ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ်...

By Wine-Y

200K 26.4K 1.9K

သုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့ More

အခန်း(၁၅၈) ဝမ်နျဲ့နျန်ရဲ့ အထက်တန်းကျောင်းတုန်းက ဒိုင်ယာရီ ပေါက်ကြားသွားခြင်း။
အခန်း(၁၅၉) အရူး ... ငါက မင်းကိုနာကျင်စေတဲ့သူ
အပိုင်း(၁၆၀) အမူးသမားယျန်ရှန်းက နျန်နျန်နဲ့ ပက်ပင်းတိုး ဆုံခဲ့တယ်။
အခန်း(၁၆၁)မင်းကိုယ်တိုင် ဒဏ်ရာရဖို့ တမင်သက်သက်လုပ်ခဲ့တာလား။
အခန်း(၁၆၁) ငါ တောင်းပန်ပါတယ်....
အခန်း(၁၆၂)
အခန်း(၁၆၃) ကုယျန်ရှန်းကြောင့် ဟိုတယ်ခန်းထဲ ပိတ်မိခဲ့တယ်။
အခန်း(၁၆၄) ညသန်းခေါင်ယံ၌ အခန်းထဲသို့ ခိုးဝင်ခဲ့ပြီး လူမိသွားတယ်။
အခန်း(၁၆၅) WE ကိုတွန်းလှဲပြီး အဝတ်တွေဆုတ်ဖြဲပစ်ခဲ့တယ်။
အခန်း(၁၆၆) ဘဝတစ်ခုလုံးစာပြန်ချစ်ဖို့ လူတစ်ယောက်ကို ချော့မြူချင်တယ်။
အခန်း(၁၆၇) ငါ မင်းအမေရဲ့ စန္ဒရားကို ပြင်ထားတယ်
အခန်း(၁၆၈)သူ့ရဲ့ခန္ဓာကိုယ်ကိုသာ မင်းအရင်ရမယ်။
အခန်း(၁၆၉) မင်း ထပ်ပြီး ကွာရှင်းချင်သေးတာလား။
အခန်း(၁၇၀) ကုယျန်ရှန်းက လူလိမ်၊ သူက မင်းကို လိမ်နေတာ
အခန်း(၁၇၁) စန္ဒရားပေါ် ထိုင်စေ၍ ပြင်းပြစွာ နမ်းခဲ့သည်။
အခန်း(၁၇၂) WE ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပေါ်လာတဲ့ ကုယျန်ရှန်း
အခန်း(၁၇၃) ငါ ဘယ်သူ့ကိုမှ ထပ်ပြီးမချစ်ရဲတော့ဘူး။
အခန်း(၁၇၄)မတော်တဆဖြစ်ပေါ်ခဲ့သော ကားတိုက်မှုမှရသည့် ဆိုးဝါးသောအခြေအနေ
အခန်း(၁၇၅) ရုတ်တရက်ဖြစ်ပေါ်သော အစာအိမ်နာခြင်းကြောင့် နျဲ့နျန် မေ့လဲသွားတယ်။
အခန်း(၁၇၆) ငါ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်မှာလဲ။
အခန်း(၁၇၇)မင်းအတွက် ဆန်ပြုတ် ... ငါကိုယ်တိုင် ခွံ့ကျွေးပါ့မယ်။
အခန်း(၁၇၈) ငါ့ကို အနိုင်ကျင့်တဲ့ ဘယ်သူ့ကို မဆို ပျက်စီးသွားအောင် လုပ်မယ်။
အခန်း(၁၇၉)ဝမ်နျဲ့နျန်၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု
အခန်း(၁၈၁)ဒီလိုလုပ်ဖို့ ချန်းလုံအန်း ခိုင်းခဲ့တာလား။
အခန်း(၁၈၂) စန္ဒရားထပ်မတီးနိုင်အောင် သူ့လက်ကို ချိုးပစ်ခဲ့။
အခန်း(၁၈၃) မင်း သူ့ကို ဝမ်နျဲ့နျန်နဲ့ ခြိမ်းခြောက်လို့ ရတယ်
အခန်း(၁၈၄) မငိုပါနဲ့ ... ငါ တကယ် မနာပါဘူး။
အခန်း(၁၈၅) ကုယျန်ရှန်းကိုယ်တိုင် သူ့လက်နဲ့ WE ကို ဖျက်စီးလိုက်တာ လိုချင်တယ်။
အခန်း(၁၈၆) ချဉ်ဖက် ကုယျန်ရှန်းက ချန်းလုံအန်းနဲ့ ပြန်တွဲနေတာလား။
အခန်း(၁၈၇) ဒုတိယအကြိမ်မြောက် ငါ ထပ်ပြီး အလိမ်ခံရပြန်တယ်။
အခန်း(၁၈၈)ကုယျန်ရှန်း မင်းက တော်တော် စိတ်ပျက်ဖို့ကောင်းတယ်။
အခန်း(၁၈၉)WE လည်း စိတ်တိုတတ်တယ်
အခန်း(၁၉၀) ကောင်းပြီ .. မင်းကို လက်ထပ်ဖို့ ငါ သဘောတူတယ်
အခန်း(၁၉၁) ဒူးထောက်ပြီး .. လက်စွပ်ကို ကောက်လိုက်!
အခန်း(၁၉၂) ချန်းလုံအန်းကိုလူသိရှင်ကြား အပြစ်ပေးခြင်း။
အခန်း(၁၉၃) ကျေးဇူးပြုပြီး ... ကျေးဇူးပြုပြီး ထပါဦး ။ တောင်းပန်ပါတယ်
အခန်း(၁၉၄)မင်းကို ဖြည်းဖြည်းချင်း နှိပ်စက်ရတာကို ငါသဘောကျတယ်
အခန်း(၁၉၅) မင်း သူ့ကို အသက်ရှင်စေချင်တယ်ဆိုရင် ..ဒီကနေထွက်သွားလိုက်။
အခန်း(၁၉၆) နျန်နျန် .. သုံးအထိရေပြီးရင် ငါ ထွက်သွားပါ့မယ်
အခန်း(၁၉၇)နာကျင်စွာ ဖန်တီးခဲ့သော ကုယျန်ရှန်း၏ အလိမ်အညာ
အခန်း(၁၉၈)ဘာလို့ အားလုံးက ဖုံးကွယ်ထားကြတာလဲ။
အခန်း(၁၉၉)ပျောက်နေတဲ့ ကုယျန်ရှန်းက နောက်ဆုံး ပြန်ပေါ်တယ်
အခန်း(၂၀၀)ငါ မင်းကို မမုန်းပါဘူး...မငိုနဲ့တော့
အခန်း(၂၀၁)မင်းက သူ့ကိုယ်သူ သတ်သေအောင် တွန်းအားပေးတဲ့သူပဲ
အခန်း(၂၀၂)နျန်နျန် ... ကိုယ်တို့ ကတိထားရအောင်
အခန်း(၂၀၃) မစ္စတာကုက ချစ်တတ်သူကြီးလား။
အခန်း(၂၀၄) ငါ့ရဲ့လက်တွဲဖော်အဖြစ် မင်းကို ထပ်ပြီး ရှိစေချင်တယ်
အခန်း(၂၀၅) ခိုးနမ်းတာကို မိပြန်တော့ ရှက်သွားတဲ့ ကုယျန်ရှန်း
အခန်း(၂၀၆) မင်းကရော ... သေသွားရင်တောင် ဖြစ်တယ်လို့' တွေးခဲ့တာလား။
အခန်း(၂၀၇) ကုယျန်ရှန်း ... ငါ မင်းကို ခွင့်လွှတ်ခဲ့တာ ကြာပြီ။
အခန်း(၂၀၈)နျန်နျန် ... အထိမခံနိုင်တဲ့နေရာက မင်းရဲ့နားရွက်လား။
အခန်း(၂၀၉)ရှက်နေတဲ့အချိန်ဆို မင်းက ချစ်ဖို့ကောင်းတယ်
အခန်း(၂၁၀) နျန်နျန်...ကိုယ်နဲ့အတူ အိမ်ပြန်ရအောင်
No update
အခန်း(၂၁၁) ရေချိုးမယ် ...ဟုတ်လား။ ဒါဆို ရေချိုးခန်းထဲ ငါချီသွားပေးမယ်
အခန်း(၂၁၂) ကုယျန်ရှန်းကို အထိန်းအချုပ်မဲ့စေသော အခိုက်အတန့်
အခန်း(၂၁၃) မင်းရဲ့လက်မှာ လက်ထပ်လက်စွပ်လေး ပြန်ဝတ်ပေးချင်တယ်။

အခန်း(၁၈၀)ကုယျန်ရှန်းက သွေးအန်ပြီး မေ့လဲသွားတယ်

2.6K 385 23
By Wine-Y

အခန်း(၁၈၀)ကုယျန်ရှန်းက သွေးအန်ပြီး မေ့လဲသွားတယ်။

ဝမ်နျဲ့နျန်က စာကြည့်ခန်းတွင်ရှိနေသော အဖေဝမ်ကိုကြည့်ပြီး လက်ကိုလည်း တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ မေးခဲ့သည်။

"အဖေ ... Phil ကိုဒီလာဖို့ အဖေပြောလိုက်တာ မလား။"

အဖေဝမ်က ဝမ်နျဲ့နျန်ကို မသိမသာစောင်းငဲ့ကြည့်ပြီး သက်ပြင်းကို အသာချလိုက်သည်။
"ရှောင်နျန် ... ဒေါက်တာလီနဲ့ အဖေ ဖုန်းပြောဖြစ်ခဲ့တယ်။ ပြီးတော့ မင်း ဆေးမသောက်တော့တဲ့အကြောင်း၊စိတ်ပိုင်းဆိုင်ရာ ကုသမှုလည်း ဆက်ပြီးမခံယူတော့တဲ့ အကြောင်းကို အဖေ့ကို ပြောပြခဲ့တယ်။"

"ကျွန်တော် ကုသမှု မခံယူချင်တော့ဘူး။"

"ဘာလို့လဲ။"

ဝမ်နျဲ့နျန်၏ မျက်တောင်ဖျားလေးများ မသိသာစွာ လှုတ်ခတ်သွားခဲ့သည်။

"ဆေးက ကျွန်တော့်စိတ်ကို မတည်မငြိမ်ဖြစ်စေတယ်။ ကျွန်တော် အာရုံစုစည်းလို့မရဘူး၊ သီချင်းလည်း ရေးလို့မရဘူး။ ဆေးကြောင့်နဲ့ ကျွန်တော်လုပ်ချင်တာ လုပ်လို့မရတဲ့ အဖြစ်မျိုး ကျွန်တော် မလိုချင်ဘူး။ ဒီခန္ဓာကိုယ်နဲ့ ကျွန်တော် ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ... ကျွန်တော် အနှစ်သက်ဆုံးဖြစ်တဲ့ သီချင်းရေးတာကိုပါ ဆက်မလုပ်နိုင်တာမျိုး မဖြစ်ချင်ဘူး။..."

"အဲ့တာကြောင့်ပဲ အဖေ Phil ကိုဒီလာဖို့ ပြောခဲ့တာပေါ့။" အဖေဝမ်က စားပွဲပေါ်တွင်ရှိနေသော အယ်ဘမ်စာအုပ်ကို ကြည့်ရင်း ပြောလိုက်သည်။

ဝမ်နျဲ့နျန်မှာ အံ့ဩ မှင်သက်သွားခဲ့သည်။ "ဘယ်လို?"

"Phil က အခု သူ့ရဲ့ကမ္ဘာလှည့် ဖျော်ဖြေပွဲကို ကျင်းပတော့မှာ မလား။ အဲ့ဒါကြောင့် သားလည်း သူ့နဲ့အတူလိုက်သွားပြီး သားကြိုက်တဲ့ ဂီတနဲ့ပဲ စိတ်ဖိစီးမှုတွေလျော့သွားအောင် အပန်းဖြေလာခဲ့။ ပတ်ဝန်းကျင်ပြောင်းလဲလိုက်တာက သားရဲ့ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းပဲ။ ပြီးတော့ သားရဲ့ပြိုင်ပွဲအတွက်လည်း အကြံဉာဏ်အသစ်တွေ ရသွားတာပေါ့။ Phil ကအတွေ့အကြုံရအောင် သားကိုလည်း ခေါ်သွားချင်နေတယ်။"

"အဖေက Phil ကို ဘယ်လိုသိတာလဲ။ "

"အဖေက သိတာမဟုတ်ဘူး။ မင်းအမေက သိခဲ့တာ။ အရင်က Phil လည်း မင်းက ယျယ်ရှန်း(ဝမ်နျဲ့နျန်အမေ) ရဲ့ သားမှန်း မသိခဲ့ဘူး။"

အဖေဝမ်ရဲ့ မျက်ဝန်းများက ကြင်နာမှုတို့ရစ်သိုင်းနေပြီး နူးနူးညံ့ညံ့နှင့် ထပ်ပြောခဲ့သည်။

"ရှောင်နျန် ... သားလည်း သွားချင်နေတယ်ဆိုတာ အဖေသိပါတယ်။ ဒီအတောအတွင်းမှာ အများကြီး စိတ်ဖိစီးပြီးနေလာခဲ့ရတယ်မလား ... ကျန်မားရေးကို ဂရုစိုက်ပါအုံး နော်။"

ဝမ်နျဲ့နျန်က အချိန်အတော်ကြာအောင် စကားမပြောဘဲ တိတ်ဆိတ်နေခဲ့သည်။ သိပ်ကိုလည်း စိတ်လှုပ်ရှားနေတာမို့ လက်ကိုလည်း တင်းတင်းကြပ်ကြပ် ဆုပ်ထားဆဲပင်။

"ဟုတ်ကဲ့ ... ကျေးဇူးပါပဲ အဖေ"

နောက်ဆုံးတွင်တော့ အဖေဝမ်လည်း စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့သည်။

"အခုတော့ ဆေးရုံးသွားပြီး ကုသမှုခံယူဖို့ စလိုက်ရအောင် ... ပြီးတော့ ဆေးယူဖို့ရောပဲ"

"နော်?"

"ကျွန်တော် ဆေးရုံ မသွားချင်ဘူး။" ဝမ်နျဲ့နျန်က ခေါင်းကို ငုံ့၍ တွန့်ဆုတ်စွာ ပြောလိုက်သည်။

"ရှောင်နျန် ... အဖေ့အတွက်လို့ပဲ တွေးပေးပါ။ မင်း မတည်မငြိမ်နဲ့ ဖြစ်နေတဲ့ ပုံစံကို အဖေထပ်ပြီး မမြင်တော့ဘူး။ တစ်နေ့ကျရင် တကယ်ပဲ မင်းကိုယ်မင်း ထိခိုက်အောင် လုပ်တော့မလား'ဆိုပြီး စိတ်ပူနေရတယ်။"

"ကျွန်တော် ... ကျွန်တော် ကုသမှုကို __ဆက်ပြီး ခံယူပါ့မယ်"

ဝမ်နျဲ့နျန်က သူ့အဖေ၏ စိုးရိမ်စိတ်နှင့် မျက်ဝန်းထဲ ထင်ပေါ်နေသည့် သောကတွေကို ကြည့်ပြီး ပြတ်တောက်ပြတ်တောက်နှင့်ပင် ပြန်ဖြေခဲ့သည်။

မနေ့ညက ဝမ်အဖေနှင့်ဖုန်းပြောခဲ့ပြီး စိုးရိမ်စိတ်လည်း အနည်းငယ် ရှိနေခဲ့တာကြောင့် ဒီနေ့တွင် ဝမ်အိမ်သို့ ထျန်ရှုံးသွားခဲ့သည်။

သို့ပေမယ့် ဝမ်နျဲ့နျန်က သူ Philနှင့်အတူ စန္ဒရားသွားတီးတာကြောင့် အိမ်မှာမရှိကြောင်း ပြောခဲ့သည်။

ကုမ္ပဏီကို ပြန်ရောက်ပြီးနောက် ထျန်ရှုံးက မှန်ပြတင်းပေါက်၏အရှေ့တွင် အချိန်အကြာကြီး ရပ်နေခဲ့သည်။ အခုတလော ဝမ်နျဲ့နျန်၏စိတ်အခြေအနေ ဆိုးဝါးနေသည်ကို သူ အမြဲခံစားမိခဲ့သည်။ ထို့အပြင် ရိုက်ကူးရေးလုပ်နေသည့် အချိန်၌ တစ်ခြားသူနဲ့ စကားမပြောမိအောင် အရမ်းဂရုစိုက်နေသည်ကိုလည်း သတိထားမိခဲ့သည်။

ထျန်ရှုံးက ဝမ်နျဲ့နျန်ရဲ့ အမူအရာအားလုံးကို အသေးစိတ် စိုက်ကြည့်နေခဲ့ပြီး မေးမြန်းသူကြောင့် အနေရခက်သွားပုံ ပေါ်သည်နှင့် ထျန်ရှုံးက ဝင်ကူပေးခဲ့သည်။

"နျဲ့နျန် မင်း ဘာဖြစ်နေတာလဲ။ ဘာလို့များ မင်းနဲ့ ဝေးဝေးသွားတယ်လို့ ခံစားနေရတာလဲ ..."

ထျန်ရှုံး၏ဖုန်းမှ မြည်သံထပ်ပြီး ထွက်ပေါ်လာသည်။ ဖုန်းခေါ်သူ၏နာမည်ကိုကြည့်ပြီးနောက်မှာ ခက်ထန်မှုဘက်သို့ ပြောင်းလဲသွားသော မျက်ဝန်းများနှင့် ထျန်ရှုံးက ဖုန်းကို ချပစ်လိုက်သည်။

ဖုန်းက ထပ်၍ မြည်လာသည်။ ထျန်ရှုံးကလည်း ဖုန်းမကိုင်ဘဲ ချပစ်ပြန်သည်။

ရုတ်တရက်၌ စားပွဲပေါ်တွင်တင်ထားသော ဖုန်းမှ အသံမြည်လာပြီး တံခါးမှလည်း အသံထွက်ပေါ်လာသည်။ ထျန်ရှုံး၏ ကွန်ပျူတာပင် အလိုအလျောက်ပွင့်သွားသည်။

"ဒီကောင် ဒါမျိုး ထပ်လုပ်ပြန်ပြီ"

ကွန်ပျူတာစခရင်လ်၌ စာလုံးတစ်ချို့ပေါ်လာပြီး ထို့နောက်တွင် မော့ပေရိ၏ အသံထွက်ပေါ်လာသည်။

"ရှောင်ရှုံး ... ငါ့ဖုန်းကိုကိုင်မဟုတ်ရင် ချီယွမ့်ရဲ့ဖုန်းတိုင်းကို ဆက်ပြီး ငါ့အတွက် မင်းကို ရှာပေးဖို့ သူတို့ကို ပြောလိုက်မယ်။ "

"မော့ပေရိ ... မင်း လုပ်ရဲရင် လုပ်ကြည့်လေ" ထျန်ရှုံးက ချက်ချင်းပြောင်းလဲသွားအမူအရာဖြင့် မော့ပေရိကို သတိပေးလိုက်သည်။

မော့ပေရိက ခနမျှတိတ်ဆိတ်နေခဲ့ပြီး မသက်မသာနှင့် ဆက်၍ပြောခဲ့သည်။

"ငါက ဟက်ကာနော် ရှောင်ရှုံး။ ငါက ပြောတဲ့အတိုင်းလုပ်တယ် ဆိုတာ' မင်းသိပါတယ်။အခုလိုမျိုး ငါ့ဖုန်းကိုလည်း မကိုင်၊ ရှင်းပြတာကိုလည်း နားမထောင်ပဲနေတာကို စိတ်မတိုသင့်ဘူးလား။ မင်း အခုလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ငါ့အဆိုးမဆိုနဲ့နော်။ ငါကိုယ်တိုင် မင်းရှိတဲ့ရုံးခန်းဆီ တက်လာပြီး မင်းကို ကိုယ်တိုင် လာရှာမယ်"

"ကောင်းပြီလေ .. ချီယွမ့်ထဲ ဝင်နိုင်မယ်ထင်ရင် လာလိုက်ပေါ့။ ချီယွမ့်မှာ အစောင့်တွေ မရှိဘူးလို့ ထင်နေတာလား။"

"ဒါဆိုလည်း ကောင်းပြီလေ"

သက်ပြင်းချသံနှင့် မော့ပေရိက ကွန်ပျူတာကိုပိတ်ပြီး နားထင်ကို လက်ဖြင့် ဖိနှိပ်နေခဲ့သည်။

အပြင်ဘက်တွင်ရှိနေသော လူတစ်ယောက်က ကားတံခါးကို ဖွင့်လိုက်ပြီး တလေးတစားနှင့် ပြောလာသည်။

"သခင်လေး မော့၊ ချီယွမ့်ရဲ့ ပထမထပ်မှာ အစောင့်ခြောက်ယောက်၊ ဒုတိယထပ်မှာ နှစ်ယောက်နဲ့ ငါးထပ်မှာ နှစ်ယောက် ရှိပါတယ်။ဒီထက်ပိုပြီး အများကြီး မရှိလို့ ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေကို ခေါ်သွားပြီး ရှင်းလိုက်ပါ့မယ်။"

"ရတယ် ... ငါကိုယ်တိုင်သွားလိုက်မယ်။ မင်းတို့ဆိုရင် သူလန့်သွားလိမ့်မယ်။"

"ကောင်းပါပြီ သခင်လေး မော့"

အခန်းအပြင်ဘက်မှ ရန်ဖြစ်သံများကိုကြားလိုက်ရချိန်၌ ထျန်ရှုံး၏မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။

မော့ပေရိက သူ့ ကိုတံတောင်ဖြင့် ဖမ်းချုပ်ထားတဲ့သူကို တွန်းထိုးလှဲချပြီး ခြေထောက်တစ်ဖက်ဖြင့် ကျန်လူကို ကန်နေခဲ့သည်။

"မော့ပေရိ တော်လိုက်တော့"

ထျန်ရှုံးက နေရာတွင်ပင်တောင့်ခဲနေပြီး ခက်ခက်ထန်ထန်နှင့် အော်ပြောလိုက်သည်။

မော့ပေရိက သူ့ရဲ့ကန်ကျောက်နေခြင်းကို ရပ်ပြီး ထျန်ရှုံးအရှေ့သို့ လျှောက်လာခဲ့သည်။

"ချန်းလုံအန်းက လူတစ်ယောက်ကို တိုက်ခဲ့တာ။ ငါ့နဲ့ဘာမှမဆိုင်ဘူး။"

"ငါယုံမယ် ထင်လို့လား။ စောင့်ကြည့်ကင်မရာအားလုံးက ဖျက်စီးခံထားရတယ်"

"ငါ စောင့်ကြည့်ကင်မရာတွေကို မဖျက်ခဲ့ဘူး။ ချန်းလုံအန်းကိုလည်း သွားမတွေ့ခဲ့ဘူး။"

"သက်သေပြလေ"

"ကောင်းပြီ ငါ မင်းကိုသက်သေပြမယ်"

--

ဝမ်အဖေနှင့် သဘောတူညီမှု ယူပြီးနောက် နေ့လည်ပိုင်းမှာ ဝမ်နျဲ့နျန် ဆေးရုံသို့ သွားခဲ့သည်။ ဒေါက်တာလီကို တစ်ခါထပ်ပြီး မြင်တွေ့လိုက်ရချိန်မှာ သူ့မျက်ဝန်းတွေက တစ်စုံတစ်ရာ ကွယ်လျှိုးထားဟန် ပေါ်နေခဲ့သည်။

"နျဲ့နျန် ... မင်းကို ထပ်တွေ့ရလို့ ငါဝမ်းသာတယ်" ဒေါက်တာလီက ဝမ်နျဲ့နျန်ကို ရေတစ်ခွက်ကမ်းပေးပြီး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဒေါက်တာလီ"

"နျဲ့နျန် .. မင်း Phil နဲ့ ဖျော်ဖြေပွဲလိုက်သွားမယ့် ကိစ္စကို ငါလည်း သဘောတူတယ်။ မင်းနှစ်သက်တဲ့ အနုပညာအလုပ်ကို မင်းစံထားရသူနဲ့ တွဲလုပ်ရတာက မင်းကို အများကြီး စိတ်ချမ်းသာမှု ရစေမယ်။ ဒီအတောအတွင်း မင်း အများကြီး ပင်ပန်းခဲ့ပြီးပြီ။ ပတ်ဝန်းကျင်ပြောင်းပြီး ခံစားချက်ကို ပြောင်းလဲလိုက်တာက မင်းအတွက် အကျိုးရှိပါတယ်။"

"ကျွန်တော် Phil နဲ့ လိုက်သွားမှာပါ။"

ဒေါက်တာလီနှင့် စကားပြောပြီး အခန်းထဲမှ ထွက်လာပြီးနောက် ဆေးယူဖို့အတွက် ကော်ရစ်တာရှိ ခုံတန်းတွင် ထိုင်ပြီး စောင့်နေခဲ့သည်။

ကုယျန်ရှန်း ဓာတ်လှေကားအတွင်းမှ ထွက်သည်နှင့် ကော်ရစ်တာ၏တစ်ခြားတစ်ဖက်တွင် ထိုင်နေသော ဝမ်နျဲ့နျန်ကို တန်း၍ တွေ့လိုက်ရသည်။သူလည်း ဆရာဝန်နှင့်တွေ့ဖို့ ဆေးရုံကိုလာခဲ့တာဖြစ်ပေမယ့် ဝမ်နျဲ့နျန်ကို တွေ့ဖို့တော့ မမျှော်လင့်ထားခဲ့ပေ။

အခုတော့ ဝမ်နျဲ့နျန်လည်း ကုသမှုခံယူဖို့ ဆရာဝန်နဲ့ လာတွေ့တာကို မြင်လိုက်ရတော့ ကုယျန်ရှန်း ခနမျှ ကြောင်အပြီး ရပ်တန့်နေခဲ့မိသည်။

အကယ်၍ သူသာ ရပ်မနေဘဲ ရှေ့ဆက်လျှောက်သွားရင် ဝမ်နျဲ့နျန်က သူ့အနောက်လိုက်လာတယ်'ဟူ၍ သေချာပေါက်ကို ထင်မှာ ဖြစ်သည်။ ထိုအခါ သူလည်း ဝမ်နျဲ့နျန်မျက်စိရှေ့သို့ ထပ်ပေါ်လာခွင့် ရှိတော့မှာ မဟုတ်ချေ။

ရုတ်တရက်၌ ဝမ်နျဲ့နျန်က ဓာတ်လှေကားဘက်သို့ ခေါင်းလှည့်လာတာကြောင့် ကုယျန်ရှန်းက နံရံအနောက်သို့ ဝင်ပြီး မြန်မြန်ပုန်းလိုက်ရသည်။

ထို့နောက် လက်ထဲဆေးထုတ်ကိုင်ပြီး ဒေါက်တာလီနှင့် စကားတစ်ချို့ပြောပြီးနောက် ဝမ်နျဲ့နျန် ပြန်သွားခဲ့သည်။

ကုယျန်ရှန်းက သူ နေ့နေ့ညည တွေးနေမိသူ၏ လမ်းလျှောက်ထွက်သွားပုံကို ဝမ်းနည်းမှုများ အရိပ်ထင်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေခဲ့ပြီး ဒေါက်တာလီရှိရာဘက်သို့ တစ်ဖန်ပြန်၍ လှည့်ကြည့်လိုက်သည်။

(တံခါးခေါက်သံ)

"ဝင်လာခဲ့ပါ"

ဒေါက်တာလီက တံခါးဝသို့ မော့ကြည့်လိုက်ပြီးနောက် အခန်းအတွင်းသို့ ဝင်လာသူမှာ ကုယျန်ရှန်း ဖြစ်နေမှန်း သိလိုက်ရသည်။

"မင်း က? မင်း ဒီကို ဘာလာလုပ်တာလဲ။"

"ကျွန်တော် သူ့ရဲ့ ကျန်းမာရေး အခြေအနေကို သိချင်တယ်"

ကုယျန်ရှန်းက နှုတ်ခမ်းကို တည်တင်းလိုက်ပြီး ဘဝင်မကျပုံနှင့် ပြောလိုက်သည်။

"မင်းက ဘာလို့ သိချင်တာလဲ။သူ့နဲ့ရော ဘယ်လိုပတ်သတ်မှုမျိုး ရှိတာလဲ။" ဒေါက်တာလီက နှာခေါင်းရှုံ့၍ ပြန်မေးလိုက်သည်။

"သူ့အခြေအနေက အရမ်းဆိုးဝါးနေတာလား။ ကျွန်တော် အဲ့ဒီနေ့က သူရေကန်ဘက် လမ်းလျှောက်နေတာကို မြင်ခဲ့တယ်။ သူ လုံးဝမရပ်ခဲ့ဘူး။ သူ့ကို တားဖို့ ကျွန်တော်မြန်မြန်ပြေးသွားခဲ့ရတယ်။"

ကုယျန်ရှန်း၏ စကားကြောင့် ဒေါက်တာလီ မှင်သက်သွားခဲ့သည်။ ဝမ်နျဲ့နျန်က ထိုကဲ့သို့ မထင်မှတ်ထားသည့် အပြုအမူမျိုး လုပ်မည်ကို သူ မထင်ထားခဲ့တာကြောင့်ပင်။

"သူ စိတ်ပိုင်းဆိုင်ရာကုသမှု မခံယူတာ တော်တော်ကြာနေပြီ။ ဆေးသောက်တာကိုလည်း ရပ်ထားတယ်။ ဘယ်လိုလုပ်ပြီး နေမကောင်းထပ်မဖြစ်ဘဲ နေမလဲ။အဲ့ဒီအပြင် ကိစ္စတွေကလည်း တော်တော်များများ ဖြစ်ပျက်ခဲ့တယ်လေ။"

"သူက ဆေးသောက်တာကို ရပ်ထားတယ်?။ ဘာလို့လဲ ... ဘာလို့ သူ ရပ်လိုက်တာလဲ။" တအံ့တဩနှင့် ကုယျန်ရှန်း မေးလိုက်သည်။"

"အကြောင်းပြချက်ကတော့ ဆေးက သူ့ကို ပိုပြီး ထိန်းချုပ်ရခက်ခဲအောင် ပြုလုပ်နေလို့။ သူ့အတွေးတွေကို ရှုပ်ထွေးအောင်လုပ်ပြီး ဘေးထွက်ဆိုကျိုး ကြီးကြီးမားမား ရှိတယ်လို့ ဆိုရမှာပေါ့။သူက သီချင်းကိုချစ်ပြီး စန္ဒရားအရမ်းတီးချင်၊ သီချင်းရေးချင်တဲ့ ကောင်လေးလေ။ ဆေးမသောက်ရင် ဘာတွေ ဖြစ်လာမလဲ မင်း သိမှာပေါ့။ မကျန်းမမာဖြစ်ပြီး သူ့ကိုယ်သူနာကျင်စေမယ် ... သူ့ကိုယ်သူပုံပျက်အောင် ဖျက်စီးပြီး ကိုယ့်ကိုယ်ကို နှိပ်စက်တာတွေ လုပ်လာမယ်.."

ကုယျန်ရှန်း၏ခန္ဓာကိုယ်မှာ အေးခဲတောင့်တင်းနေပြီး မျက်နှာတွင် နာကျင်မှုများ ပြည့်လျက် ဆိုဖာပေါ်သို့ အရုပ်ကျိုးပျက် ထိုင်လျက် ကျသွားခဲ့သည်။

တုံ့ပြန်မှုတို့မရှိ... သူ့နှုတ်မှ စကားလုံးတို့သည်လည်း အချိန်ကြာမြင့်စွာ ဆွံ့အနေခဲ့သည်။

--

ကုမ္ပဏီ၌ စာရွက်စာတမ်းနှင့် စာချုပ်အကြောင်းအရာများကို လုပ်နေရင်း ကျိုးယွမ်ဖုန်းက လက်မှနာရီကို ငုံ့ကြည့်လိုက်သည်။

"ဟုတ်ပြီ ... နားရအောင်"

ဒီရက်တွေအတွင်းမှာ ကုယျန်ရှန်းက ပြည်ပသို့ ရုတ်တရက်ထွက်သွားခဲ့ပြီး နိုင်ငံခြားရှိ ဆေးကုမ္ပဏီတော်တော်များများနှင့် ဆက်သွယ်နေခဲ့သည်။ သူက ကုအဖွဲ့အစည်း၏ အဓိကပရောဂျက်များကိုသာ ပေးပြီး ထို ဆေးကုမ္ပဏီများ၌ ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံထားခဲ့သည်။

ထိုကဲ့သို့ ပြုလုပ်ခြင်းနှင့် မေးပြန်တော့လည်း အဖြေပြန်မပေးသည့် ကုယျန်ရှန်းက ကျိုးယွမ်ဖုန်းကို ဇဝေဇဝါဖြစ်စေခဲ့သည်။ သို့နှင့် ကုယျန်ရှန်းက ဆေးဝါးရောင်းဝယ်ရေးနှင့် ပတ်သတ်သည့် ပရောဂျက်တစ်ခု လိုချင်နေတာကြောင့်' ဟုသာ တွေးပြီး ကျိုးယွမ်ဖုန်းလည်း ထပ်မမေးတော့ချေ။

--

Z နိုင်ငံ၌ ကုယျန်ရှန်းက ကိုယ်ပေါ်၌ ကုတ်အက်ျီကို ထပ်ဝတ်ပြီး စီးကရက်ကို နှုတ်ဖျား၌ ကိုက်ခဲကာ နာကျင်ကိုက်ခဲနေသည့် ဦးခေါင်းကို ကြည်လင်သွားစေဖို့ လသာဆောင်သို့ ထွက်လာခဲ့သည်။

'သူ မနေ့ညက အရက်သောက်တာ အတော်များခဲ့သည်။'

Zနိုင်ငံတွင်ရှိသော လူအများစုက အရက်သောက်နိုင်ကြပြီး သူတို့က မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ အရက်ဖြင့် ဧည့်ခံပျော်ပါးရသည်ကို နှစ်ခြိုက်ကြသည်။အလုပ်ကိစ္စအကြောင်း ပြောရင်းနှင့် အရက်လည်း သောက်ကြပြီး သူငယ်ချင်းလည်း ဖွဲ့ကြသည်။ အကယ်၍ ကိုယ်က အရက်မသောက်ရင် သူတို့အပေါ်အလေးထားခြင်း မရှိဘူး'ဟူ၍ သတ်မှတ်ကြသည်။

ကုယျန်ရှန်းကတော့ ပိုင်ဆိုင်ရမယ့် အရာတစ်ခု ရှိနေခြင်းကြောင့် အရက်ကို ထိုမျှ အထိ သောက်နိုင်ခဲ့သည်။ သူ့အနေဖြင့် သိပ်မကြာတော့မည့် ရက်အနည်းငယ်အတွင်း ဝမ်နျဲ့နျန်က Phil နှင့် ခရီးထွက်မှာကို သိနေတာကြောင့် သူ့အတွက် ဆေးကိုယူသွားနိုင်ဖို့က သိပ်ကို အလျင်လိုနေခဲ့သည်။

ကုယျန်ရှန်းက အရင်ရက်တွေအတွင်း ဆေးဝါးထုတ်လုပ်ဖြန့်ချီသည့် ကုမ္ပဏီများမှ ပိုင်ရှင်များနှင့် စကားပြော အဆင်ပြေခဲ့တာကြောင့် ဒီည ညှိနှိုင်းမှု တွင် အဆင်ပြေနိုင်ချေ ရှိပေသည်။

ကုယျန်ရှန်းက သူ့အဝတ်အစားတွေကို ထုတ်ပိုးပြီး ဟိုတယ်သို့ ထွက်သွားခဲ့သည်။

'Wilke Hotel'

"မစ္စတာ ဘရောင်း ... ကု ... ခွက်ချင်းတိုက်ကြရအောင်"

သီးသန့်ခန်း၏ စားပွဲပေါ်၌ ဝိုင်ပုလင်းများ ပြည့်နေပြီး ဘေးတွင်လည်း ဝိုင်ပုလင်းအလွတ်များ များစွာ ရှိနေသည်။ဘရောင်း'ဟု ခေါ်သော ယောက်ျားကြီးက ဆိုဖာတွင်ထိုင်နေပြီး ထိုသူ၏အနောက်၌ အမဲရောင်ဝတ်စုံပြည့် ဝတ်ထားသည့် လူနှစ်ယောက် ရပ်နေသည်။

ကုယျန်ရှန်းက အရက်တော်တော်များများ သောက်ထားပြီးပြီး ဖြစ်ရာ သူ့ခေါင်းတစ်ခုလုံးက ဆိုးဝါးစွာကိုက်ခဲနေပြီး ဝမ်းဗိုက်တွင်းရှိ အစာအိမ်သည်လည်း မီးမြှိုက်ထားသလို ပူလောင်နေခဲ့သည်။

"လုပ်ပါ ကု ... ဒီတစ်ခွက်ကိုလည်း ကုန်အောင် လုပ်လိုက်ပါ။ "

ဘေးတွင်ရှိနေသော လူများက အရက်ခွက်ကိုမြှောက်ပြီး ခေါင်းကိုမော့ကာ အကုန်အစင် သောက်လိုက်ကြပြီးနောက် ကုယျန်ရှန်းကိုလည်း တွန်းအားပေးနေသည့် အကြည့်များဖြင့် ကြည့်နေခဲ့သည်။

ကုယျန်ရှန်းက စိတ်ဘဝင်မကျ၍ သုန်မှုန်နေဟန်မျက်နှာထားရှိသောသူကို ကြည့်ပြီး ဝိုင်ခွက်ကို မကိုင်ဘဲ မတ်တပ်ရပ်လိုက်သည်။ထို့နောက် ဝိုင်ခွက်အစား သူ့ဘေးတွင်ရှိသော အဖုံးပင် မဖွင့်ရသေးသည့် အသစ်စက်စက်ဝိုင်ပုလင်းကို ဆွဲယူပြီး အဖုံးဖွင့်ကာ မော့သောက်လိုက်သည်။

မစ္စတာဘရောင်းနှင့် ကျန်လူများက ထင်ရာဆိုင်းတတ်သော ဤအရက်သမားကို အံ့ဩ၍ ငေးကြည့်နေခဲ့ကြသည်။ ထိုဝိုင်ပုလင်းက သူတို့နေရာတွင်ရှိသော ဝိုင်များထဲတွင် အယ်ကိုဟော ပါဝင်မှု အမြင့်ဆုံး ဖြစ်သည်။

ကုယျန်ရှန်းက အကုန်အစင်ဖြစ်သွားသော ဝိုင်ပုလင်းကို စားပွဲပေါ်သို့ ဆောင့်ချလိုက်ပြီး ခေါင်းကို ခါယမ်းလိုက်သည်။ လက်တွေက စားပွဲကို အမှီပြုလျက် လဲမကျသွားဖို့ကိုလည်း ထိန်းထားသည်။

"ဒီလောက်ဆို လုံလောက်ပြီလား။"

ကုယျန်ရှန်းက သူ့ဘေးပတ်လည်တွင် ရှိနေသော လူများကို မော့ကြည့်ပြီး ဝမ်းဗိုက်အတွင်းမှ နာကျင်မှုကို အံ့တုထားလျက် ပြောလိုက်သည်။

ထိုအခါ ဘရောင်းက ရုတ်တရက် ပြုံးလိုက်ပြီး " စိတ်ဝင်စားစရာပဲ။ ကောင်းပါပြီ ငါ မင်းနဲ့ အလုပ်တွဲလုပ်မယ်။ အထောက်အထားစာရွက်ကို မင်းဆီ လွှဲပေးမှာမို့ ငါလည်း ကုမိသားစုရဲ့ ပရောဂျက်ကို လိုချင်တယ်။"

ဘရောင်းက သူ့နောက်တွင်ရှိနေသော လူနှစ်ယောက်ထံမှ စာချုပ်ကို တောင်းလိုက်ပြီး ကုယျန်ရှန်းထံသို့ ပေးလိုက်သည်။

"ကု ... ဆေးဝါးရဲ့ အထောက်အထားစာရွက်ကို မင်းပိုင်သွားပြီ။ အဲ့ဒီဆေးဝါးရဲ့ အကျိုးအမြတ်ပိုက်ဆံကိုလည်း ရပြီပေါ့။ မဟုတ်ရင် ဒီအထိလာပြီး ဘယ်လိုလုပ် ငါ့နဲ့အတူ အရက်သောက် ပြီးတော့ ပရောဂျက်ပါ ပေးပါ့မလဲ ဟုတ်တယ်မလား။"

"ပိုက်ဆံကြောင့်မဟုတ်ဘူး။ လူတစ်ယောက်အတွက်"

ဘရောင်း အံ့ဩသွားသည်။

"လူတစ်ယောက်...? လူတစ်ယောက် အတွက်နဲ့မင်းက စဉ်းစားတွေဝေခြင်းမရှိ ထင်ရာစိုင်းတတ်တဲ့လူလို ဝိုင်တွေ သောက်ခဲ့တာလား။"

ကုယျန်ရှန်းက အထောက်အထားစာရွက်ကို သူ့မျက်ဝန်းထဲ အချစ်တို့ပြည့်နေသော အကြည့်များဖြင့် ဆုပ်ကိုင်၍ ပြင်ပခန္ဓာ၏ ပြိုလဲကျတော့မည့် အခြေအနေကို တောင့်ခံကာ ပြတ်ပြတ်သားသားပင် ပြန်ဖြေခဲ့သည်။

"ဟုတ်တယ်... ကျွန်တော် ချစ်တဲ့ အဲ့ဒီလူတစ်ယောက်အတွက်ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိတယ်။ သူ့ကိုကာကွယ်ပေးမယ်လို့' ကျွန်တော် ပြောခဲ့တယ်။"

"စိတ်ဝင်စားစရာပဲ" ဟု ပြောပြီးနောက် မစ္စတာဘရောင်းလည်း တခြားသူများနည်းတူ အခန်းထဲမှ ထွက်သွားခဲ့သည်။

လူတိုင်းထွက်သွားပြီးနောက်မှာ ကုယျန်ရှန်းက ဟန်ချက်ပျက်ပြီး အရှေ့သို့ ယိမ်းထိုး ကျသွားခဲ့သည်။ စားပွဲပေါ်တွင် ရှိနေသော ဝိုင်ပုလင်းများလည်း ကြမ်းပြင်ပေါ်သို့ ကျကွဲကုန်ပြီး လဲကျသွားသည့် ကုယျန်ရှန်းသည်လည်း မျက်နှာတစ်ခုလုံး ဖြူဖျော့လျက် ကြမ်းပြင်တွင် ကွေး၍ ရှိနေခဲ့သည်။

"ဟင်း ......"

ကုယျန်ရှန်းက ဆိုဖာကို မှီလိုက်ပြီး ကိုယ်ကို ကွေးထားလျက် အထောက်အထားစာဖိုင်အိတ်ကို ဆုပ်ကိုင်ကာ နာကျင်စွာ ပြုံးလိုက်သည်။

"လုပ်နိုင်ခဲ့ပြီ .... နျဲ့နျန် ... ငါ မင်းအတွက် ဆေးရခဲ့ပြီ။"

ရုတ်တရက်၌ လည်ချောင်းဝမှ ပျို့အန်တက်လာသော ငါးညှီနံ့နှင့် ပါးစပ်နှင့် အပြည့်ဖြစ်လာသော သွေးတစ်ပွက်က စာဖိုင်အိတ်ပေါ်သို့ အန်ထွက်လာခဲ့သည်။

ကုယျန်ရှန်းက သွေးတို့ပေကျံသွားသော စာအိတ်ကို ငေးကြောင်၍ ကြည့်နေခဲ့သည်။ ထိုမျက်ဝန်းအကြည့်များက တဖြည်းဖြည်း မှောင်ရိပ်တို့ ကျလာချိန် သူ့ကိုယ်က ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး သတိလစ် သွားခဲ့သည်။ ......

_______________

Black Lotus
Words-3411
Oct/16/2022
Wine.

Note.

ပန်းလေးတွေ ဖူးပွင့်လာမယ့်တစ်နေ့
နေခြည်လည်း ဖြာတဲ့အခါ
လမ်းလျှောက်ထွက်စို့လေ နေကြာ။...

For my lovely zawgyi readers

အခန္း(၁၈၀)ကုယ်န္ရွန္းက ေသြးအန္ၿပီး ေမ့လဲသြားတယ္။

ဝမ္န်ဲ့န်န္က စာၾကည့္ခန္းတြင္ရွိေနေသာ အေဖဝမ္ကိုၾကည့္ၿပီး လက္ကိုလည္း တင္းတင္းၾကပ္ၾကပ္ဆုပ္ထားကာ ေမးခဲ့သည္။

"အေဖ ... Phil ကိုဒီလာဖို႔ အေဖေျပာလိုက္တာ မလား။"

အေဖဝမ္က ဝမ္န်ဲ့န်န္ကို မသိမသာေစာင္းငဲ့ၾကည့္ၿပီး သက္ျပင္းကို အသာခ်လိဳက္သည္။
"ေရွာင္န်န္ ... ေဒါက္တာလီနဲ႕ အေဖ ဖုန္းေျပာျဖစ္ခဲ့တယ္။ ၿပီးေတာ့ မင္း ေဆးမေသာက္ေတာ့တဲ့အေၾကာင္း၊စိတ္ပိုင္းဆိုင္ရာ ကုသမႈလည္း ဆက္ၿပီးမခံယူေတာ့တဲ့ အေၾကာင္းကို အေဖ့ကို ေျပာျပခဲ့တယ္။"

"ကြၽန္ေတာ္ ကုသမႈ မခံယူခ်င္ေတာ့ဘူး။"

"ဘာလို႔လဲ။"

ဝမ္န်ဲ့န်န္၏ မ်က္ေတာင္ဖ်ားေလးမ်ား မသိသာစြာ လႈတ္ခတ္သြားခဲ့သည္။

"ေဆးက ကြၽန္ေတာ့္စိတ္ကို မတည္မၿငိမ္ျဖစ္ေစတယ္။ ကြၽန္ေတာ္ အာ႐ုံစုစည္းလို႔မရဘူး၊ သီခ်င္းလည္း ေရးလို႔မရဘူး။ ေဆးေၾကာင့္နဲ႕ ကြၽန္ေတာ္လုပ္ခ်င္တာ လုပ္လို႔မရတဲ့ အျဖစ္မ်ိဳး ကြၽန္ေတာ္ မလိုခ်င္ဘူး။ ဒီခႏၶာကိုယ္နဲ႕ ကြၽန္ေတာ္ ဘာမွ မလုပ္နိုင္ခဲ့ဘူး။ ... ကြၽန္ေတာ္ အႏွစ္သက္ဆုံးျဖစ္တဲ့ သီခ်င္းေရးတာကိုပါ ဆက္မလုပ္နိုင္တာမ်ိဳး မျဖစ္ခ်င္ဘူး။..."

"အဲ့တာေၾကာင့္ပဲ အေဖ Phil ကိုဒီလာဖို႔ ေျပာခဲ့တာေပါ့။" အေဖဝမ္က စားပြဲေပၚတြင္ရွိေနေသာ အယ္ဘမ္စာအုပ္ကို ၾကည့္ရင္း ေျပာလိုက္သည္။

ဝမ္န်ဲ့န်န္မွာ အံ့ဩ မွင္သက္သြားခဲ့သည္။ "ဘယ္လို?"

"Phil က အခု သူ႕ရဲ႕ကမာၻလွည့္ ေဖ်ာ္ေျဖပြဲကို က်င္းပေတာ့မွာ မလား။ အဲ့ဒါေၾကာင့္ သားလည္း သူ႕နဲ႕အတူလိုက္သြားၿပီး သားႀကိဳက္တဲ့ ဂီတနဲ႕ပဲ စိတ္ဖိစီးမႈေတြေလ်ာ့သြားေအာင္ အပန္းေျဖလာခဲ့။ ပတ္ဝန္းက်င္ေျပာင္းလဲလိုက္တာက သားရဲ႕က်န္းမာေရးအတြက္ အေကာင္းဆုံးနည္းလမ္းပဲ။ ၿပီးေတာ့ သားရဲ႕ၿပိဳင္ပြဲအတြက္လည္း အႀကံဉာဏ္အသစ္ေတြ ရသြားတာေပါ့။ Phil ကအေတြ႕အႀကဳံရေအာင္ သားကိုလည္း ေခၚသြားခ်င္ေနတယ္။"

"အေဖက Phil ကို ဘယ္လိုသိတာလဲ။ "

"အေဖက သိတာမဟုတ္ဘူး။ မင္းအေမက သိခဲ့တာ။ အရင္က Phil လည္း မင္းက ယ်ယ္ရွန္း(ဝမ္န်ဲ့န်န္အေမ) ရဲ႕ သားမွန္း မသိခဲ့ဘူး။"

အေဖဝမ္ရဲ႕ မ်က္ဝန္းမ်ားက ၾကင္နာမႈတို႔ရစ္သိုင္းေနၿပီး ႏူးႏူးညံ့ညံ့ႏွင့္ ထပ္ေျပာခဲ့သည္။

"ေရွာင္န်န္ ... သားလည္း သြားခ်င္ေနတယ္ဆိုတာ အေဖသိပါတယ္။ ဒီအေတာအတြင္းမွာ အမ်ားႀကီး စိတ္ဖိစီးၿပီးေနလာခဲ့ရတယ္မလား ... က်န္မားေရးကို ဂ႐ုစိုက္ပါအုံး ေနာ္။"

ဝမ္န်ဲ့န်န္က အခ်ိန္အေတာ္ၾကာေအာင္ စကားမေျပာဘဲ တိတ္ဆိတ္ေနခဲ့သည္။ သိပ္ကိုလည္း စိတ္လႈပ္ရွားေနတာမို႔ လက္ကိုလည္း တင္းတင္းၾကပ္ၾကပ္ ဆုပ္ထားဆဲပင္။

"ဟုတ္ကဲ့ ... ေက်းဇူးပါပဲ အေဖ"

ေနာက္ဆုံးတြင္ေတာ့ အေဖဝမ္လည္း စိတ္သက္သာရာရစြာ သက္ျပင္းခ်နိဳင္ေတာ့သည္။

"အခုေတာ့ ေဆး႐ုံးသြားၿပီး ကုသမႈခံယူဖို႔ စလိုက္ရေအာင္ ... ၿပီးေတာ့ ေဆးယူဖို႔ေရာပဲ"

"ေနာ္?"

"ကြၽန္ေတာ္ ေဆး႐ုံ မသြားခ်င္ဘူး။" ဝမ္န်ဲ့န်န္က ေခါင္းကို ငုံ႕၍ တြန႔္ဆုတ္စြာ ေျပာလိုက္သည္။

"ေရွာင္န်န္ ... အေဖ့အတြက္လို႔ပဲ ေတြးေပးပါ။ မင္း မတည္မၿငိမ္နဲ႕ ျဖစ္ေနတဲ့ ပုံစံကို အေဖထပ္ၿပီး မျမင္ေတာ့ဘူး။ တစ္ေန႕က်ရင္ တကယ္ပဲ မင္းကိုယ္မင္း ထိခိုက္ေအာင္ လုပ္ေတာ့မလား'ဆိုၿပီး စိတ္ပူေနရတယ္။"

"ကြၽန္ေတာ္ ... ကြၽန္ေတာ္ ကုသမႈကို __ဆက္ၿပီး ခံယူပါ့မယ္"

ဝမ္န်ဲ့န်န္က သူ႕အေဖ၏ စိုးရိမ္စိတ္ႏွင့္ မ်က္ဝန္းထဲ ထင္ေပၚေနသည့္ ေသာကေတြကို ၾကည့္ၿပီး ျပတ္ေတာက္ျပတ္ေတာက္ႏွင့္ပင္ ျပန္ေျဖခဲ့သည္။

မေန႕ညက ဝမ္အေဖႏွင့္ဖုန္းေျပာခဲ့ၿပီး စိုးရိမ္စိတ္လည္း အနည္းငယ္ ရွိေနခဲ့တာေၾကာင့္ ဒီေန႕တြင္ ဝမ္အိမ္သို႔ ထ်န္ရႈံးသြားခဲ့သည္။

သို႔ေပမယ့္ ဝမ္န်ဲ့န်န္က သူ Philႏွင့္အတူ စႏၵရားသြားတီးတာေၾကာင့္ အိမ္မွာမရွိေၾကာင္း ေျပာခဲ့သည္။

ကုမၸဏီကို ျပန္ေရာက္ၿပီးေနာက္ ထ်န္ရႈံးက မွန္ျပတင္းေပါက္၏အေရွ႕တြင္ အခ်ိန္အၾကာႀကီး ရပ္ေနခဲ့သည္။ အခုတေလာ ဝမ္န်ဲ့န်န္၏စိတ္အေျခအေန ဆိုးဝါးေနသည္ကို သူ အၿမဲခံစားမိခဲ့သည္။ ထို႔အျပင္ ရိုက္ကူးေရးလုပ္ေနသည့္ အခ်ိန္၌ တစ္ျခားသူနဲ႕ စကားမေျပာမိေအာင္ အရမ္းဂ႐ုစိုက္ေနသည္ကိုလည္း သတိထားမိခဲ့သည္။

ထ်န္ရႈံးက ဝမ္န်ဲ့န်န္ရဲ႕ အမူအရာအားလုံးကို အေသးစိတ္ စိုက္ၾကည့္ေနခဲ့ၿပီး ေမးျမန္းသူေၾကာင့္ အေနရခက္သြားပုံ ေပၚသည္ႏွင့္ ထ်န္ရႈံးက ဝင္ကူေပးခဲ့သည္။

"န်ဲ့န်န္ မင္း ဘာျဖစ္ေနတာလဲ။ ဘာလို႔မ်ား မင္းနဲ႕ ေဝးေဝးသြားတယ္လို႔ ခံစားေနရတာလဲ ..."

ထ်န္ရႈံး၏ဖုန္းမွ ျမည္သံထပ္ၿပီး ထြက္ေပၚလာသည္။ ဖုန္းေခၚသူ၏နာမည္ကိုၾကည့္ၿပီးေနာက္မွာ ခက္ထန္မႈဘက္သို႔ ေျပာင္းလဲသြားေသာ မ်က္ဝန္းမ်ားႏွင့္ ထ်န္ရႈံးက ဖုန္းကို ခ်ပစ္လိုက္သည္။

ဖုန္းက ထပ္၍ ျမည္လာသည္။ ထ်န္ရႈံးကလည္း ဖုန္းမကိုင္ဘဲ ခ်ပစ္ျပန္သည္။

႐ုတ္တရက္၌ စားပြဲေပၚတြင္တင္ထားေသာ ဖုန္းမွ အသံျမည္လာၿပီး တံခါးမွလည္း အသံထြက္ေပၚလာသည္။ ထ်န္ရႈံး၏ ကြန္ပ်ဴတာပင္ အလိုအေလ်ာက္ပြင့္သြားသည္။

"ဒီေကာင္ ဒါမ်ိဳး ထပ္လုပ္ျပန္ၿပီ"

ကြန္ပ်ဴတာစခရင္လ္၌ စာလုံးတစ္ခ်ိဳ႕ေပၚလာၿပီး ထို႔ေနာက္တြင္ ေမာ့ေပရိ၏ အသံထြက္ေပၚလာသည္။

"ေရွာင္ရႈံး ... ငါ့ဖုန္းကိုကိုင္မဟုတ္ရင္ ခ်ီယြမ့္ရဲ႕ဖုန္းတိုင္းကို ဆက္ၿပီး ငါ့အတြက္ မင္းကို ရွာေပးဖို႔ သူတို႔ကို ေျပာလိုက္မယ္။ "

"ေမာ့ေပရိ ... မင္း လုပ္ရဲရင္ လုပ္ၾကည့္ေလ" ထ်န္ရႈံးက ခ်က္ခ်င္းေျပာင္းလဲသြားအမူအရာျဖင့္ ေမာ့ေပရိကို သတိေပးလိုက္သည္။

ေမာ့ေပရိက ခနမွ်တိတ္ဆိတ္ေနခဲ့ၿပီး မသက္မသာႏွင့္ ဆက္၍ေျပာခဲ့သည္။

"ငါက ဟက္ကာေနာ္ ေရွာင္ရႈံး။ ငါက ေျပာတဲ့အတိုင္းလုပ္တယ္ ဆိုတာ' မင္းသိပါတယ္။အခုလိုမ်ိဳး ငါ့ဖုန္းကိုလည္း မကိုင္၊ ရွင္းျပတာကိုလည္း နားမေထာင္ပဲေနတာကို စိတ္မတိုသင့္ဘူးလား။ မင္း အခုလိုပဲ ဆက္လုပ္ေနမယ္ဆိုရင္ ငါ့အဆိုးမဆိုနဲ႕ေနာ္။ ငါကိုယ္တိုင္ မင္းရွိတဲ့႐ုံးခန္းဆီ တက္လာၿပီး မင္းကို ကိုယ္တိုင္ လာရွာမယ္"

"ေကာင္းၿပီေလ .. ခ်ီယြမ့္ထဲ ဝင္နိုင္မယ္ထင္ရင္ လာလိုက္ေပါ့။ ခ်ီယြမ့္မွာ အေစာင့္ေတြ မရွိဘူးလို႔ ထင္ေနတာလား။"

"ဒါဆိုလည္း ေကာင္းၿပီေလ"

သက္ျပင္းခ်သံႏွင့္ ေမာ့ေပရိက ကြန္ပ်ဴတာကိုပိတ္ၿပီး နားထင္ကို လက္ျဖင့္ ဖိႏွိပ္ေနခဲ့သည္။

အျပင္ဘက္တြင္ရွိေနေသာ လူတစ္ေယာက္က ကားတံခါးကို ဖြင့္လိုက္ၿပီး တေလးတစားႏွင့္ ေျပာလာသည္။

"သခင္ေလး ေမာ့၊ ခ်ီယြမ့္ရဲ႕ ပထမထပ္မွာ အေစာင့္ေျခာက္ေယာက္၊ ဒုတိယထပ္မွာ ႏွစ္ေယာက္နဲ႕ ငါးထပ္မွာ ႏွစ္ေယာက္ ရွိပါတယ္။ဒီထက္ပိုၿပီး အမ်ားႀကီး မရွိလို႔ ကြၽန္ေတာ့္ရဲ႕ လက္ေအာက္ငယ္သားေတြကို ေခၚသြားၿပီး ရွင္းလိုက္ပါ့မယ္။"

"ရတယ္ ... ငါကိုယ္တိုင္သြားလိုက္မယ္။ မင္းတို႔ဆိုရင္ သူလန႔္သြားလိမ့္မယ္။"

"ေကာင္းပါၿပီ သခင္ေလး ေမာ့"

အခန္းအျပင္ဘက္မွ ရန္ျဖစ္သံမ်ားကိုၾကားလိုက္ရခ်ိန္၌ ထ်န္ရႈံး၏မ်က္ႏွာအမူအရာ ေျပာင္းလဲသြားခဲ့သည္။

ေမာ့ေပရိက သူ႕ ကိုတံေတာင္ျဖင့္ ဖမ္းခ်ဳပ္ထားတဲ့သူကို တြန္းထိုးလွဲခ်ၿပီး ေျခေထာက္တစ္ဖက္ျဖင့္ က်န္လူကို ကန္ေနခဲ့သည္။

"ေမာ့ေပရိ ေတာ္လိုက္ေတာ့"

ထ်န္ရႈံးက ေနရာတြင္ပင္ေတာင့္ခဲေနၿပီး ခက္ခက္ထန္ထန္ႏွင့္ ေအာ္ေျပာလိုက္သည္။

ေမာ့ေပရိက သူ႕ရဲ႕ကန္ေက်ာက္ေနျခင္းကို ရပ္ၿပီး ထ်န္ရႈံးအေရွ႕သို႔ ေလွ်ာက္လာခဲ့သည္။

"ခ်န္းလုံအန္းက လူတစ္ေယာက္ကို တိုက္ခဲ့တာ။ ငါ့နဲ႕ဘာမွမဆိုင္ဘူး။"

"ငါယုံမယ္ ထင္လို႔လား။ ေစာင့္ၾကည့္ကင္မရာအားလုံးက ဖ်က္စီးခံထားရတယ္"

"ငါ ေစာင့္ၾကည့္ကင္မရာေတြကို မဖ်က္ခဲ့ဘူး။ ခ်န္းလုံအန္းကိုလည္း သြားမေတြ႕ခဲ့ဘူး။"

"သက္ေသျပေလ"

"ေကာင္းၿပီ ငါ မင္းကိုသက္ေသျပမယ္"

--

ဝမ္အေဖႏွင့္ သေဘာတူညီမႈ ယူၿပီးေနာက္ ေန႕လည္ပိုင္းမွာ ဝမ္န်ဲ့န်န္ ေဆး႐ုံသို႔ သြားခဲ့သည္။ ေဒါက္တာလီကို တစ္ခါထပ္ၿပီး ျမင္ေတြ႕လိုက္ရခ်ိန္မွာ သူ႕မ်က္ဝန္းေတြက တစ္စုံတစ္ရာ ကြယ္လွ်ိုးထားဟန္ ေပၚေနခဲ့သည္။

"န်ဲ့န်န္ ... မင္းကို ထပ္ေတြ႕ရလို႔ ငါဝမ္းသာတယ္" ေဒါက္တာလီက ဝမ္န်ဲ့န်န္ကို ေရတစ္ခြက္ကမ္းေပးၿပီး ေျပာလိုက္သည္။

"ေက်းဇူးတင္ပါတယ္ ေဒါက္တာလီ"

"န်ဲ့န်န္ .. မင္း Phil နဲ႕ ေဖ်ာ္ေျဖပြဲလိုက္သြားမယ့္ ကိစၥကို ငါလည္း သေဘာတူတယ္။ မင္းႏွစ္သက္တဲ့ အႏုပညာအလုပ္ကို မင္းစံထားရသူနဲ႕ တြဲလုပ္ရတာက မင္းကို အမ်ားႀကီး စိတ္ခ်မ္းသာမႈ ရေစမယ္။ ဒီအေတာအတြင္း မင္း အမ်ားႀကီး ပင္ပန္းခဲ့ၿပီးၿပီ။ ပတ္ဝန္းက်င္ေျပာင္းၿပီး ခံစားခ်က္ကို ေျပာင္းလဲလိုက္တာက မင္းအတြက္ အက်ိဳးရွိပါတယ္။"

"ကြၽန္ေတာ္ Phil နဲ႕ လိုက္သြားမွာပါ။"

ေဒါက္တာလီႏွင့္ စကားေျပာၿပီး အခန္းထဲမွ ထြက္လာၿပီးေနာက္ ေဆးယူဖို႔အတြက္ ေကာ္ရစ္တာရွိ ခုံတန္းတြင္ ထိုင္ၿပီး ေစာင့္ေနခဲ့သည္။

ကုယ်န္ရွန္း ဓာတ္ေလွကားအတြင္းမွ ထြက္သည္ႏွင့္ ေကာ္ရစ္တာ၏တစ္ျခားတစ္ဖက္တြင္ ထိုင္ေနေသာ ဝမ္န်ဲ့န်န္ကို တန္း၍ ေတြ႕လိုက္ရသည္။သူလည္း ဆရာဝန္ႏွင့္ေတြ႕ဖို႔ ေဆး႐ုံကိုလာခဲ့တာျဖစ္ေပမယ့္ ဝမ္န်ဲ့န်န္ကို ေတြ႕ဖို႔ေတာ့ မေမွ်ာ္လင့္ထားခဲ့ေပ။

အခုေတာ့ ဝမ္န်ဲ့န်န္လည္း ကုသမႈခံယူဖို႔ ဆရာဝန္နဲ႕ လာေတြ႕တာကို ျမင္လိုက္ရေတာ့ ကုယ်န္ရွန္း ခနမွ် ေၾကာင္အၿပီး ရပ္တန႔္ေနခဲ့မိသည္။

အကယ္၍ သူသာ ရပ္မေနဘဲ ေရွ႕ဆက္ေလွ်ာက္သြားရင္ ဝမ္န်ဲ့န်န္က သူ႕အေနာက္လိုက္လာတယ္'ဟူ၍ ေသခ်ာေပါက္ကို ထင္မွာ ျဖစ္သည္။ ထိုအခါ သူလည္း ဝမ္န်ဲ့န်န္မ်က္စိေရွ႕သို႔ ထပ္ေပၚလာခြင့္ ရွိေတာ့မွာ မဟုတ္ေခ်။

႐ုတ္တရက္၌ ဝမ္န်ဲ့န်န္က ဓာတ္ေလွကားဘက္သို႔ ေခါင္းလွည့္လာတာေၾကာင့္ ကုယ်န္ရွန္းက နံရံအေနာက္သို႔ ဝင္ၿပီး ျမန္ျမန္ပုန္းလိုက္ရသည္။

ထို႔ေနာက္ လက္ထဲေဆးထုတ္ကိုင္ၿပီး ေဒါက္တာလီႏွင့္ စကားတစ္ခ်ိဳ႕ေျပာၿပီးေနာက္ ဝမ္န်ဲ့န်န္ ျပန္သြားခဲ့သည္။

ကုယ်န္ရွန္းက သူ ေန႕ေန႕ညည ေတြးေနမိသူ၏ လမ္းေလွ်ာက္ထြက္သြားပုံကို ဝမ္းနည္းမႈမ်ား အရိပ္ထင္ေနသည့္ မ်က္ဝန္းမ်ားျဖင့္ ၾကည့္ေနခဲ့ၿပီး ေဒါက္တာလီရွိရာဘက္သို႔ တစ္ဖန္ျပန္၍ လွည့္ၾကည့္လိုက္သည္။

(တံခါးေခါက္သံ)

"ဝင္လာခဲ့ပါ"

ေဒါက္တာလီက တံခါးဝသို႔ ေမာ့ၾကည့္လိုက္ၿပီးေနာက္ အခန္းအတြင္းသို႔ ဝင္လာသူမွာ ကုယ်န္ရွန္း ျဖစ္ေနမွန္း သိလိုက္ရသည္။

"မင္း က? မင္း ဒီကို ဘာလာလုပ္တာလဲ။"

"ကြၽန္ေတာ္ သူ႕ရဲ႕ က်န္းမာေရး အေျခအေနကို သိခ်င္တယ္"

ကုယ်န္ရွန္းက ႏႈတ္ခမ္းကို တည္တင္းလိုက္ၿပီး ဘဝင္မက်ပဳံႏွင့္ ေျပာလိုက္သည္။

"မင္းက ဘာလို႔ သိခ်င္တာလဲ။သူ႕နဲ႕ေရာ ဘယ္လိုပတ္သတ္မႈမ်ိဳး ရွိတာလဲ။" ေဒါက္တာလီက ႏွာေခါင္းရႈံ႕၍ ျပန္ေမးလိုက္သည္။

"သူ႕အေျခအေနက အရမ္းဆိုးဝါးေနတာလား။ ကြၽန္ေတာ္ အဲ့ဒီေန႕က သူေရကန္ဘက္ လမ္းေလွ်ာက္ေနတာကို ျမင္ခဲ့တယ္။ သူ လုံးဝမရပ္ခဲ့ဘူး။ သူ႕ကို တားဖို႔ ကြၽန္ေတာ္ျမန္ျမန္ေျပးသြားခဲ့ရတယ္။"

ကုယ်န္ရွန္း၏ စကားေၾကာင့္ ေဒါက္တာလီ မွင္သက္သြားခဲ့သည္။ ဝမ္န်ဲ့န်န္က ထိုကဲ့သို႔ မထင္မွတ္ထားသည့္ အျပဳအမူမ်ိဳး လုပ္မည္ကို သူ မထင္ထားခဲ့တာေၾကာင့္ပင္။

"သူ စိတ္ပိုင္းဆိုင္ရာကုသမႈ မခံယူတာ ေတာ္ေတာ္ၾကာေနၿပီ။ ေဆးေသာက္တာကိုလည္း ရပ္ထားတယ္။ ဘယ္လိုလုပ္ၿပီး ေနမေကာင္းထပ္မျဖစ္ဘဲ ေနမလဲ။အဲ့ဒီအျပင္ ကိစၥေတြကလည္း ေတာ္ေတာ္မ်ားမ်ား ျဖစ္ပ်က္ခဲ့တယ္ေလ။"

"သူက ေဆးေသာက္တာကို ရပ္ထားတယ္?။ ဘာလို႔လဲ ... ဘာလို႔ သူ ရပ္လိုက္တာလဲ။" တအံ့တဩႏွင့္ ကုယ်န္ရွန္း ေမးလိုက္သည္။"

"အေၾကာင္းျပခ်က္ကေတာ့ ေဆးက သူ႕ကို ပိုၿပီး ထိန္းခ်ဳပ္ရခက္ခဲေအာင္ ျပဳလုပ္ေနလို႔။ သူ႕အေတြးေတြကို ရႈပ္ေထြးေအာင္လုပ္ၿပီး ေဘးထြက္ဆိုက်ိဳး ႀကီးႀကီးမားမား ရွိတယ္လို႔ ဆိုရမွာေပါ့။သူက သီခ်င္းကိုခ်စ္ၿပီး စႏၵရားအရမ္းတီးခ်င္၊ သီခ်င္းေရးခ်င္တဲ့ ေကာင္ေလးေလ။ ေဆးမေသာက္ရင္ ဘာေတြ ျဖစ္လာမလဲ မင္း သိမွာေပါ့။ မက်န္းမမာျဖစ္ၿပီး သူ႕ကိုယ္သူနာက်င္ေစမယ္ ... သူ႕ကိုယ္သူပုံပ်က္ေအာင္ ဖ်က္စီးၿပီး ကိုယ့္ကိုယ္ကို ႏွိပ္စက္တာေတြ လုပ္လာမယ္.."

ကုယ်န္ရွန္း၏ခႏၶာကိုယ္မွာ ေအးခဲေတာင့္တင္းေနၿပီး မ်က္ႏွာတြင္ နာက်င္မႈမ်ား ျပည့္လ်က္ ဆိုဖာေပၚသို႔ အ႐ုပ္က်ိဳးပ်က္ ထိုင္လ်က္ က်သြားခဲ့သည္။

တုံ႕ျပန္မႈတို႔မရွိ... သူ႕ႏႈတ္မွ စကားလုံးတို႔သည္လည္း အခ်ိန္ၾကာျမင့္စြာ ဆြံ႕အေနခဲ့သည္။

--

ကုမၸဏီ၌ စာ႐ြက္စာတမ္းႏွင့္ စာခ်ဳပ္အေၾကာင္းအရာမ်ားကို လုပ္ေနရင္း က်ိဳးယြမ္ဖုန္းက လက္မွနာရီကို ငုံ႕ၾကည့္လိုက္သည္။

"ဟုတ္ၿပီ ... နားရေအာင္"

ဒီရက္ေတြအတြင္းမွာ ကုယ်န္ရွန္းက ျပည္ပသို႔ ႐ုတ္တရက္ထြက္သြားခဲ့ၿပီး နိုင္ငံျခားရွိ ေဆးကုမၸဏီေတာ္ေတာ္မ်ားမ်ားႏွင့္ ဆက္သြယ္ေနခဲ့သည္။ သူက ကုအဖြဲ႕အစည္း၏ အဓိကပေရာဂ်က္မ်ားကိုသာ ေပးၿပီး ထို ေဆးကုမၸဏီမ်ား၌ ေငြအေျမာက္အျမား ရင္းႏွီးျမႇုပ္ႏွံထားခဲ့သည္။

ထိုကဲ့သို႔ ျပဳလုပ္ျခင္းႏွင့္ ေမးျပန္ေတာ့လည္း အေျဖျပန္မေပးသည့္ ကုယ်န္ရွန္းက က်ိဳးယြမ္ဖုန္းကို ဇေဝဇဝါျဖစ္ေစခဲ့သည္။ သို႔ႏွင့္ ကုယ်န္ရွန္းက ေဆးဝါးေရာင္းဝယ္ေရးႏွင့္ ပတ္သတ္သည့္ ပေရာဂ်က္တစ္ခု လိုခ်င္ေနတာေၾကာင့္' ဟုသာ ေတြးၿပီး က်ိဳးယြမ္ဖုန္းလည္း ထပ္မေမးေတာ့ေခ်။

--

Z နိုင္ငံ၌ ကုယ်န္ရွန္းက ကိုယ္ေပၚ၌ ကုတ္အက္်ီကို ထပ္ဝတ္ၿပီး စီးကရက္ကို ႏႈတ္ဖ်ား၌ ကိုက္ခဲကာ နာက်င္ကိုက္ခဲေနသည့္ ဦးေခါင္းကို ၾကည္လင္သြားေစဖို႔ လသာေဆာင္သို႔ ထြက္လာခဲ့သည္။

'သူ မေန႕ညက အရက္ေသာက္တာ အေတာ္မ်ားခဲ့သည္။'

Zနိုင္ငံတြင္ရွိေသာ လူအမ်ားစုက အရက္ေသာက္နိုင္ၾကၿပီး သူတို႔က မိတ္ေဆြ၊ သူငယ္ခ်င္းေတြနဲ႕ ေတြ႕တဲ့အခါ အရက္ျဖင့္ ဧည့္ခံေပ်ာ္ပါးရသည္ကို ႏွစ္ၿခိဳက္ၾကသည္။အလုပ္ကိစၥအေၾကာင္း ေျပာရင္းႏွင့္ အရက္လည္း ေသာက္ၾကၿပီး သူငယ္ခ်င္းလည္း ဖြဲ႕ၾကသည္။ အကယ္၍ ကိုယ္က အရက္မေသာက္ရင္ သူတို႔အေပၚအေလးထားျခင္း မရွိဘူး'ဟူ၍ သတ္မွတ္ၾကသည္။

ကုယ်န္ရွန္းကေတာ့ ပိုင္ဆိုင္ရမယ့္ အရာတစ္ခု ရွိေနျခင္းေၾကာင့္ အရက္ကို ထိုမွ် အထိ ေသာက္နိုင္ခဲ့သည္။ သူ႕အေနျဖင့္ သိပ္မၾကာေတာ့မည့္ ရက္အနည္းငယ္အတြင္း ဝမ္န်ဲ့န်န္က Phil ႏွင့္ ခရီးထြက္မွာကို သိေနတာေၾကာင့္ သူ႕အတြက္ ေဆးကိုယူသြားနိုင္ဖို႔က သိပ္ကို အလ်င္လိုေနခဲ့သည္။

ကုယ်န္ရွန္းက အရင္ရက္ေတြအတြင္း ေဆးဝါးထုတ္လုပ္ျဖန႔္ခ်ီသည့္ ကုမၸဏီမ်ားမွ ပိုင္ရွင္မ်ားႏွင့္ စကားေျပာ အဆင္ေျပခဲ့တာေၾကာင့္ ဒီည ညွိႏွိုင္းမႈ တြင္ အဆင္ေျပနိုင္ေခ် ရွိေပသည္။

ကုယ်န္ရွန္းက သူ႕အဝတ္အစားေတြကို ထုတ္ပိုးၿပီး ဟိုတယ္သို႔ ထြက္သြားခဲ့သည္။

'Wilke Hotel'

"မစၥတာ ဘေရာင္း ... ကု ... ခြက္ခ်င္းတိုက္ၾကရေအာင္"

သီးသန႔္ခန္း၏ စားပြဲေပၚ၌ ဝိုင္ပုလင္းမ်ား ျပည့္ေနၿပီး ေဘးတြင္လည္း ဝိုင္ပုလင္းအလြတ္မ်ား မ်ားစြာ ရွိေနသည္။ဘေရာင္း'ဟု ေခၚေသာ ေယာက္်ားႀကီးက ဆိုဖာတြင္ထိုင္ေနၿပီး ထိုသူ၏အေနာက္၌ အမဲေရာင္ဝတ္စုံျပည့္ ဝတ္ထားသည့္ လူႏွစ္ေယာက္ ရပ္ေနသည္။

ကုယ်န္ရွန္းက အရက္ေတာ္ေတာ္မ်ားမ်ား ေသာက္ထားၿပီးၿပီး ျဖစ္ရာ သူ႕ေခါင္းတစ္ခုလုံးက ဆိုးဝါးစြာကိုက္ခဲေနၿပီး ဝမ္းဗိုက္တြင္းရွိ အစာအိမ္သည္လည္း မီးျမႇိုက္ထားသလို ပူေလာင္ေနခဲ့သည္။

"လုပ္ပါ ကု ... ဒီတစ္ခြက္ကိုလည္း ကုန္ေအာင္ လုပ္လိုက္ပါ။ "

ေဘးတြင္ရွိေနေသာ လူမ်ားက အရက္ခြက္ကိုျမႇောက္ၿပီး ေခါင္းကိုေမာ့ကာ အကုန္အစင္ ေသာက္လိုက္ၾကၿပီးေနာက္ ကုယ်န္ရွန္းကိုလည္း တြန္းအားေပးေနသည့္ အၾကည့္မ်ားျဖင့္ ၾကည့္ေနခဲ့သည္။

ကုယ်န္ရွန္းက စိတ္ဘဝင္မက်၍ သုန္မႈန္ေနဟန္မ်က္ႏွာထားရွိေသာသူကို ၾကည့္ၿပီး ဝိုင္ခြက္ကို မကိုင္ဘဲ မတ္တပ္ရပ္လိုက္သည္။ထို႔ေနာက္ ဝိုင္ခြက္အစား သူ႕ေဘးတြင္ရွိေသာ အဖုံးပင္ မဖြင့္ရေသးသည့္ အသစ္စက္စက္ဝိုင္ပုလင္းကို ဆြဲယူၿပီး အဖုံးဖြင့္ကာ ေမာ့ေသာက္လိုက္သည္။

မစၥတာဘေရာင္းႏွင့္ က်န္လူမ်ားက ထင္ရာဆိုင္းတတ္ေသာ ဤအရက္သမားကို အံ့ဩ၍ ေငးၾကည့္ေနခဲ့ၾကသည္။ ထိုဝိုင္ပုလင္းက သူတို႔ေနရာတြင္ရွိေသာ ဝိုင္မ်ားထဲတြင္ အယ္ကိုေဟာ ပါဝင္မႈ အျမင့္ဆုံး ျဖစ္သည္။

ကုယ်န္ရွန္းက အကုန္အစင္ျဖစ္သြားေသာ ဝိုင္ပုလင္းကို စားပြဲေပၚသို႔ ေဆာင့္ခ်လိဳက္ၿပီး ေခါင္းကို ခါယမ္းလိုက္သည္။ လက္ေတြက စားပြဲကို အမွီျပဳလ်က္ လဲမက်သြားဖို႔ကိုလည္း ထိန္းထားသည္။

"ဒီေလာက္ဆို လုံေလာက္ၿပီလား။"

ကုယ်န္ရွန္းက သူ႕ေဘးပတ္လည္တြင္ ရွိေနေသာ လူမ်ားကို ေမာ့ၾကည့္ၿပီး ဝမ္းဗိုက္အတြင္းမွ နာက်င္မႈကို အံ့တုထားလ်က္ ေျပာလိုက္သည္။

ထိုအခါ ဘေရာင္းက ႐ုတ္တရက္ ၿပဳံးလိုက္ၿပီး " စိတ္ဝင္စားစရာပဲ။ ေကာင္းပါၿပီ ငါ မင္းနဲ႕ အလုပ္တြဲလုပ္မယ္။ အေထာက္အထားစာ႐ြက္ကို မင္းဆီ လႊဲေပးမွာမို႔ ငါလည္း ကုမိသားစုရဲ႕ ပေရာဂ်က္ကို လိုခ်င္တယ္။"

ဘေရာင္းက သူ႕ေနာက္တြင္ရွိေနေသာ လူႏွစ္ေယာက္ထံမွ စာခ်ဳပ္ကို ေတာင္းလိုက္ၿပီး ကုယ်န္ရွန္းထံသို႔ ေပးလိုက္သည္။

"ကု ... ေဆးဝါးရဲ႕ အေထာက္အထားစာ႐ြက္ကို မင္းပိုင္သြားၿပီ။ အဲ့ဒီေဆးဝါးရဲ႕ အက်ိဳးအျမတ္ပိုက္ဆံကိုလည္း ရၿပီေပါ့။ မဟုတ္ရင္ ဒီအထိလာၿပီး ဘယ္လိုလုပ္ ငါ့နဲ႕အတူ အရက္ေသာက္ ၿပီးေတာ့ ပေရာဂ်က္ပါ ေပးပါ့မလဲ ဟုတ္တယ္မလား။"

"ပိုက္ဆံေၾကာင့္မဟုတ္ဘူး။ လူတစ္ေယာက္အတြက္"

ဘေရာင္း အံ့ဩသြားသည္။

"လူတစ္ေယာက္...? လူတစ္ေယာက္ အတြက္နဲ႕မင္းက စဥ္းစားေတြေဝျခင္းမရွိ ထင္ရာစိုင္းတတ္တဲ့လူလို ဝိုင္ေတြ ေသာက္ခဲ့တာလား။"

ကုယ်န္ရွန္းက အေထာက္အထားစာ႐ြက္ကို သူ႕မ်က္ဝန္းထဲ အခ်စ္တို႔ျပည့္ေနေသာ အၾကည့္မ်ားျဖင့္ ဆုပ္ကိုင္၍ ျပင္ပခႏၶာ၏ ၿပိဳလဲက်ေတာ့မည့္ အေျခအေနကို ေတာင့္ခံကာ ျပတ္ျပတ္သားသားပင္ ျပန္ေျဖခဲ့သည္။

"ဟုတ္တယ္... ကြၽန္ေတာ္ ခ်စ္တဲ့ အဲ့ဒီလူတစ္ေယာက္အတြက္ဘာမဆိုလုပ္ေပးဖို႔ ဆႏၵရွိတယ္။ သူ႕ကိုကာကြယ္ေပးမယ္လို႔' ကြၽန္ေတာ္ ေျပာခဲ့တယ္။"

"စိတ္ဝင္စားစရာပဲ" ဟု ေျပာၿပီးေနာက္ မစၥတာဘေရာင္းလည္း တျခားသူမ်ားနည္းတူ အခန္းထဲမွ ထြက္သြားခဲ့သည္။

လူတိုင္းထြက္သြားၿပီးေနာက္မွာ ကုယ်န္ရွန္းက ဟန္ခ်က္ပ်က္ၿပီး အေရွ႕သို႔ ယိမ္းထိုး က်သြားခဲ့သည္။ စားပြဲေပၚတြင္ ရွိေနေသာ ဝိုင္ပုလင္းမ်ားလည္း ၾကမ္းျပင္ေပၚသို႔ က်ကြဲကုန္ၿပီး လဲက်သြားသည့္ ကုယ်န္ရွန္းသည္လည္း မ်က္ႏွာတစ္ခုလုံး ျဖဴေဖ်ာ့လ်က္ ၾကမ္းျပင္တြင္ ေကြး၍ ရွိေနခဲ့သည္။

"ဟင္း ......"

ကုယ်န္ရွန္းက ဆိုဖာကို မွီလိုက္ၿပီး ကိုယ္ကို ေကြးထားလ်က္ အေထာက္အထားစာဖိုင္အိတ္ကို ဆုပ္ကိုင္ကာ နာက်င္စြာ ၿပဳံးလိုက္သည္။

"လုပ္နိုင္ခဲ့ၿပီ .... န်ဲ့န်န္ ... ငါ မင္းအတြက္ ေဆးရခဲ့ၿပီ။"

႐ုတ္တရက္၌ လည္ေခ်ာင္းဝမွ ပ်ိဳ႕အန္တက္လာေသာ ငါးညွီနံ႕ႏွင့္ ပါးစပ္ႏွင့္ အျပည့္ျဖစ္လာေသာ ေသြးတစ္ပြက္က စာဖိုင္အိတ္ေပၚသို႔ အန္ထြက္လာခဲ့သည္။

ကုယ်န္ရွန္းက ေသြးတို႔ေပက်ံသြားေသာ စာအိတ္ကို ေငးေၾကာင္၍ ၾကည့္ေနခဲ့သည္။ ထိုမ်က္ဝန္းအၾကည့္မ်ားက တျဖည္းျဖည္း ေမွာင္ရိပ္တို႔ က်လာခ်ိန္ သူ႕ကိုယ္က ၾကမ္းျပင္ေပၚသို႔ လဲက်သြားၿပီး သတိလစ္ သြားခဲ့သည္။ ......

_______________

Black Lotus
Words-3411
Oct/16/2022
Wine.

Note.

ပန္းေလးေတြ ဖူးပြင့္လာမယ့္တစ္ေန႕
ေနျခည္လည္း ျဖာတဲ့အခါ
လမ္းေလွ်ာက္ထြက္စို႔ေလ ေနၾကာ။...

Continue Reading

You'll Also Like

2.3M 374K 159
English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All...
237K 26.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
236K 12.6K 79
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
358K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...