Uni
မင်း သူ့ကို မကယ်နိုင်ရင် မင်းကိုသူနဲ့အတူ မြေမြှုပ်ပစ်မယ်
ဒါကိုတွေးပြီး သမားတော်က အရမ်းစိတ်အနှောင့်အယှက်ဖြစ်သွားတယ်
သူက သမားတော်ဌာနတစ်ခုလုံးမှာ အကျွမ်းကျင်ဆုံးသမားတော်လေ
သမားတော်က သူ့ကိုယ်သူ တွေးနေတယ် လန်ဂျင်းယွိ လှည့်ကြည့်လိုက်တော့ သူ့အတွေးတွေကို သူ မြင်နေရသလိုပါပဲလန်ဂျင်းယွိ မျက်မှောင်ကြုတ်ပြီး နီထွေးနေတဲ့နှုတ်ခမ်းတစ်စုံကို ဖွင့်ဟလိုက်သည်။ သူ့လေသံက ခါးသီးအေးစက်လှသည်။
“မင်း သူ့ကို မကယ်နိုင်ရင် မင်းကိုသူနဲ့အတူ မြေမြှုပ်ပစ်မယ် ”
လန်ဂျင်းယွိ ၏ အသံက နက်နဲပြီး အလျင်စလိုမဖြစ်နေဘူး။ ဒါပေမယ့် လိုင်းတစ်ခုပဲရှိတော့ သမားတော်က သူ့နှလုံးထွက်ကျသွားတော့မလို ခံစားလိုက်ရတယ်။
သူ၏ နာကြည်းမှုက ချက်ချင် ပျောက်ကွယ်သွားသည်။ နောက်ဆုံးတော့ သူက သမားတော်ဌာနတွင် နှစ်အတော်ကြာနေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူက မင်းသား ယွေ့ အကြောင်းကို တော်တော်များများ ကြားသိထားပြီးသား။
မင်းသား ယွေ့မှာ အလွန်ကောင်းမွန်သော ကိုယ်ခံပညာရှိပြီး ဧကရာဇ်မင်းမြတ်၏ နှစ်သက်မှုကို ခံရသော်လည်း၊ သူ၏ ပင်ကိုယ်စရိုက်မှာ ခန့်မှန်းရခက်ပြီး ရက်စက်ကြမ်းကြုတ်သူဖြစ်သည်။ ဧကရာဇ်က သူ့ဘဝအတွက် ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုခဲ့ရင်တောင် လန်ဂျင်းယွိ စိတ်ဆိုးနေတယ်ဆိုရင် သူ အသက်ရှင်ဖို့ အာမခံချက်မရှိပါဘူး။
ဒါကိုတွေးပြီး သမားတော်က 100% ပေးပြီး လဲ့ယောင်းယောင်း ရဲ့ သွေးခုန်နှုန်းကို အသိစိတ်နဲ့ စမ်းလိုက်တယ်။
မြို့တော်ရဲ့ ဧကရာဇ် သမားတော် မှာ စိတ်ကြီးဝင်နေတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသော်လည်း သူ၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကတော့ အလွန်ထူးခြားပါသည်။
လဲ့ယောင်းယောင်း ၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် သူမအား အပ်စိုက်မှုကိူ ချက်ချင်း ပြုလုပ်ခဲ့သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် လဲ့ယောင်းယောင်း၏ မျက်နှာက ပုံမှန်မဟုတ်သော အရောင်မှ အနီရောင်သို့ ပြောင်းလဲသွားသည်။ သူမ၏ တွန့်နေသော မျက်ခုံးတွေကလည်း တဖြည်းဖြည်းချင်း ဖြေလျှော့လာသည်
လန်ဂျင်းယွိက သူ့မျက်နှာတွင် ခံစားချက်ကိုမပြသသော်လည်း သူ စိတ်သက်သာရာရသွားသည်။
သမားတော်က လဲ့ယောင်းယောင်းအတွက် ဆေးစာတစ်စောင်ရေးခဲ့ပြီး လဲ့ယောင်းယောင်း သတိထားရမည့်အချက်အချို့ကို ပြောပြထားသည်။ထို့နောက် သူ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည်။
မိန်းမစိုးခေါင်းဆောင်က ပုဂ္ဂိုလ်ရေးအရ သူ့ကို အပြင်ဘက်ကိုလိုက်ပို့ခဲ့တယ်။ ယခုဆိုလျှင် အခန်းထဲ၌ လန်ဂျင်းယွိ နဲ့ လဲ့ယောင်းယောင်းပဲ ရှိတော့တယ်။
အဖျားကျသွားပေမယ့် လဲ့ယောင်းယောင်း နောက်ထပ် နာရီအနည်းငယ်ကြာတဲ့အထိ မနိုးနိုင်ဘူးလို့ သမားတော်က ပြောခဲ့တယ်။ ထို့ကြောင့် ဤအခိုက်အတန့်တွင် လန်ဂျင်းယွိ ကုတင်ပေါ်ရှိပုံရိပ်သေးသေးလေးကို အကဲခတ်ဖို့ လုံးဝအောင့်အည်းနေစရာ မလိုတော့ပေ။
အခုတော့ လဲ့ယောင်းယောင်း၏ မျက်နှာက နီမြန်းနေတော့သည် ။ သူ့ပါးပြင်တွေက မတ်လမှ လတ်ဆတ်သော ချယ်ရီပွင့်များကဲ့သို့ အနည်းငယ် နီမြန်းနေခဲ့သည်။ သူပုံစံက ချစ်စစရာလေး
သူက အရမ်းလှပလွန်းသဖြင့် သူ့နှလုံးသားကို လှုပ်ရှားစေခဲ့သည်။
ချစ်စရာကြောင်လေးတစ်ကောင်ကြောင့် သူ့နှလုံးသားက ယားယံနေသလို ခံစားရတယ်။ မဖြစ်သင့်မှန်း ရှင်းရှင်းလင်းလင်း သိပေမယ့်လည်း သူ့ကိုယ်သူ မကူညီနိုင်ခဲ့ပေ။ လန်ဂျင်းယွိကသူ့ရဲ့ကြီးမားသောလက်ကြီးကို တစ်လက်မပြီး တစ်လက်မ မြှောက်လာပြီး ထိုနူးညံ့သောပါးပြင်များကို ထိရန် ချဉ်းကပ်လိုက်သည်။
လန်ဂျင်းယွိရဲ့ လက်ချောင်းတွေ လဲ့ယောင်းယောင်းရဲ့ အရေပြားနှင့် ထိတွေ့လိုက်သောအခါတွင် သူ လျှပ်စစ်စီးကြောင်းကြောင့် ရှော့ခ်ရသွားသလို ခံစားလိုက်ရတယ်။ အဲ့တာက သူ့လက်ချောင်းထိပ်ကနေ သူ့တစ်ကိုယ်လုံးကို လျင်မြန်စွာပြန့်နှံ့သွားတယ်
လန်ဂျင်းယွိက ဒီတုံ့ပြန်မှုကို အလွန်အံ့အားသင့်သွားခဲ့သည်။ ဒါပေမယ့် သူ့အတွက် အံ့သြစရာအကောင်းဆုံးကတော့ သူ့အသားအရေက ဘယ်လောက်တောင် ချောမွတ် ပျော့ပျောင်းနေလဲဆိုတာပဲ.......
တော်တော်ကောင်းမွန်တာပဲလို ခံစားရစေတယ်
ယခုအချိန်တွင် လန်ဂျင်းယွိ မရပ်တန့်နိုင်တော့ပေ။ နက်နက်ရှိုင်းရှိုင်းသူတွေးနေတာက "သူ့" အသားအရေက အရမ်းကောင်းတယ်ဆိုတာပဲ ။ ဒါ့အပြင် သူ၏ မျက်နှာသွင်ပြင်က အလွန်သန့်စင်တယ်။ ဝမ်းနည်းစရာကတော့ သူက ဆင်းရဲတဲ့မိသားစုက မွေးဖွားလာတဲ့သူဖြစ်ပြီး မိန်းမစိုးဖြစ်လာခဲ့တယ်။ အဲ့လိုမှမဟုတ်ရင် ဘယ်သူမှ သူ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး။
ဒါပေမယ့် "သူ" က အရမ်းသေးတယ် အဲ့တာက လူပျိုပေါက်ရောက်ချိန်မဖြစ်သေးလို့လား?
အနာဂတ်မှာ ဇနီးမယားမရနိုင်ဘူး ဒါပေမယ့် သူ့ကအရမ်းသေးလွန်းတာကြောင့် လေတိုက်ရင် လွင့်သွားနိုင်တယ်။ အဲဒါက သေချာပေါက် အဆင်မပြေဘူး!
ဒါကိုတွေးပြီး လန်ဂျင်းယွိ မျက်မှောင်မကြုတ်ဘဲမနေနိုင်တော့ဘူး
ထို့နောက် သူ၏လက်ချောင်းတွေက လဲ့ယောင်းယောင်းရဲ့ ပါးပြင်ဆီကနေ သူ့လက်တွေဆီ ရွေ့သွားခဲ့တယ်။ ရိုးရိုးသားသားပြောရရင် သူ့လက်တွေကို ကိုင်ချင်နေတာကြာပြီ။
ဘာလို့လဲဆိုတော့ ယောက်ျားတစ်ယောက်ရဲ့လက်က ဘယ်လောက်သေးလဲဆိုတာ သူ ဆန်းစစ်လိုတာကြောင့်ပဲ ။ အဲ့လက်က မိန်းမတစ်ယောက်ရဲ့လက်လိုပဲ။
သူ့လက်ကိုဖြန့်လိုက်ပြီး သူ့(လဲ့)လက်ကို သူ့လက်ထဲမှာထည့်ထားလိုက်တယ်။ သူ့(လဲ့)လက်တစ်ခုလုံးကို သူပတ်ထားလို့ရတယ်!
လန်ဂျင်းယွိ လက်ကို မြှောက်ပြီး နောက်ထပ် စစ်ဆေးကြည့်လိုက်တယ်။ “သူ့” လက်ဖဝါးမှာ အသားမာ တစ်ခုမှ မရှိဘူး။ ပန်းရောင်သန်းပြီး အလွန်နူးညံ့နေတယ်
ထို့နောက် သူ့လက်နဲ့ ယှဥ်ကြည့်လိုက်တယ်
သူ့လက်ဖမိုးကနေ သူ့ရဲ့သေးသွယ်တဲ့ အဆစ်တွေကို မြင်နိုင်တယ် ဒါပေမယ့် သူ့လက်ဖဝါးကို ဖြန့်လိုက်တဲ့အခါမှာတော့ အလယ်မှာ ထူထဲပြီး မာကျောတဲ့ အသားမာလေးတွေကို တွေ့ရလိမ့်မယ်။အဲ့တာက ညှပ်ပြီးပျောက်နေတာ သေချာတယ်။
လောလောဆယ်တွင် လန်ဂျင်းယွိက လဲ့ယောင်းယောင်းရဲ့ လက်ကို ပွတ်တိုက်နေသည်။ လဲ့ယောင်းယောင်းရဲ့ ပါးစပ်က အနည်းငယ် စူလာသည်။ အဖျားပျောက်ပြီးကတည်းကသူမမှာ ကြောက်စရာမရှိတော့ဘူး။ မူလက သူမ တော်တော့လေး ငိုက်မျဉ်းနေခဲ့သော်လည်း၊ သူမမျက်နှာကို တစ်စုံတစ်ခုက ကလိနေသလို ခံစားလိုက်ရသည်။ တစ်ယောက်ယောက်က သူမကို ပွတ်သပ်ပေးနေသလိုပဲ။
နောက်ပိုင်းတွင် သူမ၏လက်ကို လက်ဖဝါးထူထူကြီးဖြင့် ရစ်ပတ်ထားသည်။အဲ့တာက တကယ်အကြီးကြီးပဲ။ သူမ၏လက်ဖဝါးကို ပွတ်သပ်ပေးနေတဲ့ လက်ဖဝါးအတွင်းတွင် မာကျောတဲ့အသားမာတွေရှိသည်။
အဲ့တာက သူမ၏ လက်ဖဝါးကို ယားယံစေသော်လည်း သူမကို နွေးထွေးသွားစေပါသည်။ ရင်းနှီးတဲ့ခံစားမှုတစ်ခု အဲ့လိုမျိုးပဲ......
လန်ဂျင်းယွိက လဲ့ယောင်းယောင်းရဲ့လက်နဲ့ ကစားနေသော်လည်း သူ သတိထားမိပြီး သူ၏ နှုတ်ခမ်းစူနေတဲ့ အမူအရာကို သတိပြုမိလိုက်သည်။ သူကတော့ ချစ်စရာကြောင်လေးလိုပါပဲ။ “သူ့” မျက်နှာက ကျေနပ်ပုံရပြီး ပြုံးနေတယ်။ သူ အိပ်မက်ကောင်းကောင်းမက်နေတာလည်း ဖြစ်နိုင်တယ်။ လန်ဂျင်းယွိ မထိန်းနိုင်ဘဲ ပြုံးပြလိုက်သည်။
အထူးသဖြင့် သူ့နှုတ်ခမ်းတွေ လှုပ်ရှားနေတာကို သူသတိထားမိလိုက်တယ် အဲ့တာကသူအိပ်နေရင်ရေရွတ်နေပုံရတယ်။ လန်ဂျင်းယွိ စပ်စုပြီး နားထောင်ဖို့ သူ့ခါးကို ကိုင်းလိုက်တယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့ လဲ့ယောင်းယောင်းပြောလိုက်တဲ့စကားကို သူကြားလိုက်တဲ့အခါမှာ လန်ဂျင်းယွိ ရဲ့အပြုံးက ချက်ချင်းပင် တောင့်သွားတော့သည်......ဘာကြောင့်လဲဆိုတော့–
“ဖေဖေ…..”
လန်ဂျင်းယွိ တောင့်တင်းလာပြီး သူ့ပါးစပ်က ပြင်းပြင်းထန်ထန် ရွဲ့သွားတယ်။
သူက ဒေါပွပြီး လဲ့ယောင်းယောင်းကို စိုက်ကြည့်နေတယ် ဒေါသစိတ်နဲ့ သတ်တောင် သတ်ပစ်ချင်ခဲ့တာ။
နောက်ဆုံးတော့ “သူ” က လန်ဂျင်းယွိရဲ့လက်ကို ကိုင်ပြီး “ဖေဖေ” လို့ ခေါ်လိုက်တယ်!?!
ဖေဖေ?! ဒီလောက်ကြီးတဲ့သားကို ငါဘယ်တုန်းက ရခဲ့တာလဲ?
“သူ” က သူ့နှလုံးသားထဲမှာ ငါ့ကို အဖေတစ်ယောက်လို့ မြင်နေတာလား?!
ဘုရားရေ ဒါက သူ့အတ္တအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပဲ! ထိုအချိန်တွင် လန်ဂျင်းယွိက လျှပ်စီးကြောင်းကြောင့် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။
စိတ်ပျက်လက်ပျက်ဖြင့် သူ့လက်ကို ဆွဲထုတ်လိုက်ချင်သော်လည်း မမျှော်လင့်ဘဲ သေးငယ်သောပုံရိပ်က သူ့လှုပ်ရှားမှုကို အာရုံခံစားမိပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သူရေနစ်နေပုံရပြီး လန်ဂျင်းယွိက မျောနေတဲ့ သစ်သားတစ်တုံးလိုပေါ့။ ဘာပဲဖြစ်ဖြစ်သူ မလွှတ်ပေးဘူး။
လန်ဂျင်းယွိရဲ့ မျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး အဆုံးတွင် သူ သက်ပြင်းချလိုက်သည်။
ကောင်းပြီ၊ ငါ “သူ့”ကိုကိုင်ခွင့်ပြုလိုက်မယ်!
ဒါကြောင့် လန်ဂျင်းယွိက ပျော့ပျောင်းသောအိပ်ယာပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေလိုက်သည်။ သူ့လက်ကို လဲ့ယောင်းယောင်း က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲပဲ။
သူမ အိပ်မက်မက်နေသေးသော်လည်း လဲ့ယောင်းယောင်းက သူမဘေးတွင် ကျန်နေသေးသောလူကို ခံစားသိရှိနိုင်သလိုပဲ သူမ၏ နှုတ်ခမ်းစူစူလေးက ယခုအခါ ရွှင်မြူးသော အပြုံးဖြစ်သွားခဲ့သည်။ ရုတ်တရက်-
“ဖေဖေ ။ ဝူးဝူး ယောင်းယောင်း ဖေဖေ့ကို အရမ်းလွမ်းတယ်။ ဝူးဝူး ယောင်းယောင်း အိမ်ပြန်ချင်တယ်....!”
လဲ့ယောင်းယောင်း နွေးထွေးမှုနှင့် ထိုလူ၏ ခိုင်မာသောလက်ကို ခံစားနိုင်သည်။ အဲဒါက သူမရဲ့အဖေကို သတိရစေတယ်။ ရုတ်တရက် သူမဖခင်၏ဘေးတွင် အသိုက်အမြုံပြုရင်း သူမ၏ဘဝဟောင်းအကြောင်းကို တွေးလိုက်မိသည်။ သူမ၏အခက်အခဲအားလုံးကို ဝစီကံဖြင့် လွတ်မြောက်အောင် ထိန်းထားနိုင်ခြင်းမရှိတော့ပေ။
လန်ဂျင်းယွိက သူ့ကျွန်၏ ဝမ်းနည်းခြင်းများကို တိတ်တဆိတ် နားထောင်နေ၏။ သူ့စိတ်ခံစားချက်က လဲ့ယောင်းယောင်း ရဲ့ လွှမ်းမိုးမှုကြောင့် ကြီးကြီးမားမား ခံရမှန်းကို မသိခဲ့ပါဘူး။ လက်ရှိအချိန်မှာတော့ သူ့မျက်ခုံးတွေကကျုံ့လာခဲ့တယ်။ သူ့နှုတ်ခမ်းပါးပါးလေးကိုဖွင့်ဟပြီး “အိုး.....ဒါဆို သူအိမ်ကိုလွမ်းလို့ပေါ့ …” လို့ ရေရွတ်လိုက်တယ်
အဓိပ္ပါယ်ရှိမယ်ထင်တယ်။ တကယ်တော့ "သူ" ဆယ့်ငါးနှစ် ဒါမှမဟုတ် ဆယ့်ခြောက်နှစ် ကလေးသာသာလေးပဲ ရှိသေးတာ။ ဖန်ရုပ်တစ်ရုပ်လို အလွန်အားနည်းတယ် ၊ တစ်ချက်တွန်းလိုက်တာနဲ့ ကြေမွသွားလိမ့်မယ်
"သူ" က ဒီလိုမျိုးဖြစ်နေတာကြောင့် သူ့အပေါ်ထားရှိသော ကြင်နာမှုကို ခံစားလို့ရတယ်
ဒါကိုတွေးပြီး မင်းသား ယွေ့ ရဲ့ အမူအရာက ပျော့ပျောင်းလာပြီး သူ့ မျက်လုံးထဲကို ချစ်ခင်တွယ်တာမှုတွေ ဝင်လာတယ်။
လဲ့ယောင်းယောင်း ကို ငေးကြည့်နေပုံက ချစ်သူတစ်ယောက်ကိုကြည့်တဲ့ အကြည့် ဒါပေမယ့် ဒီပုံစံက တစ်စက္ကန့်ပဲ ကြာတယ် ဘာလို့လဲဆိုတော့ -
“ဝူးဝူး ဖေဖေ၊ အိမ်ပြန်ချင်တယ် ။ဒီမှာ အနိုင်ကျင့်ခံနေရတယ်! ဖေဖေ လက်စားချေပေးဖို့ လိုတယ်! ဝူးဝူး...…”
“ဘာ?! ဝက်ဝံရဲ့နှလုံးနဲ့ ကျားသစ်ရဲ့အသည်းကို ဘယ်သူက စားလိုက်တာလဲ? ဘယ်သူက မင်းကို အနိုင်ကျင့်ရဲတာလဲ?!”
လန်ဂျင်းယွိ မျက်လုံးတွေကို မှေးကျဥ်ထားလိုက်ပြီး သူ့ မျက်လုံးတွေက ဝင်းလက် တောက်ပလာသည်။ သူက လဲ့ယောင်းယောင်းရဲ့ အနိုင်ကျင့်ခံရမှုကို သံသယကင်းစွာ ချေမှုန်းပစ်မယ့်ပုံရတယ်။ သူ ဒေါသထွက်တဲ့အခါ အကျိုးဆက်က ပြင်းထန်တယ် ဒါပေမယ့် –
“ဝူးဝူး ငရဲမင်းက အနိုင်ကျင့်တယ်။ ဝူးဝူး သူက ဆိုးတယ်။ သူက အရမ်းဆိုးတာပဲ.......!”
“……”
ငရဲမင်း?! “ -_- ”
အဲ့တာ ငါ မဟုတ်လား !?!
လန်ဂျင်းယွိ၏ ပါးစပ်ကရွဲ့သွားပြန်သည်။ သူအပြစ်ကင်းသလို ခံစားရတယ်။ “သူ့ကို” ဘယ်တုန်းက အနိုင်ကျင့်ခဲ့လို့လဲ? တကယ်တော့ သူ့ကို အရမ်းလက်ခံနေပြီလေ။
“သူ” ဒုက္ခရောက်နေချိန်မှာတောင် သူက သူ့(လဲ့)ကို အပြစ်မပေးဘူး။ ဒူးထောက်ပြစ်ဒဏ်ပေးတာက မိန်းမစိုးခေါင်းဆောင်ရဲ့ အကြံဥာဏ်လေ
ဒါပေမယ့် အဲ့တာက မိန်းမစိုးခေါင်းဆောင်ကြီးရဲ့ အမှားတော့မဟုတ်ဘူး။ ပြီးတော့ အိမ်တော်မှာ လိုက်နာရမယ့် စည်းကမ်းတွေရှိတယ်။
အရင်တုန်းကတော့ သူက နေ့ခင်းဘက်မှာ အင်ပါယာတရားရုံးမှာ အမြဲတမ်း အလုပ်ရှုပ်တယ်။ ဒါကြောင့် မိန်းမစိုးခေါင်းဆောင်ကြီးအား အိမ်တော်နဲ့ဆိုင်တဲ့ တာဝန်အားလုံးကို ပေးထားခဲ့သည်။ ဒါပေမယ့် မိန်းမစိုးခေါင်းဆောင်းက လဲ့ယောင်းယောင်း ကို အပြစ်ပေးမယ်ဆိုတာ သူ မသိခဲ့ပါဘူး။
အဲ့ဒါကြောင့် "သူ" က ငါ့ကို စိတ်ဆိုးနေတာလား?!
ဒါကိုတွေးပြီး လန်ဂျင်းယွိ စိတ်မကောင်းဖြစ်သွားတယ်
ဒါပေမယ့် မိန်းမစိုးလေး စိတ်မကောင်းဖြစ်နေတာကို သူ မခံနိုင်ဘူး။ ထို့ကြောင့် အဆုံးတွင် သူက တိတ်တိတ်ဆိတ်ဆိတ် သက်ပြင်းချကာ “နေကောင်းအောင်နေပါ။ အနာဂတ်မှာ မင်းသားက........ မင်းကို အနိုင်ကျင့်တော့မှာ မဟုတ်ဘူး......”လို့တီးတိုးပြောလိုက်တယ်
...........................................................................
Zawgyi
မင္း သူ႕ကို မကယ္ႏိုင္ရင္ မင္းကိုသူနဲ႔အတူ ေျမျမႇဳပ္ပစ္မယ္
ဒါကိုေတြးၿပီး သမားေတာ္က အရမ္းစိတ္အေႏွာင့္အယွက္ျဖစ္သြားတယ္
သူက သမားေတာ္ဌာနတစ္ခုလုံးမွာ အကြၽမ္းက်င္ဆုံးသမားေတာ္ေလ
သမားေတာ္က သူ႕ကိုယ္သူ ေတြးေနတယ္ လန္ဂ်င္းယြိ လွည့္ၾကည့္လိုက္ေတာ့ သူ႕အေတြးေတြကို သူ ျမင္ေနရသလိုပါပဲလန္ဂ်င္းယြိ မ်က္ေမွာင္ၾကဳတ္ၿပီး နီေထြးေနတဲ့ႏႈတ္ခမ္းတစ္စုံကို ဖြင့္ဟလိုက္သည္။ သူ႕ေလသံက ခါးသီးေအးစက္လွသည္။
“မင္း သူ႕ကို မကယ္ႏိုင္ရင္ မင္းကိုသူနဲ႔အတူ ေျမျမႇဳပ္ပစ္မယ္ ”
လန္ဂ်င္းယြိ ၏ အသံက နက္နဲၿပီး အလ်င္စလိုမျဖစ္ေနဘူး။ ဒါေပမယ့္ လိုင္းတစ္ခုပဲ႐ွိေတာ့ သမားေတာ္က သူ႕ႏွလုံးထြက္က်သြားေတာ့မလို ခံစားလိုက္ရတယ္။
သူ၏ နာၾကည္းမႈက ခ်က္ခ်င္ ေပ်ာက္ကြယ္သြားသည္။ ေနာက္ဆုံးေတာ့ သူက သမားေတာ္ဌာနတြင္ ႏွစ္အေတာ္ၾကာေနခဲ့ၿပီးျဖစ္သည္။ ထို႔ေၾကာင့္ သူက မင္းသား ေယြ႕ အေၾကာင္းကို ေတာ္ေတာ္မ်ားမ်ား ၾကားသိထားၿပီးသား။
မင္းသား ေယြ႕မွာ အလြန္ေကာင္းမြန္ေသာ ကိုယ္ခံပညာ႐ွိၿပီး ဧကရာဇ္မင္းျမတ္၏ ႏွစ္သက္မႈကို ခံရေသာ္လည္း၊ သူ၏ ပင္ကိုယ္စ႐ိုက္မွာ ခန္႔မွန္းရခက္ၿပီး ရက္စက္ၾကမ္းၾကဳတ္သူျဖစ္သည္။ ဧကရာဇ္က သူ႕ဘဝအတြက္ ကိုယ္တိုင္ကိုယ္က် ေတာင္းဆိုခဲ့ရင္ေတာင္ လန္ဂ်င္းယြိ စိတ္ဆိုးေနတယ္ဆိုရင္ သူ အသက္႐ွင္ဖို႔ အာမခံခ်က္မ႐ွိပါဘူး။
ဒါကိုေတြးၿပီး သမားေတာ္က 100% ေပးၿပီး လဲ့ေယာင္းေယာင္း ရဲ႕ ေသြးခုန္ႏႈန္းကို အသိစိတ္နဲ႔ စမ္းလိုက္တယ္။
ၿမိဳ႕ေတာ္ရဲ႕ ဧကရာဇ္ သမားေတာ္ မွာ စိတ္ႀကီးဝင္ေနတဲ့ ကိုယ္ရည္ကိုယ္ေသြး႐ွိေသာ္လည္း သူ၏ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္မႈကေတာ့ အလြန္ထူးျခားပါသည္။
လဲ့ေယာင္းေယာင္း ၏ ေသြးခုန္ႏႈန္းကို စမ္းသပ္ၿပီးေနာက္ သူမအား အပ္စိုက္မႈကိူ ခ်က္ခ်င္း ျပဳလုပ္ခဲ့သည္။ မိနစ္အနည္းငယ္ၾကာၿပီးေနာက္ လဲ့ေယာင္းေယာင္း၏ မ်က္ႏွာက ပုံမွန္မဟုတ္ေသာ အေရာင္မွ အနီေရာင္သို႔ ေျပာင္းလဲသြားသည္။ သူမ၏ တြန္႔ေနေသာ မ်က္ခုံးေတြကလည္း တျဖည္းျဖည္းခ်င္း ေျဖေလွ်ာ့လာသည္
လန္ဂ်င္းယြိက သူ႕မ်က္ႏွာတြင္ ခံစားခ်က္ကိုမျပသေသာ္လည္း သူ စိတ္သက္သာရာရသြားသည္။
သမားေတာ္က လဲ့ေယာင္းေယာင္းအတြက္ ေဆးစာတစ္ေစာင္ေရးခဲ့ၿပီး လဲ့ေယာင္းေယာင္း သတိထားရမည့္အခ်က္အခ်ိဳ႕ကို ေျပာျပထားသည္။ထို႔ေနာက္ သူ လြတ္ၿငိမ္းခ်မ္းသာခြင့္ရခဲ့သည္။
မိန္းမစိုးေခါင္းေဆာင္က ပုဂၢိဳလ္ေရးအရ သူ႕ကို အျပင္ဘက္ကိုလိုက္ပို႔ခဲ့တယ္။ ယခုဆိုလွ်င္ အခန္းထဲ၌ လန္ဂ်င္းယြိ နဲ႔ လဲ့ေယာင္းေယာင္းပဲ ႐ွိေတာ့တယ္။
အဖ်ားက်သြားေပမယ့္ လဲ့ေယာင္းေယာင္း ေနာက္ထပ္ နာရီအနည္းငယ္ၾကာတဲ့အထိ မႏိုးႏိုင္ဘူးလို႔ သမားေတာ္က ေျပာခဲ့တယ္။ ထို႔ေၾကာင့္ ဤအခိုက္အတန္႔တြင္ လန္ဂ်င္းယြိ ကုတင္ေပၚ႐ွိပုံရိပ္ေသးေသးေလးကို အကဲခတ္ဖို႔ လုံးဝေအာင့္အည္းေနစရာ မလိုေတာ့ေပ။
အခုေတာ့ လဲ့ေယာင္းေယာင္း၏ မ်က္ႏွာက နီျမန္းေနေတာ့သည္ ။ သူ႕ပါးျပင္ေတြက မတ္လမွ လတ္ဆတ္ေသာ ခ်ယ္ရီပြင့္မ်ားကဲ့သို႔ အနည္းငယ္ နီျမန္းေနခဲ့သည္။ သူပုံစံက ခ်စ္စစရာေလး
သူက အရမ္းလွပလြန္းသျဖင့္ သူ႕ႏွလုံးသားကို လႈပ္႐ွားေစခဲ့သည္။
ခ်စ္စရာေၾကာင္ေလးတစ္ေကာင္ေၾကာင့္ သူ႕ႏွလုံးသားက ယားယံေနသလို ခံစားရတယ္။ မျဖစ္သင့္မွန္း ႐ွင္း႐ွင္းလင္းလင္း သိေပမယ့္လည္း သူ႕ကိုယ္သူ မကူညီႏိုင္ခဲ့ေပ။ လန္ဂ်င္းယြိကသူ႕ရဲ႕ႀကီးမားေသာလက္ႀကီးကို တစ္လက္မၿပီး တစ္လက္မ ေျမႇာက္လာၿပီး ထိုႏူးညံ့ေသာပါးျပင္မ်ားကို ထိရန္ ခ်ဥ္းကပ္လိုက္သည္။
လန္ဂ်င္းယြိရဲ႕ လက္ေခ်ာင္းေတြ လဲ့ေယာင္းေယာင္းရဲ႕ အေရျပားႏွင့္ ထိေတြ႕လိုက္ေသာအခါတြင္ သူ လွ်ပ္စစ္စီးေၾကာင္းေၾကာင့္ ေ႐ွာ့ခ္ရသြားသလို ခံစားလိုက္ရတယ္။ အဲ့တာက သူ႕လက္ေခ်ာင္းထိပ္ကေန သူ႕တစ္ကိုယ္လုံးကို လ်င္ျမန္စြာျပန္႔ႏွံ႔သြားတယ္
လန္ဂ်င္းယြိက ဒီတုံ႔ျပန္မႈကို အလြန္အံ့အားသင့္သြားခဲ့သည္။ ဒါေပမယ့္ သူ႕အတြက္ အံ့ၾသစရာအေကာင္းဆုံးကေတာ့ သူ႕အသားအေရက ဘယ္ေလာက္ေတာင္ ေခ်ာမြတ္ ေပ်ာ့ေပ်ာင္းေနလဲဆိုတာပဲ.......
ေတာ္ေတာ္ေကာင္းမြန္တာပဲလို ခံစားရေစတယ္
ယခုအခ်ိန္တြင္ လန္ဂ်င္းယြိ မရပ္တန္႔ႏိုင္ေတာ့ေပ။ နက္နက္႐ိႈင္း႐ိႈင္းသူေတြးေနတာက "သူ႕" အသားအေရက အရမ္းေကာင္းတယ္ဆိုတာပဲ ။ ဒါ့အျပင္ သူ၏ မ်က္ႏွာသြင္ျပင္က အလြန္သန္႔စင္တယ္။ ဝမ္းနည္းစရာကေတာ့ သူက ဆင္းရဲတဲ့မိသားစုက ေမြးဖြားလာတဲ့သူျဖစ္ၿပီး မိန္းမစိုးျဖစ္လာခဲ့တယ္။ အဲ့လိုမွမဟုတ္ရင္ ဘယ္သူမွ သူ႕ၿပိဳင္ဘက္ ျဖစ္လာမွာ မဟုတ္ဘူး။
ဒါေပမယ့္ "သူ" က အရမ္းေသးတယ္ အဲ့တာက လူပ်ိဳေပါက္ေရာက္ခ်ိန္မျဖစ္ေသးလို႔လား?
အနာဂတ္မွာ ဇနီးမယားမရႏိုင္ဘူး ဒါေပမယ့္ သူ႕ကအရမ္းေသးလြန္းတာေၾကာင့္ ေလတိုက္ရင္ လြင့္သြားႏိုင္တယ္။ အဲဒါက ေသခ်ာေပါက္ အဆင္မေျပဘူး!
ဒါကိုေတြးၿပီး လန္ဂ်င္းယြိ မ်က္ေမွာင္မၾကဳတ္ဘဲမေနႏိုင္ေတာ့ဘူး
ထို႔ေနာက္ သူ၏လက္ေခ်ာင္းေတြက လဲ့ေယာင္းေယာင္းရဲ႕ ပါးျပင္ဆီကေန သူ႕လက္ေတြဆီ ေ႐ြ႕သြားခဲ့တယ္။ ႐ိုး႐ိုးသားသားေျပာရရင္ သူ႕လက္ေတြကို ကိုင္ခ်င္ေနတာၾကာၿပီ။
ဘာလို႔လဲဆိုေတာ့ ေယာက်္ားတစ္ေယာက္ရဲ႕လက္က ဘယ္ေလာက္ေသးလဲဆိုတာ သူ ဆန္းစစ္လိုတာေၾကာင့္ပဲ ။ အဲ့လက္က မိန္းမတစ္ေယာက္ရဲ႕လက္လိုပဲ။
သူ႕လက္ကိုျဖန္႔လိုက္ၿပီး သူ႕(လဲ့)လက္ကို သူ႕လက္ထဲမွာထည့္ထားလိုက္တယ္။ သူ႕(လဲ့)လက္တစ္ခုလုံးကို သူပတ္ထားလို႔ရတယ္!
လန္ဂ်င္းယြိ လက္ကို ေျမႇာက္ၿပီး ေနာက္ထပ္ စစ္ေဆးၾကည့္လိုက္တယ္။ “သူ႕” လက္ဖဝါးမွာ အသားမာ တစ္ခုမွ မ႐ွိဘူး။ ပန္းေရာင္သန္းၿပီး အလြန္ႏူးညံ့ေနတယ္
ထို႔ေနာက္ သူ႕လက္နဲ႔ ယွဥ္ၾကည့္လိုက္တယ္
သူ႕လက္ဖမိုးကေန သူ႕ရဲ႕ေသးသြယ္တဲ့ အဆစ္ေတြကို ျမင္ႏိုင္တယ္ ဒါေပမယ့္ သူ႕လက္ဖဝါးကို ျဖန္႔လိုက္တဲ့အခါမွာေတာ့ အလယ္မွာ ထူထဲၿပီး မာေက်ာတဲ့ အသားမာေလးေတြကို ေတြ႕ရလိမ့္မယ္။အဲ့တာက ညႇပ္ၿပီးေပ်ာက္ေနတာ ေသခ်ာတယ္။
ေလာေလာဆယ္တြင္ လန္ဂ်င္းယြိက လဲ့ေယာင္းေယာင္းရဲ႕ လက္ကို ပြတ္တိုက္ေနသည္။ လဲ့ေယာင္းေယာင္းရဲ႕ ပါးစပ္က အနည္းငယ္ စူလာသည္။ အဖ်ားေပ်ာက္ၿပီးကတည္းကသူမမွာ ေၾကာက္စရာမ႐ွိေတာ့ဘူး။ မူလက သူမ ေတာ္ေတာ့ေလး ငိုက္မ်ဥ္းေနခဲ့ေသာ္လည္း၊ သူမမ်က္ႏွာကို တစ္စုံတစ္ခုက ကလိေနသလို ခံစားလိုက္ရသည္။ တစ္ေယာက္ေယာက္က သူမကို ပြတ္သပ္ေပးေနသလိုပဲ။
ေနာက္ပိုင္းတြင္ သူမ၏လက္ကို လက္ဖဝါးထူထူႀကီးျဖင့္ ရစ္ပတ္ထားသည္။အဲ့တာက တကယ္အႀကီးႀကီးပဲ။ သူမ၏လက္ဖဝါးကို ပြတ္သပ္ေပးေနတဲ့ လက္ဖဝါးအတြင္းတြင္ မာေက်ာတဲ့အသားမာေတြ႐ွိသည္။
အဲ့တာက သူမ၏ လက္ဖဝါးကို ယားယံေစေသာ္လည္း သူမကို ေႏြးေထြးသြားေစပါသည္။ ရင္းႏွီးတဲ့ခံစားမႈတစ္ခု အဲ့လိုမ်ိဳးပဲ......
လန္ဂ်င္းယြိက လဲ့ေယာင္းေယာင္းရဲ႕လက္နဲ႔ ကစားေနေသာ္လည္း သူ သတိထားမိၿပီး သူ၏ ႏႈတ္ခမ္းစူေနတဲ့ အမူအရာကို သတိျပဳမိလိုက္သည္။ သူကေတာ့ ခ်စ္စရာေၾကာင္ေလးလိုပါပဲ။ “သူ႕” မ်က္ႏွာက ေက်နပ္ပုံရၿပီး ျပဳံးေနတယ္။ သူ အိပ္မက္ေကာင္းေကာင္းမက္ေနတာလည္း ျဖစ္ႏိုင္တယ္။ လန္ဂ်င္းယြိ မထိန္းႏိုင္ဘဲ ျပဳံးျပလိုက္သည္။
အထူးသျဖင့္ သူ႕ႏႈတ္ခမ္းေတြ လႈပ္႐ွားေနတာကို သူသတိထားမိလိုက္တယ္ အဲ့တာကသူအိပ္ေနရင္ေရ႐ြတ္ေနပုံရတယ္။ လန္ဂ်င္းယြိ စပ္စုၿပီး နားေထာင္ဖို႔ သူ႕ခါးကို ကိုင္းလိုက္တယ္။
ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ လဲ့ေယာင္းေယာင္းေျပာလိုက္တဲ့စကားကို သူၾကားလိုက္တဲ့အခါမွာ လန္ဂ်င္းယြိ ရဲ႕အျပဳံးက ခ်က္ခ်င္းပင္ ေတာင့္သြားေတာ့သည္......ဘာေၾကာင့္လဲဆိုေတာ့–
“ေဖေဖ…..”
လန္ဂ်င္းယြိ ေတာင့္တင္းလာၿပီး သူ႕ပါးစပ္က ျပင္းျပင္းထန္ထန္ ႐ြဲ႕သြားတယ္။
သူက ေဒါပြၿပီး လဲ့ေယာင္းေယာင္းကို စိုက္ၾကည့္ေနတယ္ ေဒါသစိတ္နဲ႔ သတ္ေတာင္ သတ္ပစ္ခ်င္ခဲ့တာ။
ေနာက္ဆုံးေတာ့ “သူ” က လန္ဂ်င္းယြိရဲ႕လက္ကို ကိုင္ၿပီး “ေဖေဖ” လို႔ ေခၚလိုက္တယ္!?!
ေဖေဖ?! ဒီေလာက္ႀကီးတဲ့သားကို ငါဘယ္တုန္းက ရခဲ့တာလဲ?
“သူ” က သူ႕ႏွလုံးသားထဲမွာ ငါ့ကို အေဖတစ္ေယာက္လို႔ ျမင္ေနတာလား?!
ဘုရားေရ ဒါက သူ႕အတၱအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ပဲ! ထိုအခ်ိန္တြင္ လန္ဂ်င္းယြိက လွ်ပ္စီးေၾကာင္းေၾကာင့္ ထိတ္လန္႔သြားသလို ခံစားလိုက္ရသည္။
စိတ္ပ်က္လက္ပ်က္ျဖင့္ သူ႕လက္ကို ဆြဲထုတ္လိုက္ခ်င္ေသာ္လည္း မေမွ်ာ္လင့္ဘဲ ေသးငယ္ေသာပုံရိပ္က သူ႕လႈပ္႐ွားမႈကို အာ႐ုံခံစားမိၿပီး တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားသည္။ သူေရနစ္ေနပုံရၿပီး လန္ဂ်င္းယြိက ေမ်ာေနတဲ့ သစ္သားတစ္တုံးလိုေပါ့။ ဘာပဲျဖစ္ျဖစ္သူ မလႊတ္ေပးဘူး။
လန္ဂ်င္းယြိရဲ႕ မ်က္လုံးေတြ မွိတ္တုတ္မွိတ္တုတ္ျဖစ္သြားၿပီး အဆုံးတြင္ သူ သက္ျပင္းခ်လိုက္သည္။
ေကာင္းၿပီ၊ ငါ “သူ႕”ကိုကိုင္ခြင့္ျပဳလိုက္မယ္!
ဒါေၾကာင့္ လန္ဂ်င္းယြိက ေပ်ာ့ေပ်ာင္းေသာအိပ္ယာေပၚတြင္ ေပါ့ေပါ့ပါးပါး ထိုင္ေနလိုက္သည္။ သူ႕လက္ကို လဲ့ေယာင္းေယာင္း က တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားဆဲပဲ။
သူမ အိပ္မက္မက္ေနေသးေသာ္လည္း လဲ့ေယာင္းေယာင္းက သူမေဘးတြင္ က်န္ေနေသးေသာလူကို ခံစားသိ႐ွိႏိုင္သလိုပဲ သူမ၏ ႏႈတ္ခမ္းစူစူေလးက ယခုအခါ ႐ႊင္ျမဴးေသာ အျပဳံးျဖစ္သြားခဲ့သည္။ ႐ုတ္တရက္-
“ေဖေဖ ။ ဝူးဝူး ေယာင္းေယာင္း ေဖေဖ့ကို အရမ္းလြမ္းတယ္။ ဝူးဝူး ေယာင္းေယာင္း အိမ္ျပန္ခ်င္တယ္....!”
လဲ့ေယာင္းေယာင္း ေႏြးေထြးမႈႏွင့္ ထိုလူ၏ ခိုင္မာေသာလက္ကို ခံစားႏိုင္သည္။ အဲဒါက သူမရဲ႕အေဖကို သတိရေစတယ္။ ႐ုတ္တရက္ သူမဖခင္၏ေဘးတြင္ အသိုက္အျမဳံျပဳရင္း သူမ၏ဘဝေဟာင္းအေၾကာင္းကို ေတြးလိုက္မိသည္။ သူမ၏အခက္အခဲအားလုံးကို ဝစီကံျဖင့္ လြတ္ေျမာက္ေအာင္ ထိန္းထားႏိုင္ျခင္းမ႐ွိေတာ့ေပ။
လန္ဂ်င္းယြိက သူ႕ကြၽန္၏ ဝမ္းနည္းျခင္းမ်ားကို တိတ္တဆိတ္ နားေထာင္ေန၏။ သူ႕စိတ္ခံစားခ်က္က လဲ့ေယာင္းေယာင္း ရဲ႕ လႊမ္းမိုးမႈေၾကာင့္ ႀကီးႀကီးမားမား ခံရမွန္းကို မသိခဲ့ပါဘူး။ လက္႐ွိအခ်ိန္မွာေတာ့ သူ႕မ်က္ခုံးေတြကက်ံဳ႕လာခဲ့တယ္။ သူ႕ႏႈတ္ခမ္းပါးပါးေလးကိုဖြင့္ဟၿပီး “အိုး.....ဒါဆို သူအိမ္ကိုလြမ္းလို႔ေပါ့ …” လို႔ ေရ႐ြတ္လိုက္တယ္
အဓိပၸါယ္႐ွိမယ္ထင္တယ္။ တကယ္ေတာ့ "သူ" ဆယ့္ငါးႏွစ္ ဒါမွမဟုတ္ ဆယ့္ေျခာက္ႏွစ္ ကေလးသာသာေလးပဲ ႐ွိေသးတာ။ ဖန္႐ုပ္တစ္႐ုပ္လို အလြန္အားနည္းတယ္ ၊ တစ္ခ်က္တြန္းလိုက္တာနဲ႔ ေၾကမြသြားလိမ့္မယ္
"သူ" က ဒီလိုမ်ိဳးျဖစ္ေနတာေၾကာင့္ သူ႕အေပၚထား႐ွိေသာ ၾကင္နာမႈကို ခံစားလို႔ရတယ္
ဒါကိုေတြးၿပီး မင္းသား ေယြ႕ ရဲ႕ အမူအရာက ေပ်ာ့ေပ်ာင္းလာၿပီး သူ႕ မ်က္လုံးထဲကို ခ်စ္ခင္တြယ္တာမႈေတြ ဝင္လာတယ္။
လဲ့ေယာင္းေယာင္း ကို ေငးၾကည့္ေနပုံက ခ်စ္သူတစ္ေယာက္ကိုၾကည့္တဲ့ အၾကည့္ ဒါေပမယ့္ ဒီပုံစံက တစ္စကၠန္႔ပဲ ၾကာတယ္ ဘာလို႔လဲဆိုေတာ့ -
“ဝူးဝူး ေဖေဖ၊ အိမ္ျပန္ခ်င္တယ္ ။ဒီမွာ အႏိုင္က်င့္ခံေနရတယ္! ေဖေဖ လက္စားေခ်ေပးဖို႔ လိုတယ္! ဝူးဝူး...…”
“ဘာ?! ဝက္ဝံရဲ႕ႏွလုံးနဲ႔ က်ားသစ္ရဲ႕အသည္းကို ဘယ္သူက စားလိုက္တာလဲ? ဘယ္သူက မင္းကို အႏိုင္က်င့္ရဲတာလဲ?!”
လန္ဂ်င္းယြိ မ်က္လုံးေတြကို ေမွးက်ဥ္ထားလိုက္ၿပီး သူ႕ မ်က္လုံးေတြက ဝင္းလက္ ေတာက္ပလာသည္။ သူက လဲ့ေယာင္းေယာင္းရဲ႕ အႏိုင္က်င့္ခံရမႈကို သံသယကင္းစြာ ေခ်မႈန္းပစ္မယ့္ပုံရတယ္။ သူ ေဒါသထြက္တဲ့အခါ အက်ိဳးဆက္က ျပင္းထန္တယ္ ဒါေပမယ့္ –
“ဝူးဝူး ငရဲမင္းက အႏိုင္က်င့္တယ္။ ဝူးဝူး သူက ဆိုးတယ္။ သူက အရမ္းဆိုးတာပဲ.......!”
“……”
ငရဲမင္း?! “ -_- ”
အဲ့တာ ငါ မဟုတ္လား !?!
လန္ဂ်င္းယြိ၏ ပါးစပ္က႐ြဲ႕သြားျပန္သည္။ သူအျပစ္ကင္းသလို ခံစားရတယ္။ “သူ႕ကို” ဘယ္တုန္းက အႏိုင္က်င့္ခဲ့လို႔လဲ? တကယ္ေတာ့ သူ႕ကို အရမ္းလက္ခံေနၿပီေလ။
“သူ” ဒုကၡေရာက္ေနခ်ိန္မွာေတာင္ သူက သူ႕(လဲ့)ကို အျပစ္မေပးဘူး။ ဒူးေထာက္ျပစ္ဒဏ္ေပးတာက မိန္းမစိုးေခါင္းေဆာင္ရဲ႕ အၾကံဥာဏ္ေလ
ဒါေပမယ့္ အဲ့တာက မိန္းမစိုးေခါင္းေဆာင္ႀကီးရဲ႕ အမွားေတာ့မဟုတ္ဘူး။ ၿပီးေတာ့ အိမ္ေတာ္မွာ လိုက္နာရမယ့္ စည္းကမ္းေတြ႐ွိတယ္။
အရင္တုန္းကေတာ့ သူက ေန႔ခင္းဘက္မွာ အင္ပါယာတရား႐ုံးမွာ အၿမဲတမ္း အလုပ္႐ႈပ္တယ္။ ဒါေၾကာင့္ မိန္းမစိုးေခါင္းေဆာင္ႀကီးအား အိမ္ေတာ္နဲ႔ဆိုင္တဲ့ တာဝန္အားလုံးကို ေပးထားခဲ့သည္။ ဒါေပမယ့္ မိန္းမစိုးေခါင္းေဆာင္းက လဲ့ေယာင္းေယာင္း ကို အျပစ္ေပးမယ္ဆိုတာ သူ မသိခဲ့ပါဘူး။
အဲ့ဒါေၾကာင့္ "သူ" က ငါ့ကို စိတ္ဆိုးေနတာလား?!
ဒါကိုေတြးၿပီး လန္ဂ်င္းယြိ စိတ္မေကာင္းျဖစ္သြားတယ္
ဒါေပမယ့္ မိန္းမစိုးေလး စိတ္မေကာင္းျဖစ္ေနတာကို သူ မခံႏိုင္ဘူး။ ထို႔ေၾကာင့္ အဆုံးတြင္ သူက တိတ္တိတ္ဆိတ္ဆိတ္ သက္ျပင္းခ်ကာ “ေနေကာင္းေအာင္ေနပါ။ အနာဂတ္မွာ မင္းသားက........ မင္းကို အႏိုင္က်င့္ေတာ့မွာ မဟုတ္ဘူး......”လို႔တီးတိုးေျပာလိုက္တယ္
🤍2.10.2022