Compatible Pheromones |TK|✓

By xinyin_wangqi

178K 18.5K 1.8K

မုန်းတီးခြင်းဟုယူဆသော်ငြား... လျစ်လျူရှုမှုတို့ကမစွမ်းသာ... မျှောလွှင့်နေတဲ့ တိမ်လေးတွေလို... ခံစားချက်တွေဟာလ... More

Story Prologue
Chapter 1 ( Vol 1 )
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Omegaverse
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
သုံးသပ်မေးခွန်း (၂၀)
Chapter 26 (Vol 2)
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38(Vol 3)
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Special Episode
Hello
Extra 1
Extra -2

Chapter 45 (Final)

4.2K 326 60
By xinyin_wangqi

(Unicode)

ဂျောင်ကုအခြေအနေငြိမ်သည်အထိ စောင့်ကြည့်ပြီးနောက် နှစ်ရက်အကြာ၌ ဆေးရုံဆင်းခွင့်ရသည် ။ စနေနေ့ရောက်သွားပြီဖြစ်တာကြောင့် ထယ်ယောင်းကတော့ တစ်ပတ်လုံးကျောင်းပျက်လိုက်ရသည် ။

ဂျောင်ကုဆေးရုံဆင်းပြီးနောက်တွင် ပါပါးဂျွန်က ဂျောင်ကုကို အိမ်ပြန်ခေါ်သွားသည် ။ ထို့ကြောင့် ထယ်ယောင်းလည်း မာမားကင်မ်နှင့်အတူ အိမ်ပြန်လာသည် ။ မာမားကင်မ်က ဂျောင်ကု၏မတော်တဆသတင်းကိုကြားပြီး ပဲရစ်မှ အလျင်အမြန်ပြန်လာခဲ့ခြင်းဖြစ်သည် ။

ထယ်ယောင်းအိမ်ပြန်ရောက်တော့ ဟီဂျင်ကဧည့်ခန်းထဲတွင် သူ့အားထိုင်စောင့်နေသည် ။ မာမားကင်မ်ကတော့ ပင်ပန်းနေငည်ထင်၏ ။ ဟီဂျင်ကိုနှုတ်ဆက်ပြီးသည်နှင့် အခန်းထဲပြန်သွားသည် ။

“ ဒီတစ်ပတ်အတွက် စာတွေအကုန်လုံးကူးထားပေးပြီးပြီ ”

ဟီဂျင်က ဆိုသည် ။

“ အင်း...ကျေးဇူးပါ ”

ထယ်ယောင်းက ဟီဂျင်ရှေ့တွင် အားလျော့စွာဖြင့် ထိုင်ချလိုက်သည် ။

“ တစ်ခုခုဖြစ်လို့လား ? ”

ထယ်ယောင်းက ခေါင်းခါလိုက်ပြီး

“ နည်းနည်းပင်ပန်းလို့ပါ ”

“ ဒါဆိုလည်း အနားယူတော့ ငါသွားတော့မယ် ”

“ အမ်း...ဖြည်းဖြည်းသွား ”

ဟီဂျင်ထွက်သွားသည်နှင့် ထယ်ယောင်းက ဒုတ်ယထပ်သို့တက်လိုက်ပြီး ကိုယ်ပိုင်အခန်းထဲသို့ဝင်လိုက်သည် ။ အခန်းလေးက သူမရှိသည့်အချိန်အတိုင်းကဲ့သို့ သပ်ရပ်စွာပင် ။ သူ၏ခေါင်းရင်းတွင်တော့ မူကြိုအရွယ်တုန်းက သူနှင့်ဂျောင်ကုတို့တွဲရိုက်ထားသည့် ပုံလေးရှိနေသည် ။

နံရံပေါ်တွင် ချိတ်ထားသည့် ၎င်းပုံလေးကို ထယ်ယောင်းဖြုတ်လိုက်ပြီး ကုတင်ပေါ်တွင် ထိုင်၍ ကြည့်လိုက်သည် ။ ဓာတ်ပုံထဲတွင် လင်ဗန်းတစ်ချပ်ကိုင်ထားသည့် ထယ်ယောင်းက ရယ်မောနေပြီး ပန်းကန်ပြားလေးကိုင်ထားသည့် ဂျောင်ကုကတော့ ဆူပုပ်နေသည် ။ ကလေးအရွယ်လေးတွေဖြစ်တာကြောင့် ဆူပုပ်ဆုပ်ဖြစ်နေသည့် ဂျောင်ကုမျက်နှာလေးက ရယ်စရာကောင်းနေသည် ။

ထယ်ယောင်းက ‌ဂျောင်ကုပုံနေရာလေးကို ပွတ်သပ်လိုက်သည် ။ ငယ်ငယ်ကတည်းက တစ်စက်မှမတည့်ခဲ့သည့် ကောင်လေးက တစ်ရက်မှာ သူ့ချစ်သူကောင်လေးဖြစ်လာလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့ဖူးပေ ။ ဘဝတစ်ခုလုံးကိုပါ ကယ်တင်ပေးလိမ့်မည်ဟူသည့် အတွေးဆို ဝေးစွ ။

လောကကြီးကဆန်းကျယ်လွန်းပါသည် ။ အခုဆိုလျှင် သူ့ပြိုင်ဘက်က သူ့ချစ်သူကောင်လေး ဖြစ်လာရုံသာမက သူ့အားကယ်တင်ပေးသည့် အသက်သခင်ကျေးဇူးရှင်ဖြစ်နေပြန်သည် ။

ဓာတ်ပုံလေးကို နံရံပေါ်သို့ ထယ်ယောင်းပြန်ချိတ်လိုက်သည် ။ ထူးခြားလွန်းသည့် ကြမ္မာတို့ကြား ချစ်ခွင့်ရခဲ့သည့် ဤချစ်သူကောင်လေးအား သူပို၍ ချစ်ပေးပါဦးမည် ။

မျက်စိတစ်မှိတ်အတွင်း အချိန်တို့က ကုန်ဆုံးသွားပြီး ခရစ္စမတ်ပွဲတော်ရောက်ရှိလာသည် ။ ထိုနေ့တွင် နှင်းမှုန်တို့က ကောင်းကင်ယံဆီမှ အလုအယက်ကျဆင်းနေကြပြီး လမ်းမကြီးပေါ်တွင် စုပုံလို့နေသည် ။ ထို့ကြောင့် နာရီဝက်တစ်ခါ နှင်းကြုံးသည့်ကားကြီးတို့က နှင်းများကိုလမ်းပေါ်မှ ဖယ်ရှားကြရသည် ။

ခရစ္စမတ်နေ့တွင် စာသင်ကျောင်းများက ပိတ်ထားပြီး ကျောင်းသူကျောင်းသားများက မိသားစုနှင့် အချိန်ကုန်ဆုံးရန် အိမ်သို့ပြန်ကြသည် ။

ဒီတစ်နှစ်တွင်တော့ ထူးခြားစွာဆက်နွယ်ထားသည့် ကင်မ်အိမ်နှင့်ဂျွန်အိမ်သည် ခရစ္စမတ်ပွဲတော်ကိုအတူဆင်နွဲကြရန် ရည်ရွယ်ထားသည် ။ ထို့ကြောင့် တောင်ပေါ်ဗီလာတွင်သာ အမြဲနေထိုင်သည့် ဖိုးဖိုးဂျွန်က ဂျွန်အိမ်တော်သို့ရောက်လာပြီး မိသားစုနှစ်ခုနှင့်အတူ ခရစ္စမတ်ပွဲ၌ ပါဝင်ခဲ့သည် ။

ကြွပ်ရွနေအောင် ဖုတ်ထားသည့် ကွတ်ကီးရနံ့လေးက ဂျွန်အိမ်တစ်ခုလုံးသင်းပျံ့နေပြီး ပူပူနွေးနွေးနွားနို့ကလည်း မီးဖိုပေါ်တွင် ပွက်ပွက်ဆူနေသည် ။ နူးအိနေအောင်ချက်ထားသည့် ဆိတ်သားက ထမင်းစားစာပွဲရှည်ကြီးတွင် နေရာယူထားပြီး တစ်ပေနီးပါးရှည်သည့် ဖယောင်းတိုင်တို့အား အနောက်တိုင်းဆန်စွာ ထွန်းထားသေးသည် ။

ရယ်မောသံများ ၊ ဆူညံသံများနှင့် သက်ဝင်လှုပ်ရှားနေသည့် ဂျွန်အိမ်ကြီးထဲတွင် ကင်မ်မိသားစုနှင့်ဂျွန်မိသားစုသည် အနီရောင်ချည်ဖြင့်ထိုးထားသည့် ဆွယ်တာများကို ဝတ်ဆင်ထားကြသည် ။

သူတို့သည် ပျော်ရွှင်စွာဖြင့် ညစာစားကြပြီးနောက် နွားနို့ပူပူ‌ကို တစ်ယောက်တစ်ခွက်စီကိုင်ထားပြီး ဖုတ်ထားသည့် ကွတ်ကီးများကို စားရင်းစကားဆိုကြသည် ။

မေမေကင်မ်က

“ နောက်ငါးရက်ဆိုရင် ထယ်ယောင်းရဲ့မွေးနေ့ရောက်ပြီ အဲ့ကျရင်ဘယ်လိုလုပ်ချင်လဲ ? ”

မေမေကင်မ်က ထယ်ယောင်းဆန္ဒကိုမေးလာတာကြောင့် နွားနို့ခွက်၏လက်ကိုင်ကိုပွတ်သပ်ရင်းဖြေလာသည် ။

“ မွေးနေ့ကို သားတို့မိသားစုနှစ်စုနဲ့ပဲလုပ်ချင်တယ်...တစ်ခြားလူမခေါ်ချင်ဘူး ”

“ အိုကေ သားစိတ်တိုင်းကျဖြစ်စေရမယ် ”

မေမေကင်မ်က ကတိပေးလာတာကြောင့် ထယ်ယောင်းလည်းပြုံးလိုက်သည် ။ ဂျောင်ကုကတော့ စိတ်ကျေနပ်စွာပြုံးနေသည့် ထယ်ယောင်းကိုကြည့်ရင်း ထယ်ယောင်း၏အပြုံးနောက်သို့လိုက်ပြုံးမိသည် ။

လူတွေပြောကြသည့် အချစ်ဆိုသည်မှာ ဤသည်ပဲထင်၏ ။ မည်မျှပင်သေးငယ်လှသည့် အပြုံးလေးပင်ဖြစ်နေပါစေ ကိုယ့်အတွက်တော့ အရာအားလုံးဖြစ်တာမျိုး ။ သူတော့ တကယ်ကို ထယ်ယောင်းအပေါ် ကျရှုံးနေခဲ့ပြီဖြစ်သည် ။

အပြင်ဖက်တွင် နှင်းများကျ၍ အေးနေသော်လည်း အပူပေးစက်များဖွင့်ထားသည့် အိမ်ထဲတွင်တော့ နွေးထွေးလို့နေသည် ။ ကင်မ်မိသားစုသည် ဂျွန်အိမ်တွင် အတော်လေးအချိန်ဖြုန်းခဲ့ပြီးမှ အိမ်သို့ပြန်လာကြသည် ။ ဒါတောင် ထယ်ဟီးလေး၏ခြေထောက်က အေးလွန်းလျှင် ကိုက်တတ်တာကြောင့် ရာသီဥတုပိုအေးမလာခင် ပြန်ခဲ့ကြခြင်းဖြစ်သည် ။

ထယ်ယောင်းအိမ်သို့ပြန်ရောက်သည့်အခါ ညဆယ့်တစ်နာရီရှိပြီဖြစ်သည် ။ ထို့ကြောင့် အင်္ကျီလဲကာ ‌အိပ်ရာထဲသို့တိုးဝင်လိုက်သော်လည်း အိပ်လို့မရပဲရှိသည် ။ သူဂျောင်ကုကို လွမ်းနေသည် ။ ဂျွန်အိမ်မှာတုန်းက လူကြီးတွေရှိနေတာကြောင့် သူတို့နှစ်ဦးသည် လက်ပင်ကောင်းကောင်းမကိုင်ခဲ့ရ ။

အိပ်ရာဘေးတွင် ချထားသည့် ဖုန်းကိုကောင်ကိုင်ကာဖွင့်ကြည့်လိုက်တော့ အတန်းဖော်တော်တော်များများက ခရစ္စမတ်ဆုတောင်းစာများပို့ထားကြသည် ။ ထို့ကြောင့် ထယ်ယောင်းလည်း သူတို့အားလုံးကို ပြန်လည်တုံ့ပြန်လိုက်ပြီး ဂျောင်ကုဆီသို့စာပို့ရန်ပြင်လိုက်သော်လည်း မည်သည့်စကားပြောရမည်ကို မသိပဲရှိသည် ။

ထို့ကြောင့် စာရိုက်လိုက် ပြန်ဖျက်လိုက်ဖြင့် အခေါက်အခါခါလုပ်နေမိသည် ။ ထိုစဉ် အချိန်ကိုက်ပင် ဂျောင်ကုကစာပို့လာသည် ။

ကိုကို : ကလေးလေး...မအိပ်သေးဘူးလား ? ကိုကိုချော့သိပ်ပေးရမလား ?

ဂျောင်ကုပို့လာသည့် စာအား ထယ်ယောင်းအချိန်တော်ကြာ ကြည့်နေမိသည် ။ ဂျောင်ကုက ချော့သိပ်မည်တဲ့လား ?

ကိုကို : ကလေးလေး ဘာလို့စာမပြန်တာလဲ ?

ထယ်ယောင်းဖက်က seen ပြပြီးစာမပြန်တာကြောင့် ဂျောင်ကုကထပ်ပို့လာသည် ။ ဒီတစ်ခါတော့ဖြင့် ထယ်ယောင်းက အိပ်ရာပေါ်မှ ထသွားပြီဖြစ်ပြီး အနွေးထည်များ ၊ လည်စည်း ၊ လက်အိတ်နှင့် ခြေအိတ်တို့ကိုသေချာဝတ်ကာ သူတစ်ခါမှစီးရန်မရည်ရွယ်ထားသည့် ဆိုင်ကယ်၏သော့ကိုယူလိုက်သည် ။ ၎င်းဆိုင်ကယ်က ဂျောင်ကု၏ပါပါးဖြစ်သူက ဂျောင်ကုနှင့်ဆင်တူဝယ်ထားပေးသည့် ဆိုင်ကယ်ဖြစ်သည် ။

ဆိုင်ကယ်သော့ကို ယူပြီးသည်နှင့် အိမ်အောက်ထပ်သို့ပြေးဆင်းကာ ဂိုထောင်ထဲသို့ဝင်သွားပြီး ကောင်းမွန်စွာသိမ်းဆည်းထားသည့် ဆိုင်ကယ်ကိုထုတ်လာသည် ။ သို့သော် ၎င်းဆိုင်ကယ်က စက်မနှိုးရသည်မှာကြာပြီဖြစ်တာကြောင့် စက်လည်ပတ်မှုလုပ်ဆောင်နိုင်ရန် အတော်လေးကို အချိန်ယူလိုက်ရသည် ။

ဆိုင်ကယ်စက်ကိုနှိုးလိုက်နိုင်သည်နှင့် ထယ်ယောင်းသည် အနှီဆိုင်ကယ်ကိုစီး၍ အိမ်မှထွက်သွားသည် ။ ဆူညံသံကြား၍ ထလာသည့် ဖေဖေကင်မ်မှာတော့ ဆိုင်ကယ်၏အမြီးလေးကိုသာ မြင်လိုက်ရသည် ။ အပြင်ထွက်သွားသည်က သားဖြစ်သူမှန်းသိသော်လည်း စိတ်ချလွန်းသူဖြစ်တာကြောင့် သန်းဝေပြီးနောက် အိပ်ရာထဲသို့ပြန်သွားသည် ။

ထယ်ယောင်းသည် ဂျောင်ကုအိမ်ဆီသို့ ဆိုင်ကယ်စီးသွားပြီး ဂျောင်ကုအိမ်ရှေ့သို့ရောက်သည့်အခါ၌ ရပ်လိုက်သည် ။ ထို့နောက် ဖုန်းကိုထုတ်ကာ ဂျောင်ကုကိုဆက်လိုက်သည် ။ ထယ်ယောင်းဆီမှ ပြန်စာမျှော်နေသည့် ဂျောင်ကုမှာ ချက်ချင်းကိုဖုန်းကိုင်လာသည် ။

“ ကလေးလေး ဘာလို့စာမပြန်တာလဲ ? ”

“ ကိုကို နွေးနွေးထွေးထွေးဝတ်ပြီး အောက်ဆင်းခဲ့ ”

“ အမ် ? အခု အိမ်ရှေ့ကိုရောက်နေတာလား ? ”

“ အွန်း...အကြာကြီးစောင့်ရအောင်မလုပ်နဲ့ မဟုတ်ရင်ပြန်လိုက်မှာ ”

“ အာ အာ ငါးမိနစ်ပဲစောင့် ”

ဂျောင်ကုကဖုန်းချပြီးသည်နှင့် အနွေးထည် ၊ ခြေအိတ် ၊ လက်အိတ် ၊ လည်သည်းများကို အမြန်ဝတ်ပြီး အိမ်ရှေ့သို့ထွက်လာခဲ့သည် ။ အိမ်ရှေ့သို့ရောက်သည်နှင့် ဆိုင်ကယ်ကိုမှီ၍ စောင့်နေသည့် ချစ်သူကောင်လေးကိုတွေ့လိုက်ရသည် ။ ထယ်ယောင်းက ဂျောင်ကုကို ဆိုင်ကယ်သော့ ပစ်ပေးလိုက်ပြီး ပြုံးပြလာသည် ။

“ ငါတို့တစ်နေရာရာကို သွားကြရအောင် ”

“ ဘယ်ကိုလဲ ? ”

“ နှစ်ယောက်ထဲရှိနိုင်မဲ့နေရာပေါ့ ”

ဂျောင်ကုကဆိုင်ကယ်မောင်း၍ ထယ်ယောင်းကဂျောင်ကုနောက်မှနေ၍ လိုက်စီးလာသည် ။ ဆောင်းရာသီညလေအေးကြီးသည် အစွမ်းကုန်တိုက်ခတ်နေတာကြောင့် ဆိုင်ကယ်စီးနေကြသည့် နှစ်ယောက်မှာ အနွေးထည်ဝတ်ထားကြတာတောင် ခိုက်ခိုက်တုန်အောင် ချမ်းလာကြတော့သည် ။

ထို့ကြောင့် ဂျောင်ကုသည် တံတားတစ်ခု၏ ဘေးတွင် ဆိုင်ကယ်ခဏရပ်လိုက်ပြီး ထယ်ယောင်းကိုပြောလိုက်သည် ။

“ အရမ်းအေးလွန်းတယ်...ဟိုတယ်ကိုသွားကြမလား ? ”

“ အိုကေ ”

ထယ်ယောင်းက သဘောတူလာသည်နှင့် ဂျောင်ကုက ဆိုင်ကယ်စက်ပြန်နှိုးကာ အနီးဆုံးဟိုတယ်ရှိရာဆီသို့ခေါ်သွားသည် ။ ခရစ္စမတ်ညဖြစ်တာကြောင့် ဟိုတယ်တွင် အချိန်ပိုဆင်းသည့် ဝန်ထမ်းအနည်းငယ်သာလျှင်ရှိသည် ။

ထို့ကြောင့် ထယ်ယောင်းနှင့်ဂျောင်ကုတို့သည် ဟိုတယ်ခန်းသော့ကို အမြန်ယူလိုက်ပြီး အခန်းရှိရာသို့အမြန်သွားလိုက်သည် ။ ဟိုတယ်ခန်းထဲတွင် အပူပေးစက်ရှိတာကြောင့် သူတို့အတွက် အတော်လေးအဆင်ပြေသွားသည် ။

နှင်းရည်များစိုနေသည့် အနွေးထည်တို့ကို ချွတ်က ချိတ်ဖြင့်ချိတ်ထားလိုက်ကြပြီး အတွင်းမီးဖိုလေးရှေ့တွင်ထိုင်၍ အနွေးဓာတ်လေးယူလိုက်ကြသည် ။ ဂျောင်ကုက အေးခဲ၍နီရဲနေသည့် လက်နှစ်ဖက်ကိုပွတ်တိုက်ကာ အပူပေးနေသည့် ချစ်သူကောင်လေးကိုကြည့်ရင်း မနေနိုင်တာကြောင့် ဆွဲဖက်လိုက်သည် ။

“ အရမ်းအေးနေလား ? ”

“ အင်း...အရမ်းအေးတယ် ”

“ ဘာလို့ဒီလောက်အေးနေတာကို ဆိုင်ကယ်ကြီးနဲ့ရောက်လာရတာလဲ ? ”

“ အရမ်းကို လွမ်းနေမိတာ...ခဏလေးပဲခွဲရသေးပေမဲ့ အိမ်ရောက်တာနဲ့လွမ်းလာရော...ဒါကြောင့် မျက်နှာလေးပဲဖြစ်ဖြစ် တွေ့ချင်မိလို့ ”

ထယ်ယောင်းစကားကြောင့် ဆူမည်လုပ်ထားသည့် ဂျောင်ကုစကားတို့က လည်ချောင်းဝတွင် တစ်သွားသည် ။ ဂျောင်ကု သက်ပြင်းတစ်ချက်ချလိုက်သည် ။

“ ဒါဆို video call ခေါ်လိုက်လို့ရတယ်လေ...အခုတော့...”

ဂျောင်ကုစကားပင် မဆုံးလိုက် ။ ထယ်ယောင်းက ဂျောင်ကု၏ကျန်စကားများကို အနမ်းနှင့်ပိတ်ပစ်လိုက်သည် ။

“ ငါက မင်းနဲ့တူတူရှိချင်တာ...ပြီးတော့ မင်းတောင်းဆိုတာမှန်သမျှကိုလည်း လုပ်ပေးမှာ ”

ဂျောင်ကု အံ့ဩသွားသည် ။ အခု ထယ်ယောင်းက အဆင့်တက်ဖို့အတွက် စကားစနေသည်မဟုတ်ပါလား ။

“ ကလေးလေး...မင်းဘာပြောနေလဲဆိုတာ မင်းသိရဲ့လား ? ”

“ အင်း...သိတယ် နောက်ငါးရက်ဆို ငါအသက်ပြည့်ပြီ...ဒါကြောင့် နည်းနည်းစောသွားလည်း ကိစ္စမရှိဘူးမလား...ကိုကို ငါ့ကိုအပိုင်သိမ်းပါ ”

ထယ်ယောင်းက ဂျောင်ကုကိုထပ်မံနမ်းလိုက်ပြန်သည် ။ ထယ်ယောင်းဖက်က‌ တောင်းဆိုလာမှတော့ ဂျောင်ကုကလည်း ငြင်းရန်ဆန္ဒမရှိပေ ။ ထို့ကြောင့် ထယ်ယောင်းဆန္ဒနောက်သို့ လိုက်ပါစီးမြောရန်သာပြင်လိုက်သည် ။ ဒါပေါ့ အတတ်နိုင်ဆုံးတော့ သူငြင်သာရမယ်လေ ။

အယ်လ်ဖာနှစ်ဦး၏ ဆက်ဆံရေး ။ တိတိကျကျပြောရလျှင် အမျိုးသားနှစ်ဦး၏ ဆက်ဆံရေးတွင် တစ်ဦးမဟုတ်တစ်ဦးကတော့ ခံစစ်ဖက်တွင် နေပေးရသည် ။ ၎င်းက အငြင်းပွား၍ ရန်ဖြစ်နေစရာမလိုပဲ အလိုအလျောက်ဖြစ်ပေါ်လာသည့် ခံစားချက်တို့အရ ဖြစ်တည်လာခြင်းဖြစ်သည် ။

အချစ်တစ်ခုကိုကြိုးစားတည်ဆောက်ထားမှတော့ တိုက်စစ်၊ခံစစ်ဟူ၍ ခွဲခြားနေစရာမလိုအပ် ။ တောင့်တလာလျှင် ပေးအပ်လိုက်မည် ။ ထိုမျှသာလျှင် ။

ထို့ကြောင့် ယခုသူတို့၏ဆက်ဆံရေးအားလည်း မေးခွန်းထုတ်နေစရာမလိုအပ်ချေ ။ ၎င်းက အလိုအလျောက်ဖြစ်ပေါ်လာသည့် ခံစားချက်ကြောင့်ဟုသာ မှတ်ယူပါလေ ။

ကောင်းကင်ယံ၌ ‌အေးစက်လှသည့် နှင်းစက်မှုန်တို့ ကျဆင်းနေသော်လည်း အခန်းထဲတွင်တော့ ပူပြင်းနွေးထွေးလှသည့် ချစ်ခြင်းတရားကိုများပြားစွာနှင့် ။ ခရစ္စမတ်ညလေးသည်ဖြင့် သိပ်ကိုလှပ၍နေခဲ့ပါ၏ ။

~The End~

----------------------------

Main story ပြီးသွားပါပြီ ။ ဒါဆို ကောင်းသောညပါ ။

ဟဲ့ဟဲ့ နေပါဦး...ဇာတ်သာသိမ်းသွားတယ် နောက်ဆုံးကဘာဖြစ်သွားလဲ သိလိုက်ကြလား 🤣 ကျွန်မက အရိပ်ပဲပြခဲ့တာနော်












(Zawgyi)

ေဂ်ာင္ကုအေျခအေနၿငိမ္သည္အထိ ေစာင့္ၾကည့္ၿပီးေနာက္ ႏွစ္ရက္အၾကာ၌ ေဆး႐ုံဆင္းခြင့္ရသည္ ။ စေနေန႔ေရာက္သြားၿပီျဖစ္တာေၾကာင့္ ထယ္ေယာင္းကေတာ့ တစ္ပတ္လုံးေက်ာင္းပ်က္လိုက္ရသည္ ။

ေဂ်ာင္ကုေဆး႐ုံဆင္းၿပီးေနာက္တြင္ ပါပါးဂြၽန္က ေဂ်ာင္ကုကို အိမ္ျပန္ေခၚသြားသည္ ။ ထို႔ေၾကာင့္ ထယ္ေယာင္းလည္း မာမားကင္မ္ႏွင့္အတူ အိမ္ျပန္လာသည္ ။ မာမားကင္မ္က ေဂ်ာင္ကု၏မေတာ္တဆသတင္းကိုၾကားၿပီး ပဲရစ္မွ အလ်င္အျမန္ျပန္လာခဲ့ျခင္းျဖစ္သည္ ။

ထယ္ေယာင္းအိမ္ျပန္ေရာက္ေတာ့ ဟီဂ်င္ကဧည့္ခန္းထဲတြင္ သူ႕အားထိုင္ေစာင့္ေနသည္ ။ မာမားကင္မ္ကေတာ့ ပင္ပန္းေနငည္ထင္၏ ။ ဟီဂ်င္ကိုႏႈတ္ဆက္ၿပီးသည္ႏွင့္ အခန္းထဲျပန္သြားသည္ ။

“ ဒီတစ္ပတ္အတြက္ စာေတြအကုန္လုံးကူးထားေပးၿပီးၿပီ ”

ဟီဂ်င္က ဆိုသည္ ။

“ အင္း...ေက်းဇူးပါ ”

ထယ္ေယာင္းက ဟီဂ်င္ေ႐ွ႕တြင္ အားေလ်ာ့စြာျဖင့္ ထိုင္ခ်လိုက္သည္ ။

“ တစ္ခုခုျဖစ္လို႔လား ? ”

ထယ္ေယာင္းက ေခါင္းခါလိုက္ၿပီး

“ နည္းနည္းပင္ပန္းလို႔ပါ ”

“ ဒါဆိုလည္း အနားယူေတာ့ ငါသြားေတာ့မယ္ ”

“ အမ္း...ျဖည္းျဖည္းသြား ”

ဟီဂ်င္ထြက္သြားသည္ႏွင့္ ထယ္ေယာင္းက ဒုတ္ယထပ္သို႔တက္လိုက္ၿပီး ကိုယ္ပိုင္အခန္းထဲသို႔ဝင္လိုက္သည္ ။ အခန္းေလးက သူမ႐ွိသည့္အခ်ိန္အတိုင္းကဲ့သို႔ သပ္ရပ္စြာပင္ ။ သူ၏ေခါင္းရင္းတြင္ေတာ့ မူႀကိဳအ႐ြယ္တုန္းက သူႏွင့္ေဂ်ာင္ကုတို႔တြဲ႐ိုက္ထားသည့္ ပုံေလး႐ွိေနသည္ ။

နံရံေပၚတြင္ ခ်ိတ္ထားသည့္ ၎ပုံေလးကို ထယ္ေယာင္းျဖဳတ္လိုက္ၿပီး ကုတင္ေပၚတြင္ ထိုင္၍ ၾကည့္လိုက္သည္ ။ ဓာတ္ပုံထဲတြင္ လင္ဗန္းတစ္ခ်ပ္ကိုင္ထားသည့္ ထယ္ေယာင္းက ရယ္ေမာေနၿပီး ပန္းကန္ျပားေလးကိုင္ထားသည့္ ေဂ်ာင္ကုကေတာ့ ဆူပုပ္ေနသည္ ။ ကေလးအ႐ြယ္ေလးေတြျဖစ္တာေၾကာင့္ ဆူပုပ္ဆုပ္ျဖစ္ေနသည့္ ေဂ်ာင္ကုမ်က္ႏွာေလးက ရယ္စရာေကာင္းေနသည္ ။

ထယ္ေယာင္းက ‌ေဂ်ာင္ကုပုံေနရာေလးကို ပြတ္သပ္လိုက္သည္ ။ ငယ္ငယ္ကတည္းက တစ္စက္မွမတည့္ခဲ့သည့္ ေကာင္ေလးက တစ္ရက္မွာ သူ႕ခ်စ္သူေကာင္ေလးျဖစ္လာလိမ့္မည္ဟု တစ္ခါမွမေတြးခဲ့ဖူးေပ ။ ဘဝတစ္ခုလုံးကိုပါ ကယ္တင္ေပးလိမ့္မည္ဟူသည့္ အေတြးဆို ေဝးစြ ။

ေလာကႀကီးကဆန္းက်ယ္လြန္းပါသည္ ။ အခုဆိုလွ်င္ သူ႕ၿပိဳင္ဘက္က သူ႕ခ်စ္သူေကာင္ေလး ျဖစ္လာ႐ုံသာမက သူ႕အားကယ္တင္ေပးသည့္ အသက္သခင္ေက်းဇူး႐ွင္ျဖစ္ေနျပန္သည္ ။

ဓာတ္ပုံေလးကို နံရံေပၚသို႔ ထယ္ေယာင္းျပန္ခ်ိတ္လိုက္သည္ ။ ထူးျခားလြန္းသည့္ ၾကမၼာတို႔ၾကား ခ်စ္ခြင့္ရခဲ့သည့္ ဤခ်စ္သူေကာင္ေလးအား သူပို၍ ခ်စ္ေပးပါဦးမည္ ။

မ်က္စိတစ္မွိတ္အတြင္း အခ်ိန္တို႔က ကုန္ဆုံးသြားၿပီး ခရစၥမတ္ပြဲေတာ္ေရာက္႐ွိလာသည္ ။ ထိုေန႔တြင္ ႏွင္းမႈန္တို႔က ေကာင္းကင္ယံဆီမွ အလုအယက္က်ဆင္းေနၾကၿပီး လမ္းမႀကီးေပၚတြင္ စုပုံလို႔ေနသည္ ။ ထို႔ေၾကာင့္ နာရီဝက္တစ္ခါ ႏွင္းၾကဳံးသည့္ကားႀကီးတို႔က ႏွင္းမ်ားကိုလမ္းေပၚမွ ဖယ္႐ွားၾကရသည္ ။

ခရစၥမတ္ေန႔တြင္ စာသင္ေက်ာင္းမ်ားက ပိတ္ထားၿပီး ေက်ာင္းသူေက်ာင္းသားမ်ားက မိသားစုႏွင့္ အခ်ိန္ကုန္ဆုံးရန္ အိမ္သို႔ျပန္ၾကသည္ ။

ဒီတစ္ႏွစ္တြင္ေတာ့ ထူးျခားစြာဆက္ႏြယ္ထားသည့္ ကင္မ္အိမ္ႏွင့္ဂြၽန္အိမ္သည္ ခရစၥမတ္ပြဲေတာ္ကိုအတူဆင္ႏြဲၾကရန္ ရည္႐ြယ္ထားသည္ ။ ထို႔ေၾကာင့္ ေတာင္ေပၚဗီလာတြင္သာ အၿမဲေနထိုင္သည့္ ဖိုးဖိုးဂြၽန္က ဂြၽန္အိမ္ေတာ္သို႔ေရာက္လာၿပီး မိသားစုႏွစ္ခုႏွင့္အတူ ခရစၥမတ္ပြဲ၌ ပါဝင္ခဲ့သည္ ။

ႂကြပ္႐ြေနေအာင္ ဖုတ္ထားသည့္ ကြတ္ကီးရနံ႔ေလးက ဂြၽန္အိမ္တစ္ခုလုံးသင္းပ်ံ႕ေနၿပီး ပူပူေႏြးေႏြးႏြားႏို႔ကလည္း မီးဖိုေပၚတြင္ ပြက္ပြက္ဆူေနသည္ ။ ႏူးအိေနေအာင္ခ်က္ထားသည့္ ဆိတ္သားက ထမင္းစားစာပြဲ႐ွည္ႀကီးတြင္ ေနရာယူထားၿပီး တစ္ေပနီးပါး႐ွည္သည့္ ဖေယာင္းတိုင္တို႔အား အေနာက္တိုင္းဆန္စြာ ထြန္းထားေသးသည္ ။

ရယ္ေမာသံမ်ား ၊ ဆူညံသံမ်ားႏွင့္ သက္ဝင္လႈပ္႐ွားေနသည့္ ဂြၽန္အိမ္ႀကီးထဲတြင္ ကင္မ္မိသားစုႏွင့္ဂြၽန္မိသားစုသည္ အနီေရာင္ခ်ည္ျဖင့္ထိုးထားသည့္ ဆြယ္တာမ်ားကို ဝတ္ဆင္ထားၾကသည္ ။

သူတို႔သည္ ေပ်ာ္႐ႊင္စြာျဖင့္ ညစာစားၾကၿပီးေနာက္ ႏြားႏို႔ပူပူ‌ကို တစ္ေယာက္တစ္ခြက္စီကိုင္ထားၿပီး ဖုတ္ထားသည့္ ကြတ္ကီးမ်ားကို စားရင္းစကားဆိုၾကသည္ ။

ေမေမကင္မ္က

“ ေနာက္ငါးရက္ဆိုရင္ ထယ္ေယာင္းရဲ႕ေမြးေန႔ေရာက္ၿပီ အဲ့က်ရင္ဘယ္လိုလုပ္ခ်င္လဲ ? ”

ေမေမကင္မ္က ထယ္ေယာင္းဆႏၵကိုေမးလာတာေၾကာင့္ ႏြားႏို႔ခြက္၏လက္ကိုင္ကိုပြတ္သပ္ရင္းေျဖလာသည္ ။

“ ေမြးေန႔ကို သားတို႔မိသားစုႏွစ္စုနဲ႔ပဲလုပ္ခ်င္တယ္...တစ္ျခားလူမေခၚခ်င္ဘူး ”

“ အိုေက သားစိတ္တိုင္းက်ျဖစ္ေစရမယ္ ”

ေမေမကင္မ္က ကတိေပးလာတာေၾကာင့္ ထယ္ေယာင္းလည္းျပဳံးလိုက္သည္ ။ ေဂ်ာင္ကုကေတာ့ စိတ္ေက်နပ္စြာျပဳံးေနသည့္ ထယ္ေယာင္းကိုၾကည့္ရင္း ထယ္ေယာင္း၏အျပဳံးေနာက္သို႔လိုက္ျပဳံးမိသည္ ။

လူေတြေျပာၾကသည့္ အခ်စ္ဆိုသည္မွာ ဤသည္ပဲထင္၏ ။ မည္မွ်ပင္ေသးငယ္လွသည့္ အျပဳံးေလးပင္ျဖစ္ေနပါေစ ကိုယ့္အတြက္ေတာ့ အရာအားလုံးျဖစ္တာမ်ိဳး ။ သူေတာ့ တကယ္ကို ထယ္ေယာင္းအေပၚ က်႐ႈံးေနခဲ့ၿပီျဖစ္သည္ ။

အျပင္ဖက္တြင္ ႏွင္းမ်ားက်၍ ေအးေနေသာ္လည္း အပူေပးစက္မ်ားဖြင့္ထားသည့္ အိမ္ထဲတြင္ေတာ့ ေႏြးေထြးလို႔ေနသည္ ။ ကင္မ္မိသားစုသည္ ဂြၽန္အိမ္တြင္ အေတာ္ေလးအခ်ိန္ျဖဳန္းခဲ့ၿပီးမွ အိမ္သို႔ျပန္လာၾကသည္ ။ ဒါေတာင္ ထယ္ဟီးေလး၏ေျခေထာက္က ေအးလြန္းလွ်င္ ကိုက္တတ္တာေၾကာင့္ ရာသီဥတုပိုေအးမလာခင္ ျပန္ခဲ့ၾကျခင္းျဖစ္သည္ ။

ထယ္ေယာင္းအိမ္သို႔ျပန္ေရာက္သည့္အခါ ညဆယ့္တစ္နာရီ႐ွိၿပီျဖစ္သည္ ။ ထို႔ေၾကာင့္ အက်ႌလဲကာ ‌အိပ္ရာထဲသို႔တိုးဝင္လိုက္ေသာ္လည္း အိပ္လို႔မရပဲ႐ွိသည္ ။ သူေဂ်ာင္ကုကို လြမ္းေနသည္ ။ ဂြၽန္အိမ္မွာတုန္းက လူႀကီးေတြ႐ွိေနတာေၾကာင့္ သူတို႔ႏွစ္ဦးသည္ လက္ပင္ေကာင္းေကာင္းမကိုင္ခဲ့ရ ။

အိပ္ရာေဘးတြင္ ခ်ထားသည့္ ဖုန္းကိုေကာင္ကိုင္ကာဖြင့္ၾကည့္လိုက္ေတာ့ အတန္းေဖာ္ေတာ္ေတာ္မ်ားမ်ားက ခရစၥမတ္ဆုေတာင္းစာမ်ားပို႔ထားၾကသည္ ။ ထို႔ေၾကာင့္ ထယ္ေယာင္းလည္း သူတို႔အားလုံးကို ျပန္လည္တုံ႔ျပန္လိုက္ၿပီး ေဂ်ာင္ကုဆီသို႔စာပို႔ရန္ျပင္လိုက္ေသာ္လည္း မည္သည့္စကားေျပာရမည္ကို မသိပဲ႐ွိသည္ ။

ထို႔ေၾကာင့္ စာ႐ိုက္လိုက္ ျပန္ဖ်က္လိုက္ျဖင့္ အေခါက္အခါခါလုပ္ေနမိသည္ ။ ထိုစဥ္ အခ်ိန္ကိုက္ပင္ ေဂ်ာင္ကုကစာပို႔လာသည္ ။

ကိုကို : ကေလးေလး...မအိပ္ေသးဘူးလား ? ကိုကိုေခ်ာ့သိပ္ေပးရမလား ?

ေဂ်ာင္ကုပို႔လာသည့္ စာအား ထယ္ေယာင္းအခ်ိန္ေတာ္ၾကာ ၾကည့္ေနမိသည္ ။ ေဂ်ာင္ကုက ေခ်ာ့သိပ္မည္တဲ့လား ?

ကိုကို : ကေလးေလး ဘာလို႔စာမျပန္တာလဲ ?

ထယ္ေယာင္းဖက္က seen ျပၿပီးစာမျပန္တာေၾကာင့္ ေဂ်ာင္ကုကထပ္ပို႔လာသည္ ။ ဒီတစ္ခါေတာ့ျဖင့္ ထယ္ေယာင္းက အိပ္ရာေပၚမွ ထသြားၿပီျဖစ္ၿပီး အေႏြးထည္မ်ား ၊ လည္စည္း ၊ လက္အိတ္ႏွင့္ ေျခအိတ္တို႔ကိုေသခ်ာဝတ္ကာ သူတစ္ခါမွစီးရန္မရည္႐ြယ္ထားသည့္ ဆိုင္ကယ္၏ေသာ့ကိုယူလိုက္သည္ ။ ၎ဆိုင္ကယ္က ေဂ်ာင္ကု၏ပါပါးျဖစ္သူက ေဂ်ာင္ကုႏွင့္ဆင္တူဝယ္ထားေပးသည့္ ဆိုင္ကယ္ျဖစ္သည္ ။

ဆိုင္ကယ္ေသာ့ကို ယူၿပီးသည္ႏွင့္ အိမ္ေအာက္ထပ္သို႔ေျပးဆင္းကာ ဂိုေထာင္ထဲသို႔ဝင္သြားၿပီး ေကာင္းမြန္စြာသိမ္းဆည္းထားသည့္ ဆိုင္ကယ္ကိုထုတ္လာသည္ ။ သို႔ေသာ္ ၎ဆိုင္ကယ္က စက္မႏိႈးရသည္မွာၾကာၿပီျဖစ္တာေၾကာင့္ စက္လည္ပတ္မႈလုပ္ေဆာင္ႏိုင္ရန္ အေတာ္ေလးကို အခ်ိန္ယူလိုက္ရသည္ ။

ဆိုင္ကယ္စက္ကိုႏိႈးလိုက္ႏိုင္သည္ႏွင့္ ထယ္ေယာင္းသည္ အႏွီဆိုင္ကယ္ကိုစီး၍ အိမ္မွထြက္သြားသည္ ။ ဆူညံသံၾကား၍ ထလာသည့္ ေဖေဖကင္မ္မွာေတာ့ ဆိုင္ကယ္၏အၿမီးေလးကိုသာ ျမင္လိုက္ရသည္ ။ အျပင္ထြက္သြားသည္က သားျဖစ္သူမွန္းသိေသာ္လည္း စိတ္ခ်လြန္းသူျဖစ္တာေၾကာင့္ သန္းေဝၿပီးေနာက္ အိပ္ရာထဲသို႔ျပန္သြားသည္ ။

ထယ္ေယာင္းသည္ ေဂ်ာင္ကုအိမ္ဆီသို႔ ဆိုင္ကယ္စီးသြားၿပီး ေဂ်ာင္ကုအိမ္ေ႐ွ႕သို႔ေရာက္သည့္အခါ၌ ရပ္လိုက္သည္ ။ ထို႔ေနာက္ ဖုန္းကိုထုတ္ကာ ေဂ်ာင္ကုကိုဆက္လိုက္သည္ ။ ထယ္ေယာင္းဆီမွ ျပန္စာေမွ်ာ္ေနသည့္ ေဂ်ာင္ကုမွာ ခ်က္ခ်င္းကိုဖုန္းကိုင္လာသည္ ။

“ ကေလးေလး ဘာလို႔စာမျပန္တာလဲ ? ”

“ ကိုကို ေႏြးေႏြးေထြးေထြးဝတ္ၿပီး ေအာက္ဆင္းခဲ့ ”

“ အမ္ ? အခု အိမ္ေ႐ွ႕ကိုေရာက္ေနတာလား ? ”

“ အြန္း...အၾကာႀကီးေစာင့္ရေအာင္မလုပ္နဲ႔ မဟုတ္ရင္ျပန္လိုက္မွာ ”

“ အာ အာ ငါးမိနစ္ပဲေစာင့္ ”

ေဂ်ာင္ကုကဖုန္းခ်ၿပီးသည္ႏွင့္ အေႏြးထည္ ၊ ေျခအိတ္ ၊ လက္အိတ္ ၊ လည္သည္းမ်ားကို အျမန္ဝတ္ၿပီး အိမ္ေ႐ွ႕သို႔ထြက္လာခဲ့သည္ ။ အိမ္ေ႐ွ႕သို႔ေရာက္သည္ႏွင့္ ဆိုင္ကယ္ကိုမွီ၍ ေစာင့္ေနသည့္ ခ်စ္သူေကာင္ေလးကိုေတြ႕လိုက္ရသည္ ။ ထယ္ေယာင္းက ေဂ်ာင္ကုကို ဆိုင္ကယ္ေသာ့ ပစ္ေပးလိုက္ၿပီး ျပဳံးျပလာသည္ ။

“ ငါတို႔တစ္ေနရာရာကို သြားၾကရေအာင္ ”

“ ဘယ္ကိုလဲ ? ”

“ ႏွစ္ေယာက္ထဲ႐ွိႏိုင္မဲ့ေနရာေပါ့ ”

ေဂ်ာင္ကုကဆိုင္ကယ္ေမာင္း၍ ထယ္ေယာင္းကေဂ်ာင္ကုေနာက္မွေန၍ လိုက္စီးလာသည္ ။ ေဆာင္းရာသီညေလေအးႀကီးသည္ အစြမ္းကုန္တိုက္ခတ္ေနတာေၾကာင့္ ဆိုင္ကယ္စီးေနၾကသည့္ ႏွစ္ေယာက္မွာ အေႏြးထည္ဝတ္ထားၾကတာေတာင္ ခိုက္ခိုက္တုန္ေအာင္ ခ်မ္းလာၾကေတာ့သည္ ။

ထို႔ေၾကာင့္ ေဂ်ာင္ကုသည္ တံတားတစ္ခု၏ ေဘးတြင္ ဆိုင္ကယ္ခဏရပ္လိုက္ၿပီး ထယ္ေယာင္းကိုေျပာလိုက္သည္ ။

“ အရမ္းေအးလြန္းတယ္...ဟိုတယ္ကိုသြားၾကမလား ? ”

“ အိုေက ”

ထယ္ေယာင္းက သေဘာတူလာသည္ႏွင့္ ေဂ်ာင္ကုက ဆိုင္ကယ္စက္ျပန္ႏိႈးကာ အနီးဆုံးဟိုတယ္႐ွိရာဆီသို႔ေခၚသြားသည္ ။ ခရစၥမတ္ညျဖစ္တာေၾကာင့္ ဟိုတယ္တြင္ အခ်ိန္ပိုဆင္းသည့္ ဝန္ထမ္းအနည္းငယ္သာလွ်င္႐ွိသည္ ။

ထို႔ေၾကာင့္ ထယ္ေယာင္းႏွင့္ေဂ်ာင္ကုတို႔သည္ ဟိုတယ္ခန္းေသာ့ကို အျမန္ယူလိုက္ၿပီး အခန္း႐ွိရာသို႔အျမန္သြားလိုက္သည္ ။ ဟိုတယ္ခန္းထဲတြင္ အပူေပးစက္႐ွိတာေၾကာင့္ သူတို႔အတြက္ အေတာ္ေလးအဆင္ေျပသြားသည္ ။

ႏွင္းရည္မ်ားစိုေနသည့္ အေႏြးထည္တို႔ကို ခြၽတ္က ခ်ိတ္ျဖင့္ခ်ိတ္ထားလိုက္ၾကၿပီး အတြင္းမီးဖိုေလးေ႐ွ႕တြင္ထိုင္၍ အေႏြးဓာတ္ေလးယူလိုက္ၾကသည္ ။ ေဂ်ာင္ကုက ေအးခဲ၍နီရဲေနသည့္ လက္ႏွစ္ဖက္ကိုပြတ္တိုက္ကာ အပူေပးေနသည့္ ခ်စ္သူေကာင္ေလးကိုၾကည့္ရင္း မေနႏိုင္တာေၾကာင့္ ဆြဲဖက္လိုက္သည္ ။

“ အရမ္းေအးေနလား ? ”

“ အင္း...အရမ္းေအးတယ္ ”

“ ဘာလို႔ဒီေလာက္ေအးေနတာကို ဆိုင္ကယ္ႀကီးနဲ႔ေရာက္လာရတာလဲ ? ”

“ အရမ္းကို လြမ္းေနမိတာ...ခဏေလးပဲခြဲရေသးေပမဲ့ အိမ္ေရာက္တာနဲ႔လြမ္းလာေရာ...ဒါေၾကာင့္ မ်က္ႏွာေလးပဲျဖစ္ျဖစ္ ေတြ႕ခ်င္မိလို႔ ”

ထယ္ေယာင္းစကားေၾကာင့္ ဆူမည္လုပ္ထားသည့္ ေဂ်ာင္ကုစကားတို႔က လည္ေခ်ာင္းဝတြင္ တစ္သြားသည္ ။ ေဂ်ာင္ကု သက္ျပင္းတစ္ခ်က္ခ်လိုက္သည္ ။

“ ဒါဆို video call ေခၚလိုက္လို႔ရတယ္ေလ...အခုေတာ့...”

ေဂ်ာင္ကုစကားပင္ မဆုံးလိုက္ ။ ထယ္ေယာင္းက ေဂ်ာင္ကု၏က်န္စကားမ်ားကို အနမ္းႏွင့္ပိတ္ပစ္လိုက္သည္ ။

“ ငါက မင္းနဲ႔တူတူ႐ွိခ်င္တာ...ၿပီးေတာ့ မင္းေတာင္းဆိုတာမွန္သမွ်ကိုလည္း လုပ္ေပးမွာ ”

ေဂ်ာင္ကု အံ့ဩသြားသည္ ။ အခု ထယ္ေယာင္းက အဆင့္တက္ဖို႔အတြက္ စကားစေနသည္မဟုတ္ပါလား ။

“ ကေလးေလး...မင္းဘာေျပာေနလဲဆိုတာ မင္းသိရဲ႕လား ? ”

“ အင္း...သိတယ္ ေနာက္ငါးရက္ဆို ငါအသက္ျပည့္ၿပီ...ဒါေၾကာင့္ နည္းနည္းေစာသြားလည္း ကိစၥမ႐ွိဘူးမလား...ကိုကို ငါ့ကိုအပိုင္သိမ္းပါ ”

ထယ္ေယာင္းက ေဂ်ာင္ကုကိုထပ္မံနမ္းလိုက္ျပန္သည္ ။ ထယ္ေယာင္းဖက္က‌ ေတာင္းဆိုလာမွေတာ့ ေဂ်ာင္ကုကလည္း ျငင္းရန္ဆႏၵမ႐ွိေပ ။ ထို႔ေၾကာင့္ ထယ္ေယာင္းဆႏၵေနာက္သို႔ လိုက္ပါစီးေျမာရန္သာျပင္လိုက္သည္ ။ ဒါေပါ့ အတတ္ႏိုင္ဆုံးေတာ့ သူျငင္သာရမယ္ေလ ။

အယ္လ္ဖာႏွစ္ဦး၏ ဆက္ဆံေရး ။ တိတိက်က်ေျပာရလွ်င္ အမ်ိဳးသားႏွစ္ဦး၏ ဆက္ဆံေရးတြင္ တစ္ဦးမဟုတ္တစ္ဦးကေတာ့ ခံစစ္ဖက္တြင္ ေနေပးရသည္ ။ ၎က အျငင္းပြား၍ ရန္ျဖစ္ေနစရာမလိုပဲ အလိုအေလ်ာက္ျဖစ္ေပၚလာသည့္ ခံစားခ်က္တို႔အရ ျဖစ္တည္လာျခင္းျဖစ္သည္ ။

အခ်စ္တစ္ခုကိုႀကိဳးစားတည္ေဆာက္ထားမွေတာ့ တိုက္စစ္၊ခံစစ္ဟူ၍ ခြဲျခားေနစရာမလိုအပ္ ။ ေတာင့္တလာလွ်င္ ေပးအပ္လိုက္မည္ ။ ထိုမွ်သာလွ်င္ ။

ထို႔ေၾကာင့္ ယခုသူတို႔၏ဆက္ဆံေရးအားလည္း ေမးခြန္းထုတ္ေနစရာမလိုအပ္ေခ် ။ ၎က အလိုအေလ်ာက္ျဖစ္ေပၚလာသည့္ ခံစားခ်က္ေၾကာင့္ဟုသာ မွတ္ယူပါေလ ။

ေကာင္းကင္ယံ၌ ‌ေအးစက္လွသည့္ ႏွင္းစက္မႈန္တို႔ က်ဆင္းေနေသာ္လည္း အခန္းထဲတြင္ေတာ့ ပူျပင္းေႏြးေထြးလွသည့္ ခ်စ္ျခင္းတရားကိုမ်ားျပားစြာႏွင့္ ။ ခရစၥမတ္ညေလးသည္ျဖင့္ သိပ္ကိုလွပ၍ေနခဲ့ပါ၏ ။

~The End~

----------------------------

Main story ၿပီးသြားပါၿပီ ။ ဒါဆို ေကာင္းေသာညပါ ။

ဟဲ့ဟဲ့ ေနပါဦး...ဇာတ္သာသိမ္းသြားတယ္ ေနာက္ဆုံးကဘာျဖစ္သြားလဲ သိလိုက္ၾကလား 🤣 ကြၽန္မက အရိပ္ပဲျပခဲ့တာေနာ္

Continue Reading

You'll Also Like

5.5K 1K 12
Taekook Short story SD- march 13
109K 18.7K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
10.2M 600K 69
#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်...
91.4K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]