Be My Side [COMPLETED]

By Pp-ken

151K 12.9K 2.5K

တစ်သက်လုံးတွဲထားချင်တဲ့လက်တစ်စုံကို အချိန်မှီကလေး ကိုယ်လှမ်းပြီး ဖမ်းဆုပ်နိုင်ခဲ့တယ်။ • 𝗣𝗹𝗲𝗮𝘀𝗲 𝗕𝗲 𝗠... More

A/N
What is Omegaverse ?
Part 01
Part 02
Part 03
Part 04
Part 05
Part 06
Part 07
Part 08
Part 09
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
-Final-
-နှုတ်ဆက်စာ-

Part 28

2.7K 323 105
By Pp-ken

Vegas ;

တစ်ရက်နှစ်ရက်လောက်အထိ Peteကိုငါမတွေ့ရတာ သည်းခံလို့ရသေးတယ်။ အရင်ကလည်း ငါတို့တွေ တစ်ပတ်လောက်အထိ မတွေ့ပဲနေခဲ့ရတာမို့။ ဒါပေမယ့် အဲ့ဒီအရင်ကနဲ့အခုနဲ့ မတူဘူးဖြစ်နေတယ်။ အရင်က ငါတို့တွေမတွေ့ရပေမယ့် ဖုန်းအမြဲဆက်တယ်၊ စာအမြဲပို့ကြတယ်။ တစ်ယောက်ဘာလုပ်နေလဲ တစ်ယောက်ပြောပြကြတယ်။ ဒါတွေက ငါတို့အချင်းချင်းကြားရှိတဲ့ ဆက်သွယ်ချက်ပဲ။

အခုကျ အဲ့လိုမဟုတ်တော့ဘူး။ ငါစာတွေဘယ်လောက်ပို့ပို့ Peteကမြင်နိုင်ရဲ့လားမသိဘူး။ ဖုန်းဆက်တော့လည်း စက်ပိတ်ထားတယ်ဆိုတာချည်းပဲ။ တစ်စုံတစ်ခုကိုတွေးမိသွားတော့ ဟုတ်ရဲ့လားဆိုပြီး ငါစဉ်းစားမိလိုက်တယ်။ ငါတွေးမိတဲ့အတွေးက တခြားမဟုတ်ဘူး၊ ငါ့ရဲ့ရူးကြောင်ကြောင်အစ်ကိုက Peteရဲ့ဖုန်းကို သိမ်းထားတာလားဆိုတဲ့အတွေး။ ဟုတ်ပါ့မလား၊ Peteက ကလေးမှမဟုတ်တာ။ ရည်းစားထားတာသိသွားတာနဲ့ ဖုန်းသိမ်းတယ်ဆိုတာကြီးက ကမ္ဘာကြီးရဲ့ဟိုးတစ်နေရာမှာ ကျန်ခဲ့ပြီလားလို့။ ဒါပေမယ့် လုံးဝဆက်သွယ်မရတဲ့အချက်ကြီးကြောင့် တကယ်ပဲ အဲ့အတွေးကို လက်ခံလိုက်ရမယ့်ပုံပဲ။

တစ်ရက်ကနေနှစ်ရက်၊ နှစ်ရက်ကနေ သုံးရက်ဖြစ်လာတဲ့အခါ ငါဘယ်လိုမှ ထိုင်မနေနိုင်တော့ဘူး။ Peteရဲ့အိပ်မက်ထဲကလို ငါ့အစ်ကိုကြီး သူ့ကိုသတ်လိုက်ပြီလားဆိုတာ ငါသွားစစ်ဆေးရမယ်။

“Nop.. Nop !!! ”

အနားမှာအမြဲရှိနေရမယ့် Nopကို ငါအော်ခေါ်လိုက်တယ်။ ဒါပေမယ့် ငါ့အသံကိုမကြားသလိုမျိုး ဘယ်သူကမှ တုံ့ပြန်လာခြင်းမရှိဘူး။ အဲ့ဒါနဲ့ ငါလည်း နေရာကနေထဖို့လုပ်လိုက်တော့ အိမ်ထဲကို ခပ်ကြမ်းကြမ်းလျှောက်ဝင်လာတဲ့ ငါ့အဖေကိုတွေ့လိုက်ရတယ်။ ကလေးနှစ်ယောက်မွေးထားပြီး လက်ရှိမှာ နောက်မိန်းမနဲ့သာယာနေတဲ့ငါ့အဖေက အရွယ်ကောင်းပြီး သန်မာနေတုန်းပဲ။ ဒါပေမယ့် အဖေက အမြဲဒေါသထွက်နေတာ။ ငါကသူ့သားအရင်းတောင် ဟုတ်ရဲ့လားမသိဘူး။ ငါ့ကိုဆို ရိုက်မယ်၊ နှက်မယ်၊ ဆူမယ်၊ ဆဲမယ်ဆိုတာချည်းပဲ။ တော်သေးတာက ငါ့ကိုသာလုပ်ပြီး Macauကိုတော့ လွှတ်ပေးထားလို့။

“ပါး ဘယ်တုန်းက ပြန်ရောက် ... ”

ဖြန်း !!!

ငါ့စကားက အဆုံးမသတ်သေးဘူး။ ငါ့ပါးထက်ကို လက်ဖဝါးတစ်ခုက အားပြင်းပြင်းနဲ့ရောက်ရှိလာတယ်။ ငါ့မျက်နှာက ဘေးကိုလည်ထွက်သွားတယ်။ အဖေက ငါ့ကိုရိုက်ရင် တစ်ခါမှအားလျှော့ပြီးရိုက်ဖူးခြင်းမရှိဘူး။ အားကိုတမင်သုံးပြီးကို ရိုက်နှက်တတ်တာ။ အခုလည်း နာကျင်သွားတဲ့ပါးနဲ့အတူ အထဲကသွားပါ ကျွတ်ထွက်သွားသလိုခံစားလိုက်ရတယ်။ ဒါပေမယ့် လျှာနဲ့ထိုးကြည့်လိုက်တော့ ကျွတ်ထွက်သွားတာတော့မဟုတ်ဘူး။ ဒီအတိုင်း အရမ်းနာကျင်သွားလို့ ငါအပို‌တွေတွေးမိသွားရုံပဲ။

“မင်းဘာစောက်လုပ်တွေ ရှုပ်ထားတာလဲ !! ငါ့မျက်နှာကို စောက်အိုးမဲသုတ်နေတာလား ”

ကြည့်ရတာ အွန်လိုင်းပေါ်ကသတင်းတွေကို ငါ့အဖေတွေ့သွားတဲ့ပုံပဲ။ ငါ့ရဲ့လက်တွဲဖော်ဆိုတဲ့အကြောင်းတွေ၊ ငါ့အချစ်ရေးအကြောင်းတွေကိုပေါ့။ ဒီရက်ပိုင်းထဲ အဖေကခရီးထွက်နေလို့ ငါတော့ ခဏတာလွတ်လပ်ပြီထင်တာ။ အခုတော့ ‌ပြန်ရောက်ရောက်ချင်းပဲ ငါ့ဆီလာပြီး သင်ခန်းစာပေးတော့တာပဲ။ ငါစိတ်ပူမိတယ်၊ ဒီဒေါသစိတ်နဲ့ပဲ ငါ့အဖေသေသွားမှာကို။

“မင်းကို အရင်တည်းကပြောပြီးသား ။ ငါ့စီးပွားရေးပါတနာ သမီးတစ်ယောက်နဲ့ မင်းလက်ထပ်ရမယ်ဆိုတာ ။ ဒီလိုမျိုး စီးပွားချင်းပေါင်းစပ်လိုက်မှ ငါတို့ပိုင်ဆိုင်မှုတွေတိုးပွားပြီး ငါ့အစ်ကိုကို ယှဉ်နိုင်မှာကွ !! ဒါကို မင်းစောက်ဦးနှောက်က နားလည်ရဲ့လား ”

အဖေက ငါ့နားထင်ဘေးကို သူ့လက်ညှိုးနဲ့ ခပ်ကြမ်းကြမ်းထိုးရင်း အော်ပြောလာတယ်။ အဖေပြောတဲ့အကြောင်းအရာတွေ ငါလုံးဝမမေ့ဘူး။ ဒါပေမယ့် လိုက်လုပ်ဖို့လည်း ငါစိတ်မဝင်စားဘူး။ အဖေ့ကိုငါချစ်ပေမယ့် အဖေ့ကိုပုန်ကန်ပစ်ဖို့လည်း ငါဝန်မလေးဘူး။ ငါစိတ်မပါတဲ့အရာကို ဘာအတွက်ကြောင့်နဲ့မှ ငါမလုပ်နိုင်တာမို့။ ငါအဖေ့ကိုပြန်မကြည့်ပဲ ခေါင်းငုံ့ရပ်နေလိုက်ပြီး ငြိမ်သက်ပေးနေလိုက်တယ်။ အဖေက ငါ့ကိုဆူဆဲပြီး ရိုက်နှက်လို့ဝသွားရင် သူ့ဒေါသပြေသွားမှာပဲ။ ငါဒါကိုပဲ စောင့်နေရမယ်။

“ကုမ္ပဏီအလုပ်ကို မင်းမလုပ်ပဲ အနုပညာလုပ်တာကို ငါခွင့်ပြုပေးခဲ့တာပဲ လွန်လှပြီ ! အခုကျ ဘာတဲ့ .. ဘဝလက်တွဲဖော်ဟုတ်လား ! မင်းငါ့ကိုဘယ်အထိ ဒေါသထွက်စေချင်နေတာလဲ Vegas !! ”

အဖေကငါ့ကိုထပ်ရိုက်ဖို့အတွက် လက်မြှောက်လိုက်ပြီးကာမှ သူ့လက်ကိုပြန်ချသွားတယ်။ ကြည့်ရတာတော့ ငါ့မျက်နှာကို ရုပ်ဆိုးအောင်မလုပ်လိုက်ချင်လို့ထင်တယ်။ နောက်ထပ်စကားမပြောလာသေးခင် အဖေက ငါ့အင်္ကျီစကိုဆုပ်ကိုင်လို့ သူ့အနားကိုဆွဲခေါ်တယ်။ ငါကရုန်းကန်ခြင်းမရှိနေတာကြောင့် ခပ်သာသာလေးပဲ ငါ့အဖေရဲ့သန်မာတဲ့လက်တွေကြား ပါသွားရတယ်။ တင်းမာနေတဲ့မျက်နှာထားနဲ့ အဖေကငါ့ကိုသေချာကြည့်လာပြီးတဲ့နောက် အမိန့်တွေပေးလာခဲ့တယ်။

“မနက်ဖြန် တစ်ဖက်မိန်းကလေးနဲ့သွားတွေ့ ။ ငါအကုန်စီစဉ်ထားတယ် ”

“ပါး .. ကျွန်တော် မတွေ့ချင် ... ”

ငါ့ရဲ့ပြောမယ့်စကားတို့က အဖေ့ရဲ့ရိုက်ချလိုက်မှုအောက်မှာ ထပ်မံရပ်တန့်သွားရပြန်တယ်။ အဖေငါ့ကိုဒီလိုခပ်ပြင်းပြင်းရိုက်ခဲ့တာ ငါကျောင်းဆက်မတက်ပဲ အနုပညာအလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ပြောလိုက်တုန်းက နောက်ဆုံးပဲ။ အဲ့တုန်းက လက်နဲ့ရိုက်ရုံတင်မကဘူး၊ ငါ့တစ်ကိုယ်လုံးကို တုတ်တွေနဲ့ပါရိုက်ပစ်ခဲ့တာ။ ငါကလည်းငါ၊ အသေခေါင်းမာချက်ပဲ။ ဆုံးဖြတ်ချက်ကို လုံးဝပြန်မပြင်ပဲ ကြံ့ကြံ့ခိုင်ခဲ့တာ။ နောက်တော့ ငါ့အဖေက ခွင့်ပြုပေးခဲ့တယ်။ ဒါပေမယ့် သတ်မှတ်ချက်တစ်ခုလည်း ပါသေးတယ်။ အဲ့ဒါကတော့ ကုမ္ပဏီကထွက်သမျှ ပစ္စည်းတိုင်းကို ငါကြေညာပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ပဲ။

ငါနာမည်ကြီးလာတာနဲ့အမျှ ကုမ္ပဏီရဲ့ရောင်းချမှုဈေးကွက်ကလည်း ပိုလို့ကျယ်ပြန့်လာခဲ့တယ်။ ကုမ္ပဏီအလုပ်လုပ်ပြီး အဖေ့အလုပ်ကိုမကူညီခဲ့တာမှန်ပေမယ့် ငါလည်း ငါတတ်နိုင်တဲ့ဘက်ကနေ ကူညီပေးခဲ့တာပဲ။ ဒါကိုကျ ငါ့အဖေက မမြင်ဘူးလားမသိပါဘူး။ နောက်ကျ ငါ့ခြေထောက်ပေါ်ငါ ရပ်တည်နိုင်တဲ့အချိန် အဖေ့ရဲ့စံအိမ်ကနေ ထွက်လာခဲ့ပေမယ့် အဖေကတော့ သူ့ရဲ့လုပ်ငန်းတွေအတွက် ဝန်တွေကို ငါ့ပုခုံးပေါ်ပစ်တင်ချင်နေတုန်းပဲ။

“မင်းတို့ရော မင်းတို့အမေရော ငါ့ကိုဘာအကူအညီမှ မပေးတဲ့ဟာတွေချည်းပဲ !! ”

အဖေက ငါတို့ကိုပြောလို့မရရင် ဆုံးသွားပြီဖြစ်တဲ့အမေ့ကို စကားထဲ ထည့်ထည့်ပြောလာခဲ့တယ်။ အဲ့လိုအချိန်တွေက ငါ့ရဲ့သည်းမခံနိုင်ဆုံးအချိန်တွေပဲ။ ခေါင်းငုံ့ထားတဲ့ငါ အဲ့ဒီစကားကိုကြားတာနဲ့ ချက်ချင်းခေါင်းပြန်မော့ပြီး အဖေ့ကိုကြည့်လိုက်တော့တယ်။

“မားကိုအဲ့ဒီလိုမပြောနဲ့ ။ ပါး သွားတွေ့စေချင်ရင် ကျွန်တော်သွားတွေ့ပေးမယ် ”

“အေး ငါကလည်း အဲ့ဒါကိုပဲလိုချင်တာ ။ Nopကို ငါအကုန်ပြောထားပြီးသား ။ မင်းကသွားတွေ့လိုက်ရုံပဲ ”

“တွေ့ပေးမယ် ၊ ဒါပေမယ့် အဆင်ပြေမပြေကတော့ ကျွန်တော့်အပိုင်းမဟုတ်တော့ဘူး ”

ငါ့အဖေက မကြည်လင်တဲ့မျက်နှာနဲ့ ငါ့ကိုစိုက်ကြည့်လာခဲ့ပေမယ့် ငါ့ရဲ့ခွန်းတုံ့စကားကြောင့် ရိုက်တာမျိုးမလုပ်ဘူး။ ကြည့်ရတာ ရိုက်လို့ဝသွားတဲ့ပုံပဲ။ ခဏစိုက်ကြည့်ပြီးသွားမှ လှည့်ထွက်သွားတော့တယ်။ အဖေထွက်သွားမှ ဆိုဖာပေါ်ငါထိုင်ချလိုက်တယ်။ ဘယ်ဘက်ပါးကိုပဲ နှစ်ခါအချခံလိုက်ရတာမို့ ပါးကတဆစ်ဆစ်နာနေတယ်။ တကယ်တော့ အသားနာတာထက် ပိုပြီးနာတာက စိတ်နဲ့ရင်ဘတ်ပဲ။

“Khun Vegas ရေခဲကပ်ထားလိုက်ပါလားဗျ ၊ မဟုတ်ရင် ရောင်လာလိမ့်မယ် ”

Nopက ရေခဲအိတ်ကို ငါ့ဆီကမ်းပေးလာတယ်။ Nopက သိပ်ကိုယုံကြည်ကိုးစားလို့ရတဲ့လူစားမျိုးပဲ။ ငါ့လိုအပ်ချက်တွေကို သေချာဖြည့်ဆည်းပေးနိုင်တယ်။ ပြီးတော့ သူကPeteနဲ့သိနေတာမို့ ပိုအဆင်ပြေတယ်။ ငါသူ့လက်ထဲက ရေခဲအိတ်ကိုလှမ်းယူလိုက်ပြီး ငါ့ပါးကိုခပ်ဖွဖွဖိကပ်နေလိုက်တယ်။

“Peteဆီကနေ တစ်ခုခုကြားသေးလား ”

“မကြားပါဘူး ၊ သူ့ဖုန်းက ပိတ်ထားတုန်းပဲဗျ ”

ငါ့ရင်ထဲကို ဝမ်းနည်းမှုတွေ အစုလိုက်အပြုံလိုက် တိုးပြီးဝင်ရောက်လာတယ်လို့ ခံစားလိုက်ရတယ်။ ဒီလိုကိစ္စတွေဖြစ်တဲ့အချိန် Peteဆီသွားပြီး ပြောပြလိုက်ချင်တယ်။ ငါဘယ်လောက်တောင် နာကျင်နေရတယ်ဆိုတဲ့အကြောင်းတွေကို။ ဒါပေမယ့် ခက်တာက အခုကအချိန်ကောင်းမဟုတ်သလို Peteကိုတောင် ဆက်သွယ်လို့မရတဲ့အနေအထားမှာ။ ငါ စိတ်ထဲကနေ စုတ်တစ်ချက်သပ်လိုက်ရင်း P'Tankhun လူပျိုကြီးဖြစ်ပါစေလို့ပဲ ခပ်နာနာလေးဆုတောင်းလိုက်တယ်။

နောက်တစ်နေ့ .. အဖေပြောထားလေတဲ့ တစ်ဖက်မိန်းကလေးနဲ့သွားတွေ့လိုက်တယ်။ နေရာကသီးသန့်အခန်းပါရှိတဲ့ စားသောက်ဆိုင်နေရာဖြစ်ပြီး privacyကို အထူးထိန်းသိမ်းတဲ့ဆိုင်မို့ သတင်းထောက်တွေတွေ့သွားမှာကို စိတ်ပူစရာမလိုဘူး။ ကောင်မလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ လှလှပပလေးဖြစ်တယ်။ မျက်လုံးကြီးကြီးတွေရှိပြီး မျက်ရစ်နှစ်ထပ်ရှိတာကြောင့် ဘာဘီအရုပ်မလေးလိုမျိုးပဲ။ ဒါပေမယ့် ငါ့စိတ်ထဲ ဘာခံစားချက်မှမရှိဘူး။ ဒီလိုမိတ်ကပ်တွေပြင်ဆင်ထားတဲ့ ကော်ပတ်မရုပ်ကလေးတွေထက်စာရင် Peteမျက်နှာလေးက ပိုလို့အေးချမ်းတယ်။

“ဟယ်လို တွေ့ရတာ ဝမ်းသာပါတယ် P'Vegas ”

“အင်း ”

စိတ်မပါလက်မပါနဲ့ပြန်ဖြေလိုက်ပြီးနောက် ကောင်မလေးရဲ့ ရှေ့ကခုံမှာဝင်ထိုင်လိုက်တယ်။ အဆင်မပြေအောင် ဘာလုပ်ရမလဲဆိုတာ ငါအများကြီးတွေးနေမိတယ်။ အဆင်မပြေမှဖြစ်မယ်၊ မဟုတ်ရင် ငါတော့ အိမ်ထောင်ရေးဇာတ်ထုပ်ကြီးထဲ နှစ်ပါးသွားနေရဦးမယ်။

“အစ်ကို တစ်ခုခုမှာလိုက်လေ ။ ညီမတို့ အေးဆေးမှ စကားပြောကြတာပေါ့ ”

ဘာမှစားချင်စိတ်လည်းမရှိနေတာကြောင့် သံပရာရည်တစ်ခွက်သာ မှာသောက်လိုက်တယ်။ ကောင်မလေးကတော့ တခြားစားဖို့ အများကြီးမှာလေတယ်။ တစ်ယောက်တည်းနဲ့ ဒီ‌လောက်စားနိုင်တာလားလို့တွေးပြီး ငါ့မှာတအံ့တဩပဲ။ ကောင်မလေးက ငါဘာတွေးနေလဲသိတဲ့ပုံနဲ့ ငါ့ကိုရှင်းပြလာခဲ့တယ်။

“ညီမတစ်ယောက်တည်းစားမှာမဟုတ်ဘူး အစ်ကိုရဲ့။ တစ်ယောက်လာလိမ့်မယ် ”

ဘယ်သူလဲဆိုပြီး သိချင်စိတ်မျိုး ငါ့မှာမဖြစ်မိဘူး။ ငါ့ခေါင်းထဲ ကိုယ့်အတွေးနဲ့ကိုယ်ရှုပ်နေတာမို့။ မိဘတွေစီစဉ်တာကို မလိုက်နာချင်ကြောင်း ငါဘယ်လိုပြောရမလဲတွေးမိတယ်။ ဘယ်လိုစကားလုံးသုံးရင် တစ်ဖက်မိန်းကလေးရဲ့ ဂုဏ်သိက္ခာကို မစော်ကားသလို ဖြစ်မလဲဆိုတာကိုပေါ့။ ငါ့ညီလေးအရွယ် ကောင်မလေးတစ်ယောက်ကို စိတ်ဒဏ်ရာရအောင် မလုပ်လိုက်ချင်ဘူး။

“အစ်ကို့ကို အားနာနာနဲ့ပဲပြောရဦးမယ် ။ အစ်ကို့အဖေနဲ့ ညီမအဖေက ဒီလိုတွေးမိတာ စီးပွားရေးကြောင့်ပဲနေမှာပေါ့ ။ ဒါပေမယ့် ညီမက အဲ့လိုမျိုးတွေစိတ်မဝင်စားဘူး ”

“အစ်ကိုရောပဲ ”

ငါတက်တက်ကြွကြွနဲ့ပဲ ပြန်ဖြေလိုက်တယ်။ ကောင်မလေးရဲ့သဘောထားကို သိလိုက်ရတဲ့နောက် ခုနကလို စိတ်မပါလက်မပါအပြုအမူမျိုးတွေ ငါ့ဆီမှာမရှိတော့ဘူး။ ငါ့ကျောကိုတောင် နည်းနည်းမတ်မိသွားတယ်။ ငါပြောဖို့ခက်ခဲနေတဲ့ကိစ္စကို ကောင်မလေးဘက်ကပြောလာပေးတာမို့ ကျေးဇူးလည်းတင်သွားရတယ်။

“ညီမမှာ ချစ်သူရှိတယ်။ အခုလည်း သူ့ကိုချိန်းထားတယ် ။ သူက အစ်ကို့ပရိသတ်လေ ၊ အဲ့ဒါတွေ့ဖူးချင်တယ်ပြောလို့ ”

“ဒီလိုဆို ကိုယ်တို့တွေကိစ္စ အဆင်မပြေဘူးလို့ပဲ သတ်မှတ်ကြတာပေါ့ ”

“ဟုတ်ကဲ့အစ်ကို ၊ အဲ့လိုပဲပေါ့ ။ အစ်ကို့မှာလည်း ချစ်ရတဲ့သူရှိတာ ညီမသိပါတယ် ။ အစ်ကို့အဖေကို ပြောဖို့အဆင်မပြေဘူးဆိုရင် ညီမကပဲ ညီမအဖေကို အဆင်မပြေကြောင်းပြောလိုက်မယ်လေ ။ သမီးမိန်းကလေး အိုမီဂါဆိုတော့ အဖေကအလိုလိုက်မှာပါ ။ အခုက ညီမက အဖေစိတ်ချမ်းသာအောင် လာတွေ့ပေးရုံပဲ ”

အရှေ့ကကောင်မလေးစကားကိုနားထောင်ပြီး ငါ့စိတ်တွေ တကယ်ကိုပေါ့ပါးသွားရတယ်။ မိဘအရှိန်အဝါနဲ့ ဒီကောင်မလေး ငါ့ကိုအတင်းတွယ်ကပ်နေမှာကို ငါစိတ်ပူနေခဲ့မိတာ။ အခုတော့လည်း ငါ့စိတ်ပူမှုတွေက အပိုတွေလိုပဲ။ ကောင်မလေးက အရမ်းကိုလိမ္မာနေခဲ့တယ်။

ခဏကြာတော့ ငါတို့ရှိနေတဲ့ သီးသန့်အခန်းထဲကို အရပ်ရှည်ရှည်နဲ့ ချော‌မောလေတဲ့ ကောင်မလေးနောက်တစ်ယောက် ဝင်လာလေတယ်။ ရှပ်အနက်နဲ့ စတိုင်ပန့်တစ်ထည်ကို ခန္ဓာကိုယ်ထက် ချပ်ရပ်နေအောင် ဝတ်စားဆင်ယင်ထားတဲ့ သူမရဲ့ပုံစံက မော်ဒယ်တစ်ယောက်နဲ့တောင် တူနေသေးတယ်။ အကြည့်တစ်ချက်နဲ့တင် ငါပြောနိုင်တာကတော့ ဒီမိန်းကလေးက အယ်ဖာဆိုတာကိုပဲ။ သူမကအခန်းထဲကိုရောက်တာနဲ့ ငါ့ကိုအရင်ဆုံး တည်တည်ငြိမ်ငြိမ်နဲ့နှုတ်ဆက်တယ်။ ပရိသတ်ဖြစ်ကြောင်းပြောပြီး လက်မှတ်လည်းတောင်းလေတယ်။ ငါ့အ‌ရှေ့မှာ ဒီလောက်ထိတည်ငြိမ်နိုင်တဲ့ ပရိသတ်တစ်ယောက်ကို ငါပထမဦးဆုံးတွေ့ဖူးတာပဲ။

[K/N - ယခုမိန်းကလေးစုံတွဲမှာ ဘယ်သူဘယ်ဝါမှမဟုတ်ပဲ ဧည့်သည်သရုပ်ဆောင်တွေသာဖြစ်၏။ ]

နောက်တော့ သူတို့နှစ်ယောက်တည်းကိုပဲ အခန်းထဲမှာထားခဲ့ပြီး နှုတ်ဆက်လို့ထွက်လာခဲ့တယ်။ ကြည်နူးသာယာနေတဲ့ အတွဲရဲ့အရှေ့မှာ ခပ်ကြာကြာမနေနိုင်ဘူး။ ဘာလို့ဆို လက်ရှိငါ့ရဲ့အချစ်ရေးအခြေအနေက ရေမရှိလို့ဒုက္ခရောက်နေတဲ့ငါးတစ်ကောင်လို အားနည်းလွန်းနေတာမို့။

“Nop .. Pete နေတဲ့နေရာသိလား ”

ငါPeteကို အရမ်းးးကိုလွမ်းလာပြီမို့ ကားပေါ်ရောက်တာနဲ့ Nopကိုမေးလိုက်ရတယ်။ ဆက်သွယ်မရတော့လည်း အိမ်ကိုလိုက်သွားရုံပေါ့။ ငါဘယ်လိုမှ စိတ်ရှည်ရှည်နဲ့ မစောင့်ဆိုင်းနိုင်တော့တာမို့။

“ဟုတ်ကဲ့ ၊ သိပါတယ် Khun Vegas ”

“အဲ့ကိုမောင်းကွာ ”

Nopကလည်း ငါ့စကားကိုနားထောင်လေတယ်။ အမြန်နှုန်းကိုတင်လို့ ထိုနေရာကိုအမြန်မောင်းပေးလေတယ်။ Peteတို့က အစ်ကိုကြီးနဲ့ အတူတူစုနေကြတာ။ သူတို့က ခြံနဲ့ဝန်းနဲ့ နှစ်ထပ်တိုက်အိမ်လေး။ နေရာလေးကအတော်လှတယ်။ ဒီနေရာမှာ Peteရှိတယ်လို့ တွေးလိုက်တာနဲ့ အေးချမ်းတဲ့ရိပ်မြုံလေးလို ခံစားလိုက်ရတယ်။ ဒါပေမယ့် အဲ့လိုခံစားချက်က ငါဘဲလ်ကိုတီးလိုက်ပြီး ထွက်လာတဲ့သူက ငါ့အစ်ကိုကြီးဖြစ်ကြောင်းသိလိုက်ရတဲ့အချိန် ချက်ချင်းကို ပျောက်ကွယ်သွားတော့တာပါပဲ။

“ကျွန်တော့်ကို Peteနဲ့တွေ့ခွင့်ပေး ”

ငါတို့နှစ်ယောက်က စစ်ပွဲကိုမကြာခင်မှာဆင်နွှဲကြတော့မယ့် သူတွေရဲ့အတိုင်းပဲ။ မျက်နှာကိုယ်စီမှာ မကြည်လင်မှုတွေ၊ တင်းမာမှုတွေရှိနေတယ်။ သူကလည်းငါ့ကိုကြည့်တယ်၊ ငါကလည်းသူ့ကိုကြည့်တယ်။ အချိန်အားဖြင့် ညနေ၅နာရီခွဲ၊ ဒီနေ့မှာ ငါနဲ့အစ်ကိုကြီး အကြည့်ချင်းစစ်ထိုးနေကြလေတယ်။ ဒါပေမယ့် Peteကိုလက်ရှိမှာ ထိန်းသိမ်းထားသူက သူဖြစ်ပြီး ငါကအရေးနိမ့်နေတဲ့သူဖြစ်တာကြောင့် အကြည့်ချင်းခပ်ကြာကြာစစ်မထိုးတော့ပဲ ငါ့ဘက်ကပဲအလျှော့ပေးလိုက်တော့တယ်။ ငါကြည့်မရတဲ့အစ်ကိုကြီးကို Peteကြောင့်မို့သာ ငါအလျှော့ပေးလိုက်တာဖြစ်တယ်။ Peteကြောင့်သာဆို အစ်ကိုကြီးဆီ အသနားခံဖို့ကိုလည်း ဝန်မလေးနေဘူး။

“တွေ့ခွင့်‌ပေးပါ အစ်ကိုကြီး ။ ကျွန်တော်သူ့ကို စိတ်ရင်းနဲ့ချစ်တယ်ဆိုတာ ဘယ်လိုကျိန်ဆိုပြမှ အစ်ကိုကြီးကယုံမှာလဲ ”

“ဘယ်လိုမှကျိန်ဆိုစရာမလိုဘူး ! ငါကမင်းကို လုံးဝမယုံတာမို့ ! ”

အစ်ကိုကြီးက သူ့နှာခေါင်းကိုရှုံ့ပစ်လိုက်ရင်း ငါ့ကိုလက်ညှိုးထိုးလို့ပြောလာခဲ့တယ်။ ငါ့ကံကလည်း ဘယ်လောက်တောင်ဆိုးလိုက်သလဲ၊ အစ်ကိုကြီးမဟုတ်ပဲ Pol နဲ့ Arm တစ်ယောက်ယောက်နဲ့သာဆုံရင် ငါအိမ်ထဲကို ဝင်ခွင့်ရဦးမှာ။ အခုတော့ ဝင်ခွင့်မရရုံတင်မကဘူး၊ အသနားခံလို့တောင်မှမရနေဘူး။

“ဒါတော့ အစ်ကိုကြီးသက်သက်ညစ်တာပဲ ။ ချစ်သူနှစ်ယောက်ကိုခွဲထားတာ အစ်ကိုကြီးဝဋ်လည်မှာမကြောက်ဘူးလား ”

“နည်းနည်းလေးမှမကြောက်ဘူး ! ငါကြိုက်ရတဲ့သူလည်းမရှိဘူး ! ”

အစ်ကိုကြီးက သူ့ရဲ့မျက်နှာကိုမော်ချီရင်းပြောတယ်။ သူ့မှာဘယ်လိုအရှုံးမှမရှိပါဘူးဆိုပြီး။ ဒီအစ်ကိုကြီးက ဘယ်လောက်တောင်ဂုဏ်မောက်လိုက်သလဲ။ ရိုက်ကွင်းကို သူ့ဘက်ကစဖျက်ပစ်ပြီး ငွေအများကြီးလျော်ပစ်လိုက်သေးတာလေ။ ငါတို့ရိုက်ကွင်းဆိုတာ သူ့နေရာကိုအစားထိုးနိုင်မယ့် တစ်ယောက်ရှာတွေ့ပြီးမှ ဆက်ရိုက်လို့ရမှာ။ အဲ့လိုမောက်မောက်မာမာဖြင့် လုပ်သွားလေတဲ့အစ်ကိုကြီးက အခုလည်းကြည့်၊ မျက်နှာကိုမော်ချီရင်း မောက်မာပြနေပြန်တယ်။

“အခုမရှိသေးတာလေ ။ ဆုတောင်းပါတယ်ဗျာ .. ရှိလာခဲ့ရင် အဲ့ဒီတစ်ယောက်က အစ်ကိုကြီးကို လုံးဝပြန်မကြိုက်ပါစေနဲ့ ”

ငါစိတ်ရင်းနဲ့ကိုဆုတောင်းပေးလိုက်တယ်။ အစ်ကိုကြီးက ငါ့စကားကိုကြားတော့ တကယ်ကိုစိတ်ဆိုးသွားတဲ့ပုံနဲ့။ မျက်နှာကြီးနီကာ ငါ့ကိုလက်ညှိုးတထိုးထိုးဖြင့် 'အမျိုးယုတ်လေး'လို့ဆဲတယ်။ ငါ့အမျိုးကသူပဲမို့ ‘ဒါဆို အစ်ကိုကြီးကယုတ်တာလားဗျ’လို့ တမင်ပြန်မေးလိုက်တဲ့အခါ အနီးအနားက ရေပိုက်တစ်ခုကိုကောက်ယူပြီး ငါနဲ့Nopကိုရေတွေနဲ့ပက်လာတော့တယ်။ အလယ်မှာ ခြံတံခါးရှိသေးပေမယ့် ဟနေတဲ့နေရာတွေကနေ ရေတွေကထွက်လာတာမို့ ငါတို့နှစ်ယောက် အဝတ်အစားတွေစိုကုန်ရတယ်။ ထပ်ပြီးရန်စွာနေလို့မရတော့တာကြောင့် အဲ့ဒီနေ့မှာ ငါတို့တွေတပ်ဆုတ်ခဲ့ရလေတယ်။

နောက်နေ့တွေမှာ သွားခဲ့တော့လည်း ထိုနည်းလည်ကောင်းပင်။ အစ်ကိုကြီးနဲ့သာဆုံတွေ့ခဲ့ရပြီး ငါ‌တို့တွေ ရေထပ်အပက်ခံရပြန်တယ်။ ခြံကျော်ဖို့စဉ်းစားမိပေမယ့် ခြံတံတိုင်းတွေက အမြင့်ကြီးတွေမို့ ကျော်ဖို့မလွယ်ကူလေဘူး။ Peteကတကယ်ကြီး အကျဉ်းချခံထားရတာလား။ ငါအခေါက်တိုင်းသွားတာ Peteအရိပ်ကလေးကိုတောင်မှ မမြင်ခဲ့ရဘူး။ ဒီကြားထဲ ငါ့အဖေကလည်း ငါ့ကိုလာလာဆဲနေတယ်။ ဘာတစ်ခုမှအဆင်ပြေအောင် မလုပ်နိုင်တဲ့သားဆိုပြီးတော့။ ငါ့ဟာငါ ညစ်နေတာ အဖေပြောတော့ ပိုလို့ညစ်ရတယ်။

ဒီလိုနဲ့ Peteနဲ့ဆက်သွယ်မရပဲ အချိန်က တစ်ပတ်ကုန်သွားလေတော့တယ်။

“Khun Vegas !!! Khun Vegas !!!! ”

ငါ့အခန်းတံခါးကို တဒုန်းဒုန်းထုရင်း အော်နေတဲ့သူကြောင့် အိပ်မှုန်စုံမွှားနဲ့ ငါထလိုက်ရတော့တယ်။ တံခါးဖွင့်တော့ မြင်လိုက်ရတာက မျက်စိပျက်မျက်နှာပျက်နဲ့ Nopကိုပင်။ Nopကဒီလောက်အထိ ပြာယာခတ်မနေဖူးတာကြောင့် ငါနားမလည်နိုင်စွာပဲ သူ့ကိုအမေးထုတ်လိုက်တယ်။ သူက ငါ့လက်ထဲကို ipadထည့်ပေးလိုက်ပြီး ဒီနေ့သတင်းတွေကို တစ်ခုပြီးတစ်ခုပြတယ်။ သတင်းတွေအကုန်လုံးက ငါစေ့စပ်တော့မယ်ဆိုတဲ့အကြောင်းတွေချည်းပဲ။ ကောင်လေးတစ်ယောက်နဲ့ ပုံတွေလည်းရှိနေတယ်။ ဒါတွေအကုန်က အရင်ကကစားခဲ့ဖူးတဲ့ ကောင်လေးပဲ။ အဲ့တုန်းကတောင်မရှိခဲ့တဲ့ပုံတွေက ဘယ်လိုဖြစ်လို့ အခုမှထပြီး ...?!!!

ပိုဆိုးတာက အဲ့ပုံထဲကကောင်လေးက အခုလက်ရှိငါ့ရည်းစားလိုလို သတင်းခေါင်းစဉ်တွေက တပ်ထားကြတာပဲဖြစ်တယ်။ အကုန်လုံးသေလိုက်ကြတော့ !! ငါ့ရည်းစား ငါ့ချစ်သူ ငါ့မိန်းမက Peteလေ။ အရင်ကဇယားက ဘယ်လိုဖြစ်ပြီး ဒီခေါင်းစဉ်ကို တက်ယူနေရတာလဲ!!!

“ဖြုတ်ချဖို့လုပ်ကြလေ ! ဒီလိုသတင်းတွေက ဘာလို့ထွက်လာရတာလဲ ”

“ကုမ္ပဏီကလည်း လုပ်နေကြတယ် ။ သတင်းသိသိချင်းကို ဖြုတ်ချနေကြတာ ။ ဒါပေမယ့် ဖြုတ်ချဖို့မလွယ်ဘူး ၊ တခုတည်းကတင်ထားတာမဟုတ်ပဲ ဒီလိုဆင်တူသတင်းတွေကို သတင်းဌာနအများကြီးက တင်ထားကြတာမို့ ”

ဒီလိုမျိုးကိစ္စဆိုတာ ငါ့ဘဝမှာဖြစ်ဖူးတာမဟုတ်ဘူး။ ဘယ်သူကမှလည်း ငါ့ကိုလွယ်လွယ်နဲ့လာမထိရဲဘူး။ ငါဘယ်လောက်အကောင်ကြီးလဲဆိုတာ အကုန်လုံးကသိကြတာမို့။ အခုတော့ သောက်ကျိုးနည်းပဲ ! သတင်းအမှားတွေက စုပြုံပြီးကိုတက်နေတယ်။ အမှားများရင် အမှန်ဖြစ်တယ်ဆိုသလိုပဲ အကုန်လုံးက ဒါကိုမှန်တယ်လို့ထင်နေမှာ ငါစိုးရိမ်သွားရတယ်။ အရင်ကဆို ဒီလောက်ထိ ပြာယာခတ်မှာမဟုတ်ပေမယ့်လည်း အခု ငါ့ဆီမှာ Peteရှိနေပြီ။ သူသာမတော်တဆနဲ့ ဒါကိုတွေ့သွားပြီး အထင်မှားသွားမယ်ဆိုရင် ငါတော့ရင်ကွဲမှာပဲ။

ငါ့စိတ်တွေထူပူနေတုန်း အတွေးထဲကို တစ်စုံတခုရောက်လာလေတယ်။ ဒီကိစ္စရဲ့နောက်ကွယ်မှာရှိနေတာ ငါထင်နေတဲ့တစ်ယောက်တော့ မဟုတ်ဘူးမလား။

“အစ်ကိုကြီးက ဒါတွေလုပ်လိုက်တဲ့သူလားဆိုတာ မင်းဖြစ်နိုင်ရင် မြန်မြန်စုံစမ်းကြည့်စမ်း ”

အစ်ကိုကြီးသာဆိုရင် အနှေးနဲ့အမြန် Peteသိသွားမှာသေချာတယ်။ Peteကမသိရင်တောင် မမြင်မြင်အောင်လို့ အစ်ကိုကြီးကသွားပြမှာ။ ငါအရမ်းစိတ်ပူနေရပြီ။ ဘယ်လောက်တောင်စိတ်ပူနေရလဲဆိုရင် ပြာယာခတ်ပြီး ဟိုလျှောက်ဒီလျှောက်လုပ်နေမိတဲ့အထိပဲ။

Nopကစုံစမ်းတာမြန်တယ်။ နေ့လည်ရောက်တော့ အစအနကောက်လာနိုင်ခဲ့တယ်။ ဒီသတင်းကို အရင်ဆုံးတင်လိုက်တဲ့သတင်းဌာနကို ငွေပေးပြီးတော့ စုံစမ်းလာခဲ့တာ။ အဲ့ကနေပြီးတော့ ငါ့အစ်ကိုကြီးရဲ့နာမည် ထွက်လာတော့တယ်။ သေလိုက်ပါတော့လို့သာ ငါရေရွတ်မိတော့တယ်။ အရင်ရက်တွေမှာဖြစ်ခဲ့တဲ့ ငါတို့ရဲ့သွေးအေးတိုက်ပွဲတွေကြောင့် သူကဒီအကွက်ကိုသုံးပစ်လိုက်တာဖြစ်မယ်။ ငါ့ကို Peteလုံးဝ အထင်လွဲသွားစေမယ့်အဖြစ်ကိုပေါ့။ အစ်ကိုကြီးရဲ့ငါ့အပေါ်လုပ်လိုက်တဲ့ တိုက်စစ်အကွက်က သိပ်ကိုပြင်းထန်နေလွန်းခဲ့ပြီး ငါ့ကိုထိုင်မရထမရဖြစ်စေတော့တယ်။

“Peteဆီ သွားရအောင် ”

အစ်ကိုကြီးရဲ့နေရာဆီ သွားနေတဲ့လမ်းတစ်ဝက်မှာပဲ အစ်ကိုကြီးရဲ့ကားကိုတွေ့လိုက်ရတယ်။ ကားအသေးမဟုတ်ပဲ အကြီးဖြစ်တာကြောင့် အစ်ကိုကြီးတစ်ယောက်တည်းမဟုတ်ပဲ ကျန်တဲ့လူတွေပါ,ပါရမယ်လို့ ငါတွက်မိသွားတယ်။ ငါကံကောင်းရင် Peteပါ အဲ့ဒီကားထဲ ပါရင်ပါနေဦးမှာ။ Nopကို အဲ့ဒီကားနောက်လိုက်ဖို့ ငါအချက်ပြလိုက်တော့တယ်။ ကားအနက်က ကလပ်နဲ့ဘားတွဲဖွင့်ထားတဲ့ ဆိုင်တစ်ခုရှေ့အရောက်မှာရပ်တန့်သွားတာ။ ငါငြိမ်ငြိမ်လေးစောင့်နေလိုက်တယ်။ အဲ့ဒီကားထဲကနေ Peteထွက်လာတာမတွေ့ရင် ကားကိုချက်ချင်းပြန်လှည့်ပြီး အိမ်မှာကျန်ခဲ့မယ့်Peteကိုသွားတွေ့တော့မယ်။

ဒါပေမယ့် ကံတရားကငါ့ကိုမျက်နှာသာပေးလိုက်တဲ့ပုံပဲ။ Peteကထိုကားထဲမှာပါလာတယ်။ ကားထဲကနေနောက်ဆုံးဆင်းလာသူက Peteဖြစ်ပြီး ငါ့အစ်ကိုကြီးက တက်ကြွခုန်ပေါက်နေသလောက် Peteကတော့ မျက်နှာငယ်လေးနဲ့ဖြစ်နေတယ်။ အဲ့ဒီမျက်နှာလေးကိုမြင်လိုက်ရတာနဲ့ ငါခန့်မှန်းလို့ရသွားပြီ။ ငါ့အစ်ကိုကြီး ကလိမ်ကကျစ်လုပ်ပြီးဖြန့်ထားလေတဲ့သတင်းတွေကို Peteတွေ့ပြီးပြီဆိုတာကိုပေါ့။

- Be My Side -

ဒီနေ့အပိုင်းကအရှည်ကြီးပဲ ၊ အဲ့ဒီတော့ တန်းလန်းကြီးလို့မပြောနဲ့နော် အဲ့လိုပြောတာ တကယ်ကိုမကြိုက်ဘူး ☹️

btw, ၃ရက်နေ့ကအပိုင်းနဲ့ ဒီ‌နေ့အပိုင်းဟာဆိုရင်ဖြင့် ဖော်ကွာဝေးနေကြတဲ့ ချစ်သူနှစ်ယောက်ရဲ့ လွမ်းဆွတ်မှုနဲ့ ပူပန်မှုတွေကို တွေ့ကြရမှာပဲဖြစ်ပါတယ် >3

ဒီအပိုင်းမှာ Vegasက သနားဖို့ကောင်းနေတော့တာ။ အဖေရိုက်တာလည်းခံရ၊ ချစ်သူနဲ့လည်းမတွေ့ရ၊ မဟုတ်တဲ့သတင်းတွေလည်းထွက်လိုက်သေး ။ တို့ကောင်လေးက သိပ်ကိုပဲဇာတ်နာနေပြီ ။ Poor Vegas လေး ။

ဒီလိုဇာတ်နာအောင်လုပ်တာ တို့ပါပဲ၊ ကောင်လေးရေ တို့ကိုခွင့်မလွှတ်ပါနဲ့ ၊ တို့ကို ယူပြီးတော့ တစ်ဘဝလုံး ကလဲ့စားချေပစ်လိုက်ပါနော် ><

05 August 2022 (Fri)

zg;

Vegas ;

တစ္ရက္ႏွစ္ရက္ေလာက္အထိ Peteကိုငါမေတြ႕ရတာ သည္းခံလို႔ရေသးတယ္။ အရင္ကလည္း ငါတို႔ေတြ တစ္ပတ္ေလာက္အထိ မေတြ႕ပဲေနခဲ့ရတာမို႔။ ဒါေပမယ့္ အဲ့ဒီအရင္ကနဲ႔အခုနဲ႔ မတူဘူးျဖစ္ေနတယ္။ အရင္က ငါတို႔ေတြမေတြ႕ရေပမယ့္ ဖုန္းအၿမဲဆက္တယ္၊ စာအၿမဲပို႔ၾကတယ္။ တစ္ေယာက္ဘာလုပ္ေနလဲ တစ္ေယာက္ေျပာျပၾကတယ္။ ဒါေတြက ငါတို႔အခ်င္းခ်င္းၾကားရွိတဲ့ ဆက္သြယ္ခ်က္ပဲ။

အခုက် အဲ့လိုမဟုတ္ေတာ့ဘူး။ ငါစာေတြဘယ္ေလာက္ပို႔ပို႔ Peteကျမင္ႏိုင္ရဲ႕လားမသိဘူး။ ဖုန္းဆက္ေတာ့လည္း စက္ပိတ္ထားတယ္ဆိုတာခ်ည္းပဲ။ တစ္စုံတစ္ခုကိုေတြးမိသြားေတာ့ ဟုတ္ရဲ႕လားဆိုၿပီး ငါစဥ္းစားမိလိုက္တယ္။ ငါေတြးမိတဲ့အေတြးက တျခားမဟုတ္ဘူး၊ ငါ့ရဲ႕႐ူးေၾကာင္ေၾကာင္အစ္ကိုက Peteရဲ႕ဖုန္းကို သိမ္းထားတာလားဆိုတဲ့အေတြး။ ဟုတ္ပါ့မလား၊ Peteက ကေလးမွမဟုတ္တာ။ ရည္းစားထားတာသိသြားတာနဲ႔ ဖုန္းသိမ္းတယ္ဆိုတာႀကီးက ကမာၻႀကီးရဲ႕ဟိုးတစ္ေနရာမွာ က်န္ခဲ့ၿပီလားလို႔။ ဒါေပမယ့္ လုံးဝဆက္သြယ္မရတဲ့အခ်က္ႀကီးေၾကာင့္ တကယ္ပဲ အဲ့အေတြးကို လက္ခံလိုက္ရမယ့္ပုံပဲ။

တစ္ရက္ကေနႏွစ္ရက္၊ ႏွစ္ရက္ကေန သုံးရက္ျဖစ္လာတဲ့အခါ ငါဘယ္လိုမွ ထိုင္မေနႏိုင္ေတာ့ဘူး။ Peteရဲ႕အိပ္မက္ထဲကလို ငါ့အစ္ကိုႀကီး သူ႔ကိုသတ္လိုက္ၿပီလားဆိုတာ ငါသြားစစ္ေဆးရမယ္။

“Nop.. Nop !!! ”

အနားမွာအၿမဲရွိေနရမယ့္ Nopကို ငါေအာ္ေခၚလိုက္တယ္။ ဒါေပမယ့္ ငါ့အသံကိုမၾကားသလိုမ်ိဳး ဘယ္သူကမွ တုံ႔ျပန္လာျခင္းမရွိဘူး။ အဲ့ဒါနဲ႔ ငါလည္း ေနရာကေနထဖို႔လုပ္လိုက္ေတာ့ အိမ္ထဲကို ခပ္ၾကမ္းၾကမ္းေလွ်ာက္ဝင္လာတဲ့ ငါ့အေဖကိုေတြ႕လိုက္ရတယ္။ ကေလးႏွစ္ေယာက္ေမြးထားၿပီး လက္ရွိမွာ ေနာက္မိန္းမနဲ႔သာယာေနတဲ့ငါ့အေဖက အ႐ြယ္ေကာင္းၿပီး သန္မာေနတုန္းပဲ။ ဒါေပမယ့္ အေဖက အၿမဲေဒါသထြက္ေနတာ။ ငါကသူ႔သားအရင္းေတာင္ ဟုတ္ရဲ႕လားမသိဘူး။ ငါ့ကိုဆို ႐ိုက္မယ္၊ ႏွက္မယ္၊ ဆူမယ္၊ ဆဲမယ္ဆိုတာခ်ည္းပဲ။ ေတာ္ေသးတာက ငါ့ကိုသာလုပ္ၿပီး Macauကိုေတာ့ လႊတ္ေပးထားလို႔။

“ပါး ဘယ္တုန္းက ျပန္ေရာက္ ... ”

ျဖန္း !!!

ငါ့စကားက အဆုံးမသတ္ေသးဘူး။ ငါ့ပါးထက္ကို လက္ဖဝါးတစ္ခုက အားျပင္းျပင္းနဲ႔ေရာက္ရွိလာတယ္။ ငါ့မ်က္ႏွာက ေဘးကိုလည္ထြက္သြားတယ္။ အေဖက ငါ့ကို႐ိုက္ရင္ တစ္ခါမွအားေလွ်ာ့ၿပီး႐ိုက္ဖူးျခင္းမရွိဘူး။ အားကိုတမင္သုံးၿပီးကို ႐ိုက္ႏွက္တတ္တာ။ အခုလည္း နာက်င္သြားတဲ့ပါးနဲ႔အတူ အထဲကသြားပါ ကြၽတ္ထြက္သြားသလိုခံစားလိုက္ရတယ္။ ဒါေပမယ့္ လွ်ာနဲ႔ထိုးၾကည့္လိုက္ေတာ့ ကြၽတ္ထြက္သြားတာေတာ့မဟုတ္ဘူး။ ဒီအတိုင္း အရမ္းနာက်င္သြားလို႔ ငါအပို‌ေတြေတြးမိသြား႐ုံပဲ။

“မင္းဘာေစာက္လုပ္ေတြ ရႈပ္ထားတာလဲ !! ငါ့မ်က္ႏွာကို ေစာက္အိုးမဲသုတ္ေနတာလား ”

ၾကည့္ရတာ အြန္လိုင္းေပၚကသတင္းေတြကို ငါ့အေဖေတြ႕သြားတဲ့ပုံပဲ။ ငါ့ရဲ႕လက္တြဲေဖာ္ဆိုတဲ့အေၾကာင္းေတြ၊ ငါ့အခ်စ္ေရးအေၾကာင္းေတြကိုေပါ့။ ဒီရက္ပိုင္းထဲ အေဖကခရီးထြက္ေနလို႔ ငါေတာ့ ခဏတာလြတ္လပ္ၿပီထင္တာ။ အခုေတာ့ ‌ျပန္ေရာက္ေရာက္ခ်င္းပဲ ငါ့ဆီလာၿပီး သင္ခန္းစာေပးေတာ့တာပဲ။ ငါစိတ္ပူမိတယ္၊ ဒီေဒါသစိတ္နဲ႔ပဲ ငါ့အေဖေသသြားမွာကို။

“မင္းကို အရင္တည္းကေျပာၿပီးသား ။ ငါ့စီးပြားေရးပါတနာ သမီးတစ္ေယာက္နဲ႔ မင္းလက္ထပ္ရမယ္ဆိုတာ ။ ဒီလိုမ်ိဳး စီးပြားခ်င္းေပါင္းစပ္လိုက္မွ ငါတို႔ပိုင္ဆိုင္မႈေတြတိုးပြားၿပီး ငါ့အစ္ကိုကို ယွဥ္ႏိုင္မွာကြ !! ဒါကို မင္းေစာက္ဦးေႏွာက္က နားလည္ရဲ႕လား ”

အေဖက ငါ့နားထင္ေဘးကို သူ႔လက္ညႇိဳးနဲ႔ ခပ္ၾကမ္းၾကမ္းထိုးရင္း ေအာ္ေျပာလာတယ္။ အေဖေျပာတဲ့အေၾကာင္းအရာေတြ ငါလုံးဝမေမ့ဘူး။ ဒါေပမယ့္ လိုက္လုပ္ဖို႔လည္း ငါစိတ္မဝင္စားဘူး။ အေဖ့ကိုငါခ်စ္ေပမယ့္ အေဖ့ကိုပုန္ကန္ပစ္ဖို႔လည္း ငါဝန္မေလးဘူး။ ငါစိတ္မပါတဲ့အရာကို ဘာအတြက္ေၾကာင့္နဲ႔မွ ငါမလုပ္ႏိုင္တာမို႔။ ငါအေဖ့ကိုျပန္မၾကည့္ပဲ ေခါင္းငုံ႔ရပ္ေနလိုက္ၿပီး ၿငိမ္သက္ေပးေနလိုက္တယ္။ အေဖက ငါ့ကိုဆူဆဲၿပီး ႐ိုက္ႏွက္လို႔ဝသြားရင္ သူ႔ေဒါသေျပသြားမွာပဲ။ ငါဒါကိုပဲ ေစာင့္ေနရမယ္။

“ကုမၸဏီအလုပ္ကို မင္းမလုပ္ပဲ အႏုပညာလုပ္တာကို ငါခြင့္ျပဳေပးခဲ့တာပဲ လြန္လွၿပီ ! အခုက် ဘာတဲ့ .. ဘဝလက္တြဲေဖာ္ဟုတ္လား ! မင္းငါ့ကိုဘယ္အထိ ေဒါသထြက္ေစခ်င္ေနတာလဲ Vegas !! ”

အေဖကငါ့ကိုထပ္႐ိုက္ဖို႔အတြက္ လက္ေျမႇာက္လိုက္ၿပီးကာမွ သူ႔လက္ကိုျပန္ခ်သြားတယ္။ ၾကည့္ရတာေတာ့ ငါ့မ်က္ႏွာကို ႐ုပ္ဆိုးေအာင္မလုပ္လိုက္ခ်င္လို႔ထင္တယ္။ ေနာက္ထပ္စကားမေျပာလာေသးခင္ အေဖက ငါ့အက်ႌစကိုဆုပ္ကိုင္လို႔ သူ႔အနားကိုဆြဲေခၚတယ္။ ငါက႐ုန္းကန္ျခင္းမရွိေနတာေၾကာင့္ ခပ္သာသာေလးပဲ ငါ့အေဖရဲ႕သန္မာတဲ့လက္ေတြၾကား ပါသြားရတယ္။ တင္းမာေနတဲ့မ်က္ႏွာထားနဲ႔ အေဖကငါ့ကိုေသခ်ာၾကည့္လာၿပီးတဲ့ေနာက္ အမိန႔္ေတြေပးလာခဲ့တယ္။

“မနက္ျဖန္ တစ္ဖက္မိန္းကေလးနဲ႔သြားေတြ႕ ။ ငါအကုန္စီစဥ္ထားတယ္ ”

“ပါး .. ကြၽန္ေတာ္ မေတြ႕ခ်င္ ... ”

ငါ့ရဲ႕ေျပာမယ့္စကားတို႔က အေဖ့ရဲ႕႐ိုက္ခ်လိုက္မႈေအာက္မွာ ထပ္မံရပ္တန႔္သြားရျပန္တယ္။ အေဖငါ့ကိုဒီလိုခပ္ျပင္းျပင္း႐ိုက္ခဲ့တာ ငါေက်ာင္းဆက္မတက္ပဲ အႏုပညာအလုပ္လုပ္ဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္ေၾကာင္း ေျပာလိုက္တုန္းက ေနာက္ဆုံးပဲ။ အဲ့တုန္းက လက္နဲ႔႐ိုက္႐ုံတင္မကဘူး၊ ငါ့တစ္ကိုယ္လုံးကို တုတ္ေတြနဲ႔ပါ႐ိုက္ပစ္ခဲ့တာ။ ငါကလည္းငါ၊ အေသေခါင္းမာခ်က္ပဲ။ ဆုံးျဖတ္ခ်က္ကို လုံးဝျပန္မျပင္ပဲ ႀကံ့ႀကံ့ခိုင္ခဲ့တာ။ ေနာက္ေတာ့ ငါ့အေဖက ခြင့္ျပဳေပးခဲ့တယ္။ ဒါေပမယ့္ သတ္မွတ္ခ်က္တစ္ခုလည္း ပါေသးတယ္။ အဲ့ဒါကေတာ့ ကုမၸဏီကထြက္သမွ် ပစၥည္းတိုင္းကို ငါေၾကညာေပးရမယ္ဆိုတဲ့ သတ္မွတ္ခ်က္ပဲ။

ငါနာမည္ႀကီးလာတာနဲ႔အမွ် ကုမၸဏီရဲ႕ေရာင္းခ်မႈေဈးကြက္ကလည္း ပိုလို႔က်ယ္ျပန႔္လာခဲ့တယ္။ ကုမၸဏီအလုပ္လုပ္ၿပီး အေဖ့အလုပ္ကိုမကူညီခဲ့တာမွန္ေပမယ့္ ငါလည္း ငါတတ္ႏိုင္တဲ့ဘက္ကေန ကူညီေပးခဲ့တာပဲ။ ဒါကိုက် ငါ့အေဖက မျမင္ဘူးလားမသိပါဘူး။ ေနာက္က် ငါ့ေျခေထာက္ေပၚငါ ရပ္တည္ႏိုင္တဲ့အခ်ိန္ အေဖ့ရဲ႕စံအိမ္ကေန ထြက္လာခဲ့ေပမယ့္ အေဖကေတာ့ သူ႔ရဲ႕လုပ္ငန္းေတြအတြက္ ဝန္ေတြကို ငါ့ပုခုံးေပၚပစ္တင္ခ်င္ေနတုန္းပဲ။

“မင္းတို႔ေရာ မင္းတို႔အေမေရာ ငါ့ကိုဘာအကူအညီမွ မေပးတဲ့ဟာေတြခ်ည္းပဲ !! ”

အေဖက ငါတို႔ကိုေျပာလို႔မရရင္ ဆုံးသြားၿပီျဖစ္တဲ့အေမ့ကို စကားထဲ ထည့္ထည့္ေျပာလာခဲ့တယ္။ အဲ့လိုအခ်ိန္ေတြက ငါ့ရဲ႕သည္းမခံႏိုင္ဆုံးအခ်ိန္ေတြပဲ။ ေခါင္းငုံ႔ထားတဲ့ငါ အဲ့ဒီစကားကိုၾကားတာနဲ႔ ခ်က္ခ်င္းေခါင္းျပန္ေမာ့ၿပီး အေဖ့ကိုၾကည့္လိုက္ေတာ့တယ္။

“မားကိုအဲ့ဒီလိုမေျပာနဲ႔ ။ ပါး သြားေတြ႕ေစခ်င္ရင္ ကြၽန္ေတာ္သြားေတြ႕ေပးမယ္ ”

“ေအး ငါကလည္း အဲ့ဒါကိုပဲလိုခ်င္တာ ။ Nopကို ငါအကုန္ေျပာထားၿပီးသား ။ မင္းကသြားေတြ႕လိုက္႐ုံပဲ ”

“ေတြ႕ေပးမယ္ ၊ ဒါေပမယ့္ အဆင္ေျပမေျပကေတာ့ ကြၽန္ေတာ့္အပိုင္းမဟုတ္ေတာ့ဘူး ”

ငါ့အေဖက မၾကည္လင္တဲ့မ်က္ႏွာနဲ႔ ငါ့ကိုစိုက္ၾကည့္လာခဲ့ေပမယ့္ ငါ့ရဲ႕ခြန္းတုံ႔စကားေၾကာင့္ ႐ိုက္တာမ်ိဳးမလုပ္ဘူး။ ၾကည့္ရတာ ႐ိုက္လို႔ဝသြားတဲ့ပုံပဲ။ ခဏစိုက္ၾကည့္ၿပီးသြားမွ လွည့္ထြက္သြားေတာ့တယ္။ အေဖထြက္သြားမွ ဆိုဖာေပၚငါထိုင္ခ်လိုက္တယ္။ ဘယ္ဘက္ပါးကိုပဲ ႏွစ္ခါအခ်ခံလိုက္ရတာမို႔ ပါးကတဆစ္ဆစ္နာေနတယ္။ တကယ္ေတာ့ အသားနာတာထက္ ပိုၿပီးနာတာက စိတ္နဲ႔ရင္ဘတ္ပဲ။

“Khun Vegas ေရခဲကပ္ထားလိုက္ပါလားဗ် ၊ မဟုတ္ရင္ ေရာင္လာလိမ့္မယ္ ”

Nopက ေရခဲအိတ္ကို ငါ့ဆီကမ္းေပးလာတယ္။ Nopက သိပ္ကိုယုံၾကည္ကိုးစားလို႔ရတဲ့လူစားမ်ိဳးပဲ။ ငါ့လိုအပ္ခ်က္ေတြကို ေသခ်ာျဖည့္ဆည္းေပးႏိုင္တယ္။ ၿပီးေတာ့ သူကPeteနဲ႔သိေနတာမို႔ ပိုအဆင္ေျပတယ္။ ငါသူ႔လက္ထဲက ေရခဲအိတ္ကိုလွမ္းယူလိုက္ၿပီး ငါ့ပါးကိုခပ္ဖြဖြဖိကပ္ေနလိုက္တယ္။

“Peteဆီကေန တစ္ခုခုၾကားေသးလား ”

“မၾကားပါဘူး ၊ သူ႔ဖုန္းက ပိတ္ထားတုန္းပဲဗ် ”

ငါ့ရင္ထဲကို ဝမ္းနည္းမႈေတြ အစုလိုက္အၿပဳံလိုက္ တိုးၿပီးဝင္ေရာက္လာတယ္လို႔ ခံစားလိုက္ရတယ္။ ဒီလိုကိစၥေတြျဖစ္တဲ့အခ်ိန္ Peteဆီသြားၿပီး ေျပာျပလိုက္ခ်င္တယ္။ ငါဘယ္ေလာက္ေတာင္ နာက်င္ေနရတယ္ဆိုတဲ့အေၾကာင္းေတြကို။ ဒါေပမယ့္ ခက္တာက အခုကအခ်ိန္ေကာင္းမဟုတ္သလို Peteကိုေတာင္ ဆက္သြယ္လို႔မရတဲ့အေနအထားမွာ။ ငါ စိတ္ထဲကေန စုတ္တစ္ခ်က္သပ္လိုက္ရင္း P'Tankhun လူပ်ိဳႀကီးျဖစ္ပါေစလို႔ပဲ ခပ္နာနာေလးဆုေတာင္းလိုက္တယ္။

ေနာက္တစ္ေန႔ .. အေဖေျပာထားေလတဲ့ တစ္ဖက္မိန္းကေလးနဲ႔သြားေတြ႕လိုက္တယ္။ ေနရာကသီးသန႔္အခန္းပါရွိတဲ့ စားေသာက္ဆိုင္ေနရာျဖစ္ၿပီး privacyကို အထူးထိန္းသိမ္းတဲ့ဆိုင္မို႔ သတင္းေထာက္ေတြေတြ႕သြားမွာကို စိတ္ပူစရာမလိုဘူး။ ေကာင္မေလးက ငယ္ငယ္႐ြယ္႐ြယ္နဲ႔ လွလွပပေလးျဖစ္တယ္။ မ်က္လုံးႀကီးႀကီးေတြရွိၿပီး မ်က္ရစ္ႏွစ္ထပ္ရွိတာေၾကာင့္ ဘာဘီအ႐ုပ္မေလးလိုမ်ိဳးပဲ။ ဒါေပမယ့္ ငါ့စိတ္ထဲ ဘာခံစားခ်က္မွမရွိဘူး။ ဒီလိုမိတ္ကပ္ေတြျပင္ဆင္ထားတဲ့ ေကာ္ပတ္မ႐ုပ္ကေလးေတြထက္စာရင္ Peteမ်က္ႏွာေလးက ပိုလို႔ေအးခ်မ္းတယ္။

“ဟယ္လို ေတြ႕ရတာ ဝမ္းသာပါတယ္ P'Vegas ”

“အင္း ”

စိတ္မပါလက္မပါနဲ႔ျပန္ေျဖလိုက္ၿပီးေနာက္ ေကာင္မေလးရဲ႕ ေရွ႕ကခုံမွာဝင္ထိုင္လိုက္တယ္။ အဆင္မေျပေအာင္ ဘာလုပ္ရမလဲဆိုတာ ငါအမ်ားႀကီးေတြးေနမိတယ္။ အဆင္မေျပမွျဖစ္မယ္၊ မဟုတ္ရင္ ငါေတာ့ အိမ္ေထာင္ေရးဇာတ္ထုပ္ႀကီးထဲ ႏွစ္ပါးသြားေနရဦးမယ္။

“အစ္ကို တစ္ခုခုမွာလိုက္ေလ ။ ညီမတို႔ ေအးေဆးမွ စကားေျပာၾကတာေပါ့ ”

ဘာမွစားခ်င္စိတ္လည္းမရွိေနတာေၾကာင့္ သံပရာရည္တစ္ခြက္သာ မွာေသာက္လိုက္တယ္။ ေကာင္မေလးကေတာ့ တျခားစားဖို႔ အမ်ားႀကီးမွာေလတယ္။ တစ္ေယာက္တည္းနဲ႔ ဒီ‌ေလာက္စားႏိုင္တာလားလို႔ေတြးၿပီး ငါ့မွာတအံ့တဩပဲ။ ေကာင္မေလးက ငါဘာေတြးေနလဲသိတဲ့ပုံနဲ႔ ငါ့ကိုရွင္းျပလာခဲ့တယ္။

“ညီမတစ္ေယာက္တည္းစားမွာမဟုတ္ဘူး အစ္ကိုရဲ႕။ တစ္ေယာက္လာလိမ့္မယ္ ”

ဘယ္သူလဲဆိုၿပီး သိခ်င္စိတ္မ်ိဳး ငါ့မွာမျဖစ္မိဘူး။ ငါ့ေခါင္းထဲ ကိုယ့္အေတြးနဲ႔ကိုယ္ရႈပ္ေနတာမို႔။ မိဘေတြစီစဥ္တာကို မလိုက္နာခ်င္ေၾကာင္း ငါဘယ္လိုေျပာရမလဲေတြးမိတယ္။ ဘယ္လိုစကားလုံးသုံးရင္ တစ္ဖက္မိန္းကေလးရဲ႕ ဂုဏ္သိကၡာကို မေစာ္ကားသလို ျဖစ္မလဲဆိုတာကိုေပါ့။ ငါ့ညီေလးအ႐ြယ္ ေကာင္မေလးတစ္ေယာက္ကို စိတ္ဒဏ္ရာရေအာင္ မလုပ္လိုက္ခ်င္ဘူး။

“အစ္ကို႔ကို အားနာနာနဲ႔ပဲေျပာရဦးမယ္ ။ အစ္ကို႔အေဖနဲ႔ ညီမအေဖက ဒီလိုေတြးမိတာ စီးပြားေရးေၾကာင့္ပဲေနမွာေပါ့ ။ ဒါေပမယ့္ ညီမက အဲ့လိုမ်ိဳးေတြစိတ္မဝင္စားဘူး ”

“အစ္ကိုေရာပဲ ”

ငါတက္တက္ႂကြႂကြနဲ႔ပဲ ျပန္ေျဖလိုက္တယ္။ ေကာင္မေလးရဲ႕သေဘာထားကို သိလိုက္ရတဲ့ေနာက္ ခုနကလို စိတ္မပါလက္မပါအျပဳအမူမ်ိဳးေတြ ငါ့ဆီမွာမရွိေတာ့ဘူး။ ငါ့ေက်ာကိုေတာင္ နည္းနည္းမတ္မိသြားတယ္။ ငါေျပာဖို႔ခက္ခဲေနတဲ့ကိစၥကို ေကာင္မေလးဘက္ကေျပာလာေပးတာမို႔ ေက်းဇူးလည္းတင္သြားရတယ္။

“ညီမမွာ ခ်စ္သူရွိတယ္။ အခုလည္း သူ႔ကိုခ်ိန္းထားတယ္ ။ သူက အစ္ကို႔ပရိသတ္ေလ ၊ အဲ့ဒါေတြ႕ဖူးခ်င္တယ္ေျပာလို႔ ”

“ဒီလိုဆို ကိုယ္တို႔ေတြကိစၥ အဆင္မေျပဘူးလို႔ပဲ သတ္မွတ္ၾကတာေပါ့ ”

“ဟုတ္ကဲ့အစ္ကို ၊ အဲ့လိုပဲေပါ့ ။ အစ္ကို႔မွာလည္း ခ်စ္ရတဲ့သူရွိတာ ညီမသိပါတယ္ ။ အစ္ကို႔အေဖကို ေျပာဖို႔အဆင္မေျပဘူးဆိုရင္ ညီမကပဲ ညီမအေဖကို အဆင္မေျပေၾကာင္းေျပာလိုက္မယ္ေလ ။ သမီးမိန္းကေလး အိုမီဂါဆိုေတာ့ အေဖကအလိုလိုက္မွာပါ ။ အခုက ညီမက အေဖစိတ္ခ်မ္းသာေအာင္ လာေတြ႕ေပး႐ုံပဲ ”

အေရွ႕ကေကာင္မေလးစကားကိုနားေထာင္ၿပီး ငါ့စိတ္ေတြ တကယ္ကိုေပါ့ပါးသြားရတယ္။ မိဘအရွိန္အဝါနဲ႔ ဒီေကာင္မေလး ငါ့ကိုအတင္းတြယ္ကပ္ေနမွာကို ငါစိတ္ပူေနခဲ့မိတာ။ အခုေတာ့လည္း ငါ့စိတ္ပူမႈေတြက အပိုေတြလိုပဲ။ ေကာင္မေလးက အရမ္းကိုလိမၼာေနခဲ့တယ္။

ခဏၾကာေတာ့ ငါတို႔ရွိေနတဲ့ သီးသန႔္အခန္းထဲကို အရပ္ရွည္ရွည္နဲ႔ ေခ်ာ‌ေမာေလတဲ့ ေကာင္မေလးေနာက္တစ္ေယာက္ ဝင္လာေလတယ္။ ရွပ္အနက္နဲ႔ စတိုင္ပန္႔တစ္ထည္ကို ခႏၶာကိုယ္ထက္ ခ်ပ္ရပ္ေနေအာင္ ဝတ္စားဆင္ယင္ထားတဲ့ သူမရဲ႕ပုံစံက ေမာ္ဒယ္တစ္ေယာက္နဲ႔ေတာင္ တူေနေသးတယ္။ အၾကည့္တစ္ခ်က္နဲ႔တင္ ငါေျပာႏိုင္တာကေတာ့ ဒီမိန္းကေလးက အယ္ဖာဆိုတာကိုပဲ။ သူမကအခန္းထဲကိုေရာက္တာနဲ႔ ငါ့ကိုအရင္ဆုံး တည္တည္ၿငိမ္ၿငိမ္နဲ႔ႏႈတ္ဆက္တယ္။ ပရိသတ္ျဖစ္ေၾကာင္းေျပာၿပီး လက္မွတ္လည္းေတာင္းေလတယ္။ ငါ့အ‌ေရွ႕မွာ ဒီေလာက္ထိတည္ၿငိမ္ႏိုင္တဲ့ ပရိသတ္တစ္ေယာက္ကို ငါပထမဦးဆုံးေတြ႕ဖူးတာပဲ။

[K/N - ယခုမိန္းကေလးစုံတြဲမွာ ဘယ္သူဘယ္ဝါမွမဟုတ္ပဲ ဧည့္သည္သ႐ုပ္ေဆာင္ေတြသာျဖစ္၏။ ]

ေနာက္ေတာ့ သူတို႔ႏွစ္ေယာက္တည္းကိုပဲ အခန္းထဲမွာထားခဲ့ၿပီး ႏႈတ္ဆက္လို႔ထြက္လာခဲ့တယ္။ ၾကည္ႏူးသာယာေနတဲ့ အတြဲရဲ႕အေရွ႕မွာ ခပ္ၾကာၾကာမေနႏိုင္ဘူး။ ဘာလို႔ဆို လက္ရွိငါ့ရဲ႕အခ်စ္ေရးအေျခအေနက ေရမရွိလို႔ဒုကၡေရာက္ေနတဲ့ငါးတစ္ေကာင္လို အားနည္းလြန္းေနတာမို႔။

“Nop .. Pete ေနတဲ့ေနရာသိလား ”

ငါPeteကို အရမ္းးးကိုလြမ္းလာၿပီမို႔ ကားေပၚေရာက္တာနဲ႔ Nopကိုေမးလိုက္ရတယ္။ ဆက္သြယ္မရေတာ့လည္း အိမ္ကိုလိုက္သြား႐ုံေပါ့။ ငါဘယ္လိုမွ စိတ္ရွည္ရွည္နဲ႔ မေစာင့္ဆိုင္းႏိုင္ေတာ့တာမို႔။

“ဟုတ္ကဲ့ ၊ သိပါတယ္ Khun Vegas ”

“အဲ့ကိုေမာင္းကြာ ”

Nopကလည္း ငါ့စကားကိုနားေထာင္ေလတယ္။ အျမန္ႏႈန္းကိုတင္လို႔ ထိုေနရာကိုအျမန္ေမာင္းေပးေလတယ္။ Peteတို႔က အစ္ကိုႀကီးနဲ႔ အတူတူစုေနၾကတာ။ သူတို႔က ၿခံနဲ႔ဝန္းနဲ႔ ႏွစ္ထပ္တိုက္အိမ္ေလး။ ေနရာေလးကအေတာ္လွတယ္။ ဒီေနရာမွာ Peteရွိတယ္လို႔ ေတြးလိုက္တာနဲ႔ ေအးခ်မ္းတဲ့ရိပ္ၿမဳံေလးလို ခံစားလိုက္ရတယ္။ ဒါေပမယ့္ အဲ့လိုခံစားခ်က္က ငါဘဲလ္ကိုတီးလိုက္ၿပီး ထြက္လာတဲ့သူက ငါ့အစ္ကိုႀကီးျဖစ္ေၾကာင္းသိလိုက္ရတဲ့အခ်ိန္ ခ်က္ခ်င္းကို ေပ်ာက္ကြယ္သြားေတာ့တာပါပဲ။

“ကြၽန္ေတာ့္ကို Peteနဲ႔ေတြ႕ခြင့္ေပး ”

ငါတို႔ႏွစ္ေယာက္က စစ္ပြဲကိုမၾကာခင္မွာဆင္ႏႊဲၾကေတာ့မယ့္ သူေတြရဲ႕အတိုင္းပဲ။ မ်က္ႏွာကိုယ္စီမွာ မၾကည္လင္မႈေတြ၊ တင္းမာမႈေတြရွိေနတယ္။ သူကလည္းငါ့ကိုၾကည့္တယ္၊ ငါကလည္းသူ႔ကိုၾကည့္တယ္။ အခ်ိန္အားျဖင့္ ညေန၅နာရီခြဲ၊ ဒီေန႔မွာ ငါနဲ႔အစ္ကိုႀကီး အၾကည့္ခ်င္းစစ္ထိုးေနၾကေလတယ္။ ဒါေပမယ့္ Peteကိုလက္ရွိမွာ ထိန္းသိမ္းထားသူက သူျဖစ္ၿပီး ငါကအေရးနိမ့္ေနတဲ့သူျဖစ္တာေၾကာင့္ အၾကည့္ခ်င္းခပ္ၾကာၾကာစစ္မထိုးေတာ့ပဲ ငါ့ဘက္ကပဲအေလွ်ာ့ေပးလိုက္ေတာ့တယ္။ ငါၾကည့္မရတဲ့အစ္ကိုႀကီးကို Peteေၾကာင့္မို႔သာ ငါအေလွ်ာ့ေပးလိုက္တာျဖစ္တယ္။ Peteေၾကာင့္သာဆို အစ္ကိုႀကီးဆီ အသနားခံဖို႔ကိုလည္း ဝန္မေလးေနဘူး။

“ေတြ႕ခြင့္‌ေပးပါ အစ္ကိုႀကီး ။ ကြၽန္ေတာ္သူ႔ကို စိတ္ရင္းနဲ႔ခ်စ္တယ္ဆိုတာ ဘယ္လိုက်ိန္ဆိုျပမွ အစ္ကိုႀကီးကယုံမွာလဲ ”

“ဘယ္လိုမွက်ိန္ဆိုစရာမလိုဘူး ! ငါကမင္းကို လုံးဝမယုံတာမို႔ ! ”

အစ္ကိုႀကီးက သူ႔ႏွာေခါင္းကိုရႈံ႕ပစ္လိုက္ရင္း ငါ့ကိုလက္ညႇိဳးထိုးလို႔ေျပာလာခဲ့တယ္။ ငါ့ကံကလည္း ဘယ္ေလာက္ေတာင္ဆိုးလိုက္သလဲ၊ အစ္ကိုႀကီးမဟုတ္ပဲ Pol နဲ႔ Arm တစ္ေယာက္ေယာက္နဲ႔သာဆုံရင္ ငါအိမ္ထဲကို ဝင္ခြင့္ရဦးမွာ။ အခုေတာ့ ဝင္ခြင့္မရ႐ုံတင္မကဘူး၊ အသနားခံလို႔ေတာင္မွမရေနဘူး။

“ဒါေတာ့ အစ္ကိုႀကီးသက္သက္ညစ္တာပဲ ။ ခ်စ္သူႏွစ္ေယာက္ကိုခြဲထားတာ အစ္ကိုႀကီးဝဋ္လည္မွာမေၾကာက္ဘူးလား ”

“နည္းနည္းေလးမွမေၾကာက္ဘူး ! ငါႀကိဳက္ရတဲ့သူလည္းမရွိဘူး ! ”

အစ္ကိုႀကီးက သူ႔ရဲ႕မ်က္ႏွာကိုေမာ္ခ်ီရင္းေျပာတယ္။ သူ႔မွာဘယ္လိုအရႈံးမွမရွိပါဘူးဆိုၿပီး။ ဒီအစ္ကိုႀကီးက ဘယ္ေလာက္ေတာင္ဂုဏ္ေမာက္လိုက္သလဲ။ ႐ိုက္ကြင္းကို သူ႔ဘက္ကစဖ်က္ပစ္ၿပီး ေငြအမ်ားႀကီးေလ်ာ္ပစ္လိုက္ေသးတာေလ။ ငါတို႔႐ိုက္ကြင္းဆိုတာ သူ႔ေနရာကိုအစားထိုးႏိုင္မယ့္ တစ္ေယာက္ရွာေတြ႕ၿပီးမွ ဆက္႐ိုက္လို႔ရမွာ။ အဲ့လိုေမာက္ေမာက္မာမာျဖင့္ လုပ္သြားေလတဲ့အစ္ကိုႀကီးက အခုလည္းၾကည့္၊ မ်က္ႏွာကိုေမာ္ခ်ီရင္း ေမာက္မာျပေနျပန္တယ္။

“အခုမရွိေသးတာေလ ။ ဆုေတာင္းပါတယ္ဗ်ာ .. ရွိလာခဲ့ရင္ အဲ့ဒီတစ္ေယာက္က အစ္ကိုႀကီးကို လုံးဝျပန္မႀကိဳက္ပါေစနဲ႔ ”

ငါစိတ္ရင္းနဲ႔ကိုဆုေတာင္းေပးလိုက္တယ္။ အစ္ကိုႀကီးက ငါ့စကားကိုၾကားေတာ့ တကယ္ကိုစိတ္ဆိုးသြားတဲ့ပုံနဲ႔။ မ်က္ႏွာႀကီးနီကာ ငါ့ကိုလက္ညႇိဳးတထိုးထိုးျဖင့္ 'အမ်ိဳးယုတ္ေလး'လို႔ဆဲတယ္။ ငါ့အမ်ိဳးကသူပဲမို႔ ‘ဒါဆို အစ္ကိုႀကီးကယုတ္တာလားဗ်’လို႔ တမင္ျပန္ေမးလိုက္တဲ့အခါ အနီးအနားက ေရပိုက္တစ္ခုကိုေကာက္ယူၿပီး ငါနဲ႔Nopကိုေရေတြနဲ႔ပက္လာေတာ့တယ္။ အလယ္မွာ ၿခံတံခါးရွိေသးေပမယ့္ ဟေနတဲ့ေနရာေတြကေန ေရေတြကထြက္လာတာမို႔ ငါတို႔ႏွစ္ေယာက္ အဝတ္အစားေတြစိုကုန္ရတယ္။ ထပ္ၿပီးရန္စြာေနလို႔မရေတာ့တာေၾကာင့္ အဲ့ဒီေန႔မွာ ငါတို႔ေတြတပ္ဆုတ္ခဲ့ရေလတယ္။

ေနာက္ေန႔ေတြမွာ သြားခဲ့ေတာ့လည္း ထိုနည္းလည္ေကာင္းပင္။ အစ္ကိုႀကီးနဲ႔သာဆုံေတြ႕ခဲ့ရၿပီး ငါ‌တို႔ေတြ ေရထပ္အပက္ခံရျပန္တယ္။ ၿခံေက်ာ္ဖို႔စဥ္းစားမိေပမယ့္ ၿခံတံတိုင္းေတြက အျမင့္ႀကီးေတြမို႔ ေက်ာ္ဖို႔မလြယ္ကူေလဘူး။ Peteကတကယ္ႀကီး အက်ဥ္းခ်ခံထားရတာလား။ ငါအေခါက္တိုင္းသြားတာ Peteအရိပ္ကေလးကိုေတာင္မွ မျမင္ခဲ့ရဘူး။ ဒီၾကားထဲ ငါ့အေဖကလည္း ငါ့ကိုလာလာဆဲေနတယ္။ ဘာတစ္ခုမွအဆင္ေျပေအာင္ မလုပ္ႏိုင္တဲ့သားဆိုၿပီးေတာ့။ ငါ့ဟာငါ ညစ္ေနတာ အေဖေျပာေတာ့ ပိုလို႔ညစ္ရတယ္။

ဒီလိုနဲ႔ Peteနဲ႔ဆက္သြယ္မရပဲ အခ်ိန္က တစ္ပတ္ကုန္သြားေလေတာ့တယ္။

“Khun Vegas !!! Khun Vegas !!!! ”

ငါ့အခန္းတံခါးကို တဒုန္းဒုန္းထုရင္း ေအာ္ေနတဲ့သူေၾကာင့္ အိပ္မႈန္စုံမႊားနဲ႔ ငါထလိုက္ရေတာ့တယ္။ တံခါးဖြင့္ေတာ့ ျမင္လိုက္ရတာက မ်က္စိပ်က္မ်က္ႏွာပ်က္နဲ႔ Nopကိုပင္။ Nopကဒီေလာက္အထိ ျပာယာခတ္မေနဖူးတာေၾကာင့္ ငါနားမလည္ႏိုင္စြာပဲ သူ႔ကိုအေမးထုတ္လိုက္တယ္။ သူက ငါ့လက္ထဲကို ipadထည့္ေပးလိုက္ၿပီး ဒီေန႔သတင္းေတြကို တစ္ခုၿပီးတစ္ခုျပတယ္။ သတင္းေတြအကုန္လုံးက ငါေစ့စပ္ေတာ့မယ္ဆိုတဲ့အေၾကာင္းေတြခ်ည္းပဲ။ ေကာင္ေလးတစ္ေယာက္နဲ႔ ပုံေတြလည္းရွိေနတယ္။ ဒါေတြအကုန္က အရင္ကကစားခဲ့ဖူးတဲ့ ေကာင္ေလးပဲ။ အဲ့တုန္းကေတာင္မရွိခဲ့တဲ့ပုံေတြက ဘယ္လိုျဖစ္လို႔ အခုမွထၿပီး ...?!!!

ပိုဆိုးတာက အဲ့ပုံထဲကေကာင္ေလးက အခုလက္ရွိငါ့ရည္းစားလိုလို သတင္းေခါင္းစဥ္ေတြက တပ္ထားၾကတာပဲျဖစ္တယ္။ အကုန္လုံးေသလိုက္ၾကေတာ့ !! ငါ့ရည္းစား ငါ့ခ်စ္သူ ငါ့မိန္းမက Peteေလ။ အရင္ကဇယားက ဘယ္လိုျဖစ္ၿပီး ဒီေခါင္းစဥ္ကို တက္ယူေနရတာလဲ!!!

“ျဖဳတ္ခ်ဖို႔လုပ္ၾကေလ ! ဒီလိုသတင္းေတြက ဘာလို႔ထြက္လာရတာလဲ ”

“ကုမၸဏီကလည္း လုပ္ေနၾကတယ္ ။ သတင္းသိသိခ်င္းကို ျဖဳတ္ခ်ေနၾကတာ ။ ဒါေပမယ့္ ျဖဳတ္ခ်ဖို႔မလြယ္ဘူး ၊ တခုတည္းကတင္ထားတာမဟုတ္ပဲ ဒီလိုဆင္တူသတင္းေတြကို သတင္းဌာနအမ်ားႀကီးက တင္ထားၾကတာမို႔ ”

ဒီလိုမ်ိဳးကိစၥဆိုတာ ငါ့ဘဝမွာျဖစ္ဖူးတာမဟုတ္ဘူး။ ဘယ္သူကမွလည္း ငါ့ကိုလြယ္လြယ္နဲ႔လာမထိရဲဘူး။ ငါဘယ္ေလာက္အေကာင္ႀကီးလဲဆိုတာ အကုန္လုံးကသိၾကတာမို႔။ အခုေတာ့ ေသာက္က်ိဳးနည္းပဲ ! သတင္းအမွားေတြက စုၿပဳံၿပီးကိုတက္ေနတယ္။ အမွားမ်ားရင္ အမွန္ျဖစ္တယ္ဆိုသလိုပဲ အကုန္လုံးက ဒါကိုမွန္တယ္လို႔ထင္ေနမွာ ငါစိုးရိမ္သြားရတယ္။ အရင္ကဆို ဒီေလာက္ထိ ျပာယာခတ္မွာမဟုတ္ေပမယ့္လည္း အခု ငါ့ဆီမွာ Peteရွိေနၿပီ။ သူသာမေတာ္တဆနဲ႔ ဒါကိုေတြ႕သြားၿပီး အထင္မွားသြားမယ္ဆိုရင္ ငါေတာ့ရင္ကြဲမွာပဲ။

ငါ့စိတ္ေတြထူပူေနတုန္း အေတြးထဲကို တစ္စုံတခုေရာက္လာေလတယ္။ ဒီကိစၥရဲ႕ေနာက္ကြယ္မွာရွိေနတာ ငါထင္ေနတဲ့တစ္ေယာက္ေတာ့ မဟုတ္ဘူးမလား။

“အစ္ကိုႀကီးက ဒါေတြလုပ္လိုက္တဲ့သူလားဆိုတာ မင္းျဖစ္ႏိုင္ရင္ ျမန္ျမန္စုံစမ္းၾကည့္စမ္း ”

အစ္ကိုႀကီးသာဆိုရင္ အေႏွးနဲ႔အျမန္ Peteသိသြားမွာေသခ်ာတယ္။ Peteကမသိရင္ေတာင္ မျမင္ျမင္ေအာင္လို႔ အစ္ကိုႀကီးကသြားျပမွာ။ ငါအရမ္းစိတ္ပူေနရၿပီ။ ဘယ္ေလာက္ေတာင္စိတ္ပူေနရလဲဆိုရင္ ျပာယာခတ္ၿပီး ဟိုေလွ်ာက္ဒီေလွ်ာက္လုပ္ေနမိတဲ့အထိပဲ။

Nopကစုံစမ္းတာျမန္တယ္။ ေန႔လည္ေရာက္ေတာ့ အစအနေကာက္လာႏိုင္ခဲ့တယ္။ ဒီသတင္းကို အရင္ဆုံးတင္လိုက္တဲ့သတင္းဌာနကို ေငြေပးၿပီးေတာ့ စုံစမ္းလာခဲ့တာ။ အဲ့ကေနၿပီးေတာ့ ငါ့အစ္ကိုႀကီးရဲ႕နာမည္ ထြက္လာေတာ့တယ္။ ေသလိုက္ပါေတာ့လို႔သာ ငါေရ႐ြတ္မိေတာ့တယ္။ အရင္ရက္ေတြမွာျဖစ္ခဲ့တဲ့ ငါတို႔ရဲ႕ေသြးေအးတိုက္ပြဲေတြေၾကာင့္ သူကဒီအကြက္ကိုသုံးပစ္လိုက္တာျဖစ္မယ္။ ငါ့ကို Peteလုံးဝ အထင္လြဲသြားေစမယ့္အျဖစ္ကိုေပါ့။ အစ္ကိုႀကီးရဲ႕ငါ့အေပၚလုပ္လိုက္တဲ့ တိုက္စစ္အကြက္က သိပ္ကိုျပင္းထန္ေနလြန္းခဲ့ၿပီး ငါ့ကိုထိုင္မရထမရျဖစ္ေစေတာ့တယ္။

“Peteဆီ သြားရေအာင္ ”

အစ္ကိုႀကီးရဲ႕ေနရာဆီ သြားေနတဲ့လမ္းတစ္ဝက္မွာပဲ အစ္ကိုႀကီးရဲ႕ကားကိုေတြ႕လိုက္ရတယ္။ ကားအေသးမဟုတ္ပဲ အႀကီးျဖစ္တာေၾကာင့္ အစ္ကိုႀကီးတစ္ေယာက္တည္းမဟုတ္ပဲ က်န္တဲ့လူေတြပါ,ပါရမယ္လို႔ ငါတြက္မိသြားတယ္။ ငါကံေကာင္းရင္ Peteပါ အဲ့ဒီကားထဲ ပါရင္ပါေနဦးမွာ။ Nopကို အဲ့ဒီကားေနာက္လိုက္ဖို႔ ငါအခ်က္ျပလိုက္ေတာ့တယ္။ ကားအနက္က ကလပ္နဲ႔ဘားတြဲဖြင့္ထားတဲ့ ဆိုင္တစ္ခုေရွ႕အေရာက္မွာရပ္တန႔္သြားတာ။ ငါၿငိမ္ၿငိမ္ေလးေစာင့္ေနလိုက္တယ္။ အဲ့ဒီကားထဲကေန Peteထြက္လာတာမေတြ႕ရင္ ကားကိုခ်က္ခ်င္းျပန္လွည့္ၿပီး အိမ္မွာက်န္ခဲ့မယ့္Peteကိုသြားေတြ႕ေတာ့မယ္။

ဒါေပမယ့္ ကံတရားကငါ့ကိုမ်က္ႏွာသာေပးလိုက္တဲ့ပုံပဲ။ Peteကထိုကားထဲမွာပါလာတယ္။ ကားထဲကေနေနာက္ဆုံးဆင္းလာသူက Peteျဖစ္ၿပီး ငါ့အစ္ကိုႀကီးက တက္ႂကြခုန္ေပါက္ေနသေလာက္ Peteကေတာ့ မ်က္ႏွာငယ္ေလးနဲ႔ျဖစ္ေနတယ္။ အဲ့ဒီမ်က္ႏွာေလးကိုျမင္လိုက္ရတာနဲ႔ ငါခန႔္မွန္းလို႔ရသြားၿပီ။ ငါ့အစ္ကိုႀကီး ကလိမ္ကက်စ္လုပ္ၿပီးျဖန႔္ထားေလတဲ့သတင္းေတြကို Peteေတြ႕ၿပီးၿပီဆိုတာကိုေပါ့။

- Be My Side -

ဒီေန႔အပိုင္းကအရွည္ႀကီးပဲ ၊ အဲ့ဒီေတာ့ တန္းလန္းႀကီးလို႔မေျပာနဲ႔ အဲ့လိုေျပာတာ တကယ္ကိုမႀကိဳက္ဘူး ☹️

btw, ၃ရက္ေန႔ကအပိုင္းနဲ႔ ဒီ‌ေန႔အပိုင္းဟာဆိုရင္ျဖင့္ ေဖာ္ကြာေဝးေနၾကတဲ့ ခ်စ္သူႏွစ္ေယာက္ရဲ႕ လြမ္းဆြတ္မႈနဲ႔ ပူပန္မႈေတြကို ေတြ႕ၾကရမွာပဲျဖစ္ပါတယ္ >3

ဒီအပိုင္းမွာ Vegasက သနားဖို႔ေကာင္းေနေတာ့တာ။ အေဖ႐ိုက္တာလည္းခံရ၊ ခ်စ္သူနဲ႔လည္းမေတြ႕ရ၊ မဟုတ္တဲ့သတင္းေတြလည္းထြက္လိုက္ေသး ။ တို႔ေကာင္ေလးက သိပ္ကိုပဲဇာတ္နာေနၿပီ ။ Poor Vegas ေလး ။

ဒီလိုဇာတ္နာေအာင္လုပ္တာ တို႔ပါပဲ၊ ေကာင္ေလးေရ တို႔ကိုခြင့္မလႊတ္ပါနဲ႔ ၊ တို႔ကို ယူၿပီးေတာ့ တစ္ဘဝလုံး ကလဲ့စားေခ်ပစ္လိုက္ပါေနာ္ ><

05 August 2022 (Fri)

Continue Reading

You'll Also Like

1.4K 122 7
Gyujin...... ( U+Z )
100K 6.1K 42
All credit goes to P'Afterday and P'West..
148K 9.8K 26
🖤 I love you so much~~baby❣
135K 9.1K 25
We are just friends... Can't you more than that? CB (Yaoi) *Baek နဲ႔ Teyeon * caseျဖစ္တုန္းကေရးထားတဲ့ficေလးပါ အားလံုးက သာသာ့စိတ္ကူးသက္သက္ပါေနာ္ ❤️