Be My Side [COMPLETED]

By Pp-ken

151K 12.9K 2.5K

တစ်သက်လုံးတွဲထားချင်တဲ့လက်တစ်စုံကို အချိန်မှီကလေး ကိုယ်လှမ်းပြီး ဖမ်းဆုပ်နိုင်ခဲ့တယ်။ • 𝗣𝗹𝗲𝗮𝘀𝗲 𝗕𝗲 𝗠... More

A/N
What is Omegaverse ?
Part 01
Part 02
Part 03
Part 04
Part 05
Part 06
Part 07
Part 08
Part 09
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
-Final-
-နှုတ်ဆက်စာ-

Part 17

4.1K 325 58
By Pp-ken

Pete ;

နှာဝမှာသင်းနေတဲ့ ကျွန်းသစ်ရနံ့ဖျော့ဖျော့နဲ့အတူ တင်းကြပ်နေတဲ့လက်တစ်စုံရဲ့အောက်မှာ ငါနိုးထလာရတယ်။ ငါ့တစ်ကိုယ်လုံးနုံးနေပေမယ့် ငါ့အတွင်းစိတ်ထဲကတစ်စုံတရာက မလုံလောက်သေးဘူးလို့ပြောနေလေတယ်။ ဒါက ငါ့heatကနေဖြစ်နေတာပဲ။ ငါဒီတစ်ခါ တကယ်ကိုheatဝင်တာဖြစ်ပြီး ကြည့်ရတာတော့ အခုတစ်ခေါက်က တကယ်ကိုကြာလောက်မယ်။

ငါအာခေါင်ခြောက်နေတာကြောင့် ကုတင်ဘေးစားပွဲပေါ်က အဆင်သင့်ထားထားလေတဲ့ရေခဲရေဘူးကို လှမ်းယူဖို့ကြိုးစားလိုက်တယ်။ ဒါပေမယ့် တင်းကြပ်နေတဲ့ခါးပေါ်ကလက်ကြောင့် ငါနည်းနည်းလေးတောင် ရှေ့တိုးလို့မရဘူးဖြစ်နေတယ်။

ရေခဲရေဘူးရဲ့ပတ်ပတ်လည်မှာ ရေသီးလေးတွေတောင် သီးနေသေးတယ်။ ကြည့်ရပုံအရတော့ ဒီရေဘူးက ရေခဲသေတ္တာထဲကနေယူထားပြီး ဒီနေရာမှာထားထားတာမကြာလောက်သေးဘူး။ Vegasကတကူးတကထယူပေးထားတာဖြစ်နိုင်တယ်။ ဒီလိုဆို အခုငါ့ခါးပေါ်ကတင်းကြပ်နေတဲ့လက်က Vegasတမင်လုပ်နေတာပဲနေမှာ။

ဒီကောင် နိုးနေရဲ့သားနဲ့ အိပ်ချင်ယောင်ဆောင်ပြီး ငါ့ကိုဖက်ထားတာပဲနေမှာ။ ရေခဲရေဘူးက ရေသီးတွေထနေပုံက ဒီရေဘူးကိုထုတ်ထားတာ ဘယ်လောက်မှမကြာသေးဘူးဆိုတာသက်သေခံနေလေတယ်။

ငါခန္ဓာကိုယ်ကို တမင်လှုပ်လိုက်တယ်။ ငါရုတ်တရက် ဒီလိုလှုပ်လိုက်မယ်မထင်တာကြောင့် အဲ့ဖက်ထားတဲ့လက်က နည်းနည်းပြေလျော့သွားတယ်။ ဒါပေမယ့် အဲ့ဒါခဏပဲ။ အဲ့လက်က ချက်ချင်းကိုပဲ ငါ့ခါးထက်မှာပြန်တင်းကြပ်သွားတယ်။ ငါ့ကိုဖက်ထားတဲ့ ငါ့အနောက်ဖက်ကVegas တကယ်ကိုနိုးနေတယ်ဆိုတာငါသိတယ်။ ငါနောက်တခါထပ်ပြီးလှုပ်လိုက်တယ်။ ဒီတစ်ခါတော့ တင်းတင်းကြပ်ကြပ်ဖက်ထားတာကြောင့် လက်ကမလျော့သွားတော့ဘူး။

“Vegas ! မင်းနိုးနေတာ ငါသိတယ်နော် ! ”

ငါ့ကိုများလာလိမ်ချင်ရတယ်လို့။ လိမ်နေတာ မပိရိပဲနဲ့။ ငါ့ခန္ဓာကိုယ်ကိုအဆက်မပြတ်ပဲ ငရှဉ့်တစ်ကောင်လိုမျိုး လှုပ်ရွနေလိုက်တယ်။ ကဲ .. ချုပ်လို့ရအောင်ချုပ်ထားကြည့်စမ်း။ မင်းပဲချုပ်နိုင်မလား ငါပဲရုန်းနိုင်မလားကြည့်ကြတာပေါ့။

ငါကလှုပ်တယ် ၊ Vegasကသေချာချုပ်တယ်။ ငါဒီလောက်လှုပ်ရွနေတာတောင် Vegasက ဟန်မပျက်ပဲ ဆက်ချုပ်ထားတုန်းပဲ။ ဒါပေမယ့် အချိန်ကြာလာတော့ သူထပ်သည်းမခံနိုင်ပုံမျိုးနဲ့ အားးခနဲတစ်ချက်အော်လာပြီးနောက် ငါ့လက်နှစ်ဖက်ကိုချုပ်လို့ ငါ့ခန္ဓာကိုယ်ပေါ် တက်ခွလာခဲ့တယ်။ ငါတို့နှစ်ယောက်က ညကလုံးထွေးပြီးထားကြတော့ ဘာတစ်ခုမှပြန်မဝတ်ထားကြတာကြောင့် အခုငါတို့ခန္ဓာကိုယ်က အဝတ်ကင်းမဲ့နေတယ်။ ဧည့်ခန်းကဆိုဖာကနေ အခန်းထဲကမွေ့ယာထိ ခရီးဆက်ခဲ့လို့သာ ငါတို့နှစ်ယောက် အခုလိုကုတင်ပေါ်ရောက်နေတာ။ မဟုတ်ရင် ကင်းမဲ့နေတဲ့အဝတ်ဗလာခန္ဓာကိုယ်နဲ့ အိမ်ရှေ့ဧည့်ခန်းကဆိုဖာမှာတင် မှောက်နေလောက်တယ်။

Vegasက အကာအကွယ်ဝတ်ထားခဲ့တာကြောင့် သူပြီးမြောက်တုန်းက ငါ့အထဲကိုလွှတ်ထုတ်ခဲ့တာမျိုးမရှိတာမို့ ငါလည်းသန့်ရှင်းရေးလုပ်စရာမလိုတာနဲ့ ဒီအတိုင်းပဲအိပ်ပစ်လိုက်တာ။ အခုတော့ အနေအထားက မျက်နှာပူစရာတွေဖြစ်ကုန်ရပြီ။

“Vegas .. မင်းငါ့ကိုမလွှတ်ဘူးလား ”

“မလွှတ်ဘူးဆို ဘာလုပ်မလို့တုန်း ။ ခုနကလိုမျိုး ငရှဉ့်လေးတစ်ကောင်လို လှုပ်ရွဦးမလို့လား ”

“လှုပ်သင့်လှုပ်ရမှာပေါ့ ။ မင်းကအတင်းကြီးဖက်ထားတာကိုး ”

Vegasကငါ့စကားကိုကြားတော့ နှုတ်ခမ်းကိုတွန့်လို့ပြုံးလေတယ်။ အဲ့အပြုံးက ငါ့စကားအပေါ် လုံးဝကိုသဘောကျသွားသလိုမျိုး။ ပြုံးစရာမရှိလည်း ပြုံးနေတော့တာပဲ။ Vegasကတော့ လူအများသိထားကြတဲ့သတင်းနဲ့မတူ အရမ်းကိုမျက်နှာရူးတာ။ ငါသူ့ကို မျက်နှာရူးလို့ နာမည်ပေးထားတာလွန်ရာမကျဘူး။ Vegasကိုက မျက်နှာအရမ်းရူးတာမို့။

“ကြိုက်လို့ဖက်တာပေါ့ ၊ ဘယ်သူကမကြိုက်ရင်ဖက်မလဲ ”

“ဟ ! လှုပ်ရင်တော့ လွှတ်ပေးဦးလေ ”

“မင်းကလွှတ်ချင်စရာမှမကောင်းတာ ”

Vegasကငါနဲ့ တစ်ခွန်းပြီးတစ်ခွန်းကို စကားနိုင်လုနေတော့တာ။ ငါသူ့ကိုဘယ်လိုမှစကားပြိုင်မရမှာသေချာသလောက်ရှိတာမို့ အကြည့်လွှဲလိုက်ပြီး ပါးစပ်သာပိတ်ထားလိုက်တော့တယ်။ ဒီလိုကျတော့လည်း Vegasကသဘောမကျပုံဖြင့် ငါ့လည်တိုင်ကိုတိုးဝှေ့လာခဲ့ပြီး ညတုန်းကလည်း သူကိုက်ခဲထားလို့ပေါက်ထားလေတဲ့ လည်စလုပ်ကိုထပ်ကိုက်လာခဲ့တယ်။

သွားချွန်ချွန်ရဲ့ထိတွေ့မှုက ငါ့ကိုကြက်သီးထသွားစေတယ်။ ညတုန်းကသူကိုက်တာ သွားရာပဲထင်တယ်ဆိုရင် အခုတစ်ခေါက်ကိုက်တာ ပေါက်သွားလောက်တယ်။ လည်တိုင်သွေးထွက်တာက အရမ်းကိုအန္တရာယ်များတဲ့ကိစ္စ။ ဒီကောင်ကတော့ ငါ့ကိုတမင်ကိုရန်စနေတော့တာပဲ။

ငါသူ့ကိုတွန်းထုတ်ဖို့လုပ်ပေမယ့် ငါ့လက်နှစ်ဖက်လုံးက သူ့ရဲ့ချုပ်နှောင်ထားမှုကိုခံထားရတာမို့ နည်းနည်းလေးမှလှုပ်လို့မရဘူး။ ပြီးတော့ ငါကheatကြောင့်အားနည်းနေတာမို့ ထင်သလောက်လည်း မလှုပ်နိုင်လေဘူး။ စိတ်ပေါက်လာတာကြောင့် ငါခပ်တိုးတိုးသာ ဆဲရေးလိုက်တော့တယ်။ Vegasကဒါကိုကြားတော့ လည်တိုင်ကိုဖိကပ်ထားရင်းကနေ ခပ်ဟဟရယ်မောလာတယ်။ အဲ့ဒီရယ်သံက သဘောကျလို့ရယ်နေတာဆိုတာ အသိသာကြီးပင်။

“မင်းငါ့ကိုအသေသတ်မလို့လား Vegas ”

ငါအသံတိုးတိုးနဲ့မေးလိုက်တော့မှ သူကငါ့လည်တိုင်ဆီကနေ ဖယ်ခွာသွားတော့တယ်။ ပြီးတဲ့နောက် ငါ့မျက်ဝန်းကိုဆုံကြည့်လာပြီး ရယ်မြူးရိပ်သမ်းနေလျက် စကားပြန်ပြောလာတယ်။

“အချစ်ကလေးကိုအသေသတ်လိုက်ရင် ကိုယ်ပဲရင်ကွဲရမှာကို ၊ အသေသတ်လိုက်စရာလား ”

“ဒါနဲ့ အချစ်ကလေးက heatဖြစ်နေတာတောင် စွာနေနိုင်သေးတယ်နော် ”

သူကငါ့ကိုမထိတထိပြောပြီးနောက် သူ့ဒူးကိုသုံးလို့ ငါ့ခြေထောက်ကြားထဲကတစ်နေရာကိုထိတွေ့လာခဲ့တယ်။ အဲ့ဒီတစ်နေရာအပြင် တခြားနေရာကိုပါထိတွေ့လာခဲ့တော့ အိပ်ချင်စိတ်မပြေသေးတဲ့ ငါ့မျက်ဝန်းတွေ ပြူးကျယ်သွားရတယ်။ အနောက်ရပ်ဝန်းကစေးကပ်နေမှုတွေက သူ့ဒူးခေါင်းကိုထိနေမှာသေချာနေတာတောင် သူကဂရုမစိုက်တဲ့ပုံနဲ့ သူ့ဒူးနဲ့ငါ့အနောက်ဘက်ကို ပွတ်တိုက်ပေးနေတယ်။ အဲ့ခံစားချက်က ငါ့ကိုပေါက်ကွဲ‌သွားတော့မလို ထူးဆန်းလာစေတယ်။

“Vegas တော်တော့ ၊ ငါလိုချင်နေတာမှန်ပေမယ့် ထပ်မလုပ်နိုင်သေးဘူး ”

ညတုန်းက ငါတို့နှစ်ယောက် အသေအကြေလုံးထွေးခဲ့ကြတာလေ။ heatကြောင့်မို့ Vegasရဲ့ဖယ်ရိုမုန်းနဲ့တခြားထိတွေ့မှုတို့ကို လိုအပ်နေတာမှန်ပေမယ့် ငါတကယ်ကိုမခံနိုင်တော့ဘူး။ ညကလုပ်ထားတာကို အခုမနက်သာထပ်လုပ်လိုက်ရင် ငါတကယ်ကိုဒေါင်းသွားလောက်တယ်။ ငါ့ကိုဒီလိုဖြစ်သွားအောင်တော့ Vegasလုပ်မှာမဟုတ်လောက်လို့ထင်တာကြောင့် ငါလှမ်းပြီးတားမြစ်လိုက်တယ်။

တကယ်လည်း Vegasကစကားနားထောင်တယ်။ ငါ့စကားကိုကြားတာနဲ့ သူ့ဒူးခေါင်းရဲ့ပွတ်တိုက်နေမှုကိုရပ်လိုက်လေတယ်။ ဒီလိုစကားနားထောင်မှုနဲ့အတူ ဂရုစိုက်မှုတို့ကြောင့် ငါ့ရင်ကနွေးထွေးသွားရတယ်။

“ဒါနဲ့ ခုနကရုန်းနေတာ ဘာလုပ်ဖို့ ? ”

Vegasဆီကအမေးကိုကြားလိုက်ရတော့ ငါချက်ချင်းပြန်မဖြေနိုင်သေးဘူး။ သူ့ပွတ်တိုက်မှုတွေကြောင့် ကြွတက်လာတဲ့ငါ့စိတ်ကိုပြန်ပြီးထိန်းချုပ်နေရတာမို့။ ပြီးတဲ့အခါမှ သူမေးလိုက်တာကိုစဉ်းစားပြီး ပြန်ဖြေနိုင်တော့တယ်။

“အာခေါင်ခြောက်လို့ ရေသောက်ချင်လို့ ”

ရေသောက်ချင်လို့ပဲလို့ ဖြေလိုက်ရင်ရရဲ့နဲ့ ငါဘာလို့ အကုန်ဖြေနေမိလဲဆိုတာ ငါ့ကိုယ်ငါတောင်မသိဘူး။ သေချာတာကတော့ ငါ့ကိုကြည့်လို့နေတဲ့Vegasကြောင့် အကုန်ပြောပြသွားချင်တာဖြစ်လိမ့်မယ်။ Vegasကငါ့ကိုအုပ်မိုးထားတုန်းပဲ၊ သူ့လက်နှစ်ဖက်ကလည်း ငါ့လက်ကောက်ဝတ်တွေကို ကုတင်ထက်မှာဖိချထားတုန်း။ သူကငါ့ကိုငုံ့မိုးကြည့်နေရာကနေ ငါ့ဆီကအဖြေကိုကြားတော့ ခန္ဓာကိုယ်ကိုဖယ်သွားလေတယ်။ လက်တွေကိုလည်း လွှတ်ပေးလာခဲ့တယ်။

သူဖယ်ပေးသွားတာမို့ ငါထသောက်လိုက်ဖို့ပြင်လိုက်ပေမယ့် ရုတ်တရက်ဆိုသလို ထလုပ်လိုက်တဲ့သူ့အပြုအမူကြောင့် ငါလုံးဝကိုအံ့အားသင့်သွားရတယ်။ စားပွဲပေါ်ကရေဘူးကိုမော့ပစ်လိုက်ပြီးနောက် ငါ့မေးရိုးကိုလက်နဲ့ထိန်းကိုင်ပင့်မော့လိုက်ပြီး ငါ့နှုတ်ခမ်းကိုဖိကပ်လို့နမ်းလာခဲ့ခြင်းပင်။

ဟလိုက်တဲ့နှုတ်ခမ်းတွေကြောင့် ရေအချို့က ငါ့ခံတွင်းထဲရောက်လာပေမယ့် တချို့တဝက်ကတော့ ငါ့ပါးစပ်ကနေတဆင့် လည်တိုင်ဆီစီးကျသွားတယ်။

Vegasလုပ်လိုက်တာ ငါ့ကိုအံ့အားသင့်သွားစေတာမှန်ပေမယ့် ငါ့စိတ်ထဲမှာတော့ ဒါကိုမလိုအပ်ဘူးမဟုတ်လားလို့တွေးနေမိတုန်းပဲ။ ငါ့ဟာငါသောက်လိုက်ရင် ပိုအဆင်ပြေပြီး ရေပိုဝင်မှာလေ။ အခုသူလုပ်လိုက်တာကြည့်ပါဦး၊ ရေသောက်ဖို့နည်းလမ်းက အရမ်းခက်ခဲနေတဲ့အပြင် ရေတွေက နှမြောဖို့ကောင်းလောက်အောင် အောက်ကိုလည်းဖိတ်ကျကုန်ပြီ။ ဒါရေဖြုန်းတီးမှုပဲမဟုတ်ပါလား။

ရေတွေအကုန်ပြောင်စင်သွားတာတောင် သူကငါ့နှုတ်ခမ်းကိုပြန်မလွှတ်ပေးလာခဲ့ဘူး။ အတင်းဖိကပ်လို့ ဆက်နမ်းနေတယ်။ အဲ့အနမ်းတွေက ဆန္ဒကိုထိုးဆွနိုင်ပြီး အလွန်တရာနင့်နဲနေတာကြောင့် ငါလည်းဖယ်ခွာလိုက်ဖို့မတတ်နိုင်ဘူး။ Vegasရဲ့အနမ်းတွေအတိုင်း ငါအလိုက်သင့်တုံ့ပြန်နေမိတယ်။ Vegasက နမ်းရတာသဘောကျနေပုံမျိုးဖြင့် ထပ်ကာထပ်ကာကို ခေါင်းကိုဘယ်ညာလှည့်လို့နမ်းနေလျက်ရှိတယ်။

ငါရောဘာထူးလဲ ၊ အဲ့လိုပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့အနမ်းတွေကိုကြိုက်နေတုန်းပါပဲ။ နည်းနည်းလေးမှမငြင်းဆန်နိုင်ပဲ သူ့အလိုကျပဲ ထိုအနမ်းတို့ကြားမှာ စုန်ချည်ဆန်ချည် ကူးသန်းနေခဲ့တယ်။

ဒါပေမယ့် ငါတို့တွေ အရာရာကိုမေ့ပျောက်ကာနမ်းနေကြတုန်းမှာပဲ ခပ်ကျယ်ကျယ်ဘဲလ်သံတစ်ခုက ငါတို့အာရုံတွေကို ဝင်ရောက်နှောင့်ယှက်သွားတယ်။ အသံကအရမ်းကျယ်နေလေတယ်။ Vegas ငါ့နှုတ်ခမ်းကိုလွှတ်ပေးလာတော့ အဲ့ဒီ့အသံလားရာကို ငါမျက်လုံးဖွင့်ပြီးကြည့်လိုက်မိတယ်။ Vegasကသိပ်ကိုဆန်းကြယ်တဲ့လူဆိုတာ ငါသိလိုက်ပြီ ၊ ဘာလို့ဆို ဘဲလ်အချက်ပေးကို အခန်းထဲကနံရံမှာတပ်ဆင်ထားသည်မို့။

ငါ့အကြည့်တွေကိုမြင်တော့ Vegasကဘာတွေးနေလဲသိသွားတဲ့ပုံနဲ့ ဂုတ်ပိုးကိုတစ်ချက်ပွတ်လို့ အသံဝဲဝဲဖြင့်ပြောလာလေတယ်။ အံ့ဖွယ်ပါပဲ ၊ Vegasရဲ့ရှက်သွားတဲ့ပုံစံကို ငါမြင်ဖူးလိုက်ပြီမို့။

“အပြင်မှာလည်းတစ်ခုရှိတယ် ။ အခန်းထဲမှာတပ်လိုက်တာက ငါကအပြင်မှာထက် အခန်းထဲပဲအနေများတော့ တစ်ယောက်‌ယောက်လာရင် မသိလိုက်မှာဆိုးလို့ ”

“အင်းပါ ၊ ကောင်းပါတယ် ”

အရမ်းသိသာလွန်းတယ်။ ငါ့အသံက ဝတ်ကျေတမ်းကျေပြန်ဖြေပေးလိုက်တယ်ဆိုတာ အရမ်းကိုမှသိသာလွန်းတယ်။ ဒါပေမယ့် သူကဘာမှပြောလာခြင်းမရှိဘူး။ စိတ်ဆိုးသွားတာမျိုး၊ စိတ်ခုသွားတာမျိုးလည်းမရှိဘူး။ အဲ့ဒီ့အစား ပြုံးလိုက်ပြီးတော့ ငါ့ခေါင်းကိုတောင် ပုတ်သွားခဲ့သေးတယ်။ သူ့ရဲ့ခပ်သွယ်သွယ်လက်ချောင်းတို့က ငါ့ခေါင်းကနေမဖယ်ခွာသွားခင်မှာပဲ ငါ့ဆံပင်တွေကိုတောင် ထိုးဖွသွားခဲ့သေးတယ်။

ဖွာသွားတဲ့ငါ့ဆံပင်တွေကိုတော့ ငါ့ဟာငါပဲစိတ်ရှုပ်ရှုပ်နဲ့ ပြန်သပ်နေရတယ်။ နောက်များမှပြောထားရပါဦးမယ်၊ ငါ့ဆံပင်ကိုကိုင်တာမကြိုက်ဘူးဆိုတာကိုပေါ့။ အခုကတော့ ထားလိုက်ပါတော့။

“ကိုယ်သွားကြည့်လိုက်ဦးမယ် ။ ဒီအချိန်ကြီး ဘယ်သူလဲမသိဘူး ”

ဒီအချိန်ကြီးလို့ပြောလိုက်ပြီးမှ ငါတို့နှစ်ယောက်လုံး စားပွဲထက်က ဒီဂျစ်တယ်နာရီကိုလှမ်းကြည့်လိုက်ကြတယ်။ မနက်ဆယ်ခွဲဖြစ်နေလေပြီ။ ဒါက ဒီအချိန်ကြီးလို့ရေရွတ်နိုင်စရာအချိန်မျိုးမဟုတ်တော့။ ကြည့်ရတာ Vegasက အစောကြီးရှိသေးတယ်ထင်လို့ ပြောလိုက်တာနေမယ်။ ငါတို့နှစ်‌ယောက်လုံး ညကမိုးလင်းတဲ့အထိ လုံးထွေးထားကြတာ၊ ဒီအချိန်လောက်နဲ့ပြန်နိုးလာတာပဲ အံ့ဩဖို့ကောင်းနေပြီ။

“Vegas ဘောင်းဘီ ... ”

Shiaaa..သေလိုက်ပါတော့ ! Vegasကလူတစ်ယောက်နဲ့လုပ်နေတယ်ဆိုတာကို အခုလာတဲ့သူကိုပြောပြချင်နေတာလား။ ငါသာလှမ်းသတိမပေးလိုက်ရင် ကိုယ်တုံးလုံးကြီးနဲ့ အပြင်ထွက်သွားတော့မှာ။ ငါလှမ်းပြောလိုက်ကာမှ အခန်းတံခါးဝဆီလှမ်းနေတဲ့ခြေလှမ်းတို့က အနောက်ကိုပြန်ဆုတ်လာပြီး ဗီရိုထဲကဘောင်းဘီတစ်ထည်ကိုထုတ်ဝတ်လိုက်လေတယ်။ အပေါ်ကိုတော့ ဘာမှဝတ်ဖို့လုပ်မနေတော့တဲ့Vegasကို ငါဒီအတိုင်းသာကြည့်နေလိုက်တယ်။

ဘာရယ်တော့မဟုတ်ပါဘူး၊ ကြည့်လို့ကောင်းလို့ ကြည့်နေရုံပဲ။ အားကစားသေချာလုပ်ထားလို့ တောင့်တင်းနေတဲ့Vegasရဲ့ဘော်ဒီက သိပ်ကိုကြည့်လို့ကောင်းတာမို့။

“အဝတ်လဲချင် ဒါတွေယူဝတ်လို့ရတယ်နော် ”

“အင်း ”

အခန်းထဲကထွက်သွားတဲ့Vegasကို ငါဒီလိုပြန်ဖြေလိုက်ပေမယ့် ထချင်စိတ်လည်းမရှိသေးတာကြောင့် အဝတ်ဝတ်ဖို့ဆို ဝေးလာဝေးပေါ့။ ငါတို့နှစ်ယောက်ရဲ့ ခုနကလေးတင်ဖြစ်ထားတဲ့လှုပ်ရှားမှုတို့ကြောင့် ခြေရင်းဖက်နားမှာပုံနေတဲ့စောင်ကို ငါဆွဲယူလိုက်ပြီး ခန္ဓာကိုယ်ပေါ် ပြန်ခြုံထားလိုက်တယ်။ Vegasအခန်းက air-conဖွင့်ထားတော့ အလိုလိုကိုအေးစိမ့်နေတော့တာကြောင့် အဝတ်မရှိကိုယ်နဲ့ ဒီတိုင်းနေနေလို့မရပေ။ စောင်ကိုတစ်ကိုယ်လုံးပတ်ပစ်လိုက်မှ နေသာထိုင်သာရှိသွားတယ်။

အိမ်ရှေ့ကသူကဘယ်သူလဲဆိုတာသိချင်ပေမယ့်လည်း ထကြည့်ဖို့ပျင်းနေတာကြောင့် စောင်ခြုံရက်သားနဲ့ ခပ်ငြိမ်ငြိမ်သာနေနေလိုက်တယ်။ မဟုတ်လည်း Vegasပြန်လာရင်သိရမှာပဲဟာ။ အလျင်လိုစရာတော့မလိုပါဘူး။

air-conရဲ့အေးစိမ့်နေမှုရယ်၊ စောင်ထူထူရဲ့နွေးထွေးမှုရယ်က သိပ်ကိုပနံသင့်နေလေကာ ငါ့ရဲ့အိပ်ချင်စိတ်တို့ကို ပြန်သယ်ဆောင်ပေးလာတယ်။ ငါအဲ့ဒီလိုအိပ်ပျော်တော့မယ့်ဆဲဆဲမှာတင် အခန်းထဲVegasဝင်လာကြောင်း သိလိုက်ရတယ်။ မျက်လုံးမှိတ်ထားရက်နဲ့ ငါဘာလို့သိလိုက်တာလဲဆိုရင် သူ့ဆီကနေရတတ်တဲ့ ကျွန်းသစ်ရနံ့ကြောင့်ပင်။ မွေ့ယာကအိခနဲဖြစ်သွားပြီးနောက် ငါ့တစ်ကိုယ်လုံး ပွေ့ဖက်ခံလိုက်ရတော့တယ်။ လက်နဲ့တင်မဟုတ် ခြေထောက်နဲ့ပါအခွခံလိုက်ရတာ။ Vegasကတော့ အားနေ အသားယူနေတော့တာပဲ။

“ဘယ်သူလာတာလဲ ”

“ကိုယ့်ညီ ။ ပိတ်ရက်ဆို သူဒီလာတတ်တာ မေ့နေတယ် ”

“ဒီနေ့က ပိတ်ရက်လား ”

“အင်း စနေ ”

စနေ ။ ငါ့ခေါင်းထဲ စနေနေ့မှာရှိတဲ့ အစ်ကိုလေးရဲ့ရိုက်ကွင်းတစ်ခုအကြောင်း သတိရသွားတယ်။ အစ်ကိုလေးက အဲ့ဒီရိုက်ကွင်းကိုသွားရင် ဟိုနှစ်ကောင်ကိုမခေါ်ပဲ ငါနဲ့ပဲသွားမယ်လို့ပြောထားဖူးတယ်။ ဟိုနှစ်ကောင်က သူနဲ့သေသေချာချာအတင်းမပြောပေးတတ်ပဲ ငါကသာ သေချာပြောပေးတတ်လို့တဲ့လေ။ အဲ့ရိုက်ကွင်းမှာ အပြိုင်သရုပ်ဆောင်မင်းသားကို အစ်ကိုလေးကသိပ်အမြင်ကတ်နေတာ။ သူပြောသမျှ ငါကမညည်းမညူနားထောင်ပေးနိုင်တာဆိုတော့ ငါ့ကိုခေါ်သွားချင်တာ မထူးဆန်းပါဘူး။

ဒါပေမယ့် ဒီအခြေအနေနဲ့ ငါ့ကိုဘယ်လိုခေါ်သွားလို့ရတော့မလဲ။ အစ်ကိုလေးအကြောင်းတွေးလိုက်တော့ ငါခေါင်းတောင်ကိုက်ချင်သွားတယ်။ ပြီးတော့ လက်အုပ်ချီလိုက်ကာ စိတ်ထဲကနေပြီး အစ်ကိုလေးကိုလှမ်းတောင်းပန်လိုက်တယ်။

“ဘာလုပ်နေတာလဲ ”

ငါလက်အုပ်ချီထားတာကိုမြင်သွားလို့ထင်တယ်။ Vegasကမေးခွန်းထုတ်လာလေတယ်။ ငါဒီလိုလက်အုပ်ချီရတာ ဘယ်သူ့ကြောင့်မို့လို့လဲ။

“အစ်ကိုလေးကို တောင်းပန်နေတာ ”

“ဟားဟား .. ဘယ်လိုတောင် ကြောင်ရတာလဲကွာ ”

သူကငါ့ကိုဒီလိုပြောတယ်! သူကငါ့ကိုဒီလိုပြောပြီး ရယ်တယ်ပေါ့လေ။ ငါဒီလိုလုပ်နေရတာ တကယ်ပဲဘယ်သူ့ကြောင့်မို့လို့လဲ။ သူသာငါ့ကိုမနှိုးဆော်လိုက်ရင် ငါheatဖြစ်စရာအကြောင်းလည်းမရှိတာကို။ ငါ့စိတ်ကလေး ပိစိလောက်တိုသွားရတာကြောင့် စောင်ထုပ်ထဲကနေရုန်းထွက်လိုက်ပြီး သူ့ဘက်ကိုလှည့်လို့ ပိတ်တွန်းပစ်လိုက်တယ်။ သူကတော့ ရယ်မောရင်းနဲ့ပဲ ငါ့ကိုပြန်ဖက်ထားတယ်။

“ကိုယ့်မိန်းမလေး စိတ်ဆိုးသွားတာလား ”

“မင်းကိုသေအောင်ကိုရိုက်နှက်ပစ်ဦးမယ် ။ ငါ့ကိုကြောင်တယ်လို့ပြောတယ်ပေါ့လေ ”

“နေပါဦး ! ကိုယ့်မိန်းမလေးလို့ပြောတာကိုတောင်စိတ်မဆိုးပဲ အဲ့ဒီပထမစကားကိုကျစိတ်ဆိုးသွားတယ်ပေါ့ ”

ငါ့ဟာငါဘယ်ဟာကိုစိတ်ဆိုးဆိုးပေါ့။ သူကငါ့ကိုမေးခွန်းပြန်ထုတ်နေပြန်ပြီ။ ပြီးတော့ သူပြောလာတဲ့ ‘မိန်းမလေး’ဆိုတဲ့စကားစုက သူ့အသံနဲ့အရမ်းလိုက်ဖက်ပြီး နားထောင်လို့ကောင်းနေတာကြောင့် ငါစိတ်မဆိုးမိပဲဖြစ်သွားတာလား။ သေချာတာတော့ ငါ့စိတ်ထဲမှာ နည်းနည်းလေးမှတောင် အနှောင့်အယှက်ဖြစ်မသွားခဲ့ဘူး။ သူပြောမှပဲ ငါဘာလို့စိတ်မဆိုးရတာလဲဆိုတာကို အကျယ်တဝင့်စဉ်းစားမိသွားပြီ။

ငါ့အမူအယာကိုဖမ်းမိသွားတော့ သူကပြုံးစိစိနဲ့ ‘ဟီးဟီး’လို့ရေရွတ်လာခဲ့တယ်။ ငါစိတ်မဆိုးတာကို သိပ်ကိုကျေနပ်နေတဲ့ပုံဖြင့်။

“ကိုယ့်မိန်းမလေး ၊ ကိုယ့်မိန်းမလေး ၊ ကိုယ့်မိန်းမလေး ”

သူကတစ်ခါခေါ်လိုက် ငါ့ပါးကိုတစ်ချက်နမ်းလိုက် ၊ တစ်ခါခေါ်လိုက် ငါ့ပါးကိုတစ်ချက်နမ်းလိုက်ဖြင့် ရွှင်မြူးနေလေတယ်။ ငါလည်း သူ့ကိုတကယ်မနိုင်တော့တာကြောင့် လွှတ်သာထားလိုက်တော့တယ်။ အိပ်ချင်စိတ်ကမပြေသေးတာကြောင့် ငါဖယ်ခွာပစ်လိုက်တဲ့စောင်ကို ပြန်ခြုံလိုက်တယ်။ သူကလည်း ငါစောင်ခြုံပြီးသွားမှ ပြန်ဖက်လာခဲ့တယ်။ အဲ့ဒီနောက်တော့ သူ့ရဲ့ငါ့လက်မောင်းကိုပုတ်ပေးလာခဲ့တဲ့ လက်ရဲ့ထိတွေ့မှုအောက်မှာ ငါ့မျက်လုံးတွေမှေးစင်းကျသွားတော့တယ်။

‘ကိုယ်မင်းကိုသဘောကျတယ် Pete’ဆိုတဲ့စကားလုံးတွေကို ငါအိပ်မပျော်ခင်ကြားလိုက်ရသလိုပဲ။ သေတော့မသေချာပါဘူး၊ တကယ်လား အိပ်မက်လားဆိုတာ ငါ့ဟာငါတောင်သဲသဲကွဲကွဲမသိတာမို့။

- Be My Side -

တစ်ယောက်ကမေးထားတာနဲ့ ပြောပြစရာလေးရှိတာကို ပီကန်သတိရသွားလို့ ထည့်ပြောပြလိုက်ပါတယ် ။ ကိုယ်က ဒါကို destined mateပုံစံမျိုး ထည့်ရေးမှာမဟုတ်ပါဘူး ၊ ကံကြမ္မာအရတွဲဖက်ပေးထားတဲ့ ဖယ်ရိုမုန်းရနံ့ရလိုက်တာနဲ့ ကိုယ့်တွဲဖက်မှန်းသိတဲ့ အဲ့ဒီလိုပုံစံမျိုးမရွေးချယ်ထားပါဘူး ။ အချစ်ကြောင့်နဲ့ ချစ်တဲ့သဘောမျိုးပဲရေးမှာပါ ။ ဒါ့ကြောင့် နောက်ပိုင်းမှာလည်း soulmateပေါ်လာစရာမရှိပါဘူး ။ သူတို့ကသာ အချင်းချင်းရဲ့ soulmateပါ ><

တော်တော်များများလည်း Destined Mateကိုမရေးကြတော့တာများတယ် ၊ ဘာလို့ဆို အဲ့ဒါက သိပ်ကိုရှုပ်လို့ပါ ။ တချို့mangaဇာတ်လမ်းတွေမှာဆို ကိုယ်ချစ်တာကတစ်ယောက် ၊ ကိုယ့်ရဲ့ destined mateကတစ်ယောက် ။ အဲ့ဒီလိုမျိုးဆို တအားဝမ်းနည်းဖို့ကောင်းပါတယ် ။ ဒါ့ကြောင့်မို့ ပီကန်ကအဲ့လိုမျိုးမရေးပါဘူး ။ ပြီးတော့ ဇာတ်ဆောင်အချင်းချင်းက Destined Mateဆိုတာမျိုးကိုလည်း မကြိုက်ပါဘူး ၊ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကျွမ်းဝင်မှုတောင်မှမရှိသေးပဲနဲ့ တစ်ယောက်ရဲ့ရနံ့ကိုတစ်ယောက်ကရလိုက်ရုံနဲ့ စိတ်ကြွတက်လာတာမျိုးတွေ ၊ အလိုလိုချစ်သွားတာမျိုးတွေ မကြိုက်လို့ပါ ။ ကိုယ်ကတော့ တဖြေးဖြေးနဲ့  သူတို့စိတ်ဆန္ဒအတိုင်း ချစ်သွားကြတာကိုပဲကြိုက်ပါတယ် 💗

15 July 2022 (Fri)

zg;

Pete ;

ႏွာဝမွာသင္းေနတဲ့ ကြၽန္းသစ္ရနံ႔ေဖ်ာ့ေဖ်ာ့နဲ႔အတူ တင္းၾကပ္ေနတဲ့လက္တစ္စုံရဲ႕ေအာက္မွာ ငါႏိုးထလာရတယ္။ ငါ့တစ္ကိုယ္လုံးႏုံးေနေပမယ့္ ငါ့အတြင္းစိတ္ထဲကတစ္စုံတရာက မလုံေလာက္ေသးဘူးလို႔ေျပာေနေလတယ္။ ဒါက ငါ့heatကေနျဖစ္ေနတာပဲ။ ငါဒီတစ္ခါ တကယ္ကိုheatဝင္တာျဖစ္ၿပီး ၾကည့္ရတာေတာ့ အခုတစ္ေခါက္က တကယ္ကိုၾကာေလာက္မယ္။

ငါအာေခါင္ေျခာက္ေနတာေၾကာင့္ ကုတင္ေဘးစားပြဲေပၚက အဆင္သင့္ထားထားေလတဲ့ေရခဲေရဘူးကို လွမ္းယူဖို႔ႀကိဳးစားလိုက္တယ္။ ဒါေပမယ့္ တင္းၾကပ္ေနတဲ့ခါးေပၚကလက္ေၾကာင့္ ငါနည္းနည္းေလးေတာင္ ေရွ႕တိုးလို႔မရဘူးျဖစ္ေနတယ္။

ေရခဲေရဘူးရဲ႕ပတ္ပတ္လည္မွာ ေရသီးေလးေတြေတာင္ သီးေနေသးတယ္။ ၾကည့္ရပုံအရေတာ့ ဒီေရဘူးက ေရခဲေသတၱာထဲကေနယူထားၿပီး ဒီေနရာမွာထားထားတာမၾကာေလာက္ေသးဘူး။ Vegasကတကူးတကထယူေပးထားတာျဖစ္ႏိုင္တယ္။ ဒီလိုဆို အခုငါ့ခါးေပၚကတင္းၾကပ္ေနတဲ့လက္က Vegasတမင္လုပ္ေနတာပဲေနမွာ။

ဒီေကာင္ ႏိုးေနရဲ႕သားနဲ႔ အိပ္ခ်င္ေယာင္ေဆာင္ၿပီး ငါ့ကိုဖက္ထားတာပဲေနမွာ။ ေရခဲေရဘူးက ေရသီးေတြထေနပုံက ဒီေရဘူးကိုထုတ္ထားတာ ဘယ္ေလာက္မွမၾကာေသးဘူးဆိုတာသက္ေသခံေနေလတယ္။

ငါခႏၶာကိုယ္ကို တမင္လႈပ္လိုက္တယ္။ ငါ႐ုတ္တရက္ ဒီလိုလႈပ္လိုက္မယ္မထင္တာေၾကာင့္ အဲ့ဖက္ထားတဲ့လက္က နည္းနည္းေျပေလ်ာ့သြားတယ္။ ဒါေပမယ့္ အဲ့ဒါခဏပဲ။ အဲ့လက္က ခ်က္ခ်င္းကိုပဲ ငါ့ခါးထက္မွာျပန္တင္းၾကပ္သြားတယ္။ ငါ့ကိုဖက္ထားတဲ့ ငါ့အေနာက္ဖက္ကVegas တကယ္ကိုႏိုးေနတယ္ဆိုတာငါသိတယ္။ ငါေနာက္တခါထပ္ၿပီးလႈပ္လိုက္တယ္။ ဒီတစ္ခါေတာ့ တင္းတင္းၾကပ္ၾကပ္ဖက္ထားတာေၾကာင့္ လက္ကမေလ်ာ့သြားေတာ့ဘူး။

“Vegas ! မင္းႏိုးေနတာ ငါသိတယ္ေနာ္ ! ”

ငါ့ကိုမ်ားလာလိမ္ခ်င္ရတယ္လို႔။ လိမ္ေနတာ မပိရိပဲနဲ႔။ ငါ့ခႏၶာကိုယ္ကိုအဆက္မျပတ္ပဲ ငရွဥ့္တစ္ေကာင္လိုမ်ိဳး လႈပ္႐ြေနလိုက္တယ္။ ကဲ .. ခ်ဳပ္လို႔ရေအာင္ခ်ဳပ္ထားၾကည့္စမ္း။ မင္းပဲခ်ဳပ္ႏိုင္မလား ငါပဲ႐ုန္းႏိုင္မလားၾကည့္ၾကတာေပါ့။

ငါကလႈပ္တယ္ ၊ Vegasကေသခ်ာခ်ဳပ္တယ္။ ငါဒီေလာက္လႈပ္႐ြေနတာေတာင္ Vegasက ဟန္မပ်က္ပဲ ဆက္ခ်ဳပ္ထားတုန္းပဲ။ ဒါေပမယ့္ အခ်ိန္ၾကာလာေတာ့ သူထပ္သည္းမခံႏိုင္ပုံမ်ိဳးနဲ႔ အားးခနဲတစ္ခ်က္ေအာ္လာၿပီးေနာက္ ငါ့လက္ႏွစ္ဖက္ကိုခ်ဳပ္လို႔ ငါ့ခႏၶာကိုယ္ေပၚ တက္ခြလာခဲ့တယ္။ ငါတို႔ႏွစ္ေယာက္က ညကလုံးေထြးၿပီးထားၾကေတာ့ ဘာတစ္ခုမွျပန္မဝတ္ထားၾကတာေၾကာင့္ အခုငါတို႔ခႏၶာကိုယ္က အဝတ္ကင္းမဲ့ေနတယ္။ ဧည့္ခန္းကဆိုဖာကေန အခန္းထဲကေမြ႕ယာထိ ခရီးဆက္ခဲ့လို႔သာ ငါတို႔ႏွစ္ေယာက္ အခုလိုကုတင္ေပၚေရာက္ေနတာ။ မဟုတ္ရင္ ကင္းမဲ့ေနတဲ့အဝတ္ဗလာခႏၶာကိုယ္နဲ႔ အိမ္ေရွ႕ဧည့္ခန္းကဆိုဖာမွာတင္ ေမွာက္ေနေလာက္တယ္။

Vegasက အကာအကြယ္ဝတ္ထားခဲ့တာေၾကာင့္ သူၿပီးေျမာက္တုန္းက ငါ့အထဲကိုလႊတ္ထုတ္ခဲ့တာမ်ိဳးမရွိတာမို႔ ငါလည္းသန႔္ရွင္းေရးလုပ္စရာမလိုတာနဲ႔ ဒီအတိုင္းပဲအိပ္ပစ္လိုက္တာ။ အခုေတာ့ အေနအထားက မ်က္ႏွာပူစရာေတြျဖစ္ကုန္ရၿပီ။

“Vegas .. မင္းငါ့ကိုမလႊတ္ဘူးလား ”

“မလႊတ္ဘူးဆို ဘာလုပ္မလို႔တုန္း ။ ခုနကလိုမ်ိဳး ငရွဥ့္ေလးတစ္ေကာင္လို လႈပ္႐ြဦးမလို႔လား ”

“လႈပ္သင့္လႈပ္ရမွာေပါ့ ။ မင္းကအတင္းႀကီးဖက္ထားတာကိုး ”

Vegasကငါ့စကားကိုၾကားေတာ့ ႏႈတ္ခမ္းကိုတြန႔္လို႔ၿပဳံးေလတယ္။ အဲ့အၿပဳံးက ငါ့စကားအေပၚ လုံးဝကိုသေဘာက်သြားသလိုမ်ိဳး။ ၿပဳံးစရာမရွိလည္း ၿပဳံးေနေတာ့တာပဲ။ Vegasကေတာ့ လူအမ်ားသိထားၾကတဲ့သတင္းနဲ႔မတူ အရမ္းကိုမ်က္ႏွာ႐ူးတာ။ ငါသူ႔ကို မ်က္ႏွာ႐ူးလို႔ နာမည္ေပးထားတာလြန္ရာမက်ဘူး။ Vegasကိုက မ်က္ႏွာအရမ္း႐ူးတာမို႔။

“ႀကိဳက္လို႔ဖက္တာေပါ့ ၊ ဘယ္သူကမႀကိဳက္ရင္ဖက္မလဲ ”

“ဟ ! လႈပ္ရင္ေတာ့ လႊတ္ေပးဦးေလ ”

“မင္းကလႊတ္ခ်င္စရာမွမေကာင္းတာ ”

Vegasကငါနဲ႔ တစ္ခြန္းၿပီးတစ္ခြန္းကို စကားႏိုင္လုေနေတာ့တာ။ ငါသူ႔ကိုဘယ္လိုမွစကားၿပိဳင္မရမွာေသခ်ာသေလာက္ရွိတာမို႔ အၾကည့္လႊဲလိုက္ၿပီး ပါးစပ္သာပိတ္ထားလိုက္ေတာ့တယ္။ ဒီလိုက်ေတာ့လည္း Vegasကသေဘာမက်ပုံျဖင့္ ငါ့လည္တိုင္ကိုတိုးေဝွ႔လာခဲ့ၿပီး ညတုန္းကလည္း သူကိုက္ခဲထားလို႔ေပါက္ထားေလတဲ့ လည္စလုပ္ကိုထပ္ကိုက္လာခဲ့တယ္။

သြားခြၽန္ခြၽန္ရဲ႕ထိေတြ႕မႈက ငါ့ကိုၾကက္သီးထသြားေစတယ္။ ညတုန္းကသူကိုက္တာ သြားရာပဲထင္တယ္ဆိုရင္ အခုတစ္ေခါက္ကိုက္တာ ေပါက္သြားေလာက္တယ္။ လည္တိုင္ေသြးထြက္တာက အရမ္းကိုအႏၲရာယ္မ်ားတဲ့ကိစၥ။ ဒီေကာင္ကေတာ့ ငါ့ကိုတမင္ကိုရန္စေနေတာ့တာပဲ။

ငါသူ႔ကိုတြန္းထုတ္ဖို႔လုပ္ေပမယ့္ ငါ့လက္ႏွစ္ဖက္လုံးက သူ႔ရဲ႕ခ်ဳပ္ေႏွာင္ထားမႈကိုခံထားရတာမို႔ နည္းနည္းေလးမွလႈပ္လို႔မရဘူး။ ၿပီးေတာ့ ငါကheatေၾကာင့္အားနည္းေနတာမို႔ ထင္သေလာက္လည္း မလႈပ္ႏိုင္ေလဘူး။ စိတ္ေပါက္လာတာေၾကာင့္ ငါခပ္တိုးတိုးသာ ဆဲေရးလိုက္ေတာ့တယ္။ Vegasကဒါကိုၾကားေတာ့ လည္တိုင္ကိုဖိကပ္ထားရင္းကေန ခပ္ဟဟရယ္ေမာလာတယ္။ အဲ့ဒီရယ္သံက သေဘာက်လို႔ရယ္ေနတာဆိုတာ အသိသာႀကီးပင္။

“မင္းငါ့ကိုအေသသတ္မလို႔လား Vegas ”

ငါအသံတိုးတိုးနဲ႔ေမးလိုက္ေတာ့မွ သူကငါ့လည္တိုင္ဆီကေန ဖယ္ခြာသြားေတာ့တယ္။ ၿပီးတဲ့ေနာက္ ငါ့မ်က္ဝန္းကိုဆုံၾကည့္လာၿပီး ရယ္ျမဴးရိပ္သမ္းေနလ်က္ စကားျပန္ေျပာလာတယ္။

“အခ်စ္ကေလးကိုအေသသတ္လိုက္ရင္ ကိုယ္ပဲရင္ကြဲရမွာကို ၊ အေသသတ္လိုက္စရာလား ”

“ဒါနဲ႔ အခ်စ္ကေလးက heatျဖစ္ေနတာေတာင္ စြာေနႏိုင္ေသးတယ္ေနာ္ ”

သူကငါ့ကိုမထိတထိေျပာၿပီးေနာက္ သူ႔ဒူးကိုသုံးလို႔ ငါ့ေျခေထာက္ၾကားထဲကတစ္ေနရာကိုထိေတြ႕လာခဲ့တယ္။ အဲ့ဒီတစ္ေနရာအျပင္ တျခားေနရာကိုပါထိေတြ႕လာခဲ့ေတာ့ အိပ္ခ်င္စိတ္မေျပေသးတဲ့ ငါ့မ်က္ဝန္းေတြ ျပဴးက်ယ္သြားရတယ္။ အေနာက္ရပ္ဝန္းကေစးကပ္ေနမႈေတြက သူ႔ဒူးေခါင္းကိုထိေနမွာေသခ်ာေနတာေတာင္ သူကဂ႐ုမစိုက္တဲ့ပုံနဲ႔ သူ႔ဒူးနဲ႔ငါ့အေနာက္ဘက္ကို ပြတ္တိုက္ေပးေနတယ္။ အဲ့ခံစားခ်က္က ငါ့ကိုေပါက္ကြဲ‌သြားေတာ့မလို ထူးဆန္းလာေစတယ္။

“Vegas ေတာ္ေတာ့ ၊ ငါလိုခ်င္ေနတာမွန္ေပမယ့္ ထပ္မလုပ္ႏိုင္ေသးဘူး ”

ညတုန္းက ငါတို႔ႏွစ္ေယာက္ အေသအေၾကလုံးေထြးခဲ့ၾကတာေလ။ heatေၾကာင့္မို႔ Vegasရဲ႕ဖယ္႐ိုမုန္းနဲ႔တျခားထိေတြ႕မႈတို႔ကို လိုအပ္ေနတာမွန္ေပမယ့္ ငါတကယ္ကိုမခံႏိုင္ေတာ့ဘူး။ ညကလုပ္ထားတာကို အခုမနက္သာထပ္လုပ္လိုက္ရင္ ငါတကယ္ကိုေဒါင္းသြားေလာက္တယ္။ ငါ့ကိုဒီလိုျဖစ္သြားေအာင္ေတာ့ Vegasလုပ္မွာမဟုတ္ေလာက္လို႔ထင္တာေၾကာင့္ ငါလွမ္းၿပီးတားျမစ္လိုက္တယ္။

တကယ္လည္း Vegasကစကားနားေထာင္တယ္။ ငါ့စကားကိုၾကားတာနဲ႔ သူ႔ဒူးေခါင္းရဲ႕ပြတ္တိုက္ေနမႈကိုရပ္လိုက္ေလတယ္။ ဒီလိုစကားနားေထာင္မႈနဲ႔အတူ ဂ႐ုစိုက္မႈတို႔ေၾကာင့္ ငါ့ရင္ကေႏြးေထြးသြားရတယ္။

“ဒါနဲ႔ ခုနက႐ုန္းေနတာ ဘာလုပ္ဖို႔ ? ”

Vegasဆီကအေမးကိုၾကားလိုက္ရေတာ့ ငါခ်က္ခ်င္းျပန္မေျဖႏိုင္ေသးဘူး။ သူ႔ပြတ္တိုက္မႈေတြေၾကာင့္ ႂကြတက္လာတဲ့ငါ့စိတ္ကိုျပန္ၿပီးထိန္းခ်ဳပ္ေနရတာမို႔။ ၿပီးတဲ့အခါမွ သူေမးလိုက္တာကိုစဥ္းစားၿပီး ျပန္ေျဖႏိုင္ေတာ့တယ္။

“အာေခါင္ေျခာက္လို႔ ေရေသာက္ခ်င္လို႔ ”

ေရေသာက္ခ်င္လို႔ပဲလို႔ ေျဖလိုက္ရင္ရရဲ႕နဲ႔ ငါဘာလို႔ အကုန္ေျဖေနမိလဲဆိုတာ ငါ့ကိုယ္ငါေတာင္မသိဘူး။ ေသခ်ာတာကေတာ့ ငါ့ကိုၾကည့္လို႔ေနတဲ့Vegasေၾကာင့္ အကုန္ေျပာျပသြားခ်င္တာျဖစ္လိမ့္မယ္။ Vegasကငါ့ကိုအုပ္မိုးထားတုန္းပဲ၊ သူ႔လက္ႏွစ္ဖက္ကလည္း ငါ့လက္ေကာက္ဝတ္ေတြကို ကုတင္ထက္မွာဖိခ်ထားတုန္း။ သူကငါ့ကိုငုံ႔မိုးၾကည့္ေနရာကေန ငါ့ဆီကအေျဖကိုၾကားေတာ့ ခႏၶာကိုယ္ကိုဖယ္သြားေလတယ္။ လက္ေတြကိုလည္း လႊတ္ေပးလာခဲ့တယ္။

သူဖယ္ေပးသြားတာမို႔ ငါထေသာက္လိုက္ဖို႔ျပင္လိုက္ေပမယ့္ ႐ုတ္တရက္ဆိုသလို ထလုပ္လိုက္တဲ့သူ႔အျပဳအမူေၾကာင့္ ငါလုံးဝကိုအံ့အားသင့္သြားရတယ္။ စားပြဲေပၚကေရဘူးကိုေမာ့ပစ္လိုက္ၿပီးေနာက္ ငါ့ေမး႐ိုးကိုလက္နဲ႔ထိန္းကိုင္ပင့္ေမာ့လိုက္ၿပီး ငါ့ႏႈတ္ခမ္းကိုဖိကပ္လို႔နမ္းလာခဲ့ျခင္းပင္။

ဟလိုက္တဲ့ႏႈတ္ခမ္းေတြေၾကာင့္ ေရအခ်ိဳ႕က ငါ့ခံတြင္းထဲေရာက္လာေပမယ့္ တခ်ိဳ႕တဝက္ကေတာ့ ငါ့ပါးစပ္ကေနတဆင့္ လည္တိုင္ဆီစီးက်သြားတယ္။

Vegasလုပ္လိုက္တာ ငါ့ကိုအံ့အားသင့္သြားေစတာမွန္ေပမယ့္ ငါ့စိတ္ထဲမွာေတာ့ ဒါကိုမလိုအပ္ဘူးမဟုတ္လားလို႔ေတြးေနမိတုန္းပဲ။ ငါ့ဟာငါေသာက္လိုက္ရင္ ပိုအဆင္ေျပၿပီး ေရပိုဝင္မွာေလ။ အခုသူလုပ္လိုက္တာၾကည့္ပါဦး၊ ေရေသာက္ဖို႔နည္းလမ္းက အရမ္းခက္ခဲေနတဲ့အျပင္ ေရေတြက ႏွေျမာဖို႔ေကာင္းေလာက္ေအာင္ ေအာက္ကိုလည္းဖိတ္က်ကုန္ၿပီ။ ဒါေရျဖဳန္းတီးမႈပဲမဟုတ္ပါလား။

ေရေတြအကုန္ေျပာင္စင္သြားတာေတာင္ သူကငါ့ႏႈတ္ခမ္းကိုျပန္မလႊတ္ေပးလာခဲ့ဘူး။ အတင္းဖိကပ္လို႔ ဆက္နမ္းေနတယ္။ အဲ့အနမ္းေတြက ဆႏၵကိုထိုးဆြႏိုင္ၿပီး အလြန္တရာနင့္နဲေနတာေၾကာင့္ ငါလည္းဖယ္ခြာလိုက္ဖို႔မတတ္ႏိုင္ဘူး။ Vegasရဲ႕အနမ္းေတြအတိုင္း ငါအလိုက္သင့္တုံ႔ျပန္ေနမိတယ္။ Vegasက နမ္းရတာသေဘာက်ေနပုံမ်ိဳးျဖင့္ ထပ္ကာထပ္ကာကို ေခါင္းကိုဘယ္ညာလွည့္လို႔နမ္းေနလ်က္ရွိတယ္။

ငါေရာဘာထူးလဲ ၊ အဲ့လိုပိုင္ဆိုင္လိုစိတ္ျပင္းျပတဲ့အနမ္းေတြကိုႀကိဳက္ေနတုန္းပါပဲ။ နည္းနည္းေလးမွမျငင္းဆန္ႏိုင္ပဲ သူ႔အလိုက်ပဲ ထိုအနမ္းတို႔ၾကားမွာ စုန္ခ်ည္ဆန္ခ်ည္ ကူးသန္းေနခဲ့တယ္။

ဒါေပမယ့္ ငါတို႔ေတြ အရာရာကိုေမ့ေပ်ာက္ကာနမ္းေနၾကတုန္းမွာပဲ ခပ္က်ယ္က်ယ္ဘဲလ္သံတစ္ခုက ငါတို႔အာ႐ုံေတြကို ဝင္ေရာက္ေႏွာင့္ယွက္သြားတယ္။ အသံကအရမ္းက်ယ္ေနေလတယ္။ Vegas ငါ့ႏႈတ္ခမ္းကိုလႊတ္ေပးလာေတာ့ အဲ့ဒီ့အသံလားရာကို ငါမ်က္လုံးဖြင့္ၿပီးၾကည့္လိုက္မိတယ္။ Vegasကသိပ္ကိုဆန္းၾကယ္တဲ့လူဆိုတာ ငါသိလိုက္ၿပီ ၊ ဘာလို႔ဆို ဘဲလ္အခ်က္ေပးကို အခန္းထဲကနံရံမွာတပ္ဆင္ထားသည္မို႔။

ငါ့အၾကည့္ေတြကိုျမင္ေတာ့ Vegasကဘာေတြးေနလဲသိသြားတဲ့ပုံနဲ႔ ဂုတ္ပိုးကိုတစ္ခ်က္ပြတ္လို႔ အသံဝဲဝဲျဖင့္ေျပာလာေလတယ္။ အံ့ဖြယ္ပါပဲ ၊ Vegasရဲ႕ရွက္သြားတဲ့ပုံစံကို ငါျမင္ဖူးလိုက္ၿပီမို႔။

“အျပင္မွာလည္းတစ္ခုရွိတယ္ ။ အခန္းထဲမွာတပ္လိုက္တာက ငါကအျပင္မွာထက္ အခန္းထဲပဲအေနမ်ားေတာ့ တစ္ေယာက္‌ေယာက္လာရင္ မသိလိုက္မွာဆိုးလို႔ ”

“အင္းပါ ၊ ေကာင္းပါတယ္ ”

အရမ္းသိသာလြန္းတယ္။ ငါ့အသံက ဝတ္ေက်တမ္းေက်ျပန္ေျဖေပးလိုက္တယ္ဆိုတာ အရမ္းကိုမွသိသာလြန္းတယ္။ ဒါေပမယ့္ သူကဘာမွေျပာလာျခင္းမရွိဘူး။ စိတ္ဆိုးသြားတာမ်ိဳး၊ စိတ္ခုသြားတာမ်ိဳးလည္းမရွိဘူး။ အဲ့ဒီ့အစား ၿပဳံးလိုက္ၿပီးေတာ့ ငါ့ေခါင္းကိုေတာင္ ပုတ္သြားခဲ့ေသးတယ္။ သူ႔ရဲ႕ခပ္သြယ္သြယ္လက္ေခ်ာင္းတို႔က ငါ့ေခါင္းကေနမဖယ္ခြာသြားခင္မွာပဲ ငါ့ဆံပင္ေတြကိုေတာင္ ထိုးဖြသြားခဲ့ေသးတယ္။

ဖြာသြားတဲ့ငါ့ဆံပင္ေတြကိုေတာ့ ငါ့ဟာငါပဲစိတ္ရႈပ္ရႈပ္နဲ႔ ျပန္သပ္ေနရတယ္။ ေနာက္မ်ားမွေျပာထားရပါဦးမယ္၊ ငါ့ဆံပင္ကိုကိုင္တာမႀကိဳက္ဘူးဆိုတာကိုေပါ့။ အခုကေတာ့ ထားလိုက္ပါေတာ့။

“ကိုယ္သြားၾကည့္လိုက္ဦးမယ္ ။ ဒီအခ်ိန္ႀကီး ဘယ္သူလဲမသိဘူး ”

ဒီအခ်ိန္ႀကီးလို႔ေျပာလိုက္ၿပီးမွ ငါတို႔ႏွစ္ေယာက္လုံး စားပြဲထက္က ဒီဂ်စ္တယ္နာရီကိုလွမ္းၾကည့္လိုက္ၾကတယ္။ မနက္ဆယ္ခြဲျဖစ္ေနေလၿပီ။ ဒါက ဒီအခ်ိန္ႀကီးလို႔ေရ႐ြတ္ႏိုင္စရာအခ်ိန္မ်ိဳးမဟုတ္ေတာ့။ ၾကည့္ရတာ Vegasက အေစာႀကီးရွိေသးတယ္ထင္လို႔ ေျပာလိုက္တာေနမယ္။ ငါတို႔ႏွစ္‌ေယာက္လုံး ညကမိုးလင္းတဲ့အထိ လုံးေထြးထားၾကတာ၊ ဒီအခ်ိန္ေလာက္နဲ႔ျပန္ႏိုးလာတာပဲ အံ့ဩဖို႔ေကာင္းေနၿပီ။

“Vegas ေဘာင္းဘီ ... ”

Shiaaa..ေသလိုက္ပါေတာ့ ! Vegasကလူတစ္ေယာက္နဲ႔လုပ္ေနတယ္ဆိုတာကို အခုလာတဲ့သူကိုေျပာျပခ်င္ေနတာလား။ ငါသာလွမ္းသတိမေပးလိုက္ရင္ ကိုယ္တုံးလုံးႀကီးနဲ႔ အျပင္ထြက္သြားေတာ့မွာ။ ငါလွမ္းေျပာလိုက္ကာမွ အခန္းတံခါးဝဆီလွမ္းေနတဲ့ေျခလွမ္းတို႔က အေနာက္ကိုျပန္ဆုတ္လာၿပီး ဗီ႐ိုထဲကေဘာင္းဘီတစ္ထည္ကိုထုတ္ဝတ္လိုက္ေလတယ္။ အေပၚကိုေတာ့ ဘာမွဝတ္ဖို႔လုပ္မေနေတာ့တဲ့Vegasကို ငါဒီအတိုင္းသာၾကည့္ေနလိုက္တယ္။

ဘာရယ္ေတာ့မဟုတ္ပါဘူး၊ ၾကည့္လို႔ေကာင္းလို႔ ၾကည့္ေန႐ုံပဲ။ အားကစားေသခ်ာလုပ္ထားလို႔ ေတာင့္တင္းေနတဲ့Vegasရဲ႕ေဘာ္ဒီက သိပ္ကိုၾကည့္လို႔ေကာင္းတာမို႔။

“အဝတ္လဲခ်င္ ဒါေတြယူဝတ္လို႔ရတယ္ေနာ္ ”

“အင္း ”

အခန္းထဲကထြက္သြားတဲ့Vegasကို ငါဒီလိုျပန္ေျဖလိုက္ေပမယ့္ ထခ်င္စိတ္လည္းမရွိေသးတာေၾကာင့္ အဝတ္ဝတ္ဖို႔ဆို ေဝးလာေဝးေပါ့။ ငါတို႔ႏွစ္ေယာက္ရဲ႕ ခုနကေလးတင္ျဖစ္ထားတဲ့လႈပ္ရွားမႈတို႔ေၾကာင့္ ေျခရင္းဖက္နားမွာပုံေနတဲ့ေစာင္ကို ငါဆြဲယူလိုက္ၿပီး ခႏၶာကိုယ္ေပၚ ျပန္ၿခဳံထားလိုက္တယ္။ Vegasအခန္းက air-conဖြင့္ထားေတာ့ အလိုလိုကိုေအးစိမ့္ေနေတာ့တာေၾကာင့္ အဝတ္မရွိကိုယ္နဲ႔ ဒီတိုင္းေနေနလို႔မရေပ။ ေစာင္ကိုတစ္ကိုယ္လုံးပတ္ပစ္လိုက္မွ ေနသာထိုင္သာရွိသြားတယ္။

အိမ္ေရွ႕ကသူကဘယ္သူလဲဆိုတာသိခ်င္ေပမယ့္လည္း ထၾကည့္ဖို႔ပ်င္းေနတာေၾကာင့္ ေစာင္ၿခဳံရက္သားနဲ႔ ခပ္ၿငိမ္ၿငိမ္သာေနေနလိုက္တယ္။ မဟုတ္လည္း Vegasျပန္လာရင္သိရမွာပဲဟာ။ အလ်င္လိုစရာေတာ့မလိုပါဘူး။

air-conရဲ႕ေအးစိမ့္ေနမႈရယ္၊ ေစာင္ထူထူရဲ႕ေႏြးေထြးမႈရယ္က သိပ္ကိုပနံသင့္ေနေလကာ ငါ့ရဲ႕အိပ္ခ်င္စိတ္တို႔ကို ျပန္သယ္ေဆာင္ေပးလာတယ္။ ငါအဲ့ဒီလိုအိပ္ေပ်ာ္ေတာ့မယ့္ဆဲဆဲမွာတင္ အခန္းထဲVegasဝင္လာေၾကာင္း သိလိုက္ရတယ္။ မ်က္လုံးမွိတ္ထားရက္နဲ႔ ငါဘာလို႔သိလိုက္တာလဲဆိုရင္ သူ႔ဆီကေနရတတ္တဲ့ ကြၽန္းသစ္ရနံ႔ေၾကာင့္ပင္။ ေမြ႕ယာကအိခနဲျဖစ္သြားၿပီးေနာက္ ငါ့တစ္ကိုယ္လုံး ေပြ႕ဖက္ခံလိုက္ရေတာ့တယ္။ လက္နဲ႔တင္မဟုတ္ ေျခေထာက္နဲ႔ပါအခြခံလိုက္ရတာ။ Vegasကေတာ့ အားေန အသားယူေနေတာ့တာပဲ။

“ဘယ္သူလာတာလဲ ”

“ကိုယ့္ညီ ။ ပိတ္ရက္ဆို သူဒီလာတတ္တာ ေမ့ေနတယ္ ”

“ဒီေန႔က ပိတ္ရက္လား ”

“အင္း စေန ”

စေန ။ ငါ့ေခါင္းထဲ စေနေန႔မွာရွိတဲ့ အစ္ကိုေလးရဲ႕႐ိုက္ကြင္းတစ္ခုအေၾကာင္း သတိရသြားတယ္။ အစ္ကိုေလးက အဲ့ဒီ႐ိုက္ကြင္းကိုသြားရင္ ဟိုႏွစ္ေကာင္ကိုမေခၚပဲ ငါနဲ႔ပဲသြားမယ္လို႔ေျပာထားဖူးတယ္။ ဟိုႏွစ္ေကာင္က သူနဲ႔ေသေသခ်ာခ်ာအတင္းမေျပာေပးတတ္ပဲ ငါကသာ ေသခ်ာေျပာေပးတတ္လို႔တဲ့ေလ။ အဲ့႐ိုက္ကြင္းမွာ အၿပိဳင္သ႐ုပ္ေဆာင္မင္းသားကို အစ္ကိုေလးကသိပ္အျမင္ကတ္ေနတာ။ သူေျပာသမွ် ငါကမညည္းမညဴနားေထာင္ေပးႏိုင္တာဆိုေတာ့ ငါ့ကိုေခၚသြားခ်င္တာ မထူးဆန္းပါဘူး။

ဒါေပမယ့္ ဒီအေျခအေနနဲ႔ ငါ့ကိုဘယ္လိုေခၚသြားလို႔ရေတာ့မလဲ။ အစ္ကိုေလးအေၾကာင္းေတြးလိုက္ေတာ့ ငါေခါင္းေတာင္ကိုက္ခ်င္သြားတယ္။ ၿပီးေတာ့ လက္အုပ္ခ်ီလိုက္ကာ စိတ္ထဲကေနၿပီး အစ္ကိုေလးကိုလွမ္းေတာင္းပန္လိုက္တယ္။

“ဘာလုပ္ေနတာလဲ ”

ငါလက္အုပ္ခ်ီထားတာကိုျမင္သြားလို႔ထင္တယ္။ Vegasကေမးခြန္းထုတ္လာေလတယ္။ ငါဒီလိုလက္အုပ္ခ်ီရတာ ဘယ္သူ႔ေၾကာင့္မို႔လို႔လဲ။

“အစ္ကိုေလးကို ေတာင္းပန္ေနတာ ”

“ဟားဟား .. ဘယ္လိုေတာင္ ေၾကာင္ရတာလဲကြာ ”

သူကငါ့ကိုဒီလိုေျပာတယ္! သူကငါ့ကိုဒီလိုေျပာၿပီး ရယ္တယ္ေပါ့ေလ။ ငါဒီလိုလုပ္ေနရတာ တကယ္ပဲဘယ္သူ႔ေၾကာင့္မို႔လို႔လဲ။ သူသာငါ့ကိုမႏႈိးေဆာ္လိုက္ရင္ ငါheatျဖစ္စရာအေၾကာင္းလည္းမရွိတာကို။ ငါ့စိတ္ကေလး ပိစိေလာက္တိုသြားရတာေၾကာင့္ ေစာင္ထုပ္ထဲကေန႐ုန္းထြက္လိုက္ၿပီး သူ႔ဘက္ကိုလွည့္လို႔ ပိတ္တြန္းပစ္လိုက္တယ္။ သူကေတာ့ ရယ္ေမာရင္းနဲ႔ပဲ ငါ့ကိုျပန္ဖက္ထားတယ္။

“ကိုယ့္မိန္းမေလး စိတ္ဆိုးသြားတာလား ”

“မင္းကိုေသေအာင္ကို႐ိုက္ႏွက္ပစ္ဦးမယ္ ။ ငါ့ကိုေၾကာင္တယ္လို႔ေျပာတယ္ေပါ့ေလ ”

“ေနပါဦး ! ကိုယ့္မိန္းမေလးလို႔ေျပာတာကိုေတာင္စိတ္မဆိုးပဲ အဲ့ဒီပထမစကားကိုက်စိတ္ဆိုးသြားတယ္ေပါ့ ”

ငါ့ဟာငါဘယ္ဟာကိုစိတ္ဆိုးဆိုးေပါ့။ သူကငါ့ကိုေမးခြန္းျပန္ထုတ္ေနျပန္ၿပီ။ ၿပီးေတာ့ သူေျပာလာတဲ့ ‘မိန္းမေလး’ဆိုတဲ့စကားစုက သူ႔အသံနဲ႔အရမ္းလိုက္ဖက္ၿပီး နားေထာင္လို႔ေကာင္းေနတာေၾကာင့္ ငါစိတ္မဆိုးမိပဲျဖစ္သြားတာလား။ ေသခ်ာတာေတာ့ ငါ့စိတ္ထဲမွာ နည္းနည္းေလးမွေတာင္ အေႏွာင့္အယွက္ျဖစ္မသြားခဲ့ဘူး။ သူေျပာမွပဲ ငါဘာလို႔စိတ္မဆိုးရတာလဲဆိုတာကို အက်ယ္တဝင့္စဥ္းစားမိသြားၿပီ။

ငါ့အမူအယာကိုဖမ္းမိသြားေတာ့ သူကၿပဳံးစိစိနဲ႔ ‘ဟီးဟီး’လို႔ေရ႐ြတ္လာခဲ့တယ္။ ငါစိတ္မဆိုးတာကို သိပ္ကိုေက်နပ္ေနတဲ့ပုံျဖင့္။

“ကိုယ့္မိန္းမေလး ၊ ကိုယ့္မိန္းမေလး ၊ ကိုယ့္မိန္းမေလး ”

သူကတစ္ခါေခၚလိုက္ ငါ့ပါးကိုတစ္ခ်က္နမ္းလိုက္ ၊ တစ္ခါေခၚလိုက္ ငါ့ပါးကိုတစ္ခ်က္နမ္းလိုက္ျဖင့္ ႐ႊင္ျမဴးေနေလတယ္။ ငါလည္း သူ႔ကိုတကယ္မႏိုင္ေတာ့တာေၾကာင့္ လႊတ္သာထားလိုက္ေတာ့တယ္။ အိပ္ခ်င္စိတ္ကမေျပေသးတာေၾကာင့္ ငါဖယ္ခြာပစ္လိုက္တဲ့ေစာင္ကို ျပန္ၿခဳံလိုက္တယ္။ သူကလည္း ငါေစာင္ၿခဳံၿပီးသြားမွ ျပန္ဖက္လာခဲ့တယ္။ အဲ့ဒီေနာက္ေတာ့ သူ႔ရဲ႕ငါ့လက္ေမာင္းကိုပုတ္ေပးလာခဲ့တဲ့ လက္ရဲ႕ထိေတြ႕မႈေအာက္မွာ ငါ့မ်က္လုံးေတြေမွးစင္းက်သြားေတာ့တယ္။

‘ကိုယ္မင္းကိုသေဘာက်တယ္ Pete’ဆိုတဲ့စကားလုံးေတြကို ငါအိပ္မေပ်ာ္ခင္ၾကားလိုက္ရသလိုပဲ။ ေသေတာ့မေသခ်ာပါဘူး၊ တကယ္လား အိပ္မက္လားဆိုတာ ငါ့ဟာငါေတာင္သဲသဲကြဲကြဲမသိတာမို႔။

- Be My Side -

တစ္ေယာက္ကေမးထားတာနဲ႔ ေျပာျပစရာေလးရွိတာကို ပီကန္သတိရသြားလို႔ ထည့္ေျပာျပလိုက္ပါတယ္ ။ ကိုယ္က ဒါကို destined mateပုံစံမ်ိဳး ထည့္ေရးမွာမဟုတ္ပါဘူး ၊ ကံၾကမၼာအရတြဲဖက္ေပးထားတဲ့ ဖယ္႐ိုမုန္းရနံ႔ရလိုက္တာနဲ႔ ကိုယ့္တြဲဖက္မွန္းသိတဲ့ အဲ့ဒီလိုပုံစံမ်ိဳးမေ႐ြးခ်ယ္ထားပါဘူး ။ အခ်စ္ေၾကာင့္နဲ႔ ခ်စ္တဲ့သေဘာမ်ိဳးပဲေရးမွာပါ ။ ဒါ့ေၾကာင့္ ေနာက္ပိုင္းမွာလည္း soulmateေပၚလာစရာမရွိပါဘူး ။ သူတို႔ကသာ အခ်င္းခ်င္းရဲ႕ soulmateပါ ><

ေတာ္ေတာ္မ်ားမ်ားလည္း Destined Mateကိုမေရးၾကေတာ့တာမ်ားတယ္ ၊ ဘာလို႔ဆို အဲ့ဒါက သိပ္ကိုရႈပ္လို႔ပါ ။ တခ်ိဳ႕mangaဇာတ္လမ္းေတြမွာဆို ကိုယ္ခ်စ္တာကတစ္ေယာက္ ၊ ကိုယ့္ရဲ႕ destined mateကတစ္ေယာက္ ။ အဲ့ဒီလိုမ်ိဳးဆို တအားဝမ္းနည္းဖို႔ေကာင္းပါတယ္ ။ ဒါ့ေၾကာင့္မို႔ ပီကန္ကအဲ့လိုမ်ိဳးမေရးပါဘူး ။ ၿပီးေတာ့ ဇာတ္ေဆာင္အခ်င္းခ်င္းက Destined Mateဆိုတာမ်ိဳးကိုလည္း မႀကိဳက္ပါဘူး ၊ တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းႏွီးကြၽမ္းဝင္မႈေတာင္မွမရွိေသးပဲနဲ႔ တစ္ေယာက္ရဲ႕ရနံ႔ကိုတစ္ေယာက္ကရလိုက္႐ုံနဲ႔ စိတ္ႂကြတက္လာတာမ်ိဳးေတြ ၊ အလိုလိုခ်စ္သြားတာမ်ိဳးေတြ မႀကိဳက္လို႔ပါ ။ ကိုယ္ကေတာ့ တေျဖးေျဖးနဲ႔  သူတို႔စိတ္ဆႏၵအတိုင္း ခ်စ္သြားၾကတာကိုပဲႀကိဳက္ပါတယ္ 💗

15 July 2022 (Fri)

Continue Reading

You'll Also Like

100K 6.1K 42
All credit goes to P'Afterday and P'West..
172K 10.7K 22
Uni "ခင်ဗျားက ရွာသူကြီးဆိုတော့ ခင်ဗျားကိုကျုပ်ယူလိုက်ရင် ကျုပ်ဒီရွာကိုပိုင်ပြီမလား?" -မင်းတစ်ခေတ်- "ခင်...
158K 19.7K 38
ေခါင္းမာလြန္းတဲ့ေကာင္ေလးက ဒီလိုဆိုတယ္... "ေနာက္ဘဝေတြမွာလဲပိုခ်စ္ရတဲ့ သူက ကၽြန္ေတာ္ပဲျဖစ္ခ်င္သတဲ့..." မ်က္ဝန္းျပာျပာနဲ႔ေကာင္ေလးရဲ႕ေခါင္းမာမႈနဲ႔ခ်စ္ျခ...
1.4K 122 7
Gyujin...... ( U+Z )