Part 13

3.2K 304 39
                                    

Vegas ;

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou télécharger une autre image.

Vegas ;

Instaထဲလိုက်မွှေလိုက်တော့ Peteရဲ့အကောင့်ကို ငါမြင်လိုက်ရတယ်။ နေ့စဉ်ဘဝမှတ်တမ်းလိုမျိုးတင်ထားတဲ့ပုံတွေရှိပြီး စတိုရီတွေမှာလည်း သီချင်းတွေရှဲထားလေတယ်။ ကြည့်ရတာ စိတ်ကိုပျော်မြူးစေသလို ဒီကောင်လေးရဲ့နေထိုင်ပုံကိုလည်း ငါပိုသိလာရတယ်။ ဘယ်လောက်တောင်လွတ်လပ်ပေါ့ပါးပြီး ချစ်စရာကောင်းနေလိုက်သလဲ။

ပုံတွေတစ်ပုံပြီးတစ်ပုံကြည့်နေမိသလို ငါ့လက်ကလည်း အဆက်မပြတ်ပါပဲ screenshotတွေရိုက်နေမိတယ်။ ငါနဲ့အတူသွားစားတဲ့နေ့တုန်းက ရိုက်ထားလေတဲ့ပုံကိုလည်း သူတင်ထားတာတွေ့ရလေတော့ ငါပြုံးမိသွားတယ်။

ဒီပုံမှာ ငါ့အငွေ့အသက်လည်းပါနေတာမို့လေ။ ပုံထဲက တစ်ဖက်ခြမ်းကပန်းကန်က ငါ့ပန်းကန်ပဲမဟုတ်လား။ သေချာကြည့်ရင် အရှေ့ကဗန်းထဲ ပုံထင်ဟပ်နေတဲ့ ငါ့မျက်နှာကိုတောင် မြင်ရင်မြင်ရမှာ၊ ပြောလို့မရဘူး။ သူကစီးရီးအနေနဲ့ ပုံသုံးပုံတင်ထားတာ‌ဖြစ်ပြီး ဆိုင်ပုံရယ်၊ ဟင်းပန်းကန်တွေရယ်၊ သူ့ရဲ့ဆယ်လ်ဖီပုံတစ်ပုံတို့ပဲ။

ရေးထားတဲ့captionကတော့ ‘ဒါနရှင်တစ်ယောက်ကြောင့် သွားစားဖြစ်ခြင်း’တဲ့လေ။ ဘယ်လောက်တောင်ချစ်ဖို့ကောင်းလှတဲ့ အရေးအသားလေးလဲ။ အဲ့ဒါနရှင်ဆိုတာငါပဲပေါ့၊ ဘယ်သူရှိရမှာလဲ။

wallတစ်ခုလုံးကို စိတ်တိုင်းကျဝင်မွှေပြီး စိတ်တိုင်းကျscreenshotရိုက်ပြီးသွားတဲ့နောက်မှာတော့ ငါ့စိတ်ကအလုံးစုံကျေနပ်သွားရတော့တယ်။

အင်စတာထဲကနေပြန်ထွက်လိုက်ပြီး ပုံသိမ်းဆည်းထားရာဆီသွားလိုက်ကာ Peteရဲ့ပုံတွေကို ဖိုင်သပ်သပ်ဖွဲ့ပြီးသိမ်းထားလိုက်တယ်။ ဖိုင်ရဲ့နာမည်ကတော့ ဖုန်းမှတ်တမ်းနာမည်လိုပဲ ‘ခိုအာလာလေး’ဆိုသည်သာ။ Pete ငါ့ကိုအရမ်းလွှမ်းမိုးနေတာကြောင့် ငါ့ပုံစံနဲ့မလိုက်ဖက်တဲ့အရာတွေကိုတောင် ငါလိုက်လုပ်နေမိပြီ။

Be My Side [COMPLETED]Où les histoires vivent. Découvrez maintenant