Part 15

3.5K 336 44
                                    

Pete ;

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Pete ;

ငါသေချာကြည့်နေတာကို Vegasကလည်း ခံစားမိလောက်တယ်။ ဒါပေမယ့် သူကကစားတတ်တဲ့သူတစ်ယောက်အသွင်မျိုးနဲ့ ငါ့ဘက်ကိုလှည့်တောင်ကြည့်မလာခဲ့ပဲ ဓာတ်ပုံရိုက်ရမယ့် အလယ်စင်တာဆီ မိမိုက်နေတဲ့အနေအထားဖြင့်သာ လျှောက်လှမ်းသွားတယ်။ သူ့ကိုကြည့်ရတာ စတူဒီယိုထဲမှာရှိနေတာမဟုတ်ပဲ ဖက်ရှင်ရှိုးတစ်ခုကိုရောက်နေတဲ့အတိုင်းပဲ။

သူမှမကြည့်တာ ငါလည်းကြည့်မနေတော့ဘူးဆိုတဲ့ စိတ်ဆိုးတဲ့အတွေးမျိုးတောင်မတွေးနိုင်ပဲ ငါသူ့ကိုကြည့်နေမိတုန်း။ ညှို့ဓာတ်တစ်ခုခုက သူ့ကိုငါကြည့်နေမိအောင် တွန်းအားပေးနေတယ်။

အလှတရားနဲ့ချောမောမှုက လူကိုတကယ်အန္တရာယ်များစေတာပဲ။ ဆွဲဆောင်မှုပြင်းနေတဲ့သူ့ပုံစံကို ငါမကြည့်ပဲမနေနိုင်ဘူး။ ခပ်ဝေးဝေးကနေကြည့်နေမိတာတောင် ငါရင်းနှီးတဲ့သူ့ရနံ့ဖြစ်တဲ့ ကျွန်းသစ်သားရနံ့ကိုရနေမိသလိုခံစားရတယ်။ ငါကိုယ့်ကိုကိုယ်သာ ရယ်သွေးလိုက်တော့တယ်။ အဲ့လောက်တောင် ဆွဲဆောင်ခံလိုက်ရတာလားဆိုပြီး ... ။

Vegasကိုပဲကြည့်နေတာမို့ အစ်ကိုလေးဘယ်အချိန်ထွက်လာလဲတောင်ငါမသိလိုက်ဘူး။ အစ်ကိုလေးက ငါ့ဘေးရောက်လာပြီး ငါ့လက်မောင်းကိုဖြန်းခနဲပိတ်ရိုက်လိုက်မှ အစ်ကိုလေးကို သတိထားမိတဲ့အဖြစ်။

“အဲ့မျက်လုံးတွေက ဘယ်ကိုကြည့်နေတာလဲ ! ”

တော်သေးတယ်၊ အစ်ကိုလေးကအကျယ်ကြီးမပြောလိုက်ပဲ သိပ်ကိုအော်ချင်နေတဲ့ပုံနဲ့ ငါ့နားကိုသာပါးစပ်အပ်ပြီးပြောလာခဲ့လို့။ မဟုတ်ရင် ငါVegasကို အကြည့်မလွှဲနိုင်ငမ်းနေမိတာ ဒီစတူဒီယိုထဲက ရိုက်ကူးရေးတဖွဲ့လုံးသိကုန်တော့မှာပဲ။ ဒါပေမယ့် သိသွားရင်တောင်ရှက်စရာတော့မဟုတ်ပါဘူး။ ငါတင်မကပဲ စတူဒီယိုထဲက လူအကုန်နီးပါးက Vegasကိုသာကြည့်နေကြတာမို့။

Be My Side [COMPLETED]Where stories live. Discover now