Compatible Pheromones |TK|✓

By xinyin_wangqi

177K 18.4K 1.8K

မုန်းတီးခြင်းဟုယူဆသော်ငြား... လျစ်လျူရှုမှုတို့ကမစွမ်းသာ... မျှောလွှင့်နေတဲ့ တိမ်လေးတွေလို... ခံစားချက်တွေဟာလ... More

Story Prologue
Chapter 1 ( Vol 1 )
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Omegaverse
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
သုံးသပ်မေးခွန်း (၂၀)
Chapter 26 (Vol 2)
Chapter 27
Chapter 28
Chapter 29
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38(Vol 3)
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45 (Final)
Special Episode
Hello
Extra 1
Extra -2

Chapter 30

2.6K 316 32
By xinyin_wangqi

(Unicode)

နောက်တစ်ရက်တွင် သူတို့အားလုံးသည် တောအုပ်၏အတွင်းပိုင်းသို့ဝင်ကာ လှပသည့်နေရာများ၌ ဓာတ်ပုံရိုက်ဖြစ်ကြသည် ။ ထယ်ယောင်းနှင့်ဂျောင်ကုတို့သည်လည်း အသေးလေး၏အကူအညီဖြင့် မြောက်များစွာသော အမှတ်တရပုံတို့ကိုရိုက်ယူခဲ့သည် ။

ထိုနေ့တစ်ရက်ပျော်ပါးပြီးသည့်နောက်တွင် သူတို့သည် ကျောင်းသို့သာပြန်လာခဲ့ကြသည် ။ နဂိုက နှစ်ညအိပ်သုံးရက်ဟူသည့် အပန်းဖြေခရီးသည် တစ်ညအိပ်နှစ်ရက်ဖြစ်သွားတာကြောင့် သူတို့အားလုံး ငြီးငြူမိကြသော်လည်း လုံလုံလောက်လောက်အပန်းပြေခဲ့ပြီမို့ ဆရာယူပြောသလိုပင် ပြန်လာခဲ့ကြသည် ။

ညနေခြောက်နာရီခန့်တွင် သူတို့အားလုံး ရှင်းဟွာကျောင်းသို့ ပြန်ရောက်လာကြသည် ။ တစ်ချို့သော ကျောင်းသူ၊ကျောင်းသားများကတော့ အိမ်မှလူကြီးများကလာကြိုသွားကြပြီး ထယ်ယောင်းတို့ကဲ့သို့ အဆောင်နေကျောင်းသားများကတော့ ကျောင်းအိပ်ဆောင်ကိုသာသွားလိုက်ကြသည် ။

အဆောင်သို့ပြန်ရောက်သည်နှင့် ထယ်ယောင်းသည် အထုတ်များကိုပစ်ချကာ ကုတင်ပေါ်သို့ပစ်လှဲလိုက်သည် ။ နာရီအတော်ကြာ ကားစီးလာရသည်မို့ တစ်ကိုယ်လုံးကညောင်းညာနေသည် ။ ထို့ကြောင့် ခဏတာအနားယူပြီးနောက်တွင် ရေနွေးနွေးလေးဖြင့် ရေချိုးလိုက်သည် ။ ရေချိုးပြီးနောက်တွင် အပန်းဖြေခရီး၌ဝတ်ခဲ့သည့်အဝတ်များကို အထုတ်ထဲမှထုတ်ကာ လျှော်ဖွတ်ရမည့်အဝတ်ထုတ်နှင့်ရောထည့်လိုက်သည် ။

အပန်းဖြေခရီးထွက်ခဲ့စဉ်က ဝတ်ခဲ့သည့် အနွေးအင်္ကျီ၏အိပ်ကပ်ကို စမ်းကြည့်မိသည့်အခါ ဂျောင်ကုကိုပေးမည်ဟု ရည်းမှန်းထားသည့် ဝေလငါးပုံဆွဲကြိုးလေးကိုတွေ့လိုက်ရသည် ။ နှစ်ယောက်သား အိပ်မပျော်၍ ကြယ်များကြည့်ခဲ့သည့်ညက ပေးမည်ပြုထားသော်လည်း စကားကိုသာအများကြီး ပြောခဲ့ကြတာမို့ ပေးဖို့ရန်မေ့သွားခဲ့သည် ။

ထို့ကြောင့် ထယ်ယောင်းလည်း ဂျောင်ကုအားဆွဲကြိုးပေးရန် ဂျောင်ကုအခန်းရှေ့သို့သွား၍ တံခါးခေါက်လိုက်သည် ။ ထယ်ယောင်းတံခါးသုံးချက်ခေါက်ပြီးသည့်အခါ ဂျောင်ကုက တံခါးဖွင့်လာသည် ။

“ တစ်ခုခုလိုလို့လား ? ”

“ ဟင့်အင်း...ငါမင်းကိုပေးစရာရှိလို့ အထဲဝင်ရအောင် ”

“ အိုး...လာလေ ”

ဂျောင်ကုကလမ်းဖယ်ပေးလိုက်သည်နှင့် ထယ်ယောင်းက ဂျောင်ကုအခန်းထဲသို့ လေ၏အလျင်ကဲ့သို့ ဝင်သွားသည် ။

“ ရေချိုးပြီးပြီပေါ့ ”

ထယ်ယောင်းက ပေးစရာရှိသည်ကိုမပေးပဲ စကားပလ္လင်ခံနေသည် ။

“ အခုလေးတင် ချိုးပြီးတာ ”

“ အင်း...ဟိုလေ ငါတို့အခန်းပြောင်းမဲ့ကိစ္စ...”

စာမေးပွဲမဖြေစဉ်ကတည်းက အခန်းပြောင်းရန်ကိစ္စကို သူတို့ပြောဖူးသည် ။ ထယ်ယောင်းက အပန်းဖြေခရီးမှပြန်လာလျှင် ပြောင်းမည်ပြောထားသော်လည်း ဂျောင်ကုကအစမဖော်တာကြောင့် ဂျောင်ကုမေ့နေပြီဟုတောင် ထယ်ယောင်းထင်သည် ။ သို့သော်...

“ ငါအဲ့ကိစ္စကိုစဉ်းစားပြီးသွားပြီ...မင်း ငါ့အခန်းကိုပြောင်းခဲ့ပါလား ? ”

“ ပြဿနာမရှိပါဘူး...အဆောင်မှူးကိုပြောပြီးရင် တစ်ရက်အတွင်းပြောင်းလို့ရတယ်လေ ”

“ အင်း...ခဏထိုင်ပါဦး မတ်တပ်ရပ်မနေနဲ့ ”

ဂျောင်ကုကထိုင်ခိုင်းထားကြောင့် ထယ်ယောင်းလည်း တစ်လုံးထဲရှိသည့်ခုံပေါ်တွင်ထိုင်လိုက်သည် ။ ထယ်ယောင်းထိုင်လိုက်သည်နှင့် ဂျောင်ကုက ခိုးဝှက်ထားသည့် သုံးမိနစ်ရေနွေးအိုးကို ထုတ်ယူလာကာ ရေနွေးတည်လိုက်သည် ။ အသံသိပ်မကျယ်တာကြောင့် ပိုအဆင်ပြေသည်ပြောရမည် ။ မဟုတ်လျှင် အတိုင်ခံရဦးမည်ဖြစ်၏ ။

“ ငါ့မှာ အသင့်ဖျော်ကော်ဖီတစ်ချို့ရှိသေးတယ်...မင်းသောက်ချင်လား ? ”

ပုံမှန်ဆိုလျှင် ကော်ဖီသောကရသည်ကိုမကြိုက်သည့် ထယ်ယောင်းက ဂျောင်ကုကိုမငြင်းချင်တာကြောင့် ခေါင်းညိတ်လိုက်သည် ။

“ အင်း...သောက်မယ် ”

“ မင်းမသောက်ချင်ရင် ကိုယ့်ကိုယ်ကိုယ်အတင်းဖိအားပေးစရာမလိုဘူးနော်...အခုက အသင့်ဖျော်ကော်ဖီပဲရှိလို့...နောက်ကျရင်တော့ hot choco ဝယ်ထားပေးမယ် ”

“ ရတယ်...ငါအဆင်ပြေပါတယ် ”

ရေနွေးဆူသည့်အခါ ဂျောင်ကုက အဝတ်ဗီဒိုထဲမှအဝတ်များကြားတွင်ဖွက်ထားသည့် ကော်ဖီခွက်နှစ်လုံးကိုထုတ်လာပြီး အသင့်ဖျော်ကော်ဖီနှစ်ထုပ်ဖျော်လိုက်သည် ။ ထို့နောက် တစ်ခွက်ကို ထိုင်နေသည့်ထယ်ယောင်းအားပေးလိုက်သည် ။ အသင့်ဖျော်ကော်ဖီရနံ့က ချိုမွှေးမွှေးရနံ့ရှိသည် ။ ထို့ပြင် အရသာမခါးတာကြောင့် ထယ်ယောင်းအတွက်အဆင်ပြေသည် ။

“ ဂျောင်ကု ”

“ အမ်း ”

“ မင်း...ဒီလိုပစ္စည်းတွေဘယ်လောက်တောင်ဖွက်ထားတာလဲ ? ”

ထယ်ယောင်းက ကော်ဖီခွက်ကိုမြောက်ပြရင်းမေးလိုက်သည် ။

“ သိပ်မများပါဘူး...လေး၊ငါးမျိုးလောက်ပါပဲ...မင်းကိုင်ထားတဲ့ကော်ဖီခွက်ကိုတောင် ဟိုတစ်ရက်ကမှအိမ်ကယူလာတာ ”

“ ဟုတ်လား? ဘာအတွက်လဲ ? ”

“ မင်းအတွက်လေ...မင်းပဲအခန်းပြောင်းမယ်လို့ ပြောခဲ့တယ်လေ ”

“ အာ...မင်းကတော့ တကယ်ကိုပဲ...”

ထယ်ယောင်းမှာ ပြောရမည့်စကားများကိုရှာမရတော့တာကြောင့် ခေါင်းငုံ့၍သာ ပြုံးလိုက်တော့သည် ။ သူ့ရင်ထဲတွင်တော့ ဂျောင်ကု၏အလိုက်သိတတ်မှုကြောင့် ဝမ်းသာပျော်ရွှင်မိခြင်းတို့က အတိုင်းအဆမဲ့စွာ ။

“ မင်းငါ့ကိုပေးစရာရှိတယ်ဆို ? ”

ဂျောင်ကုပြောတော့မှ ထယ်ယောင်းကလာရင်းကိစ္စကိုသတိရသွားပြီး ဘောင်းဘီအိပ်ကပ်ထဲတွင် ထည့်လာသည့် ဝေလငါးပုံဆွဲကြိုးကိုထုတ်လာပြီး ဂျောင်ကုကိုပေးလိုက်သည် ။

“ ဒီမှာ...မင်းအတွက် ”

ဂျောင်ကုက ထယ်ယောင်းလက်ဖဝါးပေါ်တွင်ရှိသည့် ဆွဲကြိုးလေးကိုကြည့်လိုက်ပြီး ထယ်ယောင်းကိုပြန်ကြည့်သည် ။

“ ဒါက...ငါ့အတွက်လား ? ”

“ အင်း...ဘယ်လိုပြောရမလဲ ? ငါတို့နှစ်ယောက် သူငယ်ချင်းဖြစ်တဲ့အထိမ်းအမှတ်လို့ပြောရမလားပဲ ”

“ ကောင်းပြီ...မင်းငါ့ကိုဆွဲပေး ”

ဂျောင်ကုတောင်းဆိုတာကြောင့် ထယ်ယောင်းလည်း အရှေ့တိုး၍ခေါင်းလေးစောင်းကာ ဂျောင်ကုကိုဆွဲကြိုးဆွဲပေးလိုက်သည် ။

“ ရသွားပြီ ”

ဂျောင်ကုက ထယ်ယောင်းကိုယ်တိုင်ဆွဲထားပေးသည့် ဆွဲကြိုးလေးကိုကြည့်ရင်း ပြုံးလိုက်သည် ။

“ မင်းမှာလဲ တစ်ခုရှိတာလား ? ”

“ အမ်း ”

ထယ်ယောင်းက အင်္ကျီအောက်တွင်ရောက်နေသည့် ဆွဲကြိုးလေးကိုထုတ်ပြလိုက်သည် ။

“ ငါတို့နှစ်ယောက်လုံး အတူတူပဲ ”

“ ဟုတ်တယ်...ငါ့အမေနဲ့ဈေးဝယ်ထွက်တုန်းက ဝယ်ခဲ့တာ...အစကတော့ ဒီတိုင်းသဘောကျလို့ဝယ်လိုက်ရုံတင်ပဲ...နောက်တော့မှ မင်းနဲ့ဆင်တူပစ္စည်းလေးတစ်ခုရှိရင် ကောင်းမယ်စဉ်းစားမိလို့ ”

“ ကျေးဇူးပါ...ငါတကယ်သဘောကျတယ် ”

ထိုနေ့ညက အဆောင်မီးမပိတ်မချင်း သူတို့စကားပြောခဲ့ကြသည် ။

----------------------------

‌နောက်တစ်ရက်မနက်စောစောတွင် ထယ်ယောင်းနှင့်ဂျောင်ကုတို့သည် အဆောင်မှူးဆီသို့သွားကာ အဆောင်ခန်းပြောင်းရန်ကိစ္စကိုပြောခဲ့သည် ။ အဆောင်မှူးကလည်း ယခင်ကရန်ဖြစ်သည့်နေရာတွင် နာမည်ကြီးလှသည့် နှစ်ယောက်က တစ်ခန်းထဲနေမည်ဆိုလာတာကြောင့် အံ့ဩသွားသည် ။

“ မင်းတို့တွေ ဟုတ်မှလည်းလုပ်ကြနော်...ကျောင်းပြီးခါနီးမှ ပြဿနာရှာဖို့ကြိုးစားမနေကြနဲ့ ”

အဆောင်မှူးက တစ်ခန်းထဲနေမည်ဆုံးဖြတ်ထားသည့် သူတို့အကြံအား သိပ်တော့သဘောမတူချင် ။

“ ကျွန်တော်တို့တကယ်ပြောနေတာပါ...နောက်ဆို ရန်မဖြစ်တော့ပါဘူး...အခုလိုဆုံးဖြတ်ချက်ချရတာကလည်း ကျန်တဲ့ကျောင်းတက်ရက်တွေမှာ ကောင်းကောင်းဖြတ်ကျော်နိုင်ဖို့ပါ ”

အဆောင်မှူးကတော့ သူ့ရှေ့တွင်ရိုသေစွာရပ်နေသည့်နှစ်ယောက်ကိုကြည့်ကာ သိပ်မယုံချင်သော်လည်း ဆုံးဖြတ်ချက်ခိုင်မာလွန်းနေတာကြောင့် သဘောတူလိုက်ရတော့သည် ။

“ ကောင်းပြီ...မင်းတို့ပြောင်းနိုင်တယ်...ဒါပေမဲ့ ရန်ဖြစ်ဖို့တော့မစဉ်းစားကြနဲ့နော်...ငါလိုက်ကြည့်မှာ ”

အဆောင်မှူးကသဘောတူလိုက်ကြောင့် ထယ်ယောင်းနှင့်ဂျောင်ကုတို့လည်း ပျော်သွားပြီး အဆောင်မှူးကို ကျေးဇူးတင်စကားပြောလိုက်သည် ။

“ ကျေးဇူးတင်ပါတယ်အဆောင်မှူး ! ”

ထိုအချိန်မှစ၍ ထယ်ယောင်းနှင့်ဂျောင်ကုတို့သည် သူတို့ကြားတွင်တားထားသည့် သည့်စည်းများကို ချိုးဖျက်ပစ်လိုက်သည် ။ စာသင်ခန်း၏နောက်ဆုံးတွင် ခြားထားသည့် စာရေးခုံနှစ်ခုမှာလည်း ယခုတော့ဖြင့် အခြားစာရေးခုံများကဲ့သို့ ညီညာလို့သွားပြီဖြစ်သည် ။

သူတို့၏စံပုံစံများအား ပြောင်းလဲလိုက်သည်နှင့်အညီ သူတို့၏အပြုအမူနှင့်‌အပြောင်းအလဲတို့သည် ရှင်းဟွာကျောင်းတစ်ခုလုံး၏ အတင်းတုပ်စရာတစ်ခုဖြစ်လာခဲ့သည် ။

01 : ဒီရက်ပိုင်း ရှင်းဟွာကျောင်းမှာမကောင်းဆိုးဝါးကပ်နေသလိုပဲ...ကျောင်းရဲ့ ပြိုင်ဘက်ကြီးနှစ်ယောက်က ဘယ်လိုဖြစ်လို့ ဒီလောက် ကပ်နေကြတာလဲဟေ့

02 : ငါလည်းအဲ့ဒါပြောချင်နေတာ...ဒီတလော သူတို့နှစ်ယောက်ကြားလေထုက လုံးဝကိုပုံမှန်ဟုတ်မနေဘူး

03 : ငါတို့တာအိုဘုန်းကြီးခေါ်ပြီး မကောင်းဆိုးဝါးနှင်သင့်လား ? ကြည့်ရတာ Boss နှစ်ယောက်ကိုကပ်နေတဲ့ မကောင်းဆိုးဝါးက စုံတွဲတွေနဲ့တူတယ်...အမြဲပြိုင်နေတဲ့ နှစ်ယောက်က ရုတ်တရက်ကြီး တပူးပူး တတွဲတွဲဖြစ်နေတယ်ဆိုတော့လေ

04 : ဟယ်...နင်တို့ကလည်း သူတို့က သူငယ်ချင်းတွေဖြစ်သွားကြလို့လဲဖြစ်နိုင်တာပဲဟာ...ကြက်သီးထဖို့ကောင်းအောင် မကောင်းဆိုးဝါးအကြောင်းထည့်မပြောပါနဲ့

05 : မောင်လေးတို့ ၊ ညီမလေးတို့ သူတို့လည်ပင်းမှာဆွဲထားတဲ့ ဆွဲကြိုးကိုတွေ့ပြီးကြပြီလား ?

06 : အနီးကပ်မမြင်ဖူးတော့ သတိမထားမိဘူး...ဆွဲကြိုးကဘာဖြစ်နေလို့လဲဟင် @05

05 : ဒါကတော့ ပုံအကြည်လေးရရင် အားလုံးကိုပြပေးမယ်

06 : မျှော်နေမယ် ><

07 : +1

08 : +2

09 : +3

အခြားသူများက သူတို့နျစ်ယောက်အကြောင်းအား အကြိတ်အနယ်ဆွေးနွေးနေကြသော်လည်း သူတို့နှစ်ယောက်ကတော့ Chem ကိုပြိုင်တွက်နေကြပြီဖြစ်သည် ။ ယခုချိန်တွင်တော့ ပြင်ပတွင်ဖြစ်ပျက်နေသည်များကို ဂရုမစိုက်အားတာကြောင့် ကျောင်းဖိုရမ်တွင် ဖြစ်ပျက်နေသမျှကို ထယ်ယောင်းရော ဂျောင်ကုပါ သိမနေကြပေ ။




ပြဇာတ်ငယ်လေး ;

ကျောင်းသူ (၁) - နင်တို့သိပြီးကြပြီလား ? ထယ်ယောင်းနဲ့ဂျောင်ကုတို့က တွဲနေကြပြီတဲ့

ကျောင်းသူ (၂) - ငါကြားတာက သူတို့က မိဘသဘောတူထားတာဆို

ကျောင်းသူ (၃) - နင်တို့အားလုံးမှားတယ်...သူတို့က စေ့တောင်စေ့စပ်ပြီးကြပြီ...ထယ်ယောင်းအသက်ပြည့်တာနဲ့ မင်္ဂလာတမ်းဆောင်မှာတဲ့

---------------------------

အပိုင်းသုံးဆယ်ရောက်ဖို့အရေး ခုနစ်လကျော်တောင်ကြာတယ် ')

Plz! Vote, Feedback and follow me 🎐






(Zawgyi)

ေနာက္တစ္ရက္တြင္ သူတို႔အားလုံးသည္ ေတာအုပ္၏အတြင္းပိုင္းသို႔ဝင္ကာ လွပသည့္ေနရာမ်ား၌ ဓာတ္ပုံ႐ိုက္ျဖစ္ၾကသည္ ။ ထယ္ေယာင္းႏွင့္ေဂ်ာင္ကုတို႔သည္လည္း အေသးေလး၏အကူအညီျဖင့္ ေျမာက္မ်ားစြာေသာ အမွတ္တရပုံတို႔ကို႐ိုက္ယူခဲ့သည္ ။

ထိုေန႔တစ္ရက္ေပ်ာ္ပါးၿပီးသည့္ေနာက္တြင္ သူတို႔သည္ ေက်ာင္းသို႔သာျပန္လာခဲ့ၾကသည္ ။ နဂိုက ႏွစ္ညအိပ္သုံးရက္ဟူသည့္ အပန္းေျဖခရီးသည္ တစ္ညအိပ္ႏွစ္ရက္ျဖစ္သြားတာေၾကာင့္ သူတို႔အားလုံး ၿငီးျငဴမိၾကေသာ္လည္း လုံလုံေလာက္ေလာက္အပန္းေျပခဲ့ၿပီမို႔ ဆရာယူေျပာသလိုပင္ ျပန္လာခဲ့ၾကသည္ ။

ညေနေျခာက္နာရီခန္႔တြင္ သူတို႔အားလုံး ႐ွင္းဟြာေက်ာင္းသို႔ ျပန္ေရာက္လာၾကသည္ ။ တစ္ခ်ိဳ႕ေသာ ေက်ာင္းသူ၊ေက်ာင္းသားမ်ားကေတာ့ အိမ္မွလူႀကီးမ်ားကလာႀကိဳသြားၾကၿပီး ထယ္ေယာင္းတို႔ကဲ့သို႔ အေဆာင္ေနေက်ာင္းသားမ်ားကေတာ့ ေက်ာင္းအိပ္ေဆာင္ကိုသာသြားလိုက္ၾကသည္ ။

အေဆာင္သို႔ျပန္ေရာက္သည္ႏွင့္ ထယ္ေယာင္းသည္ အထုတ္မ်ားကိုပစ္ခ်ကာ ကုတင္ေပၚသို႔ပစ္လွဲလိုက္သည္ ။ နာရီအေတာ္ၾကာ ကားစီးလာရသည္မို႔ တစ္ကိုယ္လုံးကေညာင္းညာေနသည္ ။ ထို႔ေၾကာင့္ ခဏတာအနားယူၿပီးေနာက္တြင္ ေရေႏြးေႏြးေလးျဖင့္ ေရခ်ိဳးလိုက္သည္ ။ ေရခ်ိဳးၿပီးေနာက္တြင္ အပန္းေျဖခရီး၌ဝတ္ခဲ့သည့္အဝတ္မ်ားကို အထုတ္ထဲမွထုတ္ကာ ေလွ်ာ္ဖြတ္ရမည့္အဝတ္ထုတ္ႏွင့္ေရာထည့္လိုက္သည္ ။

အပန္းေျဖခရီးထြက္ခဲ့စဥ္က ဝတ္ခဲ့သည့္ အေႏြးအက်ႌ၏အိပ္ကပ္ကို စမ္းၾကည့္မိသည့္အခါ ေဂ်ာင္ကုကိုေပးမည္ဟု ရည္းမွန္းထားသည့္ ေဝလငါးပုံဆြဲႀကိဳးေလးကိုေတြ႕လိုက္ရသည္ ။ ႏွစ္ေယာက္သား အိပ္မေပ်ာ္၍ ၾကယ္မ်ားၾကည့္ခဲ့သည့္ညက ေပးမည္ျပဳထားေသာ္လည္း စကားကိုသာအမ်ားႀကီး ေျပာခဲ့ၾကတာမို႔ ေပးဖို႔ရန္ေမ့သြားခဲ့သည္ ။

ထို႔ေၾကာင့္ ထယ္ေယာင္းလည္း ေဂ်ာင္ကုအားဆြဲႀကိဳးေပးရန္ ေဂ်ာင္ကုအခန္းေ႐ွ႕သို႔သြား၍ တံခါးေခါက္လိုက္သည္ ။ ထယ္ေယာင္းတံခါးသုံးခ်က္ေခါက္ၿပီးသည့္အခါ ေဂ်ာင္ကုက တံခါးဖြင့္လာသည္ ။

“ တစ္ခုခုလိုလို႔လား ? ”

“ ဟင့္အင္း...ငါမင္းကိုေပးစရာ႐ွိလို႔ အထဲဝင္ရေအာင္ ”

“ အိုး...လာေလ ”

ေဂ်ာင္ကုကလမ္းဖယ္ေပးလိုက္သည္ႏွင့္ ထယ္ေယာင္းက ေဂ်ာင္ကုအခန္းထဲသို႔ ေလ၏အလ်င္ကဲ့သို႔ ဝင္သြားသည္ ။

“ ေရခ်ိဳးၿပီးၿပီေပါ့ ”

ထယ္ေယာင္းက ေပးစရာ႐ွိသည္ကိုမေပးပဲ စကားပလႅင္ခံေနသည္ ။

“ အခုေလးတင္ ခ်ိဳးၿပီးတာ ”

“ အင္း...ဟိုေလ ငါတို႔အခန္းေျပာင္းမဲ့ကိစၥ...”

စာေမးပြဲမေျဖစဥ္ကတည္းက အခန္းေျပာင္းရန္ကိစၥကို သူတို႔ေျပာဖူးသည္ ။ ထယ္ေယာင္းက အပန္းေျဖခရီးမွျပန္လာလွ်င္ ေျပာင္းမည္ေျပာထားေသာ္လည္း ေဂ်ာင္ကုကအစမေဖာ္တာေၾကာင့္ ေဂ်ာင္ကုေမ့ေနၿပီဟုေတာင္ ထယ္ေယာင္းထင္သည္ ။ သို႔ေသာ္...

“ ငါအဲ့ကိစၥကိုစဥ္းစားၿပီးသြားၿပီ...မင္း ငါ့အခန္းကိုေျပာင္းခဲ့ပါလား ? ”

“ ျပႆနာမ႐ွိပါဘူး...အေဆာင္မႉးကိုေျပာၿပီးရင္ တစ္ရက္အတြင္းေျပာင္းလို႔ရတယ္ေလ ”

“ အင္း...ခဏထိုင္ပါဦး မတ္တပ္ရပ္မေနနဲ႔ ”

ေဂ်ာင္ကုကထိုင္ခိုင္းထားေၾကာင့္ ထယ္ေယာင္းလည္း တစ္လုံးထဲ႐ွိသည့္ခုံေပၚတြင္ထိုင္လိုက္သည္ ။ ထယ္ေယာင္းထိုင္လိုက္သည္ႏွင့္ ေဂ်ာင္ကုက ခိုးဝွက္ထားသည့္ သုံးမိနစ္ေရေႏြးအိုးကို ထုတ္ယူလာကာ ေရေႏြးတည္လိုက္သည္ ။ အသံသိပ္မက်ယ္တာေၾကာင့္ ပိုအဆင္ေျပသည္ေျပာရမည္ ။ မဟုတ္လွ်င္ အတိုင္ခံရဦးမည္ျဖစ္၏ ။

“ ငါ့မွာ အသင့္ေဖ်ာ္ေကာ္ဖီတစ္ခ်ိဳ႕႐ွိေသးတယ္...မင္းေသာက္ခ်င္လား ? ”

ပုံမွန္ဆိုလွ်င္ ေကာ္ဖီေသာကရသည္ကိုမႀကိဳက္သည့္ ထယ္ေယာင္းက ေဂ်ာင္ကုကိုမျငင္းခ်င္တာေၾကာင့္ ေခါင္းညိတ္လိုက္သည္ ။

“ အင္း...ေသာက္မယ္ ”

“ မင္းမေသာက္ခ်င္ရင္ ကိုယ့္ကိုယ္ကိုယ္အတင္းဖိအားေပးစရာမလိုဘူးေနာ္...အခုက အသင့္ေဖ်ာ္ေကာ္ဖီပဲ႐ွိလို႔...ေနာက္က်ရင္ေတာ့ hot choco ဝယ္ထားေပးမယ္ ”

“ ရတယ္...ငါအဆင္ေျပပါတယ္ ”

ေရေႏြးဆူသည့္အခါ ေဂ်ာင္ကုက အဝတ္ဗီဒိုထဲမွအဝတ္မ်ားၾကားတြင္ဖြက္ထားသည့္ ေကာ္ဖီခြက္ႏွစ္လုံးကိုထုတ္လာၿပီး အသင့္ေဖ်ာ္ေကာ္ဖီႏွစ္ထုပ္ေဖ်ာ္လိုက္သည္ ။ ထို႔ေနာက္ တစ္ခြက္ကို ထိုင္ေနသည့္ထယ္ေယာင္းအားေပးလိုက္သည္ ။ အသင့္ေဖ်ာ္ေကာ္ဖီရနံ႔က ခ်ိဳေမႊးေမႊးရနံ႔႐ွိသည္ ။ ထို႔ျပင္ အရသာမခါးတာေၾကာင့္ ထယ္ေယာင္းအတြက္အဆင္ေျပသည္ ။

“ ေဂ်ာင္ကု ”

“ အမ္း ”

“ မင္း...ဒီလိုပစၥည္းေတြဘယ္ေလာက္ေတာင္ဖြက္ထားတာလဲ ? ”

ထယ္ေယာင္းက ေကာ္ဖီခြက္ကိုေျမာက္ျပရင္းေမးလိုက္သည္ ။

“ သိပ္မမ်ားပါဘူး...ေလး၊ငါးမ်ိဳးေလာက္ပါပဲ...မင္းကိုင္ထားတဲ့ေကာ္ဖီခြက္ကိုေတာင္ ဟိုတစ္ရက္ကမွအိမ္ကယူလာတာ ”

“ ဟုတ္လား? ဘာအတြက္လဲ ? ”

“ မင္းအတြက္ေလ...မင္းပဲအခန္းေျပာင္းမယ္လို႔ ေျပာခဲ့တယ္ေလ ”

“ အာ...မင္းကေတာ့ တကယ္ကိုပဲ...”

ထယ္ေယာင္းမွာ ေျပာရမည့္စကားမ်ားကို႐ွာမရေတာ့တာေၾကာင့္ ေခါင္းငုံ႔၍သာ ျပဳံးလိုက္ေတာ့သည္ ။ သူ႕ရင္ထဲတြင္ေတာ့ ေဂ်ာင္ကု၏အလိုက္သိတတ္မႈေၾကာင့္ ဝမ္းသာေပ်ာ္႐ႊင္မိျခင္းတို႔က အတိုင္းအဆမဲ့စြာ ။

“ မင္းငါ့ကိုေပးစရာ႐ွိတယ္ဆို ? ”

ေဂ်ာင္ကုေျပာေတာ့မွ ထယ္ေယာင္းကလာရင္းကိစၥကိုသတိရသြားၿပီး ေဘာင္းဘီအိပ္ကပ္ထဲတြင္ ထည့္လာသည့္ ေဝလငါးပုံဆြဲႀကိဳးကိုထုတ္လာၿပီး ေဂ်ာင္ကုကိုေပးလိုက္သည္ ။

“ ဒီမွာ...မင္းအတြက္ ”

ေဂ်ာင္ကုက ထယ္ေယာင္းလက္ဖဝါးေပၚတြင္႐ွိသည့္ ဆြဲႀကိဳးေလးကိုၾကည့္လိုက္ၿပီး ထယ္ေယာင္းကိုျပန္ၾကည့္သည္ ။

“ ဒါက...ငါ့အတြက္လား ? ”

“ အင္း...ဘယ္လိုေျပာရမလဲ ? ငါတို႔ႏွစ္ေယာက္ သူငယ္ခ်င္းျဖစ္တဲ့အထိမ္းအမွတ္လို႔ေျပာရမလားပဲ ”

“ ေကာင္းၿပီ...မင္းငါ့ကိုဆြဲေပး ”

ေဂ်ာင္ကုေတာင္းဆိုတာေၾကာင့္ ထယ္ေယာင္းလည္း အေ႐ွ႕တိုး၍ေခါင္းေလးေစာင္းကာ ေဂ်ာင္ကုကိုဆြဲႀကိဳးဆြဲေပးလိုက္သည္ ။

“ ရသြားၿပီ ”

ေဂ်ာင္ကုက ထယ္ေယာင္းကိုယ္တိုင္ဆြဲထားေပးသည့္ ဆြဲႀကိဳးေလးကိုၾကည့္ရင္း ျပဳံးလိုက္သည္ ။

“ မင္းမွာလဲ တစ္ခု႐ွိတာလား ? ”

“ အမ္း ”

ထယ္ေယာင္းက အက်ႌေအာက္တြင္ေရာက္ေနသည့္ ဆြဲႀကိဳးေလးကိုထုတ္ျပလိုက္သည္ ။

“ ငါတို႔ႏွစ္ေယာက္လုံး အတူတူပဲ ”

“ ဟုတ္တယ္...ငါ့အေမနဲ႔ေဈးဝယ္ထြက္တုန္းက ဝယ္ခဲ့တာ...အစကေတာ့ ဒီတိုင္းသေဘာက်လို႔ဝယ္လိုက္႐ုံတင္ပဲ...ေနာက္ေတာ့မွ မင္းနဲ႔ဆင္တူပစၥည္းေလးတစ္ခု႐ွိရင္ ေကာင္းမယ္စဥ္းစားမိလို႔ ”

“ ေက်းဇူးပါ...ငါတကယ္သေဘာက်တယ္ ”

ထိုေန႔ညက အေဆာင္မီးမပိတ္မခ်င္း သူတို႔စကားေျပာခဲ့ၾကသည္ ။

----------------------------

‌ေနာက္တစ္ရက္မနက္ေစာေစာတြင္ ထယ္ေယာင္းႏွင့္ေဂ်ာင္ကုတို႔သည္ အေဆာင္မႉးဆီသို႔သြားကာ အေဆာင္ခန္းေျပာင္းရန္ကိစၥကိုေျပာခဲ့သည္ ။ အေဆာင္မႉးကလည္း ယခင္ကရန္ျဖစ္သည့္ေနရာတြင္ နာမည္ႀကီးလွသည့္ ႏွစ္ေယာက္က တစ္ခန္းထဲေနမည္ဆိုလာတာေၾကာင့္ အံ့ဩသြားသည္ ။

“ မင္းတို႔ေတြ ဟုတ္မွလည္းလုပ္ၾကေနာ္...ေက်ာင္းၿပီးခါနီးမွ ျပႆနာ႐ွာဖို႔ႀကိဳးစားမေနၾကနဲ႔ ”

အေဆာင္မႉးက တစ္ခန္းထဲေနမည္ဆုံးျဖတ္ထားသည့္ သူတို႔အၾကံအား သိပ္ေတာ့သေဘာမတူခ်င္ ။

“ ကြၽန္ေတာ္တို႔တကယ္ေျပာေနတာပါ...ေနာက္ဆို ရန္မျဖစ္ေတာ့ပါဘူး...အခုလိုဆုံးျဖတ္ခ်က္ခ်ရတာကလည္း က်န္တဲ့ေက်ာင္းတက္ရက္ေတြမွာ ေကာင္းေကာင္းျဖတ္ေက်ာ္ႏိုင္ဖို႔ပါ ”

အေဆာင္မႉးကေတာ့ သူ႕ေ႐ွ႕တြင္႐ိုေသစြာရပ္ေနသည့္ႏွစ္ေယာက္ကိုၾကည့္ကာ သိပ္မယုံခ်င္ေသာ္လည္း ဆုံးျဖတ္ခ်က္ခိုင္မာလြန္းေနတာေၾကာင့္ သေဘာတူလိုက္ရေတာ့သည္ ။

“ ေကာင္းၿပီ...မင္းတို႔ေျပာင္းႏိုင္တယ္...ဒါေပမဲ့ ရန္ျဖစ္ဖို႔ေတာ့မစဥ္းစားၾကနဲ႔ေနာ္...ငါလိုက္ၾကည့္မွာ ”

အေဆာင္မႉးကသေဘာတူလိုက္ေၾကာင့္ ထယ္ေယာင္းႏွင့္ေဂ်ာင္ကုတို႔လည္း ေပ်ာ္သြားၿပီး အေဆာင္မႉးကို ေက်းဇူးတင္စကားေျပာလိုက္သည္ ။

“ ေက်းဇူးတင္ပါတယ္အေဆာင္မႉး ! ”

ထိုအခ်ိန္မွစ၍ ထယ္ေယာင္းႏွင့္ေဂ်ာင္ကုတို႔သည္ သူတို႔ၾကားတြင္တားထားသည့္ သည့္စည္းမ်ားကို ခ်ိဳးဖ်က္ပစ္လိုက္သည္ ။ စာသင္ခန္း၏ေနာက္ဆုံးတြင္ ျခားထားသည့္ စာေရးခုံႏွစ္ခုမွာလည္း ယခုေတာ့ျဖင့္ အျခားစာေရးခုံမ်ားကဲ့သို႔ ညီညာလို႔သြားၿပီျဖစ္သည္ ။

သူတို႔၏စံပုံစံမ်ားအား ေျပာင္းလဲလိုက္သည္ႏွင့္အညီ သူတို႔၏အျပဳအမူႏွင့္‌အေျပာင္းအလဲတို႔သည္ ႐ွင္းဟြာေက်ာင္းတစ္ခုလုံး၏ အတင္းတုပ္စရာတစ္ခုျဖစ္လာခဲ့သည္ ။

01 : ဒီရက္ပိုင္း ႐ွင္းဟြာေက်ာင္းမွာမေကာင္းဆိုးဝါးကပ္ေနသလိုပဲ...ေက်ာင္းရဲ႕ ၿပိဳင္ဘက္ႀကီးႏွစ္ေယာက္က ဘယ္လိုျဖစ္လို႔ ဒီေလာက္ ကပ္ေနၾကတာလဲေဟ့

02 : ငါလည္းအဲ့ဒါေျပာခ်င္ေနတာ...ဒီတေလာ သူတို႔ႏွစ္ေယာက္ၾကားေလထုက လုံးဝကိုပုံမွန္ဟုတ္မေနဘူး

03 : ငါတို႔တာအိုဘုန္းႀကီးေခၚၿပီး မေကာင္းဆိုးဝါးႏွင္သင့္လား ? ၾကည့္ရတာ Boss ႏွစ္ေယာက္ကိုကပ္ေနတဲ့ မေကာင္းဆိုးဝါးက စုံတြဲေတြနဲ႔တူတယ္...အၿမဲၿပိဳင္ေနတဲ့ ႏွစ္ေယာက္က ႐ုတ္တရက္ႀကီး တပူးပူး တတြဲတြဲျဖစ္ေနတယ္ဆိုေတာ့ေလ

04 : ဟယ္...နင္တို႔ကလည္း သူတို႔က သူငယ္ခ်င္းေတြျဖစ္သြားၾကလို႔လဲျဖစ္ႏိုင္တာပဲဟာ...ၾကက္သီးထဖို႔ေကာင္းေအာင္ မေကာင္းဆိုးဝါးအေၾကာင္းထည့္မေျပာပါနဲ႔

05 : ေမာင္ေလးတို႔ ၊ ညီမေလးတို႔ သူတို႔လည္ပင္းမွာဆြဲထားတဲ့ ဆြဲႀကိဳးကိုေတြ႕ၿပီးၾကၿပီလား ?

06 : အနီးကပ္မျမင္ဖူးေတာ့ သတိမထားမိဘူး...ဆြဲႀကိဳးကဘာျဖစ္ေနလို႔လဲဟင္ @05

05 : ဒါကေတာ့ ပုံအၾကည္ေလးရရင္ အားလုံးကိုျပေပးမယ္

06 : ေမွ်ာ္ေနမယ္ ><

07 : +1

08 : +2

09 : +3

အျခားသူမ်ားက သူတို႔ႏ်စ္ေယာက္အေၾကာင္းအား အႀကိတ္အနယ္ေဆြးေႏြးေနၾကေသာ္လည္း သူတို႔ႏွစ္ေယာက္ကေတာ့ Chem ကိုၿပိဳင္တြက္ေနၾကၿပီျဖစ္သည္ ။ ယခုခ်ိန္တြင္ေတာ့ ျပင္ပတြင္ျဖစ္ပ်က္ေနသည္မ်ားကို ဂ႐ုမစိုက္အားတာေၾကာင့္ ေက်ာင္းဖိုရမ္တြင္ ျဖစ္ပ်က္ေနသမွ်ကို ထယ္ေယာင္းေရာ ေဂ်ာင္ကုပါ သိမေနၾကေပ ။




ျပဇာတ္ငယ္ေလး ;

ေက်ာင္းသူ (၁) - နင္တို႔သိၿပီးၾကၿပီလား ? ထယ္ေယာင္းနဲ႔ေဂ်ာင္ကုတို႔က တြဲေနၾကၿပီတဲ့

ေက်ာင္းသူ (၂) - ငါၾကားတာက သူတို႔က မိဘသေဘာတူထားတာဆို

ေက်ာင္းသူ (၃) - နင္တို႔အားလုံးမွားတယ္...သူတို႔က ေစ့ေတာင္ေစ့စပ္ၿပီးၾကၿပီ...ထယ္ေယာင္းအသက္ျပည့္တာနဲ႔ မဂၤလာတမ္းေဆာင္မွာတဲ့

---------------------------

အပိုင္းသုံးဆယ္ေရာက္ဖို႔အေရး ခုနစ္လေက်ာ္ေတာင္ၾကာတယ္ ')

Plz! Vote, Feedback and follow me 🎐

Continue Reading

You'll Also Like

1.3M 122K 52
"မောင့်ကို ဘယ်တုန်းကမှလည်းမုန်းမရခဲ့သလို ထပ်ပီးလည်းမချစ်နိုင်တော့ဘူး" Big Drama ... Drama ကြိုက်မှဖတ်ပါ ။ ဘယ်လို ending ပဲဖြစ်ဖြစ်လက်ခံနိုင်တယ်ဆိုမှဖ...
858K 90.5K 148
Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့အတွက်တော့ သူက ကြောက်စရာကောင်းတဲ့ Viciou...
87.6K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
106K 18.2K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...