Compatible Pheromones |TK|✓

By xinyin_wangqi

178K 18.5K 1.8K

မုန်းတီးခြင်းဟုယူဆသော်ငြား... လျစ်လျူရှုမှုတို့ကမစွမ်းသာ... မျှောလွှင့်နေတဲ့ တိမ်လေးတွေလို... ခံစားချက်တွေဟာလ... More

Story Prologue
Chapter 1 ( Vol 1 )
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Omegaverse
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
သုံးသပ်မေးခွန်း (၂၀)
Chapter 26 (Vol 2)
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 38(Vol 3)
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45 (Final)
Special Episode
Hello
Extra 1
Extra -2

Chapter 37

2.6K 340 31
By xinyin_wangqi

(Unicode)

နေ့ရက်တို့သည် လျှင်မြန်စွာကုန်ဆုံးသွားပြီးနောက် ဆောင်းရာသီအားကစားပွဲသို့ရောက်လာသည် ။ ထိုနေ့တွင် ရှင်းဟွာကျောင်းတစ်ခုလုံးသည် သက်ဝင်လှုပ်ရှားနေပြီး အားပေးသံတစ်ညံညံတို့ကလည်းထွက်ပေါ်နေသည် ။

အပြေးအားကစားဝတ်စုံကိုဝတ်ထားသည့် ဂျောင်ကုသည် အင်္ကျီပေါ်တွင် နံပါတ်စာရွက်ကိုကပ်ထားပြီး ခုံတန်းရှည်ပေါ်တွင်ထိုင်နေသည် ။

“ မင်းအကြောတွေလျှော့ထားသင့်တယ် ဂျောင်ကု ”

ထယ်ယောင်းက ရေသန့်ဗူးကဒ်ကိုဘေးခုံတွင်ချလိုက်ရင်း ဂျောင်ကုကိုပြောလိုက်သည် ။

“ အင်း...မင်းငါ့ကိုအားပေးနေမှာမလား ? ”

“ သေချာတာပေါ့...မင်းကငါတို့အတန်းရဲ့ကိုယ်စားပြုဝင်ပြိုင်တာပဲလေ ”

ထယ်ယောင်းက ဂျောင်ကုဘေးတွင်ထိုင်လိုက်သည် ။ ပြီးနောက် ရေသန့်ဗူးကဒ်ဆီမှ ရေသန့်တစ်ဗူးကိုယူလိုက်ကာ ဂျောင်ကုကိုပြလိုက်ပြီး

“ ငါကအားပေးနေရုံတင်မကဘူး...မင်းအတွက် ရေပါအဆင်သင့်ကိုင်ထားပေးမှာ ”

ဂျောင်ကုစိတ်ထဲတွင် ကြိတ်ပျော်သွားတာကြောင့် မနေနိုင်စွာပင် ပြုံးမိသည် ။ ထယ်ယောင်းကလည်း ဂျောင်ကုနည်းတူပြုံးလိုက်ကာ ဂျောင်ကုကို အကြောသွားလျှော့ထားရန်ပြောတော့သည် ။

“ မင်းသွားသင့်ပြီ...ခဏနေ မင်းတို့အပြေးပြိုင်မဲ့သူတွေအလှည့်ရောက်တော့မှာ ”

“ ဟုတ်ပါပြီ...ဒါပေမဲ့ ငါမသွားခင် ငါ့ကိုအားပေးတာတစ်ခုခုမလုပ်ချင်ဘူးလား ? ”

“ အမ်...ငါကဘာလုပ်ရမှာလဲ ? ”

“ ဥပမာ...ငါ့ကိုစိတ်လှုပ်ရှာစေမဲ့ အပြုအမူလေးတစ်ခုပေါ့ ”

“ စိတ်လှုပ်ရှားစေမဲ့အပြုအမူ ? ”

“ အင်း...မင်းသာငါ့ကိုစိတ်လှုပ်ရှားစေမယ်ဆိုရင် ငါဒီပြိုင်ပွဲမှာ အနိုင်ရမဲ့ပုံပဲ ”

ထယ်ယောင်း တစ်ချက်စဉ်းစားလိုက်ပြီးနောက် ပြုံးလိုက်ကာ

“ ဒါဆို...ငါမင်းကို heart sign လေးလုပ်ပြမယ်ဆိုရင်ရော ”

ထိုသို့ဆို၍ ထယ်ယောင်းက ဂျောင်ကုကိုလက်နှစ်ဖက်သုံး၍ အသံပုံ sign လေးထောင်ပြလိုက်သည် ။ မထင်ထားသည့်အပြုအမူဖြစ်တာကြောင့် ဂျောင်ကု၏ရင်ခုန်သံတို့သည် ဝုန်းဒိုင်းကြဲလျက် ။

“ ငါ ငါ...ဟာ...တစ်ကယ်ပါပဲကွာ မင်းတော့ငါ့ကို သေအောင်သတ်နေတော့တာပဲ ”

ဂျောင်ကုက အကူညီမဲ့စွာဖြင့် နဖူးကိုအုပ်ကိုင်လိုက်ပြီး ထယ်ယောင်းကိုပြောလာသည် ။ ထယ်ယောင်းကလည်း တစ်သက်နဲ့တစ်ကိုယ်တွင် မည်သူကိုမှမလုပ်ပြဖူးသည့် အပြုအမူဖြစ်တာကြောင့် ရှက်နေပြီး ဂျောင်ကုကိုအဝေးသို့တွန်းလွှတ်တော့သည် ။

“ မင်းမြန်မြန်သွားတော့...မင်းပြောတဲ့အတိုင်း ငါလုပ်ပြပြီးပြီးပဲ ”

နှစ်ယောက်လုံးက တူညီစွာအနေခက်နေတာကြောင့် ဂျောင်ကုသည် ဒီတစ်ခါတော့ဖြင့် ထယ်ယောင်းကိုဆက်မစတော့ပဲ အကြောလျှော့ရန် အပြေးကွင်းအနီးသို့သွားလိုက်သည် ။ ထယ်ယောင်းကတော့ စိတ်လိုက်မာန်ပါပြုမိသည့် သူ့အပြုအမူသူရှက်မိတာကြောင့် ဂျောင်ကုအတွက်ဟုဆို၍ ထုတ်ယူထားသည့်ရေဗူးအား ဖောက်သောက်လိုက်သည် ။

သူတို့နှစ်ဦးကြားက အပြုအမူသည် လူမြင်ကွင်း၌ဖြစ်ပျက်သွားသည်ဖြစ်တာကြောင့် တိကျစွာပင် ဘေးပတ်ဝန်းကျင်မှသူများသည် ထယ်ယောင်းကဂျောင်ကုအား heart sign လုပ်ပြသည်ကိုမြင်သွားကြသည် ။

ထယ်ယောင်း၏ ဂျောင်ကုအပေါ် ထိတ်လန့်ဖွယ်ကောင်းလှသည့် အပြုအမူအား မြင်တွေ့သွားသည့် ကျောင်းသူအချို့သည် ကျောင်းဖိုရမ်ပေါ်တွင် ပြေးလွှား၍ သူတို့၏ခံစားချက်အား ပေါက်ထွက်ပြတော့သည် ။

အာသာပူစီချိုချိုလေး : ငါပြောရင်နင်တို့ယုံနိုင်မှာတောင်မဟုတ်ဘူး...ငါအခုအားကစားကွင်းရဲ့ခုံတန်းရှည်မှာထိုင်နေတာ...ထယ်ယောင်းရဲ့နေရာနဲ့နည်းနည်းလေးပဲလှမ်းတာ...အဲ့မှာလေ ထိတ်လန့်ဖို့ကောင်းတဲ့ဖြစ်စဉ်တစ်ခုကိုမြင်လိုက်ရတယ်...ထယ်ယောင်းကလေ ဂျောင်ကုကို heart sign လေးပေးလိုက်တယ် TT

အားကစားပွဲကျင်းပနေချိန်ဖြစ်တာကြောင့် ၎င်းပိုစ့်က လာဂယက်ထမည့်သူ နတ္တိနှင့် ။ သို့သော် ပိုစ့်တင်သည့်ကျောင်းသူကတော့ သူမပိုစ့်အောက်တွင် တုံ့ပြန်သူမရှိသော်လည်း ပျော်ရွှင်နေဆဲပင် ။ ထယ်ယောင်းနှင့်ဂျောင်ကုတို့ကို အဆုံးစွန်ဆုံး support ပေးမည့် ဟီယူနှင့်ဟီဂျင်က ရမှတ်စာရင်းများမှတ်နေတာကြောင့် အခြားအရာများကို အာရုံစိုက်ရန် အားလပ်မနေချေ ။

ဂျောင်ကုတို့အပြေးပြိုင်ခါနီးတွင် ထယ်ယောင်းသည် သူသောက်မိထားသည့်ရေဗူးကိုကိုင်လျက် အပြေးပြိုင်ကွင်း၏ ပန်းဝင်နေရာအနီးသို့သွားလိုက်သည် ။ သေနတ်သံတစ်ချက်ဖောက်လိုက်သည်နှင့် တာထွက်မှ အပြေးသမားများသည် လှောင်အိမ်မှလွတ်ထွက်လာသည့် ဝံပုလွေများကဲ့သို့ တဟုန်တိုးပြေးထွက်လာကြသည် ။

ဂျောင်ကုပြေးတာအတော်မြန်သည် ။ မြန်လွန်းတာကြောင့် ပြိုင်ပွဲကိုကြည့်နေသူများသည် ဂျောင်ကုကို လှစ်ခနဲသာမြင်ရသည် ။ ထယ်ယောင်းက စိတ်လှုပ်ရှားစွာဖြင့် လက်ထဲမှရေဗူးအား ဖျစ်ညစ်၍ဂျောင်ကုကိုကြည့်နေစဉ် သူ့ဘေးနားသို့ အိုမီဂါကောင်လေးတစ်ယောက်ကပ်လာသည် ။

ထိုကောင်လေးက အားဖြည့်အချိုရည်တစ်ဗူးကိုကိုင်ထားပြီး ထယ်ယောင်းကိုကြည့်၍ပြုံးပြလာသည် ။ ထယ်ယောင်းက အနှီအိုမီဂါကောင်လေးကိုမသိသော်ငြား မကောင်းတတ်တာကြောင့်ပြန်ပြုံးပြလိုပြီး ထိုသူနှင့်ဝေးရာသို့ နှစ်လှမ်းမျှလှမ်းလိုက်သည် ။ အဘယ်ကြောင့်ဆိုသော် ၎င်းအိုမီဂါထံ၌ သိုဝှက်မထားသည့် အိုမီဂါဖယ်ရိုမုန်းရနံ့များရနေသောကြောင့်ပင် ။

မိနစ်အနည်းငယ်အတွင်းမှာပင် ဂျောင်ကုသည် တားထားသည့်ကြိုးကိုဖြတ်၍ ပန်းဝင်လာခဲ့သည် ။ ထင်ထားသလိုပင် ဂျောင်ကုအနိုင်ရသည် ။ ဘေးပတ်ဝန်းကျင်မှ လူအုပ်၏ ကျယ်လောင်လှသည့် အားပေးသံအကြားတွင် ဂျောင်ကုသည် ခပ်မိုက်မိုက်အပြုံးတစ်ခုကို ချိတ်ဆွဲထားရင်း ထယ်ယောင်းရှိရာသို့ လျှောက်လာသည် ။

ထယ်ယောင်းက အခြားသူများကဲ့သို့ အော်ဟစ်မနေသော်လည်း မျက်ဝန်းထဲတွင်တော့ ဂျောင်ကုအားဂုဏ်ယူနေမှုက ယိုဖိတ်လျက် ။

“ စီနီယာကအရမ်းတော်တာပဲ...အားဖြည့်အချိုရည်လေးသောက်ပါဦး ”

ဂျောင်ကု၏ပင်ကိုယ်သဘောထားကြောင့် ဂျောင်ကုကိုသဘောကျသော်လည်း လိုက်ဖို့ရန်မဝံ့ရဲသည့် အိုမီဂါအများအပြားရှိသည် ။ အထူးသဖြင့် ယခုတလောတွင် နာမည်ကြီးနေသည့် ထယ်ယောင်းနှင့်ဂျောင်ကုတို့ကြားက ဆက်ဆံရေးကြောင့် အိုမီဂါအများစုသည် ထယ်ယောင်းရှိနေသည့်နေရာတွင် ဂျောင်ကုအား ပေါ်တင်ကြူးဖို့ရန်မဝံ့ရဲကြပေ ။ သို့သော် သည်အိုမီဂါကတော့ ထယ်ယောင်းရှေ့၌ပင် ဂျောင်ကုအားဖျားယောင်းနေသည် ။

ပွဲကြည့်ပရိတ်သတ်နေရာမှ ကျောင်းသူ၊ကျောင်းသားတို့သည် ၎င်းအဖြစ်ကြောင့် ရဲတင်းလှသည့်အိုမီဂါအား အံ့ဩစွာကြည့်လိုက်သည် ။ ဂျောင်ကုနှင့်ထယ်ယောင်းကလည်း သူတို့ကြားဖြတ်ဝင်လာသည့် အိုမီဂါလေးကို မျက်ခုံးပင့်၍ ကြည့်လိုက်သည် ။ ခပ်ဖျော့ဖျော့ထုတ်လွှင့်နေသည့် အိုမီဂါဖယ်ရိုမုန်းရနံ့ကြောင့် ဂျောင်ကုသည် မခံနိုင်စွာနှာခေါင်းရှုံ့လိုက်ပြီး ထိုအိုမီဂါကိုလျစ်လျူရှုကာ ထယ်ယောင်းအနားသို့သွားလိုက်သည်  ။

ထိုမှသာ အိုမီဂါဖယ်ရိုမုန်းရနံ့ကြောင့် ရုတ်တရက်နာကျင်လာသည့် ရနံ့ဂလင်းက ပြေလျော့သွားသည် ။ ဂျောင်ကုက ထယ်ယောင်းကိုင်ထားသည့် သောက်ပြီးသားရေဗူးကိုဆွဲယူလိုက်ပြီး အိုမီဂါ‌လေးကို ဦးတည်၍ပြောလိုက်သည် ။

“ ငါက ထယ်ယောင်းပေးတာကလွှဲရင် ဘယ်သူပေးပေးမယူဘူး ”

ထို့နောက် ဂျောင်ကုသည် ရေဗူးနှုတ်ခမ်းကိုထိ၍ ရေမော့သောက်သည် ။ အနှီရေဗူးက ထယ်ယောင်းကိုယ်တိုင် မော့သောက်ထားသည်ဖြစ်တာကြောင့် ဂျောင်ကုကလည်း ရေဗူးနှုတ်ခမ်းကိုထိ၍ သောက်လိုက်သည့်အခါ၌ မမျှော်လင့်စွာပင် သွယ်ဝိုက်အနမ်းတစ်ခုဖြစ်လာသည် ။

ဂျောင်ကုအပြုအမူကြောင့် ထယ်ယောင်းနှင့်ကြည့်နေသည့် လူတစ်စုမှာ မှင်သက်လျက် ။ အိုမီဂါကောင်လေးမှာတော့ ၎င်းအဖြစ်အပျက်ကိုကြည့်ရင်း ထိုနေရာမှလျင်မြန်စွာထွက်သွားတော့သည် ။

“ မင်းပေးတဲ့အားတွေကြောင့်ထင်တယ်...ဒီတစ်ခေါက်ပြေးတာ အရမ်းကိုမြန်တယ် ”

ဂျောင်ကုက ရေဗူးအဖုံးပိတ်ရင်း ထယ်ယောင်းကိုကြည့်၍ ပြောလိုက်သည် ။ ထယ်ယောင်းကလည်း ပြိုင်ပွဲမစခင်က သူလုပ်ပြထားသည့် heart sign ကိုသတိရသွားပြီး မျက်နှာပူစွာတစ်ဖက်သို့လှည့်လိုက်သည် ။

“ အဲ့အကြောင်းကိုထပ်မပြောစမ်းနဲ့...ငါမင်းကို စချင်လို့လုပ်လိုက်တာ ”

“ ဪ...အဲ့လိုလား ? မင်းငါ့နောက်ခဏလိုက်ခဲ့ ”

ဂျောင်ကုကထိုသို့ပြောကာ ရေဗူးကိုကိုင်၍ရှေ့မှထွက်သွားသည် ။ ထယ်ယောင်းကတော့ လက်ပိုက်လိုက်ရင်း ဂျောင်ကုနောက်သို့ဖြည်းညင်းစွာလိုက်သွားသည် ။ အားကစားကွင်းမှထွက်လာကြပြီးနောက်တွင် ဂျောင်ကုသည် နှေးတိနှေးကန်လိုက်လာနေသည့် ထယ်ယောင်း၏လက်ကိုာစိတ်မရှည်စွာဆွဲခေါ်လိုက်ပြီး လှေကားများရှိရာဖက်သို့ဆွဲခေါ်သွားသည် ။

အားကစားပွဲရှိနေတာကြောင့် လှေကားပတ်ဝန်းကျင်တွင် လူရှင်းနေသည် ။ ဂျောင်ကုက ထယ်ယောင်းလက်ဆွဲ၍ ဒုတိယထပ်သို့တက်သည့် လှေကားနေရာသို့ဆွဲခေါ်သွားပြီး ထယ်ယောင်းကို နံရံဖက်သို့ကပ်လိုက်သည် ။

“ ကင်မ်ထယ်ယောင်း...မင်းတော်တော်တုံးပါလား ? ”

အရင်းမရှိအဖျားမရှိဆိုလာသည့် ဂျောင်ကုစကားကြောင့် ထယ်ယောင်းကြောင်,အသွားသည် ။

“ ငါက ဘယ်တုန်းကလဲ ? ”

“ ခဏကလေ...အိုမီဂါတစ်ယောက်လုံးကို မင်းရှေ့မှာ ငါ့ကိုပရောပရည်လုပ်ချင်နေတာ...မင်းကဒီတိုင်းရပ်ကြည့်နေရသလား ? ”

“ သူက မင်းကိုသဘောကျနေလို့ အဲ့လိုလုပ်တာနေမှာပေါ့...ငါနဲ့ကဘာဆိုင်လို့လဲ ? ”

ဒီတစ်ခါတော့ ဆွံ့အရသူမှာ ဂျောင်ကုဖြစ်သည် ။ ယခုချိန်တွင် ထယ်ယောင်းနှင့်သူနှင့်က သူငယ်ချင်းအဆင့်တွင်သာရှိသေးတာကြောင့် အဆင့်ကျော်၍သဝန်တိုလို့မရဖြစ်နေသည် ။ ထို့ကြောင့် ဂျောင်ကုလည်း စိတ်ပျက်စွာနောက်ဆုတ်သွားကာ ထယ်ယောင်းကိုတောင်းပန်လိုက်သည် ။

“ ဆောရီး...ငါ ငါအဆင့်ကျော်လွန်းသွားတယ် ”

မည်သည့်အရာတွင်မဆို စိတ်လိုက်မာန်ပါလုပ်တတ်လွန်းသည့် ဂျောင်ကုသည် ယခုအခါ၌ တွန့်ဆုတ်လွန်းနေသည်ကို မြင်ရသောအခါ ထယ်ယောင်းစိတ်မရှည်ဖြစ်လာသည် ။ ကုန်လွန်ခဲ့သညမ့ရက်အနည်းငယ်က ဂျောင်ကုသည် သူ့၌သဘောကျရသူရှိနေပြီဟု ထယ်ယောင်းကိုပြောလာသော်လည်း ထယ်ယောင်းလေ့လာကြည့်ရသလောက် ဂျောင်ကုသည် သူမှလွှဲ၍ အခြားသူများနှင့် နီးကပ်လွန်းစွာမနေပေ ။

ထယ်ယောင်းက တုံးအလွန်းနေသည်မဟုတ်တာကြောင့် ဂျောင်ကု၏သူ့အပေါ်သဘောထားအား ခပ်ရေးရေးသဘောပေါက်လိုက်၍ ပျော်ရွှင်မိကာ ငြိမ်နေသော်လည်း ယခုတော့ဖြင့် စိတ်မရှည်တော့ပါချေ ။ ထို့ကြောင့် ထယ်ယောင်းက သူ့ဖက်ကပင် ခြေလှမ်းစမည်ဟုဆုံးဖြတ်လိုက်ကာ မျက်နှာလွှဲထားသည့် ဂျောင်ကုကို သူ့ဖက်သို့ပြန်ဆွဲလှည့်လိုက်ပြီး ဂျောင်ကုနှုတ်ခမ်းပေါ်သို့ ခပ်ဖွဖွအနမ်းပေးလိုက်သည် ။

“ အရူး...မင်းဘာတွေတွေးနေရလဲ ? ငါကမင်းဖက်က ခြေလှမ်းစဖို့မျှော်လင့်ထားတာ...အခုတော့ မင်းနှေးပုံမျိုးနဲ့ ငါ့ဖက်ကပဲစရတာပေါ့...ငါမင်းကို သဘောကျတယ် ဂျောင်ကု ”

အဖြစ်အပျက်တို့က မြန်ဆန်လွန်းတာကြောင့် ဂျောင်ကု၏အသိစိတ်တို့မှာ ဝေခွဲမရဖြစ်နေဆဲ ။ အခု ထယ်ယောင်းက သူ့ကိုနမ်း၍ သဘောကျသည်ဟု ပြောသည်တဲ့လား ။ ဂျောင်ကုက မယုံကြည်နိုင်သေးသည့် ပုံစံဖြင့် ရပ်တန့်နေတာကြောင့် ထယ်ယောင်းက ဂျောင်ကုကိုတွန်းထုတ်လိုက်ကာ ထွက်သွားမည်ပြုသည် ။

“ ထားလိုက်တော့...စောစော‌ကလည်း ငါမင်းကိုဘာမှမပြောခဲ့ဘူးပဲသဘောထားလိုက် ”

စိတ်မရှည်သူ့လူစားထဲတွင် ထယ်ယောင်းပါသည် ။ ကိုယ့်ဖက်ကစသည့် အခြေအနေတစ်ခုအား တစ်ဖက်ကတုံ့ပြန်မှုနှေးကွေးသည်ကို ထယ်ယောင်းမကြိုက် ။ ထိုးလှည့်ထွက်သွားမှသာ ဂျောင်ကုက မှင်သက်နေရာမှ နိုးထလာပြီး ထယ်ယောင်း၏လက်ကိုဆွဲကိုင်၍ အနားသို့ဆွဲခေါ်လိုက်သည် ။

“ ကိုယ့်စကားကိုယ်တာဝန်မယူပဲ ဘယ်ကိုထွက်သွားချင်နေတာလဲ ? ငါတောင် မင်းကိုဘာမှမပြောရသေးဘူးလေ ”

“ တုံ့ပြန်မှုနှေးတာမျိုးတွေ မကြိုက်ဘူး...အဲ့ဒါက မင်းဖြစ်နေရင်တောင်မှပေါ့ ”

“ မယုံကြည်နိုင်လောက်အောင် ပျော်မိသွားလို့ ခဏစိတ်လွှင့်မိသွားတာပါ...တစ်မျိုးမထင်ပါနဲ့ ”

“ ဒါဆို မင်းရဲ့အဖြေကဘာလဲ ? ”

ထယ်ယောင်းနှင့်ဂျောင်ကုတို့နှစ်ယောက်သည် နီးကပ်စွာရှိနေပြီး တစ်ဦးကိုယ်တစ်ဦး မျက်တောင်မခပ်တမ်းကြည့်နေကြသည် ။ ငါးစက္ကန့်မျှကြာအခါ ဂျောင်ကုကမနေနိုင်စွာဖြင့် ထယ်ယောင်း၏နှုတ်ခမ်းလေးအား စုပ်ယူလိုက်သည် ။ သည်တစ်ခေါက်အနမ်းသည် ပထမတစ်ခေါက်တုန်းကထက် ပို၍မွတ်သိပ်သည် ။ ပြင်းရှ၍ ရမ္မက်ထန်သည် ။

တစ်ယောက်နှင့်တစ်ယောက် အရှုံးမပေးတမ်းအနမ်းစစ်ပွဲဆင်နွှဲပြီးသည့်အခါ၌ အသက်ရှုရန် နှုတ်ခမ်းချင်းခွာလိုက်ကြသည် ။ အနမ်းက အချိန်တစ်ခုကြာမြင့်တာကြောင့် အတွေ့အကြုံမရှိသေးသည့်နှစ်ယောက်လုံးသည် မောဟိုက်လျက် ။

ထို့နောက် ဂျောင်ကုသည် ထယ်ယောင်း၏ မျက်ဝန်းတည့်တည့်သို့ကြည့်၍ နူးညံ့စွာဆိုသည် ။

“ ငါလည်း မင်းကိုသဘောကျတယ် ”

Volume-2(End)



ပြဇာတ်ငယ်လေး :

ဂျောင်ကု - အားမရှိတော့ဘူးကွာ...ဘာမှမလုပ်ချင်တော့ဘူး

ထယ်ယောင်း - အနမ်းလေးပေးမယ် ဒီကိုလာ

ဂျောင်ကု - ငါဘာမှကိုဆက်ပြီး မစဉ်းစားနိုင်တော့ဘူး...ဒီပုစ္ဆာကဘာတွေလဲ !

ထယ်ယောင်း - ဦးနှောက်ကြည်လင်သွားအောင် အနမ်းလေးပေးမယ် ဒီကိုလာ

အဖြစ်အပျက်တိုင်း မြင်လိုက်ရသည့် ချန်ဆောင်းနှင့်ဟာဂျွန် - ဤကမ္ဘာမြေမှ ပျောက်ကွယ်သွားရပါလို၏

----------------------------

Finally ! They become a couple officially...👏

ဟေး! ရှင်တို့က ကျွန်မကိုသိပ်ဝမ်းနည်းအောင်လုပ်တာပဲနော်... I'm not a girl စာအုပ်ကို ဘယ်သူမှလာမဝယ်ကြဘူး...LG တွေအများကြီးကျန်သေးတယ် 😔

Plz! Vote, Feedback and follow me 🎐








(Zawgyi)

ေန႔ရက္တို႔သည္ လွ်င္ျမန္စြာကုန္ဆုံးသြားၿပီးေနာက္ ေဆာင္းရာသီအားကစားပြဲသို႔ေရာက္လာသည္ ။ ထိုေန႔တြင္ ႐ွင္းဟြာေက်ာင္းတစ္ခုလုံးသည္ သက္ဝင္လႈပ္႐ွားေနၿပီး အားေပးသံတစ္ညံညံတို႔ကလည္းထြက္ေပၚေနသည္ ။

အေျပးအားကစားဝတ္စုံကိုဝတ္ထားသည့္ ေဂ်ာင္ကုသည္ အက်ႌေပၚတြင္ နံပါတ္စာ႐ြက္ကိုကပ္ထားၿပီး ခုံတန္း႐ွည္ေပၚတြင္ထိုင္ေနသည္ ။

“ မင္းအေၾကာေတြေလွ်ာ့ထားသင့္တယ္ ေဂ်ာင္ကု ”

ထယ္ေယာင္းက ေရသန္႔ဗူးကဒ္ကိုေဘးခုံတြင္ခ်လိုက္ရင္း ေဂ်ာင္ကုကိုေျပာလိုက္သည္ ။

“ အင္း...မင္းငါ့ကိုအားေပးေနမွာမလား ? ”

“ ေသခ်ာတာေပါ့...မင္းကငါတို႔အတန္းရဲ႕ကိုယ္စားျပဳဝင္ၿပိဳင္တာပဲေလ ”

ထယ္ေယာင္းက ေဂ်ာင္ကုေဘးတြင္ထိုင္လိုက္သည္ ။ ၿပီးေနာက္ ေရသန္႔ဗူးကဒ္ဆီမွ ေရသန္႔တစ္ဗူးကိုယူလိုက္ကာ ေဂ်ာင္ကုကိုျပလိုက္ၿပီး

“ ငါကအားေပးေန႐ုံတင္မကဘူး...မင္းအတြက္ ေရပါအဆင္သင့္ကိုင္ထားေပးမွာ ”

ေဂ်ာင္ကုစိတ္ထဲတြင္ ႀကိတ္ေပ်ာ္သြားတာေၾကာင့္ မေနႏိုင္စြာပင္ ျပဳံးမိသည္ ။ ထယ္ေယာင္းကလည္း ေဂ်ာင္ကုနည္းတူျပဳံးလိုက္ကာ ေဂ်ာင္ကုကို အေၾကာသြားေလွ်ာ့ထားရန္ေျပာေတာ့သည္ ။

“ မင္းသြားသင့္ၿပီ...ခဏေန မင္းတို႔အေျပးၿပိဳင္မဲ့သူေတြအလွည့္ေရာက္ေတာ့မွာ ”

“ ဟုတ္ပါၿပီ...ဒါေပမဲ့ ငါမသြားခင္ ငါ့ကိုအားေပးတာတစ္ခုခုမလုပ္ခ်င္ဘူးလား ? ”

“ အမ္...ငါကဘာလုပ္ရမွာလဲ ? ”

“ ဥပမာ...ငါ့ကိုစိတ္လႈပ္႐ွာေစမဲ့ အျပဳအမူေလးတစ္ခုေပါ့ ”

“ စိတ္လႈပ္႐ွားေစမဲ့အျပဳအမူ ? ”

“ အင္း...မင္းသာငါ့ကိုစိတ္လႈပ္႐ွားေစမယ္ဆိုရင္ ငါဒီၿပိဳင္ပြဲမွာ အႏိုင္ရမဲ့ပုံပဲ ”

ထယ္ေယာင္း တစ္ခ်က္စဥ္းစားလိုက္ၿပီးေနာက္ ျပဳံးလိုက္ကာ

“ ဒါဆို...ငါမင္းကို heart sign ေလးလုပ္ျပမယ္ဆိုရင္ေရာ ”

ထိုသို႔ဆို၍ ထယ္ေယာင္းက ေဂ်ာင္ကုကိုလက္ႏွစ္ဖက္သုံး၍ အသံပုံ sign ေလးေထာင္ျပလိုက္သည္ ။ မထင္ထားသည့္အျပဳအမူျဖစ္တာေၾကာင့္ ေဂ်ာင္ကု၏ရင္ခုန္သံတို႔သည္ ဝုန္းဒိုင္းႀကဲလ်က္ ။

“ ငါ ငါ...ဟာ...တစ္ကယ္ပါပဲကြာ မင္းေတာ့ငါ့ကို ေသေအာင္သတ္ေနေတာ့တာပဲ ”

ေဂ်ာင္ကုက အကူညီမဲ့စြာျဖင့္ နဖူးကိုအုပ္ကိုင္လိုက္ၿပီး ထယ္ေယာင္းကိုေျပာလာသည္ ။ ထယ္ေယာင္းကလည္း တစ္သက္နဲ႔တစ္ကိုယ္တြင္ မည္သူကိုမွမလုပ္ျပဖူးသည့္ အျပဳအမူျဖစ္တာေၾကာင့္ ႐ွက္ေနၿပီး ေဂ်ာင္ကုကိုအေဝးသို႔တြန္းလႊတ္ေတာ့သည္ ။

“ မင္းျမန္ျမန္သြားေတာ့...မင္းေျပာတဲ့အတိုင္း ငါလုပ္ျပၿပီးၿပီးပဲ ”

ႏွစ္ေယာက္လုံးက တူညီစြာအေနခက္ေနတာေၾကာင့္ ေဂ်ာင္ကုသည္ ဒီတစ္ခါေတာ့ျဖင့္ ထယ္ေယာင္းကိုဆက္မစေတာ့ပဲ အေၾကာေလွ်ာ့ရန္ အေျပးကြင္းအနီးသို႔သြားလိုက္သည္ ။ ထယ္ေယာင္းကေတာ့ စိတ္လိုက္မာန္ပါျပဳမိသည့္ သူ႕အျပဳအမူသူ႐ွက္မိတာေၾကာင့္ ေဂ်ာင္ကုအတြက္ဟုဆို၍ ထုတ္ယူထားသည့္ေရဗူးအား ေဖာက္ေသာက္လိုက္သည္ ။

သူတို႔ႏွစ္ဦးၾကားက အျပဳအမူသည္ လူျမင္ကြင္း၌ျဖစ္ပ်က္သြားသည္ျဖစ္တာေၾကာင့္ တိက်စြာပင္ ေဘးပတ္ဝန္းက်င္မွသူမ်ားသည္ ထယ္ေယာင္းကေဂ်ာင္ကုအား heart sign လုပ္ျပသည္ကိုျမင္သြားၾကသည္ ။

ထယ္ေယာင္း၏ ေဂ်ာင္ကုအေပၚ ထိတ္လန္႔ဖြယ္ေကာင္းလွသည့္ အျပဳအမူအား ျမင္ေတြ႕သြားသည့္ ေက်ာင္းသူအခ်ိဳ႕သည္ ေက်ာင္းဖိုရမ္ေပၚတြင္ ေျပးလႊား၍ သူတို႔၏ခံစားခ်က္အား ေပါက္ထြက္ျပေတာ့သည္ ။

အာသာပူစီခ်ိဳခ်ိဳေလး : ငါေျပာရင္နင္တို႔ယုံႏိုင္မွာေတာင္မဟုတ္ဘူး...ငါအခုအားကစားကြင္းရဲ႕ခုံတန္း႐ွည္မွာထိုင္ေနတာ...ထယ္ေယာင္းရဲ႕ေနရာနဲ႔နည္းနည္းေလးပဲလွမ္းတာ...အဲ့မွာေလ ထိတ္လန္႔ဖို႔ေကာင္းတဲ့ျဖစ္စဥ္တစ္ခုကိုျမင္လိုက္ရတယ္...ထယ္ေယာင္းကေလ ေဂ်ာင္ကုကို heart sign ေလးေပးလိုက္တယ္ TT

အားကစားပြဲက်င္းပေနခ်ိန္ျဖစ္တာေၾကာင့္ ၎ပိုစ့္က လာဂယက္ထမည့္သူ နတၱိႏွင့္ ။ သို႔ေသာ္ ပိုစ့္တင္သည့္ေက်ာင္းသူကေတာ့ သူမပိုစ့္ေအာက္တြင္ တုံ႔ျပန္သူမ႐ွိေသာ္လည္း ေပ်ာ္႐ႊင္ေနဆဲပင္ ။ ထယ္ေယာင္းႏွင့္ေဂ်ာင္ကုတို႔ကို အဆုံးစြန္ဆုံး support ေပးမည့္ ဟီယူႏွင့္ဟီဂ်င္က ရမွတ္စာရင္းမ်ားမွတ္ေနတာေၾကာင့္ အျခားအရာမ်ားကို အာ႐ုံစိုက္ရန္ အားလပ္မေနေခ် ။

ေဂ်ာင္ကုတို႔အေျပးၿပိဳင္ခါနီးတြင္ ထယ္ေယာင္းသည္ သူေသာက္မိထားသည့္ေရဗူးကိုကိုင္လ်က္ အေျပးၿပိဳင္ကြင္း၏ ပန္းဝင္ေနရာအနီးသို႔သြားလိုက္သည္ ။ ေသနတ္သံတစ္ခ်က္ေဖာက္လိုက္သည္ႏွင့္ တာထြက္မွ အေျပးသမားမ်ားသည္ ေလွာင္အိမ္မွလြတ္ထြက္လာသည့္ ဝံပုေလြမ်ားကဲ့သို႔ တဟုန္တိုးေျပးထြက္လာၾကသည္ ။

ေဂ်ာင္ကုေျပးတာအေတာ္ျမန္သည္ ။ ျမန္လြန္းတာေၾကာင့္ ၿပိဳင္ပြဲကိုၾကည့္ေနသူမ်ားသည္ ေဂ်ာင္ကုကို လွစ္ခနဲသာျမင္ရသည္ ။ ထယ္ေယာင္းက စိတ္လႈပ္႐ွားစြာျဖင့္ လက္ထဲမွေရဗူးအား ဖ်စ္ညစ္၍ေဂ်ာင္ကုကိုၾကည့္ေနစဥ္ သူ႕ေဘးနားသို႔ အိုမီဂါေကာင္ေလးတစ္ေယာက္ကပ္လာသည္ ။

ထိုေကာင္ေလးက အားျဖည့္အခ်ိဳရည္တစ္ဗူးကိုကိုင္ထားၿပီး ထယ္ေယာင္းကိုၾကည့္၍ျပဳံးျပလာသည္ ။ ထယ္ေယာင္းက အႏွီအိုမီဂါေကာင္ေလးကိုမသိေသာ္ျငား မေကာင္းတတ္တာေၾကာင့္ျပန္ျပဳံးျပလိုၿပီး ထိုသူႏွင့္ေဝးရာသို႔ ႏွစ္လွမ္းမွ်လွမ္းလိုက္သည္ ။ အဘယ္ေၾကာင့္ဆိုေသာ္ ၎အိုမီဂါထံ၌ သိုဝွက္မထားသည့္ အိုမီဂါဖယ္႐ိုမုန္းရနံ႔မ်ားရေနေသာေၾကာင့္ပင္ ။

မိနစ္အနည္းငယ္အတြင္းမွာပင္ ေဂ်ာင္ကုသည္ တားထားသည့္ႀကိဳးကိုျဖတ္၍ ပန္းဝင္လာခဲ့သည္ ။ ထင္ထားသလိုပင္ ေဂ်ာင္ကုအႏိုင္ရသည္ ။ ေဘးပတ္ဝန္းက်င္မွ လူအုပ္၏ က်ယ္ေလာင္လွသည့္ အားေပးသံအၾကားတြင္ ေဂ်ာင္ကုသည္ ခပ္မိုက္မိုက္အျပဳံးတစ္ခုကို ခ်ိတ္ဆြဲထားရင္း ထယ္ေယာင္း႐ွိရာသို႔ ေလွ်ာက္လာသည္ ။

ထယ္ေယာင္းက အျခားသူမ်ားကဲ့သို႔ ေအာ္ဟစ္မေနေသာ္လည္း မ်က္ဝန္းထဲတြင္ေတာ့ ေဂ်ာင္ကုအားဂုဏ္ယူေနမႈက ယိုဖိတ္လ်က္ ။

“ စီနီယာကအရမ္းေတာ္တာပဲ...အားျဖည့္အခ်ိဳရည္ေလးေသာက္ပါဦး ”

ေဂ်ာင္ကု၏ပင္ကိုယ္သေဘာထားေၾကာင့္ ေဂ်ာင္ကုကိုသေဘာက်ေသာ္လည္း လိုက္ဖို႔ရန္မဝံ့ရဲသည့္ အိုမီဂါအမ်ားအျပား႐ွိသည္ ။ အထူးသျဖင့္ ယခုတေလာတြင္ နာမည္ႀကီးေနသည့္ ထယ္ေယာင္းႏွင့္ေဂ်ာင္ကုတို႔ၾကားက ဆက္ဆံေရးေၾကာင့္ အိုမီဂါအမ်ားစုသည္ ထယ္ေယာင္း႐ွိေနသည့္ေနရာတြင္ ေဂ်ာင္ကုအား ေပၚတင္ၾကဴးဖို႔ရန္မဝံ့ရဲၾကေပ ။ သို႔ေသာ္ သည္အိုမီဂါကေတာ့ ထယ္ေယာင္းေ႐ွ႕၌ပင္ ေဂ်ာင္ကုအားဖ်ားေယာင္းေနသည္ ။

ပြဲၾကည့္ပရိတ္သတ္ေနရာမွ ေက်ာင္းသူ၊ေက်ာင္းသားတို႔သည္ ၎အျဖစ္ေၾကာင့္ ရဲတင္းလွသည့္အိုမီဂါအား အံ့ဩစြာၾကည့္လိုက္သည္ ။ ေဂ်ာင္ကုႏွင့္ထယ္ေယာင္းကလည္း သူတို႔ၾကားျဖတ္ဝင္လာသည့္ အိုမီဂါေလးကို မ်က္ခုံးပင့္၍ ၾကည့္လိုက္သည္ ။ ခပ္ေဖ်ာ့ေဖ်ာ့ထုတ္လႊင့္ေနသည့္ အိုမီဂါဖယ္႐ိုမုန္းရနံ႔ေၾကာင့္ ေဂ်ာင္ကုသည္ မခံႏိုင္စြာႏွာေခါင္း႐ႈံ႕လိုက္ၿပီး ထိုအိုမီဂါကိုလ်စ္လ်ဴ႐ႈကာ ထယ္ေယာင္းအနားသို႔သြားလိုက္သည္  ။

ထိုမွသာ အိုမီဂါဖယ္႐ိုမုန္းရနံ႔ေၾကာင့္ ႐ုတ္တရက္နာက်င္လာသည့္ ရနံ႔ဂလင္းက ေျပေလ်ာ့သြားသည္ ။ ေဂ်ာင္ကုက ထယ္ေယာင္းကိုင္ထားသည့္ ေသာက္ၿပီးသားေရဗူးကိုဆြဲယူလိုက္ၿပီး အိုမီဂါ‌ေလးကို ဦးတည္၍ေျပာလိုက္သည္ ။

“ ငါက ထယ္ေယာင္းေပးတာကလႊဲရင္ ဘယ္သူေပးေပးမယူဘူး ”

ထို႔ေနာက္ ေဂ်ာင္ကုသည္ ေရဗူးႏႈတ္ခမ္းကိုထိ၍ ေရေမာ့ေသာက္သည္ ။ အႏွီေရဗူးက ထယ္ေယာင္းကိုယ္တိုင္ ေမာ့ေသာက္ထားသည္ျဖစ္တာေၾကာင့္ ေဂ်ာင္ကုကလည္း ေရဗူးႏႈတ္ခမ္းကိုထိ၍ ေသာက္လိုက္သည့္အခါ၌ မေမွ်ာ္လင့္စြာပင္ သြယ္ဝိုက္အနမ္းတစ္ခုျဖစ္လာသည္ ။

ေဂ်ာင္ကုအျပဳအမူေၾကာင့္ ထယ္ေယာင္းႏွင့္ၾကည့္ေနသည့္ လူတစ္စုမွာ မွင္သက္လ်က္ ။ အိုမီဂါေကာင္ေလးမွာေတာ့ ၎အျဖစ္အပ်က္ကိုၾကည့္ရင္း ထိုေနရာမွလ်င္ျမန္စြာထြက္သြားေတာ့သည္ ။

“ မင္းေပးတဲ့အားေတြေၾကာင့္ထင္တယ္...ဒီတစ္ေခါက္ေျပးတာ အရမ္းကိုျမန္တယ္ ”

ေဂ်ာင္ကုက ေရဗူးအဖုံးပိတ္ရင္း ထယ္ေယာင္းကိုၾကည့္၍ ေျပာလိုက္သည္ ။ ထယ္ေယာင္းကလည္း ၿပိဳင္ပြဲမစခင္က သူလုပ္ျပထားသည့္ heart sign ကိုသတိရသြားၿပီး မ်က္ႏွာပူစြာတစ္ဖက္သို႔လွည့္လိုက္သည္ ။

“ အဲ့အေၾကာင္းကိုထပ္မေျပာစမ္းနဲ႔...ငါမင္းကို စခ်င္လို႔လုပ္လိုက္တာ ”

“ ဪ...အဲ့လိုလား ? မင္းငါ့ေနာက္ခဏလိုက္ခဲ့ ”

ေဂ်ာင္ကုကထိုသို႔ေျပာကာ ေရဗူးကိုကိုင္၍ေ႐ွ႕မွထြက္သြားသည္ ။ ထယ္ေယာင္းကေတာ့ လက္ပိုက္လိုက္ရင္း ေဂ်ာင္ကုေနာက္သို႔ျဖည္းညင္းစြာလိုက္သြားသည္ ။ အားကစားကြင္းမွထြက္လာၾကၿပီးေနာက္တြင္ ေဂ်ာင္ကုသည္ ေႏွးတိေႏွးကန္လိုက္လာေနသည့္ ထယ္ေယာင္း၏လက္ကိုာစိတ္မ႐ွည္စြာဆြဲေခၚလိုက္ၿပီး ေလွကားမ်ား႐ွိရာဖက္သို႔ဆြဲေခၚသြားသည္ ။

အားကစားပြဲ႐ွိေနတာေၾကာင့္ ေလွကားပတ္ဝန္းက်င္တြင္ လူ႐ွင္းေနသည္ ။ ေဂ်ာင္ကုက ထယ္ေယာင္းလက္ဆြဲ၍ ဒုတိယထပ္သို႔တက္သည့္ ေလွကားေနရာသို႔ဆြဲေခၚသြားၿပီး ထယ္ေယာင္းကို နံရံဖက္သို႔ကပ္လိုက္သည္ ။

“ ကင္မ္ထယ္ေယာင္း...မင္းေတာ္ေတာ္တုံးပါလား ? ”

အရင္းမ႐ွိအဖ်ားမ႐ွိဆိုလာသည့္ ေဂ်ာင္ကုစကားေၾကာင့္ ထယ္ေယာင္းေၾကာင္,အသြားသည္ ။

“ ငါက ဘယ္တုန္းကလဲ ? ”

“ ခဏကေလ...အိုမီဂါတစ္ေယာက္လုံးကို မင္းေ႐ွ႕မွာ ငါ့ကိုပေရာပရည္လုပ္ခ်င္ေနတာ...မင္းကဒီတိုင္းရပ္ၾကည့္ေနရသလား ? ”

“ သူက မင္းကိုသေဘာက်ေနလို႔ အဲ့လိုလုပ္တာေနမွာေပါ့...ငါနဲ႔ကဘာဆိုင္လို႔လဲ ? ”

ဒီတစ္ခါေတာ့ ဆြံ႕အရသူမွာ ေဂ်ာင္ကုျဖစ္သည္ ။ ယခုခ်ိန္တြင္ ထယ္ေယာင္းႏွင့္သူႏွင့္က သူငယ္ခ်င္းအဆင့္တြင္သာ႐ွိေသးတာေၾကာင့္ အဆင့္ေက်ာ္၍သဝန္တိုလို႔မရျဖစ္ေနသည္ ။ ထို႔ေၾကာင့္ ေဂ်ာင္ကုလည္း စိတ္ပ်က္စြာေနာက္ဆုတ္သြားကာ ထယ္ေယာင္းကိုေတာင္းပန္လိုက္သည္ ။

“ ေဆာရီး...ငါ ငါအဆင့္ေက်ာ္လြန္းသြားတယ္ ”

မည္သည့္အရာတြင္မဆို စိတ္လိုက္မာန္ပါလုပ္တတ္လြန္းသည့္ ေဂ်ာင္ကုသည္ ယခုအခါ၌ တြန္႔ဆုတ္လြန္းေနသည္ကို ျမင္ရေသာအခါ ထယ္ေယာင္းစိတ္မ႐ွည္ျဖစ္လာသည္ ။ ကုန္လြန္ခဲ့သညမ့ရက္အနည္းငယ္က ေဂ်ာင္ကုသည္ သူ႕၌သေဘာက်ရသူ႐ွိေနၿပီဟု ထယ္ေယာင္းကိုေျပာလာေသာ္လည္း ထယ္ေယာင္းေလ့လာၾကည့္ရသေလာက္ ေဂ်ာင္ကုသည္ သူမွလႊဲ၍ အျခားသူမ်ားႏွင့္ နီးကပ္လြန္းစြာမေနေပ ။

ထယ္ေယာင္းက တုံးအလြန္းေနသည္မဟုတ္တာေၾကာင့္ ေဂ်ာင္ကု၏သူ႕အေပၚသေဘာထားအား ခပ္ေရးေရးသေဘာေပါက္လိုက္၍ ေပ်ာ္႐ႊင္မိကာ ၿငိမ္ေနေသာ္လည္း ယခုေတာ့ျဖင့္ စိတ္မ႐ွည္ေတာ့ပါေခ် ။ ထို႔ေၾကာင့္ ထယ္ေယာင္းက သူ႕ဖက္ကပင္ ေျခလွမ္းစမည္ဟုဆုံးျဖတ္လိုက္ကာ မ်က္ႏွာလႊဲထားသည့္ ေဂ်ာင္ကုကို သူ႕ဖက္သို႔ျပန္ဆြဲလွည့္လိုက္ၿပီး ေဂ်ာင္ကုႏႈတ္ခမ္းေပၚသို႔ ခပ္ဖြဖြအနမ္းေပးလိုက္သည္ ။

“ အ႐ူး...မင္းဘာေတြေတြးေနရလဲ ? ငါကမင္းဖက္က ေျခလွမ္းစဖို႔ေမွ်ာ္လင့္ထားတာ...အခုေတာ့ မင္းေႏွးပုံမ်ိဳးနဲ႔ ငါ့ဖက္ကပဲစရတာေပါ့...ငါမင္းကို သေဘာက်တယ္ ေဂ်ာင္ကု ”

အျဖစ္အပ်က္တို႔က ျမန္ဆန္လြန္းတာေၾကာင့္ ေဂ်ာင္ကု၏အသိစိတ္တို႔မွာ ေဝခြဲမရျဖစ္ေနဆဲ ။ အခု ထယ္ေယာင္းက သူ႕ကိုနမ္း၍ သေဘာက်သည္ဟု ေျပာသည္တဲ့လား ။ ေဂ်ာင္ကုက မယုံၾကည္ႏိုင္ေသးသည့္ ပုံစံျဖင့္ ရပ္တန္႔ေနတာေၾကာင့္ ထယ္ေယာင္းက ေဂ်ာင္ကုကိုတြန္းထုတ္လိုက္ကာ ထြက္သြားမည္ျပဳသည္ ။

“ ထားလိုက္ေတာ့...ေစာေစာ‌ကလည္း ငါမင္းကိုဘာမွမေျပာခဲ့ဘူးပဲသေဘာထားလိုက္ ”

စိတ္မ႐ွည္သူ႕လူစားထဲတြင္ ထယ္ေယာင္းပါသည္ ။ ကိုယ့္ဖက္ကစသည့္ အေျခအေနတစ္ခုအား တစ္ဖက္ကတုံ႔ျပန္မႈေႏွးေကြးသည္ကို ထယ္ေယာင္းမႀကိဳက္ ။ ထိုးလွည့္ထြက္သြားမွသာ ေဂ်ာင္ကုက မွင္သက္ေနရာမွ ႏိုးထလာၿပီး ထယ္ေယာင္း၏လက္ကိုဆြဲကိုင္၍ အနားသို႔ဆြဲေခၚလိုက္သည္ ။

“ ကိုယ့္စကားကိုယ္တာဝန္မယူပဲ ဘယ္ကိုထြက္သြားခ်င္ေနတာလဲ ? ငါေတာင္ မင္းကိုဘာမွမေျပာရေသးဘူးေလ ”

“ တုံ႔ျပန္မႈေႏွးတာမ်ိဳးေတြ မႀကိဳက္ဘူး...အဲ့ဒါက မင္းျဖစ္ေနရင္ေတာင္မွေပါ့ ”

“ မယုံၾကည္ႏိုင္ေလာက္ေအာင္ ေပ်ာ္မိသြားလို႔ ခဏစိတ္လႊင့္မိသြားတာပါ...တစ္မ်ိဳးမထင္ပါနဲ႔ ”

“ ဒါဆို မင္းရဲ႕အေျဖကဘာလဲ ? ”

ထယ္ေယာင္းႏွင့္ေဂ်ာင္ကုတို႔ႏွစ္ေယာက္သည္ နီးကပ္စြာ႐ွိေနၿပီး တစ္ဦးကိုယ္တစ္ဦး မ်က္ေတာင္မခပ္တမ္းၾကည့္ေနၾကသည္ ။ ငါးစကၠန္႔မွ်ၾကာအခါ ေဂ်ာင္ကုကမေနႏိုင္စြာျဖင့္ ထယ္ေယာင္း၏ႏႈတ္ခမ္းေလးအား စုပ္ယူလိုက္သည္ ။ သည္တစ္ေခါက္အနမ္းသည္ ပထမတစ္ေခါက္တုန္းကထက္ ပို၍မြတ္သိပ္သည္ ။ ျပင္း႐ွ၍ ရမၼက္ထန္သည္ ။

တစ္ေယာက္ႏွင့္တစ္ေယာက္ အ႐ႈံးမေပးတမ္းအနမ္းစစ္ပြဲဆင္ႏႊဲၿပီးသည့္အခါ၌ အသက္႐ႈရန္ ႏႈတ္ခမ္းခ်င္းခြာလိုက္ၾကသည္ ။ အနမ္းက အခ်ိန္တစ္ခုၾကာျမင့္တာေၾကာင့္ အေတြ႕အၾကဳံမ႐ွိေသးသည့္ႏွစ္ေယာက္လုံးသည္ ေမာဟိုက္လ်က္ ။

ထို႔ေနာက္ ေဂ်ာင္ကုသည္ ထယ္ေယာင္း၏ မ်က္ဝန္းတည့္တည့္သို႔ၾကည့္၍ ႏူးညံ့စြာဆိုသည္ ။

“ ငါလည္း မင္းကိုသေဘာက်တယ္ ”

Volume-2(End)



ျပဇာတ္ငယ္ေလး :

ေဂ်ာင္ကု - အားမ႐ွိေတာ့ဘူးကြာ...ဘာမွမလုပ္ခ်င္ေတာ့ဘူး

ထယ္ေယာင္း - အနမ္းေလးေပးမယ္ ဒီကိုလာ

ေဂ်ာင္ကု - ငါဘာမွကိုဆက္ၿပီး မစဥ္းစားႏိုင္ေတာ့ဘူး...ဒီပုစၧာကဘာေတြလဲ !

ထယ္ေယာင္း - ဦးေႏွာက္ၾကည္လင္သြားေအာင္ အနမ္းေလးေပးမယ္ ဒီကိုလာ

အျဖစ္အပ်က္တိုင္း ျမင္လိုက္ရသည့္ ခ်န္ေဆာင္းႏွင့္ဟာဂြၽန္ - ဤကမ႓ာေျမမွ ေပ်ာက္ကြယ္သြားရပါလို၏

----------------------------

Finally ! They become a couple officially...👏

ေဟး! ႐ွင္တို႔က ကြၽန္မကိုသိပ္ဝမ္းနည္းေအာင္လုပ္တာပဲေနာ္... I'm not a girl စာအုပ္ကို ဘယ္သူမွလာမဝယ္ၾကဘူး...LG ေတြအမ်ားႀကီးက်န္ေသးတယ္😔

Plz! Vote, Feedback and follow me 🎐

Continue Reading

You'll Also Like

5.4K 393 26
'ချယ်ရီလေး၏ ထာ၀ရအချစ်အားပိုင်ဆိုင်လိုသော ဂျွန်' Main Characters- Jeon Jungkook x Kim Taehyung. Ost Song- Give Me Your Forever By Zack Tabudlo. Start...
5.5K 1K 12
Taekook Short story SD- march 13
33.4K 5.2K 16
jeon jungkook x kim taehyung side couple - binhao (zb1) Started Date ~ Jan 6 , 2024 Ended Date ~
567K 48.8K 21
Kookv yaoi fanfiction Language - Myanmar (unicode+zawgyi) Topkook/Vottom Started Date ~ August 11 , 2019 Ended Date ~ October 23 , 2019 Sorry if so...