Part 20

3.5K 311 85
                                    

Pete ;

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Pete ;

Vegasနဲ့အတူနေရတာက ကင်မရာရှေ့မှာမမြင်နိုင်တဲ့ သူ့ရဲ့တခြားပုံစံတွေကို မြင်နိုင်ဖို့ရန်အတွက် အခွင့်အရေးတစ်ခုရလိုက်သလိုပဲ။ Vegasက ငါတစ်ယောက်တည်းကိုပဲ သီးသန့်အနေနဲ့ ဒီလိုပုံစံတွေမြင်စေတာလားတော့မသိပေမယ့် အရင်ကငါသိထားတဲ့ သရုပ်ဆောင်Vegasနဲ့ အခုငါသိလာရတဲ့Vegasက အလုံးစုံကွဲပြားနေလေတယ်။

လူတွေသိထားကြတဲ့ မျက်နှာထားအမြဲတည်တဲ့Vegasနဲ့ ငါသိလေတဲ့ အမြဲတမ်းပြုံးနေတတ်တဲ့Vegas ၊ လူတွေသိထားကြတဲ့ စကားနည်းတဲ့Vegasနဲ့ ငါသိလေတဲ့ စကားများလွန်းတဲ့Vegas ၊ လူတွေသိထားကြတဲ့ အိမ်မှုကိစ္စမနိုင်နင်းပဲ ရှုပ်ပွပြီးနေတတ်လောက်မယ့်Vegasနဲ့ ငါသိလေတဲ့ အိမ်ကိုသန့်ရှင်းအောင်ထားတတ်ပြီး ခေါက်ဆွဲပြုတ်တစ်မျိုးတည်းကို မရိုးနိုင်တဲ့နည်းအမျိုးမျိုးနဲ့ချက်ကျွေးတတ်တဲ့Vegas ။ ဒီလိုVegas ဟိုလိုVegasဆိုပြီး Vegasရဲ့ကိုယ်ပိုင်ပုံစံက အမျိုးမျိုးကွဲပြားနေလျက်ရှိတယ်။

ဘယ်ဟာကအမှန်၊ ဘယ်ဟာကအမှားဆိုပြီး ခေါင်းမူးခံလိုက်တွေးမနေတော့ပဲ ငါ့မျက်စိရှေ့က Vegasရဲ့သွင်ပြင်ကိုသာ အမှန်လို့ ငါယူဆထားလိုက်တယ်။ ဘာလို့ဆိုရင် ပြုံးနေပြီးစကားများလွန်းကာ အိမ်မှုကိစ္စနိုင်နင်းတဲ့Vegasကို ငါတအားသဘောကျတာမို့။

အိမ်ရှေ့ဧည့်ခန်းက စားပွဲကိုရှင်းနေလေတဲ့Vegasက ငါ့ရဲ့ထူးဆန်းတဲ့အပြုံးကို သတိထားသွားမိလို့ဖြစ်မယ်။ ငါ့ကိုချက်ချင်း လှည့်ကြည့်လာခဲ့တယ်။ ရုတ်တရက်မို့ ငါလည်းအကြည့်ကိုမဖယ်ခွာလိုက်နိုင်ပဲ သူခိုးလူမိဖြစ်သွားလေတယ်။ Vegasရဲ့အပြုံးကိုငါမြင်လိုက်ရတော့ စနောက်ခံရတော့မယ်ဆိုတာကို အသေအချာသိသွားရတယ်။ တကယ်လည်း Vegasကစနောက်လာတော့တာပဲ။

Be My Side [COMPLETED]Where stories live. Discover now