Be My Side [COMPLETED]

By Pp-ken

153K 12.9K 2.5K

တစ်သက်လုံးတွဲထားချင်တဲ့လက်တစ်စုံကို အချိန်မှီကလေး ကိုယ်လှမ်းပြီး ဖမ်းဆုပ်နိုင်ခဲ့တယ်။ • 𝗣𝗹𝗲𝗮𝘀𝗲 𝗕𝗲 𝗠... More

A/N
What is Omegaverse ?
Part 01
Part 02
Part 03
Part 04
Part 05
Part 06
Part 07
Part 08
Part 09
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 38
-Final-
-နှုတ်ဆက်စာ-

Part 37

2.6K 299 82
By Pp-ken

Pete ;

အစ်ကိုလေးက အစပိုင်းသာ စကားတွေများပြီး ငါနဲ့Vegasရှိရာဆီ ခဏခဏလာကာ နှောင့်ယှက်တာမျိုးတွေလုပ်တတ်ပေမယ့် ကြာလာတော့ သူလည်းအမှန်တရားကို လက်ခံနိုင်သွားတဲ့ပုံပဲ။ ငါက Vegasရဲ့လူဖြစ်သွားပြီဆိုတဲ့ အမှန်တရားကိုပေါ့။ နှစ်ယောက်သားကြားမှာ ငါကပေါင်းကူးတံတားသဖွယ်ဖြစ်နေခဲ့တော့ ညီအစ်ကိုနှစ်ယောက်က အရင်လောက်တော့ ရန်မများတော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် စကားအေးဆေးပြောနိုင်တဲ့အထိ တိုးတက်လာခဲ့တယ်။

Vegasနဲ့အစ်ကိုလေးက အနည်းငယ် တည့်လာသလောက် Macauနဲ့အစ်ကိုလေးကတော့ လုံးဝကိုမတည့်လေဘူး။ အစ်ကိုလေးက Macauကိုတွေ့တာနဲ့ လိုက်ရိုက်တတ်ပြီး ငါနဲ့ဆို အရမ်းလိမ္မာလွန်းတဲ့ Macauကလည်း အစ်ကိုလေးနဲ့ဆို ခွေးနဲ့ကြောင်သဖွယ် သတ်ပုတ်နေလျက်ရှိတယ်။ ဒီလိုတွေသတ်ရင်း ‌သူတို့တွေမောပန်းသွားတဲ့အခါဆို ငါပြင်ပေးထားတဲ့ အချိုပွဲတွေကို အားရပါးရစားတတ်ကြတယ်။ ပိတ်ရက်တွေဆို ငါနဲ့Vegasရဲ့အသိုက်အမြုံက သူတို့နှစ်ယောက်အတွက် ကစားကွင်းလိုပဲ။ Macauကအရင်တည်းက သူ့ကျောင်းဆောင်ကနေ ပိတ်ရက်ဆို သူ့အစ်ကိုဆီ လာပြီး‌နေတတ်တဲ့အကျင့်ရှိတာမို့ထားလိုက်ပါတော့၊ ဘာလို့အစ်ကိုလေးကပါ ပိတ်ရက်တွေဆို ငါတို့ဆီလာနေရတာလဲ။ ဒါကနည်းနည်းတော့ ပုံမှန်မဟုတ်တော့ဘူး။

Vegasကရိုက်ကူးရေးတွေပြန်စနေပြီး အလုပ်တွေများလျက်ရှိတယ်။ သူ့ပါးစပ်ကတဖွဖွပြောလေ့ရှိတာကတော့ မိသားစုအတွက် အခုတည်းက ရှာဖွေထားရမယ်ဆိုတဲ့စကားတွေချည်းပါပဲ။ အရင်က သတင်းတွေထဲပါထားဖူးတဲ့ နာမည်ကြီးကုမ္ပဏီတစ်ခုမှာ ရှယ်ယာအများဆုံးပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်Vegasဆိုတဲ့သတင်းကိုသာ ငါမသိထားရင် ငါ့ယောက်ျားက ငွေစုဖို့အတွက် တအားတွေပင်ပန်းနေတာဆိုပြီး ပူပန်နေမိဦးမှာ။ အခုကတော့ အရမ်းကြီးပူပန်တာမျိုးမဖြစ်မိဘူး။ ဘာလို့ဆို သူကချမ်းသာပြီးသားဖြစ်ပြီး မိသားစုအတွက်ငွေရှာနေတယ်ဆိုတဲ့စကားက သူတမင်ကျီစယ်ပြီးပြောနေတယ်ဆိုတာ ငါသိတာမို့လို့ပင်။

ဒါပေမယ့် ဒီရက်ပိုင်းမှာ Vegasတကယ်ကို ကြိုးကြိုးစားစားလုပ်နေတယ်ဆိုတာကိုတော့ ငြင်းလို့မရနိုင်ဘူး။ ရိုက်ကူးရေးတွေကို သူအမြန်ဖြတ်ဖို့လုပ်နေတာပင်။ အဘိုးနဲ့အဘွားဆီသွားဖို့ သူကငါ့ထက်တောင်မှ တက်ကြွနေသေးတယ်။ သူ့ကုမ္ပဏီကလည်း ငါနဲ့သူ့အကြောင်းကိုသိထားပြီး သတင်းထုတ်ပြန်မယ့်အခါ ဖြစ်လာမယ့်ပြဿနာတွေကိုလည်း ကြိုတင်စီမံပြီးထားပြီဖြစ်တယ်။ တကယ်ကတော့ ထွေထူးပြီးစိတ်ပူနေစရာတောင်မလိုဘူး။ ဟိုတစ်ခါ ဆိုရှယ်အကောင့်မှာ Vegasက ချစ်သူ(ဘဝလက်တွဲဖော်)ရှိနေပြီဆိုတာ ကြေညာထားပြီးသားမို့ သူ့ပရိသတ်တွေလည်း အရိပ်အမြွက်သိနေမှာသေချာသလောက်ပဲ။ တခြားသူတွေထက်စာရင် Vegasပရိသတ်တွေက နားလည်ပေးနိုင်စွမ်းအရမ်းမြင့်တာမို့ ဒီကိစ္စကို သူတို့တွေအေးအေးဆေးဆေးလက်ခံနိုင်ကြလိမ့်မယ်လို့လည်း ငါထင်တယ်။

ဒီနေ့အတွက် လုပ်စရာရှိတဲ့အိမ်အလုပ်တွေလုပ်ပြီးသွားတာနဲ့ အိမ်ရှေ့က ဆိုဖာမှာထွက်ထိုင်နေလိုက်တယ်။ Vegasက သူပြန်လာရင် ကြိုတာကို အရမ်းသဘောကျလေတာ။ ညနေ၄နာရီလောက်ပြန်လာမယ်လို့စာပို့ထားတာမို့ ငါကြိုပြီးစောင့်နေလိုက်တယ်။

“အချစ်ရေ ယောက်ျားပြန်လာပြီ ”

ကြည့် .. ကြည့် ။ အဲ့ဒါတွေပဲကြည့်။ လူကမရောက်လာသေးဘူး၊ အသံက အရင်ရောက်လာပြီ။ အခုက အသံနဲ့အရင် အသားယူထားလေတာ၊ ပြီးရင် လက်နဲ့အသားယူလာပါလိမ့်မယ်။ Vegasက အရမ်းကိုအသားယူတတ်တဲ့သူဆိုတာ အတူနေပြီးနောက်ပိုင်း ငါ့မှာပိုသိလာရတယ်။ ဆိုဖာပေါ်ကနေထကာ အိမ်အဝကိုသွားလိုက်ပြီး စီးကြိုလိုက်တယ်။ ပြုံးရယ်နေတဲ့ Vegasက ငါ့လက်တစ်ဖက်ကိုလှမ်းပြီးဆွဲယူလာပြီး သူ့ရင်ခွင်ထဲထည့်လို့ တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားလေတယ်။

“ကိုယ့်အချစ်က ကိုယ့်ကိုထွက်ကြိုနေတယ်ပေါ့ ။ ချစ်ဖို့ကောင်းလိုက်တာကွာ ”

ထွက်ကြိုတာကြိုက်ပါကြောင်းတွေ ငါ့ရှေ့မှာ အရိပ်အမြွက်ပြထားတာ ဘယ်သူမို့လို့လဲ။ ထွက်မကြိုရင် ငါကအိမ်ထောင်ရှင်မပီသပဲဖြစ်နေဦးမယ်။ ပြီးတော့ Vegasပျော်ရင် ငါပျော်သလိုပဲမို့ ထွက်မကြိုပဲလည်းမနေနိုင်ပါဘူး။ သူ့နှုတ်ခမ်းမှာ အပြုံးတွေမြင်နေရရင်ကို ငါကပျော်ရွှင်နေတာ။ သူကငါ့ကိုရင်ခွင်ထဲကပြန်ထုတ်ပြီးနောက် ငါ့ပါးနှစ်ဖက်ကို သူ့လက်ချောင်းတွေနဲ့ ဆွဲညှစ်လာခဲ့တယ်။ သူ့ပုံစံက ပျော်ရွှင်စရာတစ်ခုခုကို မျှဝေတော့မယ့်ပုံမျိုးနဲ့ ငါ့မျက်ဝန်းတွေကို စိုက်ကြည့်လာခဲ့တယ်။

“ဒီပိတ်ရက်ကျ ကိုယ်တို့ chumphonကိုသွားကြရအောင် ။ ကိုယ့်အလုပ်တွေ အကုန်ပြီးပြတ်အောင် လုပ်ပြီးပြီ ”

“တကယ်လား ”

ငါတကယ်ကိုအံ့ဩဝမ်းသာဖြစ်သွားရတယ်။ သူဒီရက်တွေမှာ အလုပ်တွေအရမ်းလုပ်နေတာ ငါသိပေမယ့် ငါနဲ့အတူ အဘိုးအဘွားဆီသွားဖို့ ကြိုးစားနေတယ်လို့မထင်ခဲ့မိဘူး။ အခုဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်သလဲ။ သူကငါ့ကိုအလေးထားပြီး သူ့အလုပ်တွေကို ပြီးပြတ်အောင်ဖြတ်ပစ်လိုက်တာက ငါ့နှုတ်ခမ်းထောင့်တွေကို အချိန်အတော်တန်ကြာ ကွေးညွှတ်တက်နေစေတဲ့အထိကို ပျော်ရွှင်စေတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း အတွေးတွေကြောင့် အနည်းငယ်မှိုင်သွားတယ်။ အဘိုးနဲ့အဘွားက ငါ့ကိုပျော်ရွှင်စေချင်တဲ့သူတွေမို့ ငါရွေးချယ်တဲ့သူကို ချစ်ပေးကြမှာသေချာပေမယ့် Vegasက ငါ့ဇာတိကျွန်းဆီ အလည်အပတ်လိုက်နိုင်ပါ့မလားဆိုတာကို ပူပန်မိသွားတယ်။ သူ့လိုမျိုး ချမ်းသာတဲ့မျိုးဆက်၊ နာမည်ကြီးရုပ်ရှင်မင်းသားတစ်ယောက်အတွက် Chumphonဆိုတာက တကယ့်ကိုတောရွာကျွန်းငယ်လေးတစ်ခုဖြစ်နေစေမှာ။

“ဘာလဲကွာ ။ ကိုယ့်အချစ်မျက်နှာက ဘာလို့မှိုင်သွားရတာလဲ ”

သူကငါ့မျက်နှာကို သူ့လက်ဖဝါးနှစ်ဖက်ဖြင့် ပွေ့ယူကာပင့်မြှောက်လိုက်လို့ အလိုလိုက်တဲ့လေသံမျိုးနဲ့ ပြောလာခဲ့လေတယ်။ ရွယ်တူတွေဖြစ်ရဲ့နဲ့ သူကငါ့ကိုဆို တအားကလေးဆန်ချင်အောင်လုပ်တာပဲ။ သူ့ရဲ့ ဒီလိုမျိုးအကြီးလိုအပြုအမူတွေက ငါ့ကိုပိုပြီးချွဲချင်လာအောင် တွန်းအားပေးနေလေတယ်။ ဒါက တကယ်ကိုမတရားဘူး။ ငါ့မှာသူ့ကိုအမြဲပဲ ချွဲနေချင်မိတယ်။ အဲ့ဒီလိုဖြစ်တာက ငါ့အရင်ပုံစံနဲ့ တခြားစီဖြစ်ပြီး အရမ်းကိုကွဲပြားနေတော့တယ်။

“မင်းအဲ့မှာနေနိုင်ပါ့မလားလို့ ။ ဒီမှာလိုမျိုး အဲကွန်းတွေလည်းရှိတာမဟုတ်ဘူး ။ ဟိုမှာက သဘာဝလေပဲ ။ ပြီးတော့ မွေ့ယာတွေဘာတွေလည်း ငါ့အဘိုးအဘွားက သုံးတာမဟုတ်ဘူး ။ နောက်ပြီးတော့ ... ”

ငါ့ရဲ့ရှေ့ဆက်ပြောမယ့်စကားတို့က ငါ့နှုတ်ခမ်းပေါ်ရောက်ရှိလာတဲ့ သူ့ရဲ့လက်ညှိုးတစ်ချောင်းကြောင့် တဝက်တပျက်နဲ့ ရပ်တန့်သွားရတော့တယ်။ ငါစကားသံတိတ်သွားတော့ သူကလက်ညှိုးကိုဖယ်လိုက်ပြီး အဲ့ဒီအစား ငါ့နှာခေါင်းထိပ်ကိုသာ လက်ညှိုးနဲ့လက်မသုံးပြီး ချစ်စဖွယ်ကောင်းအောင် ညှစ်လာလေတယ်။

“တစ်‌နေ့တခြား အဘိုးလေးပေါက်စနဲ့ ပိုတူလာတော့တာပဲ ။ အဲ့လောက်တွေးမပူနဲ့ ၊ ခင်ဗျားလေး ဆံပင်တွေ ဖြူကုန်ဦးမယ် ”

သူ့လက်ချောင်းတွေက ငါ့ဆံပင်တွေကြားရောက်လာပြန်တယ်။ အသာလှုပ်ရှားကာဖွလိုက်လေတော့ လှန်တင်ထားလေတဲ့ရှေ့ဆံပင်တို့က နဖူးပေါ် ဝေ့ဝဲကျလာတော့တယ်။ ငါသူ့ကိုမျက်စောင်းထိုးလိုက်ပြီး ဆံပင်ကိုပြန်သပ်တင်လိုက်တယ်။ ရှေ့ဆံပင်တွေရှည်လာလို့ လှန်တင်ထားပါတယ်ဆို သူကဒီလိုလာလုပ်တော့ အကုန်ကိုရှုပ်ပွကုန်ရောပဲ။

“ကိုယ်ကမင်းရှိတဲ့နေရာ ဘယ်နေရာမဆိုနေနိုင်တယ် ။ အဲ့ဒါကြောင့် စိတ်မပူနဲ့ ”

“ငါ့ကို မင်းစိတ်မပျက်ဘူးမလား ။ ငါကမင်းလိုမဟုတ်ဘူး ၊ ဆင်းရဲတယ် .. ဇာတိကလည်း ကျွန်းက ”

ငါသူ့ကိုမယုံတာတော့မဟုတ်ဘူး။ ဒါပေမယ့် ငါက လူထဲကလူပဲမို့ ပူပန်မိတယ်၊ သူနဲ့ ကိုယ့်အခြေအနေကို နှိုင်းယှဉ်ပြီးတော့ နည်းနည်းလည်း သိမ်ငယ်မိတယ်။ အချစ်က အရေးကြီးတာမှန်ပေမယ့် ငါ့ဘဝအခြေအနေက သူနဲ့အကွာကြီးကိုကွာလေတယ်။ အဘိုးနဲ့အဘွားက သဘောတူမှာမို့ စိုးရိမ်စရာမရှိဘူး။ သူ့အဖေကရော ၊ ငါနဲ့သူ့ကို သဘောတူနိုင်ပါ့မလား။ ဒီလိုအတွေးတွေ ငါ့ခေါင်းထဲရှိပေမယ့် အပြင်ကိုတော့ ထုတ်မပြောနိုင်လေဘူး။ ငါဒီလိုတွေတွေးပူနေတာသိရင် သူစိတ်ညစ်သွားမှာစိုးတာကြောင့်ပင်။ သူကတော့ ဒီလိုကိစ္စတွေ တွေးပူစရာမလိုဘူးလို့ အရင်က ပြောဖူးခဲ့သေးတယ်။

“ကိုယ်အဲ့ဒါတွေထည့်တွေးတယ်ဆိုရင် ကိုယ့်ကိုလာကပ်ကြတဲ့ ပရိုဂျူဆာတွေ၊ စီးပွားရေးရှင်တွေကို ကောက်ယူလိုက်မှာပေါ့ ”

“မင်းနော် ! ငါကဒီအတိုင်းပြောတာကို သူများကိုကောက်ယူမယ်လို့ ပြောထွက်တယ်ပေါ့ ”

ငါ့ကြောင့်နဲ့ သူအဲ့စကားကိုပြောလာတယ်ဆိုတာ ငါသိပေမယ့် သူ့နှုတ်ကနေ ဒီလိုမျိုး တခြားသူတွေအကြောင်းပြောလာတာကိုတော့ ငါတကယ်ကိုဘဝင်မကျဘူး။ သူနဲ့ပတ်သက်ရင် ပိုင်ဆိုင်လိုစိတ်များတာမို့ တခြားသူတွေအကြောင်း ပြောလာတာကို လုံးဝကိုမကြိုက်တာကြောင့် ငါစူပုတ်ပုတ်လေး ပြောပစ်လိုက်တယ်။ သူကတော့ ပြုံးသွားတော့တာပါပဲ၊ သူ့ကိုသဝန်တိုတာကို သူကတအားကိုကြိုက်တာလေ။

“မပြောတော့ဘူးနော် ။ ပြီးတော့ ဘာမှမစဉ်းစားတော့ပဲ ကိုယ်နဲ့အတူ Chumphonကိုသွားမယ့်အကြောင်းပဲ စဉ်းစားထား ”

“အိုခေ ။ စဉ်းစားထားမယ် ။ ပြီးတော့လေ ငါတို့သွားမှာကို Macauနဲ့အစ်ကိုလေးကို မပြောပဲထားထားလိုက် ။ ပိတ်ရက်ကျ သူတို့တွေလာရင် surpriseဖြစ်သွားအောင်လို့ ”

“မင်းအစ်ကိုလေးကတော့ လှမ်းဆဲမှာသေချာတယ် ”

Vegasရဲ့စကားကြောင့် ငါသဘောတကျနဲ့ကို ရယ်လိုက်မိတော့တယ်။ ပိတ်ရက်သွားမှာမို့ အဲ့ဒီပိတ်ရက်ကျ Macauနဲ့အစ်ကိုလေးကတော့ ဘုံပျောက်တော့မှာသေချာတယ်။ ဘယ်လိုဖြစ်သွားမလဲ ကြည့်ချင်ပါသေးတယ်။ အစ်ကိုလေးဖြစ်မယ့်ပုံကိုတွေးကြည့်တာနဲ့တင် ငါအူမြူးသွားရတယ်။ ငါနဲ့Vegasကို တစ်ပတ်ကျော်လောက် အစ်ကိုလေးခွဲထားတာလေ။ အဲ့ဒီအတွက် ပြန်ပြီးလက်စားချေတဲ့သဘောမျိုးနဲ့ ကလိလိုက်တာမျိုးပေါ့။ ဟီးဟီး .. တွေးလိုက်တာနဲ့တင် အရမ်းကိုအူမြူးနေပါပြီ။

ပိတ်ရက်ရောက်ဖို့ ဘယ်လောက်မှမလိုတော့တာကြောင့် ငါပြင်ဆင်စရာရှိတာတွေ အကုန်ပြင်ဆင်ထားလိုက်တယ်။ အဘိုးနဲ့အဘွားအတွက် လက်ဆောင်ပစ္စည်းတွေအပြင် ကျွန်းပေါ်က တခြားအဘိုးအဘွားတွေအတွက်ပါ ဝယ်လိုက်တယ်။ ပြီးတော့ ငါနဲ့ခင်တဲ့ ကလေးလေးတွေအတွက်ရော။ ပစ္စည်းတွေပုံလိုက်တာနဲ့တင် အခန်းတစ်ခန်းအပြည့်နီးပါးဖြစ်သွားလေတယ်။ ကိစ္စတော့မရှိပါဘူး၊ ဒီပစ္စည်းတွေ အေးဆေးလေးသယ်သွားနိုင်အောင် Vegasစီစဉ်ပေးမယ်ဆိုတာ ငါသေချာသိတာမို့။ မလုံလောက်သလိုခံစားရတာကြောင့် ငါတချို့ပစ္စည်းလေးတွေထပ်ဝယ်လိုက်ပြီး လက်ဆောင်တွေထဲထပ်ဖြည့်ထားလိုက်တယ်။ အဘိုးနဲ့အဘွား ဒီလက်ဆောင်တွေကိုမြင်ရင် ‘ဘာတွေဝယ်လာတာတုန်း! အဘွားတို့အတွက် မလိုအပ်ပါဘူး’ဆိုပြီး ‌အားနာစွာပြောလာဦးမှာပင်။

သွားရမယ့်နေ့ကိုရောက်တော့ ငါထင်တဲ့အတိုင်းပဲ၊ Vegasက ခရီးသွားရွက်လှေတစ်စင်းကို ငှားရမ်းလိုက်လေတယ်။ နှစ်ထပ်ပါတဲ့ရွက်လှေက ပစ္စည်းတွေသယ်ဖို့ အရမ်းအဆင်ပြေလွန်းတယ်။ ဒီလိုရွက်လှေမျိုးကို ကျွန်းပေါ်ကကလေးတွေ တအားကိုသဘောကျကြမှာပင်။ ကျွန်းရောက်ရင် ကလေးတွေ ခဏလောက်စီးနိုင်ဖို့အတွက် ကပ္ပတိန်ကိုမေးကြည့်ပေးဖို့ Vegasကိုပြောရမယ်။

“စိတ်လှုပ်ရှားနေလား ”

ရွက်လှေရဲ့ဦးထိပ်က စတီးလက်ရန်းကိုကိုင်လို့ရပ်နေတုန်း Vegasက အနောက်ဘက်ကနေနေရာယူလို့ ငါ့လက်ဖမိုးပေါ်အုပ်ကိုင်ကာ မေးလာခဲ့လေတယ်။ လေနုအေးအေးတွေကိုခံယူရင်း လှုပ်ရှားနေတဲ့ရင်ကို ငြိမ်သက်သွားအောင် ထိန်းသိမ်းနေရတဲ့ငါ့အဖြစ်ကို Vegasကရိပ်ဖမ်းမိသွားတဲ့ပုံပဲ။ ငါသူ့ရင်ဘတ်ကို ကျောမှီလိုက်ကာ ခေါင်းကိုခပ်ဖြေးဖြေးညိတ်လိုက်လေတယ်။ ဒီနှစ်ထဲမှာ များပြားလှတဲ့ အစ်ကိုလေးရဲ့ scheduleတွေကြောင့် ငါဇာတိမြေကိုမပြန်ဖြစ်တာ အတော်ကြာပြီ။ အခုလိုမျိုး ပြန်လာပြန်တော့လည်း လက်တွဲဖော်က ဘေးမှာပါလာလေတယ်။

အဘိုးနဲ့အဘွား ငါ့ကိုနှမြောသွားပြီး စိတ်ထိခိုက်ကြမလား ၊ ငါ့အတွက် ပျော်ပဲပျော်ပေးမလားမသိနိုင်ဘူး။ အဲ့ဒီအတွေးတွေကြောင့်ပဲ ငါနည်းနည်းစိတ်လှုပ်ရှားနေမိတာ။

“ဘာတွေက ကိုယ့်အချစ်ကို ဒီလောက်တောင် စိတ်လှုပ်ရှားနေစေတာလဲ ၊  .. ဟင် ? ”

သူ့ရဲ့အဲ့ဒီအမေးစကားသံလေးက တအားနားထောင်ကောင်းတယ်။ သူကစကားတစ်ခွန်းကိုပြောပြီးမှ အဲ့ဒီအနောက်မှာ အမေးစကားကိုထပ်ထပ်ထည့်တတ်လေတာ။ ငါ့မျက်နှာဘေးမှာ သူ့မျက်နှာကိုကပ်ထားပြီး ငါ့ပါးပြင်တစ်လျှောက် သူ့နှာခေါင်းထိပ်လေးနဲ့ပွတ်ဆွဲလို့ ငါ့စိတ်ကိုပျော်ရွှင်လာအောင် ကြိုးစားလုပ်ပေးနေလေတယ်။ စိတ်ပျော်လာတဲ့နောက်မှာ စိတ်ပျော်တာထက်ပိုပြီး သူ့ရဲ့အပြုအမူကြောင့် ငါယားကျိကျိခံစားလာရတယ်။

“တော်တော့ ၊ ယားလာပြီ ”

သူကငါ့စကားကိုကြားတော့ လိမ်လိမ်မာမာနဲ့ ဖယ်ခွာသွားလေတယ်။ ဒါပေမယ့် အဲ့ဒီအစား သူ့နှုတ်ခမ်းက ငါ့လည်တိုင်ဘေးဆီရောက်လာပြီး လျှာနဲ့အရင်လျက်ကာ သွားနဲ့ခပ်ဆဆလေးကိုက်လာလေတယ်။ အဲ့ဒီကိုက်ခဲမှုကြောင့် ငါ့ရဲ့ဝိဉာဉ်ကလည်း သူ့ဝိဉာဉ်ဖက်ရဲ့အထိအတွေ့ကို ခံစားလိုက်ရသလိုမျိုး ခုန်ပေါက်မတတ်ဖြစ်နေလေတော့တယ်။ ဒါပေမယ့် ငါတို့ကရွက်လှေပေါ်မှာလေ။ ငါတို့ဝိဉာဉ်တွေပေါင်းစည်းသွားဖို့အရေး ဘယ်လိုလုပ် ခွင့်ပြုလိုက်လို့ရမလဲ။

“Vegas မင်းနော် .. ”

“အရမ်းချစ်ဖို့ကောင်းတာပဲ ”

ငါသိနေတယ်၊ သူ့ရဲ့အဲ့စကားက ငါ့လည်တိုင်ပေါ် သူဖန်တီးလိုက်တဲ့ကိုက်ရာကို ရည်ညွှန်းနေတယ်ဆိုတာ။ သူကအနုပညာရှင်လို့ကိုမပြောရလေဘူး၊ ငါ့ကိုယ်ပေါ်မှာ ကိုယ်ပိုင်အနုပညာတွေ တစ်ခုပြီးတစ်ခုကို ချန်ရစ်ထားတတ်လေတယ်။ ပြီးရင် သူ့အနုပညာတွေကိုကြည့်ပြီး သဘောတကျပြောတတ်တယ်။ အခုလိုမျိုးပေါ့၊ အရမ်းချစ်ဖို့ကောင်းတာပဲဆိုတာမျိုး။

“ရောက်ခါနီးပြီမလား ”

“အင်း ။ မင်းကိုယ် ခဏခွာထားဦး ။ အဘိုးနဲ့အဘွားမြင်ရင် လန့်သွားကြလိမ့်မယ် ”

“ဟုတ်ကဲ့ပါခင်ဗျာ ”

လိမ်လိမ်မာမာနဲ့ပဲ Vegasကငါ့အနောက်ဘက်ကနေ ကိုယ်ချင်းခွာသွားပြီး ငါ့ဘေးမှာယှဉ်ရပ်ကာ လက်ရန်းကိုကိုင်ထားတဲ့ ငါ့ညာဘက်လက်ကလက်သန်းကို သူ့ဘယ်ဘက်လက်က လက်သန်းနဲ့လာချိတ်လေတယ်။ ဒီလိုအပြုအမူသေးသေးလေးက ငါ့ရင်ကိုနွေး‌ထွေးသွားစေတယ်။ ငါလည်း သူ့လက်သန်းလေးကို ပြန်လည်ချိတ်တွယ်လိုက်တော့တယ်။

ဒါပေမယ့် အဲ့ဒီလိုနွေးထွေးတဲ့ရပ်ဝန်းလေးက ကမ်းခြေထက်က bannerကြီးနဲ့ ပြင်ဆင်ထားတဲ့ကြိုဆိုမြင်ကွင်းတို့ကို မမြင်ခင်အထိပဲဖြစ်လေတယ်။ Vegasဆီကရယ်သံထွက်မလာပေမယ့် ငါကတော့ ခေါင်းကနေခြေဖျားအထိ ရှက်ရဲသွားရလေတော့တယ်။

‘ မွေးရပ်မြေနေရပ်မှ ပြန်လည်ကြိုဆိုပါတယ် ! အဘိုးNoiနဲ့အဘွားJuiတို့ရဲ့ ချစ်ရပါသောမြေးငယ်လေးPeteရေ ’

- Be My Side -

မူရင်းဇာတ်လမ်းထဲမှာလည်း ကျွန်းကိုပြန်သွားတဲ့အပိုင်းတွေ အရမ်းကိုသဘောကျရတာမို့ အနည်းအကျဉ်းထည့်ရေးပါမယ်၊ အခု Bannerပါတဲ့အပိုင်းအတွက် original novelကို full creditပါ ^^ စာသားတွေကိုတော့ မတူအောင်ပြောင်းလဲထားပါတယ် ။

ဒါနဲ့ 23က‌နေဆို အခုအထိ ၃ရက်တောင်ခွဲလိုက်ရလို့ ကိုယ့်ကိုအရမ်းလွမ်းနေကြပြီမလား (•ө•)♡

27 August 2022 (Sat)

zg;

Pete ;

အစ္ကိုေလးက အစပိုင္းသာ စကားေတြမ်ားၿပီး ငါနဲ႔Vegasရွိရာဆီ ခဏခဏလာကာ ေႏွာင့္ယွက္တာမ်ိဳးေတြလုပ္တတ္ေပမယ့္ ၾကာလာေတာ့ သူလည္းအမွန္တရားကို လက္ခံႏိုင္သြားတဲ့ပုံပဲ။ ငါက Vegasရဲ႕လူျဖစ္သြားၿပီဆိုတဲ့ အမွန္တရားကိုေပါ့။ ႏွစ္ေယာက္သားၾကားမွာ ငါကေပါင္းကူးတံတားသဖြယ္ျဖစ္ေနခဲ့ေတာ့ ညီအစ္ကိုႏွစ္ေယာက္က အရင္ေလာက္ေတာ့ ရန္မမ်ားေတာ့ဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ စကားေအးေဆးေျပာႏိုင္တဲ့အထိ တိုးတက္လာခဲ့တယ္။

Vegasနဲ႔အစ္ကိုေလးက အနည္းငယ္ တည့္လာသေလာက္ Macauနဲ႔အစ္ကိုေလးကေတာ့ လုံးဝကိုမတည့္ေလဘူး။ အစ္ကိုေလးက Macauကိုေတြ႕တာနဲ႔ လိုက္႐ိုက္တတ္ၿပီး ငါနဲ႔ဆို အရမ္းလိမၼာလြန္းတဲ့ Macauကလည္း အစ္ကိုေလးနဲ႔ဆို ေခြးနဲ႔ေၾကာင္သဖြယ္ သတ္ပုတ္ေနလ်က္ရွိတယ္။ ဒီလိုေတြသတ္ရင္း ‌သူတို႔ေတြေမာပန္းသြားတဲ့အခါဆို ငါျပင္ေပးထားတဲ့ အခ်ိဳပြဲေတြကို အားရပါးရစားတတ္ၾကတယ္။ ပိတ္ရက္ေတြဆို ငါနဲ႔Vegasရဲ႕အသိုက္အၿမဳံက သူတို႔ႏွစ္ေယာက္အတြက္ ကစားကြင္းလိုပဲ။ Macauကအရင္တည္းက သူ႔ေက်ာင္းေဆာင္ကေန ပိတ္ရက္ဆို သူ႔အစ္ကိုဆီ လာၿပီး‌ေနတတ္တဲ့အက်င့္ရွိတာမို႔ထားလိုက္ပါေတာ့၊ ဘာလို႔အစ္ကိုေလးကပါ ပိတ္ရက္ေတြဆို ငါတို႔ဆီလာေနရတာလဲ။ ဒါကနည္းနည္းေတာ့ ပုံမွန္မဟုတ္ေတာ့ဘူး။

Vegasက႐ိုက္ကူးေရးေတြျပန္စေနၿပီး အလုပ္ေတြမ်ားလ်က္ရွိတယ္။ သူ႔ပါးစပ္ကတဖြဖြေျပာေလ့ရွိတာကေတာ့ မိသားစုအတြက္ အခုတည္းက ရွာေဖြထားရမယ္ဆိုတဲ့စကားေတြခ်ည္းပါပဲ။ အရင္က သတင္းေတြထဲပါထားဖူးတဲ့ နာမည္ႀကီးကုမၸဏီတစ္ခုမွာ ရွယ္ယာအမ်ားဆုံးပိုင္ဆိုင္ထားတဲ့ သ႐ုပ္ေဆာင္Vegasဆိုတဲ့သတင္းကိုသာ ငါမသိထားရင္ ငါ့ေယာက္်ားက ေငြစုဖို႔အတြက္ တအားေတြပင္ပန္းေနတာဆိုၿပီး ပူပန္ေနမိဦးမွာ။ အခုကေတာ့ အရမ္းႀကီးပူပန္တာမ်ိဳးမျဖစ္မိဘူး။ ဘာလို႔ဆို သူကခ်မ္းသာၿပီးသားျဖစ္ၿပီး မိသားစုအတြက္ေငြရွာေနတယ္ဆိုတဲ့စကားက သူတမင္က်ီစယ္ၿပီးေျပာေနတယ္ဆိုတာ ငါသိတာမို႔လို႔ပင္။

ဒါေပမယ့္ ဒီရက္ပိုင္းမွာ Vegasတကယ္ကို ႀကိဳးႀကိဳးစားစားလုပ္ေနတယ္ဆိုတာကိုေတာ့ ျငင္းလို႔မရႏိုင္ဘူး။ ႐ိုက္ကူးေရးေတြကို သူအျမန္ျဖတ္ဖို႔လုပ္ေနတာပင္။ အဘိုးနဲ႔အဘြားဆီသြားဖို႔ သူကငါ့ထက္ေတာင္မွ တက္ႂကြေနေသးတယ္။ သူ႔ကုမၸဏီကလည္း ငါနဲ႔သူ႔အေၾကာင္းကိုသိထားၿပီး သတင္းထုတ္ျပန္မယ့္အခါ ျဖစ္လာမယ့္ျပႆနာေတြကိုလည္း ႀကိဳတင္စီမံၿပီးထားၿပီျဖစ္တယ္။ တကယ္ကေတာ့ ေထြထူးၿပီးစိတ္ပူေနစရာေတာင္မလိုဘူး။ ဟိုတစ္ခါ ဆိုရွယ္အေကာင့္မွာ Vegasက ခ်စ္သူ(ဘဝလက္တြဲေဖာ္)ရွိေနၿပီဆိုတာ ေၾကညာထားၿပီးသားမို႔ သူ႔ပရိသတ္ေတြလည္း အရိပ္အႁမြက္သိေနမွာေသခ်ာသေလာက္ပဲ။ တျခားသူေတြထက္စာရင္ Vegasပရိသတ္ေတြက နားလည္ေပးႏိုင္စြမ္းအရမ္းျမင့္တာမို႔ ဒီကိစၥကို သူတို႔ေတြေအးေအးေဆးေဆးလက္ခံႏိုင္ၾကလိမ့္မယ္လို႔လည္း ငါထင္တယ္။

ဒီေန႔အတြက္ လုပ္စရာရွိတဲ့အိမ္အလုပ္ေတြလုပ္ၿပီးသြားတာနဲ႔ အိမ္ေရွ႕က ဆိုဖာမွာထြက္ထိုင္ေနလိုက္တယ္။ Vegasက သူျပန္လာရင္ ႀကိဳတာကို အရမ္းသေဘာက်ေလတာ။ ညေန၄နာရီေလာက္ျပန္လာမယ္လို႔စာပို႔ထားတာမို႔ ငါႀကိဳၿပီးေစာင့္ေနလိုက္တယ္။

“အခ်စ္ေရ ေယာက္်ားျပန္လာၿပီ ”

ၾကည့္ .. ၾကည့္ ။ အဲ့ဒါေတြပဲၾကည့္။ လူကမေရာက္လာေသးဘူး၊ အသံက အရင္ေရာက္လာၿပီ။ အခုက အသံနဲ႔အရင္ အသားယူထားေလတာ၊ ၿပီးရင္ လက္နဲ႔အသားယူလာပါလိမ့္မယ္။ Vegasက အရမ္းကိုအသားယူတတ္တဲ့သူဆိုတာ အတူေနၿပီးေနာက္ပိုင္း ငါ့မွာပိုသိလာရတယ္။ ဆိုဖာေပၚကေနထကာ အိမ္အဝကိုသြားလိုက္ၿပီး စီးႀကိဳလိုက္တယ္။ ၿပဳံးရယ္ေနတဲ့ Vegasက ငါ့လက္တစ္ဖက္ကိုလွမ္းၿပီးဆြဲယူလာၿပီး သူ႔ရင္ခြင္ထဲထည့္လို႔ တင္းတင္းၾကပ္ၾကပ္ဖက္တြယ္ထားေလတယ္။

“ကိုယ့္အခ်စ္က ကိုယ့္ကိုထြက္ႀကိဳေနတယ္ေပါ့ ။ ခ်စ္ဖို႔ေကာင္းလိုက္တာကြာ ”

ထြက္ႀကိဳတာႀကိဳက္ပါေၾကာင္းေတြ ငါ့ေရွ႕မွာ အရိပ္အႁမြက္ျပထားတာ ဘယ္သူမို႔လို႔လဲ။ ထြက္မႀကိဳရင္ ငါကအိမ္ေထာင္ရွင္မပီသပဲျဖစ္ေနဦးမယ္။ ၿပီးေတာ့ Vegasေပ်ာ္ရင္ ငါေပ်ာ္သလိုပဲမို႔ ထြက္မႀကိဳပဲလည္းမေနႏိုင္ပါဘူး။ သူ႔ႏႈတ္ခမ္းမွာ အၿပဳံးေတြျမင္ေနရရင္ကို ငါကေပ်ာ္႐ႊင္ေနတာ။ သူကငါ့ကိုရင္ခြင္ထဲကျပန္ထုတ္ၿပီးေနာက္ ငါ့ပါးႏွစ္ဖက္ကို သူ႔လက္ေခ်ာင္းေတြနဲ႔ ဆြဲညႇစ္လာခဲ့တယ္။ သူ႔ပုံစံက ေပ်ာ္႐ႊင္စရာတစ္ခုခုကို မွ်ေဝေတာ့မယ့္ပုံမ်ိဳးနဲ႔ ငါ့မ်က္ဝန္းေတြကို စိုက္ၾကည့္လာခဲ့တယ္။

“ဒီပိတ္ရက္က် ကိုယ္တို႔ chumphonကိုသြားၾကရေအာင္ ။ ကိုယ့္အလုပ္ေတြ အကုန္ၿပီးျပတ္ေအာင္ လုပ္ၿပီးၿပီ ”

“တကယ္လား ”

ငါတကယ္ကိုအံ့ဩဝမ္းသာျဖစ္သြားရတယ္။ သူဒီရက္ေတြမွာ အလုပ္ေတြအရမ္းလုပ္ေနတာ ငါသိေပမယ့္ ငါနဲ႔အတူ အဘိုးအဘြားဆီသြားဖို႔ ႀကိဳးစားေနတယ္လို႔မထင္ခဲ့မိဘူး။ အခုဘယ္ေလာက္ေတာင္ ေပ်ာ္ဖို႔ေကာင္းလိုက္သလဲ။ သူကငါ့ကိုအေလးထားၿပီး သူ႔အလုပ္ေတြကို ၿပီးျပတ္ေအာင္ျဖတ္ပစ္လိုက္တာက ငါ့ႏႈတ္ခမ္းေထာင့္ေတြကို အခ်ိန္အေတာ္တန္ၾကာ ေကြးၫႊတ္တက္ေနေစတဲ့အထိကို ေပ်ာ္႐ႊင္ေစတယ္။ ဒါေပမယ့္ တစ္ဖက္မွာလည္း အေတြးေတြေၾကာင့္ အနည္းငယ္မႈိင္သြားတယ္။ အဘိုးနဲ႔အဘြားက ငါ့ကိုေပ်ာ္႐ႊင္ေစခ်င္တဲ့သူေတြမို႔ ငါေ႐ြးခ်ယ္တဲ့သူကို ခ်စ္ေပးၾကမွာေသခ်ာေပမယ့္ Vegasက ငါ့ဇာတိကြၽန္းဆီ အလည္အပတ္လိုက္ႏိုင္ပါ့မလားဆိုတာကို ပူပန္မိသြားတယ္။ သူ႔လိုမ်ိဳး ခ်မ္းသာတဲ့မ်ိဳးဆက္၊ နာမည္ႀကီး႐ုပ္ရွင္မင္းသားတစ္ေယာက္အတြက္ Chumphonဆိုတာက တကယ့္ကိုေတာ႐ြာကြၽန္းငယ္ေလးတစ္ခုျဖစ္ေနေစမွာ။

“ဘာလဲကြာ ။ ကိုယ့္အခ်စ္မ်က္ႏွာက ဘာလို႔မႈိင္သြားရတာလဲ ”

သူကငါ့မ်က္ႏွာကို သူ႔လက္ဖဝါးႏွစ္ဖက္ျဖင့္ ေပြ႕ယူကာပင့္ေျမႇာက္လိုက္လို႔ အလိုလိုက္တဲ့ေလသံမ်ိဳးနဲ႔ ေျပာလာခဲ့ေလတယ္။ ႐ြယ္တူေတြျဖစ္ရဲ႕နဲ႔ သူကငါ့ကိုဆို တအားကေလးဆန္ခ်င္ေအာင္လုပ္တာပဲ။ သူ႔ရဲ႕ ဒီလိုမ်ိဳးအႀကီးလိုအျပဳအမူေတြက ငါ့ကိုပိုၿပီးခြၽဲခ်င္လာေအာင္ တြန္းအားေပးေနေလတယ္။ ဒါက တကယ္ကိုမတရားဘူး။ ငါ့မွာသူ႔ကိုအၿမဲပဲ ခြၽဲေနခ်င္မိတယ္။ အဲ့ဒီလိုျဖစ္တာက ငါ့အရင္ပုံစံနဲ႔ တျခားစီျဖစ္ၿပီး အရမ္းကိုကြဲျပားေနေတာ့တယ္။

“မင္းအဲ့မွာေနႏိုင္ပါ့မလားလို႔ ။ ဒီမွာလိုမ်ိဳး အဲကြန္းေတြလည္းရွိတာမဟုတ္ဘူး ။ ဟိုမွာက သဘာဝေလပဲ ။ ၿပီးေတာ့ ေမြ႕ယာေတြဘာေတြလည္း ငါ့အဘိုးအဘြားက သုံးတာမဟုတ္ဘူး ။ ေနာက္ၿပီးေတာ့ ... ”

ငါ့ရဲ႕ေရွ႕ဆက္ေျပာမယ့္စကားတို႔က ငါ့ႏႈတ္ခမ္းေပၚေရာက္ရွိလာတဲ့ သူ႔ရဲ႕လက္ညႇိဳးတစ္ေခ်ာင္းေၾကာင့္ တဝက္တပ်က္နဲ႔ ရပ္တန႔္သြားရေတာ့တယ္။ ငါစကားသံတိတ္သြားေတာ့ သူကလက္ညႇိဳးကိုဖယ္လိုက္ၿပီး အဲ့ဒီအစား ငါ့ႏွာေခါင္းထိပ္ကိုသာ လက္ညႇိဳးနဲ႔လက္မသုံးၿပီး ခ်စ္စဖြယ္ေကာင္းေအာင္ ညႇစ္လာေလတယ္။

“တစ္‌ေန႔တျခား အဘိုးေလးေပါက္စနဲ႔ ပိုတူလာေတာ့တာပဲ ။ အဲ့ေလာက္ေတြးမပူနဲ႔ ၊ ခင္ဗ်ားေလး ဆံပင္ေတြ ျဖဴကုန္ဦးမယ္ ”

သူ႔လက္ေခ်ာင္းေတြက ငါ့ဆံပင္ေတြၾကားေရာက္လာျပန္တယ္။ အသာလႈပ္ရွားကာဖြလိုက္ေလေတာ့ လွန္တင္ထားေလတဲ့ေရွ႕ဆံပင္တို႔က နဖူးေပၚ ေဝ့ဝဲက်လာေတာ့တယ္။ ငါသူ႔ကိုမ်က္ေစာင္းထိုးလိုက္ၿပီး ဆံပင္ကိုျပန္သပ္တင္လိုက္တယ္။ ေရွ႕ဆံပင္ေတြရွည္လာလို႔ လွန္တင္ထားပါတယ္ဆို သူကဒီလိုလာလုပ္ေတာ့ အကုန္ကိုရႈပ္ပြကုန္ေရာပဲ။

“ကိုယ္ကမင္းရွိတဲ့ေနရာ ဘယ္ေနရာမဆိုေနႏိုင္တယ္ ။ အဲ့ဒါေၾကာင့္ စိတ္မပူနဲ႔ ”

“ငါ့ကို မင္းစိတ္မပ်က္ဘူးမလား ။ ငါကမင္းလိုမဟုတ္ဘူး ၊ ဆင္းရဲတယ္ .. ဇာတိကလည္း ကြၽန္းက ”

ငါသူ႔ကိုမယုံတာေတာ့မဟုတ္ဘူး။ ဒါေပမယ့္ ငါက လူထဲကလူပဲမို႔ ပူပန္မိတယ္၊ သူနဲ႔ ကိုယ့္အေျခအေနကို ႏႈိင္းယွဥ္ၿပီးေတာ့ နည္းနည္းလည္း သိမ္ငယ္မိတယ္။ အခ်စ္က အေရးႀကီးတာမွန္ေပမယ့္ ငါ့ဘဝအေျခအေနက သူနဲ႔အကြာႀကီးကိုကြာေလတယ္။ အဘိုးနဲ႔အဘြားက သေဘာတူမွာမို႔ စိုးရိမ္စရာမရွိဘူး။ သူ႔အေဖကေရာ ၊ ငါနဲ႔သူ႔ကို သေဘာတူႏိုင္ပါ့မလား။ ဒီလိုအေတြးေတြ ငါ့ေခါင္းထဲရွိေပမယ့္ အျပင္ကိုေတာ့ ထုတ္မေျပာႏိုင္ေလဘူး။ ငါဒီလိုေတြေတြးပူေနတာသိရင္ သူစိတ္ညစ္သြားမွာစိုးတာေၾကာင့္ပင္။ သူကေတာ့ ဒီလိုကိစၥေတြ ေတြးပူစရာမလိုဘူးလို႔ အရင္က ေျပာဖူးခဲ့ေသးတယ္။

“ကိုယ္အဲ့ဒါေတြထည့္ေတြးတယ္ဆိုရင္ ကိုယ့္ကိုလာကပ္ၾကတဲ့ ပ႐ိုဂ်ဴဆာေတြ၊ စီးပြားေရးရွင္ေတြကို ေကာက္ယူလိုက္မွာေပါ့ ”

“မင္းေနာ္ ! ငါကဒီအတိုင္းေျပာတာကို သူမ်ားကိုေကာက္ယူမယ္လို႔ ေျပာထြက္တယ္ေပါ့ ”

ငါ့ေၾကာင့္နဲ႔ သူအဲ့စကားကိုေျပာလာတယ္ဆိုတာ ငါသိေပမယ့္ သူ႔ႏႈတ္ကေန ဒီလိုမ်ိဳး တျခားသူေတြအေၾကာင္းေျပာလာတာကိုေတာ့ ငါတကယ္ကိုဘဝင္မက်ဘူး။ သူနဲ႔ပတ္သက္ရင္ ပိုင္ဆိုင္လိုစိတ္မ်ားတာမို႔ တျခားသူေတြအေၾကာင္း ေျပာလာတာကို လုံးဝကိုမႀကိဳက္တာေၾကာင့္ ငါစူပုတ္ပုတ္ေလး ေျပာပစ္လိုက္တယ္။ သူကေတာ့ ၿပဳံးသြားေတာ့တာပါပဲ၊ သူ႔ကိုသဝန္တိုတာကို သူကတအားကိုႀကိဳက္တာေလ။

“မေျပာေတာ့ဘူးေနာ္ ။ ၿပီးေတာ့ ဘာမွမစဥ္းစားေတာ့ပဲ ကိုယ္နဲ႔အတူ Chumphonကိုသြားမယ့္အေၾကာင္းပဲ စဥ္းစားထား ”

“အိုေခ ။ စဥ္းစားထားမယ္ ။ ၿပီးေတာ့ေလ ငါတို႔သြားမွာကို Macauနဲ႔အစ္ကိုေလးကို မေျပာပဲထားထားလိုက္ ။ ပိတ္ရက္က် သူတို႔ေတြလာရင္ surpriseျဖစ္သြားေအာင္လို႔ ”

“မင္းအစ္ကိုေလးကေတာ့ လွမ္းဆဲမွာေသခ်ာတယ္ ”

Vegasရဲ႕စကားေၾကာင့္ ငါသေဘာတက်နဲ႔ကို ရယ္လိုက္မိေတာ့တယ္။ ပိတ္ရက္သြားမွာမို႔ အဲ့ဒီပိတ္ရက္က် Macauနဲ႔အစ္ကိုေလးကေတာ့ ဘုံေပ်ာက္ေတာ့မွာေသခ်ာတယ္။ ဘယ္လိုျဖစ္သြားမလဲ ၾကည့္ခ်င္ပါေသးတယ္။ အစ္ကိုေလးျဖစ္မယ့္ပုံကိုေတြးၾကည့္တာနဲ႔တင္ ငါအူျမဴးသြားရတယ္။ ငါနဲ႔Vegasကို တစ္ပတ္ေက်ာ္ေလာက္ အစ္ကိုေလးခြဲထားတာေလ။ အဲ့ဒီအတြက္ ျပန္ၿပီးလက္စားေခ်တဲ့သေဘာမ်ိဳးနဲ႔ ကလိလိုက္တာမ်ိဳးေပါ့။ ဟီးဟီး .. ေတြးလိုက္တာနဲ႔တင္ အရမ္းကိုအူျမဴးေနပါၿပီ။

ပိတ္ရက္ေရာက္ဖို႔ ဘယ္ေလာက္မွမလိုေတာ့တာေၾကာင့္ ငါျပင္ဆင္စရာရွိတာေတြ အကုန္ျပင္ဆင္ထားလိုက္တယ္။ အဘိုးနဲ႔အဘြားအတြက္ လက္ေဆာင္ပစၥည္းေတြအျပင္ ကြၽန္းေပၚက တျခားအဘိုးအဘြားေတြအတြက္ပါ ဝယ္လိုက္တယ္။ ၿပီးေတာ့ ငါနဲ႔ခင္တဲ့ ကေလးေလးေတြအတြက္ေရာ။ ပစၥည္းေတြပုံလိုက္တာနဲ႔တင္ အခန္းတစ္ခန္းအျပည့္နီးပါးျဖစ္သြားေလတယ္။ ကိစၥေတာ့မရွိပါဘူး၊ ဒီပစၥည္းေတြ ေအးေဆးေလးသယ္သြားႏိုင္ေအာင္ Vegasစီစဥ္ေပးမယ္ဆိုတာ ငါေသခ်ာသိတာမို႔။ မလုံေလာက္သလိုခံစားရတာေၾကာင့္ ငါတခ်ိဳ႕ပစၥည္းေလးေတြထပ္ဝယ္လိုက္ၿပီး လက္ေဆာင္ေတြထဲထပ္ျဖည့္ထားလိုက္တယ္။ အဘိုးနဲ႔အဘြား ဒီလက္ေဆာင္ေတြကိုျမင္ရင္ ‘ဘာေတြဝယ္လာတာတုန္း! အဘြားတို႔အတြက္ မလိုအပ္ပါဘူး’ဆိုၿပီး ‌အားနာစြာေျပာလာဦးမွာပင္။

သြားရမယ့္ေန႔ကိုေရာက္ေတာ့ ငါထင္တဲ့အတိုင္းပဲ၊ Vegasက ခရီးသြား႐ြက္ေလွတစ္စင္းကို ငွားရမ္းလိုက္ေလတယ္။ ႏွစ္ထပ္ပါတဲ့႐ြက္ေလွက ပစၥည္းေတြသယ္ဖို႔ အရမ္းအဆင္ေျပလြန္းတယ္။ ဒီလို႐ြက္ေလွမ်ိဳးကို ကြၽန္းေပၚကကေလးေတြ တအားကိုသေဘာက်ၾကမွာပင္။ ကြၽန္းေရာက္ရင္ ကေလးေတြ ခဏေလာက္စီးႏိုင္ဖို႔အတြက္ ကပၸတိန္ကိုေမးၾကည့္ေပးဖို႔ Vegasကိုေျပာရမယ္။

“စိတ္လႈပ္ရွားေနလား ”

႐ြက္ေလွရဲ႕ဦးထိပ္က စတီးလက္ရန္းကိုကိုင္လို႔ရပ္ေနတုန္း Vegasက အေနာက္ဘက္ကေနေနရာယူလို႔ ငါ့လက္ဖမိုးေပၚအုပ္ကိုင္ကာ ေမးလာခဲ့ေလတယ္။ ေလႏုေအးေအးေတြကိုခံယူရင္း လႈပ္ရွားေနတဲ့ရင္ကို ၿငိမ္သက္သြားေအာင္ ထိန္းသိမ္းေနရတဲ့ငါ့အျဖစ္ကို Vegasကရိပ္ဖမ္းမိသြားတဲ့ပုံပဲ။ ငါသူ႔ရင္ဘတ္ကို ေက်ာမွီလိုက္ကာ ေခါင္းကိုခပ္ေျဖးေျဖးညိတ္လိုက္ေလတယ္။ ဒီႏွစ္ထဲမွာ မ်ားျပားလွတဲ့ အစ္ကိုေလးရဲ႕ scheduleေတြေၾကာင့္ ငါဇာတိေျမကိုမျပန္ျဖစ္တာ အေတာ္ၾကာၿပီ။ အခုလိုမ်ိဳး ျပန္လာျပန္ေတာ့လည္း လက္တြဲေဖာ္က ေဘးမွာပါလာေလတယ္။

အဘိုးနဲ႔အဘြား ငါ့ကိုႏွေျမာသြားၿပီး စိတ္ထိခိုက္ၾကမလား ၊ ငါ့အတြက္ ေပ်ာ္ပဲေပ်ာ္ေပးမလားမသိႏိုင္ဘူး။ အဲ့ဒီအေတြးေတြေၾကာင့္ပဲ ငါနည္းနည္းစိတ္လႈပ္ရွားေနမိတာ။

“ဘာေတြက ကိုယ့္အခ်စ္ကို ဒီေလာက္ေတာင္ စိတ္လႈပ္ရွားေနေစတာလဲ ၊  .. ဟင္ ? ”

သူ႔ရဲ႕အဲ့ဒီအေမးစကားသံေလးက တအားနားေထာင္ေကာင္းတယ္။ သူကစကားတစ္ခြန္းကိုေျပာၿပီးမွ အဲ့ဒီအေနာက္မွာ အေမးစကားကိုထပ္ထပ္ထည့္တတ္ေလတာ။ ငါ့မ်က္ႏွာေဘးမွာ သူ႔မ်က္ႏွာကိုကပ္ထားၿပီး ငါ့ပါးျပင္တစ္ေလွ်ာက္ သူ႔ႏွာေခါင္းထိပ္ေလးနဲ႔ပြတ္ဆြဲလို႔ ငါ့စိတ္ကိုေပ်ာ္႐ႊင္လာေအာင္ ႀကိဳးစားလုပ္ေပးေနေလတယ္။ စိတ္ေပ်ာ္လာတဲ့ေနာက္မွာ စိတ္ေပ်ာ္တာထက္ပိုၿပီး သူ႔ရဲ႕အျပဳအမူေၾကာင့္ ငါယားက်ိက်ိခံစားလာရတယ္။

“ေတာ္ေတာ့ ၊ ယားလာၿပီ ”

သူကငါ့စကားကိုၾကားေတာ့ လိမ္လိမ္မာမာနဲ႔ ဖယ္ခြာသြားေလတယ္။ ဒါေပမယ့္ အဲ့ဒီအစား သူ႔ႏႈတ္ခမ္းက ငါ့လည္တိုင္ေဘးဆီေရာက္လာၿပီး လွ်ာနဲ႔အရင္လ်က္ကာ သြားနဲ႔ခပ္ဆဆေလးကိုက္လာေလတယ္။ အဲ့ဒီကိုက္ခဲမႈေၾကာင့္ ငါ့ရဲ႕ဝိဉာဥ္ကလည္း သူ႔ဝိဉာဥ္ဖက္ရဲ႕အထိအေတြ႕ကို ခံစားလိုက္ရသလိုမ်ိဳး ခုန္ေပါက္မတတ္ျဖစ္ေနေလေတာ့တယ္။ ဒါေပမယ့္ ငါတို႔က႐ြက္ေလွေပၚမွာေလ။ ငါတို႔ဝိဉာဥ္ေတြေပါင္းစည္းသြားဖို႔အေရး ဘယ္လိုလုပ္ ခြင့္ျပဳလိုက္လို႔ရမလဲ။

“Vegas မင္းေနာ္ .. ”

“အရမ္းခ်စ္ဖို႔ေကာင္းတာပဲ ”

ငါသိေနတယ္၊ သူ႔ရဲ႕အဲ့စကားက ငါ့လည္တိုင္ေပၚ သူဖန္တီးလိုက္တဲ့ကိုက္ရာကို ရည္ၫႊန္းေနတယ္ဆိုတာ။ သူကအႏုပညာရွင္လို႔ကိုမေျပာရေလဘူး၊ ငါ့ကိုယ္ေပၚမွာ ကိုယ္ပိုင္အႏုပညာေတြ တစ္ခုၿပီးတစ္ခုကို ခ်န္ရစ္ထားတတ္ေလတယ္။ ၿပီးရင္ သူ႔အႏုပညာေတြကိုၾကည့္ၿပီး သေဘာတက်ေျပာတတ္တယ္။ အခုလိုမ်ိဳးေပါ့၊ အရမ္းခ်စ္ဖို႔ေကာင္းတာပဲဆိုတာမ်ိဳး။

“ေရာက္ခါနီးၿပီမလား ”

“အင္း ။ မင္းကိုယ္ ခဏခြာထားဦး ။ အဘိုးနဲ႔အဘြားျမင္ရင္ လန႔္သြားၾကလိမ့္မယ္ ”

“ဟုတ္ကဲ့ပါခင္ဗ်ာ ”

လိမ္လိမ္မာမာနဲ႔ပဲ Vegasကငါ့အေနာက္ဘက္ကေန ကိုယ္ခ်င္းခြာသြားၿပီး ငါ့ေဘးမွာယွဥ္ရပ္ကာ လက္ရန္းကိုကိုင္ထားတဲ့ ငါ့ညာဘက္လက္ကလက္သန္းကို သူ႔ဘယ္ဘက္လက္က လက္သန္းနဲ႔လာခ်ိတ္ေလတယ္။ ဒီလိုအျပဳအမူေသးေသးေလးက ငါ့ရင္ကိုေႏြး‌ေထြးသြားေစတယ္။ ငါလည္း သူ႔လက္သန္းေလးကို ျပန္လည္ခ်ိတ္တြယ္လိုက္ေတာ့တယ္။

ဒါေပမယ့္ အဲ့ဒီလိုေႏြးေထြးတဲ့ရပ္ဝန္းေလးက ကမ္းေျခထက္က bannerႀကီးနဲ႔ ျပင္ဆင္ထားတဲ့ႀကိဳဆိုျမင္ကြင္းတို႔ကို မျမင္ခင္အထိပဲျဖစ္ေလတယ္။ Vegasဆီကရယ္သံထြက္မလာေပမယ့္ ငါကေတာ့ ေခါင္းကေနေျခဖ်ားအထိ ရွက္ရဲသြားရေလေတာ့တယ္။

‘ ေမြးရပ္ေျမေနရပ္မွ ျပန္လည္ႀကိဳဆိုပါတယ္ ! အဘိုးNoiနဲ႔အဘြားJuiတို႔ရဲ႕ ခ်စ္ရပါေသာေျမးငယ္ေလးPeteေရ ’

- Be My Side -

မူရင္းဇာတ္လမ္းထဲမွာလည္း ကြၽန္းကိုျပန္သြားတဲ့အပိုင္းေတြ အရမ္းကိုသေဘာက်ရတာမို႔ အနည္းအက်ဥ္းထည့္ေရးပါမယ္၊ အခု Bannerပါတဲ့အပိုင္းအတြက္ original novelကို full creditပါ ^^ စာသားေတြကိုေတာ့ မတူေအာင္ေျပာင္းလဲထားပါတယ္ ။

ဒါနဲ႔ 23က‌ေနဆို အခုအထိ ၃ရက္ေတာင္ခြဲလိုက္ရလို႔ ကိုယ့္ကိုအရမ္းလြမ္းေနၾကၿပီမလား (•ө•)♡

27 August 2022 (Sat)

Continue Reading

You'll Also Like

631K 50.2K 43
Zawgyi 🍁 Unicode ပံုျပင္ေလးတစ္ပုဒ္ကိုေမာင္နဲ႔ပဲစတင္ၾကည့္ၾကပါစို႔ ❤ ပုံပြင်လေးတစ်ပုဒ်ကိုမောင်နဲ့ပဲစတင်ကြည့်ကြပါစို့ ❤
65.1K 5.3K 9
ညီမငယ် Asuna Park အတွက်ချစ်သောအစ်မရဲ့မွေးနေ့လက်ဆောင်
26K 3.8K 29
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️