Part 12

3.1K 311 24
                                    

Pete ;

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Pete ;

“Vegasပါတဲ့ပရောဂျက်တစ်ခု ငါထပ်ပြီးကမ်းလှမ်းခံရပြန်ပြီ ! အခုတလောဘာဖြစ်နေတာလဲဟေ ! ငါ့ရဲ့ကံတွေတက်နေတာလား ! Vegasကိုအနိုင်ယူဖို့အတွက် ကံကြမ္မာက ငါ့ကိုမျက်နှာသာပေးလိုက်ပြီထင်တယ် ”

အစ်ကိုလေးက ငါယူလာပေးတဲ့ဇာတ်ညွှန်းတစ်ထပ်ကြီးထဲကနေ Vegasနဲ့တွဲသရုပ်ဆောင်ရမယ့်ပရောဂျက်ပါတဲ့ ဇာတ်ညွှန်းသုံးခုကိုဆွဲထုတ်ပြီး အားရပါးရကိုပြောနေတော့တာ။ ဇာတ်ညွှန်းတိုင်းမှာ အစ်ကိုလေးကသာ အထက်စီးကချည်း၊ Vegasကာရိုက်တာက အစ်ကိုလေးရဲ့ညီ၊ အစ်ကိုလေးရဲ့လက်ထောက်၊ အစ်ကိုလေးရဲ့ကုမ္ပဏီဝန်ထမ်း စသဖြင့်ပဲ။

အထူးပြောဖို့မလိုတာကတော့ Vegasကသာဇာတ်ဆောင်ဖြစ်ပြီး အစ်ကိုလေးအရန်သရုပ်ဆောင်ပဲ။ ဒါပေမယ့် အစ်ကိုလေးက အဲ့ဒါကိုဘာဂရုစိုက်မှာတဲ့လဲ။ ဇာတ်ကြောင်းထဲမှာ Vegasကို နှိမ်ထားလို့ရသရွေ့ သူကသဘောကျနေဦးမှာပဲ။

“ဒါပေမယ့် အစ်ကိုလေးက သူ့ကိုသဘောမကျဘူးမလား ။ အဲ့ပရောဂျက်တွေကို ပယ်ထားလိုက်လေ ”

ငါတတ်နိုင်သလောက်လေး Vegasရဲ့ကျော့ကွင်းကနေ ရှောင်ချင်သေးတယ်။ ဒီလိုဇာတ်ညွှန်းတွေ ရလာရတဲ့နောက်ကွယ်ကလက်မည်းကြီးကို ငါသေချာသိတာမို့လေ။ ဟိုတစ်ခါ ကြော်ငြာရိုက်ကွင်းမှာတင် ငါမှတ်သွားပြီမို့။

ပြီးတော့ Vegas အဲ့ဆိုက်ကိုကောင်က ဘာတွေအရူးထနေတာလဲ ?! ငါ့ကိုလိုက်ဖို့အတွက်နဲ့ပဲ အစ်ကိုလေးလိုလူကိုချဉ်းကပ်တယ်ပေါ့လေ။ ငါပြန်မကြိုက်ခင်ပဲ အဲ့ကောင် အစ်ကိုလေးလက်ထဲ အမှုန့်ကြေသွားဦးမယ်။

ညီအစ်ကိုဝမ်းကွဲသာဆိုတယ်၊ အစ်ကိုလေးက Vegasကိုဆို အနိုင်ကျင့်ဖို့ပဲတွေးနေတာလေ။

Be My Side [COMPLETED]Where stories live. Discover now