Part 21

3.6K 265 76
                                    

[ Warning : This part may contain SEXUAL SCENE!!! ]

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.

[ Warning : This part may contain SEXUAL SCENE!!! ]

• ကိုယ်တို့ ကစားကြရအောင် ။ •

Pete ;

ရှပ်အဖြူက ကြယ်သီးတွေအဖြုတ်ခံလိုက်ရတော့ ရင်ဘတ်က ဟာလာဟင်းလင်းဖြစ်သွားလေတယ်။ အခန်းထဲမှာတပ်ထားတဲ့ အဲကွန်းရဲ့အေးမြတဲ့လေတို့က ဗလာကျင်းနေတဲ့ငါ့ရင်ဘတ်ကိုလာထိတွေ့တာမို့ ထိုအေးမြမှုကြောင့် ခန္ဓာကိုယ်ကတုန်ယင်ချင်သွားတယ်။ သူကဒီလိုဖြစ်အောင်လို့ လေအေးတွေပိုလွှတ်ထားတာလားလို့တောင် ငါသံသယဝင်ချင်သွားတယ်။

ငါ့ရင်ဘတ်ကိုကြည့်လို့ပြုံးနေလေတဲ့သူက ငါ့နှုတ်ခမ်းကိုတစ်ချက်နမ်းပြီးသွားမှ ငါ့ရင်ဘတ်ဆီ သူ့နှုတ်ခမ်းကိုဦးတည်လိုက်တယ်။ ညင်သာတဲ့စုပ်နမ်းမှုတွေမဟုတ်ပဲ ငါ့ရင်ဘတ်ကအဓိကရပ်ဝန်းတစ်နေရာကို သွားနဲ့ခပ်ဆတ်ဆတ်ကိုက်လာခဲ့တယ်။  နာကျင်ပါစေတော့ဆိုပြီးကိုက်လိုက်တဲ့သဘောမျိုးမို့ ငါ့နှုတ်ခမ်းကနေ ညည်းသံထွက်သွားရတယ်။ ငါကိုယ်တိုင်တောင် ငါ့အသံကိုမကြားဖူးသလိုမျိုးဖြစ်သွားရတဲ့အထိ ငါ့အသံကထူးဆန်းလွန်းနေခဲ့တယ်။

နာကျင်တာမှန်ပေမယ့်လည်း ငါ့စိတ်တွင်းတစ်နေရာကကျ ဒီနာကျင်မှုကို တိတ်တိတ်လေးကြိတ်လို့သဘောကျသလိုခံစားနေရတယ်။ ငါ့စိတ်ဆန္ဒတောင် ကြွတက်လာရသလို။

“အဲ့လို များများညည်းပေး ။ မင်းအသံက ကိုယ့်ကိုစိတ်ကျေနပ်စေတယ် ”

Vegasဘက်က ညည်းပေးပါလားလို့ တောင်းဆိုလာတာမျိုးမဟုတ်ပဲ အမိန့်ပေးတဲ့သဘောလိုမျိုးဖြစ်နေပြီး အဲ့အသံက ငါ့ကိုထိန်းချုပ်လိုက်နိုင်လေတဲ့အငွေ့အသက်တို့လည်းပါဝင်နေတယ်။ ငါကိုယ်တိုင်ကလည်း အဲ့ဒီလိုထိန်းချုပ်လာခဲ့တဲ့ပုံစံကိုသဘောကျနေသလိုဖြင့် ငါ့နှုတ်ခမ်းပါးကိုကိုက်ထားဖို့စိတ်ကူးက သေးသေးလေးတောင်မှမရှိတော့ဘူး။ Vegas သဘောကျစေဖို့အတွက် ညည်းပေးလိုက်သလိုမျိုး ငါ့နှုတ်ခမ်းကနေ လည်ချောင်းသံတို့ တိုးထွက်သွားရပြန်တယ်။

Be My Side [COMPLETED]Nơi câu chuyện tồn tại. Hãy khám phá bây giờ