Part 29

3.3K 338 133
                                    

Pete ;

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Pete ;

“ဟိုးဟိုး !! ငါတို့တွေ နောက်ဆုံးတော့ အုပ်စုလိုက်ကြီး ပျော်ကြရတော့မယ် !!!! ”

အစ်ကိုလေးက သိပ်ကိုတက်ကြွနေပုံဖြင့် အော်ဟစ်ပြီးတော့ ခြေစုံလည်းပေါက်ပစ်လိုက်သေးတယ်။ Armနဲ့Polကလည်း အစ်ကိုလေးစိတ်ချမ်းသာအောင် လိုက်အော်ပေးတယ်။ ငါကတော့ အော်ကိုမအော်နိုင်ဘူး။ ငါ့အတွေးနဲ့ငါ အရမ်းဖိစီးနေလို့။ Vegasကိုကောင်လေးတစ်ယောက်နဲ့အကြောင်း စစပြီးသိတုန်းက ငါစိတ်ဆိုးတာကိုအရင်ခံစားလိုက်ရတာ။ အဲ့ဒါက သွေးပူလို့ခံစားရတာ။ အဲ့လိုခံစားပြီးမကြာဘူး။ ငါ့မှာဝမ်းနည်းလာရတော့တာပဲ။ Vegasက အဲ့လိုလုပ်နိုင်တဲ့သူမဟုတ်ဘူးလို့ ငါဖင်ပိတ်ငြင်းနေမိပေမယ့် အချက်အလက်တွေက ဟုတ်ပါတယ်ဆိုပြီး သက်သေတွေအရမ်းပြနေကြတယ်။

Vegasကသူနဲ့တစ်ပတ်တာအတူနေသွားတဲ့ငါ့ကို အတူနေပြီးသွားလို့ ငြီးငွေ့သွားတာလား။ တစ်ဖက်ကောင်လေးနဲ့ စေ့စပ်မယ်ဆိုတဲ့သတင်းတွေပါ ထွက်လာတဲ့အထိလေ။ သူတို့ကုမ္ပဏီက သတင်းတွေတားဆီးတဲ့နေရာမှာ အရမ်းတော်ကြတာကို။ အဲ့ဒါကို သတင်းတွေက တစ်မိနစ်ပြီးတစ်မိနစ် လျော့သွားရမယ့်အစား ပိုပိုပြီးများပြားလာတာက သိပ်တော့မဟုတ်သေးဘူး။ အမှန်ဖြစ်နေလို့ ဖြုတ်မချပဲ ထားထားတာများလား။ ငါအဲ့လိုတွေတွေးပြီး ငါကငါနဲ့မတူပဲ ဝမ်းနည်းစိတ်တွေဖုံးလွှမ်းလာရတယ်။ ဘယ်လောက်တောင်ဝမ်းနည်းလဲဆိုရင် ငါဒါတွေကိုမေ့သွားအောင် ဘီယာပင်လယ်ထဲ တစ်ကိုယ်လုံးကို နစ်မြုပ်ထားပစ်လိုက်ချင်တဲ့အထိပဲ။

“ဟေး Pete !! မျက်နှာကြီးက လငပုတ်ဖမ်းသလို မည်းမှောင်မနေစမ်းပါနဲ့ ! ပြုံးရွှင်ထားစမ်း ! ”

Be My Side [COMPLETED]Where stories live. Discover now