက် မားက သူ့ရှေ့တည့်တည့်တွင်ရပ်ပြီးတော့ သူ့မျက်နှာကို မော့ကြည့်လာ၏ ။

" နေကောင်းတယ်နော် အစ််မ "

" ကောင်းတယ်...ကောင်းတယ်...ထင် ၊ ထင်ကော နေကောင်းရဲ့လား ၊ အစ်မမျက်လုံးထဲမှာ ထင် နညျးနညျးပိနျသှားလားလျို့ "

" ဟုတ်တယ်...အစ်မ ၊ ကျွန်တော် ပိန်သွားတာ "

" မား...ကျွန်တော့်ကော မြင်ရဲ့လား "

" အံမယ်...တော်တော်တတ်... မတွေ့ရှိမလား...ရှေ့တင်ရပ်နေတာကို တွေ့တာပေါ့ ၊ ထင်နဲ့က အခုမှတွေ့ရလို့ နှုတ်ဆက်စကားပြောရတာလေ "

နှာခေါင်းလေးရှုံ့ ၊ မျက်နှာလေးမဲ့ပြီးပြောနေသော်လည်း မား၏မျက်လုံးများမှာတော့ ကြည်ကြည်လင်လင် ။

" ဟုတ်ကဲ့ပါ...ဟုတ်ကဲ့ပါ...ကျွန်တော်က မားကိုစလိုက်တာပါဗျာ "

" သိပါတယ်ရှင် "

" ပါးကော မား "

"ပေါင်ပေ့တို့ကို စောင့်နေတယ်လေ ၊ မားက ပေါင်ပေ့တို့မလာသေးလို့ ထွက်ကြည့်လိုက်တာ ၊ ဒါနဲ့...အထုပ်ကနှစ်ထုပ်ပဲလား "

" ထင် လိုမဲ့ပစ္စည်းလေးတွေပဲ ကျွန်တော် ထည့်လာလို့ မား "

ထိုအခါ မားက ခေါင်းကိုထပ်ကာထပ်ကာညိတ်ပြီး သူ့ကိုမျက်စောင်းထိုး၍

" သက်ကောင်းလူက ဒါမျိုးလဲရသားပဲ "

ဟု မထိတထိစကားဆို၏ ။

ပေါင်ပေ့ဆီမှ ထွက်ပေါ်လာသည့် ရယ်သံသဲ့သဲ့ ။ မားက ပေါင်ပေ့ကို မေးငေါ့လိုက်ကာ

" သူက ထင့်ကို တော်တော်အကဲပိုနေတာ "

ဟု ဆိုလာသည့်အခါ ကြည်နူးရပြန်၏ ။ ပေါင်ပေ့ကို ကြည့်မိသည့်အခါ ပေါင်ပေ့ကလည်း သူ့ကိုပြုံးပြုံးလေးပြန်ကြည့်လာသည် ။ စကားများများပြောစရာမလိုဘဲ အကြည့်တစ်ချက် ၊ အပြုံးတစ်ပွင့်နှင့်ပင် ခစြျခွငျး၏အနကျအဓိပ်ပါယျကိုသိရှိရ၏ ။ ထိုအချိန် မားဆီမှ ထွက်လာသည့် ချောင်းဟန့်သံကြောင့် နှစ်ယောက်သား အကြည့်များကိုရုပ်သိမ်းလိုက်ရသည် ။

" ကဲ...ကဲ...အိမ်ထဲသွားကြရအောင်လေ ၊ အပြင်မှာနေပူတယ် "

မားကပင်ဦးဆောင်၍ အိမ်ထဲသို့ ဝင်သွားလေသည် ။ ပေါင်ပေ့၏အိမ်လေးမှာ နဂိုအတိုင်းလေးတည်ရှိနေဆဲ ။ ပေါင်ပေ့လည်း အိမ်ထဲသို့ဝင်သွားသော်လည်း သူကတော့ အိမ်ပြင်ဘက်တွင်သာ အတောင့်သားရပ်နေမိသည် ။ မားက သူ့ကို လှည့်ကြည့်လာပြီး မျက်မှောင်ကုတ်၏ ။

" လာလေ...ထင်ရဲ့ "

ဆိုပြီး ပြောလာသည့် မားကြောင့် ရှိသမျှခွန်အားများကိုစုစည်းပြီး အိမ်ထဲဝင်လိုက်ချိန်

" ပါးရေ...ပေါင်ပေ့တို့လာပြီနော် "

မား၏စကားကြောင့် သူ့ခြေလှမ်းများမှာ တုံ့ခနဲရပ်သွားကာ မျက်လုံးများမှာလည်း အိမ်ထဲအနှံ့ဝေ့ဝဲကြည့်မိသည် ။ ထိုအချိန် မီးဖိုခန်းကိုကာထားသောခန်းဆီးမှာလှုပ်ခါသွားပြီး ရှေ့ဘက်ကိုထွက်လာသည့်ပါး၏မျက်လုံးများမှာ သူ့ထံသို့ တန်းတန်းမတ်မတ်ရောက်ရှိလာ၏ ။ အနည်းငယ်စူးရှနေသည့်အကြည့်ကြောင့် တံတွေးတစ်ချက်မျိုချပြီးမှ မချိသွားဖြဲရယ်ပြမိသော်လည်း ပါးက ဆတ်ခနဲအကြည့်လွှဲသွားလေသည် ။

" ထင် ခဏထိုင်နေအုံးနော် ၊ ကျွန်တော် အိတ်တွေသွားထားလိုက်အုံးမယ် "

ခေါင်းညိတ်ပြရမလို ၊ ခေါင်းခါပြရမလို အခြေအနေပင် ။ သူ ပေါင်ပေ့ကို မျက်စိသူငယ်နားသူငယ်ဖြင့်သာ ကြည့်နေမိ၏ ။ ပေါင်ပေ့ သူ့အနားတွင်မရှိလည်း မားရှိနေ၍တော်သေးသည်ဟု တွေးမိချိန်

" အဲဒါဆိုရင် မားလဲ ဟင်းတွေနွှေးလိုက်အုံးမယ် "

ဆိုပြီး ပြောလာသည့် မားကြောင့် သူ့မျှော်လင့်ချက်များမှာ သဲထဲရေသွန် ။ မီးဖိုခန်းထဲဝင်သွားသည့်မားနှင့် အိမ်အပေါ်ထပ်ကိုတက်သွားသည့်ပေါင်ပေ့၏ နောက်ကျောပြင်များကို အားငယ်စွာလိုက်ကြည့်မိ၏ ။

မသိသည့်သူဆိုလျှင် သူ့ကို လူဆိုးကြီးဟု ထင်မြင်လိမ့်မည် ။ သင်း၏မျက်နှာထားက ယခုပင် ငိုချတော့မည့်ကလေးတစ်ယောက်၏ပုံသဏ္ဍာန်မျိုး ။ မားနှင့်ကျတော့ အဆင်ပြေပြီး သူနှင့်ဆိုလျှင်ဖြင့် မျက်နှာထားက မတူတော့ပေ ။ ယခုလည်း လက်သီးနှစ်ဖက်လုံးကိုဆုပ်ပြီး မျက်နှာငယ်ဖြင့် အတောင့်သားရပ်နေပြန်သည် ။

" မထိုင်ဘဲ ဘာလုပ်နေတာလဲ "

ခဏကြောင်သွားပြီးမှ ခေါင်းကို ကပျာကယာညိတ်မိပြီး အနီးစပ်ဆုံးရှိနေသောခုံတွင်ထိုင်လိုက်၏ ။ သိပ်မကြာခင် ပါးကလည်း မျက်နှာချင်းဆိုင်ရှိခုံတွင် လာထိုင်လေသည် ။ စကားစပြီးပြောမည်ပြင်လိုက် ပါး၏မျက်နှာကိုကြည့်ပြီး ပြောမည့်စကားများမှာမေ့သွားလိုက်ဖြင့်
သံသရာလည်လျက် ။ တတ်နိုင်လျှင် မားရှိနေသည့်မီးဖိုထဲကိုဖြစ်ဖြစ် ၊ ပေါင်ပေ့ရှိနေသည့် အပေါ်ထပ်ကိုဖြစ်ဖြစ် ပြေးသွားချင်ပါသည် ။ ယခုတော့ သူ့မှာ ဘေးကျပ်နံကျပ် ။

ကိုယ့်အနားကို မြန်မြန်လာပါတော့ ပေါင်ပေ့...။

Note
မနက်ဖြန်ကျရင် episode 57ရဲ့ part2ကို ထပ်တင်ပေးပါမယ် ။

30/10/2022
31/10/2022မှာ ပြန်တွေ့ကြမယ်
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
ခင်လေးဉာဏ်

Zawgyi

ဖန္ေရကရားထဲမွ ေရမ်ားမွာ တျဖည္းျဖည္းနည္းလာ၏ ။ ထို႔အတူ ဦးေက်ာ္ဝင္း၏မ်က္လုံးအစုံမွာလည္း အိမ္ေပါက္ဝကိုသာ စူးစိုက္ၾကည့္လ်က္ ။ အေၾကာင္းရင္းမရွိဘဲ လက္ေခ်ာင္းမ်ားကိုလည္း အသံျမည္ေအာင္ခ်ိဳးေနမိကာ စားပြဲေအာက္ရွိေျခေထာက္ႏွစ္ေခ်ာင္းလုံးမွာလည္း တလႈပ္လႈပ္ ။ နံရံကပ္ပန္ကာကိုဖြင့္ထားေသာ္လည္း ခႏၶာကိုယ္တြင္ ေခြၽးအနည္းငယ္ထြက္ေနခဲ့၏ ။

" ဟယ္...ပါး...ေရေတြေသာက္လွေခ်လား "

ေဘးဘက္မွထြက္လာသည့္ မား၏အသံ ။ ထိုအခါမွ မား သူ႕ေဘးဘက္သို႔ေရာက္ေနမွန္းကို သတိထားမိကာ မလုံမလဲျဖစ္သြားရသည္ ။ နဖူးထက္ရွိေခြၽးမ်ားကို ညာဘက္လက္ဖ်ံျဖင့္သုတ္ၿပီးမွ

" ရာသီဥတုပူေနေတာ့ ေရဆာလို႔ပါ "

ဟု ေျဖလိုက္ေတာ့ မားက မယုံၾကည္သည့္မ်က္ႏွာထားျဖင့္ စိုက္ၾကည့္ေန၏ ။

" ဟုတ္လို႔လား ပါးရဲ႕...စိတ္လႈပ္ရွားေနလို႔ ေရေတြခ်ည္းလိမ့္ေသာက္ေနတာ မဟုတ္ဘူးလား "

" စိတ္လႈပ္ရွားလို႔...ပါးက ဘာကိုစိတ္လႈပ္ရွားရမွာလဲ "

" ထင္နဲ႕ေတြ႕ရမွာဆိုေတာ့ ပါးမ်ားစိတ္လႈပ္ရွားေနလားလို႔ပါ "

" မလႈပ္ရွားပါဘူး "

ခပ္တည္တည္မ်က္ႏွာထားျဖင့္ျငင္းဆန္ေနသည့္ ဦးေက်ာ္ဝင္းကိုၾကည့္၍ ေဒၚသက္ထားေဆြ၏မ်က္ႏွာထက္တြင္ အၿပဳံးပါးပါးေလးျဖစ္ထြန္းလာေလသည္ ။ သိသာေနေသာ္လည္း ဇြတ္အတင္းျငင္းဆန္ေနသည္မွာ တူးတူးခါးခါး ။

မ်က္ႏွာခ်င္းဆိုင္ရွိခုံတြင္ထိုင္ခ်လိဳက္ေတာ့ ပါးက သူ႕ကို မ်က္လုံးေဝ့ၾကည့္လာေလသည္ ။

" ထမင္းစားလိုက္ေတာ့မလား "

" မစားခ်င္ေသးဘူး မား "

" ထင့္ကို ေစာင့္ဖို႔လား "

" ပါးက သူ႕ကို ဘာျဖစ္လို႔ေစာင့္ရမွာလဲ "

" ဟုတ္ပါၿပီ...ဟုတ္ပါၿပီရွင္ ၊ မေစာင့္ဘူးဆိုလဲ မေစာင့္ဘူးေပါ့ "

" လုံးဝမေစာင့္ဘူး "

လ်င္ျမန္စြာျဖင့္ထြက္လာသည့္စကားႏွင့္အတူ မ်က္ႏွာထားကလည္း ရႈံ႕ရႈံ႕မဲ့မဲ့ ။ ထို႔ေနာက္ ပါးက  စားပြဲ၏မ်က္ႏွာျပင္ကို လက္ညွိုးထိပ္ေလးျဖင့္ ျဖည္းညင္းစြာ ပြတ္ဆြဲေနၿပီးမွ သက္ျပင္းတစ္ခ်က္ခ်ပစ္၏ ။ ပါးက ေနာက္ဆုံးလက္က်န္မာနေလးကို
ထိန္းသိမ္းထားခ်င္သည့္ပုံ ။

" ပါး "

" ဟင္ "

" ထင့္ကိုေတာ့ျပသနာမရွာဘူးမို႔လား "

" အခ်ိဳးမေျပရင္ေတာ့ ေျပာစရာရွိတာေျပာရမွာပဲ "

" ကေလးေတြမွမဟုတ္ၾကတာ ၊ ေနရာတကာေတာ့ လိုက္ေျပာလို႔ ဘယ္ျဖစ္ပါ့မလဲကြယ္ "

" အဲဒါဆိုရင္ လူႀကီးေတြေရွ႕ အခ်ိဳးေျပေျပေနၾကေလ ၊ လူျမင္မေကာင္းေအာင္ေနၾကရင္ေတာ့ ေျပာမွာပဲ "

ပါးက သူ႕မ်က္လုံးထဲတြင္ သိပ္ခ်စ္စရာေကာင္းလွပါသည္ ။ ပါးကိုသိပ္ခ်စ္ေသာေၾကာင့္ ေမြးလာသည့္ကေလးကလည္း ပါးႏွင့္ခြၽတ္စြပ္ ။ ႐ုပ္ရည္လည္းတူသကဲ့သို႔ အက်င့္စရိုက္လည္း အေတာ္ေလးတူၾကသည့္ သားအဖႏွစ္ေယာက္က လူတစ္ေယာက္ကို ႏွစ္ႏွစ္ကာကာခ်စ္ပုံမွာလည္း တူညီၾကျပန္သည္ ။

" ပါးကလဲကြယ္ "

ဟု ေလသံေပ်ာ့ေပ်ာ့ျဖင့္ ေျပာလာသည့္ မားေၾကာင့္ သူ႕မ်က္ႏွာထားကို အနည္းငယ္ေပ်ာ့လိုက္ရ၏ ။
သူကသာ စိတ္ထဲ တစ္မ်ိဳးခံစားေနရေသာ္လည္း မားကေတာ့ အင္မတန္တက္ႂကြေနကာ ေပ်ာ္ေပ်ာ္ပါးပါးေပ ။ အစကတည္းက မား၏စိတ္မွာ အလက္ဇန္းဒါးထင္ဘက္ကို ခပ္ယိုင္ယိုင္ ။ သူကေတာ့ ယခုထိ စိတ္ထဲ မေျပလည္ေသးေပ ။

" ေအးပါ...ေအးပါကြာ... ပါး အတတ္နိုင္ဆုံးသည္းခံေပးမယ္...ဟုတ္ၿပီလား ၊ မားေၾကာင့္ေနာ္...မားကို ပါးသိပ္ခ်စ္လို႔ သည္းခံေပးမွာ "

ထိုအခါမွ မား၏မ်က္ႏွာေလးက ၾကည္လင္သြားကာ ေခါင္းကိုလည္းထပ္တလဲလဲညိတ္ျပ၏ ။

" သူတို႔ႏွစ္ေယာက္လဲ ဒီမွာခဏပဲေနခ်ိန္ရမွာပါ ပါးရယ္ ၊ ေနတုန္းေနခိုက္ေလး မားတို႔က မိဘဝတၱရားေက်ရမွာေပါ့...မားေျပာတာ မဟုတ္ဘူးလား "

" ... "

" ပါး ထင့္အေပၚကို အခုထိအျမင္မၾကည္ေသးဘူးဆိုတာ မားသိပါတယ္ ၊ ဒါေပမဲ့ ပါးရယ္ ထင္က သနားစရာေကာင္းတဲ့လူတစ္ေယာက္ပါ ၊ ပါးတို႔မားတို႔က ထင့္လိုမ်ိဳး မခ်မ္းသာေပမဲ့ ခ်စ္ေပးတဲ့မိသားစုေတြရွိၾကတယ္ ၊ ထင္ကေတာ့ တစ္ေယာက္တည္းအထီးက်န္ၿပီးေနခဲ့ရတာ ၊ ကေလးဘဝကတည္းက အနိုင္က်င့္ခံၿပီးေနခဲ့ရတဲ့ ထင့္ကို မားကေတာ့ သနားတယ္ "

" ... "

" ပါးလဲ ထင့္ကို သိပ္မမုန္းေတာ့ဘူးဆိုတာ မားသိပါတယ္ ၊ ပါး ထင့္ကိုမုန္းေနရင္ အိမ္မွာလာေနဖို႔ ဘယ္ခြင့္ေပးပါ့မလဲေနာ္ "

" ေပါင္ေပ့ေၾကာင့္ ခြင့္ျပဳလိုက္တာ "

တိုျပတ္စြာထြက္လာသည့္ စကားႏွင့္အတူ ပါး၏မ်က္ခုံးမ်ားမွာ တြန့္ေကြးသြားၿပီးမွ သူ႕ကိုလည္း မ်က္လုံးလွန္ၾကည့္လာသည္ ။

" မား သိတာေပါ့ကြယ္ ၊ ပါး ေပါင္ေပ့ကိုသိပ္ခ်စ္လို႔ဆိုတာ မားသိတာေပါ့ "

" ပါးေလ အခုထိ မယုံမရဲျဖစ္ေနတုန္းပဲ ၊ ဒီေလာက္ေအးတဲ့ကေလး...လူေတြနဲ႕မဆက္ဆံခ်င္တဲ့ကေလးက အခုလိုမ်ိဳးေျပာင္းလဲသြားတာကို မယုံခ်င္ဘူး ၊ ပိုဆိုးတာက သူစိမ္းတစ္ေယာက္ေၾကာင့္ ေႁမြအေရခြံခြၽတ္လိုက္သလိုမ်ိဳးျဖစ္သြားတာကို ပိုစိတ္မေကာင္းျဖစ္တာ "

" ေကာင္းတဲ့ေျပာင္းလဲျခင္းပါ ပါးရယ္ ၊ မားတို႔မရွိေတာ့ရင္ေတာင္ ေပါင္ေပ့က သူ႕ဘာသာသူရပ္တည္နိုင္သြားၿပီေလ ၊ မားတို႔လိုခ်င္တာလဲ အဲဒါပဲမဟုတ္ဘူးလား ပါး "

" ဒါေပမဲ့ မားရဲ႕သားက ပါးတို႔ကို ထားခဲ့ေတာ့မွာေလ ၊ သူစိမ္းတစ္ေယာက္ေၾကာင့္ ပါးတို႔ကိုထားၿပီး
အေဝးကိုထြက္သြားေတာ့မွာ "

" အို...မဟုတ္တာ ၊ ေပါင္ေပ့က မားတို႔ကို မထားခဲ့ပါဘူးေနာ္ ၊ အခုေလာေလာဆယ္ ခဏေလးခြဲေနၾကတာပါ ၊ တစ္ခ်ိန္ခ်ိန္က်ရင္ မားတို႔က ေပါင္ေပ့ဆီကိုလိုက္သြားမွာပဲေလ ၊ ခဏတစ္ျဖဳတ္ေလးခြဲေနရတာပါ ပါးရဲ႕ "

သူမည္သည့္စကားကိုဆိုဆို မားက ေရွ႕ေနလိုက္ၿပီးသားျဖစ္ေနေသာေၾကာင့္ ေျပာစရာစကားရွာမေတြ႕ေတာ့ေပ ။ အတိုက္အခံလည္း ေျပာခ်င္စိတ္မရွိေသာေၾကာင့္ သည္အတိုင္းေရငုံႏႈတ္ပိတ္ေနမိခ်ိန္ သူ႕လက္ကိုအုပ္မိုးၿပီးကိုင္လာသည့္ မား၏လက္ေလးေၾကာင့္ သူ႕အၾကည့္မွာ မားဆီသို႔ေရာက္သြားရသည္ ။ သူ႕မ်က္ႏွာကို ေသေသခ်ာခ်ာစိုက္ၾကည့္ေနသည့္ မား၏မ်က္လုံးထဲတြင္ မ်က္ရည္အခ်ိဳ႕ရွိေနသည္ကို ျမင္ရေတာ့ ရင္ထဲတြင္ထိတ္ခနဲ ။

" ဘာ...ဘာျဖစ္လို႔လဲ...မား "

အလန့္တၾကားေမးမိေတာ့ မားက ေခါင္းကိုညင္သာစြာခါၿပီးမွ

" ပါးနဲ႕ေတြ႕ဆုံခြင့္ေပးတဲ့ကံၾကမၼာကို မား ေက်းဇူးတင္လြန္းလို႔ပါ ၊ မားေလ ဘယ္တုံးကမွ ပါးေၾကာင့္စိတ္မညစ္ခဲ့ရဘူး ၊ ပါးက မားနဲ႕ေပါင္ေပ့ရဲ႕အေပၚမွာ တာဝန္ေက်တာထက္ပိုေနပါၿပီ ၊ ေပါင္ေပ့ရဲ႕စိတ္ဓာတ္က ပါးနဲ႕တူတာ...သိလား ၊ ခ်စ္ရတဲ့လူအတြက္ဆိုရင္ ဘာပဲျဖစ္ျဖစ္စြန့္လႊတ္မယ္ဆိုတဲ့စိတ္က ပါးဆီမွာလဲရွိတယ္...ေပါင္ေပ့ဆီမွာလဲရွိတယ္ "

" ပါးအတြက္လဲ မားက ႏွစ္ေယာက္မရွိတဲ့သူပါ ၊ ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ ပါးရဲ႕ေဘးဘက္မွာ အၿမဲေနေပးတဲ့မားေၾကာင့္သာ ပါးအခုထိ ရပ်တည်နေန်ိုင်တာ ၊ မားေၾကာင့္သာမဟုတ္ရင္ အခက္အခဲအႀကီးႀကီးကို ပါး ေက်ာ္လႊားနိုင္ခဲ့မွာမဟုတ္ဘူး ၊ မလြယ္ခဲ့ဘူး မား...ေပါင္ေပ့နဲ႕အလက္ဇန္းဒါးထင္ကို လက္ခံသေဘာတူေပးလိုက္ဖို႔ ပါး အမ်ားႀကီးျပင္ဆင္ခဲ့ရတာ "

" မား သိတာေပါ့ ၊ ပါးရဲ႕စိတ္ခံစားခ်က္ေတြကို မား နားလည္တယ္ "

ပါး၏မ်က္ႏွာျပင္မွာ တျဖည္းျဖည္းနီလာကာ မ်က္ေတာင္မ်ားကိုလည္း တဖ်တ္ဖ်တ္ခတ္ေနျပန္သည္ ။ မငိုမိေအာင္ထိန္းခ်ဳပ္ထားသည့္ ပါး၏အသြင္အျပင္ေၾကာင့္ သူပါ ငိုခ်င္လာ၏ ။

" ပါး သူ႕ကို သားတစ္ေယာက္လိုမ်ိဳး သေဘာမထားနိုင္ဘူး "

" ေပါင္ေပ့ခ်စ္တဲ့လူတစ္ေယာက္လို႔ပဲ သေဘာထားလိုက္ပါ ပါး ၊ မားလဲ ထင့္ကို ေမာင္တစ္ေယာက္လိုမ်ိဳးပဲ သေဘာထားထားတာ ၊ တကယ္တမ္းက်ေတာ့ သားလိုမ်ိဳး...သမီးလိုမ်ိဳး သေဘာထားပါတယ္ဆိုတာ နားေထာင္ေကာင္း႐ုံသက္သက္ေျပာၾကတာပါ ၊ ဘယ္သူကမွ သူစိမ္းတစ္ေယာက္ကို သားရင္းသမီးရင္းလိုမ်ိဳး မခ်စ္နိုင္ၾကပါဘူး ၊ ချစ်န်ိုင်တယ်ဆိုအုံးတော့ အသက္ေဘးအႏၱရာယ္နဲ႕ရင္ဆိုင္လာတဲ့အခါ မိဘေတြရဲ႕လက္က သားရင္းသမီးရင္းဆီကိုပဲ ကမ္းၾကတာေလ ၊ အဲဒီအတြက္ ပါး ဘာမွစိတ္မေကာင္းမျဖစ္နဲ႕ ၊ ပါးရဲ႕စိတ္ကိုလဲ ဇြတ္ႀကီးဖိအားမေပးပါနဲ႕ေနာ္ ၊ ထင့္ကို ေကာင္းေကာင္းမြန္မြန္ပဲ ဆက္ဆံေပးလိုက္ပါ "

" အင္း "

အိမ္ထဲတြင္စကားေျပာသံမ်ားျပန္လည္၍ တိတ္ဆိတ္သြားၿပီး ပန္ကာမွထြက္ေပၚေနသည့္ တဝီဝီအသံႏွင့္ နာရီမွထြက္ေပၚေနသည့္ တေခ်ာက္ေခ်ာက္ျမည္သံကိုသာ အတိုင္းသားၾကားေနရသည္ ။

မိနစ္ႏွစ္ဆယ္ခန့္ၾကာခ်ိန္

ထင္က ကားအနားတြင္ ေတာင့္ေတာင့္ႀကီးရပ္ေနၿပီး မ်က္လုံးမ်ားမွာလည္း သူ႕အိမ္တံခါးဆီကိုသာ စူးစိုက္ၾကည့္ေန၏ ။ ေက်ာက္႐ုပ္ကဲ့သို႔ၿငိမ္သက္ေနသည့္ ထင့္ပုံစံေၾကာင့္ အနည္းငယ္ေတာ့ စိတ္မေကာင္းျဖစ္သြားရ၏ ။ ထင္က သူ႕စိတ္မေကာင္းျဖစ္မည္ကိုစိုးရိမ္ၿပီး သူ႕အိမ္သို႔လိုက္ေနေပးျခင္းျဖစ္ေၾကာင္း ထင္ မေျပာလည္း သူသိပါသည္ ။

" ထင္ "

" ဟင္ "

" စိတ္ပူေနတာလား "

" နည္းနည္းပါ "

ထင္က ေလပူတစ္ခ်က္ကိုမႈတ္ထုတ္ၿပီးမွ နဖူးထက္သို႔ဝဲက်ေနသည့္ဆံပင္မ်ားကို ေနာက္ဘက္သို႔သပ္တင္ပစ္၏ ။

" ထင့္အနားမွာ ကြၽန္ေတာ္ရွိေနမွာေနာ္ "

" အင္း "

" ထင္ စားခ်င္တာေတြကိုေျပာ...ကြၽန္ေတာ္အကုန္ခ်က္ေကြၽးမယ္ "

" အင္း "

" ကြၽန္ေတာ့္အိမ္ကက်ဥ္းေတာ့ ထင္ နည္းနည္းေတာ့ အေနခက္လိမ့္မယ္ "

" ကိုယ္ ေနတတ္ပါတယ္ ေပါင္ေပ့ "

ထင္က သူ႕ကို ႏႈတ္ခမ္းတြန့္႐ုံေလးၿပဳံးျပလာသည္ ။ ထ်ိုအပြုံးလေးကြောင့် ေနမင္းႀကီး၏အပူခ်ိန္က ထင္သေလာက္ မပူေတာ့ေပ ။ သူၾကည့္ေနမွန္းလည္းသိေရာ ထင္က မ်က္လုံးေဝ့ၾကည့္လာ၏ ။

" ကိုယ္ဝတ္ထားတာ အဆင္ေကာေျပရဲ႕လား "

" ေျပပါတယ္ ထင္ရဲ႕ ၊ ထင္က ဘာပဲဝတ္ဝတ္ၾကည့္ေကာင္းတာပဲကို "

" ကိုယ္ ဝတ္ထားတာကို ပါး သေဘာက်ပါ့မလားလို႔ စိတ္ပူေနတာကြာ ၊ လူႀကီးေတြမ်က္လုံးထဲအဆင္ေျပေအာင္ အရိုးဆုံးကိုေတာ့ ေ႐ြးဝတ္လာတာပဲ "

တကယ္လည္း ရိုးစင္းလွသည့္ အဝတ္အစားကိုသာ တမင္ဝတ္လာျခင္းျဖစ္၏ ။ လည္ကတုံးအကၤ်ီအျဖဴႏွင့္ ေဘာင္းဘီအနက္ေရာင္ကိုသာ ဝတ္လာေသာ္လည္း တစ္ခုခုအျမင္မေတာ္ျဖစ္ေနမည္ကို ေတြးေၾကာက္မိပါသည္ ။

ေပါင္ေပ့က သူ႕ခႏၶာကိုယ္ကို အထက္ေအာက္အစုန္အဆန္ၾကည့္ၿပီးမွ အၿပဳံးမ်က္ႏွာျဖင့္ ေခါင္းကိုဆတ္ခနဲညိတ္ျပလာကာ

" ၾကည့္ေကာင္းတယ္ "

ဟု ေျပာလာမွ အနည္းငယ္စိတ္ေအးရပါသည္ ။ ထို႔ေနာက္ ေပါင္ေပ့က ကားေနာက္ခန္းထဲရွိ အိတ္ႏွစ္ထုပ္ကိုခ်လိဳက္ကာ တစ္ေယာက္မ်က္ႏွာကိုတစ္ေယာက္ စကၠန့္အနည္းငယ္ၾကာေအာင္ၾကည့္ေနမိၾကသည္ ။

" ကြၽန္ေတာ္တို႔ အိမ္ထဲဝင္ၾကေတာ့မလား ထင္ "

" အင္း...သြားၾကတာေပါ့ "

သူ႕အသံမွာ ခပ္ေပ်ာ့ေပ်ာ့ ။ ထိုအခ်ိန္ သူ႕လက္ထက္ကိုေရာက္ရွိလာသည့္ႏြေးေထြးမႈ ။ ေပါင္ေပ့က သူ႕လက္ကိုခပ္တင္းတင္းဆုပ္ကိုင္ထားၿပီးမွ ႏြေးႏြေးေထြးေထြးလည္းၿပဳံးျပျပန္သည္ ။ ထိုအခ်ိန္ခဏေလးတြင္ စိုးရိမ္စိတ္မ်ားမွာ အေဝးသို႔လြင့္စင္သြား၏ ။ ထိုအၿပဳံးမ်က္ႏွာေလးေၾကာင့္
ေပ်ာက္ဆုံးေနသည့္ယုံၾကည္ခ်က္မ်ားမွာ သူ႕ခႏၶာကိုယ္ထဲ ျပန္ဝင္လာသကဲ့သို႔ ခံစားလိုက္ရသည္ ။

ေပါင္ေပ့က သူ႕လက္ကိုညင္သာစြာလႊတ္ၿပီးမွ ေအာက္သို႔ခ်ထားသည့္အိတ္ထုပ္မ်ားကို ေကာက္ယူလိုက္သည္ ။

" ကိုယ့္ကို တစ္အိတ္ေပးေလ "

" ကြၽန္ေတာ္နိုင္ပါတယ္ "

ထိုစကားႏွင့္အတူ အိတ္ထုပ္မ်ားကိုလည္း သည္အတိုင္းကိုင္ထားလ်က္ျဖင့္ လက္ေမာင္းႂကြက္သားမ်ားကိုညွစ္ျပလာသည့္ ေပါင္ေပ့ေၾကာင့္ သူ႕မ်က္ႏွာမွာ မဲ့က်သြားရသည္ ။

" လာႂကြားေနတာေပါ့ "

" အရွိကိုအရွိတိုင္းျပတာပါ "

" ဘယ္လိုပဲျဖစ္ျဖစ္ႂကြားတာပဲေလ "

" ႂကြားတယ္လို႔အထင္ခံရမွေတာ့ ထင့္ကိုပါ တစ္ခါတည္းခ်ီသြားရမလား "

ၿပဳံးစစမ်က္ႏွာ ၊ ရယ္သံစြက္ေနသည့္စကားသံ ၊ အိတ္ႏွစ္အိတ္ကို လက္ႏွစ္ဖက္ျဖင့္ကိုင္ဆြဲထားသည့္ ထိုအမ်ိဳးသားေလးကို ဆတက္ထမ္းပိုးခ်စ္ရပါသည္ ။

" စတာပါ ထင္ရဲ႕ ၊ ကြၽန္ေတာ္က ထင့္ကိုစလိုက္တာပါ ၊ ကဲ...ကဲ...သြားၾကမယ္...သြားၾကမယ္ "

ေရွ႕မွဦးေဆာင္ေလွ်ာက္သြားသည့္ ေပါင္ေပ့၏ေနာက္ေက်ာျပင္ကို ၾကည့္ေနၿပီးမွ သက္ျပင္းရွည္ႀကီးကို ဟင္းခနဲ အသံထြက္ေအာင္ခ်မိကာ ၿငိမ္သက္ေနေသာေျခေထာက္မ်ားကိုလည္း အသက္သြင္းလိုက္ရသည္ ။ ထိုအခ်ိန္ ေပါင္ေပ့က ခဏရပ္ၿပီး ေနာက္ဘက္ကို ေခါင္းေစာင္းၾကည့္လာသျဖင့္ ပုံမွန္ေလွ်ာက္ေနရာမွ ေျခလွမ္းမ်ားကိုျမန္ပစ္ကာ ေပါင္ေပ့အနားကို အေျပးတစ္ပိုင္းသြားမိ၏ ။

" ဟယ္...လာၾကၿပီ "

ေရွ႕ဘက္မွ ဝမ္းသာအားရထြက္လာသည့္အသံေၾကာင့္ ႏွစ္ေယာက္လုံး၏အၾကည့္မွာ အိမ္တံခါးဆီကိုေရာက္သြားၾကသည္ ။ အခ်ိန္ကာလမွာ မား၏ႏုပ်ိဳမႈကို တိုက္ခိုက္နိုင္ျခင္းမရွိသည့္ပုံ ။ ယခင္အတိုင္း ႏုပ်ိဳသြက္လက္ေနဆဲ မားက သူတို႔ႏွစ္ေယာက္ရပ္ေနသည့္ေနရာသို႔ ေလွ်ာက္လာပုံမွာ ေပါ့ေပါ့ပါးပါး ။ ထို႔ေနာက္ မားက သူ႕ေရွ႕တည့္တည့္တြင္ရပ္ၿပီးေတာ့ သူ႕မ်က္ႏွာကို ေမာ့ၾကည့္လာ၏ ။

" ေနေကာင္းတယ္ေနာ္ အစ္္မ "

" ေကာင္းတယ္...ေကာင္းတယ္...ထင္ ၊ ထင္ေကာ ေနေကာင္းရဲ႕လား ၊ အစ္မမ်က္လုံးထဲမွာ ထင္ နည်းနည်းပိန်သွားလားလ်ို့ "

" ဟုတ္တယ္...အစ္မ ၊ ကြၽန္ေတာ္ ပိန္သြားတာ "

" မား...ကြၽန္ေတာ့္ေကာ ျမင္ရဲ႕လား "

" အံမယ္...ေတာ္ေတာ္တတ္... မေတြ႕ရွိမလား...ေရွ႕တင္ရပ္ေနတာကို ေတြ႕တာေပါ့ ၊ ထင္နဲ႕က အခုမွေတြ႕ရလို႔ ႏႈတ္ဆက္စကားေျပာရတာေလ "

ႏွာေခါင္းေလးရႈံ႕ ၊ မ်က္ႏွာေလးမဲ့ၿပီးေျပာေနေသာ္လည္း မား၏မ်က္လုံးမ်ားမွာေတာ့ ၾကည္ၾကည္လင္လင္ ။

" ဟုတ္ကဲ့ပါ...ဟုတ္ကဲ့ပါ...ကြၽန္ေတာ္က မားကိုစလိုက္တာပါဗ်ာ "

" သိပါတယ္ရွင္ "

" ပါးေကာ မား "

"ေပါင္ေပ့တို႔ကို ေစာင့္ေနတယ္ေလ ၊ မားက ေပါင္ေပ့တို႔မလာေသးလို႔ ထြက္ၾကည့္လိုက္တာ ၊ ဒါနဲ႕...အထုပ္ကႏွစ္ထုပ္ပဲလား "

" ထင္ လိုမဲ့ပစၥည္းေလးေတြပဲ ကြၽန္ေတာ္ ထည့္လာလို႔ မား "

ထိုအခါ မားက ေခါင္းကိုထပ္ကာထပ္ကာညိတ္ၿပီး သူ႕ကိုမ်က္ေစာင္းထိုး၍

" သက္ေကာင္းလူက ဒါမ်ိဳးလဲရသားပဲ "

ဟု မထိတထိစကားဆို၏ ။

ေပါင္ေပ့ဆီမွ ထြက္ေပၚလာသည့္ ရယ္သံသဲ့သဲ့ ။ မားက ေပါင္ေပ့ကို ေမးေငါ့လိုက္ကာ

" သူက ထင့္ကို ေတာ္ေတာ္အကဲပိုေနတာ "

ဟု ဆိုလာသည့္အခါ ၾကည္ႏူးရျပန္၏ ။ ေပါင္ေပ့ကို ၾကည့္မိသည့္အခါ ေပါင္ေပ့ကလည္း သူ႕ကိုၿပဳံးၿပဳံးေလးျပန္ၾကည့္လာသည္ ။ စကားမ်ားမ်ားေျပာစရာမလိုဘဲ အၾကည့္တစ္ခ်က္ ၊ အၿပဳံးတစ္ပြင့္ႏွင့္ပင္ ချစ်ခြင်း၏အနက်အဓိပ္ပါယ်ကိုသိရှိရ၏ ။ ထိုအခ်ိန္ မားဆီမွ ထြက္လာသည့္ ေခ်ာင္းဟန့္သံေၾကာင့္ ႏွစ္ေယာက္သား အၾကည့္မ်ားကို႐ုပ္သိမ္းလိုက္ရသည္ ။

" ကဲ...ကဲ...အိမ္ထဲသြားၾကရေအာင္ေလ ၊ အျပင္မွာေနပူတယ္ "

မားကပင္ဦးေဆာင္၍ အိမ္ထဲသို႔ ဝင္သြားေလသည္ ။ ေပါင္ေပ့၏အိမ္ေလးမွာ နဂိုအတိုင္းေလးတည္ရွိေနဆဲ ။ ေပါင္ေပ့လည္း အိမ္ထဲသို႔ဝင္သြားေသာ္လည္း သူကေတာ့ အိမ္ျပင္ဘက္တြင္သာ အေတာင့္သားရပ္ေနမိသည္ ။ မားက သူ႕ကို လွည့္ၾကည့္လာၿပီး မ်က္ေမွာင္ကုတ္၏ ။

" လာေလ...ထင္ရဲ႕ "

ဆိုၿပီး ေျပာလာသည့္ မားေၾကာင့္ ရွိသမွ်ခြန္အားမ်ားကိုစုစည္းၿပီး အိမ္ထဲဝင္လိုက္ခ်ိန္

" ပါးေရ...ေပါင္ေပ့တို႔လာၿပီေနာ္ "

မား၏စကားေၾကာင့္ သူ႕ေျခလွမ္းမ်ားမွာ တုံ႕ခနဲရပ္သြားကာ မ်က္လုံးမ်ားမွာလည္း အိမ္ထဲအႏွံ႕ေဝ့ဝဲၾကည့္မိသည္ ။ ထိုအခ်ိန္ မီးဖိုခန္းကိုကာထားေသာခန္းဆီးမွာလႈပ္ခါသြားၿပီး ေရွ႕ဘက္ကိုထြက္လာသည့္ပါး၏မ်က္လုံးမ်ားမွာ သူ႕ထံသို႔ တန္းတန္းမတ္မတ္ေရာက္ရွိလာ၏ ။ အနည္းငယ္စူးရွေနသည့္အၾကည့္ေၾကာင့္ တံေတြးတစ္ခ်က္မ်ိဳခ်ၿပီးမွ မခ်ိသြားၿဖဲရယ္ျပမိေသာ္လည္း ပါးက ဆတ္ခနဲအၾကည့္လႊဲသြားေလသည္ ။

" ထင္ ခဏထိုင္ေနအုံးေနာ္ ၊ ကြၽန္ေတာ္ အိတ္ေတြသြားထားလိုက္အုံးမယ္ "

ေခါင္းညိတ္ျပရမလို ၊ ေခါင္းခါျပရမလို အေျခအေနပင္ ။ သူ ေပါင္ေပ့ကို မ်က္စိသူငယ္နားသူငယ္ျဖင့္သာ ၾကည့္ေနမိ၏ ။ ေပါင္ေပ့ သူ႕အနားတြင္မရွိလည္း မားရွိေန၍ေတာ္ေသးသည္ဟု ေတြးမိခ်ိန္

" အဲဒါဆိုရင္ မားလဲ ဟင္းေတြႏႊေးလိုက္အုံးမယ္ "

ဆိုၿပီး ေျပာလာသည့္ မားေၾကာင့္ သူ႕ေမွ်ာ္လင့္ခ်က္မ်ားမွာ သဲထဲေရသြန္ ။ မီးဖိုခန္းထဲဝင္သြားသည့္မားႏွင့္ အိမ္အေပၚထပ္ကိုတက္သြားသည့္ေပါင္ေပ့၏ ေနာက္ေက်ာျပင္မ်ားကို အားငယ္စြာလိုက္ၾကည့္မိ၏ ။

မသိသည့္သူဆိုလွ်င္ သူ႕ကို လူဆိုးႀကီးဟု ထင္ျမင္လိမ့္မည္ ။ သင္း၏မ်က္ႏွာထားက ယခုပင္ ငိုခ်ေတာ့မည့္ကေလးတစ္ေယာက္၏ပုံသ႑ာန္မ်ိဳး ။ မားႏွင့္က်ေတာ့ အဆင္ေျပၿပီး သူႏွင့္ဆိုလွ်င္ျဖင့္ မ်က္ႏွာထားက မတူေတာ့ေပ ။ ယခုလည္း လက္သီးႏွစ္ဖက္လုံးကိုဆုပ္ၿပီး မ်က္ႏွာငယ္ျဖင့္ အေတာင့္သားရပ္ေနျပန္သည္ ။

" မထိုင္ဘဲ ဘာလုပ္ေနတာလဲ "

ခဏေၾကာင္သြားၿပီးမွ ေခါင္းကို ကပ်ာကယာညိတ္မိၿပီး အနီးစပ္ဆုံးရွိေနေသာခုံတြင္ထိုင္လိုက္၏ ။ သိပ္မၾကာခင္ ပါးကလည္း မ်က္ႏွာခ်င္းဆိုင္ရွိခုံတြင္ လာထိုင္ေလသည္ ။ စကားစၿပီးေျပာမည္ျပင္လိုက္ ပါး၏မ်က္ႏွာကိုၾကည့္ၿပီး ေျပာမည့္စကားမ်ားမွာေမ့သြားလိုက္ျဖင့္
သံသရာလည္လ်က္ ။ တတ္နိုင္လွ်င္ မားရွိေနသည့္မီးဖိုထဲကိုျဖစ္ျဖစ္ ၊ ေပါင္ေပ့ရွိေနသည့္ အေပၚထပ္ကိုျဖစ္ျဖစ္ ေျပးသြားခ်င္ပါသည္ ။ ယခုေတာ့ သူ႕မွာ ေဘးက်ပ္နံက်ပ္ ။

ကိုယ့္အနားကို ျမန္ျမန္လာပါေတာ့ ေပါင္ေပ့...။

Note
မနက္ျဖန္က်ရင္ episode 57ရဲ႕ part2ကို ထပ္တင္ေပးပါမယ္ ။

30/10/2022
31/10/2022မွာ ျပန္ေတြ႕ၾကမယ္
စိတ္ခ်မ္းသာ ကိုယ္က်န္းမာၾကပါေစ
ခင္ေလးဉာဏ္

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

378K 35.6K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
313K 6.8K 72
''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိ...
1.2M 63K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
112K 11.3K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...