My Green Forest ( Complete)

By Khinlay-Nyan

206K 19.6K 4.2K

ကန္တာရထဲက လူတစ်ယောက် ကႏၱာရထဲက လူတစ္ေယာက္ (သက်ကောင်းလူ) ဒီနေ့... မနက်ဖြန်... သန်ဘက်ခါ... ကျန်ရှိတဲ့နေ့ရက်တိုင... More

Episode (1)
Episode (2)
Episode( 3)
Episode (4 )
Episode (5)
Episode (6)
Episode(7)
Episode( 8)
Episode (9)
Episode (10)
Episode (11)
Episode (12)
Episode (13)
Episode (14)
Episode (15)
Episode (16)
Episode (17)
Episode (18)
Episode (19)
Episode (20)
Episode (21)
Episode (22)
Episode (23)
Episode (24)
Episode (25)
ခွင့်တိုင်ကြားခြင်း /ခြင့္တိုင္ၾကားျခင္း
Episode (26)
Episode (27)
Episode (28)
Episode (29)
Episode (30)
Episode (31)
Episode (32)
Episode (33)
Episode (34)
Episode (35)
Episode (37)
Episode (38)
Episode (39)
Episode (40)
Episode (41)
Episode (42)
Episode (43)
Episode (44)
Episode (45)
Episode (46)
Episode (47)
Episode (48)
Episode (49)
Episode (50)
Episode (51)
Episode (52)
Episode (53)
Episode (54)
Episode (55)
Episode (56)
Episode (57) Part 1
Episode (57) Part 2
Episode (58)
Episode (59)
Episode (60)
Final Episode (61)
မေတ္တာစာလွှာ
သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင်
Extra

Episode (36)

2.4K 270 70
By Khinlay-Nyan

Unicode

တိတ်ဆိတ်နေသည် ။ တစ်အိမ်လုံးက သိပ်ကိုတိတ်ဆိတ်ငြိမ်သက်နေ၏ ။ ပါးက စားပွဲခုံအပေါ်ကို လက်နှစ်ဖက်လုံးတင်ထားပြီး ထိုလက်နှစ်ဖက်လုံးကိုလည်းအကြောများထအောင်ပင် ခပ်တင်းတင်းဆုပ်ထားသေးသည် ။ နီရဲနေသောပါး၏မျက်နှာပြင်နှင့် အံကိုကြိတ်ထားသဖြင့်ထင်းနေသောမေးရိုးက ပါး၏စိတ်ခံစားချက်များကို ထင်ထင်ရှားရှားပေါ်လွင်စေ၏ ။

မျက်လုံးအိမ်အတွင်းမှ အလိုလိုစီးကျလာသည့်မျက်ရည်များကို လက်ဖမိုးဖြင့်သုတ်ဖယ်လိုက်ကာ

" ပါး "

ဟု အသံတိုးတိုးဖြင့်ခေါ်မိသော်လည်း ပါးကတော့ ကြားဟန်မတူချေ ။ အချိန်ခဏလေးအတွင်း ဖြစ်ပေါ်လာသည့် အခြေအနေများမှာ တော်တော်လေးပြင်းထန်သောအခါ လက်ခံရန်လည်းမလွယ်ကူပေ ။

" ပါး "

နောက်ထပ်တစ်ကြိမ်ထပ်ခေါ်မှ ပါး၏အကြည့်က သူ့ဆီကိုရောက်လာ၏ ။ ပါး၏မျက်လုံးအိမ်တွင်ဖြစ်ပေါ်နေသည့် ပြိုလဲမှုကြောင့် သူပါ နောက်ထပ်တစ်ကြိမ်ပြိုလဲရပြန်သည် ။

" ရရဲ့လား ပါး "

ပါးက ခေါင်းကို ဖြည်းဖြည်းချင်းခါယမ်းပြလာ၏ ။

" မားတို့ ဘယ်လိုလုပ်ကြမလဲ ပါးရယ်...ဟင်...မားတို့ ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မလဲ "

မားဆီမှ ထွက်လာသည့်အသံမှာ ခပ်အစ်အစ် ။ မား၏မျက်လုံးများကလည်း နီရဲမို့အစ်နေသည် ။ မားကမေးလာသော်လည်း သူ့ထံတွင် အဖြေရှိမနေပေ ။ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်ပြောင်းလဲသွားသည့် အခြေအနေကြောင့် မည်ကဲ့သို့လုပ်ရမှန်းကို ဦးနှောက်မှ မတွေးနိုင်တော့ ။ သူ ခံစားနေရသလို မားလည်း ခံစားနေရလိမ့်မည် ။ သို့သော်လည်း ယခုစိတ်အခြေအနေနှင့် မားကို နှစ်သိမ့်ပေးရန်အတွက် သူ့မှာ ခွန်အားမရှိ ။

သူ မှားသွားပြီလား ။ မျိုးနိုင်ရဲ့စကားကြောင့် စိတ်အေးအေးထားပြီးဆုံးဖြတ်ဖို့စဉ်းစားခဲ့ပေမဲ့ အလက်ဇန်းဒါးထင်ရဲ့မျက်နှာကိုလဲမြင်ရော သူ့ဒေါသတွေကို မထိန်းနိုင်ခဲ့ဘူး ။ အဲဒီကောင်ရဲ့ မုန်းစရာကောင်းတဲ့မျက်နှာကို တွေးမြင်လိုက်တာနဲ့ သွေးကြောထဲမှာပါ မခံချင်စိတ်တွေရုန်းထလာတယ် ။ ပေါင်ပေ့က အဲဒီကောင်ရဲ့ မာယာထဲမှာ ရုန်းမရဖြစ်သွားတဲ့ပုံ ။

တွေးရင်းတွေးရင်း ရင်ဘတ်ထဲတွင်တစ်ဆို့လာသောအခါ နှုတ်ခမ်းကိုအားဖြင့်ဖိကိုက်မိ၏ ။ ဆစ်ခနဲနာကျင်သွားမှုနှင့်အတူ သွေးညှီနံ့ကလည်း နှာခေါင်းထဲကို တိုးဝင်လာသည် ။

" ဟယ်...ပါးရယ်...နှုတ်ခမ်းမှာသွေးတွေထွက်ကုန်ပြီ ၊ မကိုက်နဲ့...မကိုက်နဲ့...လွှတ်လိုက်တော့ "

သူ ပြောနေသည့်တိုင် ပါးက နှုတ်ခမ်းကိုဖိကိုက်ထားဆဲ ။ တစ်ရှူးဘူးထဲမှတစ်ရှူးများကိုထုတ်ယူနေရင်း ပါး၏ပခုံးကိုတဖျတ်ဖျတ်ရိုက်နေမိကာ မျက်ရည်များမှာလည်း အလိုလိုပြိုဆင်းလာပြန်သည် ။ လက်ထဲရှိတစ်ရှူးစများဖြင့် ပါး၏နှုတ်ခမ်းထောင့်မှ ယိုစီးလာသည့်သွေးစက်အချို့ကို ခပ်ဖွဖွသုတ်ပေးပြီးမှ

" ပါး ကိုယ့်ကိုယ်ကိုယ် အဲဒီလိုမျိုးလုပ်နေရင် မားလဲ ကိုယ့်ကိုယ်ကိုယ်တစ်ခုခုလုပ်ပစ်မှာနော်... ပါး ၊ မား တကယ်လုပ်မှာ "

ပါးက သူ့ကို မျက်လုံးဝေ့ကြည့်၍ သွားဖြင့်ဖိကိုက်ထားသည့်နှုတ်ခမ်းကိုဖြည်းဖြည်းချင်းပြန်လွှတ်ပြီးမှ  တစ်ဖက်ကိုမျက်နှာလွှဲသွား၏ ။ ပါး၏နှုတ်ခမ်းတွင် သွေးများစို့နေဆဲပင် ။ စက္ကန့်အနည်းငယ်ကြာမှ ပါးက မျက်နှာကို ရှေ့တည့်တည့်သို့ပြန်လှည့်လာပြီး သူ့ကို အကြောင်သားငေးကြည့်နေပြန်၏ ။

" မား "

ဟု ခေါ်သံတိုးတိုးမှာ ပါးဆီမှထွက်ပေါ်လာလေသည် ။

" ဘာလဲ ပါး... ပြောလေ...ဘာပြောဖို့လဲ "

" ပေါင်ပေ့က ပြန်လာမှာပါနော် "

ထိုမေးခွန်းနှင့်အတူ ပါးဆီမှထွက်လာသည့် ရှိုက်သံသဲ့သဲ့ ။ မရှေးမနှောင်းပင် ပါး၏ပါးပြင်အပေါ်ကို ကျဆင်းလာသည့် မျက်ရည်ပေါက်များ ။ ပါး၏မျက်ရည်များကိုမြင်ရသည်မှာ သိပ်ပြီးနာကျင်စရာကောင်းလှပါ၏ ။

" ပြန်လာမှာပေါ့ ပါးရဲ့ ၊ ပေါင်ပေ့က မားတို့ဆီကိုပြန်လာမှာလေ ၊ ဆေးခန်းလိုက်ပို့ပေးတာဆိုတော့ အချိန်နည်းနည်းကြာနေတာပါကွယ် ၊ ခဏလေးကြာရင် ပေါင်ပေ့က အိမ်ပြန်ရောက်ပြီ "

ပါးစပ်မှလည်းတရစပ်ပြောနေမိပြီး ခန္ဓာကိုယ်ကိုပါ ပါး၏အနားသို့တိုးကပ်လိုက်ကာ လက်နှစ်ဖက်လုံးဖြင့်ပါး၏ခန္ဓာကိုယ်ကို ဖက်ထားမိ၏ ။ ပါးက ခေါင်းကို ထပ်တလဲလဲညိတ်ကာ

" အင်း...ပေါင်ပေ့ပြန်လာတော့မှာ "

ဟု သံယောင်လိုက်ပြီးပြောလာသည့်အသံမှာ ခပ်တိုးတိုး ။

" ဒါပေါ့... ပါးရဲ့ ၊ ပြန်လာတော့မှာနော် ၊ ပေါင်ပေ့ ပြန်လာရင် ပါးက ချက်ချင်းကြီးမဆူလိုက်နဲ့နော် ၊ ပေါင်ပေ့က စကားနားထောင်တဲ့ကလေးပါကွယ် ၊ အခုဟာကလဲ သွေးသံတရဲရဲနဲ့ဆိုတော့ မနေသာလို့ ကူညီတဲ့သဘောပါ ၊ ပေါင်ပေ့က စိတ်သဘောထားလေးနူးညံ့တယ်လေ ၊ အဲဒါကြောင့်ပါ ပါးရယ်...နော် "

" ပါး... ပေါင်ပေ့ကို မဆူပါဘူး ၊ ပေါင်ပေ့ပြန်လာရင် တော်ပါပြီ ၊ ပါးတို့ဆီ ပေါင်ပေ့ပြန်လာရင် တော်ပါပြီ "

ပါးက ပေါင်ပေ့ကို မျှော်နေတယ်ကွယ် ။ အဲဒါကြောင့် မားရဲ့သားလေးက မားတို့ဆီကိုမြန်မြန်ပြန်လာခဲ့နော် ။ ပေါင်ပေ့က ဘာမှအပြစ်မရှိတဲ့ ကလေးလေးပါ ။ မားကတော့ မားရဲ့သားလေးကို အပြစ်မမြင်ဘူး ။ ပါးကိုလဲ ပေါင်ပေ့ကိုမဆူဖို့အတွက် ပြောပေးထားတယ် ။ အချိန်တွေနောက်မကျခင် ပေါင်ပေ့လေးက မားတို့ဆီကို ပြန်လာခဲ့နော် ။ ပါးနဲ့မားက ပေါင်ပေ့ကို မျှော်နေတယ်ကွယ် ။

********

ဆိုဖာခုံထက် ပက်လက်လေးအိပ်နေသည့် ထင့်မျက်နှာမှာ အနည်းငယ်ချောင်ကျနေသည် ။ နှုတ်ခမ်းထောင့်ရှိဒဏ်ရာမှာလည်း နောက်တစ်ကြိမ်ထပ်ပြီးအထိုးခံလိုက်ရသဖြင့် ပိုပြီးရောင်ရမ်းနေ၏ ။ ထင်က ခဏလေးအိပ်မည်ဟုပြောပြီး အိပ်ပျော်သွားသော်လည်း အချိန်အားဖြင့်သုံးနာရီခန့်ကြာလာသောအခါ စိုးရိမ်စိတ်အချို့ဝင်ရောက်လာသည် ။

ခေါင်းထိသွားတာဆိုတော့ မတော်တဆတစ်ခုခုဖြစ်နေခဲ့ရင် ပြသနာ ။ ကိုစည်သူက အများကြီးမစိုးရိမ်ပါနဲ့လို့ပြောသွားပေမဲ့ စိတ်ဆိုတာက ခိုင်းတဲ့အတိုင်းဖြစ်တာမှ မဟုတ်တာ ။

အတွေးပေါင်းစုံကြောင့် ထင့်အနားသို့တိုးကပ်သွားကာ လက်ညှိုးတစ်ချောင်းကိုလည်း ထင့်နှာခေါင်းရှေ့သို့ကန့်လန့်ဖြတ်ပြီးထားကြည့်မိတော့ အသက်ရှူငွေ့နွေးနွေးက လက်ချောင်းကို လာပြီးရိုက်ခတ်၏ ။ ဝင်သက် ၊ ထွက်သက်လည်းမှန်နေသောအခါ စိတ်လည်းအေးသွားရသည် ။ ထင့်ကိုအပေါ်စီးမှစိုက်ကြည့်နေရင်း မျက်လုံးအကြည့်က နံရံကပ်နာရီကြီးဆီသို့ရောက်သွားသောအခါ မျက်လုံးအစုံမှာ အဆမတန်ပြူးကျယ်သွားပြီး ပါးစပ်မှာလည်း ဟောင်းလောင်းပွင့်လျက် ။

ငါးနာရီ ၊ အချိန်က ညနေငါးနာရီပင်ရှိနေပြီ ။ ပါးကို ခဏလေးဆိုပြီးပြောလာပေမဲ့ ကုန်သွားတဲ့အချိန်က နာရီပေါင်းမနည်းဘူး ။ ပါး သူ့ကို အကြီးအကျယ် စိတ်တိုနေတော့မှာ ။ အခုအချိန်ပြန်သွားရင်ကို မနည်းဖြေရှင်းရမဲ့ အခြေအနေမျိုးပဲ ။

ဖုန်းဆက်မည်ဆိုသောအတွေးဖြင့် ဘောင်းဘီအိတ်ထဲကိုလက်နှိုက်ကြည့်မိသော်လည်း မည်သည့်အရာမှ ရှိမနေပေ ။

ဟာ...ဖုန်းကို ပါးဆီပေးထားမိတာပဲ ။ ဘယ်လိုလုပ်ရမလဲဆိုတဲ့အတွေးသာ သူ့ခေါင်းထဲမှာအပြည့် ။ ပြန်လာတော့မယ်ဆိုပြီး ပါးဆီကို ဖုန်းဆက်မှဖြစ်မှာ ။

စားပွဲထက်မှာ ထင်၏ဖုန်းရှိနေသော်လည်း ကာယကံရှင်၏ခွင့်ပြုချက်မရှိဘဲ ယူမသုံးချင်ပေ ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ထင့်ကို မနှိုးချင်သော်လည်း အခြေအနေက နှိုးမှကိုဖြစ်မည့်ပုံစံ ။ ထင့်လက်မောင်းကို လက်ဖြင့်ခပ်ဖွဖွထိ၍

" ထင် "

ဟုခေါ်မိပြီးမှ အသည်းယားလာသဖြင့် အောက်နှုတ်ခမ်းကိုသွားဖြင့်ဖိကိုက်မိ၏ ။ သူက ထင့်ကို " ခင်ဗျား "ဟုသာ ပြောနေကျဖြစ်သောကြောင့် အမှုမဲ့အမှတ်မဲ့ခေါ်မိပြီးမှ ရှက်သလိုလိုခံစားလာရသည် ။ သူကသာ တစ်ယောက်တည်း ဗျာများနေရသော်လည်း ထင်ကတော့ နှစ်ခြိုက်စွာအိပ်ပျော်နေဆဲ ။ လေပူတစ်ချက်မှုတ်ထုတ်ပြီး ခန္ဓာကိုယ်ကိုလည်း ပြန်မတ်လိုက်ကာ

" ခဏလေး ထပ်စောင့်လိုက်အုံးမယ် "

ဆိုပြီး တစ်ကိုယ်တည်း ပြောမိသည့်အဖြစ် ။

ကျွန်တော်က ခဏထပ်စောင့်ပေးမှာမို့ မြန်မြန်နှိုးလာပါ ထင် ။ ကျွန်တော့်ဘာသာ အိမ်ပြန်လို့ရပေမဲ့ အိပ်ပျော်နေတဲ့ ထင့်ကို တစ်ယောက်တည်းထားခဲ့ဖို့ကိုလဲ စိတ်မချဘူး ။

ထင့်အိမ်ထဲတွင် နာရီအနည်းငယ်ကြာနေပြီးမှ တစ်စုံတစ်ခုကို သတိထားမိသွား၏ ။ ခေတ်မီပစ္စည်းများစုံစုံလင်လင်ရှိနေသော်လည်း ထင့်အိမ်ထဲတွင် ဓာတ်ပုံများမရှိ ။ ထင်၏ပုံများလည်းမရှိသလို ၊ အခြားသောသူများ၏ဓာတ်ပုံများလည်းမရှိပေ ။ သည်အိမ်ထဲတွင် ခြောက်သွေ့တိတ်ဆိတ်မှုသာကြီးစိုးနေပြီး သာယာစိုပြည်မှုကို ရှာမတွေ့ချေ ။

ထင် လှဲအိပ်နေသည့်ဆိုဖာခုံ၏ဘေးဘက်ရှိခုံတွင် ဝင်ထိုင်လိုက်ကာ သက်ပြင်းချမိရင်း မျက်လုံးကိုလည်းစုံမှိတ်မိသည် ။ ထင်နှင့်ပထမဆုံး တွေ့ဆုံမှုမှစ၍ အကြောင်းအရာများက ဦးနှောက်ထဲတွင် တစ်ခုပြီးတစ်ခုပုံရိပ်ထင်လာပြန်တော့ သက်ပြင်းချမိပြန်၏ ။

ထင့်ဆီမှာ ဘယ်လိုအခက်အခဲတွေ ရှိနေခဲ့တာလဲ ။ ထင် ဘာတွေကို ကြုံခဲ့ရတာလဲ ။ ကျွန်တော် ထင့်အကြောင်းတွေကို သိချင်လာပြီ ။ ဘာမှမရှိတဲ့ကျွန်တော်က ထင့်ကို ပျော်ရွှင်မှုတော့ပေးချင်တယ် ။ ကျွန်တော်က ထင့်ကို တကယ်ပျော်စေချင်တာပါ ။ ကျွန်တော်နဲ့ထင် မြို့ပြင်ကိုအပန်းဖြေခရီးထွက်တုန်းက ထင် သိပ်ပျော်နေတာနော် ။ ထင်ကလေ ပြုံးနေတာနဲ့ပဲလိုက်တဲ့သူ ။ ထင် မသိလို့ ၊ ကျွန်တော်က ထင့်အပြုံးကို သိပ်သဘောကျတာ ။

ထင်က အပူအပင်ကင်းစွာဖြင့် ကလေးတစ်ယောက်လိုမျိုး အိပ်မောကျနေဆဲ ။ ထင့်မျက်တောင်ရှည်ရှည်များက ယခုကဲ့သို့ မျက်လုံးပိတ်ထားသည့်အခါ ပို၍ရှည်လျားနေသကဲ့သို့ပင် ။
ထင့်ခေါင်းထက်တွင်နေရာယူထားသည့်ပတ်တီးဖြူဖြူကိုကြည့်မိပြန်တော့ ရင်ဘတ်ထဲတွင် အောင့်မျက်လျက် ။

ရင်မောလိုက်တာ ။ ထင့််အတွက် ရင်မောမိသလို ကျွန်တော့်အတွက်ကျွန်တော်လဲ ရင်မောပါတယ် ။ စိတ်ကြီးတဲ့ပါးနဲ့ ဇွတ်ကြီးတဲ့ထင်နဲ့ကို အဆင်ပြေစေချင်တယ်...ထင် ။ ပါးနဲ့မား အခုဆိုရင် ဘယ်လိုတွေဖြစ်နေကြမလဲ ။

နာရီဝက်ခန့် သည်အတိုင်းငုတ်တုတ်ထိုင်နေမိကာ ထင့်ကို ငေးမောကြည့်နေမိ၏ ။ ထင် အိပ်ပျော်နေသည်မှာ အချိန်အားဖြင့်မနည်းတော့ပေ ။ သူ ထိုင်နေရာမှဖြည်းဖြည်းချင်းထရပ်ပြီး ထင့်ဆီကို ခြေဖျားလေးထောက်ကာလျှောက်သွားမိသည် ။

" ထင် "

"... "

" ထင် "

သည်အတိုင်းနှိုး၍မရသောအခါ ထင့်လက်မောင်းကို ဖြည်းညင်းစွာလှုပ်လိုက်မိသော်လည်း အခြေအနေမှာ ထူးခြားမလာချေ ။ အိမ်ပြန်ချင်သည့်စိတ်နှင့် ထင့်ကိုစိတ်မချဖြစ်နေသည့်စိတ်ကြား အတော်လေးပင်ပန်းလာလေသည် ။ ထင့်မျက်နှာကိုကြည့်လိုက် ၊ မြင်နေရသည့်အိမ်တံခါးကိုငေးစိုက်ကြည့်လိုက်ဖြင့် ဆုံးဖြတ်ချက်ကို လွယ်လွယ်မချနိုင်ပေ ။

သည်အချိန်မှ သူအိမ်သို့ပြန်ရောက်မလာလျှင် ပါး၏ဒေါသမှာ အဆမတန်ကြီးထွားနေလိမ့်မည် ။ နောက်ဆုံးအကြိမ် ထင့်ကို ခပ်ငေးငေးလေးကြည့်ပြီးမှ ခန္ဓာကိုယ်ကို အခန်းတံခါးဆီသို့ဦးတည်မိနေသော သူ့ခြေလှမ်းများမှာ လမ်းခုလတ်တွင်ရပ်တန့်သွားရသည် ။ သူ အိမ်ပြန်သွားပြီဖြစ်ကြောင်း ထင့်ကို အသိပေးရမည် ။ ထိုမှသာ ထင် သူ့ကို မတွေ့လည်းစိတ်အေးလိမ့်မည် ။ နောက်ဘက်သို့ခေါင်းစောင်းကြည့်မိတော့ မြင်လိုက်ရသည်မှာ ဘောပင်များထည့်ထားသည့်ခွက်လေးကိုပင် ။ ခြေလှမ်းများကိုလည်း စားပွဲဘက်သို့ပြောင်းလိုက်ကာ ခွက်ထဲမှ ဘောပင်တစ်ချောင်းကိုယူပြီး စာရွက်အတိုအစလေးများ တွေ့ရလိုတွေ့ရငြား ရှာကြည့်မိသော်လည်း စာရွက်နှင့်တူသော မည်သည့်အရာကိုမှ မတွေ့ပေ ။ နောက်ဆုံး သူ့မျက်လုံးထဲဝင်လာသည်မှာ ထင်၏လက်တစ်စုံပင် ။ ရင်ဘတ်ထက်တွင်လက်နှစ်ဖက်လုံးတင်ထားပြီး အိပ်ပျော်နေသည့် ထင့်အနားသို့ နောက်ထပ်တစ်ကြိမ်တိုးကပ်မိကာ ထင်၏ညာလက်လေးကို ဖြည်းဖြည်းချင်းဆွဲယူမိသည် ။ သွေးကြောစိမ်းများထင်းနေသည့် ထင်၏လက်ဖျံကို ခဏစိုက်ကြည့်ပြီးမှ လက်ထဲရှိဘောပင်ဖြင့် လက်ဖျံတစ်လျှောက်

" ကျွန်တော် ကိုယ့်ဘာသာ အိမ်ပြန်သွားပြီ "

ဆိုပြီးရေးလိုက်တော့ အပြာရောင်စာတန်းက ပန်းရောင်အဆင်းရှိသောလက်အပေါ်တွင် ခပ်ထင်းထင်း ။ ထင့်လက်ဖဝါးက သူ့လက်ဖဝါးထက် ပို၍ကြီးသလို ထင့်လက်ချောင်းများကလည်း သူ့လက်ချောင်းများထက် ပို၍တုတ်သည် ။ ထင့်လက်လေးကို ဖြည်းညင်းစွာဖြင့်အပေါ်သို့မြှောက်လိုက်ပြီးမှ ဖွဖွလေးနမ်းမိ၏ ။ ထင့်လက်လေးက ခပ်အေးအေးဖြစ်နေပြီး လက်သည်းများကြားတွင်လည်း သွေးစအချို့ကျန်ရစ်နေဆဲ ။ သူ့ကြောင့် ထင် ထိခိုက်နာကျင်သည့်အခါတိုင်း သူ့နှလုံးသားမှာလည်း ထပ်တူနာကျင်လျက်ပင် ။ သူ ဆုပ်ကိုင်ထားသည့် ထင့်လက်ကို ထင့်ရင်ဘတ်အပေါ်သို့ ညင်သာစွာပြန်တင်ပေးပြီးမှ

" ကျွန်တော် ပြန်တော့မယ် ထင် "

ဟု တိုးညင်းစွာ ရေရွတ်မိသည် ။

စိတ်ရူးပေါက်ရာကို ထပ်မလုပ်ရဘူးနော် ထင် ။ ထင့်အသက်အရွယ်နဲ့ စိတ်ကူးတဲ့အတိုင်းလုပ်လို့မရဘူးလေ ။ ထင် တစ်ခုခုဖြစ်သွားမှာမျိုး ကျွန်တော် မလိုလားဘူး ။ ကျွန်တော် အိမ်ကိုခဏပြန်ချင်တယ် ။ ထင့်ကို မနှိုးရက်လို့ မနှိုးတာပါ ။ အေးအေးချမ်းချမ်းနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ထင့်ကို ကျွန်တော် မနှိုးရက်ဘူး ။

တစ်လှမ်း...
နှစ်လှမ်း...
ခုနစ်လှမ်း...

သည်တံခါးကိုဖွင့်ပြီး အပြင်သို့ထွက်လိုက်သည်နှင့် ပြသနာတစ်ဝက်ခန့်ပြေလည်သွားမည်မှာ ကျိန်းသေ ။ သူ လုပ်ရမည်မှာ တံခါးကိုဖွင့်လိုက်ပြီး တံခါးအပြင်ဘက်သို့ ခြေထောက်လှမ်းလိုက်ရုံသာ ။ သိပ်ကိုလွယ်သည့်အလုပ်ဖြစ်ပါသော်လည်း သူ့လက်နှင့်ခြေထောက်မှာ အေးခဲခံထားရသည့် အသားများကဲ့သို့ လှုပ်ရှားမရဘဲ ငြိမ်သက်နေ၏ ။တစ်စုံတစ်ခုနှင့် ထိန်းချုပ်ထားသလိုမျိုး ခံစားနေရသည်မှာ ထူးဆန်းအံ့သြဖွယ်ပင် ။ သူ့ကို ညှို့ငင်တတ်သောမျက်ဝန်းများဖြင့်ကြည့်နေတတ်သည့် ထင်လည်း ယခုအိပ်ပျော်နေ၏ ။ " မသွားပါနဲ့ "ဟု တားမည့်သူမရှိပါဘဲ သူ့ဘာသာ ငြိတွယ်နေသည့်ကျော့ကွင်းမှ မရုန်းထွက်နိုင်ပေ ။

ညာလက်က အပေါ်ကို မြှောက်တက်သွားပြီး ဘယ်ဘက်ပါးပြင်ထက်သို့ အရှိန်အဟုန်ဖြင့်ကျရောက်သွား၏ ။ အားကုန်သုံးပြီးရိုက်လိုက်သဖြင့် မျက်နှာမှာလည်းတစ်ဖက်သို့လည်ထွက်သွားကာ မျက်လုံးများထဲတွင်လည်း မိုက်ခနဲပြာဝေသွားတော့သည် ။

သူက တော်တော်မလိမ္မာသည့် သားတစ်ယောက်ပင် ။ နှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်ခဲ့သည့် မိဘများ၏မျက်နှာကို ကြည့်ရမည့်အစား သူစိမ်းတစ်ယောက်၏မျက်နှာကိုသာ ကြည့်သည့်သူ ။ သူ့ကို လိမ္မာသည်ဟု ပြောကြားခဲ့သော မိဘများ၏မျက်နှာကို အိုးမည်းဖြင့်သုတ်သည့်သူ ။

ကျွန်တော် ထင့်ကို မထားခဲ့နိုင်လို့ပါ ။ မနက်ဖြန်ကျရင်တော့ ပါးနဲ့မားဆီကို ကျွန်တော် မဖြစ်ဖြစ်အောင် ပြန်ခဲ့ပါမယ် ။ ဒီတစ်ညကိုတော့ ထင့်အနားမှာပဲ နေပါရစေ ။ အဲဒီအတွက် ပါး ဘယ်လိုမျိုးပဲ အပြစ်ပေးပေး ကျွန်တော် ကျေကျေနပ်နပ်နဲ့ ပါးပေးတဲ့ အပြစ်ဒဏ်ကို ခံယူပါမယ် ။

ကျွန်တော့်ကို ဒီတစ်ခါပဲ ခွင့်လွှတ်ပေးပါ...ပါး ။

*******
နေ့အလင်းရောင်မှာ တဖြည်းဖြည်းလျော့နည်းလာကာ အမှောင်ရိပ်က အစားထိုးဝင်ရောက်လာသည် ။ ပါး၏မျက်လုံးထဲရှိ မျှော်လင့်ချက်များမှာလည်း တဖြည်းဖြည်းအရောင်မဲ့လာခဲ့၏ ။

တစ်နေ့လုံး မည်သည်ကိုမှ ဟုတ်တိပတ်တိမစားရသေးသော်လည်း စားသောက်ချင်စိတ်မှာ ပျောက်ဆုံးနေပြန်သည် ။

မျက်နှာချင်းဆိုင်ထိုင်နေရာမှ ပါးက ဖြည်းဖြည်းချင်းမတ်တတ်ထရပ်သောအခါ သူပါ အလိုလိုမတ်တတ်ရပ်မိသွားသည် ။ ပါးက မကြျစောငျးထျိုးနရော၌ရှိနသေော မီးပလတ်ခုံသို့သွားပြီး မီးခလုတ်ကိုဖွင့်လိုက်၏ ။ ထိုအခါ တိတ်ဆိတ်နေသည့် အိမ်အောက်ထပ်တွင် မီးခလုတ်ဖွင့်ရာမှထွက်ပေါ်လာသည့် ချောက်ခနဲမြည်သံမှာ ခပ်ကျယ်ကျယ်ထွက်ပေါ်လာလေသည် ။ ပါးက အသိစိတ်ကင်းမဲ့နေသူတစ်ယောက်လိုမျိုး လှေကားကို တစ်ထစ်ချင်းစီနင်းဖြတ်၍ တက်သွားခဲ့၏ ။ ပါး၏ဦးခေါင်းမှာ အောက်ဘက်သို့ငိုက်စိုက်ကျနေပြီး ပါး၏ပခုံးများမှာလည်း ယခင်ကဲ့သို့ မတ်မနေဘဲ ခပ်ကိုင်းကိုင်းသဏ္ဍာန်ကိုဆောင်နေသည် ။

ပေါင်ပေ့ အချိန်တွေလွန်နေပြီလေ ။ ဘာဖြစ်လို့ပြန်မလာသေးတာလဲ ။ မြန်မြန်ပြန်လာခဲ့ပါ ပေါင်ပေ့ ။ ပါးနဲ့မားကိုချစ်ရင် အခုဖြစ်ဖြစ်ပြန်လာခဲ့ပါ ။ ပါးရဲ့ အခုဖြစ်နေတဲ့ပုံစံကို ပြန်ပြီးလာကြည့်ပါအုံးကွယ် ။

ပါး၏ခြေလှမ်းများမှာ ပေါင်ပေ့၏အခန်းဆီသို့ဦးတည်သွားသောအခါ သူ့မျက်လုံးအစုံမှာ ပြူးကျယ်သွားရသည် ။ ပေါင်ပေ့၏ပစ္စည်းများကို ပါး ဖျက်ဆီးပစ်လိုက်လျှင်အခက်ပေ ။ သူကသာ စိုးရိမ်နေသော်လည်း ပါးကတော့ ခပ်အေးအေးပုံစံဖြင့် အခန်းတံခါးကိုဖွင့်၍ အခန်းထဲသို့ဝင်သွားကာ မီးခလုတ်ကိုလည်း တစ်ခါတည်းဖွင့်လိုက်သည်  ။

" ပါး ဘာလုပ်ဖို့လဲဟင် "

အသံတိုးတိုးဖြင့်မေးကြည့်သောအခါ ပါးက နောက်ဘက်ကိုလှည့်ကြည့်လာရင်း ခေါင်းယမ်းပြ၏ ။ ထို့နောက် ပါးက ပေါင်ပေ့၏အခန်းထဲအနှံ့ကို လျှောက်ကြည့်နေသည့်အခါ သူလည်း ပါး၏နောက်ဘက်တွင်ကပ်ရပ်လိုက်၍ အတူတူလိုက်ကြည့်မိနေသည် ။ ပါးက နံရံကို လက်ညှိုးထိုးလိုက်ကာ

" မား အဲဒီပုံလေးကို ပေါင်ပေ့ ငါးနှစ်သားတုန်းက ဆွဲထားတာမို့လား "

ရောင်စုံခဲတံလေးများဖြင့်ရေးခြစ်ထားသည့် ထိုပန်းချီပုံထဲတွင် လူကြီးနှစ်ယောက်နှင့် ကလေးငယ်တစ်ယောက်ပါဝင်၏ ။

ချောင်းတစ်ချက်ဟန့်ပြီးမှ " ဟုတ်တယ် ပါး "ဟု ဖြေလိုက်တော့ ပါးကခေါင်းကိုတဆတ်ဆတ်ညိတ်
လေသည် ။

" အင်း...အချိန်တွေကုန်တာကမြန်လိုက်တာ ၊ ပါးတို့ရှိမှဖြစ်မဲ့ကလေးက အခုတော့ ပါးတို့နှစ်ယောက်မရှိလဲ ဖြစ်သွားပြီ ၊ ပေါင်ပေ့က ပါးတို့ကို မလိုအပ်တော့ဘူး မား ၊ ပါးတို့ရဲ့သားလေးက သူစိမ်းတစ်ယောက်ဆီမှာ ပျော်ဝင်သွားပြီ ၊ လွယ်လွယ်ပြောရရင် ပါးတို့က စွန့်ပစ်ခံလိုက်ရပြီလေ "

ပါး၏ နာကျင်ကွဲအက်နေသောစကားသံများကြောင့် သူ အလန့်တကြား ခေါင်းယမ်းမိရင်း ပါး၏ရှေ့ဘက်သို့ သွားရပ်လိုက်ကာ

" မဟုတ်တာ...မဟုတ်တာ... ပါးရယ် ၊ ဘာဖြစ်လို့ အဲဒီလိုတွေးရတာလဲ ၊ ပေါင်ပေ့က မားတို့ဆီကိုပြန်လာမှာပါ ၊ ပေါင်ပေ့ပြန်လာမှာပါ "

အဆုံးသတ်စကားမှာ ခပ်တိုးတိုးဖြင့်သာ ။ အမှန်ဆိုလျှင် သူလည်း ပေါင်ပေ့အပေါ်တွင်ထားသည့်
ယုံကြည်ချက်များမှာ အချိန်ကြာလာသည်နှင့်အမျှ လျော့ပါးလာ၏ ။

ပါး၏မျက်နှာထက်တွင် အပြုံးဟု ပြည့်ပြည့်ဝဝသတ်မှတ်၍မရသော အပြုံးတစ်ခုနှင့် ။ ထို့နောက် ပါးက သူ့မျက်လုံးများကို စိုက်ကြည့်နေပြီးမှ ခေါင်းကို ဆတ်ခနဲခါယမ်းလိုက်လေသည် ။

" ပေါင်ပေ့ ဒီညပြန်မလာတော့ဘူးဆိုတာကို မားလဲ ရိပ်မိနေပါတယ် ၊ ဘယ်လိုပဲဖြေသိမ့်ဖြေသိမ့်...အဖြေမှန်ကို ပါးလဲသိတယ်...မားလဲသိတယ်လေ ၊ လက်မခံချင်ဘူးလို့ ဘယ်လိုငြင်းငြင်း ပေါင်ပေ့က အလက်ဇန်းဒါးထင်ဆိုတဲ့ကောင်ကိုပဲ ရွေးချယ်သွားပြီ ၊ နောက်ဆုံးကျတော့လဲ ငါးရာနှစ်ဆယ့်ရှစ်မေတ္တာက တစ်ထောင့်ငါးရာမေတ္တာကို မယှဉ်နိုင်ဘူးဆိုတာ လက်တွေ့ပြသွားတာပဲ "

ပါး၏စကားကို တုံ့ပြန်ပြောရန်မစွမ်းသာသည့်အခါ ပါးစပ်ကိုသာပိတ်ထားမိသည် ။ ထို့နောက် ပါးက မျက်နှာကြက်ကိုအချိန်တော်တော်ကြာ
မော့ကြည့်နေပြီးမှ သက်ပြင်းချ၏ ။

" မား...ပါးတို့နှစ်ယောက် ခရီးထွက်ကြရအောင် "

" ဟင် "

" ပါးတို့ခရီးမထွက်ဖြစ်တာ တော်တော်ကြာပြီလေ ၊
အခု ပိုက်ဆံလဲစုစရာမလိုတော့ဘူးဆိုတော့ ခရီးထွက်ကြမယ် ၊ နေပြည်တော်မှာ အသစ်တည်ထားတဲ့ဘုရားတွေကိုဖူးချင်တယ်လို့ မား ပြောဖူးတယ်လေ ၊ မနက်ဖြန်မနက်ကားနဲ့ ပါးတို့ နေပြည်တော်ကိုသွားကြရအောင် "

ပါးက ပိုက်ဆံကို သေသေချာချာစုသည့်အကျင့်ရှိ၏ ။ ထိုစုစည်းထားသည့်ပိုက်ဆံအားလုံးမှာ ပေါင်ပေ့၏ရှေ့ရေးအတွက်ဟု ပါးက မကြာခဏပြောခဲ့ဖူးသည် ။ တော်ရုံနေထိုင်မကောင်းဖြစ်လျှင်ပင် ပါးက ဆိုင်ကိုမပိတ်ချေ ။ မိုးရွာတုန်းရေခံမှ ဟု စနောက်သလိုပြောသည့်ပါး၏စကားထဲတွင် ပေါင်ပေ့အပေါ်ထားသည့် မေတ္တာဓာတ်မှာ ထင်ထင်ရှားရှား ။

ယခုအချိန် ထင်သာ သူ့ရှေ့တွင်ရှိနေပါက မည်သည့်အတွက်ကြောင့် သူတို့မိသားစုလေးကို ဖျက်ဆီးရန်ကြံရွယ်သနည်းဟု မေးပစ်ချင်သည် ။ နှလုံးသားနုနယ်သည့် ကလေးငယ်လေးကို မည်သည့်ရည်ရွယ်ချက်ဖြင့် ပျက်စီးအောင်ဖျက်ဆီးပစ်သနည်း ။

" ပါး ပေါင်ပေ့ပြန်လာရင်ရော "

ဟု မေးလိုက်သော်လည်း ပါးက မကြားဟန်ပြု၍ အခန်းထဲမှ ထွက်ခွာသွားသောအခါ အခန်းထဲ၌ သူတစ်ယောက်တည်းသာ ကျန်ရစ်လျက် ။ ငိုပစ်ချင်သည် ။ အော်ကြီးဟစ်ကျယ်ငိုပစ်ချင်သော်လည်း အခြေအနေက မပေးချေ ။

ရက်စက်လိုက်တာ...ရက်စက်လိုက်တာ...ထင်ရယ် ။

*********

မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ပထမဆုံးမြင်ရသည်မှာ စူးရှနေသည့် မီးရောင်ပင် ။ လည်ပင်းထဲတွင်လည်းပူလောင်နေသဖြင့် အပူသက်သာလိုသက်သာငြား တံတွေးမျိုချမိ၏ ။ ထိုသို့လုပ်လိုက်မှ ပို၍ပင် နေရထိုင်ရခက်လာလေသည် ။

ရေဆာလိုက်တာ ။

ပေါင်ပေ့ရော ဘယ်ရောက်သွားလဲ ။ သူ မအိပ်ခင်ကတော့ ပေါင်ပေ့ကသူ့ကိုစောင့်ပေးမယ်လို့ ကတိပေးထားတာပဲ ။ အခု ပေါင်ပေ့က ဘယ်ရောက်သွားပါလိမ့် ။

ပေါင်ပေ့ကို မတွေ့ရသည်နှင့် သူ့စိတ်နှလုံးမှာ မငြိမ်မသက်ဖြစ်၍ ပူလောင်လာရသည် ။ မျက်လုံးများကိုလက်ဖြင့်ပွတ်ကာ အမြင်ကြည်လင်လာအောင်လုပ်မိရင်း လက်ဖျံထက်တွင်နေရာယူထားသည့် စာတန်းဆီကိုအကြည့်ရောက်မိတော့ ပူသည့်ရင်မှာ ဆတက်ထမ်းပိုးပို၍ပူလောင်လာ၏ ။

ပေါင်ပေ့က သူ့ကိုထားပြီး ပြန်သွားပြီ ။

ထိုအတွေးဆိုးကြောင့် ပက်လက်လှဲနေရာမှ ဆတ်ခနဲထရပ်မိသည့်အခါ ခေါင်းထဲတွင်မူးနောက်သွား၍ ခန္ဓာကိုယ်မှာလည်းယိုင်တိုင်တိုင် ။ သူ အိပ်ဆေးသောက်ပြီးအိပ်မိသည်မှာ မှားယွင်းသောဆုံးဖြတ်ချက်ဟုပင်ပြောရမည် ။

သူ ပေါင်ပေ့ကို ပြန်သွားခေါ်ရမယ် ။ သူ ပေါင်ပေ့ကို မရရအောင်ပြန်ခေါ်မှာ ။ ဘယ်နည်းပဲ သုံးရသုံးရ ပေါင်ပေ့သာ သူ့အနားကိုပြန်ရောက်လာမယ်ဆိုရင် သူကတော့ အဲဒီနည်းကိုသုံးမှာပဲ ။ အတ္တကြီးတယ်လို့ပြောလာကြရင်လဲ နည်းနည်းလေးမှ ဂရုစိုက်မှာမဟုတ်ဘူး ။ ပြောတဲ့သူတွေမှာက ချစ်ရတဲ့သူ ၊ ချစ်ပေးမဲ့သူတွေရှိတယ် ။ သူ့မှာက တစ်ယောက်တည်း ၊ တွယ်တာစရာတစ်ယောက်မှမရှိတဲ့ သူ့ဘဝမှာ ပေါင်ပေ့က တစ်ခုတည်းသောတွယ်ငြိရာပဲ ။

ကိုယ့်ကို မထားခဲ့ပါနဲ့ ပေါင်ပေ့ ။
ကိုယ်က မင်း မရှိရင် မဖြစ်လို့ပါ ။
ကိုယ်က မင်းရှိမှသာ ဖြစ်မဲ့ကောင်ပါ ။

စိတ်ကမတည်ငြိမ်သောအခါ ခန္ဓာကိုယ်ကလည်း မတည်မငြိမ် ။ ရေဆာနေသည်ကိုလည်းမေ့သွားခဲ့သည် ။ ယခု သူ့ခေါင်းထဲ၌ နေရာယူထားသည်မှာ သက်ကောင်းလူပင် ။ စားပွဲခုံထက်တွင်တင်ထားသည့်ကားသော့ကိုလှမ်းယူလိုက်ချိန် နားထဲသို့ဝင်ရောက်လာသော ချောင်းဆိုးသံကြောင့် မျက်လုံးအစုံမှာပြူးပြူးကျယ်ကျယ် ။

ဘယ်သူလဲ ။ ဘယ်သူ့ဆီကထွက်လာတဲ့ ချောင်းဆိုးသံလဲ ။

ဒုတိယအကြိမ်ထပ်ကြားရသည့်ချောင်းဆိုးသံကြောင့် ခြေလှမ်းများမှာ အလိုလိုပင်နေရာရွေ့သွား၏ ။ ကြမ်းပြင်ထက်တွင်ကွေးကွေးလေးအိပ်နေသည့် ပေါင်ပေ့ကို မြင်လိုက်ရသောအခါ သူ့စိတ်နှလုံးမှာ ချက်ချင်းပင်ကြည်လင်လာကာ နှစ်နှစ်ကာကာပြုံးမိလိုက်သည် ။ အောက်တွင်ခင်းထားသည့် မွေးပွကော်ဇောထူထူကြောင့် ပေါင်ပေ့အအေးပတ်မည်ကိုစိတ်ပူစရာမလိုသော်လည်း ဖွင့်ထားသည့်အဲကွန်းကြောင့် သူကတော့ စိတ်ပူသွား၏ ။ ပေါင်ပေ့က အဲကွန်း၏အအေးကို ကြောက်တတ်သည် ။ ယခုပင် ထိုအအေးကြောင့် ကွေးကွေးလေးအိပ်နေသည်ကိုမြင်ရသဖြင့် စိတ်မချမ်းသာတော့ပေ ။

အိပ်ခန်းထဲကိုအမြန်ပြေး၍ ကုတင်၏ခြေရင်းဘက်တွင်ထားထားသည့်မွေးပွစောင်ကိုယူကာ ဧည့်ခန်းထဲသို့ပြန်ပြေးလာသော သူ့လှုပ်ရှားမှုများမှာ သွက်သွက်လက်လက် ။

ရင်ခွင်ထဲပိုက်လာသည့်စောင်ကြီးကို ပေါင်ပေ့၏ကိုယ်အပေါ်သို့ ညင်သာစွာခြုံပေးမိ၏ ။ ပေါင်ပေ့က ထင် ခြုံပေးလိုက်သည့်စောင်ကို လက်လေးဖြင့်ဆွဲလိုက်တော့ ထင် ပြုံးမိပြန်သည် ။ အနွေးဓာတ်ရသွားသဖြင့် ကွေးကွေးလေးဖြစ်နေသော ပေါင်ပေ့၏ကိုယ်လုံးလေးမှာ တဖြည်းဖြည်းဆန့်တန်းလာသောအခါ ခြေဖျားလေးနှစ်ဖက်က စောင်၏အောက်ဘက်မှတိုးထွက်လာ၏ ။ ခြေချောင်းသွယ်သွယ်ရှည်ရှည်လေးများသည် ချစ်စရာ ၊ မွတျနျိုးစရာအတိ ။ ထိုခြေချောင်းများတွင်နေရာယူထားသည့် ခြေသည်းများကလည်း လေးထောင့်သဏ္ဍာန် ။ ပေါင်ပေ့၏ ခပ်ရိုးရိုးအသွင်အပြင်ကပင် တစ်မျိုးလေးဆွဲဆောင်မှုရှိနေ၏ ။ ပေါင်ပေ့၏ခြေရင်းဘက်တွင်ဒူးထောက်ထိုင်ပြီး ပေါင်ပေ့၏ခြေသည်းကြည်ကြည်လေးများကို သူ့လက်ညှိုးထိပ်ဖြင့် ဖွဖွလေးထိတွေ့မိတော့ ကြည်နူးမိသည့်စိတ်အဟုန်က တစ်ကိုယ်လုံးအနှံ့သို့ ဖြန့်ကြက်သွားသည်မှာ သိသိသာသာ ။ မကြည်လင်သည့်အတွေးများမှာ ကြည်လင်လာပြီး မူးနောက်နောက်ဖြစ်နေသောဦးခေါင်းကလည်း သံပရာရည်အေးအေးတစ်ခွက်သောက်လိုက်ရသကဲ့သို့ ကြည်လင်လန်းဆန်းလျက် ။

အရာအားလုံးပိုင်ဆိုင်ရလိုက်သည့်လူတစ်ယောက်ကဲ့သို့ စိတ်နှလုံးမှာ ရွှင်လန်း၏ ။

စမ်းရေအေးအေးထဲ ခန္ဓာကိုယ်ကိုစိမ်လိုက်ရသကဲ့သို့ တစ်ကိုယ်လုံးမှာ ပေါ့ပါး၏ ။

ကိုယ့်ကိုထားမသွားတဲ့အတွက် ကျေးဇူးတင်ပါတယ် ...ပေါင်ပေ့ ။

28/8/2022
31/8/2022မှာ ပြန်တွေ့ကြမယ်
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
ခင်လေးဉာဏ်

Zawgyi

တိတ္ဆိတ္ေနသည္ ။ တစ္အိမ္လုံးက သိပ္ကိုတိတ္ဆိတ္ၿငိမ္သက္ေန၏ ။ ပါးက စားပြဲခုံအေပၚကို လက္ႏွစ္ဖက္လုံးတင္ထားၿပီး ထိုလက္ႏွစ္ဖက္လုံးကိုလည္းအေၾကာမ်ားထေအာင္ပင္ ခပ္တင္းတင္းဆုပ္ထားေသးသည္ ။ နီရဲေနေသာပါး၏မ်က္ႏွာျပင္ႏွင့္ အံကိုႀကိတ္ထားသျဖင့္ထင္းေနေသာေမးရိုးက ပါး၏စိတ္ခံစားခ်က္မ်ားကို ထင္ထင္ရွားရွားေပၚလြင္ေစ၏ ။

မ်က္လုံးအိမ္အတြင္းမွ အလိုလိုစီးက်လာသည့္မ်က္ရည္မ်ားကို လက္ဖမိုးျဖင့္သုတ္ဖယ္လိုက္ကာ

" ပါး "

ဟု အသံတိုးတိုးျဖင့္ေခၚမိေသာ္လည္း ပါးကေတာ့ ၾကားဟန္မတူေခ် ။ အခ်ိန္ခဏေလးအတြင္း ျဖစ္ေပၚလာသည့္ အေျခအေနမ်ားမွာ ေတာ္ေတာ္ေလးျပင္းထန္ေသာအခါ လက္ခံရန္လည္းမလြယ္ကူေပ ။

" ပါး "

ေနာက္ထပ္တစ္ႀကိမ္ထပ္ေခၚမွ ပါး၏အၾကည့္က သူ႕ဆီကိုေရာက္လာ၏ ။ ပါး၏မ်က္လုံးအိမ္တြင္ျဖစ္ေပၚေနသည့္ ၿပိဳလဲမႈေၾကာင့္ သူပါ ေနာက္ထပ္တစ္ႀကိမ္ၿပိဳလဲရျပန္သည္ ။

" ရရဲ႕လား ပါး "

ပါးက ေခါင္းကို ျဖည္းျဖည္းခ်င္းခါယမ္းျပလာ၏ ။

" မားတို႔ ဘယ္လိုလုပ္ၾကမလဲ ပါးရယ္...ဟင္...မားတို႔ ဘယ္လိုလုပ္ရင္ အေကာင္းဆုံးျဖစ္မလဲ "

မားဆီမွ ထြက္လာသည့္အသံမွာ ခပ္အစ္အစ္ ။ မား၏မ်က္လုံးမ်ားကလည္း နီရဲမို႔အစ္ေနသည္ ။ မားကေမးလာေသာ္လည္း သူ႕ထံတြင္ အေျဖရွိမေနေပ ။ ျမန္ျမန္ဆန္ဆန္ျဖစ္ေပၚေျပာင္းလဲသြားသည့္ အေျခအေနေၾကာင့္ မည္ကဲ့သို႔လုပ္ရမွန္းကို ဦးႏွောက္မွ မေတြးနိုင္ေတာ့ ။ သူ ခံစားေနရသလို မားလည္း ခံစားေနရလိမ့္မည္ ။ သို႔ေသာ္လည္း ယခုစိတ္အေျခအေနႏွင့္ မားကို ႏွစ္သိမ့္ေပးရန္အတြက္ သူ႕မွာ ခြန္အားမရွိ ။

သူ မွားသြားၿပီလား ။ မ်ိဳးနိုင္ရဲ႕စကားေၾကာင့္ စိတ္ေအးေအးထားၿပီးဆုံးျဖတ္ဖို႔စဥ္းစားခဲ့ေပမဲ့ အလက္ဇန္းဒါးထင္ရဲ႕မ်က္ႏွာကိုလဲျမင္ေရာ သူ႕ေဒါသေတြကို မထိန္းနိုင္ခဲ့ဘူး ။ အဲဒီေကာင္ရဲ႕ မုန္းစရာေကာင္းတဲ့မ်က္ႏွာကို ေတြးျမင္လိုက္တာနဲ႕ ေသြးေၾကာထဲမွာပါ မခံခ်င္စိတ္ေတြ႐ုန္းထလာတယ္ ။ ေပါင္ေပ့က အဲဒီေကာင္ရဲ႕ မာယာထဲမွာ ႐ုန္းမရျဖစ္သြားတဲ့ပုံ ။

ေတြးရင္းေတြးရင္း ရင္ဘတ္ထဲတြင္တစ္ဆို႔လာေသာအခါ ႏႈတ္ခမ္းကိုအားျဖင့္ဖိကိုက္မိ၏ ။ ဆစ္ခနဲနာက်င္သြားမႈႏွင့္အတူ ေသြးညွီနံ႕ကလည္း ႏွာေခါင္းထဲကို တိုးဝင္လာသည္ ။

" ဟယ္...ပါးရယ္...ႏႈတ္ခမ္းမွာေသြးေတြထြက္ကုန္ၿပီ ၊ မကိုက္နဲ႕...မကိုက္နဲ႕...လႊတ္လိုက္ေတာ့ "

သူ ေျပာေနသည့္တိုင္ ပါးက ႏႈတ္ခမ္းကိုဖိကိုက္ထားဆဲ ။ တစ္ရႉးဘူးထဲမွတစ္ရႉးမ်ားကိုထုတ္ယူေနရင္း ပါး၏ပခုံးကိုတဖ်တ္ဖ်တ္ရိုက္ေနမိကာ မ်က္ရည္မ်ားမွာလည္း အလိုလိုၿပိဳဆင္းလာျပန္သည္ ။ လက္ထဲရွိတစ္ရႉးစမ်ားျဖင့္ ပါး၏ႏႈတ္ခမ္းေထာင့္မွ ယိုစီးလာသည့္ေသြးစက္အခ်ိဳ႕ကို ခပ္ဖြဖြသုတ္ေပးၿပီးမွ

" ပါး ကိုယ့္ကိုယ္ကိုယ္ အဲဒီလိုမ်ိဳးလုပ္ေနရင္ မားလဲ ကိုယ့္ကိုယ္ကိုယ္တစ္ခုခုလုပ္ပစ္မွာေနာ္... ပါး ၊ မား တကယ္လုပ္မွာ "

ပါးက သူ႕ကို မ်က္လုံးေဝ့ၾကည့္၍ သြားျဖင့္ဖိကိုက္ထားသည့္ႏႈတ္ခမ္းကိုျဖည္းျဖည္းခ်င္းျပန္လႊတ္ၿပီးမွ  တစ္ဖက္ကိုမ်က္ႏွာလႊဲသြား၏ ။ ပါး၏ႏႈတ္ခမ္းတြင္ ေသြးမ်ားစို႔ေနဆဲပင္ ။ စကၠန့္အနည္းငယ္ၾကာမွ ပါးက မ်က္ႏွာကို ေရွ႕တည့္တည့္သို႔ျပန္လွည့္လာၿပီး သူ႕ကို အေၾကာင္သားေငးၾကည့္ေနျပန္၏ ။

" မား "

ဟု ေခၚသံတိုးတိုးမွာ ပါးဆီမွထြက္ေပၚလာေလသည္ ။

" ဘာလဲ ပါး... ေျပာေလ...ဘာေျပာဖို႔လဲ "

" ေပါင္ေပ့က ျပန္လာမွာပါေနာ္ "

ထိုေမးခြန္းႏွင့္အတူ ပါးဆီမွထြက္လာသည့္ ရွိုက္သံသဲ့သဲ့ ။ မေရွးမႏွောင္းပင္ ပါး၏ပါးျပင္အေပၚကို က်ဆင္းလာသည့္ မ်က္ရည္ေပါက္မ်ား ။ ပါး၏မ်က္ရည္မ်ားကိုျမင္ရသည္မွာ သိပ္ၿပီးနာက်င္စရာေကာင္းလွပါ၏ ။

" ျပန္လာမွာေပါ့ ပါးရဲ႕ ၊ ေပါင္ေပ့က မားတို႔ဆီကိုျပန္လာမွာေလ ၊ ေဆးခန္းလိုက္ပို႔ေပးတာဆိုေတာ့ အခ်ိန္နည္းနည္းၾကာေနတာပါကြယ္ ၊ ခဏေလးၾကာရင္ ေပါင္ေပ့က အိမ္ျပန္ေရာက္ၿပီ "

ပါးစပ္မွလည္းတရစပ္ေျပာေနမိၿပီး ခႏၶာကိုယ္ကိုပါ ပါး၏အနားသို႔တိုးကပ္လိုက္ကာ လက္ႏွစ္ဖက္လုံးျဖင့္ပါး၏ခႏၶာကိုယ္ကို ဖက္ထားမိ၏ ။ ပါးက ေခါင္းကို ထပ္တလဲလဲညိတ္ကာ

" အင္း...ေပါင္ေပ့ျပန္လာေတာ့မွာ "

ဟု သံေယာင္လိုက္ၿပီးေျပာလာသည့္အသံမွာ ခပ္တိုးတိုး ။

" ဒါေပါ့... ပါးရဲ႕ ၊ ျပန္လာေတာ့မွာေနာ္ ၊ ေပါင္ေပ့ ျပန္လာရင္ ပါးက ခ်က္ခ်င္းႀကီးမဆူလိုက္နဲ႕ေနာ္ ၊ ေပါင္ေပ့က စကားနားေထာင္တဲ့ကေလးပါကြယ္ ၊ အခုဟာကလဲ ေသြးသံတရဲရဲနဲ႕ဆိုေတာ့ မေနသာလို႔ ကူညီတဲ့သေဘာပါ ၊ ေပါင္ေပ့က စိတ္သေဘာထားေလးႏူးညံ့တယ္ေလ ၊ အဲဒါေၾကာင့္ပါ ပါးရယ္...ေနာ္ "

" ပါး... ေပါင္ေပ့ကို မဆူပါဘူး ၊ ေပါင္ေပ့ျပန္လာရင္ ေတာ္ပါၿပီ ၊ ပါးတို႔ဆီ ေပါင္ေပ့ျပန္လာရင္ ေတာ္ပါၿပီ "

ပါးက ေပါင္ေပ့ကို ေမွ်ာ္ေနတယ္ကြယ္ ။ အဲဒါေၾကာင့္ မားရဲ႕သားေလးက မားတို႔ဆီကိုျမန္ျမန္ျပန္လာခဲ့ေနာ္ ။ ေပါင္ေပ့က ဘာမွအျပစ္မရွိတဲ့ ကေလးေလးပါ ။ မားကေတာ့ မားရဲ႕သားေလးကို အျပစ္မျမင္ဘူး ။ ပါးကိုလဲ ေပါင္ေပ့ကိုမဆူဖို႔အတြက္ ေျပာေပးထားတယ္ ။ အခ်ိန္ေတြေနာက္မက်ခင္ ေပါင္ေပ့ေလးက မားတို႔ဆီကို ျပန္လာခဲ့ေနာ္ ။ ပါးနဲ႕မားက ေပါင္ေပ့ကို ေမွ်ာ္ေနတယ္ကြယ္ ။

********

ဆိုဖာခုံထက္ ပက္လက္ေလးအိပ္ေနသည့္ ထင့္မ်က္ႏွာမွာ အနည္းငယ္ေခ်ာင္က်ေနသည္ ။ ႏႈတ္ခမ္းေထာင့္ရွိဒဏ္ရာမွာလည္း ေနာက္တစ္ႀကိမ္ထပ္ၿပီးအထိုးခံလိုက္ရသျဖင့္ ပိုၿပီးေရာင္ရမ္းေန၏ ။ ထင္က ခဏေလးအိပ္မည္ဟုေျပာၿပီး အိပ္ေပ်ာ္သြားေသာ္လည္း အခ်ိန္အားျဖင့္သုံးနာရီခန့္ၾကာလာေသာအခါ စိုးရိမ္စိတ္အခ်ိဳ႕ဝင္ေရာက္လာသည္ ။

ေခါင္းထိသြားတာဆိုေတာ့ မေတာ္တဆတစ္ခုခုျဖစ္ေနခဲ့ရင္ ျပသနာ ။ ကိုစည္သူက အမ်ားႀကီးမစိုးရိမ္ပါနဲ႕လို႔ေျပာသြားေပမဲ့ စိတ္ဆိုတာက ခိုင္းတဲ့အတိုင္းျဖစ္တာမွ မဟုတ္တာ ။

အေတြးေပါင္းစုံေၾကာင့္ ထင့္အနားသို႔တိုးကပ္သြားကာ လက္ညွိုးတစ္ေခ်ာင္းကိုလည္း ထင့္ႏွာေခါင္းေရွ႕သို႔ကန့္လန့္ျဖတ္ၿပီးထားၾကည့္မိေတာ့ အသက္ရႉေငြ႕ႏြေးႏြေးက လက္ေခ်ာင္းကို လာၿပီးရိုက္ခတ္၏ ။ ဝင္သက္ ၊ ထြက္သက္လည္းမွန္ေနေသာအခါ စိတ္လည္းေအးသြားရသည္ ။ ထင့္ကိုအေပၚစီးမွစိုက္ၾကည့္ေနရင္း မ်က္လုံးအၾကည့္က နံရံကပ္နာရီႀကီးဆီသို႔ေရာက္သြားေသာအခါ မ်က္လုံးအစုံမွာ အဆမတန္ျပဴးက်ယ္သြားၿပီး ပါးစပ္မွာလည္း ေဟာင္းေလာင္းပြင့္လ်က္ ။

ငါးနာရီ ၊ အခ်ိန္က ညေနငါးနာရီပင္ရွိေနၿပီ ။ ပါးကို ခဏေလးဆိုၿပီးေျပာလာေပမဲ့ ကုန္သြားတဲ့အခ်ိန္က နာရီေပါင္းမနည္းဘူး ။ ပါး သူ႕ကို အႀကီးအက်ယ္ စိတ္တိုေနေတာ့မွာ ။ အခုအခ်ိန္ျပန္သြားရင္ကို မနည္းေျဖရွင္းရမဲ့ အေျခအေနမ်ိဳးပဲ ။

ဖုန္းဆက္မည္ဆိုေသာအေတြးျဖင့္ ေဘာင္းဘီအိတ္ထဲကိုလက္ႏွိုက္ၾကည့္မိေသာ္လည္း မည္သည့္အရာမွ ရွိမေနေပ ။

ဟာ...ဖုန္းကို ပါးဆီေပးထားမိတာပဲ ။ ဘယ္လိုလုပ္ရမလဲဆိုတဲ့အေတြးသာ သူ႕ေခါင္းထဲမွာအျပည့္ ။ ျပန္လာေတာ့မယ္ဆိုၿပီး ပါးဆီကို ဖုန္းဆက္မွျဖစ္မွာ ။

စားပြဲထက္မွာ ထင္၏ဖုန္းရွိေနေသာ္လည္း ကာယကံရွင္၏ခြင့္ျပဳခ်က္မရွိဘဲ ယူမသုံးခ်င္ေပ ။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနေသာ ထင့္ကို မႏွိုးခ်င္ေသာ္လည္း အေျခအေနက ႏွိုးမွကိုျဖစ္မည့္ပုံစံ ။ ထင့္လက္ေမာင္းကို လက္ျဖင့္ခပ္ဖြဖြထိ၍

" ထင္ "

ဟုေခၚမိၿပီးမွ အသည္းယားလာသျဖင့္ ေအာက္ႏႈတ္ခမ္းကိုသြားျဖင့္ဖိကိုက္မိ၏ ။ သူက ထင့္ကို " ခင္ဗ်ား "ဟုသာ ေျပာေနက်ျဖစ္ေသာေၾကာင့္ အမႈမဲ့အမွတ္မဲ့ေခၚမိၿပီးမွ ရွက္သလိုလိုခံစားလာရသည္ ။ သူကသာ တစ္ေယာက္တည္း ဗ်ာမ်ားေနရေသာ္လည္း ထင္ကေတာ့ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနဆဲ ။ ေလပူတစ္ခ်က္မႈတ္ထုတ္ၿပီး ခႏၶာကိုယ္ကိုလည္း ျပန္မတ္လိုက္ကာ

" ခဏေလး ထပ္ေစာင့္လိုက္အုံးမယ္ "

ဆိုၿပီး တစ္ကိုယ္တည္း ေျပာမိသည့္အျဖစ္ ။

ကြၽန္ေတာ္က ခဏထပ္ေစာင့္ေပးမွာမို႔ ျမန္ျမန္ႏွိုးလာပါ ထင္ ။ ကြၽန္ေတာ့္ဘာသာ အိမ္ျပန္လို႔ရေပမဲ့ အိပ္ေပ်ာ္ေနတဲ့ ထင့္ကို တစ္ေယာက္တည္းထားခဲ့ဖို႔ကိုလဲ စိတ္မခ်ဘဴး ။

ထင့္အိမ္ထဲတြင္ နာရီအနည္းငယ္ၾကာေနၿပီးမွ တစ္စုံတစ္ခုကို သတိထားမိသြား၏ ။ ေခတ္မီပစၥည္းမ်ားစုံစုံလင္လင္ရွိေနေသာ္လည္း ထင့္အိမ္ထဲတြင္ ဓာတ္ပုံမ်ားမရွိ ။ ထင္၏ပုံမ်ားလည္းမရွိသလို ၊ အျခားေသာသူမ်ား၏ဓာတ္ပုံမ်ားလည္းမရွိေပ ။ သည္အိမ္ထဲတြင္ ေျခာက္ေသြ႕တိတ္ဆိတ္မႈသာႀကီးစိုးေနၿပီး သာယာစိုျပည္မႈကို ရွာမေတြ႕ေခ် ။

ထင္ လွဲအိပ္ေနသည့္ဆိုဖာခုံ၏ေဘးဘက္ရွိခုံတြင္ ဝင္ထိုင္လိုက္ကာ သက္ျပင္းခ်မိရင္း မ်က္လုံးကိုလည္းစုံမွိတ္မိသည္ ။ ထင္ႏွင့္ပထမဆုံး ေတြ႕ဆုံမႈမွစ၍ အေၾကာင္းအရာမ်ားက ဦးႏွောက္ထဲတြင္ တစ္ခုၿပီးတစ္ခုပုံရိပ္ထင္လာျပန္ေတာ့ သက္ျပင္းခ်မိျပန္၏ ။

ထင့္ဆီမွာ ဘယ္လိုအခက္အခဲေတြ ရွိေနခဲ့တာလဲ ။ ထင္ ဘာေတြကို ႀကဳံခဲ့ရတာလဲ ။ ကြၽန္ေတာ္ ထင့္အေၾကာင္းေတြကို သိခ်င္လာၿပီ ။ ဘာမွမရွိတဲ့ကြၽန္ေတာ္က ထင့္ကို ေပ်ာ္႐ႊင္မႈေတာ့ေပးခ်င္တယ္ ။ ကြၽန္ေတာ္က ထင့္ကို တကယ္ေပ်ာ္ေစခ်င္တာပါ ။ ကြၽန္ေတာ္နဲ႕ထင္ ၿမိဳ႕ျပင္ကိုအပန္းေျဖခရီးထြက္တုန္းက ထင္ သိပ္ေပ်ာ္ေနတာေနာ္ ။ ထင္ကေလ ၿပဳံးေနတာနဲ႕ပဲလိုက္တဲ့သူ ။ ထင္ မသိလို႔ ၊ ကြၽန္ေတာ္က ထင့္အၿပဳံးကို သိပ္သေဘာက်တာ ။

ထင္က အပူအပင္ကင္းစြာျဖင့္ ကေလးတစ္ေယာက္လိုမ်ိဳး အိပ္ေမာက်ေနဆဲ ။ ထင့္မ်က္ေတာင္ရွည္ရွည္မ်ားက ယခုကဲ့သို႔ မ်က္လုံးပိတ္ထားသည့္အခါ ပို၍ရွည္လ်ားေနသကဲ့သို႔ပင္ ။
ထင့္ေခါင္းထက္တြင္ေနရာယူထားသည့္ပတ္တီးျဖဴျဖဴကိုၾကည့္မိျပန္ေတာ့ ရင္ဘတ္ထဲတြင္ ေအာင့္မ်က္လ်က္ ။

ရင္ေမာလိုက္တာ ။ ထင့္္အတြက္ ရင္ေမာမိသလို ကြၽန္ေတာ့္အတြက္ကြၽန္ေတာ္လဲ ရင္ေမာပါတယ္ ။ စိတ္ႀကီးတဲ့ပါးနဲ႕ ဇြတ္ႀကီးတဲ့ထင္နဲ႕ကို အဆင္ေျပေစခ်င္တယ္...ထင္ ။ ပါးနဲ႕မား အခုဆိုရင္ ဘယ္လိုေတြျဖစ္ေနၾကမလဲ ။

နာရီဝက္ခန့္ သည္အတိုင္းငုတ္တုတ္ထိုင္ေနမိကာ ထင့္ကို ေငးေမာၾကည့္ေနမိ၏ ။ ထင္ အိပ္ေပ်ာ္ေနသည္မွာ အခ်ိန္အားျဖင့္မနည္းေတာ့ေပ ။ သူ ထိုင္ေနရာမွျဖည္းျဖည္းခ်င္းထရပ္ၿပီး ထင့္ဆီကို ေျခဖ်ားေလးေထာက္ကာေလွ်ာက္သြားမိသည္ ။

" ထင္ "

"... "

" ထင္ "

သည္အတိုင္းႏွိုး၍မရေသာအခါ ထင့္လက္ေမာင္းကို ျဖည္းညင္းစြာလႈပ္လိုက္မိေသာ္လည္း အေျခအေနမွာ ထူးျခားမလာေခ် ။ အိမ္ျပန္ခ်င္သည့္စိတ္ႏွင့္ ထင့္ကိုစိတ္မခ်ျဖစ္ေနသည့္စိတ္ၾကား အေတာ္ေလးပင္ပန္းလာေလသည္ ။ ထင့္မ်က္ႏွာကိုၾကည့္လိုက္ ၊ ျမင္ေနရသည့္အိမ္တံခါးကိုေငးစိုက္ၾကည့္လိုက္ျဖင့္ ဆုံးျဖတ္ခ်က္ကို လြယ္လြယ္မခ်နိဳင္ေပ ။

သည္အခ်ိန္မွ သူအိမ္သို႔ျပန္ေရာက္မလာလွ်င္ ပါး၏ေဒါသမွာ အဆမတန္ႀကီးထြားေနလိမ့္မည္ ။ ေနာက္ဆုံးအႀကိမ္ ထင့္ကို ခပ္ေငးေငးေလးၾကည့္ၿပီးမွ ခႏၶာကိုယ္ကို အခန္းတံခါးဆီသို႔ဦးတည္မိေနေသာ သူ႕ေျခလွမ္းမ်ားမွာ လမ္းခုလတ္တြင္ရပ္တန့္သြားရသည္ ။ သူ အိမ္ျပန္သြားၿပီျဖစ္ေၾကာင္း ထင့္ကို အသိေပးရမည္ ။ ထိုမွသာ ထင္ သူ႕ကို မေတြ႕လည္းစိတ္ေအးလိမ့္မည္ ။ ေနာက္ဘက္သို႔ေခါင္းေစာင္းၾကည့္မိေတာ့ ျမင္လိုက္ရသည္မွာ ေဘာပင္မ်ားထည့္ထားသည့္ခြက္ေလးကိုပင္ ။ ေျခလွမ္းမ်ားကိုလည္း စားပြဲဘက္သို႔ေျပာင္းလိုက္ကာ ခြက္ထဲမွ ေဘာပင္တစ္ေခ်ာင္းကိုယူၿပီး စာ႐ြက္အတိုအစေလးမ်ား ေတြ႕ရလိုေတြ႕ရျငား ရွာၾကည့္မိေသာ္လည္း စာ႐ြက္ႏွင့္တူေသာ မည္သည့္အရာကိုမွ မေတြ႕ေပ ။ ေနာက္ဆုံး သူ႕မ်က္လုံးထဲဝင္လာသည္မွာ ထင္၏လက္တစ္စုံပင္ ။ ရင္ဘတ္ထက္တြင္လက္ႏွစ္ဖက္လုံးတင္ထားၿပီး အိပ္ေပ်ာ္ေနသည့္ ထင့္အနားသို႔ ေနာက္ထပ္တစ္ႀကိမ္တိုးကပ္မိကာ ထင္၏ညာလက္ေလးကို ျဖည္းျဖည္းခ်င္းဆြဲယူမိသည္ ။ ေသြးေၾကာစိမ္းမ်ားထင္းေနသည့္ ထင္၏လက္ဖ်ံကို ခဏစိုက္ၾကည့္ၿပီးမွ လက္ထဲရွိေဘာပင္ျဖင့္ လက္ဖ်ံတစ္ေလွ်ာက္

" ကြၽန္ေတာ္ ကိုယ့္ဘာသာ အိမ္ျပန္သြားၿပီ "

ဆိုၿပီးေရးလိုက္ေတာ့ အျပာေရာင္စာတန္းက ပန္းေရာင္အဆင္းရွိေသာလက္အေပၚတြင္ ခပ္ထင္းထင္း ။ ထင့္လက္ဖဝါးက သူ႕လက္ဖဝါးထက္ ပို၍ႀကီးသလို ထင့္လက္ေခ်ာင္းမ်ားကလည္း သူ႕လက္ေခ်ာင္းမ်ားထက္ ပို၍တုတ္သည္ ။ ထင့္လက္ေလးကို ျဖည္းညင္းစြာျဖင့္အေပၚသို႔ျမႇောက္လိုက္ၿပီးမွ ဖြဖြေလးနမ္းမိ၏ ။ ထင့္လက္ေလးက ခပ္ေအးေအးျဖစ္ေနၿပီး လက္သည္းမ်ားၾကားတြင္လည္း ေသြးစအခ်ိဳ႕က်န္ရစ္ေနဆဲ ။ သူ႕ေၾကာင့္ ထင္ ထိခိုက္နာက်င္သည့္အခါတိုင္း သူ႕ႏွလုံးသားမွာလည္း ထပ္တူနာက်င္လ်က္ပင္ ။ သူ ဆုပ္ကိုင္ထားသည့္ ထင့္လက္ကို ထင့္ရင္ဘတ္အေပၚသို႔ ညင္သာစြာျပန္တင္ေပးၿပီးမွ

" ကြၽန္ေတာ္ ျပန္ေတာ့မယ္ ထင္ "

ဟု တိုးညင္းစြာ ေရ႐ြတ္မိသည္ ။

စိတ္႐ူးေပါက္ရာကို ထပ္မလုပ္ရဘူးေနာ္ ထင္ ။ ထင့္အသက္အ႐ြယ္နဲ႕ စိတ္ကူးတဲ့အတိုင္းလုပ္လို႔မရဘူးေလ ။ ထင္ တစ္ခုခုျဖစ္သြားမွာမ်ိဳး ကြၽန္ေတာ္ မလိုလားဘူး ။ ကြၽန္ေတာ္ အိမ္ကိုခဏျပန္ခ်င္တယ္ ။ ထင့္ကို မႏွိုးရက္လို႔ မႏွိုးတာပါ ။ ေအးေအးခ်မ္းခ်မ္းနဲ႕ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတဲ့ ထင့္ကို ကြၽန္ေတာ္ မႏွိုးရက္ဘူး ။

တစ္လွမ္း...
ႏွစ္လွမ္း...
ခုနစ္လွမ္း...

သည္တံခါးကိုဖြင့္ၿပီး အျပင္သို႔ထြက္လိုက္သည္ႏွင့္ ျပသနာတစ္ဝက္ခန့္ေျပလည္သြားမည္မွာ က်ိန္းေသ ။ သူ လုပ္ရမည္မွာ တံခါးကိုဖြင့္လိုက္ၿပီး တံခါးအျပင္ဘက္သို႔ ေျခေထာက္လွမ္းလိုက္႐ုံသာ ။ သိပ္ကိုလြယ္သည့္အလုပ္ျဖစ္ပါေသာ္လည္း သူ႕လက္ႏွင့္ေျခေထာက္မွာ ေအးခဲခံထားရသည့္ အသားမ်ားကဲ့သို႔ လႈပ္ရွားမရဘဲ ၿငိမ္သက္ေန၏ ။တစ္စုံတစ္ခုႏွင့္ ထိန္းခ်ဳပ္ထားသလိုမ်ိဳး ခံစားေနရသည္မွာ ထူးဆန္းအံ့ၾသဖြယ္ပင္ ။ သူ႕ကို ညွို႔ငင္တတ္ေသာမ်က္ဝန္းမ်ားျဖင့္ၾကည့္ေနတတ္သည့္ ထင္လည္း ယခုအိပ္ေပ်ာ္ေန၏ ။ " မသြားပါနဲ႕ "ဟု တားမည့္သူမရွိပါဘဲ သူ႕ဘာသာ ၿငိတြယ္ေနသည့္ေက်ာ့ကြင္းမွ မ႐ုန္းထြက္နိုင္ေပ ။

ညာလက္က အေပၚကို ျမႇောက္တက္သြားၿပီး ဘယ္ဘက္ပါးျပင္ထက္သို႔ အရွိန္အဟုန္ျဖင့္က်ေရာက္သြား၏ ။ အားကုန္သုံးၿပီးရိုက္လိုက္သျဖင့္ မ်က္ႏွာမွာလည္းတစ္ဖက္သို႔လည္ထြက္သြားကာ မ်က္လုံးမ်ားထဲတြင္လည္း မိုက္ခနဲျပာေဝသြားေတာ့သည္ ။

သူက ေတာ္ေတာ္မလိမၼာသည့္ သားတစ္ေယာက္ပင္ ။ ႏွစ္ေပါင္းမ်ားစြာ ေကြၽးေမြးေစာင့္ေရွာက္ခဲ့သည့္ မိဘမ်ား၏မ်က္ႏွာကို ၾကည့္ရမည့္အစား သူစိမ္းတစ္ေယာက္၏မ်က္ႏွာကိုသာ ၾကည့္သည့္သူ ။ သူ႕ကို လိမၼာသည္ဟု ေျပာၾကားခဲ့ေသာ မိဘမ်ား၏မ်က္ႏွာကို အိုးမည္းျဖင့္သုတ္သည့္သူ ။

ကြၽန္ေတာ္ ထင့္ကို မထားခဲ့နိုင္လို႔ပါ ။ မနက္ျဖန္က်ရင္ေတာ့ ပါးနဲ႕မားဆီကို ကြၽန္ေတာ္ မျဖစ္ျဖစ္ေအာင္ ျပန္ခဲ့ပါမယ္ ။ ဒီတစ္ညကိုေတာ့ ထင့္အနားမွာပဲ ေနပါရေစ ။ အဲဒီအတြက္ ပါး ဘယ္လိုမ်ိဳးပဲ အျပစ္ေပးေပး ကြၽန္ေတာ္ ေက်ေက်နပ္နပ္နဲ႕ ပါးေပးတဲ့ အျပစ္ဒဏ္ကို ခံယူပါမယ္ ။

ကြၽန္ေတာ့္ကို ဒီတစ္ခါပဲ ခြင့္လႊတ္ေပးပါ...ပါး ။

*******
ေန႕အလင္းေရာင္မွာ တျဖည္းျဖည္းေလ်ာ့နည္းလာကာ အေမွာင္ရိပ္က အစားထိုးဝင္ေရာက္လာသည္ ။ ပါး၏မ်က္လုံးထဲရွိ ေမွ်ာ္လင့္ခ်က္မ်ားမွာလည္း တျဖည္းျဖည္းအေရာင္မဲ့လာခဲ့၏ ။

တစ္ေန႕လုံး မည္သည္ကိုမွ ဟုတ္တိပတ္တိမစားရေသးေသာ္လည္း စားေသာက္ခ်င္စိတ္မွာ ေပ်ာက္ဆုံးေနျပန္သည္ ။

မ်က္ႏွာခ်င္းဆိုင္ထိုင္ေနရာမွ ပါးက ျဖည္းျဖည္းခ်င္းမတ္တတ္ထရပ္ေသာအခါ သူပါ အလိုလိုမတ္တတ္ရပ္မိသြားသည္ ။ ပါးက မျက်စောင်းထ်ိုးနေရာ၌ရှိနေသော မီးပလတ္ခုံသို႔သြားၿပီး မီးခလုတ္ကိုဖြင့္လိုက္၏ ။ ထိုအခါ တိတ္ဆိတ္ေနသည့္ အိမ္ေအာက္ထပ္တြင္ မီးခလုတ္ဖြင့္ရာမွထြက္ေပၚလာသည့္ ေခ်ာက္ခနဲျမည္သံမွာ ခပ္က်ယ္က်ယ္ထြက္ေပၚလာေလသည္ ။ ပါးက အသိစိတ္ကင္းမဲ့ေနသူတစ္ေယာက္လိုမ်ိဳး ေလွကားကို တစ္ထစ္ခ်င္းစီနင္းျဖတ္၍ တက္သြားခဲ့၏ ။ ပါး၏ဦးေခါင္းမွာ ေအာက္ဘက္သို႔ငိုက္စိုက္က်ေနၿပီး ပါး၏ပခုံးမ်ားမွာလည္း ယခင္ကဲ့သို႔ မတ္မေနဘဲ ခပ္ကိုင္းကိုင္းသ႑ာန္ကိုေဆာင္ေနသည္ ။

ေပါင္ေပ့ အခ်ိန္ေတြလြန္ေနၿပီေလ ။ ဘာျဖစ္လို႔ျပန္မလာေသးတာလဲ ။ ျမန္ျမန္ျပန္လာခဲ့ပါ ေပါင္ေပ့ ။ ပါးနဲ႕မားကိုခ်စ္ရင္ အခုျဖစ္ျဖစ္ျပန္လာခဲ့ပါ ။ ပါးရဲ႕ အခုျဖစ္ေနတဲ့ပုံစံကို ျပန္ၿပီးလာၾကည့္ပါအုံးကြယ္ ။

ပါး၏ေျခလွမ္းမ်ားမွာ ေပါင္ေပ့၏အခန္းဆီသို႔ဦးတည္သြားေသာအခါ သူ႕မ်က္လုံးအစုံမွာ ျပဴးက်ယ္သြားရသည္ ။ ေပါင္ေပ့၏ပစၥည္းမ်ားကို ပါး ဖ်က္ဆီးပစ္လိုက္လွ်င္အခက္ေပ ။ သူကသာ စိုးရိမ္ေနေသာ္လည္း ပါးကေတာ့ ခပ္ေအးေအးပုံစံျဖင့္ အခန္းတံခါးကိုဖြင့္၍ အခန္းထဲသို႔ဝင္သြားကာ မီးခလုတ္ကိုလည္း တစ္ခါတည္းဖြင့္လိုက္သည္  ။

" ပါး ဘာလုပ္ဖို႔လဲဟင္ "

အသံတိုးတိုးျဖင့္ေမးၾကည့္ေသာအခါ ပါးက ေနာက္ဘက္ကိုလွည့္ၾကည့္လာရင္း ေခါင္းယမ္းျပ၏ ။ ထို႔ေနာက္ ပါးက ေပါင္ေပ့၏အခန္းထဲအႏွံ႕ကို ေလွ်ာက္ၾကည့္ေနသည့္အခါ သူလည္း ပါး၏ေနာက္ဘက္တြင္ကပ္ရပ္လိုက္၍ အတူတူလိုက္ၾကည့္မိေနသည္ ။ ပါးက နံရံကို လက္ညွိုးထိုးလိုက္ကာ

" မား အဲဒီပုံေလးကို ေပါင္ေပ့ ငါးႏွစ္သားတုန္းက ဆြဲထားတာမို႔လား "

ေရာင္စုံခဲတံေလးမ်ားျဖင့္ေရးျခစ္ထားသည့္ ထိုပန္းခ်ီပုံထဲတြင္ လူႀကီးႏွစ္ေယာက္ႏွင့္ ကေလးငယ္တစ္ေယာက္ပါဝင္၏ ။

ေခ်ာင္းတစ္ခ်က္ဟန့္ၿပီးမွ " ဟုတ္တယ္ ပါး "ဟု ေျဖလိုက္ေတာ့ ပါးကေခါင္းကိုတဆတ္ဆတ္ညိတ္
ေလသည္ ။

" အင္း...အခ်ိန္ေတြကုန္တာကျမန္လိုက္တာ ၊ ပါးတို႔ရွိမွျဖစ္မဲ့ကေလးက အခုေတာ့ ပါးတို႔ႏွစ္ေယာက္မရွိလဲ ျဖစ္သြားၿပီ ၊ ေပါင္ေပ့က ပါးတို႔ကို မလိုအပ္ေတာ့ဘူး မား ၊ ပါးတို႔ရဲ႕သားေလးက သူစိမ္းတစ္ေယာက္ဆီမွာ ေပ်ာ္ဝင္သြားၿပီ ၊ လြယ္လြယ္ေျပာရရင္ ပါးတို႔က စြန့္ပစ္ခံလိုက္ရၿပီေလ "

ပါး၏ နာက်င္ကြဲအက္ေနေသာစကားသံမ်ားေၾကာင့္ သူ အလန့္တၾကား ေခါင္းယမ္းမိရင္း ပါး၏ေရွ႕ဘက္သို႔ သြားရပ္လိုက္ကာ

" မဟုတ္တာ...မဟုတ္တာ... ပါးရယ္ ၊ ဘာျဖစ္လို႔ အဲဒီလိုေတြးရတာလဲ ၊ ေပါင္ေပ့က မားတို႔ဆီကိုျပန္လာမွာပါ ၊ ေပါင္ေပ့ျပန္လာမွာပါ "

အဆုံးသတ္စကားမွာ ခပ္တိုးတိုးျဖင့္သာ ။ အမွန္ဆိုလွ်င္ သူလည္း ေပါင္ေပ့အေပၚတြင္ထားသည့္
ယုံၾကည္ခ်က္မ်ားမွာ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ေလ်ာ့ပါးလာ၏ ။

ပါး၏မ်က္ႏွာထက္တြင္ အၿပဳံးဟု ျပည့္ျပည့္ဝဝသတ္မွတ္၍မရေသာ အၿပဳံးတစ္ခုႏွင့္ ။ ထို႔ေနာက္ ပါးက သူ႕မ်က္လုံးမ်ားကို စိုက္ၾကည့္ေနၿပီးမွ ေခါင္းကို ဆတ္ခနဲခါယမ္းလိုက္ေလသည္ ။

" ေပါင္ေပ့ ဒီညျပန္မလာေတာ့ဘူးဆိုတာကို မားလဲ ရိပ္မိေနပါတယ္ ၊ ဘယ္လိုပဲေျဖသိမ့္ေျဖသိမ့္...အေျဖမွန္ကို ပါးလဲသိတယ္...မားလဲသိတယ္ေလ ၊ လက္မခံခ်င္ဘူးလို႔ ဘယ္လိုျငင္းျငင္း ေပါင္ေပ့က အလက္ဇန္းဒါးထင္ဆိုတဲ့ေကာင္ကိုပဲ ေ႐ြးခ်ယ္သြားၿပီ ၊ ေနာက္ဆုံးက်ေတာ့လဲ ငါးရာႏွစ္ဆယ့္ရွစ္ေမတၱာက တစ္ေထာင့္ငါးရာေမတၱာကို မယွဥ္နိုင္ဘူးဆိုတာ လက္ေတြ႕ျပသြားတာပဲ "

ပါး၏စကားကို တုံ႕ျပန္ေျပာရန္မစြမ္းသာသည့္အခါ ပါးစပ္ကိုသာပိတ္ထားမိသည္ ။ ထို႔ေနာက္ ပါးက မ်က္ႏွာၾကက္ကိုအခ်ိန္ေတာ္ေတာ္ၾကာ
ေမာ့ၾကည့္ေနၿပီးမွ သက္ျပင္းခ်၏ ။

" မား...ပါးတို႔ႏွစ္ေယာက္ ခရီးထြက္ၾကရေအာင္ "

" ဟင္ "

" ပါးတို႔ခရီးမထြက္ျဖစ္တာ ေတာ္ေတာ္ၾကာၿပီေလ ၊
အခု ပိုက္ဆံလဲစုစရာမလိုေတာ့ဘူးဆိုေတာ့ ခရီးထြက္ၾကမယ္ ၊ ေနျပည္ေတာ္မွာ အသစ္တည္ထားတဲ့ဘုရားေတြကိုဖူးခ်င္တယ္လို႔ မား ေျပာဖူးတယ္ေလ ၊ မနက္ျဖန္မနက္ကားနဲ႕ ပါးတို႔ ေနျပည္ေတာ္ကိုသြားၾကရေအာင္ "

ပါးက ပိုက္ဆံကို ေသေသခ်ာခ်ာစုသည့္အက်င့္ရွိ၏ ။ ထိုစုစည္းထားသည့္ပိုက္ဆံအားလုံးမွာ ေပါင္ေပ့၏ေရွ႕ေရးအတြက္ဟု ပါးက မၾကာခဏေျပာခဲ့ဖူးသည္ ။ ေတာ္႐ုံေနထိုင္မေကာင္းျဖစ္လွ်င္ပင္ ပါးက ဆိုင္ကိုမပိတ္ေခ် ။ မိုး႐ြာတုန္းေရခံမွ ဟု စေနာက္သလိုေျပာသည့္ပါး၏စကားထဲတြင္ ေပါင္ေပ့အေပၚထားသည့္ ေမတၱာဓာတ္မွာ ထင္ထင္ရွားရွား ။

ယခုအခ်ိန္ ထင္သာ သူ႕ေရွ႕တြင္ရွိေနပါက မည္သည့္အတြက္ေၾကာင့္ သူတို႔မိသားစုေလးကို ဖ်က္ဆီးရန္ႀကံ႐ြယ္သနည္းဟု ေမးပစ္ခ်င္သည္ ။ ႏွလုံးသားႏုနယ္သည့္ ကေလးငယ္ေလးကို မည္သည့္ရည္႐ြယ္ခ်က္ျဖင့္ ပ်က္စီးေအာင္ဖ်က္ဆီးပစ္သနည္း ။

" ပါး ေပါင္ေပ့ျပန္လာရင္ေရာ "

ဟု ေမးလိုက္ေသာ္လည္း ပါးက မၾကားဟန္ျပဳ၍ အခန္းထဲမွ ထြက္ခြာသြားေသာအခါ အခန္းထဲ၌ သူတစ္ေယာက္တည္းသာ က်န္ရစ္လ်က္ ။ ငိုပစ္ခ်င္သည္ ။ ေအာ္ႀကီးဟစ္က်ယ္ငိုပစ္ခ်င္ေသာ္လည္း အေျခအေနက မေပးေခ် ။

ရက္စက္လိုက္တာ...ရက္စက္လိုက္တာ...ထင္ရယ္ ။

*********

မ်က္လုံးကိုဖြင့္ၾကည့္လိုက္ေတာ့ ပထမဆုံးျမင္ရသည္မွာ စူးရွေနသည့္ မီးေရာင္ပင္ ။ လည္ပင္းထဲတြင္လည္းပူေလာင္ေနသျဖင့္ အပူသက္သာလိုသက္သာျငား တံေတြးမ်ိဳခ်မိ၏ ။ ထိုသို႔လုပ္လိုက္မွ ပို၍ပင္ ေနရထိုင္ရခက္လာေလသည္ ။

ေရဆာလိုက္တာ ။

ေပါင္ေပ့ေရာ ဘယ္ေရာက္သြားလဲ ။ သူ မအိပ္ခင္ကေတာ့ ေပါင္ေပ့ကသူ႕ကိုေစာင့္ေပးမယ္လို႔ ကတိေပးထားတာပဲ ။ အခု ေပါင္ေပ့က ဘယ္ေရာက္သြားပါလိမ့္ ။

ေပါင္ေပ့ကို မေတြ႕ရသည္ႏွင့္ သူ႕စိတ္ႏွလုံးမွာ မၿငိမ္မသက္ျဖစ္၍ ပူေလာင္လာရသည္ ။ မ်က္လုံးမ်ားကိုလက္ျဖင့္ပြတ္ကာ အျမင္ၾကည္လင္လာေအာင္လုပ္မိရင္း လက္ဖ်ံထက္တြင္ေနရာယူထားသည့္ စာတန္းဆီကိုအၾကည့္ေရာက္မိေတာ့ ပူသည့္ရင္မွာ ဆတက္ထမ္းပိုးပို၍ပူေလာင္လာ၏ ။

ေပါင္ေပ့က သူ႕ကိုထားၿပီး ျပန္သြားၿပီ ။

ထိုအေတြးဆိုးေၾကာင့္ ပက္လက္လွဲေနရာမွ ဆတ္ခနဲထရပ္မိသည့္အခါ ေခါင္းထဲတြင္မူးေနာက္သြား၍ ခႏၶာကိုယ္မွာလည္းယိုင္တိုင္တိုင္ ။ သူ အိပ္ေဆးေသာက္ၿပီးအိပ္မိသည္မွာ မွားယြင္းေသာဆုံးျဖတ္ခ်က္ဟုပင္ေျပာရမည္ ။

သူ ေပါင္ေပ့ကို ျပန္သြားေခၚရမယ္ ။ သူ ေပါင္ေပ့ကို မရရေအာင္ျပန္ေခၚမွာ ။ ဘယ္နည္းပဲ သုံးရသုံးရ ေပါင္ေပ့သာ သူ႕အနားကိုျပန္ေရာက္လာမယ္ဆိုရင္ သူကေတာ့ အဲဒီနည္းကိုသုံးမွာပဲ ။ အတၱႀကီးတယ္လို႔ေျပာလာၾကရင္လဲ နည္းနည္းေလးမွ ဂ႐ုစိုက္မွာမဟုတ္ဘူး ။ ေျပာတဲ့သူေတြမွာက ခ်စ္ရတဲ့သူ ၊ ခ်စ္ေပးမဲ့သူေတြရွိတယ္ ။ သူ႕မွာက တစ္ေယာက္တည္း ၊ တြယ္တာစရာတစ္ေယာက္မွမရွိတဲ့ သူ႕ဘဝမွာ ေပါင္ေပ့က တစ္ခုတည္းေသာတြယ္ၿငိရာပဲ ။

ကိုယ့္ကို မထားခဲ့ပါနဲ႕ ေပါင္ေပ့ ။
ကိုယ္က မင္း မရွိရင္ မျဖစ္လို႔ပါ ။
ကိုယ္က မင္းရွိမွသာ ျဖစ္မဲ့ေကာင္ပါ ။

စိတ္ကမတည္ၿငိမ္ေသာအခါ ခႏၶာကိုယ္ကလည္း မတည္မၿငိမ္ ။ ေရဆာေနသည္ကိုလည္းေမ့သြားခဲ့သည္ ။ ယခု သူ႕ေခါင္းထဲ၌ ေနရာယူထားသည္မွာ သက္ေကာင္းလူပင္ ။ စားပြဲခုံထက္တြင္တင္ထားသည့္ကားေသာ့ကိုလွမ္းယူလိုက္ခ်ိန္ နားထဲသို႔ဝင္ေရာက္လာေသာ ေခ်ာင္းဆိုးသံေၾကာင့္ မ်က္လုံးအစုံမွာျပဴးျပဴးက်ယ္က်ယ္ ။

ဘယ္သူလဲ ။ ဘယ္သူ႕ဆီကထြက္လာတဲ့ ေခ်ာင္းဆိုးသံလဲ ။

ဒုတိယအႀကိမ္ထပ္ၾကားရသည့္ေခ်ာင္းဆိုးသံေၾကာင့္ ေျခလွမ္းမ်ားမွာ အလိုလိုပင္ေနရာေ႐ြ႕သြား၏ ။ ၾကမ္းျပင္ထက္တြင္ေကြးေကြးေလးအိပ္ေနသည့္ ေပါင္ေပ့ကို ျမင္လိုက္ရေသာအခါ သူ႕စိတ္ႏွလုံးမွာ ခ်က္ခ်င္းပင္ၾကည္လင္လာကာ ႏွစ္ႏွစ္ကာကာၿပဳံးမိလိုက္သည္ ။ ေအာက္တြင္ခင္းထားသည့္ ေမြးပြေကာ္ေဇာထူထူေၾကာင့္ ေပါင္ေပ့အေအးပတ္မည္ကိုစိတ္ပူစရာမလိုေသာ္လည္း ဖြင့္ထားသည့္အဲကြန္းေၾကာင့္ သူကေတာ့ စိတ္ပူသြား၏ ။ ေပါင္ေပ့က အဲကြန္း၏အေအးကို ေၾကာက္တတ္သည္ ။ ယခုပင္ ထိုအေအးေၾကာင့္ ေကြးေကြးေလးအိပ္ေနသည္ကိုျမင္ရသျဖင့္ စိတ္မခ်မ္းသာေတာ့ေပ ။

အိပ္ခန္းထဲကိုအျမန္ေျပး၍ ကုတင္၏ေျခရင္းဘက္တြင္ထားထားသည့္ေမြးပြေစာင္ကိုယူကာ ဧည့္ခန္းထဲသို႔ျပန္ေျပးလာေသာ သူ႕လႈပ္ရွားမႈမ်ားမွာ သြက္သြက္လက္လက္ ။

ရင္ခြင္ထဲပိုက္လာသည့္ေစာင္ႀကီးကို ေပါင္ေပ့၏ကိုယ္အေပၚသို႔ ညင္သာစြာၿခဳံေပးမိ၏ ။ ေပါင္ေပ့က ထင္ ၿခဳံေပးလိုက္သည့္ေစာင္ကို လက္ေလးျဖင့္ဆြဲလိုက္ေတာ့ ထင္ ၿပဳံးမိျပန္သည္ ။ အႏြေးဓာတ္ရသြားသျဖင့္ ေကြးေကြးေလးျဖစ္ေနေသာ ေပါင္ေပ့၏ကိုယ္လုံးေလးမွာ တျဖည္းျဖည္းဆန့္တန္းလာေသာအခါ ေျခဖ်ားေလးႏွစ္ဖက္က ေစာင္၏ေအာက္ဘက္မွတိုးထြက္လာ၏ ။ ေျခေခ်ာင္းသြယ္သြယ္ရွည္ရွည္ေလးမ်ားသည္ ခ်စ္စရာ ၊ မြတ်န်ိုးစရာအတိ ။ ထိုေျခေခ်ာင္းမ်ားတြင္ေနရာယူထားသည့္ ေျခသည္းမ်ားကလည္း ေလးေထာင့္သ႑ာန္ ။ ေပါင္ေပ့၏ ခပ္ရိုးရိုးအသြင္အျပင္ကပင္ တစ္မ်ိဳးေလးဆြဲေဆာင္မႈရွိေန၏ ။ ေပါင္ေပ့၏ေျခရင္းဘက္တြင္ဒူးေထာက္ထိုင္ၿပီး ေပါင္ေပ့၏ေျခသည္းၾကည္ၾကည္ေလးမ်ားကို သူ႕လက္ညွိုးထိပ္ျဖင့္ ဖြဖြေလးထိေတြ႕မိေတာ့ ၾကည္ႏူးမိသည့္စိတ္အဟုန္က တစ္ကိုယ္လုံးအႏွံ႕သို႔ ျဖန့္ၾကက္သြားသည္မွာ သိသိသာသာ ။ မၾကည္လင္သည့္အေတြးမ်ားမွာ ၾကည္လင္လာၿပီး မူးေနာက္ေနာက္ျဖစ္ေနေသာဦးေခါင္းကလည္း သံပရာရည္ေအးေအးတစ္ခြက္ေသာက္လိုက္ရသကဲ့သို႔ ၾကည္လင္လန္းဆန္းလ်က္ ။

အရာအားလုံးပိုင္ဆိုင္ရလိုက္သည့္လူတစ္ေယာက္ကဲ့သို႔ စိတ္ႏွလုံးမွာ ႐ႊင္လန္း၏ ။

စမ္းေရေအးေအးထဲ ခႏၶာကိုယ္ကိုစိမ္လိုက္ရသကဲ့သို႔ တစ္ကိုယ္လုံးမွာ ေပါ့ပါး၏ ။

ကိုယ့္ကိုထားမသြားတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ...ေပါင္ေပ့ ။

28/8/2022
31/8/2022မွာ ျပန္ေတြ႕ၾကမယ္
စိတ္ခ်မ္းသာ ကိုယ္က်န္းမာၾကပါေစ
ခင္ေလးဉာဏ္

Continue Reading

You'll Also Like

240K 39K 101
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
415K 10K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
39.6K 7.2K 107
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္