Part 14

3.2K 309 36
                                    

Pete ;

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Pete ;

‘You know how much you're beautiful ’
ငါသူ့ကိုတွန်းတိုက်ပြီးထွက်လာခဲ့တာတောင် ငါ့နားထဲမှာ သူ့ရဲ့ဒီစကားသံကို ကြားနေရတုန်းပဲ။ Vegasက သိပ်ကိုပဲတော်လွန်းတဲ့သူပဲ။ လူ့စိတ်ကို ဘယ်လိုမျိုးဘဝင်ခွေ့အောင်လုပ်ရမလဲဆိုတာ သေချာသိလေတယ်။

ဘယ်သူမဆို ကိုယ့်ကိုသဘောကျတဲ့သူရှိရင် စိတ်ထဲကျေနပ်ကြမှာအမှန်လေ။ ငါလည်းအဲ့လိုပေါ့၊ Vegasကငါ့ကိုစကားလုံးချိုချိုလေးတွေပြောလာခဲ့ရင် ငါ့ပုံစံကသဘောမကျသလိုပေမယ့် ငါ့မသိစိတ်ထဲမှာတော့ ထုတ်ပြထားတဲ့ငါ့ပုံစံနဲ့ခြားနားစွာပဲ သဘောကျသလိုခံစားနေရတယ်။

စကားလုံးတွေချိုသာစွာပြောပြီး ပြုံးနေတတ်တဲ့Vegasပုံစံက ဆွဲဆောင်မှုရှိတယ်ဆိုတာကိုတော့ ငါမငြင်းနိုင်ဘူး။

“Pete ! မျက်နှာနီနေတယ် ! ဘာလို့လဲ ! ”

အစ်ကိုလေးက Bubbleစေ့တွေကိုဝါးနေရင်းကနေ ဗလုံးဗထွေးနဲ့ငါ့ကိုလှမ်းအော်လာတယ်။ အသံကကျယ်တာမို့ စတူဒီယိုမှာရှိတဲ့ဝန်ထမ်းတွေကတောင် ငါ့ကိုလှည့်ကြည့်လာကြတယ်။ ငါရှက်ရှက်နဲ့ပဲ အစ်ကိုလေးဘေးကို သွက်သွက်ကလေးသွားလိုက်ရတော့တယ်။ အခုလိုမျိုး လူတွေအာရုံကို တစုတစည်းထဲရလိုက်တာမျိုး ငါတကယ်ကိုမကြိုက်ပါဘူး။ အစ်ကိုလေးက သူဘာအမှားမှမလုပ်ထားတဲ့ပုံမျိုးနဲ့ Babbleစေ့တွေကိုပိုက်နဲ့စုပ်ယူနိုင်ဖို့သာကြိုးစားနေလျက်ရှိတယ်။

“စကားပြောရင် တိုးတိုးပြောပါ ၊ အစ်ကိုလေးက public figureနော် ၊ ပုံစံထိန်းဦး ”

ငါ အစ်ကိုလေးကို တိုးတိုးတိတ်တိတ်ကပ်ပြီး သတိပေးစကားပြောလိုက်ရတယ်။ Armနဲ့Polထက်စာရင် အစ်ကိုလေးက ငါ့စကားကို နားထောင်သလိုလိုရှိတာမို့။ သူတို့နှစ်ယောက် အစ်ကိုလေးကိုမထိန်းနိုင်တဲ့အခါမျိုးဆို ငါပဲဝင်ထိန်းခဲ့ရတာ။ အဲ့လိုထိန်းလိုက်ရင် အစ်ကိုလေးက နည်းနည်းတော့ငြိမ်သွားတတ်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ အစ်ကိုလေးရဲ့ ကောင်းမွန်တဲ့စိတ်ကလေးက အတောင်ပံပေါက်ပြီး ပျံသွားပြီထင်တယ်။ ငါ့စကားကိုကြားတာနဲ့ အစ်ကိုလေးက ပက်ခနဲပြန်ပြောလာပါလေရော။

Be My Side [COMPLETED]Where stories live. Discover now