Part 17

4.1K 325 58
                                    

Pete ;

Deze afbeelding leeft onze inhoudsrichtlijnen niet na. Verwijder de afbeelding of upload een andere om verder te gaan met publiceren.

Pete ;

နှာဝမှာသင်းနေတဲ့ ကျွန်းသစ်ရနံ့ဖျော့ဖျော့နဲ့အတူ တင်းကြပ်နေတဲ့လက်တစ်စုံရဲ့အောက်မှာ ငါနိုးထလာရတယ်။ ငါ့တစ်ကိုယ်လုံးနုံးနေပေမယ့် ငါ့အတွင်းစိတ်ထဲကတစ်စုံတရာက မလုံလောက်သေးဘူးလို့ပြောနေလေတယ်။ ဒါက ငါ့heatကနေဖြစ်နေတာပဲ။ ငါဒီတစ်ခါ တကယ်ကိုheatဝင်တာဖြစ်ပြီး ကြည့်ရတာတော့ အခုတစ်ခေါက်က တကယ်ကိုကြာလောက်မယ်။

ငါအာခေါင်ခြောက်နေတာကြောင့် ကုတင်ဘေးစားပွဲပေါ်က အဆင်သင့်ထားထားလေတဲ့ရေခဲရေဘူးကို လှမ်းယူဖို့ကြိုးစားလိုက်တယ်။ ဒါပေမယ့် တင်းကြပ်နေတဲ့ခါးပေါ်ကလက်ကြောင့် ငါနည်းနည်းလေးတောင် ရှေ့တိုးလို့မရဘူးဖြစ်နေတယ်။

ရေခဲရေဘူးရဲ့ပတ်ပတ်လည်မှာ ရေသီးလေးတွေတောင် သီးနေသေးတယ်။ ကြည့်ရပုံအရတော့ ဒီရေဘူးက ရေခဲသေတ္တာထဲကနေယူထားပြီး ဒီနေရာမှာထားထားတာမကြာလောက်သေးဘူး။ Vegasကတကူးတကထယူပေးထားတာဖြစ်နိုင်တယ်။ ဒီလိုဆို အခုငါ့ခါးပေါ်ကတင်းကြပ်နေတဲ့လက်က Vegasတမင်လုပ်နေတာပဲနေမှာ။

ဒီကောင် နိုးနေရဲ့သားနဲ့ အိပ်ချင်ယောင်ဆောင်ပြီး ငါ့ကိုဖက်ထားတာပဲနေမှာ။ ရေခဲရေဘူးက ရေသီးတွေထနေပုံက ဒီရေဘူးကိုထုတ်ထားတာ ဘယ်လောက်မှမကြာသေးဘူးဆိုတာသက်သေခံနေလေတယ်။

ငါခန္ဓာကိုယ်ကို တမင်လှုပ်လိုက်တယ်။ ငါရုတ်တရက် ဒီလိုလှုပ်လိုက်မယ်မထင်တာကြောင့် အဲ့ဖက်ထားတဲ့လက်က နည်းနည်းပြေလျော့သွားတယ်။ ဒါပေမယ့် အဲ့ဒါခဏပဲ။ အဲ့လက်က ချက်ချင်းကိုပဲ ငါ့ခါးထက်မှာပြန်တင်းကြပ်သွားတယ်။ ငါ့ကိုဖက်ထားတဲ့ ငါ့အနောက်ဖက်ကVegas တကယ်ကိုနိုးနေတယ်ဆိုတာငါသိတယ်။ ငါနောက်တခါထပ်ပြီးလှုပ်လိုက်တယ်။ ဒီတစ်ခါတော့ တင်းတင်းကြပ်ကြပ်ဖက်ထားတာကြောင့် လက်ကမလျော့သွားတော့ဘူး။

Be My Side [COMPLETED]Waar verhalen tot leven komen. Ontdek het nu