Part 03

3.9K 349 32
                                    

Vegas ;

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Vegas ;

ကားရပ်တဲ့အချိန်မှာ သူငါ့ဆီပြန်လှည့်ကြည့်လာတာကိုမြင်တော့ စိတ်ဝင်စားစရာကောင်းတာကို ငါရှာတွေ့သွားတယ်။ သူ့မျက်ဝန်းတွေထဲက စိတ်ဝင်စားစရာကောင်းမှုတွေ။ ငါပြုံးလိုက်မိတယ်၊ အဲ့အကြည့်တစ်ချက်နဲ့တင် သူမှတ်မိသွားပြီဆိုတာကို ငါပြောနိုင်တယ်။

ပြီးတော့ ငါ ၊ ငါတကယ်ကို ထူးဆန်းနေတာပဲ။ သူမှတ်မိတာကိုသိလိုက်ရတာနဲ့ ငါ့ရင်တွေဘာလို့ ပေါ့ပါးသွားသလိုခံစားနေရတာလဲ။

ငါဆိုတဲ့လူမှာ အိပ်ယာအဖော်တွေအများကြီးရှိတာတောင်မှလေ။ ပထမဆုံးမတော်တဆအကြိမ်အဖြစ် အိပ်မိခဲ့တဲ့လူတစ်ယောက်အပေါ် ဘာလို့များ စိတ်ဝင်စားနေမိပါလိမ့်။ အဲ့ဒါက Peteရဲ့ ကလေးဆန်ဆန်အပြုအမူတွေကြောင့်များလား။ ဒါမှမဟုတ်ရင် ဘာများဖြစ်နိုင်လောက်မလဲ။

ငါနဲ့အိပ်မိတယ်လို့သိသိချင်းတုန်းက သူ့မျက်ဝန်းထဲက အံ့ဩသွားမှုတွေက သိပ်ကိုရိုးသားလွန်းတယ်လို့ထင်တယ်။ ငါဆိုတဲ့ သရုပ်ဆောင် Vegas Kornwitနဲ့ အိပ်မိလို့မဟုတ်ပဲ အယ်ဖာတစ်ယောက်နဲ့အိပ်မိသွားလို့ ထိတ်လန့်အံ့ဩသွားတဲ့ သူ့အမူအယာက သိပ်ကိုရိုးသားလွန်းတာ။

အရင်လူတွေလိုမျိုး ငါနဲ့အတူ ကုတင်ပေါ်တက်နိုင်ဖို့လည်း ကြိုးစားမနေသလို ငါ့ကိုတောင်မှ တွန်းဖယ်ဖို့ကြိုးစားနေသေးတယ်။ အဲ့အပြုအမူလေးက အကောင်သေးသေးလေးတစ်ကောင် သူ့ကိုယ်သူကွယ်ဝှက်ဖို့ကြိုးစားနေတဲ့အတိုင်းပဲ၊ ချစ်ဖို့လည်းကောင်းလှတယ်။

Peteက ဘာအကောင်လေးနဲ့ဆင်တူတာလဲဆိုတာကိုတော့ ငါအချိန်ယူစဉ်းစားရဦးမယ်။

အဲ့ဒီလိုတွန်းဖယ်နေမှုက သူ့ကိုတခြားသူတွေနဲ့မတူ တမူထူးခြားသွားစေတာ။ ငါ့အမြင်ကို သူလုံးဝကိုပဲ ခြွင်းချက်မရှိ ဖမ်းစားနိုင်လိုက်တယ်။

Be My Side [COMPLETED]Where stories live. Discover now