Part 22

3.3K 314 16
                                    

Vegas ;

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Vegas ;

“ငါပြန်ရတော့မှာလေ ။ မင်းငါ့ကို လှည့်တောင်မကြည့်တော့ဘူးလား ”

Peteက ကလေးတစ်ယောက်ကိုချော့မော့တဲ့အသံမျိုးနဲ့ ငါ့ကိုပြောလာခဲ့လေတယ်။ animeကိုသာကြည့်နေပြီး သူ့ကိုတမင်မကြည့်ပဲ‌နေတဲ့ငါ့ရဲ့အာရုံတွေ သူ့ဆီရောက်လာဖို့ရန်အတွက် သူတတ်နိုင်သလောက် ကြိုးစားနေလေတယ်။ ငါဘယ်နှခါလောက်ကြည့်ပြီးပြီလဲမသိတော့တဲ့ My Neighbor Tororoကို ဖွင့်သာထားထားပေမယ့် ငါ့အာရုံတွေက ထိုanimeဆီမှာမရှိလေဘူး။ ငါ့အာရုံအလုံးစုံက သေချာပေါက်ကို Peteဆီမှာသာရှိနေလေတယ်။

Peteက ငါနဲ့အတူ hateကာလ၇ရက်တစ်ပတ်နေခဲ့ပြီး အခု P'Tankhunတို့ဆီပြန်တော့မှာပင်။ သကြားလုံးအရသာမသိသေးခင်တုန်းက သကြားလုံးကိုမစားနိုင်ကောင်းမစားနိုင်တဲ့ကလေးတစ်ယောက်က သကြားလုံးအရသာသိပြီးသွားတာနဲ့ အဲ့ဒီသကြားလုံးကို မစားပဲနေနိုင်တော့မှာမဟုတ်ဘူး။

အခုငါက အဲ့ဒီလိုမျိုး ကလေးတစ်ယောက်ပဲ။
Peteနဲ့အတူ တစ်အိမ်တည်းမှာအတူနေပြီးသွားတဲ့နောက် ဒီအိမ်ထဲကနေပြီးတော့ Peteကိုပြန်မသွားစေချင်တော့ဘူး။ အတူတူသာ တစ်သက်လုံးရှိသွားချင်တော့တယ်။ ဖြစ်နိုင်ရင် Peteကို ငါ့အိတ်ကပ်ထဲမှာသာထည့်သိမ်းထားချင်တာမျိုး။ ဒါပေမယ့်လည်း Peteကအလွယ်တကူအိတ်ထဲထည့်နိုင်လေတဲ့ အကောင်သေးသေးလေးမှမဟုတ်ပဲ။ ဒီတော့ ငါ့ဆန္ဒက စိတ်ကူးယဉ်သက်သက်သာဖြစ်လေတယ်။

အဓိကကတော့ Peteကိုငါ ပြန်မသွားစေချင်တော့တာ။ ငါ့အပိုင်အဖြစ် ငါ့အနားမှာသာရှိ‌နေစေချင်တော့တယ်။ ပြီးခဲ့တဲ့ ၇ရက်တာလုံးက ငါ့အတွက် နိဗ္ဗာန်ပဲ။ အဲ့ဒီအချိန်တွေတုန်းက Peteပြန်သွားလေမယ့် ငရဲလိုကာလရောက်လာလိမ့်မယ်ဆိုတာ ငါမတွေးမိခဲ့ဘူး။

Be My Side [COMPLETED]Where stories live. Discover now