Part 37

2.6K 299 82
                                    

Pete ;

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Pete ;

အစ်ကိုလေးက အစပိုင်းသာ စကားတွေများပြီး ငါနဲ့Vegasရှိရာဆီ ခဏခဏလာကာ နှောင့်ယှက်တာမျိုးတွေလုပ်တတ်ပေမယ့် ကြာလာတော့ သူလည်းအမှန်တရားကို လက်ခံနိုင်သွားတဲ့ပုံပဲ။ ငါက Vegasရဲ့လူဖြစ်သွားပြီဆိုတဲ့ အမှန်တရားကိုပေါ့။ နှစ်ယောက်သားကြားမှာ ငါကပေါင်းကူးတံတားသဖွယ်ဖြစ်နေခဲ့တော့ ညီအစ်ကိုနှစ်ယောက်က အရင်လောက်တော့ ရန်မများတော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် စကားအေးဆေးပြောနိုင်တဲ့အထိ တိုးတက်လာခဲ့တယ်။

Vegasနဲ့အစ်ကိုလေးက အနည်းငယ် တည့်လာသလောက် Macauနဲ့အစ်ကိုလေးကတော့ လုံးဝကိုမတည့်လေဘူး။ အစ်ကိုလေးက Macauကိုတွေ့တာနဲ့ လိုက်ရိုက်တတ်ပြီး ငါနဲ့ဆို အရမ်းလိမ္မာလွန်းတဲ့ Macauကလည်း အစ်ကိုလေးနဲ့ဆို ခွေးနဲ့ကြောင်သဖွယ် သတ်ပုတ်နေလျက်ရှိတယ်။ ဒီလိုတွေသတ်ရင်း ‌သူတို့တွေမောပန်းသွားတဲ့အခါဆို ငါပြင်ပေးထားတဲ့ အချိုပွဲတွေကို အားရပါးရစားတတ်ကြတယ်။ ပိတ်ရက်တွေဆို ငါနဲ့Vegasရဲ့အသိုက်အမြုံက သူတို့နှစ်ယောက်အတွက် ကစားကွင်းလိုပဲ။ Macauကအရင်တည်းက သူ့ကျောင်းဆောင်ကနေ ပိတ်ရက်ဆို သူ့အစ်ကိုဆီ လာပြီး‌နေတတ်တဲ့အကျင့်ရှိတာမို့ထားလိုက်ပါတော့၊ ဘာလို့အစ်ကိုလေးကပါ ပိတ်ရက်တွေဆို ငါတို့ဆီလာနေရတာလဲ။ ဒါကနည်းနည်းတော့ ပုံမှန်မဟုတ်တော့ဘူး။

Vegasကရိုက်ကူးရေးတွေပြန်စနေပြီး အလုပ်တွေများလျက်ရှိတယ်။ သူ့ပါးစပ်ကတဖွဖွပြောလေ့ရှိတာကတော့ မိသားစုအတွက် အခုတည်းက ရှာဖွေထားရမယ်ဆိုတဲ့စကားတွေချည်းပါပဲ။ အရင်က သတင်းတွေထဲပါထားဖူးတဲ့ နာမည်ကြီးကုမ္ပဏီတစ်ခုမှာ ရှယ်ယာအများဆုံးပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်Vegasဆိုတဲ့သတင်းကိုသာ ငါမသိထားရင် ငါ့ယောက်ျားက ငွေစုဖို့အတွက် တအားတွေပင်ပန်းနေတာဆိုပြီး ပူပန်နေမိဦးမှာ။ အခုကတော့ အရမ်းကြီးပူပန်တာမျိုးမဖြစ်မိဘူး။ ဘာလို့ဆို သူကချမ်းသာပြီးသားဖြစ်ပြီး မိသားစုအတွက်ငွေရှာနေတယ်ဆိုတဲ့စကားက သူတမင်ကျီစယ်ပြီးပြောနေတယ်ဆိုတာ ငါသိတာမို့လို့ပင်။

Be My Side [COMPLETED]Where stories live. Discover now