Part 11

3.1K 303 30
                                    

Vegas ;

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Vegas ;

သူ့ကိုလိုက်နေတာလားလို့မေးလာခဲ့တုန်းက ငါတမင်ပဲ သေချာမဖြေခဲ့တာ။ ငါသေချာဖြေလိုက်ရင် ဒီကောင်လေးငါ့ကိုလန့်သွားလိမ့်မယ်ဆိုတာ ငါသေချာသိနေလို့။

ဘာလို့ဆို ငါသူ့ကိုကြိုက်မိသွားတဲ့အဓိကအကြောင်းအရင်းက သူချစ်ဖို့ကောင်းတာရယ်၊ ငါနဲ့အတူနေတုန်းက နာကျင်နေတဲ့ သူ့မျက်နှာသွင်ပြင်တို့ကြောင့်ပဲလေ။ သူသာငါ့ကို ဘာလို့ကြိုက်တာလဲမေးရင် ငါတော့လိမ်မိမယ်ထင်တယ်။

ဒါပေမယ့် အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်တော့ Peteအကြောင်းကိုပိုသိလေလေ သူ့ရုပ်ရည်ထက်ပိုပြီး သူ့အမူအကျင့်ကိုပိုကြိုက်လာလေလေပဲ။

ကြိုးစားတယ်၊ စိတ်ရှည်သည်းခံတတ်တယ်၊ အကောင်းမြင်တတ်တယ်။ ကြိုးစားတာက ငါနဲ့တူနိုင်ပေမယ့် ကျန်တဲ့နှစ်ခုကတော့ ငါ့ဆီမှာရှိမလာနိုင်တဲ့ အရည်အချင်းတို့ပဲ။

Peteကိုကြည့်လိုက်ရင် ငါနဲ့မတူနိုင်တဲ့ပုံစံကို တန်ပြန်မြင်နိုင်တယ်။ ငါကအနက်ဆိုရင် သူကအဖြူပဲ။ ဆန့်ကျင်ဘက်သဘောတရားဆိုပေမယ့် အလိုက်ဖက်ဆုံးကလည်း အဲ့ဒီ့အနက်နဲ့အဖြူပဲ။

တိုက်ဆိုင်စွာပဲ ဒီနေ့မှာငါတို့အဝတ်တွေက အနက်နဲ့အဖြူဖြစ်နေတယ်။

ဆိုင်ကိုရောက်တော့ ငါအတွင်းခန်းတစ်ခန်းကိုမှာလိုက်ပြီး သူ့ကိုအခန်းထဲခေါ်လာလိုက်တယ်။ ဝိတ်တာဆီကို သူကဟင်းအမည်တွေရေရွတ်လို့မှာလေတယ်။ ဒါပေမယ့် ထူးဆန်းတာက သူရေရွတ်လိုက်တဲ့နာမည်တွေကို ငါတစ်ခုမှမသိနေတာပဲ။

Peteအစပ်ကြိုက်တယ်ဆိုတာသိလို့သာ ငါဒီဆိုင်ကိုခေါ်လာခဲ့တာ။ ဒီဆိုင်ကရိုးရာဟင်းတွေလည်းရတာမို့။ ငါကတော့ ဒီဆိုင်ကိုလာတိုင်း အနောက်တိုင်းဟင်းလျာတွေပဲ အများဆုံးစားဖြစ်တယ်။

Be My Side [COMPLETED]Where stories live. Discover now