ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ်...

By Wine-Y

201K 26.4K 1.9K

သုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့ More

အခန်း(၁၅၈) ဝမ်နျဲ့နျန်ရဲ့ အထက်တန်းကျောင်းတုန်းက ဒိုင်ယာရီ ပေါက်ကြားသွားခြင်း။
အခန်း(၁၅၉) အရူး ... ငါက မင်းကိုနာကျင်စေတဲ့သူ
အပိုင်း(၁၆၀) အမူးသမားယျန်ရှန်းက နျန်နျန်နဲ့ ပက်ပင်းတိုး ဆုံခဲ့တယ်။
အခန်း(၁၆၁)မင်းကိုယ်တိုင် ဒဏ်ရာရဖို့ တမင်သက်သက်လုပ်ခဲ့တာလား။
အခန်း(၁၆၁) ငါ တောင်းပန်ပါတယ်....
အခန်း(၁၆၂)
အခန်း(၁၆၃) ကုယျန်ရှန်းကြောင့် ဟိုတယ်ခန်းထဲ ပိတ်မိခဲ့တယ်။
အခန်း(၁၆၄) ညသန်းခေါင်ယံ၌ အခန်းထဲသို့ ခိုးဝင်ခဲ့ပြီး လူမိသွားတယ်။
အခန်း(၁၆၅) WE ကိုတွန်းလှဲပြီး အဝတ်တွေဆုတ်ဖြဲပစ်ခဲ့တယ်။
အခန်း(၁၆၆) ဘဝတစ်ခုလုံးစာပြန်ချစ်ဖို့ လူတစ်ယောက်ကို ချော့မြူချင်တယ်။
အခန်း(၁၆၇) ငါ မင်းအမေရဲ့ စန္ဒရားကို ပြင်ထားတယ်
အခန်း(၁၆၈)သူ့ရဲ့ခန္ဓာကိုယ်ကိုသာ မင်းအရင်ရမယ်။
အခန်း(၁၆၉) မင်း ထပ်ပြီး ကွာရှင်းချင်သေးတာလား။
အခန်း(၁၇၀) ကုယျန်ရှန်းက လူလိမ်၊ သူက မင်းကို လိမ်နေတာ
အခန်း(၁၇၁) စန္ဒရားပေါ် ထိုင်စေ၍ ပြင်းပြစွာ နမ်းခဲ့သည်။
အခန်း(၁၇၂) WE ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပေါ်လာတဲ့ ကုယျန်ရှန်း
အခန်း(၁၇၃) ငါ ဘယ်သူ့ကိုမှ ထပ်ပြီးမချစ်ရဲတော့ဘူး။
အခန်း(၁၇၄)မတော်တဆဖြစ်ပေါ်ခဲ့သော ကားတိုက်မှုမှရသည့် ဆိုးဝါးသောအခြေအနေ
အခန်း(၁၇၅) ရုတ်တရက်ဖြစ်ပေါ်သော အစာအိမ်နာခြင်းကြောင့် နျဲ့နျန် မေ့လဲသွားတယ်။
အခန်း(၁၇၆) ငါ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်မှာလဲ။
အခန်း(၁၇၇)မင်းအတွက် ဆန်ပြုတ် ... ငါကိုယ်တိုင် ခွံ့ကျွေးပါ့မယ်။
အခန်း(၁၇၉)ဝမ်နျဲ့နျန်၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု
အခန်း(၁၈၀)ကုယျန်ရှန်းက သွေးအန်ပြီး မေ့လဲသွားတယ်
အခန်း(၁၈၁)ဒီလိုလုပ်ဖို့ ချန်းလုံအန်း ခိုင်းခဲ့တာလား။
အခန်း(၁၈၂) စန္ဒရားထပ်မတီးနိုင်အောင် သူ့လက်ကို ချိုးပစ်ခဲ့။
အခန်း(၁၈၃) မင်း သူ့ကို ဝမ်နျဲ့နျန်နဲ့ ခြိမ်းခြောက်လို့ ရတယ်
အခန်း(၁၈၄) မငိုပါနဲ့ ... ငါ တကယ် မနာပါဘူး။
အခန်း(၁၈၅) ကုယျန်ရှန်းကိုယ်တိုင် သူ့လက်နဲ့ WE ကို ဖျက်စီးလိုက်တာ လိုချင်တယ်။
အခန်း(၁၈၆) ချဉ်ဖက် ကုယျန်ရှန်းက ချန်းလုံအန်းနဲ့ ပြန်တွဲနေတာလား။
အခန်း(၁၈၇) ဒုတိယအကြိမ်မြောက် ငါ ထပ်ပြီး အလိမ်ခံရပြန်တယ်။
အခန်း(၁၈၈)ကုယျန်ရှန်း မင်းက တော်တော် စိတ်ပျက်ဖို့ကောင်းတယ်။
အခန်း(၁၈၉)WE လည်း စိတ်တိုတတ်တယ်
အခန်း(၁၉၀) ကောင်းပြီ .. မင်းကို လက်ထပ်ဖို့ ငါ သဘောတူတယ်
အခန်း(၁၉၁) ဒူးထောက်ပြီး .. လက်စွပ်ကို ကောက်လိုက်!
အခန်း(၁၉၂) ချန်းလုံအန်းကိုလူသိရှင်ကြား အပြစ်ပေးခြင်း။
အခန်း(၁၉၃) ကျေးဇူးပြုပြီး ... ကျေးဇူးပြုပြီး ထပါဦး ။ တောင်းပန်ပါတယ်
အခန်း(၁၉၄)မင်းကို ဖြည်းဖြည်းချင်း နှိပ်စက်ရတာကို ငါသဘောကျတယ်
အခန်း(၁၉၅) မင်း သူ့ကို အသက်ရှင်စေချင်တယ်ဆိုရင် ..ဒီကနေထွက်သွားလိုက်။
အခန်း(၁၉၆) နျန်နျန် .. သုံးအထိရေပြီးရင် ငါ ထွက်သွားပါ့မယ်
အခန်း(၁၉၇)နာကျင်စွာ ဖန်တီးခဲ့သော ကုယျန်ရှန်း၏ အလိမ်အညာ
အခန်း(၁၉၈)ဘာလို့ အားလုံးက ဖုံးကွယ်ထားကြတာလဲ။
အခန်း(၁၉၉)ပျောက်နေတဲ့ ကုယျန်ရှန်းက နောက်ဆုံး ပြန်ပေါ်တယ်
အခန်း(၂၀၀)ငါ မင်းကို မမုန်းပါဘူး...မငိုနဲ့တော့
အခန်း(၂၀၁)မင်းက သူ့ကိုယ်သူ သတ်သေအောင် တွန်းအားပေးတဲ့သူပဲ
အခန်း(၂၀၂)နျန်နျန် ... ကိုယ်တို့ ကတိထားရအောင်
အခန်း(၂၀၃) မစ္စတာကုက ချစ်တတ်သူကြီးလား။
အခန်း(၂၀၄) ငါ့ရဲ့လက်တွဲဖော်အဖြစ် မင်းကို ထပ်ပြီး ရှိစေချင်တယ်
အခန်း(၂၀၅) ခိုးနမ်းတာကို မိပြန်တော့ ရှက်သွားတဲ့ ကုယျန်ရှန်း
အခန်း(၂၀၆) မင်းကရော ... သေသွားရင်တောင် ဖြစ်တယ်လို့' တွေးခဲ့တာလား။
အခန်း(၂၀၇) ကုယျန်ရှန်း ... ငါ မင်းကို ခွင့်လွှတ်ခဲ့တာ ကြာပြီ။
အခန်း(၂၀၈)နျန်နျန် ... အထိမခံနိုင်တဲ့နေရာက မင်းရဲ့နားရွက်လား။
အခန်း(၂၀၉)ရှက်နေတဲ့အချိန်ဆို မင်းက ချစ်ဖို့ကောင်းတယ်
အခန်း(၂၁၀) နျန်နျန်...ကိုယ်နဲ့အတူ အိမ်ပြန်ရအောင်
No update
အခန်း(၂၁၁) ရေချိုးမယ် ...ဟုတ်လား။ ဒါဆို ရေချိုးခန်းထဲ ငါချီသွားပေးမယ်
အခန်း(၂၁၂) ကုယျန်ရှန်းကို အထိန်းအချုပ်မဲ့စေသော အခိုက်အတန့်
အခန်း(၂၁၃) မင်းရဲ့လက်မှာ လက်ထပ်လက်စွပ်လေး ပြန်ဝတ်ပေးချင်တယ်။

အခန်း(၁၇၈) ငါ့ကို အနိုင်ကျင့်တဲ့ ဘယ်သူ့ကို မဆို ပျက်စီးသွားအောင် လုပ်မယ်။

2.6K 411 29
By Wine-Y

အခန်း(၁၇၈) ငါ့ကိုအနိုင်ကျင့်တဲ့ ဘယ်သူ့ကိုမဆို ပျက်စီးသွားအောင် လုပ်မယ်။

ကုယျန်ရှန်းက လှေကားခွင်နေရာတွင် ဆေးလိပ်သောက်နေပြီး ဆေးလိပ်ငွေ့တွေကို ဖြည်းညှင်းစွာ မှုတ်ထုတ်နေသည်။ သူ့မျက်ဝန်းများ၌ ဝမ်းနည်းမှုတို့ ပြည့်နေပြီး လက်ထဲကိုင်ထားသည့် လည်ဆွဲကိုကြည့်ကာ တိုးတိုးလေး ရေရွတ်ခဲ့သည်။

"ငါတို့နှစ်ယောက် ...... ဘယ်လိုများ ငါတို့ပြန်ပြီး စတင်နိုင်မလဲ ....."

ဆေးလိပ်သောက်ပြီးနောက် ဆေးလိပ်နံ့များ ကိုယ်၌ စွဲကျန်နေခြင်း မရှိတော့မှ ထိုနေရာမှထွက်လာပြီး လူနာဆောင်အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ သို့ပေမယ့် သူအခန်းတံခါးတွန်းဖွင့်ပြီးချိန်၌ လူသူကင်းမဲ့နေသော အခန်းနှင့် ကုတင်ကိုသာ တွေ့လိုက်ရသည်။

'ဝမ်နျဲ့နျန် ... မရှိတော့ဘူး ....'

"နျဲ့နျန် ....."

ဝမ်နျဲ့နျန်ကို ရှာဖို့ သန့်စင်ခန်းထဲသို့ အပြေးအလွှာဝင်ရှာခဲ့ပေမယ့် ဘယ်သူ့ကိုမှ မတွေ့ရပေ။ ထို့ကြောင့် အပြင်ဘက် ကော်ရစ်တာတစ်လျှောက်၌ လိုက်ရှာကြည့်ပေမယ့်လည်း ဝမ်နျဲ့နျန်ကို ရှာမတွေ့ပေ။ နောက်ဆုံး၌ သူနာပြုဆရာမကို မေးသည့်အခါမှသာ ဝမ်နျဲ့နျန် တစ်ယောက်တည်း ဆေးရုံက ဆင်းသွားပြီ ဖြစ်တဲ့အကြောင်းကို ကုယျန်ရှန်း သိခဲ့ရသည်။

စားပွဲပေါ်တွင် ခြေရာလက်ရာမယွင်းဘဲ ရှိနေသေးသည့် ဆန်ပြုတ်ပန်းကန်ကို ကြည့်ပြီး စိတ်ပျက်အားလျော့ကာ ကုတင်ဘေးဘက်သို့ အရုပ်ကြိုးပျက်သလိုပင် ကုယျန်ရှန်း လဲကျသွားသည်။

"မင်း ဘာလို့ ရုတ်တရက်ကြီး ထွက်ပြေးသွားရတာလဲ။ မင်း နေကောင်းတာနဲ့ ငါ ထွက်သွားပေးပါ့မယ်' ဆိုပြီး ကတိပေးထားတယ်လေ ... ဘာလို့ ငါနဲ့ ခနလေးတောင် တူတူမနေချင်ရတာလဲ ..."

အကိုက်အခဲ ပျောက်ဆေးကို သောက်ပြီးနောက် ဆိုဖာဆီသို့လျှောက်လာပြီး ထိုင်လိုက်သည်။ ဆိုဖာပေါ်တွင် ကိုယ်ကိုကွေးကာ ထိုင်နေရင်း ဝမ်နျဲ့နျန်၏အတွေးတို့ လွင့်မျော မှင်သက်နေသည်။ ကုယျန်ရှန်း အခန်းအပြင်ဘက်ထွက်သွားသည်နှင့် ဝမ်နျဲ့နျန်က လက်တွင်ဆေးသွင်းထားသည့် အပ်ကို ဆွဲဖြုတ်ပြီး ဆေးရုံအခန်းထဲမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ သူအခန်းအပြင်သို့ မထွက်မီ သူ့အား ခြုံထားပေးခဲ့သည့် ကုယျန်ရှန်း၏ ကုတ်အကျ်ီကို ခေတ္တမျှ လှည့်ကြည့်ခဲ့သေးသည်။

ဆေးရုံ၌ သူ ထပ်၍ မနေချင်တာပင်။ ဆေးရုံအနံ့ကိုလည်း မကြိုက်သလို အဖြူရောက်ကုတ်များ ဝတ်ဆင်ထားသည့် လူတွေကိုလည်း သူ သဘောမကျပေ။ ထို့အပြင် ခွဲစိတ်ကုတင်ပေါ်၌ တစ်ခါထပ်ပြီးလည်း မလှဲအိပ်ချင်တော့ပေ။

'ထိုထက်ပို၍ ဘာတွေများ ရှိဦးမလဲ။ ...... သူ့အား တုန်လှုပ်ပျာယာသွားစေသည့် ကုယျန်ရှန်း၏ အနုစိတ်သော ဂရုစိုက်မှုများနှင့် ရုတ်တရက်ဆန်လွန်းသော ကြင်နာမှုများကြောင့်ပင်။'

"ဒင်း ......." လူခေါ်ဘဲလ်မှ အသံမြည်လာသည်။

ဝမ်နျဲ့နျန် ဆိုဖာပေါ်မှထပြီး တံခါးဖွင့်ပေးခဲ့သည်။ ထိုတံခါးဝတွင် ရပ်နေသူမှာ ကုလင်ဖြစ်နေခဲ့သည်။

"အကို နျဲ့နျန် အကို့ဆီပို့တဲ့ပစ္စည်းက တံခါးဝမှာ ရောက်နေပြီ။ " ထိုသို့ပြောပြီး ဝမ်နျဲ့နျန်ဘက်မှ စကားမဆိုရသေးခင်မှာပင် ကုလင်က ထိုစာအိတ်ထုပ်ကို ဆွဲယူပြီး တံခါးရှေ့တွင် ရပ်နေသော သူ့အား ကျော်လွန်ကာ အိမ်ထဲသို့ ဝင်သွားခဲ့သည်။

"မှန်းစမ်း .... ဘာစာများလဲ။ အကို နျဲ့နျန် ... အကို သီချင်းရေးနေတာလား။ ဒါကို ဘယ်သူ ရေးထားတာလဲ။" ကုလင်က ရယ်ရင်းနှင့် မေးလာသည်။

"အင်း .... ပြိုင်ပွဲအတွက် သီချင်းရေးနေတာ" ဝမ်နျဲ့နျန်က ကုလင်လက်ထဲမှာ ပစ္စည်းထုပ်ကို ပြန်ယူပြီး ကြည့်လိုက်သည်။ ဒါက ဇာတ်ညွှန်းရေးဆရာ ပို့လိုက်သည့် ပစ္စည်းတစ်ချို့ဖြစ်ပြီး အိတ်ကိုဖွင့်ကြည့်ပြီးနောက် အဖြူရောင် ရှေးခေတ်အဝတ်အစား၊ ယပ်တောင်နှင့် ဆံပင်ထုံးဖွဲ့ရာတွင် သုံးသည့် ပစ္စည်းလေးများ ဖြစ်နေသည်။

"ဝိုး .... အရမ်းလှတာပဲ။ ဒါ အကို နျဲ့နျန် ဝတ်ရမယ့်ဟာလား။ ဘယ်သူ ပို့ပေးတာလဲ။"

"လွန်ခဲ့တဲ့ ရက်က ရှေးခေတ်ဇာတ်လမ်းအတွက် ငါ နောက်ခံသီချင်း တစ်ပုဒ်ရေးခဲ့တယ်။ ပြီးတော့ သူတို့က ရှေးခေတ်အဝတ်အစားဝတ်ပြီး သီချင်းကို တီးပြတဲ့ ဗီဒီယို ရိုက်ပေးဖို့ တောင်းဆိုထားလို့။" ဝမ်နျဲ့နျန်က ယပ်တောင်ကို ဖွင့်ကြည့်ရင်း ကုလင်ကို ပြန်ဖြေလိုက်သည်။

"ကောင်းတာပေါ့ ... အကို့ကို ဓာတ်ပုံရိုက်ပေးဖို့ ကျွန်တော့်အဖို့ အခွင့်အရေးရသွားပြီ "

ကုလင် တံခါးကို အသာအယာပြန်ပိတ်ပြီးနောက် သူ့ဖုန်းကိုကိုင်ပြီး လမ်း၏တစ်ဖက်တွင် ရပ်ထားသည့် ကားဆီသို့ သွားခဲ့သည်။ သူက ကားတံခါးကို ဖွင့်ပြီး ကားထဲ ဝင်ထိုင်လိုက်သည်။ ပြီးနောက် ဘေးတွင်ထိုင်နေသူ လက်မှ ဆေးလိပ်ကိုလှမ်းယူပြီး တစ်ဖွာ ဖွာလိုက်သည်။

" ကားမှန်လည်း မချဘဲ ဆေးလိပ်သောက်နေတာ အငွေ့တွေနဲ့ မွန်းပြီး သေအောင်လို့လား။ " ကုလင် အသာအယာမေးလိုက်သည်။ ထို့နောက် ဆေးလိပ်ကို ပါးစပ်၌ ကိုက်ထားပြီး ဖုန်းကို ထုတ်ကာ စခရင်လ်ကို တတောက်တောက်နှင့် အကြိမ်ရေအနည်းငယ် ရိုက်နှိပ်နေခဲ့သည်။

" ရပြီလား ကျွန်တော့် ခေါင်းမွေးတွေလည်း ထောင်နေပြီ။ အကို့ဘာသာဘဲ သူ့ကို သွားတွေ့လိုက်လို့ မရဘူးလား။" မျက်ခုံးကို ပင့်ကာဖြင့် ကုလင် မေးပြန်သည်။

ကုယျန်ရှန်းက သူ့ဖုန်းကိုထုတ်ပြီး ရှေးခေတ်အဝတ်အစားဖြင့် စန္ဒရားတီးနေသူ၏ပုံကို နူးညံ့ခြင်း ကဋေကဋာဖြင့် ကြည့်နေခဲ့သည်။

" သူ့ကိုကြည့်ရတာ သက်သာပုံပေါ်လား။ လမ်းလျှောက်တာကရော ပုံမှန်အတိုင်းပဲလား။ "

"မျက်နှာကတော့ ဖြူဖျော့နေပေမယ့် ခြေထောက်က အဆင်ပြေပုံပေါ်ပါတယ်။ ဘာလို့ အကို့ဘာသာ ဂရုမစိုက်တာလဲ။ " ကုလင်က သူ့ဖုန်းထဲတွင် ကျန်နေသေးသည့် ပုံကို ထပ်ပို့ပြီး ပြောလိုက်သည်။

ကုယျန်ရှန်းက မျက်ဝန်းထဲ ထင်ရှားနေသည့် ခံစားချက်ထွေလီတို့ကို ပြန်လည်ထိန်းချုပ်ပြီး ပူဆွေးကြီးစွာပင် ပြန်ဖြေခဲ့သည်။

"သူက ငါ့ကို မမြင်ချင်ဘူး။ ... ပြီးတော့ အခုတလော ပြိုင်ပွဲအတွင် ပြင်ဆင်နေတာဆိုတော့ ငါသူ့စိတ်ကို အနှောက်အယှက်မပေးချင်ဘူး။"

"အကို လူတစ်ယောက်ကို ချစ်ရတာ အဲ့လောက်တောင် ပင်ပန်းလား။"

"အချစ်က ဘာဆိုပြီး မင်းကို နားလည်သွားအောင် လုပ်ပေးနိုင်တဲ့သူနဲ့ မတွေ့ရသေးသ၍ မင်း နားလည်မှာ မဟုတ်ဘူး။"

ထိုစကားအဆုံး၌ ပိုင်ကျင်ချန်၏ ကြည်လင်နေသော မျက်ဝန်းအစုံကို ကုလင်သတိရသွားခဲ့သည်။ ကုလင်က မျက်လုံးကို မှေးကျဉ်းလိုက်ပြီး

"ကျွန်တော် နားမလည်ဘူး။ ပြီးတော့ လိမ်ညာတတ်တဲ့သူတွေရဲ့ လှည့်စားမှုကိုလည်း မခံဘူး။ ကျွန်တော်ကတော့ ကျွန်တော့်ကို အနိုင်ကျင့်တဲ့ဘယ်သူ့ကိုမဆို ပျက်စီးသွားအောင် လုပ်ပစ်မယ် "

ကုလင်၏ အကူအညီဖြင့် Weibo တွင် ဗီဒီယိုတင်ပြီးနောက် ကွန်းမန့်ပေးသည့်နေရာရှိ ဖန်'များစွာ၏ ပုံမှန်အလုပ်မှာလည်း ပြန်လည်နိုးထလာခဲ့သည်။ သူတို့က သူ့တို့နှလုံးသားထဲရှိ ကြင်နာတတ်သူ 'ဟူ၍ပင် ချီးမွမ်းထားကြသည်။

[ငါတို့ရဲ့ နတ်ဘုရားက အရမ်းကို ကျက်သရေရှိနေတာ နှလုံးသားထဲက ကျောက်စိမ်းသခင်ကြီး အတိုင်းပဲ ]

[ငါ မရတော့ဘူး ]

[အခု ဇာတ်ညွှန်းရေးဆရာ ပြောခဲ့တဲ့ ထိတ်လန့်ဖွယ်ရာဆိုတာကြီးကို ငါ ယုံသွားပြီ။ ဇာတ်လမ်းထဲက ဇာတ်ဆောင်က တကယ့်ကို WE ရဲ့ ကိုယ်ပွားပဲ]

[တခြားဇာတ်ကောင်တွေကလည်း WE ရေးထားတဲ့ သီချင်းတွေကို အရင်းမြစ်ယူပြီး ဖန်တီးထားခဲ့တာတဲ့။ ဝိုး ... ဒီဝတ်စုံက WE နဲ့ အရမ်းလိုက်တယ်။]

[ဟမ် ? WE ဘေးက မှန်မှာ ထင်နေတာ လက်မဟုတ်ဘူးလား။ ရိုက်ပုံရိုက်ပေးတဲ့သူလား။]

__ ထိုအချိန် စန္ဒရားပြိုင်ပွဲကျင်းပပေးသည့် တင်ဆက်သူအကောင့်မှလည်း WE ရဲ့ ဗီဒီယိုကို ပြန်ရှယ်ပြီး 'ကမ္ဘာလုံးဆိုင်ရာ စန္ဒရားပြိုင်ပွဲအတွက် M နိုင်ငံ ကိုယ်စားပြု ရွေးချယ်ထားသူအဖြစ် ' ဝမ်နျဲ့နျန်ကို ကြေညာခဲ့သည်။

ဖန်အားလုံးက ထိုကြေညာချက်ကြောင့် စိတ်လှုပ်ရှားပြီး ပျော်နေခဲ့ကြသည်။ သို့သော် ထိုပြိုင်ပွဲကို ဝင်ပြိုင်ဖို့ WE က အရည်အချင်းမပြည့်မီဘူး ' ဟူ၍ တွေးနေကြသည့် လူများစွာလည်း ရှိခဲ့သည်။ ထို့နောက် လေလှိုင်းပေါ်က ရန်ပွဲကြီး ဖြစ်ခဲ့ပြီး အဆုံးသတ်ခြင်းလည်း မရှိတော့ပေ။

Phil ကလည်း သူ့၏ အကောင့်တွင် ရုတ်တရက် အပ်ပဒိတ် တင်ခဲ့သည်။

"သူ လုပ်နိုင်မယ် ဆိုတာ ငါသိတယ်။ သူစန္ဒရားတီးတာကို ပထမဦးဆုံးအကြိမ် ကြားခဲ့ရတဲ့ အချိန်ကစပြီး သူက ကမ္ဘာလုံးဆိုင်ရာ ပြိုင်ပွဲအထိ သွားမယ့် လူဆိုတာ သိထားခဲ့ပြီးသားပဲ။ ငါ တစ်ချိန်က သူ့ကို မေးခဲ့တဲ့ မေးခွန်းတစ်ခု ရှိတယ်။ အဲ့ဒီတုန်းက အခွင့်မကြုံလို့ သူငြင်းခဲ့ပေမယ့် ငါ အခုထပ်မေးချင်တယ် ။ ' WE မင်း ..ငါ့ရဲ့ တပည့် လုပ်မလား။ "

ထိုစာတင်ပြီး မကြာခင်မှာဘဲ ဝမ်နျဲ့နျန်က ပြန်စာပို့ခဲ့သည်။

'ကောင်းပါပြီ ဆရာ' ဟူ၍။

ထို့နေ့ရှိ Weibo ပေါ်ရှိ သတင်းအကြောင်းအရာတို့မှာ Phil နှင့် WE ၏ အကြောင်းများသာ ဖြစ်ခဲ့သည်။

"WE က Phil ကို သူ့ဆရာအဖြစ် လက်ခံကြောင်း သွယ်ဝိုက်ပြီး ပြောသွားခဲ့သည်။ "

Weibo တွင် ပို့စ်တင်ပြီးနောက် ဝမ်နျဲ့နျန်က ဖုန်းကို ဘေးချပြီး သီချင်းရေးခြင်းကိုသာ အာရုံစိုက်ထားခဲ့သည်။ အကုန်လုံး ပြီးစီးတဲ့အခါ ဒုတိယထပ်သို့ သွားပြီး စန္ဒရားဖြင့် တီးစမ်းကြည့်ခဲ့သည်။

အခန်းတံခါးကို တွန်းဖွင့်ပြီး သိပ်မကြာသေးခင်အချိန်ကမှ ထားထားသည့် စန္ဒရားကိုကြည့်ပြီး အဖြေရှာ၍ မရနိုင်သော ခံစားချက်အရိပ်အယောင်များ ဝမ်နျဲ့နျန် မျက်ဝန်းအတွင်း ဖြတ်ပြေးသွားခဲ့သည်။ စန္ဒရားခုံတွင်ထိုင်ပြီး လက်ချောင်းများဖြင့် ကီးတွေကို တစ်ခါပြန် ဖိနှိပ်နေရင်း နှုတ်မှလည်း တုန်ရီစွာ ပြောခဲ့သည်။

"အမေ ... ကျွန်တော်အခု ကမ္ဘာလုံးဆိုင်ရာ စန္ဒရားပြိုင်ပွဲမှာ ဝင်ပြိုင်နိုင်ပြီ ..."

သို့ပေမယ့် သူ စန္ဒရားကို တီးလိုက်ချိန်မှာပင် နီရဲနေသော မျက်ဝန်းများဖြင့် သူ့အား ဝမ်းနည်းစွာ ငေးစိုက်ကြည့်ပြီး အဆင်ပြေစေဖို့ နှစ်သိမ့်ပေးနေသည့် ကုယျန်ရှန်း၏ ပုံစံမှာ စိတ်ထဲမှာ ပေါ်လာခဲ့သည်။

ထိုကဲ့သို့ လွှမ်းမိုးနေခြင်းကို ဝမ်နျဲ့နျန် မလိုချင်။ သူ ခုံမှချက်ချင်းထပြီး စန္ဒရားခန်းထဲမှ ထွက်လာခဲ့သည်။ အခန်းတံခါးကို လော့ချပြီးနောက် ဧည့်ခန်းထဲသို့ သာ ပြန်သွားခဲ့သည်။

ညနေ၌ ဝမ်နျဲ့နျန်၏အဖေ ရောက်လာပြီး ဝမ်နျဲ့နျန်ကို မြင်တဲ့အခါ မျက်ဝန်းတို့က စိုစွတ်ခဲ့ပြန်သည်။

"ရှောင်နျန် ... ဘာလို့ အရမ်း ပိန်သွားရတာလဲ။ "

ဤအချိန်အတောအတွင်း၌ ဝမ်အဖေက ပြည်ပရှိ ကုမ္ပဏီတွင် အလုပ်ကိစ္စများဖြင့် ရှုပ်နေခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်နေရင်း အစာအိမ်နာလာတာကြောင့် မေ့လဲသွားသည့်' သတင်းကို ကြားပြီး ဝမ်အဖေက တရုတ်သို့ အမြန်ဆုံး ပြန်လာခဲ့သည်။

ဝမ်နျဲ့နျန်က ရေခဲသေတ္တာထဲမှာ စားစရာပစ္စည်းတွေ တစ်ခုပြီးတစ်ခု ထုတ်နေသည့် အဖေဖြစ်သူကိုကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

"အဖေ ... ကျွန်တော် အများကြီး မစားနိုင်ဘူး နော်။"

"မင်း အလုပ်ကိုပဲ အာရုံစိုက်နေလို့ မရဘူးလေ။ အဖေရှိနေတဲ့ အတောအတွင်းလေး မင်း ကောင်းကောင်းစားရအောင် ပြင်ပေးနေတာပါ။ ဝလာအောင်လုပ် ... မဟုတ်ရင် တဖြည်းဖြည်း သေးသေးပြီး ပျောက်သွားတော့မယ် "

"အော် ... အဖေ ထျန်ရှုံးကိုလည်း ညစာလာစားဖို့ ခေါ်ထားတယ် " ဝမ်အဖေက စကားပြောရင်းမှ သတိရသွားတာကြောင့် ထပ်ပေါင်း ပြောလိုက်သည်။

ဝမ်နျဲ့နျန်က မှင်သက်သွားသည့် အမူအရာကိုသာ ပြပြီး အဆုံးအထိ စကားမပြောဘဲ ရှိခဲ့သည်။ ညနေရောက်၍ ထျန်ရှုံး လာတဲ့အခါ သူက ဝမ်အဖေနဲ့ သောက်ဖို့ ဝိုင်နီပါ ယူလာခဲ့သည်။

"ရှောင်ထျန် ... ဒီအတောအတွင်း ရှောင်နျန်ကို ဂရုစိုက်ပေးခဲ့တာ အတွက် ကျေးဇူးတင်ပါတယ်။ ရှောင်နျန်ကို ဆေးရုံပို့ပေးခဲ့တာ အတွက် ရောပဲ "

ထိုစကားကြောင့် ထျန်ရှုံး၏မျက်နှာမှာ တောင့်တင်းသွားပြီး ဝမ်နျဲ့နျန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ခနမျှ ကြောင်အနေပြီး နောက်မှာ ထျန်ရှုံးက နူးနူးညံ့ညံ့ပင် ပြန်ဖြေခဲ့သည်။

"ရပါတယ် ... နျဲ့နျန်ကို ကူညီပေးတာအတွက် ကျေးဇူးတင်ဖို့ မလိုပါဘူး။ ပြီးတော့ ဝိုင်ကြောင့် မူးနေပြီဆိုရင် အပေါ်ထပ်တက်ပြီး နားတော့မလား။ "

အဖေဝမ်က ခေါင်းခါသည်။ "ဟင့်အင်း ... ငါ မမူးသေးပါဘူး။ ထျန်ရှုံး မင်း ကိုယ်မင်းလည်း ဂရုစိုက်ရမယ်နော် ... ငါတို့ ရှောင်နျန်ကို ဆိုးဆိုးဝါးဝါး နာကျင်စေခဲ့တဲ့ ဟို ကုမျိုးရိုးလို့ မဖြစ်စေနဲ့။ "

"အဖေ ... အပေါ်တက်ရအောင် ... လာ ကျွန်တော် ကူတွဲပေးမယ် " ဝမ်နျဲ့နျန်က ထိုင်ရာမှ ထပြီး စိုးရိမ်စွာနှင့် ပြောလိုက်သည်။

"ထားလိုက်ပါ ... မင်း ခြေထောက်က အခုထိ ကောင်းသေးတာ မဟုတ်ဘူး။ ဦးလေးကို ငါပဲ ကူတွဲပေးလိုက်မယ်။" ထျန်ရှုံးက လက်ထဲက ဝိုင်ခွက်ကို ချပြီး အဖေဝမ်ကို တွဲကာ အိမ်ပေါ်ထပ်သို့ တက်သွားခဲ့သည်။

ဧည့်ခန်းထဲ၌ ဝမ်နျဲ့နျန်တစ်ယောက်တည်းသာ ကျန်နေခဲ့ပြီး အချိန်အတော်ကြာ၍ ထျန်ရှုံး လှေကားမှ ပြန်ဆင်းလာတော့ လက်ထဲတွင် ဝိုင်ခွက်ကိုင်ထားသည့် ဝမ်နျဲ့နျန်ကို တွေ့လိုက်ရသည်။ ထျန်ရှုံးက ဝမ်နျဲ့နျန်ဆီ အပြေးသွားပြီး လက်ထဲမှ ဖန်ခွက်ကို ဆွဲယူလိုက်သည်။

"နျဲ့နျန် ... မင်း သောက်လိုက်တာလား။ " ထျန်ရှုံးက တအံ့တဩနှင့် မေးသည်။

"မသောက်ပါဘူး။ ငါက ခွက်ကို နေရာရွေ့ဖို့ လုပ်ရုံပါ။ "

ထို့နောက် ထျန်ရှုံးက ဝမ်နျဲ့နျန်ကို ဧည့်ခန်းထဲသွားကာ အနားယူဖို့ပြောပြီး သူကတော့ ပန်းကန်ခွက်ယောက်နှင့် စားပွဲကို ကိုင်တိုင် သန့်ရှင်းရေးလုပ်ခဲ့သည်။ အားလုံးပြီးတဲ့အခါ ဧည့်ခန်းထဲသို့ သွားပြီး ဆိုဖာတွင် ထိုင်လိုက်သည်။

"ပြည်ပအထိ သွားပြီး ပြိုင်ပွဲဝင်ခွင့်ရတဲ့အတွက် ငါ အရမ်း ပျော်တယ်။ မင်းပဲ အနိုင်ရမှာပါ။ နျဲ့နျန် မင်း ဒီတလော ပရိုဂရမ်အတွက် ရိုက်ကူးရေး လုပ်နေတာလား။"

"ဟုတ်တယ် ... ပြိုင်ပွဲအတွက် DAWN ဝက်ဘ်ဆိုက်ကလုပ်တဲ့ အင်တာဗျူးတစ်ခု ရှိတယ်။ သူတို့က ပြိုင်ပွဲဝင်သီချင်းရေးတဲ့ တေးရေးသူတွေကို အစီအစဉ်အတွက် ဖိတ်တာလေ။ မင်းလည်း သီချင်းရေးခဲ့လို့ မင်းကိုပါ ဖိတ်ထားတယ်။ "

"ငါ့ကို ?" ထျန်ရှုံး အံ့ဩသွားသည်။ " ငါလည်း အစီအစဉ်မှာ ပါလို့ရတာလား။ ကောင်းလိုက်တာ "

..........

"ကျွန်တော် တို့ရဲ့ အစီအစဉ်ကနေ ကြိုဆိုပါတယ်။"

ခေါင်းကိုငုံ့ကာ အရိုအသေပေးပြီးနောက် ဝမ်နျဲ့နျန်က ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီး တင်ဆက်သူမှ မေးသည့် မေးခွန်းများကို ဖြေကြားခဲ့သည်။

ကုယျန်ရှန်းက ဧည့်ခန်းတွင်ထိုင်ပြီး တီဗီတွင်လာနေသည့် အစီအစဉ်ထဲမှ ဝမ်နျဲ့နျန်ကို ကြည့်နေသည်။ ရုတ်တရက်၌ ကင်မရာထဲ ပေါ်လာသည့် လူတစ်ယောက်ကို မြင်ပြီး မျက်နှာတစ်ခုလုံးက ချက်ချင်းကို မှောင်ကျသွားခဲ့သည်။

"နောက်ထပ် အစီအစဉ်ကတော့ ဖန်'တွေရဲ့ တောင်းဆိုချက်ပါ။ ဆုရရှိခဲ့တဲ့ တေးရေး WE နဲ့ ထျန်ရှုံးက ကျွန်တော်တို့အတွက် သီချင်းတစ်ပုဒ်လောက် တီးပြပေးနိုင်မလား ခင်မျ။"

တင်ဆက်သူ၏ စကားဆုံးပြီးနောက် ထျန်ရှုံးနှင့် ဝမ်နျဲ့နျန်က စန္ဒရားရှေ့တွင်ထိုင်ပြီး တစ်ယောက်နှင့် တစ်ယောက်ပြုံးရယ်ကာကြည့်ရင်း စန္ဒရားတီးခဲ့သည်။ ထို တင်ဆက်မှုကို ကြည့်နေသည့် ကုယျန်ရှန်း၏ မျက်ဝန်းတွင်တော့ ထူးဆန်းသည့် အရိပ်လက္ခဏာများ ပြည့်နေခဲ့သည်။

ရိုက်ကူးရေးပြီးတဲ့အခါ ဝမ်နျဲ့နျန်က အဝတ်အစားလဲပြီး ပန်းခြံထဲသို့ လမ်းလျှောက်ထွက်ခဲ့သည်။ သူ့စိတ်တွေ လွင့်ပျံနေသည့် အချိန်တိုင်း ပန်းခြံထဲ လမ်းလျှောက်ထွက်ပြီး ရေကန်ဘေးတွင်ရှိသည့် ခုံတန်းတွင်ထိုင်ကာ လေညင်းခံနေ တတ်သည်။

ကန်ရေ၏အရောင်မှာ ကျောက်မျက်ကဲ့သို့ ကြည်လင်နေသည်။ ဝမ်နျဲ့နျန်က ကန်ထဲရှိ ငါးသေးသေးလေးကို မြင်တဲ့အခါ ကန်အနားသို့ ပိုတိုးပြီး ထိုငါးများကို ကြည့်ချင်ခဲ့သည်။ သို့ပေမယ့် ခြေချော်ပြီး ကန်ထဲသို့ ကျလုနီးနီး ဖြစ်သွားခဲ့သည်။ ထိုအချိန်၌ သူ့ကို ဖမ်းဆွဲပြီး ခါးမှနေ၍ ဆွဲယူပွေ့ဖက်လိုက်သည့် လက်တစ်စုံက ရုတ်တရက် ပေါ်လာခဲ့သည်။

"မင်း ရူးနေတာလား။ အခု ကန်ထဲ ခုန်ချဖို့ လုပ်ခဲ့တာလား။ ဘာလို့လဲ။ အခုလို သေဖို့အထိ တွေးခဲ့တာလဲ။ "

ဝမ်နျဲ့နျန်က သူ့အနောက်တွင်ရှိသည့်သူကို မော့ကြည့်လိုက်သည်။ ကုယျန်ရှန်း၏အသံတို့က တုန်ရီနေပြီး အော်ဟစ်ကာ ပြောနေပေမယ့် မျက်ဝန်းများက ကြောက်မက်ဖွယ်ကောင်းအောင် နီရဲနေခဲ့သည်။ ဝမ်နျဲ့နျန်ကိုလည်း မလွှတ်စတမ်းကို ပွေ့ဖက်ထားခဲ့သည်။

"မသေပါနဲ့ ...... ဒီလိုမျိုး နောက်ထပ် မလုပ်ပါနဲ့ ....။ ငါ မင်းကို တွန်းအား မပေးပါဘူး။ ဒါကြောင့် သေဖို့ မရွေးချယ်ပါနဲ့ ...... နော်။ " ကုယျန်ရှန်း၏ အသံမှာ အက်ကွဲလို့ နေသည်။

"မင်း အခု ......... "

"ငါက ငါးကို ကြည့်ဖို့ လုပ်ရင်း ခြေချော်သွားတာ။ ငါ့ကို လွှတ် "

"မင်းက ငါ့အိမ်နားက ပန်းခြံမှာ ဘာကိစ္စ ပေါ်လာတာလဲ။"

ဝမ်နျဲ့နျန်က ခုံတန်းတွင် ထိုင်နေပြီး သူ့အရှေ့ တစ်ဖက်ခုံတန်းဘေးတွင် ရပ်နေသည့် ကုယျန်ရှန်းကိုကြည့်ကာ တိုးတိုးသာသာပင် မေးလိုက်သည်။

"ငါ မင်းကို တွေ့ချင်လို့လာခဲ့တာ။ မင်းကို အနှောင့်အယှက် ပေးဖို့ မဟုတ်ပါဘူး။ ပြီးတော့ ရေကန်ထဲ ခုန်ချဖို့ လုပ်နေတယ် ဆိုပြီး ထင်လိုက်မိလို့။ ငါ ... ငါ အဲ့တာကြောင့် အပြေးအလွှားရောက်လာခဲ့တာ "

သက်ပြင်းကို ချကာ ခုံတန်းတွင်ထိုင်ပြီးနောက် ဝမ်နျဲ့နျန်ကိုကြည့်၍ လေးလေးနက်နက်နှင့် ကုယျန်ရှန်း ပြန်ဖြေခဲ့သည်။

"မင်းအတွက်နဲ့ ငါ့ကိုယ်ငါ သတ်သေမယ်လို့ ထင်တယ်ပေါ့လေ။ မင်း ဘယ်လိုများ တွေးလိုက်တာလဲ။" ပြောပြီးနောက် ဝမ်နျဲ့နျန်က ကုယျန်ရှန်းကို ချန်ပြီး ထိုနေရာမှ ထွက်လာခဲ့သည်။ သူ့၏ပုံရိပ်မှာ ကုယျန်ရှန်း၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်အထိ ပင်။

ကျန်ရစ်နေခဲ့သည့် ကုယျန်ရှန်းက မျက်ဝန်းထဲ ခါးသက်လှသော နာကျင်မှုများ အပြည့်ဖြင့် ဝမ်နျဲ့နျန်၏နောက်ကျောကိုငေးကြည့်နေခဲ့သည်။ နှုတ်ဖျားမှလည်း စကားတစ်ခွန်းကို ရေရွတ်နေရင်းပင်။

"မင်းမှာ အခုလို မာကျောတဲ့စိတ်တစ်ခု ရှိလို့ တော်သေးတာပေါ့။ ငါ့လို မကောင်းတဲ့လူတစ်ယောက်အတွက် နာကျင်မနေပါနဲ့ ...."

"ဒင်း ..."

ကုယျန်ရှန်း၏ ဖုန်းမှ စာဝင်သံထွက်ပေါ်လာပြီး ထိုစာကို ဖတ်ပြီးနောက် ကုယျန်ရှန်း၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲ သွားခဲ့သည်။ 

______________
Black 🌻 Lotus
Words_4130
Oct/9/2022
Wine.
。。。。。

လမင်းကြီးသာ သာရင်
မုဒြာက ပွင့်လန်းနေမှာ။
ပျော်ရွှင်မှုက ရေရာခြင်း မရှိပေမယ့်
ကံကောင်းခြင်းတော့ ထင်ရှားပေးပါ။
သီတင်းကျွတ်မှာ ပျော်ရွှင်စေသား။



For my lovely zawgyi readers

___________

အခန္း(၁၇၈) ငါ့ကိုအႏိုင္က်င့္တဲ့ ဘယ္သူ႔ကိုမဆို ပ်က္စီးသြားေအာင္ လုပ္မယ္။

ကုယ်န္ရွန္းက ေလွကားခြင္ေနရာတြင္ ေဆးလိပ္ေသာက္ေနၿပီး ေဆးလိပ္ေငြ႕ေတြကို ျဖည္းညႇင္းစြာ မႈတ္ထုတ္ေနသည္။ သူ႔မ်က္ဝန္းမ်ား၌ ဝမ္းနည္းမႈတို႔ ျပည့္ေနၿပီး လက္ထဲကိုင္ထားသည့္ လည္ဆြဲကိုၾကည့္ကာ တိုးတိုးေလး ေရ႐ြတ္ခဲ့သည္။

"ငါတို႔ႏွစ္ေယာက္ ...... ဘယ္လိုမ်ား ငါတို႔ျပန္ၿပီး စတင္ႏိုင္မလဲ ....."

ေဆးလိပ္ေသာက္ၿပီးေနာက္ ေဆးလိပ္နံ႔မ်ား ကိုယ္၌ စြဲက်န္ေနျခင္း မရွိေတာ့မွ ထိုေနရာမွထြက္လာၿပီး လူနာေဆာင္အခန္းထဲသို႔ ျပန္ဝင္လာခဲ့သည္။ သို႔ေပမယ့္ သူအခန္းတံခါးတြန္းဖြင့္ၿပီးခ်ိန္၌ လူသူကင္းမဲ့ေနေသာ အခန္းႏွင့္ ကုတင္ကိုသာ ေတြ႕လိုက္ရသည္။

'ဝမ္န်ဲ႕န်န္ ... မရွိေတာ့ဘူး ....'

"န်ဲ႕န်န္ ....."

ဝမ္န်ဲ႕န်န္ကို ရွာဖို႔ သန႔္စင္ခန္းထဲသို႔ အေျပးအလႊာဝင္ရွာခဲ့ေပမယ့္ ဘယ္သူ႔ကိုမွ မေတြ႕ရေပ။ ထို႔ေၾကာင့္ အျပင္ဘက္ ေကာ္ရစ္တာတစ္ေလွ်ာက္၌ လိုက္ရွာၾကည့္ေပမယ့္လည္း ဝမ္န်ဲ႕န်န္ကို ရွာမေတြ႕ေပ။ ေနာက္ဆုံး၌ သူနာျပဳဆရာမကို ေမးသည့္အခါမွသာ ဝမ္န်ဲ႕န်န္ တစ္ေယာက္တည္း ေဆး႐ုံက ဆင္းသြားၿပီ ျဖစ္တဲ့အေၾကာင္းကို ကုယ်န္ရွန္း သိခဲ့ရသည္။

စားပြဲေပၚတြင္ ေျခရာလက္ရာမယြင္းဘဲ ရွိေနေသးသည့္ ဆန္ျပဳတ္ပန္းကန္ကို ၾကည့္ၿပီး စိတ္ပ်က္အားေလ်ာ့ကာ ကုတင္ေဘးဘက္သို႔ အ႐ုပ္ႀကိဳးပ်က္သလိုပင္ ကုယ်န္ရွန္း လဲက်သြားသည္။

"မင္း ဘာလို႔ ႐ုတ္တရက္ႀကီး ထြက္ေျပးသြားရတာလဲ။ မင္း ေနေကာင္းတာနဲ႔ ငါ ထြက္သြားေပးပါ့မယ္' ဆိုၿပီး ကတိေပးထားတယ္ေလ ... ဘာလို႔ ငါနဲ႔ ခနေလးေတာင္ တူတူမေနခ်င္ရတာလဲ ..."

အကိုက္အခဲ ေပ်ာက္ေဆးကို ေသာက္ၿပီးေနာက္ ဆိုဖာဆီသို႔ေလွ်ာက္လာၿပီး ထိုင္လိုက္သည္။ ဆိုဖာေပၚတြင္ ကိုယ္ကိုေကြးကာ ထိုင္ေနရင္း ဝမ္န်ဲ႕န်န္၏အေတြးတို႔ လြင့္ေမ်ာ မွင္သက္ေနသည္။ ကုယ်န္ရွန္း အခန္းအျပင္ဘက္ထြက္သြားသည္ႏွင့္ ဝမ္န်ဲ႕န်န္က လက္တြင္ေဆးသြင္းထားသည့္ အပ္ကို ဆြဲျဖဳတ္ၿပီး ေဆး႐ုံအခန္းထဲမွ ထြက္လာခဲ့ျခင္းျဖစ္သည္။ သူအခန္းအျပင္သို႔ မထြက္မီ သူ႔အား ၿခဳံထားေပးခဲ့သည့္ ကုယ်န္ရွန္း၏ ကုတ္အက်္ီကို ေခတၱမွ် လွည့္ၾကည့္ခဲ့ေသးသည္။

ေဆး႐ုံ၌ သူ ထပ္၍ မေနခ်င္တာပင္။ ေဆး႐ုံအနံ႔ကိုလည္း မႀကိဳက္သလို အျဖဴေရာက္ကုတ္မ်ား ဝတ္ဆင္ထားသည့္ လူေတြကိုလည္း သူ သေဘာမက်ေပ။ ထို႔အျပင္ ခြဲစိတ္ကုတင္ေပၚ၌ တစ္ခါထပ္ၿပီးလည္း မလွဲအိပ္ခ်င္ေတာ့ေပ။

'ထိုထက္ပို၍ ဘာေတြမ်ား ရွိဦးမလဲ။ ...... သူ႔အား တုန္လႈပ္ပ်ာယာသြားေစသည့္ ကုယ်န္ရွန္း၏ အႏုစိတ္ေသာ ဂ႐ုစိုက္မႈမ်ားႏွင့္ ႐ုတ္တရက္ဆန္လြန္းေသာ ၾကင္နာမႈမ်ားေၾကာင့္ပင္။'

"ဒင္း ......." လူေခၚဘဲလ္မွ အသံျမည္လာသည္။

ဝမ္န်ဲ႕န်န္ ဆိုဖာေပၚမွထၿပီး တံခါးဖြင့္ေပးခဲ့သည္။ ထိုတံခါးဝတြင္ ရပ္ေနသူမွာ ကုလင္ျဖစ္ေနခဲ့သည္။

"အကို န်ဲ႕န်န္ အကို႔ဆီပို႔တဲ့ပစၥည္းက တံခါးဝမွာ ေရာက္ေနၿပီ။ " ထိုသို႔ေျပာၿပီး ဝမ္န်ဲ႕န်န္ဘက္မွ စကားမဆိုရေသးခင္မွာပင္ ကုလင္က ထိုစာအိတ္ထုပ္ကို ဆြဲယူၿပီး တံခါးေရွ႕တြင္ ရပ္ေနေသာ သူ႔အား ေက်ာ္လြန္ကာ အိမ္ထဲသို႔ ဝင္သြားခဲ့သည္။

"မွန္းစမ္း .... ဘာစာမ်ားလဲ။ အကို န်ဲ႕န်န္ ... အကို သီခ်င္းေရးေနတာလား။ ဒါကို ဘယ္သူ ေရးထားတာလဲ။" ကုလင္က ရယ္ရင္းႏွင့္ ေမးလာသည္။

"အင္း .... ၿပိဳင္ပြဲအတြက္ သီခ်င္းေရးေနတာ" ဝမ္န်ဲ႕န်န္က ကုလင္လက္ထဲမွာ ပစၥည္းထုပ္ကို ျပန္ယူၿပီး ၾကည့္လိုက္သည္။ ဒါက ဇာတ္ၫႊန္းေရးဆရာ ပို႔လိုက္သည့္ ပစၥည္းတစ္ခ်ိဳ႕ျဖစ္ၿပီး အိတ္ကိုဖြင့္ၾကည့္ၿပီးေနာက္ အျဖဴေရာင္ ေရွးေခတ္အဝတ္အစား၊ ယပ္ေတာင္ႏွင့္ ဆံပင္ထုံးဖြဲ႕ရာတြင္ သုံးသည့္ ပစၥည္းေလးမ်ား ျဖစ္ေနသည္။

"ဝိုး .... အရမ္းလွတာပဲ။ ဒါ အကို န်ဲ႕န်န္ ဝတ္ရမယ့္ဟာလား။ ဘယ္သူ ပို႔ေပးတာလဲ။"

"လြန္ခဲ့တဲ့ ရက္က ေရွးေခတ္ဇာတ္လမ္းအတြက္ ငါ ေနာက္ခံသီခ်င္း တစ္ပုဒ္ေရးခဲ့တယ္။ ၿပီးေတာ့ သူတို႔က ေရွးေခတ္အဝတ္အစားဝတ္ၿပီး သီခ်င္းကို တီးျပတဲ့ ဗီဒီယို ႐ိုက္ေပးဖို႔ ေတာင္းဆိုထားလို႔။" ဝမ္န်ဲ႕န်န္က ယပ္ေတာင္ကို ဖြင့္ၾကည့္ရင္း ကုလင္ကို ျပန္ေျဖလိုက္သည္။

"ေကာင္းတာေပါ့ ... အကို႔ကို ဓာတ္ပုံ႐ိုက္ေပးဖို႔ ကြၽန္ေတာ့္အဖို႔ အခြင့္အေရးရသြားၿပီ "

ကုလင္ တံခါးကို အသာအယာျပန္ပိတ္ၿပီးေနာက္ သူ႔ဖုန္းကိုကိုင္ၿပီး လမ္း၏တစ္ဖက္တြင္ ရပ္ထားသည့္ ကားဆီသို႔ သြားခဲ့သည္။ သူက ကားတံခါးကို ဖြင့္ၿပီး ကားထဲ ဝင္ထိုင္လိုက္သည္။ ၿပီးေနာက္ ေဘးတြင္ထိုင္ေနသူ လက္မွ ေဆးလိပ္ကိုလွမ္းယူၿပီး တစ္ဖြာ ဖြာလိုက္သည္။

" ကားမွန္လည္း မခ်ဘဲ ေဆးလိပ္ေသာက္ေနတာ အေငြ႕ေတြနဲ႔ မြန္းၿပီး ေသေအာင္လို႔လား။ " ကုလင္ အသာအယာေမးလိုက္သည္။ ထို႔ေနာက္ ေဆးလိပ္ကို ပါးစပ္၌ ကိုက္ထားၿပီး ဖုန္းကို ထုတ္ကာ စခရင္လ္ကို တေတာက္ေတာက္ႏွင့္ အႀကိမ္ေရအနည္းငယ္ ႐ိုက္ႏွိပ္ေနခဲ့သည္။

" ရၿပီလား ကြၽန္ေတာ့္ ေခါင္းေမြးေတြလည္း ေထာင္ေနၿပီ။ အကို႔ဘာသာဘဲ သူ႔ကို သြားေတြ႕လိုက္လို႔ မရဘူးလား။" မ်က္ခုံးကို ပင့္ကာျဖင့္ ကုလင္ ေမးျပန္သည္။

ကုယ်န္ရွန္းက သူ႔ဖုန္းကိုထုတ္ၿပီး ေရွးေခတ္အဝတ္အစားျဖင့္ စႏၵရားတီးေနသူ၏ပုံကို ႏူးညံ့ျခင္း ကေဋကဋာျဖင့္ ၾကည့္ေနခဲ့သည္။

" သူ႔ကိုၾကည့္ရတာ သက္သာပုံေပၚလား။ လမ္းေလွ်ာက္တာကေရာ ပုံမွန္အတိုင္းပဲလား။ "

"မ်က္ႏွာကေတာ့ ျဖဴေဖ်ာ့ေနေပမယ့္ ေျခေထာက္က အဆင္ေျပပုံေပၚပါတယ္။ ဘာလို႔ အကို႔ဘာသာ ဂ႐ုမစိုက္တာလဲ။ " ကုလင္က သူ႔ဖုန္းထဲတြင္ က်န္ေနေသးသည့္ ပုံကို ထပ္ပို႔ၿပီး ေျပာလိုက္သည္။

ကုယ်န္ရွန္းက မ်က္ဝန္းထဲ ထင္ရွားေနသည့္ ခံစားခ်က္ေထြလီတို႔ကို ျပန္လည္ထိန္းခ်ဳပ္ၿပီး ပူေဆြးႀကီးစြာပင္ ျပန္ေျဖခဲ့သည္။

"သူက ငါ့ကို မျမင္ခ်င္ဘူး။ ... ၿပီးေတာ့ အခုတေလာ ၿပိဳင္ပြဲအတြင္ ျပင္ဆင္ေနတာဆိုေတာ့ ငါသူ႔စိတ္ကို အေႏွာက္အယွက္မေပးခ်င္ဘူး။"

"အကို လူတစ္ေယာက္ကို ခ်စ္ရတာ အဲ့ေလာက္ေတာင္ ပင္ပန္းလား။"

"အခ်စ္က ဘာဆိုၿပီး မင္းကို နားလည္သြားေအာင္ လုပ္ေပးႏိုင္တဲ့သူနဲ႔ မေတြ႕ရေသးသ၍ မင္း နားလည္မွာ မဟုတ္ဘူး။"

ထိုစကားအဆုံး၌ ပိုင္က်င္ခ်န္၏ ၾကည္လင္ေနေသာ မ်က္ဝန္းအစုံကို ကုလင္သတိရသြားခဲ့သည္။ ကုလင္က မ်က္လုံးကို ေမွးက်ဥ္းလိုက္ၿပီး

"ကြၽန္ေတာ္ နားမလည္ဘူး။ ၿပီးေတာ့ လိမ္ညာတတ္တဲ့သူေတြရဲ႕ လွည့္စားမႈကိုလည္း မခံဘူး။ ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ့္ကို အႏိုင္က်င့္တဲ့ဘယ္သူ႔ကိုမဆို ပ်က္စီးသြားေအာင္ လုပ္ပစ္မယ္ "

ကုလင္၏ အကူအညီျဖင့္ Weibo တြင္ ဗီဒီယိုတင္ၿပီးေနာက္ ကြန္းမန႔္ေပးသည့္ေနရာရွိ ဖန္'မ်ားစြာ၏ ပုံမွန္အလုပ္မွာလည္း ျပန္လည္ႏိုးထလာခဲ့သည္။ သူတို႔က သူ႔တို႔ႏွလုံးသားထဲရွိ ၾကင္နာတတ္သူ 'ဟူ၍ပင္ ခ်ီးမြမ္းထားၾကသည္။

[ငါတို႔ရဲ႕ နတ္ဘုရားက အရမ္းကို က်က္သေရရွိေနတာ ႏွလုံးသားထဲက ေက်ာက္စိမ္းသခင္ႀကီး အတိုင္းပဲ ]

[ငါ မရေတာ့ဘူး ]

[အခု ဇာတ္ၫႊန္းေရးဆရာ ေျပာခဲ့တဲ့ ထိတ္လန႔္ဖြယ္ရာဆိုတာႀကီးကို ငါ ယုံသြားၿပီ။ ဇာတ္လမ္းထဲက ဇာတ္ေဆာင္က တကယ့္ကို WE ရဲ႕ ကိုယ္ပြားပဲ]

[တျခားဇာတ္ေကာင္ေတြကလည္း WE ေရးထားတဲ့ သီခ်င္းေတြကို အရင္းျမစ္ယူၿပီး ဖန္တီးထားခဲ့တာတဲ့။ ဝိုး ... ဒီဝတ္စုံက WE နဲ႔ အရမ္းလိုက္တယ္။]

[ဟမ္ ? WE ေဘးက မွန္မွာ ထင္ေနတာ လက္မဟုတ္ဘူးလား။ ႐ိုက္ပုံ႐ိုက္ေပးတဲ့သူလား။]

__ ထိုအခ်ိန္ စႏၵရားၿပိဳင္ပြဲက်င္းပေပးသည့္ တင္ဆက္သူအေကာင့္မွလည္း WE ရဲ႕ ဗီဒီယိုကို ျပန္ရွယ္ၿပီး 'ကမာၻလုံးဆိုင္ရာ စႏၵရားၿပိဳင္ပြဲအတြက္ M ႏိုင္ငံ ကိုယ္စားျပဳ ေ႐ြးခ်ယ္ထားသူအျဖစ္ ' ဝမ္န်ဲ႕န်န္ကို ေၾကညာခဲ့သည္။

ဖန္အားလုံးက ထိုေၾကညာခ်က္ေၾကာင့္ စိတ္လႈပ္ရွားၿပီး ေပ်ာ္ေနခဲ့ၾကသည္။ သို႔ေသာ္ ထိုၿပိဳင္ပြဲကို ဝင္ၿပိဳင္ဖို႔ WE က အရည္အခ်င္းမျပည့္မီဘူး ' ဟူ၍ ေတြးေနၾကသည့္ လူမ်ားစြာလည္း ရွိခဲ့သည္။ ထို႔ေနာက္ ေလလႈိင္းေပၚက ရန္ပြဲႀကီး ျဖစ္ခဲ့ၿပီး အဆုံးသတ္ျခင္းလည္း မရွိေတာ့ေပ။

Phil ကလည္း သူ႔၏ အေကာင့္တြင္ ႐ုတ္တရက္ အပ္ပဒိတ္ တင္ခဲ့သည္။

"သူ လုပ္ႏိုင္မယ္ ဆိုတာ ငါသိတယ္။ သူစႏၵရားတီးတာကို ပထမဦးဆုံးအႀကိမ္ ၾကားခဲ့ရတဲ့ အခ်ိန္ကစၿပီး သူက ကမာၻလုံးဆိုင္ရာ ၿပိဳင္ပြဲအထိ သြားမယ့္ လူဆိုတာ သိထားခဲ့ၿပီးသားပဲ။ ငါ တစ္ခ်ိန္က သူ႔ကို ေမးခဲ့တဲ့ ေမးခြန္းတစ္ခု ရွိတယ္။ အဲ့ဒီတုန္းက အခြင့္မႀကဳံလို႔ သူျငင္းခဲ့ေပမယ့္ ငါ အခုထပ္ေမးခ်င္တယ္ ။ ' WE မင္း ..ငါ့ရဲ႕ တပည့္ လုပ္မလား။ "

ထိုစာတင္ၿပီး မၾကာခင္မွာဘဲ ဝမ္န်ဲ႕န်န္က ျပန္စာပို႔ခဲ့သည္။

'ေကာင္းပါၿပီ ဆရာ' ဟူ၍။

ထို႔ေန႔ရွိ Weibo ေပၚရွိ သတင္းအေၾကာင္းအရာတို႔မွာ Phil ႏွင့္ WE ၏ အေၾကာင္းမ်ားသာ ျဖစ္ခဲ့သည္။

"WE က Phil ကို သူ႔ဆရာအျဖစ္ လက္ခံေၾကာင္း သြယ္ဝိုက္ၿပီး ေျပာသြားခဲ့သည္။ "

Weibo တြင္ ပို႔စ္တင္ၿပီးေနာက္ ဝမ္န်ဲ႕န်န္က ဖုန္းကို ေဘးခ်ၿပီး သီခ်င္းေရးျခင္းကိုသာ အာ႐ုံစိုက္ထားခဲ့သည္။ အကုန္လုံး ၿပီးစီးတဲ့အခါ ဒုတိယထပ္သို႔ သြားၿပီး စႏၵရားျဖင့္ တီးစမ္းၾကည့္ခဲ့သည္။

အခန္းတံခါးကို တြန္းဖြင့္ၿပီး သိပ္မၾကာေသးခင္အခ်ိန္ကမွ ထားထားသည့္ စႏၵရားကိုၾကည့္ၿပီး အေျဖရွာ၍ မရႏိုင္ေသာ ခံစားခ်က္အရိပ္အေယာင္မ်ား ဝမ္န်ဲ႕န်န္ မ်က္ဝန္းအတြင္း ျဖတ္ေျပးသြားခဲ့သည္။ စႏၵရားခုံတြင္ထိုင္ၿပီး လက္ေခ်ာင္းမ်ားျဖင့္ ကီးေတြကို တစ္ခါျပန္ ဖိႏွိပ္ေနရင္း ႏႈတ္မွလည္း တုန္ရီစြာ ေျပာခဲ့သည္။

"အေမ ... ကြၽန္ေတာ္အခု ကမာၻလုံးဆိုင္ရာ စႏၵရားၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ႏိုင္ၿပီ ..."

သို႔ေပမယ့္ သူ စႏၵရားကို တီးလိုက္ခ်ိန္မွာပင္ နီရဲေနေသာ မ်က္ဝန္းမ်ားျဖင့္ သူ႔အား ဝမ္းနည္းစြာ ေငးစိုက္ၾကည့္ၿပီး အဆင္ေျပေစဖို႔ ႏွစ္သိမ့္ေပးေနသည့္ ကုယ်န္ရွန္း၏ ပုံစံမွာ စိတ္ထဲမွာ ေပၚလာခဲ့သည္။

ထိုကဲ့သို႔ လႊမ္းမိုးေနျခင္းကို ဝမ္န်ဲ႕န်န္ မလိုခ်င္။ သူ ခုံမွခ်က္ခ်င္းထၿပီး စႏၵရားခန္းထဲမွ ထြက္လာခဲ့သည္။ အခန္းတံခါးကို ေလာ့ခ်ၿပီးေနာက္ ဧည့္ခန္းထဲသို႔ သာ ျပန္သြားခဲ့သည္။

ညေန၌ ဝမ္န်ဲ႕န်န္၏အေဖ ေရာက္လာၿပီး ဝမ္န်ဲ႕န်န္ကို ျမင္တဲ့အခါ မ်က္ဝန္းတို႔က စိုစြတ္ခဲ့ျပန္သည္။

"ေရွာင္န်န္ ... ဘာလို႔ အရမ္း ပိန္သြားရတာလဲ။ "

ဤအခ်ိန္အေတာအတြင္း၌ ဝမ္အေဖက ျပည္ပရွိ ကုမၸဏီတြင္ အလုပ္ကိစၥမ်ားျဖင့္ ရႈပ္ေနခဲ့သည္။ တိုက္႐ိုက္ထုတ္လႊင့္ေနရင္း အစာအိမ္နာလာတာေၾကာင့္ ေမ့လဲသြားသည့္' သတင္းကို ၾကားၿပီး ဝမ္အေဖက တ႐ုတ္သို႔ အျမန္ဆုံး ျပန္လာခဲ့သည္။

ဝမ္န်ဲ႕န်န္က ေရခဲေသတၱာထဲမွာ စားစရာပစၥည္းေတြ တစ္ခုၿပီးတစ္ခု ထုတ္ေနသည့္ အေဖျဖစ္သူကိုၾကည့္ၿပီး သက္ျပင္းခ်ကာ ေျပာလိုက္သည္။

"အေဖ ... ကြၽန္ေတာ္ အမ်ားႀကီး မစားႏိုင္ဘူး ေနာ္။"

"မင္း အလုပ္ကိုပဲ အာ႐ုံစိုက္ေနလို႔ မရဘူးေလ။ အေဖရွိေနတဲ့ အေတာအတြင္းေလး မင္း ေကာင္းေကာင္းစားရေအာင္ ျပင္ေပးေနတာပါ။ ဝလာေအာင္လုပ္ ... မဟုတ္ရင္ တျဖည္းျဖည္း ေသးေသးၿပီး ေပ်ာက္သြားေတာ့မယ္ "

"ေအာ္ ... အေဖ ထ်န္ရႈံးကိုလည္း ညစာလာစားဖို႔ ေခၚထားတယ္ " ဝမ္အေဖက စကားေျပာရင္းမွ သတိရသြားတာေၾကာင့္ ထပ္ေပါင္း ေျပာလိုက္သည္။

ဝမ္န်ဲ႕န်န္က မွင္သက္သြားသည့္ အမူအရာကိုသာ ျပၿပီး အဆုံးအထိ စကားမေျပာဘဲ ရွိခဲ့သည္။ ညေနေရာက္၍ ထ်န္ရႈံး လာတဲ့အခါ သူက ဝမ္အေဖနဲ႔ ေသာက္ဖို႔ ဝိုင္နီပါ ယူလာခဲ့သည္။

"ေရွာင္ထ်န္ ... ဒီအေတာအတြင္း ေရွာင္န်န္ကို ဂ႐ုစိုက္ေပးခဲ့တာ အတြက္ ေက်းဇူးတင္ပါတယ္။ ေရွာင္န်န္ကို ေဆး႐ုံပို႔ေပးခဲ့တာ အတြက္ ေရာပဲ "

ထိုစကားေၾကာင့္ ထ်န္ရႈံး၏မ်က္ႏွာမွာ ေတာင့္တင္းသြားၿပီး ဝမ္န်ဲ႕န်န္ဘက္သို႔ လွည့္ၾကည့္လိုက္သည္။ ခနမွ် ေၾကာင္အေနၿပီး ေနာက္မွာ ထ်န္ရႈံးက ႏူးႏူးညံ့ညံ့ပင္ ျပန္ေျဖခဲ့သည္။

"ရပါတယ္ ... န်ဲ႕န်န္ကို ကူညီေပးတာအတြက္ ေက်းဇူးတင္ဖို႔ မလိုပါဘူး။ ၿပီးေတာ့ ဝိုင္ေၾကာင့္ မူးေနၿပီဆိုရင္ အေပၚထပ္တက္ၿပီး နားေတာ့မလား။ "

အေဖဝမ္က ေခါင္းခါသည္။ "ဟင့္အင္း ... ငါ မမူးေသးပါဘူး။ ထ်န္ရႈံး မင္း ကိုယ္မင္းလည္း ဂ႐ုစိုက္ရမယ္ေနာ္ ... ငါတို႔ ေရွာင္န်န္ကို ဆိုးဆိုးဝါးဝါး နာက်င္ေစခဲ့တဲ့ ဟို ကုမ်ိဳး႐ိုးလို႔ မျဖစ္ေစနဲ႔။ "

"အေဖ ... အေပၚတက္ရေအာင္ ... လာ ကြၽန္ေတာ္ ကူတြဲေပးမယ္ " ဝမ္န်ဲ႕န်န္က ထိုင္ရာမွ ထၿပီး စိုးရိမ္စြာႏွင့္ ေျပာလိုက္သည္။

"ထားလိုက္ပါ ... မင္း ေျခေထာက္က အခုထိ ေကာင္းေသးတာ မဟုတ္ဘူး။ ဦးေလးကို ငါပဲ ကူတြဲေပးလိုက္မယ္။" ထ်န္ရႈံးက လက္ထဲက ဝိုင္ခြက္ကို ခ်ၿပီး အေဖဝမ္ကို တြဲကာ အိမ္ေပၚထပ္သို႔ တက္သြားခဲ့သည္။

ဧည့္ခန္းထဲ၌ ဝမ္န်ဲ႕န်န္တစ္ေယာက္တည္းသာ က်န္ေနခဲ့ၿပီး အခ်ိန္အေတာ္ၾကာ၍ ထ်န္ရႈံး ေလွကားမွ ျပန္ဆင္းလာေတာ့ လက္ထဲတြင္ ဝိုင္ခြက္ကိုင္ထားသည့္ ဝမ္န်ဲ႕န်န္ကို ေတြ႕လိုက္ရသည္။ ထ်န္ရႈံးက ဝမ္န်ဲ႕န်န္ဆီ အေျပးသြားၿပီး လက္ထဲမွ ဖန္ခြက္ကို ဆြဲယူလိုက္သည္။

"န်ဲ႕န်န္ ... မင္း ေသာက္လိုက္တာလား။ " ထ်န္ရႈံးက တအံ့တဩႏွင့္ ေမးသည္။

"မေသာက္ပါဘူး။ ငါက ခြက္ကို ေနရာေ႐ြ႕ဖို႔ လုပ္႐ုံပါ။ "

ထို႔ေနာက္ ထ်န္ရႈံးက ဝမ္န်ဲ႕န်န္ကို ဧည့္ခန္းထဲသြားကာ အနားယူဖို႔ေျပာၿပီး သူကေတာ့ ပန္းကန္ခြက္ေယာက္ႏွင့္ စားပြဲကို ကိုင္တိုင္ သန႔္ရွင္းေရးလုပ္ခဲ့သည္။ အားလုံးၿပီးတဲ့အခါ ဧည့္ခန္းထဲသို႔ သြားၿပီး ဆိုဖာတြင္ ထိုင္လိုက္သည္။

"ျပည္ပအထိ သြားၿပီး ၿပိဳင္ပြဲဝင္ခြင့္ရတဲ့အတြက္ ငါ အရမ္း ေပ်ာ္တယ္။ မင္းပဲ အႏိုင္ရမွာပါ။ န်ဲ႕န်န္ မင္း ဒီတေလာ ပ႐ိုဂရမ္အတြက္ ႐ိုက္ကူးေရး လုပ္ေနတာလား။"

"ဟုတ္တယ္ ... ၿပိဳင္ပြဲအတြက္ DAWN ဝက္ဘ္ဆိုက္ကလုပ္တဲ့ အင္တာဗ်ဴးတစ္ခု ရွိတယ္။ သူတို႔က ၿပိဳင္ပြဲဝင္သီခ်င္းေရးတဲ့ ေတးေရးသူေတြကို အစီအစဥ္အတြက္ ဖိတ္တာေလ။ မင္းလည္း သီခ်င္းေရးခဲ့လို႔ မင္းကိုပါ ဖိတ္ထားတယ္။ "

"ငါ့ကို ?" ထ်န္ရႈံး အံ့ဩသြားသည္။ " ငါလည္း အစီအစဥ္မွာ ပါလို႔ရတာလား။ ေကာင္းလိုက္တာ "

..........

"ကြၽန္ေတာ္ တို႔ရဲ႕ အစီအစဥ္ကေန ႀကိဳဆိုပါတယ္။"

ေခါင္းကိုငုံ႔ကာ အ႐ိုအေသေပးၿပီးေနာက္ ဝမ္န်ဲ႕န်န္က ကိုယ့္ကိုယ္ကို မိတ္ဆက္ၿပီး တင္ဆက္သူမွ ေမးသည့္ ေမးခြန္းမ်ားကို ေျဖၾကားခဲ့သည္။

ကုယ်န္ရွန္းက ဧည့္ခန္းတြင္ထိုင္ၿပီး တီဗီတြင္လာေနသည့္ အစီအစဥ္ထဲမွ ဝမ္န်ဲ႕န်န္ကို ၾကည့္ေနသည္။ ႐ုတ္တရက္၌ ကင္မရာထဲ ေပၚလာသည့္ လူတစ္ေယာက္ကို ျမင္ၿပီး မ်က္ႏွာတစ္ခုလုံးက ခ်က္ခ်င္းကို ေမွာင္က်သြားခဲ့သည္။

"ေနာက္ထပ္ အစီအစဥ္ကေတာ့ ဖန္'ေတြရဲ႕ ေတာင္းဆိုခ်က္ပါ။ ဆုရရွိခဲ့တဲ့ ေတးေရး WE နဲ႔ ထ်န္ရႈံးက ကြၽန္ေတာ္တို႔အတြက္ သီခ်င္းတစ္ပုဒ္ေလာက္ တီးျပေပးႏိုင္မလား ခင္မ်။"

တင္ဆက္သူ၏ စကားဆုံးၿပီးေနာက္ ထ်န္ရႈံးႏွင့္ ဝမ္န်ဲ႕န်န္က စႏၵရားေရွ႕တြင္ထိုင္ၿပီး တစ္ေယာက္ႏွင့္ တစ္ေယာက္ၿပဳံးရယ္ကာၾကည့္ရင္း စႏၵရားတီးခဲ့သည္။ ထို တင္ဆက္မႈကို ၾကည့္ေနသည့္ ကုယ်န္ရွန္း၏ မ်က္ဝန္းတြင္ေတာ့ ထူးဆန္းသည့္ အရိပ္လကၡဏာမ်ား ျပည့္ေနခဲ့သည္။

႐ိုက္ကူးေရးၿပီးတဲ့အခါ ဝမ္န်ဲ႕န်န္က အဝတ္အစားလဲၿပီး ပန္းၿခံထဲသို႔ လမ္းေလွ်ာက္ထြက္ခဲ့သည္။ သူ႔စိတ္ေတြ လြင့္ပ်ံေနသည့္ အခ်ိန္တိုင္း ပန္းၿခံထဲ လမ္းေလွ်ာက္ထြက္ၿပီး ေရကန္ေဘးတြင္ရွိသည့္ ခုံတန္းတြင္ထိုင္ကာ ေလညင္းခံေန တတ္သည္။

ကန္ေရ၏အေရာင္မွာ ေက်ာက္မ်က္ကဲ့သို႔ ၾကည္လင္ေနသည္။ ဝမ္န်ဲ႕န်န္က ကန္ထဲရွိ ငါးေသးေသးေလးကို ျမင္တဲ့အခါ ကန္အနားသို႔ ပိုတိုးၿပီး ထိုငါးမ်ားကို ၾကည့္ခ်င္ခဲ့သည္။ သို႔ေပမယ့္ ေျခေခ်ာ္ၿပီး ကန္ထဲသို႔ က်လုနီးနီး ျဖစ္သြားခဲ့သည္။ ထိုအခ်ိန္၌ သူ႔ကို ဖမ္းဆြဲၿပီး ခါးမွေန၍ ဆြဲယူေပြ႕ဖက္လိုက္သည့္ လက္တစ္စုံက ႐ုတ္တရက္ ေပၚလာခဲ့သည္။

"မင္း ႐ူးေနတာလား။ အခု ကန္ထဲ ခုန္ခ်ဖို႔ လုပ္ခဲ့တာလား။ ဘာလို႔လဲ။ အခုလို ေသဖို႔အထိ ေတြးခဲ့တာလဲ။ "

ဝမ္န်ဲ႕န်န္က သူ႔အေနာက္တြင္ရွိသည့္သူကို ေမာ့ၾကည့္လိုက္သည္။ ကုယ်န္ရွန္း၏အသံတို႔က တုန္ရီေနၿပီး ေအာ္ဟစ္ကာ ေျပာေနေပမယ့္ မ်က္ဝန္းမ်ားက ေၾကာက္မက္ဖြယ္ေကာင္းေအာင္ နီရဲေနခဲ့သည္။ ဝမ္န်ဲ႕န်န္ကိုလည္း မလႊတ္စတမ္းကို ေပြ႕ဖက္ထားခဲ့သည္။

"မေသပါနဲ႔ ...... ဒီလိုမ်ိဳး ေနာက္ထပ္ မလုပ္ပါနဲ႔ ....။ ငါ မင္းကို တြန္းအား မေပးပါဘူး။ ဒါေၾကာင့္ ေသဖို႔ မေ႐ြးခ်ယ္ပါနဲ႔ ...... ေနာ္။ " ကုယ်န္ရွန္း၏ အသံမွာ အက္ကြဲလို႔ ေနသည္။

"မင္း အခု ......... "

"ငါက ငါးကို ၾကည့္ဖို႔ လုပ္ရင္း ေျခေခ်ာ္သြားတာ။ ငါ့ကို လႊတ္ "

"မင္းက ငါ့အိမ္နားက ပန္းၿခံမွာ ဘာကိစၥ ေပၚလာတာလဲ။"

ဝမ္န်ဲ႕န်န္က ခုံတန္းတြင္ ထိုင္ေနၿပီး သူ႔အေရွ႕ တစ္ဖက္ခုံတန္းေဘးတြင္ ရပ္ေနသည့္ ကုယ်န္ရွန္းကိုၾကည့္ကာ တိုးတိုးသာသာပင္ ေမးလိုက္သည္။

"ငါ မင္းကို ေတြ႕ခ်င္လို႔လာခဲ့တာ။ မင္းကို အေႏွာင့္အယွက္ ေပးဖို႔ မဟုတ္ပါဘူး။ ၿပီးေတာ့ ေရကန္ထဲ ခုန္ခ်ဖို႔ လုပ္ေနတယ္ ဆိုၿပီး ထင္လိုက္မိလို႔။ ငါ ... ငါ အဲ့တာေၾကာင့္ အေျပးအလႊားေရာက္လာခဲ့တာ "

သက္ျပင္းကို ခ်ကာ ခုံတန္းတြင္ထိုင္ၿပီးေနာက္ ဝမ္န်ဲ႕န်န္ကိုၾကည့္၍ ေလးေလးနက္နက္ႏွင့္ ကုယ်န္ရွန္း ျပန္ေျဖခဲ့သည္။

"မင္းအတြက္နဲ႔ ငါ့ကိုယ္ငါ သတ္ေသမယ္လို႔ ထင္တယ္ေပါ့ေလ။ မင္း ဘယ္လိုမ်ား ေတြးလိုက္တာလဲ။" ေျပာၿပီးေနာက္ ဝမ္န်ဲ႕န်န္က ကုယ်န္ရွန္းကို ခ်န္ၿပီး ထိုေနရာမွ ထြက္လာခဲ့သည္။ သူ႔၏ပုံရိပ္မွာ ကုယ်န္ရွန္း၏ျမင္ကြင္းထဲမွ ေပ်ာက္ကြယ္သြားသည္အထိ ပင္။

က်န္ရစ္ေနခဲ့သည့္ ကုယ်န္ရွန္းက မ်က္ဝန္းထဲ ခါးသက္လွေသာ နာက်င္မႈမ်ား အျပည့္ျဖင့္ ဝမ္န်ဲ႕န်န္၏ေနာက္ေက်ာကိုေငးၾကည့္ေနခဲ့သည္။ ႏႈတ္ဖ်ားမွလည္း စကားတစ္ခြန္းကို ေရ႐ြတ္ေနရင္းပင္။

"မင္းမွာ အခုလို မာေက်ာတဲ့စိတ္တစ္ခု ရွိလို႔ ေတာ္ေသးတာေပါ့။ ငါ့လို မေကာင္းတဲ့လူတစ္ေယာက္အတြက္ နာက်င္မေနပါနဲ႔ ...."

"ဒင္း ..."

ကုယ်န္ရွန္း၏ ဖုန္းမွ စာဝင္သံထြက္ေပၚလာၿပီး ထိုစာကို ဖတ္ၿပီးေနာက္ ကုယ်န္ရွန္း၏ မ်က္ႏွာအမူအရာမွာ ခ်က္ခ်င္း ေျပာင္းလဲ သြားခဲ့သည္။ 

。。。。。。

လမင္းႀကီးသာ သာရင္
မုျဒာက ပြင့္လန္းေနမွာ။
ေပ်ာ္႐ႊင္မႈက ေရရာျခင္း မရွိေပမယ့္
ကံေကာင္းျခင္းေတာ့ ထင္ရွားေပးပါ။
သီတင္းကြၽတ္မွာ ေပ်ာ္႐ႊင္ပါေစ။

Continue Reading

You'll Also Like

4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
247K 13.4K 34
ကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......
231K 34.9K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest