Part 38

2.3K 256 43
                                    

Vegas ;

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Vegas ;

‘ မွေးရပ်မြေနေရပ်မှ ပြန်လည်ကြိုဆိုပါတယ် ! အဘိုးNoiနဲ့အဘွားJuiတို့ရဲ့ ချစ်ရပါသောမြေးငယ်လေးPeteရေ ’

ဒီစာသားကိုမြင်မြင်ချင်း ငါ့ရင်ထဲကို ဖော်ပြလို့မရနိုင်တဲ့ ခံစားချက်တချို့က တိုးဝင်လာလေတယ်။ ဒါက Peteရဲ့ ဖြတ်သန်းလာရတဲ့ ဘဝအစိတ်အပိုင်းတချို့ကို ငါစပြီးမြင်လိုက်နိုင်တာပဲ။ ဒီလိုမျိုး နားလည်ပေးနိုင်ပြီး ချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်ဖြစ်လာခြင်းက အချစ်တွေပေးကြမယ့် သူတွေရှိလေတဲ့ ကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရလို့ပဲ။ လူတွေအများကြီးက ကမ်းခြေမှာစီရပ်နေကြကာ bannerကိုကိုင်ထားလေတယ်။

အဲ့ဒါအပြင် ကြိုးနဲ့ချည်ထားပြီး ကောင်းကင်ထက်မှာ တလွင့်လွင့်ဝဲနေတဲ့ bannerလည်းရှိသေးတယ်။ စာကတော့ ကမ်းခြေပေါ်ကစာအတိုင်းပဲ။ ငါသဘောတကျနဲ့ပြုံးမိသွားရတယ်။ Peteကိုကြည့်လိုက်တော့ နေရခက်နေပုံကို သိသိသာသာကို မြင်နိုင်လေတယ်။ သူ့စိတ်ထဲ ငါတမျိုးမြင်သွားမှာကို စိုးရိမ်နေသလားတော့မသိဘူး။ ငါကတော့ သူကဒီလိုမျိုး အချစ်ခံရပြီးကြီးပြင်းလာခဲ့ရလို့ ကျေနပ်နေမိတယ်။

“သည်းခံပေးပါဦး ”

ရွက်လှေကကမ်းကိုကပ်ကပ်ချင်း သူကငါ့နားကိုကပ်လို့ တိုးတိုးလေးပြောလာခဲ့တယ်။ သူ့မျက်ဝန်းထဲမှာတော့ စိုးရိမ်ပူပန်မှုတို့အပြည့်ပဲ။ ငါပြုံးလိုက်ကာ သူ့လက်ဖဝါးကို ခပ်ဖွဖွဖျစ်ညှစ်လိုက်တယ်။ ခဏလေးပဲကိုင်ပြီး ငါပြန်လွှတ်လိုက်လေတာ။ ဒီကသူတွေအမြင်ထဲ ငါတို့ကို ကဲလွန်းတဲ့အတွဲတွေလို့ အမြင်မခံချင်ဘူး။ Peteကိုတမျိုးမြင်မှာဆိုးတာကြောင့် ငါ့ဘက်ကနေထိန်းသိမ်းပေးရမယ်လို့ တွေးနေမိတယ်။

Be My Side [COMPLETED]Where stories live. Discover now