Part 18

3.7K 353 78
                                    

Pete ;

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Pete ;

လှပပြီးမွှေးကြိုင်လန်းဆန်းတဲ့ပန်းခင်းရဲ့အလယ်မှာ ငါကရောက်နေပြီးတော့ ငါ့ဘေးမှာတော့ အမွှေးအမျှင်တို့ မည်းနက်ကာသန်မာထွားကြိုင်းဟန်ပေါ်တဲ့ ဝံပုလွေတစ်ကောင်ရှိနေတယ်။ ငါ့ကိုယ်လုံးက ပန်းခင်းထဲမှာလဲလျောင်းနေတာဖြစ်ပြီး ငါ့အပေါ်ပိုင်းခန္ဓာကိုယ်တစ်ဝက်ကတော့ ဘေးတစ်စောင်းလဲလျောင်းနေတဲ့ ထိုဝံပုလွေကြီးရဲ့ဝမ်းဗိုက်နားမှာ မှီတင်ထားလေတယ်။ ဒီအနေအထားကို ငါအတော်သဘောကျနေတယ်လို့လည်း ခံစားနေရတယ်။

ဝံပုလွေကြီးက ဦးဆောင်ဟန်အပြည့်ရှိနေပေမယ့် အန္တရာယ်ပေးလိုရိပ်တော့ နည်းနည်းလေးမှမပေါ်နေဘူး။ သူကငါ့ကိုချစ်ကြည်နူးစွာဆက်ဆံနေပြီး ငါ့ကိုသူ့ခန္ဓာကိုယ်ကိုလည်း မှီထားခွင့်ပြုလေတယ်။ လေအဝေ့မှာယိမ်းနွဲ့သွားတတ်တဲ့ ပန်းပင်တွေရဲ့ရနံ့နဲ့အတူ ဝံပုလွေကြီးရဲ့ အမွှေးအမျှင်တို့ကလည်း ယိမ်းနွဲ့နေလေတယ်။ ဒါကသိပ်ကိုလှတယ်။ ငါသူ့ကိုမကိုင်ကြည့်ပဲမနေနိုင်ဘူး။ ငါကိုင်လိုက်တော့ သူကငါ့လက်တွေနဲ့ပိုထိတွေ့နိုင်အောင် သူ့ခန္ဓာကိုယ်ကိုတောင် အလိုက်သင့်ရွှေ့ပေးလာခဲ့သေးတယ်။ ဒါကိုမြင်တော့ ငါသဘောတကျရယ်လိုက်ကာ သူ့ကိုပွေ့ဖက်ပစ်လိုက်တယ်။

သူကလည်း သူမေးဖြင့် ငါ့ခေါင်းအထက်ပိုင်းကို ပွတ်သပ်လာခဲ့တယ်။ အဲ့ဒီခံစားချက်က တကယ်ကိုနွေးနွေးထွေးထွေးလေးပင်။ ငါသူနဲ့စိတ်ကြိုက်စနောက်ကျီစယ်ပြီးသွားတော့ သူ့ကိုပြန်မှီတွယ်လိုက်တဲ့အချိန်နောက်ပိုင်းမှာ ဖြေးဖြေးချင်းနဲ့ပဲ အိပ်ပျော်ခြင်းနယ်ပယ်ထဲကျရောက်သွားလေတော့တယ်။

“Pete ... Pete ... ”

နားထဲမှာကြားလိုက်ရတဲ့အသံတိုးတိုးနဲ့အတူ ငါ့ပုခုံးကကိုင်လှုပ်ခံနေရသလိုခံစားလိုက်ရတယ်။ အတင်းအကြပ်ကိုင်လှုပ်တာမဟုတ်ပဲ ခပ်ဖြေးဖြေးလေးကိုင်လှုပ်နေလေတာ။ ငါခန္ဓာကိုယ်ကို စိတ်ကြိုက်လူးလိမ့်ပြီးသွားမှ ‌မျက်လုံးဖွင့်ကြည့်လိုက်တော့ ငါ့ကိုနှိုးနေတာ Vegasမှန်းသိလိုက်ရတယ်။ ငါဘယ်လောက်ကြာကြာအိပ်ပျော်သွားသလဲဆိုရင် စားပွဲပေါ်က ဒီဂျစ်တယ်နာရီက ၂နာရီ ၄၅မိနစ်ဆိုပြီး ဖော်ပြနေလေတယ်။

Be My Side [COMPLETED]Where stories live. Discover now