Compatible Pheromones |TK|✓

By xinyin_wangqi

190K 19.1K 1.8K

မုန်းတီးခြင်းဟုယူဆသော်ငြား... လျစ်လျူရှုမှုတို့ကမစွမ်းသာ... မျှောလွှင့်နေတဲ့ တိမ်လေးတွေလို... ခံစားချက်တွေဟာလ... More

Story Prologue
Chapter 1 ( Vol 1 )
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Omegaverse
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
သုံးသပ်မေးခွန်း (၂၀)
Chapter 26 (Vol 2)
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38(Vol 3)
Chapter 39
Chapter 40
Chapter 41
Chapter 43
Chapter 44
Chapter 45 (Final)
Extra 1
Hello
Extra 2
Extra 3
Extra 4
Extra 5

Chapter 42

2.7K 319 48
By xinyin_wangqi

(Unicode)

တနင်္ဂ‌နွေနေ့တစ်ရက်လုံး ချစ်သူကောင်လေးမရှိပဲဖြတ်သန်းခဲ့ရသည့် ဂျောင်ကုသည် တနင်္လာနေ့တွင်လည်း လေးလံထိုင်းမှိုင်းစွာဖြင့် ကျောင်းရောက်လာသည် ။ စာသင်ခန်းထဲသို့ရောက်သည်နှင့် ထယ်ယောင်းနေရာတွင် ဘုတ်ခနဲထိုင်ချလိုက်သည့် ဂျောင်ကုကြောင့် ချန်ဆောင်းနှင့်ဟာဂျွန်သည် ဂျောင်ကုဘေးသို့ရောက်လာသည် ။

ချန်ဆောင်းက

“ ဂျောင်ကု...မင်းဘာလို့ တစ်ယောက်ထဲဖြစ်နေရတာလဲ ? ”

ထယ်ယောင်းနှင့်ဂျောင်ကုတို့ကြားက ကိစ္စကိုသိထားပြီးဖြစ်သည့် ချန်ဆောင်းနှင့်ဟာဂျွန်က စပ်စပ်စုစုနှင့်မေးလိုက်သည် ။ ချစ်သူကောင်လေးနှင့်ခွဲရသည်မှာ နှစ်ရက်ရှိပြီဖြစ်သည့် ဂျောင်ကုမှာတော့ တပ်ထားသည့်မျက်မှန်ကို အနည်းငယ်ပင့်တင်လိုက်၍ ဖျော့တော့စွာပြောသည် ။

“ ထယ်ယောင်းက ပဲရစ်သွားလိုက်တယ် ”

“ အာ...အဲ့လိုလား ? ဒါနဲ့ မင်းတို့နှစ်ယောက်က အခုကျောင်းဖိုရမ်မှာ တော်တော်လေးကိုနာမည်ကြီးနေတာ သိပြီးပြီလား ? ”

“ ဟမ်? ဘာနာမည်ကြီးတာလဲ ? ငါဖြင့် ကျောင်းဖိုရမ်ထဲဝင်မကြည့်တာကြာပြီ ”

“ ဝင်ကြည့်လိုက်ဦး ”

ထိုစကားပြောပြီး ချန်ဆောင်းနှင့်ဟာဂျွန်က သူတို့နေရာသို့ပြန်သွားသည် ။ ကျန်ခဲ့သည့် ဂျောင်ကုမှာတော့ မဖွင့်ကြည့်ရတာကြာပြီဖြစ်သည့် ကျောင်းဖိုရမ်ကိုဖွင့်ကြည့်လိုက်ရာ အတော်လေးလူပြောများနေသည့် အကြောင်းအရာကိုတွေ့လိုက်ရသည် ။ ၎င်းကား အခြားမဟုတ် “ မဝေးတော့သည့် Aနှစ်ယောက်ချစ်ခြင်း ” ဟူသည့် page နာမည်ပင်ဖြစ်သည် ။

အခြားသူများအား မေးစရာမလိုအောင်ပင် ၎င်းက သူနှင့်ထယ်ယောင်းကို ship ထားသည့် page ဖြစ်သည် ။ သူတို့နှစ်ဦး၏ relationship ကို ဖုံးကွယ်ထားဖို့ရန် မတွေးထားသည့် ဂျောင်ကုမှာတော့ အနှီ page ၏နောက်ဆုံးတင်ထားသည့် ပိုစ့်တွင် ပေါက်ကွဲ‌နိုင်လောက်သည့် ကောမန့်တစ်ခုဝင်မန့်လိုက်သည် ။

Boss Jeon - page နာမည်ကြီးပြောင်းလိုက်တော့...အခု ငါနဲ့@Boss Kim တို့ကအစစ်အမှန် CP တွေပဲ

ပိုစ့်အောက်၌ ထိုသို့မန့်ရင်း ဂျောင်ကုက page ၌တင်ထားသည့် အချို့သောပိုစ့်များကိုလိုက်လံကြည့်ရှုနေသည် ။ ထိုအထဲမှ သူသဘောကျသွားသည့် ပိုစ့်မှာ သူတို့နှစ်ယောက်ဝတ်ဆင်ထားကြသည့် ဆင်တူလည်ဆွဲအကြောင်းပြောထားသည့် ပိုစ့်ဖြစ်သည် ။

ပိုစ့်၌ ပြောထားသည်က -

{ လည်ဆွဲရဲ့နာမည်က အချစ်သံသရာမှာလည်ပတ်နေတဲ့ဝေလငါးတွေ လို့အမည်ရတယ် ။ အဲ့ဒါက ရွှေဖြူနဲ့ပြုလုပ်ထားတာဖြစ်ပြီး ချစ်သူတွေကြားဆင်တူဝတ်ဆင်ကြတဲ့ အထိန်းအမှတ်လည်ဆွဲဖြစ်တယ် ။ ဟုတ်ကဲ့...ပြောချင်တာကတော့ They became real ပါနော် 😘 }

အနှီလည်ဆွဲက သူငယ်ချင်းဖြစ်ကြတဲ့အထိန်းအမှတ်အနေဖြင့် ထယ်ယောင်းပေးထားသည့်လည်ဆွဲဖြစ်သည် ။ အခြားအရာများကို သိတိဝင်စားမှုနည်းပါးသည့် ဂျောင်ကုသည်လည်း ၎င်းလည်ဆွဲ၏အဓိပ္ပာယ်ကို တစ်ခါမျှမရှာကြည့်ခဲ့ဖူးပေ ။

အဖြူရောင်ရှပ်အင်္ကျီအောက်တွင် ဖုန်းကွယ်ထားသည့် လည်ဆွဲကို ဂျောင်ကုထုတ်ယူ၍ ပွတ်နေမိသည် ။ ဒီလည်ဆွဲက လုံးဝကိုပထမဆုံးပဲ ။ (ထယ်ယောင်းက သူ့ကိုလက်ဆောင်ပေးတာကိုပြောချင်တာ)

ကျောင်းတက်ခေါင်းလောင်းထိုးတာ အတော်တန်ကြာပြီဖြစ်သော်လည်း အတန်းပိုင်ဆရာယူက စာသင်ခန်းသို့ဝင်မလာသေးချေ ။ ထို့ကြောင့် ကျောင်းသူ၊ကျောင်းသားအများစုသည် စကားများလျှင်များ မဟုတ်လျှင် ဖုန်းကိုင်နေကြသူချည်းသာ ။

ဖုန်းကလိနေကြသူများထဲတွင် ဟီဂျင်ကတစ်ယောက်အပါအဝင်ဖြစ်ပြီး နံဘေးတွင်ထိုင်နေသည့် ဟီယူကတော့ မုန့်ထုပ်များဖောက်စားနေသည် ။ ဂျောင်ကုရေးလိုက်သည့် ကောမန့်သည် ဟီဂျင်ဆီ၌ နိုတီတက်လာတာကြောင့် သူမသည် မယုံနိုင်စွာဖြင့် မျက်လုံးကိုပွတ်လိုက်သည် ။

“ မျက်စိထဲအကောင်ဝင်လို့လား ? ”

ဟီယူကမုန့်နှိုက်နေရင်း ဟီဂျင်ကိုမေးလာသည် ။

“ မဟုတ်ဘူး...ငါပဲအမြင်မှားနေတာလားမသိဘူး ဒီကိုတစ်ချက်ကြည့် ”

ဟီဂျင်က ဟီယူကို ဂျောင်ကုမန့်ထားသည့် ကောမန့်ပြလိုက်သည် ။ နှစ်ယောက်သား ထိုကောမန့်ကိုအချိန်အတန်ကြာကြည့်ပြီးနောက် ထယ်ယောင်းနေရာတွင် ထိုင်နေသည့် ဂျောင်ကုကို ပြိုင်တူလှည့်ကြည့်လိုက်သည် ။ ထူးဆန်းစွာဖြင့် ဂျောင်ကုက မျက်မှန်တပ်ထားသည် ။

“ သူလာနောက်နေတာတော့မဟုတ်ဘူးမလား ? ဒီနေ့မှ ထယ်ယောင်းက ဘယ်ရောက်နေတာလဲဟ ”

“ အန်တီနဲ့ပဲရစ်သွားလိုက်တယ်...နောက်နှစ်ရက်လောက်မှ ပြန်ရောက်မယ်ထင်တယ် ”

“ အမ်း...ဒါဆို သေချာအောင် ငါဂျောင်ကုကိုသွားမေးကြည့်ဦးမှ ”

ဟီယူက ထိုသို့ဆို၍ ထိုင်ခုံမှထမည်အပြု ဆရာယူက အတန်းထဲသို့ဝင်လာသည် ။

“ ကျောင်းသူမွန်ဟီယူ...ဆရာ့နောက် ခဏလိုက်ခဲ့ ”

ရုတ်တရက်ဝင်လာပြီး ဟီယူကိုလာခေါ်သည့် ဆရာယူ၏ပုံစံသည် အလွန်လေးနက်နေတာကြောင့် ဟီယူလည်း ဂျောင်ကုကိုမေးမည့်အစီစဉ်ကိုဖြတ်ကာ ဆရာယူနောက်လိုက်သွားသည် ။ ဟီယူထွက်သွားပြီးနောက် ဟီဂျင်တစ်ယောက်ထဲကျန်ခဲ့သည် ။

သူမကတော့ ထိုင်ခုံကနေပင်မထပဲ ဂျောင်ကုဆီသို့စာပို့၍ မေးလိုက်သည် ။

📨 : နင်နဲ့ထယ်ယောင်းနဲ့က တစ်ကယ်တွဲနေကြတာလား ?

ဂျောင်ကုက မက်ဆေခ်ျ့ဝင်လာသံကိုကြားသည်နှင့် ဖုန်းကိုအလျင်အမြန်ဖွင့်လိုက်သည် ။ သို့သော် ဝင်လာသည့်စာက သူထင်သလို ထယ်ယောင်းပို့တာမဟုတ်ပဲ ဟီဂျင်ပို့တာဖြစ်နေသည် ။ ထို့ကြောင့် အနည်းငယ်စိတ်ပျက်သွားသော်လည်း ဟီဂျင်မေးတာကိုတော့ဖြေလိုက်သည် ။

📨 : ဟုတ်တယ်...ငါတို့တွဲနေကြပြီ

ဟီဂျင်က ချက်ချင်းစာပြန်လာသည် ။

📨 : အံ့ပါ့ ဘယ်အချိန်ကတည်းကတွဲနေကြတာလဲ ?

📨 : ပြီးခဲ့တဲ့ သောကြာနေ့က

📨 : အိုး မကြာသေးဘူးပဲ congratulations

📨 : ကျေးဇူးပဲ

📨 : စကားမစပ် ဘာလို့ရုတ်တရက်ကြီးမျက်မှန်တပ်ထားတာလဲ...ကြည့်ရတာ နေသားကိုမကျဘူး

📨 : အာ...ဒါလား ? ငါက ငါ့ချစ်သူကောင်လေးတစ်ယောက်ထဲကိုပဲ မြင်ချင်လို့ သူ့အတွက် သီးသန့်ဘောင်ခတ်ထားတာ

၎င်းပြန်စာကိုရလိုက်သည့် ဟီဂျင်မှာတော့ သူမနားထင်ကိုပင် ဖိလိုက်တော့သည် ။ ပထမဆုံးရည်းစားထားဖူးတဲ့သူတွေတိုင်းက အဲ့တိုင်းချည်းပဲ ။

📨 : အင်းပါဟယ်...ဒါနဲ့ ထယ်ယောင်းက ပဲရစ်သွားလိုက်တာ နင်ဘာလို့မလိုက်သွားလဲ ?

📨 : ဒီအတွက် စိတ်မပူပါနဲ့...ငါက ငါ့အချစ်တွေကို တစ်ကမ္ဘာလုံးဆီဖြန့်ကျက်ထားတာ...ဒါကြောင့် ငါ့ကလေးလေးက ဘယ်ကိုပဲရောက်ရောက် ငါ့အချစ်တွေနဲ့အမြဲနွေးထွေးနေမှာ

ဂျောင်ကုထိုစာပို့ပြီးနောက် ဟီဂျင်၏ဘလော့ခြင်းကိုခံလိုက်ရတော့သည် ။ ရည်းစားမရှိတဲ့လူတွေက အတွဲတွေကို ကြည့်မရဘူးဆိုတာ တကယ်ပဲ ။

----------------------------

ဟီယူသည် ဆရာယူနှင့်အတူ ကျောင်းအုပ်ရုံးခန်းသို့ဝင်သွားပြီးနောက် သူမအတန်ကြာမတွေ့ရသည့် သူမအဖေကိုတွေ့လိုက်ရသည် ။

“ ဖေဖေ ? ဒီကိုဘယ်လိုရောက်လာတာလဲ ? ”

ယွန်းဟာယောင်း၏ကာကွယ်ပေးမှုအောက်တွင် လှလှပပရှင်သန်နေသည့် သမီးဖြစ်သူကိုကြည့်ရင်း မြို့တော်ဝန်သည် နှလုံးပင်တစ်ဆစ်ဆစ်နာလာသည် ။ မြို့‌တော်ဝန်မိသားစု၏ တစ်ဦးတည်းသော ရှားပါးအိုမီဂါလေးဖြစ်သည့် ဟီယူသည် နာမည်ဂုဏ်ပုဒ်နှင့်လိုက်အောင် ပြုစုယုယခံသူဖြစ်သည် ။

ထို့ကြောင့် မြို့တော်ဝန်သည် ချစ်လှစွာသောသမီးလေးအား ပိုးမွှေးသကဲ့သို့မွှေးရင်း နိုင်ငံခြားတွင်သာ ပညာသင်ကြားစေခဲ့သည် ။ သို့သော် မလိမ်းမိုးမလိမ်မာ သမီးငယ်သည် ကြေးစားလုပ်ငန်းလုပ်ကိုင်သည့် ခြင်္သေ့နက်၏ခေါင်းဆောင် ယွန်းဟာယောင်းနှင့် တောင်ကိုးရီးယားသို့ လိုက်ပြေးသွားသည် ။

၎င်းအဖြစ်က မြို့တော်ဝန်ကို အတော်လေးကြေကွဲစေခဲ့ပြီး သမီးငယ်ကိုလည်း အတော်လေးဒေါသထွက်ခဲ့သည် ။ ယွန်းဟာယောင်းကိုယ်တိုင်က အတော်လေးသတိရှိသူဖြစ်တာကြောင့် မြို့တော်ဝန်သည် သမီးဖြစ်သူကိုရှာရန် အတော်လေးကြိုးပမ်းလိုက်ရသည် ။ ထင်မှတ်မထားစွာဖြင့် သမီးဖြစ်သူက ယွန်းဟာယောင်းနံဘေး၌သာ အမြဲရှိနေခဲ့သည်တဲ့လေ ။ ဝေးဝေးလံလံလိုက်ရှာမိတာ မှားတာပဲ ။

စိုက်ခင်းထဲက မုန်လာထုပ်လေး ဝက်တစ်ကောင်၏အလစ်သုတ်ခြင်းကိုခံရပြီးနောက် မြို့တော်ဝန်သည် နေစဉ်ရက်များစွာ ရမ္မကာများသောက်သုံးနေတာကြောင့် နဂိုထက် ဖောနေသည် ။

ဟီယူက အတော်လေးပြောင်းလဲသွားသည့် သူမအဖေကိုကြည့်ရင်း အံ့ဩလို့နေသည် ။ ယခင်က တည်တည်ကြည်ကြည်နှင့် ခန့်ညားလှသည့် မြို့တော်ဝန်က ယခုတော့ဖြင့် ဘီယာစွဲ‌ေနသည့်လူလို ဖောနေသည်လေး ။

မြို့တော်ဝန်က သမီးဖြစ်သူကိုမြင်သည်နှင့် ထိုင်ရာမှထလာပြီး ဟီယူ၏ခေါင်းလေးကို ပုတ်ကာ ချော့ပြောသည် ။

“ သမီး...ဖေဖေနဲ့ပြန်လိုက်ခဲ့ ”

ယွန်းဟာယောင်း၏အမှတ်အသားပြုခြင်းကိုခံထားရသည့် ဟီယူက အနှီစကားကို ချက်ချင်းငြင်းပယ်သည် ။

“ ဟင့်အင်း...မလိုက်ဘူး...ဖေဖေက သမီးတို့နှစ်ယောက်ကို ခွဲမှာ ”

“ မခွဲပါဘူး...သမီးမေမေက သမီးကိုအရမ်းသတိရလို့ အိပ်ရာထဲတောင် လှဲနေရပြီ...ဖေဖေနဲ့ ပြန်လိုက်ပြီး သမီးမေမေကို လိုက်တွေ့ပါဦး ”

မေမေဟူသောအသံကြားသည်နှင့် ဟီယူချက်ချင်းငြိမ်ကျသွားသည် ။ နဂိုကတည်းက ကျန်းမာရေးမကောင်းသည့် မြို့တော်ဝန်ကတော်သည် သမီးစိတ်ဖြင့်အိပ်ရာထဲလှဲနေရသည်ကို တွေးကြည့်လိုက်လျှင် ဟီယူမျက်ရည်ဝဲချင်လာသည် ။

“ ဒုတိယ ဖေဖေကတိပေးရမယ်...သမီးနဲ့မမကို လုံးဝမခွဲပါဘူးလို့ ”

“ ဖေဖေကတိပေးတယ် ”

ထို့နောက် ဟီယူသည် ကိုယ်ရံတော်များကို စာသင်ခန်းထဲရှိ သူမ၏ကျောပိုးအိတ်ကို သွားယူစေပြီး အဖေဖြစ်သူနှင့်အတူ အိမ်တော်သို့လိုက်ပြန်ခဲ့တော့သည် ။ အိမ်ပြန်လမ်းတွင် ယွန်းဟာယောင်းကို စာပို့ရန်လည်းမမေ့ ။ သူမအနေဖြင့် သူမပြုလုပ်သည့်အရာတိုင်း ယွန်းဟာယောင်းကိုပြောပြတတ်သည်မှာ အကျင့်ပင်ဖြစ်နေချေပြီ ။

----------------------------

ပဲရစ်၌ရှိနေသည့် ထယ်ယောင်းသည် ယခုရက်ပိုင်းတွင် နာမည်အတော်ကြီးသည့် ပြင်သစ်မော်ဒယ် Silvan နှင့်အတူ ဓာတ်ပုံတွဲရိုက်ရသည် ။ Silvan ကအရပ်ခုနစ်ပေနီးပါးရှိပြီး အသားဖွေးတာကြောင့် K group ၏ အထူးချုပ်လုပ်ထားသည့် Long coat များနှင့် အလွန်လိုက်ဖက်သည် ။

ဆောင်းရာသီ collections အတွက် outdoor scene များရိုက်သည်ဖြစ်တာကြောင့် ပဲရစ်၏နေရာအတော်‌များများကို သူတို့ရောက်ခဲ့ကြသည် ။

Tony က ဓါတ်ပုံကင်မရာ၏ ရှုထောင့်များကို သေချာချိန်တတ်ပြီး Silvan ကလည်း လမ်းညွှန်ပေးတာကြောင့် မော်ဒယ်သင်တန်းမတက်ဖူးသည့်တိုင် ထယ်ယောင်း၏ပုံထွက်တို့သည် အလွန်ပင်ကောင်းလှသည် ။

နှစ်ရက်ဆက်တိုက် အလုပ်ကြိုးစားပြီးနောက်တွင် ဗုဒ္ဓဟူးနေ့၌ တောင်ကိုရီးယားသို့ပြန်ရန် အဆင်ဖြစ်နေပြီဖြစ်သည် ။ ဂျောင်ကုနှင့် ခွဲရသည်မှာ သုံးရက်တင်းတင်းရှိနေပြီဖြစ်ကြောင့် ထယ်ယောင်းသည် ဂျောင်ကုနှင့်တွေ့ရန် မစောင့်နိုင်တော့ပေ ။

ထို့ကြောင့် ထယ်ယောင်းသည် သူပြန်လာတော့မည့်အကြောင်း ဂျောင်ကုကို စာပို့လိုက်ပြီး ဂျောင်ကုကလည်း သူကိုယ်တိုင်လာကြိုမည်ဟု ပြန်ပြောလာသည် ။ တိုက်ဆိုင်စွာပင် ထယ်ယောင်း၏လေယာဉ် ဆိုက်ကပ်မည့်အချိန်သည် ကျောင်းဆင်းချိန်နှင့် ကွက်တိပင်ဖြစ်သည် ။





ပြဇာတ်ငယ်လေး :

ဂျောင်ကု - အချစ်တွေကို တစ်ကမ္ဘာလုံးဆီဖြန့်ကျက်ထားတယ်...ဒါမှ ကလေးလေးက ဘယ်နေရာပဲရောက်ရောက် ကိုကို့အချစ်တွေနဲ့ နွေးထွေးနေမှာ

ထယ်ယောင်း - တစ်ကမ္ဘာလုံးကိုအချစ်‌တွေ ဖြန့်ကျက်ထားတယ်ဆိုတော့ ငါမရှိတဲ့နေရာတွေကိုလည်း အချစ်တွေပို့ထားတယ်ပေါ့လေ

ဂျောင်ကု - ရစ်တတ်လိုက်တာ ကလေးလေးရာ ಥ‿ಥ

----------------------------

ခြံထဲက မုန်လာထုပ်လေးကို ဝက်တစ်ကောင်အလစ်သုတ်သွားတယ်ဆိုတာကို သိကြမယ်ထင်တာပဲရယ်...အဓိပ္ပာယ်က ကိုယ်ကပြုစုပျိုးထောင်ထားတဲ့ အဖိုးတန်သား၊သမီးလေးက တစ်ချိန်ချိန် အိမ်ထောင်ကျသွားတဲ့အခါ မိဘတွေရဲ့ ပူဆွေးမှုကိုဖော်ပြတဲ့ ဗန်းစကားပါ ။

Plz! Vote, Feedback and follow me 🎐








(Zawgyi)

တနဂၤ‌ေႏြေန႔တစ္ရက္လုံး ခ်စ္သူေကာင္ေလးမ႐ွိပဲျဖတ္သန္းခဲ့ရသည့္ ေဂ်ာင္ကုသည္ တနလၤာေန႔တြင္လည္း ေလးလံထိုင္းမိႈင္းစြာျဖင့္ ေက်ာင္းေရာက္လာသည္ ။ စာသင္ခန္းထဲသို႔ေရာက္သည္ႏွင့္ ထယ္ေယာင္းေနရာတြင္ ဘုတ္ခနဲထိုင္ခ်လိုက္သည့္ ေဂ်ာင္ကုေၾကာင့္ ခ်န္ေဆာင္းႏွင့္ဟာဂြၽန္သည္ ေဂ်ာင္ကုေဘးသို႔ေရာက္လာသည္ ။

ခ်န္ေဆာင္းက

“ ေဂ်ာင္ကု...မင္းဘာလို႔ တစ္ေယာက္ထဲျဖစ္ေနရတာလဲ ? ”

ထယ္ေယာင္းႏွင့္ေဂ်ာင္ကုတို႔ၾကားက ကိစၥကိုသိထားၿပီးျဖစ္သည့္ ခ်န္ေဆာင္းႏွင့္ဟာဂြၽန္က စပ္စပ္စုစုႏွင့္ေမးလိုက္သည္ ။ ခ်စ္သူေကာင္ေလးႏွင့္ခြဲရသည္မွာ ႏွစ္ရက္႐ွိၿပီျဖစ္သည့္ ေဂ်ာင္ကုမွာေတာ့ တပ္ထားသည့္မ်က္မွန္ကို အနည္းငယ္ပင့္တင္လိုက္၍ ေဖ်ာ့ေတာ့စြာေျပာသည္ ။

“ ထယ္ေယာင္းက ပဲရစ္သြားလိုက္တယ္ ”

“ အာ...အဲ့လိုလား ? ဒါနဲ႔ မင္းတို႔ႏွစ္ေယာက္က အခုေက်ာင္းဖိုရမ္မွာ ေတာ္ေတာ္ေလးကိုနာမည္ႀကီးေနတာ သိၿပီးၿပီလား ? ”

“ ဟမ္? ဘာနာမည္ႀကီးတာလဲ ? ငါျဖင့္ ေက်ာင္းဖိုရမ္ထဲဝင္မၾကည့္တာၾကာၿပီ ”

“ ဝင္ၾကည့္လိုက္ဦး ”

ထိုစကားေျပာၿပီး ခ်န္ေဆာင္းႏွင့္ဟာဂြၽန္က သူတို႔ေနရာသို႔ျပန္သြားသည္ ။ က်န္ခဲ့သည့္ ေဂ်ာင္ကုမွာေတာ့ မဖြင့္ၾကည့္ရတာၾကာၿပီျဖစ္သည့္ ေက်ာင္းဖိုရမ္ကိုဖြင့္ၾကည့္လိုက္ရာ အေတာ္ေလးလူေျပာမ်ားေနသည့္ အေၾကာင္းအရာကိုေတြ႕လိုက္ရသည္ ။ ၎ကား အျခားမဟုတ္ “ မေဝးေတာ့သည့္ Aႏွစ္ေယာက္ခ်စ္ျခင္း ” ဟူသည့္ page နာမည္ပင္ျဖစ္သည္ ။

အျခားသူမ်ားအား ေမးစရာမလိုေအာင္ပင္ ၎က သူႏွင့္ထယ္ေယာင္းကို ship ထားသည့္ page ျဖစ္သည္ ။ သူတို႔ႏွစ္ဦး၏ relationship ကို ဖုံးကြယ္ထားဖို႔ရန္ မေတြးထားသည့္ ေဂ်ာင္ကုမွာေတာ့ အႏွီ page ၏ေနာက္ဆုံးတင္ထားသည့္ ပိုစ့္တြင္ ေပါက္ကြဲ‌ႏိုင္ေလာက္သည့္ ေကာမန္႔တစ္ခုဝင္မန္႔လိုက္သည္ ။

Boss Jeon - page နာမည္ႀကီးေျပာင္းလိုက္ေတာ့...အခု ငါနဲ႔@Boss Kim တို႔ကအစစ္အမွန္ CP ေတြပဲ

ပိုစ့္ေအာက္၌ ထိုသို႔မန္႔ရင္း ေဂ်ာင္ကုက page ၌တင္ထားသည့္ အခ်ိဳ႕ေသာပိုစ့္မ်ားကိုလိုက္လံၾကည့္႐ႈေနသည္ ။ ထိုအထဲမွ သူသေဘာက်သြားသည့္ ပိုစ့္မွာ သူတို႔ႏွစ္ေယာက္ဝတ္ဆင္ထားၾကသည့္ ဆင္တူလည္ဆြဲအေၾကာင္းေျပာထားသည့္ ပိုစ့္ျဖစ္သည္ ။

ပိုစ့္၌ ေျပာထားသည္က -

{ လည္ဆြဲရဲ႕နာမည္က အခ်စ္သံသရာမွာလည္ပတ္ေနတဲ့ေဝလငါးေတြ လို႔အမည္ရတယ္ ။ အဲ့ဒါက ေ႐ႊျဖဴနဲ႔ျပဳလုပ္ထားတာျဖစ္ၿပီး ခ်စ္သူေတြၾကားဆင္တူဝတ္ဆင္ၾကတဲ့ အထိန္းအမွတ္လည္ဆြဲျဖစ္တယ္ ။ ဟုတ္ကဲ့...ေျပာခ်င္တာကေတာ့ They became real ပါေနာ္ 😘 }

အႏွီလည္ဆြဲက သူငယ္ခ်င္းျဖစ္ၾကတဲ့အထိန္းအမွတ္အေနျဖင့္ ထယ္ေယာင္းေပးထားသည့္လည္ဆြဲျဖစ္သည္ ။ အျခားအရာမ်ားကို သိတိဝင္စားမႈနည္းပါးသည့္ ေဂ်ာင္ကုသည္လည္း ၎လည္ဆြဲ၏အဓိပၸာယ္ကို တစ္ခါမွ်မ႐ွာၾကည့္ခဲ့ဖူးေပ ။

အျဖဴေရာင္႐ွပ္အက်ႌေအာက္တြင္ ဖုန္းကြယ္ထားသည့္ လည္ဆြဲကို ေဂ်ာင္ကုထုတ္ယူ၍ ပြတ္ေနမိသည္ ။ ဒီလည္ဆြဲက လုံးဝကိုပထမဆုံးပဲ ။ (ထယ္ေယာင္းက သူ႕ကိုလက္ေဆာင္ေပးတာကိုေျပာခ်င္တာ)

ေက်ာင္းတက္ေခါင္းေလာင္းထိုးတာ အေတာ္တန္ၾကာၿပီျဖစ္ေသာ္လည္း အတန္းပိုင္ဆရာယူက စာသင္ခန္းသို႔ဝင္မလာေသးေခ် ။ ထို႔ေၾကာင့္ ေက်ာင္းသူ၊ေက်ာင္းသားအမ်ားစုသည္ စကားမ်ားလွ်င္မ်ား မဟုတ္လွ်င္ ဖုန္းကိုင္ေနၾကသူခ်ည္းသာ ။

ဖုန္းကလိေနၾကသူမ်ားထဲတြင္ ဟီဂ်င္ကတစ္ေယာက္အပါအဝင္ျဖစ္ၿပီး နံေဘးတြင္ထိုင္ေနသည့္ ဟီယူကေတာ့ မုန္႔ထုပ္မ်ားေဖာက္စားေနသည္ ။ ေဂ်ာင္ကုေရးလိုက္သည့္ ေကာမန္႔သည္ ဟီဂ်င္ဆီ၌ ႏိုတီတက္လာတာေၾကာင့္ သူမသည္ မယုံႏိုင္စြာျဖင့္ မ်က္လုံးကိုပြတ္လိုက္သည္ ။

“ မ်က္စိထဲအေကာင္ဝင္လို႔လား ? ”

ဟီယူကမုန္႔ႏိႈက္ေနရင္း ဟီဂ်င္ကိုေမးလာသည္ ။

“ မဟုတ္ဘူး...ငါပဲအျမင္မွားေနတာလားမသိဘူး ဒီကိုတစ္ခ်က္ၾကည့္ ”

ဟီဂ်င္က ဟီယူကို ေဂ်ာင္ကုမန္႔ထားသည့္ ေကာမန္႔ျပလိုက္သည္ ။ ႏွစ္ေယာက္သား ထိုေကာမန္႔ကိုအခ်ိန္အတန္ၾကာၾကည့္ၿပီးေနာက္ ထယ္ေယာင္းေနရာတြင္ ထိုင္ေနသည့္ ေဂ်ာင္ကုကို ၿပိဳင္တူလွည့္ၾကည့္လိုက္သည္ ။ ထူးဆန္းစြာျဖင့္ ေဂ်ာင္ကုက မ်က္မွန္တပ္ထားသည္ ။

“ သူလာေနာက္ေနတာေတာ့မဟုတ္ဘူးမလား ? ဒီေန႔မွ ထယ္ေယာင္းက ဘယ္ေရာက္ေနတာလဲဟ ”

“ အန္တီနဲ႔ပဲရစ္သြားလိုက္တယ္...ေနာက္ႏွစ္ရက္ေလာက္မွ ျပန္ေရာက္မယ္ထင္တယ္ ”

“ အမ္း...ဒါဆို ေသခ်ာေအာင္ ငါေဂ်ာင္ကုကိုသြားေမးၾကည့္ဦးမွ ”

ဟီယူက ထိုသို႔ဆို၍ ထိုင္ခုံမွထမည္အျပဳ ဆရာယူက အတန္းထဲသို႔ဝင္လာသည္ ။

“ ေက်ာင္းသူမြန္ဟီယူ...ဆရာ့ေနာက္ ခဏလိုက္ခဲ့ ”

႐ုတ္တရက္ဝင္လာၿပီး ဟီယူကိုလာေခၚသည့္ ဆရာယူ၏ပုံစံသည္ အလြန္ေလးနက္ေနတာေၾကာင့္ ဟီယူလည္း ေဂ်ာင္ကုကိုေမးမည့္အစီစဥ္ကိုျဖတ္ကာ ဆရာယူေနာက္လိုက္သြားသည္ ။ ဟီယူထြက္သြားၿပီးေနာက္ ဟီဂ်င္တစ္ေယာက္ထဲက်န္ခဲ့သည္ ။

သူမကေတာ့ ထိုင္ခုံကေနပင္မထပဲ ေဂ်ာင္ကုဆီသို႔စာပို႔၍ ေမးလိုက္သည္ ။

📨 : နင္နဲ႔ထယ္ေယာင္းနဲ႔က တစ္ကယ္တြဲေနၾကတာလား ?

ေဂ်ာင္ကုက မက္ေဆခ်္႕ဝင္လာသံကိုၾကားသည္ႏွင့္ ဖုန္းကိုအလ်င္အျမန္ဖြင့္လိုက္သည္ ။ သို႔ေသာ္ ဝင္လာသည့္စာက သူထင္သလို ထယ္ေယာင္းပို႔တာမဟုတ္ပဲ ဟီဂ်င္ပို႔တာျဖစ္ေနသည္ ။ ထို႔ေၾကာင့္ အနည္းငယ္စိတ္ပ်က္သြားေသာ္လည္း ဟီဂ်င္ေမးတာကိုေတာ့ေျဖလိုက္သည္ ။

📨 : ဟုတ္တယ္...ငါတို႔တြဲေနၾကၿပီ

ဟီဂ်င္က ခ်က္ခ်င္းစာျပန္လာသည္ ။

📨 : အံ့ပါ့ ဘယ္အခ်ိန္ကတည္းကတြဲေနၾကတာလဲ ?

📨 : ၿပီးခဲ့တဲ့ ေသာၾကာေန႔က

📨 : အိုး မၾကာေသးဘူးပဲ congratulations

📨 : ေက်းဇူးပဲ

📨 : စကားမစပ္ ဘာလို႔႐ုတ္တရက္ႀကီးမ်က္မွန္တပ္ထားတာလဲ...ၾကည့္ရတာ ေနသားကိုမက်ဘူး

📨 : အာ...ဒါလား ? ငါက ငါ့ခ်စ္သူေကာင္ေလးတစ္ေယာက္ထဲကိုပဲ ျမင္ခ်င္လို႔ သူ႕အတြက္ သီးသန္႔ေဘာင္ခတ္ထားတာ

၎ျပန္စာကိုရလိုက္သည့္ ဟီဂ်င္မွာေတာ့ သူမနားထင္ကိုပင္ ဖိလိုက္ေတာ့သည္ ။ ပထမဆုံးရည္းစားထားဖူးတဲ့သူေတြတိုင္းက အဲ့တိုင္းခ်ည္းပဲ ။

📨 : အင္းပါဟယ္...ဒါနဲ႔ ထယ္ေယာင္းက ပဲရစ္သြားလိုက္တာ နင္ဘာလို႔မလိုက္သြားလဲ ?

📨 : ဒီအတြက္ စိတ္မပူပါနဲ႔...ငါက ငါ့အခ်စ္ေတြကို တစ္ကမ႓ာလုံးဆီျဖန္႔က်က္ထားတာ...ဒါေၾကာင့္ ငါ့ကေလးေလးက ဘယ္ကိုပဲေရာက္ေရာက္ ငါ့အခ်စ္ေတြနဲ႔အၿမဲေႏြးေထြးေနမွာ

ေဂ်ာင္ကုထိုစာပို႔ၿပီးေနာက္ ဟီဂ်င္၏ဘေလာ့ျခင္းကိုခံလိုက္ရေတာ့သည္ ။ ရည္းစားမ႐ွိတဲ့လူေတြက အတြဲေတြကို ၾကည့္မရဘူးဆိုတာ တကယ္ပဲ ။

----------------------------

ဟီယူသည္ ဆရာယူႏွင့္အတူ ေက်ာင္းအုပ္႐ုံးခန္းသို႔ဝင္သြားၿပီးေနာက္ သူမအတန္ၾကာမေတြ႕ရသည့္ သူမအေဖကိုေတြ႕လိုက္ရသည္ ။

“ ေဖေဖ ? ဒီကိုဘယ္လိုေရာက္လာတာလဲ ? ”

ယြန္းဟာေယာင္း၏ကာကြယ္ေပးမႈေအာက္တြင္ လွလွပပ႐ွင္သန္ေနသည့္ သမီးျဖစ္သူကိုၾကည့္ရင္း ၿမိဳ႕ေတာ္ဝန္သည္ ႏွလုံးပင္တစ္ဆစ္ဆစ္နာလာသည္ ။ ၿမိဳ႕‌ေတာ္ဝန္မိသားစု၏ တစ္ဦးတည္းေသာ ႐ွားပါးအိုမီဂါေလးျဖစ္သည့္ ဟီယူသည္ နာမည္ဂုဏ္ပုဒ္ႏွင့္လိုက္ေအာင္ ျပဳစုယုယခံသူျဖစ္သည္ ။

ထို႔ေၾကာင့္ ၿမိဳ႕ေတာ္ဝန္သည္ ခ်စ္လွစြာေသာသမီးေလးအား ပိုးေမႊးသကဲ့သို႔ေမႊးရင္း ႏိုင္ငံျခားတြင္သာ ပညာသင္ၾကားေစခဲ့သည္ ။ သို႔ေသာ္ မလိမ္းမိုးမလိမ္မာ သမီးငယ္သည္ ေၾကးစားလုပ္ငန္းလုပ္ကိုင္သည့္ ျခေသၤ့နက္၏ေခါင္းေဆာင္ ယြန္းဟာေယာင္းႏွင့္ ေတာင္ကိုးရီးယားသို႔ လိုက္ေျပးသြားသည္ ။

၎အျဖစ္က ၿမိဳ႕ေတာ္ဝန္ကို အေတာ္ေလးေၾကကြဲေစခဲ့ၿပီး သမီးငယ္ကိုလည္း အေတာ္ေလးေဒါသထြက္ခဲ့သည္ ။ ယြန္းဟာေယာင္းကိုယ္တိုင္က အေတာ္ေလးသတိ႐ွိသူျဖစ္တာေၾကာင့္ ၿမိဳ႕ေတာ္ဝန္သည္ သမီးျဖစ္သူကို႐ွာရန္ အေတာ္ေလးႀကိဳးပမ္းလိုက္ရသည္ ။ ထင္မွတ္မထားစြာျဖင့္ သမီးျဖစ္သူက ယြန္းဟာေယာင္းနံေဘး၌သာ အၿမဲ႐ွိေနခဲ့သည္တဲ့ေလ ။ ေဝးေဝးလံလံလိုက္႐ွာမိတာ မွားတာပဲ ။

စိုက္ခင္းထဲက မုန္လာထုပ္ေလး ဝက္တစ္ေကာင္၏အလစ္သုတ္ျခင္းကိုခံရၿပီးေနာက္ ၿမိဳ႕ေတာ္ဝန္သည္ ေနစဥ္ရက္မ်ားစြာ ရမၼကာမ်ားေသာက္သုံးေနတာေၾကာင့္ နဂိုထက္ ေဖာေနသည္ ။

ဟီယူက အေတာ္ေလးေျပာင္းလဲသြားသည့္ သူမအေဖကိုၾကည့္ရင္း အံ့ဩလို႔ေနသည္ ။ ယခင္က တည္တည္ၾကည္ၾကည္ႏွင့္ ခန္႔ညားလွသည့္ ၿမိဳ႕ေတာ္ဝန္က ယခုေတာ့ျဖင့္ ဘီယာစြဲ‌ေနသည့္လူလို ေဖာေနသည္ေလး ။

ၿမိဳ႕ေတာ္ဝန္က သမီးျဖစ္သူကိုျမင္သည္ႏွင့္ ထိုင္ရာမွထလာၿပီး ဟီယူ၏ေခါင္းေလးကို ပုတ္ကာ ေခ်ာ့ေျပာသည္ ။

“ သမီး...ေဖေဖနဲ႔ျပန္လိုက္ခဲ့ ”

ယြန္းဟာေယာင္း၏အမွတ္အသားျပဳျခင္းကိုခံထားရသည့္ ဟီယူက အႏွီစကားကို ခ်က္ခ်င္းျငင္းပယ္သည္ ။

“ ဟင့္အင္း...မလိုက္ဘူး...ေဖေဖက သမီးတို႔ႏွစ္ေယာက္ကို ခြဲမွာ ”

“ မခြဲပါဘူး...သမီးေမေမက သမီးကိုအရမ္းသတိရလို႔ အိပ္ရာထဲေတာင္ လွဲေနရၿပီ...ေဖေဖနဲ႔ ျပန္လိုက္ၿပီး သမီးေမေမကို လိုက္ေတြ႕ပါဦး ”

ေမေမဟူေသာအသံၾကားသည္ႏွင့္ ဟီယူခ်က္ခ်င္းၿငိမ္က်သြားသည္ ။ နဂိုကတည္းက က်န္းမာေရးမေကာင္းသည့္ ၿမိဳ႕ေတာ္ဝန္ကေတာ္သည္ သမီးစိတ္ျဖင့္အိပ္ရာထဲလွဲေနရသည္ကို ေတြးၾကည့္လိုက္လွ်င္ ဟီယူမ်က္ရည္ဝဲခ်င္လာသည္ ။

“ ဒုတိယ ေဖေဖကတိေပးရမယ္...သမီးနဲ႔မမကို လုံးဝမခြဲပါဘူးလို႔ ”

“ ေဖေဖကတိေပးတယ္ ”

ထို႔ေနာက္ ဟီယူသည္ ကိုယ္ရံေတာ္မ်ားကို စာသင္ခန္းထဲ႐ွိ သူမ၏ေက်ာပိုးအိတ္ကို သြားယူေစၿပီး အေဖျဖစ္သူႏွင့္အတူ အိမ္ေတာ္သို႔လိုက္ျပန္ခဲ့ေတာ့သည္ ။ အိမ္ျပန္လမ္းတြင္ ယြန္းဟာေယာင္းကို စာပို႔ရန္လည္းမေမ့ ။ သူမအေနျဖင့္ သူမျပဳလုပ္သည့္အရာတိုင္း ယြန္းဟာေယာင္းကိုေျပာျပတတ္သည္မွာ အက်င့္ပင္ျဖစ္ေနေခ်ၿပီ ။

----------------------------

ပဲရစ္၌႐ွိေနသည့္ ထယ္ေယာင္းသည္ ယခုရက္ပိုင္းတြင္ နာမည္အေတာ္ႀကီးသည့္ ျပင္သစ္ေမာ္ဒယ္ Silvan ႏွင့္အတူ ဓာတ္ပုံတြဲ႐ိုက္ရသည္ ။ Silvan ကအရပ္ခုနစ္ေပနီးပါး႐ွိၿပီး အသားေဖြးတာေၾကာင့္ K group ၏ အထူးခ်ဳပ္လုပ္ထားသည့္ Long coat မ်ားႏွင့္ အလြန္လိုက္ဖက္သည္ ။

ေဆာင္းရာသီ collections အတြက္ outdoor scene မ်ား႐ိုက္သည္ျဖစ္တာေၾကာင့္ ပဲရစ္၏ေနရာအေတာ္‌မ်ားမ်ားကို သူတို႔ေရာက္ခဲ့ၾကသည္ ။

Tony က ဓါတ္ပုံကင္မရာ၏ ႐ႈေထာင့္မ်ားကို ေသခ်ာခ်ိန္တတ္ၿပီး Silvan ကလည္း လမ္းၫႊန္ေပးတာေၾကာင့္ ေမာ္ဒယ္သင္တန္းမတက္ဖူးသည့္တိုင္ ထယ္ေယာင္း၏ပုံထြက္တို႔သည္ အလြန္ပင္ေကာင္းလွသည္ ။

ႏွစ္ရက္ဆက္တိုက္ အလုပ္ႀကိဳးစားၿပီးေနာက္တြင္ ဗုဒၶဟူးေန႔၌ ေတာင္ကိုရီးယားသို႔ျပန္ရန္ အဆင္ျဖစ္ေနၿပီျဖစ္သည္ ။ ေဂ်ာင္ကုႏွင့္ ခြဲရသည္မွာ သုံးရက္တင္းတင္း႐ွိေနၿပီျဖစ္ေၾကာင့္ ထယ္ေယာင္းသည္ ေဂ်ာင္ကုႏွင့္ေတြ႕ရန္ မေစာင့္ႏိုင္ေတာ့ေပ ။

ထို႔ေၾကာင့္ ထယ္ေယာင္းသည္ သူျပန္လာေတာ့မည့္အေၾကာင္း ေဂ်ာင္ကုကို စာပို႔လိုက္ၿပီး ေဂ်ာင္ကုကလည္း သူကိုယ္တိုင္လာႀကိဳမည္ဟု ျပန္ေျပာလာသည္ ။ တိုက္ဆိုင္စြာပင္ ထယ္ေယာင္း၏ေလယာဥ္ ဆိုက္ကပ္မည့္အခ်ိန္သည္ ေက်ာင္းဆင္းခ်ိန္ႏွင့္ ကြက္တိပင္ျဖစ္သည္ ။





ျပဇာတ္ငယ္ေလး :

ေဂ်ာင္ကု - အခ်စ္ေတြကို တစ္ကမ႓ာလုံးဆီျဖန္႔က်က္ထားတယ္...ဒါမွ ကေလးေလးက ဘယ္ေနရာပဲေရာက္ေရာက္ ကိုကို႔အခ်စ္ေတြနဲ႔ ေႏြးေထြးေနမွာ

ထယ္ေယာင္း - တစ္ကမ႓ာလုံးကိုအခ်စ္‌ေတြ ျဖန္႔က်က္ထားတယ္ဆိုေတာ့ ငါမ႐ွိတဲ့ေနရာေတြကိုလည္း အခ်စ္ေတြပို႔ထားတယ္ေပါ့ေလ

ေဂ်ာင္ကု - ရစ္တတ္လိုက္တာ ကေလးေလးရာ ಥ‿ಥ

----------------------------

ျခံထဲက မုန္လာထုပ္ေလးကို ဝက္တစ္ေကာင္အလစ္သုတ္သြားတယ္ဆိုတာကို သိၾကမယ္ထင္တာပဲရယ္...အဓိပၸာယ္က ကိုယ္ကျပဳစုပ်ိဳးေထာင္ထားတဲ့ အဖိုးတန္သား၊သမီးေလးက တစ္ခ်ိန္ခ်ိန္ အိမ္ေထာင္က်သြားတဲ့အခါ မိဘေတြရဲ႕ ပူေဆြးမႈကိုေဖာ္ျပတဲ့ ဗန္းစကားပါ ။

Plz! Vote, Feedback and follow me 🎐

Continue Reading

You'll Also Like

50.5K 5K 28
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
36.2K 2.6K 17
ခုဖန်တီးထားသော ဝတ္ထုသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးထားသော ဝတ္ထုဖြစ်ပါသည်။ Taekook
586K 101K 91
මා දන්නා ප්‍රේමනීයම යක්ශපරානය අග්නි!!
1.3M 123K 52
"မောင့်ကို ဘယ်တုန်းကမှလည်းမုန်းမရခဲ့သလို ထပ်ပီးလည်းမချစ်နိုင်တော့ဘူး" Big Drama ... Drama ကြိုက်မှဖတ်ပါ ။ ဘယ်လို ending ပဲဖြစ်ဖြစ်လက်ခံနိုင်တယ်ဆိုမှဖ...