Compatible Pheromones |TK|✓

By xinyin_wangqi

178K 18.5K 1.8K

မုန်းတီးခြင်းဟုယူဆသော်ငြား... လျစ်လျူရှုမှုတို့ကမစွမ်းသာ... မျှောလွှင့်နေတဲ့ တိမ်လေးတွေလို... ခံစားချက်တွေဟာလ... More

Story Prologue
Chapter 1 ( Vol 1 )
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Omegaverse
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
သုံးသပ်မေးခွန်း (၂၀)
Chapter 26 (Vol 2)
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38(Vol 3)
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45 (Final)
Special Episode
Hello
Extra 1
Extra -2

Chapter 27

2.9K 353 34
By xinyin_wangqi

(Unicode)

နှစ်ယောက်သား ကျောင်းတံခါးရှေ့သို့ရောက်လာသည့်အခါတွင် ဝယ်ယူလာသည့် အစားအသောက်များအား ဝတ်ထားသည့် အင်္ကျီထူတို့ဖြင့် ပတ်လိုက်ကာ အဆောင်ဝင်းထဲသို့ ခိုးကြောင်ခိုးဝှက်ဝင်လာရသည် ။ သို့သော် ဝယ်ယူလာသည့်ပစ္စည်းတို့က များပြားလွန်းနေတာကြောင့် သူတို့၏အင်္ကျီနှင့်တောင် လုံခြုံအောင်မဖုံးထားနိုင်ပေ ။ ထို့ကြောင့် မှောင်ရိပ်ကျနေသည့်နေရာမှတစ်ဆင့် အိပ်ဆောင်သို့အချင်အမြန်ပြေးသွားရသည် ။

အဆောင်၏သုံးထပ်မြောက်သို့ လှေကားမှတစ်ဆင့် ပြေးတက်ပြီးနောက်တွင် ဂျောင်ကုက ထယ်ယောင်းအား သူ့အခန်းဆီသို့ဖိတ်ခေါ်လိုက်သည် ။ ထယ်ယောင်းလည်း ဂျောင်ကုက သူ့အားခေါက်ဆွဲပြုတ်ကျွေးမည်ဟု ပြောထားတာကြောင့် ဂျောင်ကုအခန်းသို့ဝင်သွားလိုက်သည် ။

ဂျောင်ကုအခန်းထဲသို့ထယ်ယောင်းရောက်သွားသည့်အခါ ထယ်ယောင်းမှင်သက်မိသွားသည် ။ ဂျောင်ကုအခန်းနှင့်သူ့အခန်းက ပျမ်းမျှအားဖြင့်ပုံစံတူသော်ငြား ဂျောင်ကု၏အခန်းက သူ့အခန်းကဲ့သို့ စာအုပ်များဖြင့်သာ ပြည့်ကျပ်မနေဘဲ ပျင်းရိဖွယ်မကောင်းပေ ။

သပ်ရပ်လှသည့်အခန်းပုံစံနှင့် ဂျောင်ကု၏အသုံးအဆောင်ပစ္စည်းတို့က ဂျောင်ကုသည် ကိုယ်ပိုင်ကမ္ဘာငယ်လေး၌ပင် ပျော်မွေ့တတ်သူဖြစ်ကြောင်းညွှန်ပြနေသည် ။ လူနှစ်ဦးကောင်းကောင်းဆန့်သည့်အခန်းလေးထဲတွင် ဂျောင်ကုကတစ်ယောက်ထဲနေတာကြောင့် အခန်း၏နေရာအနှံတွင် ဂျောင်ကု၏ပစ္စည်းများကနေရာယူထားသည် ။

သူ့တွင် လူတစ်ရပ်စာပင်မမြင့်သည့် Mini basket လေးရှိနေပြီး ကုတင်ပေါ်မှ ဘောလုံးအားအပျင်းပြေလှမ်းပစ်လို့ရသည့် နေရာလေးလည်းရှိသည် ။ ထို့ပြင် လက်မောင်းကြွက်သားများကိုတောင့်တင်းစေသည့် အလေးမတုံးများလည်းရှိနေကာ boxing ထိုးသည့် လက်အိတ်ပင်ရှိနေသေးသည် ။

“ မင်းငါ့အခန်းကို ပထမဆုံးရောက်ဖူးတာမလား ? ”

ဂျောင်ကုက ထယ်ယောင်းသူ့အခန်းအား စပ်စုနေမှန်းသိတာကြောင့် ထိုသို့မေးလိုက်ခြင်းဖြစ်သည် ။ ထိုအခါမှ ထယ်ယောင်းလည်း ငေးကြည့်နေရာမှသတိပြန်ဝင်လာပြီး လက်ထဲတွင်ကိုင်ထားသည့် ပစ္စည်းအိတ်အား ဂျောင်ကုလက်ထဲသို့ထည့်ပေးလိုက်၍ ပြန်ဖြေလာသည် ။

“ အွန်း...ဟုတ်တယ်...မင်းက တကယ်ကို တစ်ယောက်ထဲလဲ ပျော်အောင်နေတတ်တာပဲနော် ”

ဂျောင်ကုက ပုခုံးတွန့်ပြလိုက်သည် ။

“ ငါက တခြားလူတွေနဲ့ဆက်ဆံရေးအဆင်မပြေဘူးဆို‌မဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုလေးတော့ရှာတတ်ပါတယ်...ငါက မင်းလို့ ကိုယ့်ကိုယ်ကိုယ်အရမ်းမထိန်းချုပ်ထားတတ်ဘူးလေ ”

ထယ်ယောင်းပြိုင်မငြင်းမိလိုက် ။ ဂျောင်ကုပြောသကဲ့သို့ သူက ကိုယ့်ကိုယ်ကိုယ်တအားထိန်းချုပ်ထားတတ်တာကြောင့် သူ၏ပုံမှန်မျက်နှာထားကပင် ဘေးလူတို့အားရှိန်သွားစေသည် ။ တကယ်တမ်းပြောရလျှင် ‌ထယ်ယောင်းသည် သူ၏အပြင်ပန်းသွင်ပြင်ကဲ့သို့ အေးစက်တတ်သူမဟုတ်ပဲ အလွန်နွေးထွေးသူဖြစ်သည် ။ သို့သော် ကိုယ်တိုင်၏ထိန်းချုပ်မှုတို့က လွန်ကဲသွားသည့်အခါတွင်တော့ ထယ်ယောင်းသည် မာနကြီးသည့်သခင်လေးကဲ့သို့ဖြစ်သွားသည် ။

“ မင်းငါ့ကို ခေါက်ဆွဲပြုတ်ကျွေးမယ်ဆို ? ”

ထယ်ယောင်းက စကားလမ်းကြောင်းလွှဲလိုက်သည် ။ ဂျောင်ကုကလည်း ထယ်ယောင်းဆက်မပြောချင်တော့မှန်းသိတာကြောင့်

“ ဟုတ်တယ်...ခဏထိုင်စောင့် ငါ gas မီးဖိုထုတ်လိုက်ဦးမယ် ”

ထယ်ယောင်းအံ့ဩသွားသည် ။ ကျောင်းအိပ်ဆောင်ထဲသို့ gas မီးဖိုအား ဂျောင်ကုကသယ်လာသည်တဲ့လား ။ မိသွားလို့ကတော့ ကောင်းကောင်းကြီးအပြစ်ပေးခံရမည့်ဖြစ်ခြင်း ။

ဂျောင်ကုက သူ့အဝတ်ဗီဒိုဖွင့်လိုက်ပြီး ဗီဒိုအောက်ဆုံးထပ်မှ gas မီးဖို ၊ အိုးတစ်လုံး နှင့် ပန်ကန်တစ်လုံး ၊ တူနှစ်စုံထုတ်လာသည် ။

“ မင်း အဲ့ဒါတွေကို ဒီတိုင်းကြီးထည့်ထားတာလား ? ”

“ အင်းလေ...မဟုတ်လို့ဘယ်နားထားရမလဲ ? ”

“ အဆောင်တွေလာစစ်ရင် မင်းဘယ်လိုလုပ်လဲ ? ”

“ အဲ့ဒါတွေကို ခြင်းတစ်ခုထဲထည့် ၊ ခြင်းကိုကြိုးနဲ့ချည်ပြီး ပြတင်းပေါက်အပြင်ကို တန်းလန်းချထားလိုက်တယ်လေ ”

ထယ်ယောင်းစိတ်ထဲတွင် ဂျောင်ကုအားလက်မအကြီးကြီးထောင်ပြလိုက်သည် ။ ဒါကဘယ်လိုတောင် ဉာဏ်ကောင်းနေမှုကြီးလဲ ။

ထယ်ယောင်းက ကုတင်ပေါ်တွင်ထိုင်နေစဉ် ဂျောင်ကုက gas ဖွင့်၍ ရေနွေးတည်သည် ။ ထို့နောက် ဝတ်ထားသည့် အနွေးထည်အားချွတ်လိုက်ကာ ကုတင်ပေါ်သို့ပစ်တင်လိုက်သည် ။ ထယ်ယောင်းက အနှီအပြုအမူအားသဘောမကျတာကြောင့် ဂျောင်ကု၏အနွေးဂွမ်းကပ်အင်္ကျီအား အင်္ကျီချိတ်နှင့်ချိတ်လိုက်ကာ နံရံပေါ်တွင်ချိတ်ထားပေးလိုက်သည် ။

ဂျောင်ကုက ဝယ်လာသည့် အရွက်များကိုသင်၍ ဆေးကြောလိုက်သည် ။ ရေနွေးဆူပွတ်လာသည့်အခါ ခေါက်ဆွဲထုပ်ထဲမှ အချဉ်မှုန့်များကိုဦးလျင်ထည့်ပြီးမှ ခေါက်ဆွဲခြောက်လေးချပ်အားထည့်လိုက်သည် ။ ခေါက်ဆွဲတို့အနည်းငယ် ပွလာသည့်အခါမှ အရွက် နှင့် ကြက်ဥတို့ကိုထည့်လိုက်ပြီး ဝက်ပေါင်ခြောက်တို့ကိုပါ ထည့်လိုက်သည် ။

သုံးမိနစ်မျှပြုတ်ပြီးသွားသည့်အခါမှ နွေဦးကြက်သွန်တို့အား စာရွက်ညှပ်သည့် ကပ်ကြေးဖြင့်ညှပ်ထည့်လိုက်သည် ။ ထို့နောက် gas မီးပိတ်လိုက်ကာ ခေါက်ဆွဲပြုတ်ခြင်းအမှုသည်လည်း ပြီးစီးလို့သွားသည် ။ ထယ်ယောင်းကတော့ ကုတင်ပေါ်တွင်သာထိုင်နေကာ ဂျောင်ကုပြုလုပ်သွားသည်အား အေးဆေးထိုင်ကြည့်လို့နေသည် ။

“ စားလို့ရပြီ ”

ဂျောင်ကုက စားလို့ရပြီဆိုမှသာ ထယ်ယောင်းက ကုတင်မှထလာသည် ။ ထယ်ယောင်းက စာရေးစာပွဲတွင်သာ ‌စားကြမည်ဟုထင်လိုက်သော်လည်း ဂျောင်ကုက စာကြည့်စာပွဲငယ်လေးအားထုတ်လာပြီး ကုတင်ပေါ်တွင်တင်လိုက်သည် ။ ထို့နောက် ခေါက်ဆွဲပြုတ်အိုးအားလည်း အနှီစာပွဲငယ်လေးပေါ်သို့တင်လိုက်ကာ ထယ်ယောင်းအားလည်း ကုတင်ပေါ်သို့တက်လာရန် အချက်ပြလိုက်သည် ။

“ ကုတင်ပေါ်မှာ စားကြမလို့လား ? ”

“ အင်းလေ...ဘာလို့လဲ ? ”

“ ငါတစ်ခါမှ အိပ်ရာပေါ်မှာ အစားမစားဖူးဘူး ”

“ အခုစားဖူးအောင်လုပ်လိုက်လေ...အိပ်ရာပေါ်မှာစားရတာ တကယ်ကိုကောင်းတာ...မြန်မြန်လာစား ခေါက်ဆွဲတွေကွကုန်မယ် ”

ထိုအခါမှ ထယ်ယောင်းလည်းအတွန့်မတက်တော့ဘဲ ဂျောင်ကု၏အိပ်ရာပေါ်သို့တက်သွားလိုက်သည် ။ ဂျောင်ကုကသူ့အား တူတစ်စံနှင့် တစ်လုံးတည်းသာရှိသည့် ပန်းကန်လုံးအားပေးလာသည် ။ သူကိုယ်တိုင်ကတော့ အိုးအဖုံးနှင့်သာထည့်စားသည် ။

ဂျောင်ကုပြုတ်ထားသည့် ခေါက်ဆွဲပြုတ်လေးအား စူပါမတ်ကတ်မှဝယ်လာသည့် ကင်မ်ချီလေးနှင့်တွဲစားလိုက်သည့်အခါ အရသာလေးကအင်မတန်မှကောင်းမွန်လှသည် ။ အပြင်ဖက်တွင်အေးနေသော်လည်း ဂျောင်ကု၏အခန်းထဲတွင်တော့ နှစ်ယောက်သား ချွေးတလုံးလုံးနှင့် ခေါက်ဆွဲပြုတ်ပူပူလေးအား စားနေကြသည် ။

“ မင်း ငါ့အခန်းကိုပြောင်းလာချင်လား ? ”

“ ဘာ ?! ”

ဂျောင်ကုအပြောကြောင့် ထယ်ယောင်းမှာ သီးမတတ် ။ ထို့ကြောင့် ခေါက်ဆွဲဟင်းရည်အား ရှလွတ်ခနဲသောက်လိုက်သည် ။

“ ငါ့အခန်းကို ပြောင်းလာလို့ ”

“ ရုတ်တရက်ကြီး ဘာလို့လဲ ? ”

ဂျောင်ကုက အသားတစ်ဖတ်ယူစားလိုက်ကာ

“ ပျော်စရာလေးတွေရှာဖို့ပေါ့ ”

“ စာမေးပွဲနီးနေပြီကို ဘာပျော်စရာရှာချင်သေးတာတုန်း ”

“ ငါက ကျောင်းသားဘဝမှာပဲရနိုင်တဲ့ ပျော်ရွှင်မှုမျိုးရှာချင်တာ...ကျောင်းတွေပြီးသွားလို့ အသက်တွေကြီးလာတဲ့အထိ လုံးဝကိုမမေ့ဖျောက်နိုင်တဲ့ ပျော်စရာလေးတွေကိုပေါ့ ”

ထယ်ယောင်း တွေဝေသွားသည် ။

“ မင်းက ငါနဲ့အမှတ်တရတွေ ချန်ထားချင်တာလား ? ”

“ အင်း...အဲ့လိုပဲဆိုရမှာပေါ့ ”

“ ဒါပေမဲ့ ဘာလို့ငါနဲ့မှလဲ ? ”

“ ရှင်းနေတာပဲလေ...မင်းကငါနဲ့အရင်းနှီးဆုံးပဲမလို့ပေါ့ ”

နှစ်ဦးသား အကြည့်ချင်းဆုံသွားကြသည် ။ ဘာစကားမျှမဆက်ပြောကြသော်လည်း တစ်ဦး၏မျက်ဝန်းဆီမှ ရင်းနှီးမှု‌တို့အား ဖွေရှာနေမိကြသည် ။ ဂျောင်ကုက ထယ်ယောင်းငြင်းဆန်လိုက်မည်ကို စိုးရိမ်နေမျသကဲ့သို့ ထယ်ယောင်းကလည်း ဂျောင်ကုကလီဆယ်၍ ပြောနေမည်ကို စိုးရိမ်နေမိသည် ။

“ ငါ...ငါ ဒီတစ်ခေါက်စာမေးပွဲပြီးလို့ ခရီးတိုက‌ေနပြန်ရောက်တဲ့အခါ ပြောင်းလာခဲ့မယ် ”

ဂျောင်ကုစိတ်ပြောင်းသွားမည်စိုးတာကြောင့် ထယ်ယောင်းအလျင်မြန်ပြောလိုက်သည် ။ အမှန်တိုင်းပြောရလျှင် ထယ်ယောင်းသည်လည်း ကျောင်းသားဘဝ၏ပျော်စရာများအား တစ်ဘဝလုံးစာအမှတ်တရများအတွက် သိမိးထားချင်မိသည် ။ ထို့ကြောင့် ဂျောင်ကုပြောသည်အား လက်ခံလိုက်ခြင်းပင် ။

ဂျောင်ကုကလည်း ထယ်ယောင်းလက်ခံလိုက်တာကြောင့် ကျေနပ်စွာပြုံးလိုက်သည် ။

ခေါက်ဆွဲပြုတ်စားပြီးနောက်တွင်တော့ ထယ်ယောင်းက အားမနာစွာဖြင့် စားပြီးသားပန်းကန်များအား ဒီတိုင်းထားခဲ့ကာ သကြားလုံးထုပ်များယူ၍ သူ့အခန်းထဲသို့ပြန်သွားခဲ့သည် ။

ထိုညတွင် စာလုပ်နေရင်း ပြတင်းပေါက်အပြင်ဖက်သို့ ထယ်ယောင်းလှမ်းကြည့်လိုက်သည် ။ ကောင်းကင်ကြီးပေါ်၌ များပြားလှသည့် ကြယ်များအား တွေ့လိုက်ရတာကြောင့် ထယ်ယောင်း၏နှုတ်ခမ်းများက အပေါ်သို့ကွေးတက်သွားသည် ။

“ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေက အခုမှလာမှာလား ? ”

----------------------------

နောက်ရက်မှစ၍ စီနီယာအထက်တန်းကျောင်းသားများသည် စာမေးပွဲအတွက် စာများနှင့် နပန်းလုံးရတော့သည် ။ စံပြကျောင်းသားများဖြစ်သည့် ထယ်ယောင်းနှင့်ဂျောင်ကုပင်လျှင် ချွင်းချက်မရှိ ။ မနက်ပိုင်းကိုယ်ပိုင်စာကြည့်ချိန်မှစ၍ ညပိုင်းကိုယ်ပိုင်စာကြည့်ချိန်မထိ တစ်ဦးနှင့်တစ်ဦး စာအကြောင်းမှလွှဲ၍ အခြားအကြောင်းအရာများမပြောနိုင်လောက်အောင်ပင် အလုပ်များနေကြ၏ ။

ဤသို့နှင့် လျင်မြန်စွာပင် စာမေးပွဲဖြေဆိုရမည့် ရှစ်လပိုင်းပထမအပတ်သို့ရောက်လာခဲ့သည် ။ စာမေးပွဲက သုံးရက်ကြာဖြေဆိုရမည်ဖြစ်ပြီး တစ်ရက်လျှင် နှစ်ဘာသာဖြစ်သည် ။ မနက်ခင်းရှစ်နာရီမှဆယ်နာရီထိက တစ်ဘာသာ ၊ ဆယ်နာရီမှတစ်ဆယ့်နှစ်နာရီထိကတစ်ဘာသာ နှင့် စုစုပေါင်း လေးနာရီကြာဖြေဆိုရမည်ဖြစ်သည် ။

ဤသို့သော ဖြေဆိုမှုမျိုးက သုံးရက်မြောက်သည့်နေ့တွင်တော့ ပြီးဆုံးသွားပြီဖြစ်၏ ။ ရှင်းဟွာကျောင်းသားများကလည်း ထိုအခါမှ အညောင်းညာလေးများဆန့်ကာ နေသာထိုင်သာရှိသွားကြတော့သည် ။

“ ဝူးဝူးဝူး...ဒီသုံးရက်က ငါ့ကိုငရဲခန်းထဲအမဲဖြတ်နေသလို ခံစားရစေတယ် ”

ချန်ဆောင်းက စာရေးခုံပေါ်တွင်မှောက်ရင်း ငြီးငြူနေသည် ။ ဟာဂျွန်ကတော့ ချန်ဆောင်း၏ ကျောပြင်လေးအား ပွတ်သပ်ရင်း နှစ်သိမ့်ပေးနေသည် ။

စာမေးပွဲပြီးလျှင် အတော်များများက ထိုသို့ဖြစ်တတ်ကြသည် ။ မကြာလိုက် ဗလကြီးယူက အတန်းထဲသို့ဝင်လာတာကြောင့် တစ်ခန်းလုံးငြိမ်ကျသွားသည် ။

“ ကဲ...ကျောင်းသားတို့ရေ...ဒီတစ်လအတွက်စာမေးပွဲကပြီးသွားပြီမလို့ ဆရာပြောထားတဲ့အတိုင်း နှစ်ညအိပ်သုံးရက်တာ ခရီးစဉ်လေးရှိပါမယ် ”

“ ရေးးးးး ဝူး ဟူး ”

တစ်ခန်းလုံးက ပျော်ရွှင်သွားကြပြန်သည် ။ ခရီးထွက်ကြမည်ဆိုသည့်စကားကြောင့် လွန်ခဲ့သည့်ရက်တွေတုန်းက ငရဲကျသကဲ့သို့ဖြေဆိုရသည့် စာမေးပွဲဖိအားများကိုပင် မေ့ပျောက်သွားသည် ။

“ ကျွန်တော်တို့ ဘယ်ကိုသွားကြမှာလဲ ဆရာ ”

ခန့်မှန်းနေစရာမလိုလောက်အောင်ပင် အနှီအသံက ချန်ဆောင်းဆီမှထွက်လာခြင်းဖြစ်သည် ။

“ ဆရာတို့ ဒီတစ်ခါ တောတွင်းအပန်းဖြေခရီးလေးသွားကြမယ်...ဆရာအကုန်လုံးရှာဖွေထားပြီးပြီ အဲ့ဒီတောလေးက မင်းတို့အကုန်လုံးကိုပျော်ရွှင်စေမယ်လို့ အာမခံတယ် ”

“ အဲ့မှာ စမ်းချောင်းလေးရှိလား ? ”

“ တောကောင်သေးသေးလေးတွေရောရှိလား ? ”

“ ခြင်ပေါလား ဆရာ ? ”

“ တောထဲမှာဆိုတော့ အမဲလိုက်ပြီးရှာစားရမှာလား ဆရာ ”

“ ရေချိုးရင်ရော ဘယ်လိုလုပ်မှာလဲ ? ကျွန်တော်က ရှက်တတ်တယ်နော် ”

“ သန့်စင်ခန်းကကျတော့ရော...ချုံထဲမှာပဲ ကိစ္စရှင်းရမှာလား ? ”

“ ကိုယ်ပိုင်တဲလေးနဲ့အိပ်ရမှာပေါ့နော် ”

မေးလာသည်များက ပေါက်တတ်ကရနှင့် တစ်ယောက်တစ်ပေါက်စီ ။ ထို့ကြောင့်ဗလကြီးယူလည်း ဆူညံနေသည့်အတန်းအား ချောင်းလေးဟန့်ကာ ထိန်းသိမ်းလိုက်သည် ။

“ အဟမ်း...ဆရာပြောတဲ့ တောဆိုတာက အပန်းဖြေဖို့အတွက် သေချာလေးထိန်းသိမ်းထားတဲ့တောကိုပြောတာဖြစ်တယ်...ဒါကြောင့် မင်းတို့ရဲ့ ကိုယ်ပိုင်ကိစ္စတွေရှင်းဖို့ရန်ကိုလည်း ချုံတွေဘာတွေထဲသွားစရာမလိုပါဘူး...ပြီးတော့ တဲငယ်လေးတွေကိုလည်း တစ်ခါထဲစီစဉ်ထားပြီးသားပါ

ဆရာတို့က အစားအသောက်နဲ့အသုံးအဆောင်တွေကို ပြင်ဆင်ထားရုံပဲ ”

“ ဘယ်နေ့သွားကြမလဲ ဆရာယူ ? ”

“ စနေနေ့မနက်စောစောသွားကြမယ်...မင်းတို့မှာ ပြင်ဆင်ချိန်နှစ်ရက်ရှိတယ် ”





ပြဇာတ်ငယ်လေး :

ဂျောင်ကု - တောတွင်းခရီးတိုလေးသွားကြမယ်တဲ့

ထယ်ယောင်း - အဲ့ဒီတော့

ဂျောင်ကု - ကားစီးတဲ့အခါ ငါနဲ့ထိုင်နော်

ထယ်ယောင်း - အင်း

ဂျောင်ကု - အိပ်ရင်လည်း ငါနဲ့တူတူအိပ်နော်

ထယ်ယောင်း - ??? မင်းငါ့ကိုကြိုက်နေတာလား ?

ဂျောင်ကု - မဖြစ်နိုင်တာ (°ー°〃)

----------------------------

Plz! Vote, Feedback and follow me 🎐











(Zawgyi)

ႏွစ္ေယာက္သား ေက်ာင္းတံခါးေ႐ွ႕သို႔ေရာက္လာသည့္အခါတြင္ ဝယ္ယူလာသည့္ အစားအေသာက္မ်ားအား ဝတ္ထားသည့္ အက်ႌထူတို႔ျဖင့္ ပတ္လိုက္ကာ အေဆာင္ဝင္းထဲသို႔ ခိုးေၾကာင္ခိုးဝွက္ဝင္လာရသည္ ။ သို႔ေသာ္ ဝယ္ယူလာသည့္ပစၥည္းတို႔က မ်ားျပားလြန္းေနတာေၾကာင့္ သူတို႔၏အက်ႌႏွင့္ေတာင္ လုံျခဳံေအာင္မဖုံးထားႏိုင္ေပ ။ ထို႔ေၾကာင့္ ေမွာင္ရိပ္က်ေနသည့္ေနရာမွတစ္ဆင့္ အိပ္ေဆာင္သို႔အခ်င္အျမန္ေျပးသြားရသည္ ။

အေဆာင္၏သုံးထပ္ေျမာက္သို႔ ေလွကားမွတစ္ဆင့္ ေျပးတက္ၿပီးေနာက္တြင္ ေဂ်ာင္ကုက ထယ္ေယာင္းအား သူ႕အခန္းဆီသို႔ဖိတ္ေခၚလိုက္သည္ ။ ထယ္ေယာင္းလည္း ေဂ်ာင္ကုက သူ႕အားေခါက္ဆြဲျပဳတ္ေကြၽးမည္ဟု ေျပာထားတာေၾကာင့္ ေဂ်ာင္ကုအခန္းသို႔ဝင္သြားလိုက္သည္ ။

ေဂ်ာင္ကုအခန္းထဲသို႔ထယ္ေယာင္းေရာက္သြားသည့္အခါ ထယ္ေယာင္းမွင္သက္မိသြားသည္ ။ ေဂ်ာင္ကုအခန္းႏွင့္သူ႕အခန္းက ပ်မ္းမွ်အားျဖင့္ပုံစံတူေသာ္ျငား ေဂ်ာင္ကု၏အခန္းက သူ႕အခန္းကဲ့သို႔ စာအုပ္မ်ားျဖင့္သာ ျပည့္က်ပ္မေနဘဲ ပ်င္းရိဖြယ္မေကာင္းေပ ။

သပ္ရပ္လွသည့္အခန္းပုံစံႏွင့္ ေဂ်ာင္ကု၏အသုံးအေဆာင္ပစၥည္းတို႔က ေဂ်ာင္ကုသည္ ကိုယ္ပိုင္ကမ႓ာငယ္ေလး၌ပင္ ေပ်ာ္ေမြ႕တတ္သူျဖစ္ေၾကာင္းၫႊန္ျပေနသည္ ။ လူႏွစ္ဦးေကာင္းေကာင္းဆန္႔သည့္အခန္းေလးထဲတြင္ ေဂ်ာင္ကုကတစ္ေယာက္ထဲေနတာေၾကာင့္ အခန္း၏ေနရာအႏွံတြင္ ေဂ်ာင္ကု၏ပစၥည္းမ်ားကေနရာယူထားသည္ ။

သူ႕တြင္ လူတစ္ရပ္စာပင္မျမင့္သည့္ Mini basket ေလး႐ွိေနၿပီး ကုတင္ေပၚမွ ေဘာလုံးအားအပ်င္းေျပလွမ္းပစ္လို႔ရသည့္ ေနရာေလးလည္း႐ွိသည္ ။ ထို႔ျပင္ လက္ေမာင္းႂကြက္သားမ်ားကိုေတာင့္တင္းေစသည့္ အေလးမတုံးမ်ားလည္း႐ွိေနကာ boxing ထိုးသည့္ လက္အိတ္ပင္႐ွိေနေသးသည္ ။

“ မင္းငါ့အခန္းကို ပထမဆုံးေရာက္ဖူးတာမလား ? ”

ေဂ်ာင္ကုက ထယ္ေယာင္းသူ႕အခန္းအား စပ္စုေနမွန္းသိတာေၾကာင့္ ထိုသို႔ေမးလိုက္ျခင္းျဖစ္သည္ ။ ထိုအခါမွ ထယ္ေယာင္းလည္း ေငးၾကည့္ေနရာမွသတိျပန္ဝင္လာၿပီး လက္ထဲတြင္ကိုင္ထားသည့္ ပစၥည္းအိတ္အား ေဂ်ာင္ကုလက္ထဲသို႔ထည့္ေပးလိုက္၍ ျပန္ေျဖလာသည္ ။

“ အြန္း...ဟုတ္တယ္...မင္းက တကယ္ကို တစ္ေယာက္ထဲလဲ ေပ်ာ္ေအာင္ေနတတ္တာပဲေနာ္ ”

ေဂ်ာင္ကုက ပုခုံးတြန္႔ျပလိုက္သည္ ။

“ ငါက တျခားလူေတြနဲ႔ဆက္ဆံေရးအဆင္မေျပဘူးဆို‌မဲ့ ကိုယ္ပိုင္ေပ်ာ္႐ႊင္မႈေလးေတာ့႐ွာတတ္ပါတယ္...ငါက မင္းလို႔ ကိုယ့္ကိုယ္ကိုယ္အရမ္းမထိန္းခ်ဳပ္ထားတတ္ဘူးေလ ”

ထယ္ေယာင္းၿပိဳင္မျငင္းမိလိုက္ ။ ေဂ်ာင္ကုေျပာသကဲ့သို႔ သူက ကိုယ့္ကိုယ္ကိုယ္တအားထိန္းခ်ဳပ္ထားတတ္တာေၾကာင့္ သူ၏ပုံမွန္မ်က္ႏွာထားကပင္ ေဘးလူတို႔အား႐ွိန္သြားေစသည္ ။ တကယ္တမ္းေျပာရလွ်င္ ‌ထယ္ေယာင္းသည္ သူ၏အျပင္ပန္းသြင္ျပင္ကဲ့သို႔ ေအးစက္တတ္သူမဟုတ္ပဲ အလြန္ေႏြးေထြးသူျဖစ္သည္ ။ သို႔ေသာ္ ကိုယ္တိုင္၏ထိန္းခ်ဳပ္မႈတို႔က လြန္ကဲသြားသည့္အခါတြင္ေတာ့ ထယ္ေယာင္းသည္ မာနႀကီးသည့္သခင္ေလးကဲ့သို႔ျဖစ္သြားသည္ ။

“ မင္းငါ့ကို ေခါက္ဆြဲျပဳတ္ေကြၽးမယ္ဆို ? ”

ထယ္ေယာင္းက စကားလမ္းေၾကာင္းလႊဲလိုက္သည္ ။ ေဂ်ာင္ကုကလည္း ထယ္ေယာင္းဆက္မေျပာခ်င္ေတာ့မွန္းသိတာေၾကာင့္

“ ဟုတ္တယ္...ခဏထိုင္ေစာင့္ ငါ gas မီးဖိုထုတ္လိုက္ဦးမယ္ ”

ထယ္ေယာင္းအံ့ဩသြားသည္ ။ ေက်ာင္းအိပ္ေဆာင္ထဲသို႔ gas မီးဖိုအား ေဂ်ာင္ကုကသယ္လာသည္တဲ့လား ။ မိသြားလို႔ကေတာ့ ေကာင္းေကာင္းႀကီးအျပစ္ေပးခံရမည့္ျဖစ္ျခင္း ။

ေဂ်ာင္ကုက သူ႕အဝတ္ဗီဒိုဖြင့္လိုက္ၿပီး ဗီဒိုေအာက္ဆုံးထပ္မွ gas မီးဖို ၊ အိုးတစ္လုံး ႏွင့္ ပန္ကန္တစ္လုံး ၊ တူႏွစ္စုံထုတ္လာသည္ ။

“ မင္း အဲ့ဒါေတြကို ဒီတိုင္းႀကီးထည့္ထားတာလား ? ”

“ အင္းေလ...မဟုတ္လို႔ဘယ္နားထားရမလဲ ? ”

“ အေဆာင္ေတြလာစစ္ရင္ မင္းဘယ္လိုလုပ္လဲ ? ”

“ အဲ့ဒါေတြကို ျခင္းတစ္ခုထဲထည့္ ၊ ျခင္းကိုႀကိဳးနဲ႔ခ်ည္ၿပီး ျပတင္းေပါက္အျပင္ကို တန္းလန္းခ်ထားလိုက္တယ္ေလ ”

ထယ္ေယာင္းစိတ္ထဲတြင္ ေဂ်ာင္ကုအားလက္မအႀကီးႀကီးေထာင္ျပလိုက္သည္ ။ ဒါကဘယ္လိုေတာင္ ဉာဏ္ေကာင္းေနမႈႀကီးလဲ ။

ထယ္ေယာင္းက ကုတင္ေပၚတြင္ထိုင္ေနစဥ္ ေဂ်ာင္ကုက gas ဖြင့္၍ ေရေႏြးတည္သည္ ။ ထို႔ေနာက္ ဝတ္ထားသည့္ အေႏြးထည္အားခြၽတ္လိုက္ကာ ကုတင္ေပၚသို႔ပစ္တင္လိုက္သည္ ။ ထယ္ေယာင္းက အႏွီအျပဳအမူအားသေဘာမက်တာေၾကာင့္ ေဂ်ာင္ကု၏အေႏြးဂြမ္းကပ္အက်ႌအား အက်ႌခ်ိတ္ႏွင့္ခ်ိတ္လိုက္ကာ နံရံေပၚတြင္ခ်ိတ္ထားေပးလိုက္သည္ ။

ေဂ်ာင္ကုက ဝယ္လာသည့္ အ႐ြက္မ်ားကိုသင္၍ ေဆးေၾကာလိုက္သည္ ။ ေရေႏြးဆူပြတ္လာသည့္အခါ ေခါက္ဆြဲထုပ္ထဲမွ အခ်ဥ္မႈန္႔မ်ားကိုဦးလ်င္ထည့္ၿပီးမွ ေခါက္ဆြဲေျခာက္ေလးခ်ပ္အားထည့္လိုက္သည္ ။ ေခါက္ဆြဲတို႔အနည္းငယ္ ပြလာသည့္အခါမွ အ႐ြက္ ႏွင့္ ၾကက္ဥတို႔ကိုထည့္လိုက္ၿပီး ဝက္ေပါင္ေျခာက္တို႔ကိုပါ ထည့္လိုက္သည္ ။

သုံးမိနစ္မွ်ျပဳတ္ၿပီးသြားသည့္အခါမွ ေႏြဦးၾကက္သြန္တို႔အား စာ႐ြက္ညႇပ္သည့္ ကပ္ေၾကးျဖင့္ညႇပ္ထည့္လိုက္သည္ ။ ထို႔ေနာက္ gas မီးပိတ္လိုက္ကာ ေခါက္ဆြဲျပဳတ္ျခင္းအမႈသည္လည္း ၿပီးစီးလို႔သြားသည္ ။ ထယ္ေယာင္းကေတာ့ ကုတင္ေပၚတြင္သာထိုင္ေနကာ ေဂ်ာင္ကုျပဳလုပ္သြားသည္အား ေအးေဆးထိုင္ၾကည့္လို႔ေနသည္ ။

“ စားလို႔ရၿပီ ”

ေဂ်ာင္ကုက စားလို႔ရၿပီဆိုမွသာ ထယ္ေယာင္းက ကုတင္မွထလာသည္ ။ ထယ္ေယာင္းက စာေရးစာပြဲတြင္သာ ‌စားၾကမည္ဟုထင္လိုက္ေသာ္လည္း ေဂ်ာင္ကုက စာၾကည့္စာပြဲငယ္ေလးအားထုတ္လာၿပီး ကုတင္ေပၚတြင္တင္လိုက္သည္ ။ ထို႔ေနာက္ ေခါက္ဆြဲျပဳတ္အိုးအားလည္း အႏွီစာပြဲငယ္ေလးေပၚသို႔တင္လိုက္ကာ ထယ္ေယာင္းအားလည္း ကုတင္ေပၚသို႔တက္လာရန္ အခ်က္ျပလိုက္သည္ ။

“ ကုတင္ေပၚမွာ စားၾကမလို႔လား ? ”

“ အင္းေလ...ဘာလို႔လဲ ? ”

“ ငါတစ္ခါမွ အိပ္ရာေပၚမွာ အစားမစားဖူးဘူး ”

“ အခုစားဖူးေအာင္လုပ္လိုက္ေလ...အိပ္ရာေပၚမွာစားရတာ တကယ္ကိုေကာင္းတာ...ျမန္ျမန္လာစား ေခါက္ဆြဲေတြကြကုန္မယ္ ”

ထိုအခါမွ ထယ္ေယာင္းလည္းအတြန္႔မတက္ေတာ့ဘဲ ေဂ်ာင္ကု၏အိပ္ရာေပၚသို႔တက္သြားလိုက္သည္ ။ ေဂ်ာင္ကုကသူ႕အား တူတစ္စံႏွင့္ တစ္လုံးတည္းသာ႐ွိသည့္ ပန္းကန္လုံးအားေပးလာသည္ ။ သူကိုယ္တိုင္ကေတာ့ အိုးအဖုံးႏွင့္သာထည့္စားသည္ ။

ေဂ်ာင္ကုျပဳတ္ထားသည့္ ေခါက္ဆြဲျပဳတ္ေလးအား စူပါမတ္ကတ္မွဝယ္လာသည့္ ကင္မ္ခ်ီေလးႏွင့္တြဲစားလိုက္သည့္အခါ အရသာေလးကအင္မတန္မွေကာင္းမြန္လွသည္ ။ အျပင္ဖက္တြင္ေအးေနေသာ္လည္း ေဂ်ာင္ကု၏အခန္းထဲတြင္ေတာ့ ႏွစ္ေယာက္သား ေခြၽးတလုံးလုံးႏွင့္ ေခါက္ဆြဲျပဳတ္ပူပူေလးအား စားေနၾကသည္ ။

“ မင္း ငါ့အခန္းကိုေျပာင္းလာခ်င္လား ? ”

“ ဘာ ?! ”

ေဂ်ာင္ကုအေျပာေၾကာင့္ ထယ္ေယာင္းမွာ သီးမတတ္ ။ ထို႔ေၾကာင့္ ေခါက္ဆြဲဟင္းရည္အား ႐ွလြတ္ခနဲေသာက္လိုက္သည္ ။

“ ငါ့အခန္းကို ေျပာင္းလာလို႔ ”

“ ႐ုတ္တရက္ႀကီး ဘာလို႔လဲ ? ”

ေဂ်ာင္ကုက အသားတစ္ဖတ္ယူစားလိုက္ကာ

“ ေပ်ာ္စရာေလးေတြ႐ွာဖို႔ေပါ့ ”

“ စာေမးပြဲနီးေနၿပီကို ဘာေပ်ာ္စရာ႐ွာခ်င္ေသးတာတုန္း ”

“ ငါက ေက်ာင္းသားဘဝမွာပဲရႏိုင္တဲ့ ေပ်ာ္႐ႊင္မႈမ်ိဳး႐ွာခ်င္တာ...ေက်ာင္းေတြၿပီးသြားလို႔ အသက္ေတြႀကီးလာတဲ့အထိ လုံးဝကိုမေမ့ေဖ်ာက္ႏိုင္တဲ့ ေပ်ာ္စရာေလးေတြကိုေပါ့ ”

ထယ္ေယာင္း ေတြေဝသြားသည္ ။

“ မင္းက ငါနဲ႔အမွတ္တရေတြ ခ်န္ထားခ်င္တာလား ? ”

“ အင္း...အဲ့လိုပဲဆိုရမွာေပါ့ ”

“ ဒါေပမဲ့ ဘာလို႔ငါနဲ႔မွလဲ ? ”

“ ႐ွင္းေနတာပဲေလ...မင္းကငါနဲ႔အရင္းႏွီးဆုံးပဲမလို႔ေပါ့ ”

ႏွစ္ဦးသား အၾကည့္ခ်င္းဆုံသြားၾကသည္ ။ ဘာစကားမွ်မဆက္ေျပာၾကေသာ္လည္း တစ္ဦး၏မ်က္ဝန္းဆီမွ ရင္းႏွီးမႈ‌တို႔အား ေဖြ႐ွာေနမိၾကသည္ ။ ေဂ်ာင္ကုက ထယ္ေယာင္းျငင္းဆန္လိုက္မည္ကို စိုးရိမ္ေနမ်သကဲ့သို႔ ထယ္ေယာင္းကလည္း ေဂ်ာင္ကုကလီဆယ္၍ ေျပာေနမည္ကို စိုးရိမ္ေနမိသည္ ။

“ ငါ...ငါ ဒီတစ္ေခါက္စာေမးပြဲၿပီးလို႔ ခရီးတိုက‌ေနျပန္ေရာက္တဲ့အခါ ေျပာင္းလာခဲ့မယ္ ”

ေဂ်ာင္ကုစိတ္ေျပာင္းသြားမည္စိုးတာေၾကာင့္ ထယ္ေယာင္းအလ်င္ျမန္ေျပာလိုက္သည္ ။ အမွန္တိုင္းေျပာရလွ်င္ ထယ္ေယာင္းသည္လည္း ေက်ာင္းသားဘဝ၏ေပ်ာ္စရာမ်ားအား တစ္ဘဝလုံးစာအမွတ္တရမ်ားအတြက္ သိမိးထားခ်င္မိသည္ ။ ထို႔ေၾကာင့္ ေဂ်ာင္ကုေျပာသည္အား လက္ခံလိုက္ျခင္းပင္ ။

ေဂ်ာင္ကုကလည္း ထယ္ေယာင္းလက္ခံလိုက္တာေၾကာင့္ ေက်နပ္စြာျပဳံးလိုက္သည္ ။

ေခါက္ဆြဲျပဳတ္စားၿပီးေနာက္တြင္ေတာ့ ထယ္ေယာင္းက အားမနာစြာျဖင့္ စားၿပီးသားပန္းကန္မ်ားအား ဒီတိုင္းထားခဲ့ကာ သၾကားလုံးထုပ္မ်ားယူ၍ သူ႕အခန္းထဲသို႔ျပန္သြားခဲ့သည္ ။

ထိုညတြင္ စာလုပ္ေနရင္း ျပတင္းေပါက္အျပင္ဖက္သို႔ ထယ္ေယာင္းလွမ္းၾကည့္လိုက္သည္ ။ ေကာင္းကင္ႀကီးေပၚ၌ မ်ားျပားလွသည့္ ၾကယ္မ်ားအား ေတြ႕လိုက္ရတာေၾကာင့္ ထယ္ေယာင္း၏ႏႈတ္ခမ္းမ်ားက အေပၚသို႔ေကြးတက္သြားသည္ ။

“ စစ္မွန္တဲ့ ေပ်ာ္႐ႊင္မႈေတြက အခုမွလာမွာလား ? ”

----------------------------

ေနာက္ရက္မွစ၍ စီနီယာအထက္တန္းေက်ာင္းသားမ်ားသည္ စာေမးပြဲအတြက္ စာမ်ားႏွင့္ နပန္းလုံးရေတာ့သည္ ။ စံျပေက်ာင္းသားမ်ားျဖစ္သည့္ ထယ္ေယာင္းႏွင့္ေဂ်ာင္ကုပင္လွ်င္ ခြၽင္းခ်က္မ႐ွိ ။ မနက္ပိုင္းကိုယ္ပိုင္စာၾကည့္ခ်ိန္မွစ၍ ညပိုင္းကိုယ္ပိုင္စာၾကည့္ခ်ိန္မထိ တစ္ဦးႏွင့္တစ္ဦး စာအေၾကာင္းမွလႊဲ၍ အျခားအေၾကာင္းအရာမ်ားမေျပာႏိုင္ေလာက္ေအာင္ပင္ အလုပ္မ်ားေနၾက၏ ။

ဤသို႔ႏွင့္ လ်င္ျမန္စြာပင္ စာေမးပြဲေျဖဆိုရမည့္ ႐ွစ္လပိုင္းပထမအပတ္သို႔ေရာက္လာခဲ့သည္ ။ စာေမးပြဲက သုံးရက္ၾကာေျဖဆိုရမည္ျဖစ္ၿပီး တစ္ရက္လွ်င္ ႏွစ္ဘာသာျဖစ္သည္ ။ မနက္ခင္း႐ွစ္နာရီမွဆယ္နာရီထိက တစ္ဘာသာ ၊ ဆယ္နာရီမွတစ္ဆယ့္ႏွစ္နာရီထိကတစ္ဘာသာ ႏွင့္ စုစုေပါင္း ေလးနာရီၾကာေျဖဆိုရမည္ျဖစ္သည္ ။

ဤသို႔ေသာ ေျဖဆိုမႈမ်ိဳးက သုံးရက္ေျမာက္သည့္ေန႔တြင္ေတာ့ ၿပီးဆုံးသြားၿပီျဖစ္၏ ။ ႐ွင္းဟြာေက်ာင္းသားမ်ားကလည္း ထိုအခါမွ အေညာင္းညာေလးမ်ားဆန္႔ကာ ေနသာထိုင္သာ႐ွိသြားၾကေတာ့သည္ ။

“ ဝူးဝူးဝူး...ဒီသုံးရက္က ငါ့ကိုငရဲခန္းထဲအမဲျဖတ္ေနသလို ခံစားရေစတယ္ ”

ခ်န္ေဆာင္းက စာေရးခုံေပၚတြင္ေမွာက္ရင္း ၿငီးျငဴေနသည္ ။ ဟာဂြၽန္ကေတာ့ ခ်န္ေဆာင္း၏ ေက်ာျပင္ေလးအား ပြတ္သပ္ရင္း ႏွစ္သိမ့္ေပးေနသည္ ။

စာေမးပြဲၿပီးလွ်င္ အေတာ္မ်ားမ်ားက ထိုသို႔ျဖစ္တတ္ၾကသည္ ။ မၾကာလိုက္ ဗလႀကီးယူက အတန္းထဲသို႔ဝင္လာတာေၾကာင့္ တစ္ခန္းလုံးၿငိမ္က်သြားသည္ ။

“ ကဲ...ေက်ာင္းသားတို႔ေရ...ဒီတစ္လအတြက္စာေမးပြဲကၿပီးသြားၿပီမလို႔ ဆရာေျပာထားတဲ့အတိုင္း ႏွစ္ညအိပ္သုံးရက္တာ ခရီးစဥ္ေလး႐ွိပါမယ္ ”

“ ေရးးးးး ဝူး ဟူး ”

တစ္ခန္းလုံးက ေပ်ာ္႐ႊင္သြားၾကျပန္သည္ ။ ခရီးထြက္ၾကမည္ဆိုသည့္စကားေၾကာင့္ လြန္ခဲ့သည့္ရက္ေတြတုန္းက ငရဲက်သကဲ့သို႔ေျဖဆိုရသည့္ စာေမးပြဲဖိအားမ်ားကိုပင္ ေမ့ေပ်ာက္သြားသည္ ။

“ ကြၽန္ေတာ္တို႔ ဘယ္ကိုသြားၾကမွာလဲ ဆရာ ”

ခန္႔မွန္းေနစရာမလိုေလာက္ေအာင္ပင္ အႏွီအသံက ခ်န္ေဆာင္းဆီမွထြက္လာျခင္းျဖစ္သည္ ။

“ ဆရာတို႔ ဒီတစ္ခါ ေတာတြင္းအပန္းေျဖခရီးေလးသြားၾကမယ္...ဆရာအကုန္လုံး႐ွာေဖြထားၿပီးၿပီ အဲ့ဒီေတာေလးက မင္းတို႔အကုန္လုံးကိုေပ်ာ္႐ႊင္ေစမယ္လို႔ အာမခံတယ္ ”

“ အဲ့မွာ စမ္းေခ်ာင္းေလး႐ွိလား ? ”

“ ေတာေကာင္ေသးေသးေလးေတြေရာ႐ွိလား ? ”

“ ျခင္ေပါလား ဆရာ ? ”

“ ေတာထဲမွာဆိုေတာ့ အမဲလိုက္ၿပီး႐ွာစားရမွာလား ဆရာ ”

“ ေရခ်ိဳးရင္ေရာ ဘယ္လိုလုပ္မွာလဲ ? ကြၽန္ေတာ္က ႐ွက္တတ္တယ္ေနာ္ ”

“ သန္႔စင္ခန္းကက်ေတာ့ေရာ...ခ်ံဳထဲမွာပဲ ကိစၥ႐ွင္းရမွာလား ? ”

“ ကိုယ္ပိုင္တဲေလးနဲ႔အိပ္ရမွာေပါ့ေနာ္ ”

ေမးလာသည္မ်ားက ေပါက္တတ္ကရႏွင့္ တစ္ေယာက္တစ္ေပါက္စီ ။ ထို႔ေၾကာင့္ဗလႀကီးယူလည္း ဆူညံေနသည့္အတန္းအား ေခ်ာင္းေလးဟန္႔ကာ ထိန္းသိမ္းလိုက္သည္ ။

“ အဟမ္း...ဆရာေျပာတဲ့ ေတာဆိုတာက အပန္းေျဖဖို႔အတြက္ ေသခ်ာေလးထိန္းသိမ္းထားတဲ့ေတာကိုေျပာတာျဖစ္တယ္...ဒါေၾကာင့္ မင္းတို႔ရဲ႕ ကိုယ္ပိုင္ကိစၥေတြ႐ွင္းဖို႔ရန္ကိုလည္း ခ်ံဳေတြဘာေတြထဲသြားစရာမလိုပါဘူး...ၿပီးေတာ့ တဲငယ္ေလးေတြကိုလည္း တစ္ခါထဲစီစဥ္ထားၿပီးသားပါ

ဆရာတို႔က အစားအေသာက္နဲ႔အသုံးအေဆာင္ေတြကို ျပင္ဆင္ထား႐ုံပဲ ”

“ ဘယ္ေန႔သြားၾကမလဲ ဆရာယူ ? ”

“ စေနေန႔မနက္ေစာေစာသြားၾကမယ္...မင္းတို႔မွာ ျပင္ဆင္ခ်ိန္ႏွစ္ရက္႐ွိတယ္ ”





ျပဇာတ္ငယ္ေလး :

ေဂ်ာင္ကု - ေတာတြင္းခရီးတိုေလးသြားၾကမယ္တဲ့

ထယ္ေယာင္း - အဲ့ဒီေတာ့

ေဂ်ာင္ကု - ကားစီးတဲ့အခါ ငါနဲ႔ထိုင္ေနာ္

ထယ္ေယာင္း - အင္း

ေဂ်ာင္ကု - အိပ္ရင္လည္း ငါနဲ႔တူတူအိပ္ေနာ္

ထယ္ေယာင္း - ??? မင္းငါ့ကိုႀကိဳက္ေနတာလား ?

ေဂ်ာင္ကု - မျဖစ္ႏိုင္တာ (°ー°〃)

----------------------------

Plz! Vote, Feedback and follow me 🎐


Continue Reading

You'll Also Like

81.3K 4.4K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
44.9K 3.1K 72
ဖတ်ကြည့်နော်😉😉
62.2K 4.8K 63
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
178K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."