Be My Side [COMPLETED]

By Pp-ken

151K 12.9K 2.5K

တစ်သက်လုံးတွဲထားချင်တဲ့လက်တစ်စုံကို အချိန်မှီကလေး ကိုယ်လှမ်းပြီး ဖမ်းဆုပ်နိုင်ခဲ့တယ်။ • 𝗣𝗹𝗲𝗮𝘀𝗲 𝗕𝗲 𝗠... More

A/N
What is Omegaverse ?
Part 01
Part 02
Part 03
Part 04
Part 05
Part 06
Part 07
Part 08
Part 09
Part 10
Part 11
Part 12
Part 13
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
-Final-
-နှုတ်ဆက်စာ-

Part 14

3.2K 309 36
By Pp-ken

Pete ;

‘You know how much you're beautiful ’
ငါသူ့ကိုတွန်းတိုက်ပြီးထွက်လာခဲ့တာတောင် ငါ့နားထဲမှာ သူ့ရဲ့ဒီစကားသံကို ကြားနေရတုန်းပဲ။ Vegasက သိပ်ကိုပဲတော်လွန်းတဲ့သူပဲ။ လူ့စိတ်ကို ဘယ်လိုမျိုးဘဝင်ခွေ့အောင်လုပ်ရမလဲဆိုတာ သေချာသိလေတယ်။

ဘယ်သူမဆို ကိုယ့်ကိုသဘောကျတဲ့သူရှိရင် စိတ်ထဲကျေနပ်ကြမှာအမှန်လေ။ ငါလည်းအဲ့လိုပေါ့၊ Vegasကငါ့ကိုစကားလုံးချိုချိုလေးတွေပြောလာခဲ့ရင် ငါ့ပုံစံကသဘောမကျသလိုပေမယ့် ငါ့မသိစိတ်ထဲမှာတော့ ထုတ်ပြထားတဲ့ငါ့ပုံစံနဲ့ခြားနားစွာပဲ သဘောကျသလိုခံစားနေရတယ်။

စကားလုံးတွေချိုသာစွာပြောပြီး ပြုံးနေတတ်တဲ့Vegasပုံစံက ဆွဲဆောင်မှုရှိတယ်ဆိုတာကိုတော့ ငါမငြင်းနိုင်ဘူး။

“Pete ! မျက်နှာနီနေတယ် ! ဘာလို့လဲ ! ”

အစ်ကိုလေးက Bubbleစေ့တွေကိုဝါးနေရင်းကနေ ဗလုံးဗထွေးနဲ့ငါ့ကိုလှမ်းအော်လာတယ်။ အသံကကျယ်တာမို့ စတူဒီယိုမှာရှိတဲ့ဝန်ထမ်းတွေကတောင် ငါ့ကိုလှည့်ကြည့်လာကြတယ်။ ငါရှက်ရှက်နဲ့ပဲ အစ်ကိုလေးဘေးကို သွက်သွက်ကလေးသွားလိုက်ရတော့တယ်။ အခုလိုမျိုး လူတွေအာရုံကို တစုတစည်းထဲရလိုက်တာမျိုး ငါတကယ်ကိုမကြိုက်ပါဘူး။ အစ်ကိုလေးက သူဘာအမှားမှမလုပ်ထားတဲ့ပုံမျိုးနဲ့ Babbleစေ့တွေကိုပိုက်နဲ့စုပ်ယူနိုင်ဖို့သာကြိုးစားနေလျက်ရှိတယ်။

“စကားပြောရင် တိုးတိုးပြောပါ ၊ အစ်ကိုလေးက public figureနော် ၊ ပုံစံထိန်းဦး ”

ငါ အစ်ကိုလေးကို တိုးတိုးတိတ်တိတ်ကပ်ပြီး သတိပေးစကားပြောလိုက်ရတယ်။ Armနဲ့Polထက်စာရင် အစ်ကိုလေးက ငါ့စကားကို နားထောင်သလိုလိုရှိတာမို့။ သူတို့နှစ်ယောက် အစ်ကိုလေးကိုမထိန်းနိုင်တဲ့အခါမျိုးဆို ငါပဲဝင်ထိန်းခဲ့ရတာ။ အဲ့လိုထိန်းလိုက်ရင် အစ်ကိုလေးက နည်းနည်းတော့ငြိမ်သွားတတ်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ အစ်ကိုလေးရဲ့ ကောင်းမွန်တဲ့စိတ်ကလေးက အတောင်ပံပေါက်ပြီး ပျံသွားပြီထင်တယ်။ ငါ့စကားကိုကြားတာနဲ့ အစ်ကိုလေးက ပက်ခနဲပြန်ပြောလာပါလေရော။

“အောင်း ! ဘာလို့ ထိန်းရမှာလဲ ! ကိုယ့်ပုံစံနဲ့ကိုယ်ပဲပေါ့ ! Tankhunတို့ကတော့ ဒီလိုပဲပြောတတ်တယ် ! မကျေနပ်ဘူးလား မကျေနပ်ရင် ငါနဲ့မပြောပဲ ဟိုမျိုးမစစ်လေးနဲ့ သွားပြောနေလိုက် ! ”

စကားလုံးတွေကို နားကွဲမတတ်နားထောင်ပြီးနောက်မှာတော့ အစ်ကိုလေးဘာဖြစ်လို့ ငါ့စကားကိုပြန်ခွန်းတုံ့ပြန်လဲဆိုတာ ငါသိသွားရပြီ။ ခုနက Vegasနဲ့စကားရပ်ပြောနေတာကို အစ်ကိုလေးက မကြည်ဖြစ်နေတာပဲ။ Vegasကလည်း ပြုံးပြီးပြောနေတာဆိုတော့ ငါတို့စကားဝိုင်းကို ပျော်စရာကောင်းတယ်လို့ အစ်ကိုလေးကထင်နေတာဖြစ်မယ်။ ‘ပျော်စရာကောင်းလား’လို့ ငါ့ကိုမေးရင်တော့ အဲ့လိုမဟုတ်ပါဘူးလို့ပြောမိမှာပေမယ့် ‘ဒါဆိုပျော်စရာမကောင်းဘူးလား’လို့ ထပ်မေးလာရင်တော့ အဲ့အမေးကိုထောက်ခံပြီး ခေါင်းညိတ်ပြနိုင်မယ်မထင်ဘူး။ ဘာလို့ဆို စိတ်လှုပ်ရှားစရာတော့ကောင်းတာမို့။

ဒါပေမယ့် အစ်ကိုလေးဆီကို အဲ့လိုဖြေလိုက်လို့တော့မရတာကြောင့် အကြောင်းပြချက်ပေးရမယ့်ငါ့နှုတ်ခမ်းက ချက်ချင်းဆိုသလိုပြုံးလိုက်ရတော့တယ်။ အစ်ကိုလေးက ပြုံးပြီးသာချော့မော့စကားပြောလိုက်ရင် ချက်ချင်းစိတ်ပြန်ပြေတတ်တာမို့ အခုစကားနည်းနည်းလောက် အလိုလိုက်အကြိုက်ဆောင်ပြောလိုက်ရင် အစ်ကိုလေးစိတ်ပျော်သွားမှာအသေအချာပဲ။

“သူစကားလာပြောနေလို့ မကောင်းတတ်လို့နားထောင်နေရတာပါ အစ်ကိုလေးရာ ။ ကျွန်တော် Vegasကိုသဘောမကျတာ အစ်ကိုလေးလည်းသိတာပဲ ။ အဲ့ဒါကြောင့် ကျွန်တော့်မျက်နှာရဲလာတာပေါ့ ။ အဲ့ကောင်စကားတွေကို ကြိတ်မှိတ်သည်းခံနားထောင်လာရလို့လေ ။ အစ်ကိုလေးမယုံရင် ကျွန်တော်ဘယ်လိုလုပ်ပြရမလဲပြော ”

ငါ့စကားတွေက အလိမ်အညာတစ်ဝက်တောင်မဟုတ်ဘူး၊ အလိမ်အညာ သုံးပုံပုံရင် နှစ်ပုံလောက်ပါနေလေတယ်။ ‘Vegasကိုသဘောမကျ’ဆိုတဲ့စကားစုကတော့ အမှန်ပေါ့။ ငါမှတကယ်သဘောမကျသေးတာ။ စိတ်ဝင်စားမိရုံလေး။ ဟေး အဲ့စကားလုံးနှစ်လုံးရဲ့အဓိပ္ပါယ်က တအားကိုကွဲပြားတာနော်။ သဘောကျတာနဲ့စိတ်ဝင်စားတာ ၊ ဒါကလုံးဝကွဲတယ် ။ စိတ်ဝင်စားမိတာနဲ့ သဘောကျတာမဖြစ်သွားဘူးလေ။ ငါက Vegasကိုစိတ်ဝင်စားရုံ။

အစ်ကိုလေးနဲ့ပြောနေရင်း Vegasဘက်ကိုတစ်ချက်လှမ်းကြည့်လိုက်တော့ သူကလည်းငါ့ကိုလှမ်းကြည့်နေတာမြင်လိုက်ရတယ်။ အကြည့်ချင်းဆုံသွားတော့ သဘောကျသလိုပြုံးလိုက်တဲ့ Vegasရဲ့အပြုံးက ငါလှည့်ကြည့်လိုက်တာကို ကျေနပ်နေတဲ့ပုံဖြင့်။ ငါချက်ချင်းပဲ အကြည့်ပြန်လွှဲလိုက်တော့တယ်။ သေလိုက်ပါတော့ ! ဘာလို့လှည့်ကြည့်လိုက်ရတာလဲ Pete ရာ !

“Pete ! Pete ! မင်းအရမ်းပြောင်းလဲသွားပြီ ! ပြောင်းလဲသွားပြီလို့ ! ငါနဲ့ပြောနေရင်းတောင် အဲ့ကောင်ဘက်ကိုလှည့်ကြည့်တယ်ပေါ့လေ ! Pete မင်းကအိုမီဂါ ၊ သူကအယ်ဖာနော် အဲ့ဒါကို ခေါင်းထဲထည့်ထားဦး ! ”

ဒီတစ်ခါပြောလာတဲ့အစ်ကိုလေးရဲ့စကားက ဆူပူတယ်လို့ထင်ရနိုင်ပေမယ့် တကယ်တမ်းနားထောင်ကြည့်မယ်ဆိုရင် ထိုအသံထဲမှာ စိတ်ပူရိပ်တို့စွက်နေတာကိုသေချာကြားနိုင်လေတယ်။ ဒါကြောင့်ပဲ ငါ့ရင်ထဲ နွေးထွေးမှုကိုခံစားလိုက်ရတယ်။ ဘယ်လိုပဲဆိုးသွမ်းပြီး ဂျစ်တိုက်နေပါစေ၊ အစ်ကိုလေးက ငါ့ရဲ့မိသားစုဝင်တစ်ဦးလိုပဲ။ ငါအစ်ကိုလေးကိုဂရုစိုက်သလို အစ်ကိုလေးကလည်း ငါ့ကိုဂရုစိုက်တယ်။ အခုလည်း အစ်ကိုလေးမျက်ဝန်းထဲမှာ အဖေတစ်ယောက်ရဲ့ပူပန်မှုတွေလိုမျိုးမြင်နေရတယ်။ ဒီလိုတွေးမိသွားတော့ ငါမပြုံးရယ်ပဲမနေနိုင်တော့ဘူး။

“သိပါတယ် အစ်ကိုလေးရာ ။ စိတ်မပူနဲ့ ”

စိတ်မပူပါနဲ့၊ အစ်ကိုလေးရဲ့မန်နေဂျာ ကျွန်တော်ဆိုတဲ့Peteက သူ့ဆီက အစားခံပြီးသွားပြီမို့လေ ။

ငါဒါကိုစိတ်ထဲမှာ အပြုံးတုတစ်ခုနဲ့အတူတွေးလိုက်မိသွားတာ။ အဲ့ဒီအတွေးအတိုင်း အစ်ကိုလေးကိုပြောပြလိုက်ရင် အစ်ကိုလေးတစ်ယောက် ချက်ချင်းပဲ Vegasဆီပြေးသွားပြီးတော့ ကော်လံစကိုဆွဲနေမလားမသိဘူး။ မျိုးမစစ်၊လူယုတ်မာ၊ခွေးကောင် အစရှိတဲ့ဆဲဆိုစကားတွေလည်း ဆဲဆိုရင်ဆဲဆိုလိမ့်မယ်။ အတွေးနဲ့တင် ငါ့နားထဲမှာ အဲ့အသံတွေကိုကြားယောင်လာသလိုဖြစ်နေပြီး ခေါင်းတွေပါကိုက်လာရတော့တယ်။

“အစ်ကိုလေး မိတ်ကပ်ပြင်တော့လေ ။ ဟိုမှာစောင့်နေကြပြီထင်တယ် ”

ဒီဇာတ်ကားအတွက် ထုတ်လုပ်ရေးဘက်ကနေ ငွေအမြောက်အမြားသုံးထားတယ်ဆိုတာကို အခုပိုစတာရိုက်ဖို့အတွက် စတူဒီယိုနေရာကိုကြည့်တာနဲ့တင်သိသာလှတယ်။ ဝတ်စုံတွေရယ်၊ မိတ်ကပ်ပြင်ဆင်ဖို့ရယ်နဲ့ အနားယူဖို့အခန်းတွေပြင်ထားပေးတဲ့အပြင် အစားအသောက်ကအစ လိုလေသေးမရှိ စီစဉ်ပေးထားသေးတယ်။ အစ်ကိုလေးနဲ့ Vegasအပြင် ဇာတ်ဆောင်မင်းသမီးပါရောက်လာခဲ့ပြီး အဲ့နောက်မှာ ဇာတ်ကားရဲ့အဓိကအရန်သရုပ်ဆောင်တွေလည်းရောက်လာခဲ့တယ်။

ဒီဇာတ်ကားမှာ Vegasကဇာတ်ဆောင်မင်းသားဖြစ်ပြီး ဇာတ်ညွှန်းအရ မင်းသားက အကြောင်းတစ်ခုကြောင့်သေဆုံးသွားတဲ့သူ့အစ်ကိုအတွက် လက်စားချေဖို့ကြိုးစားမှာပင်။ သေဆုံးရတဲ့ကိစ္စနောက်ကွယ်မှာ မင်းသမီးတို့မိသားစုကပါနေသည်ပေါ့။ ဒါပေမယ့် သေသွားပြီထင်တဲ့အစ်ကိုက နောက်ဆုံးကျပြန်ပေါ်လာပြီး တကယ့်တရားခံကဘယ်သူဆိုတာ သူ့ညီကိုပြောပြမှာပင်။

ရှုပ်ထွေးလှတဲ့ဇာတ်ကြောင်းတွေလည်းရှိသေးတာမို့ ဇာတ်ကားက ကြည့်လို့ကောင်းမှာအသေအချာ။ မင်းသားနဲ့မင်းသမီးကလည်း နာမည်ကြီးသရုပ်ဆောင်တွဲဖက်တွေပဲမို့ ဒီကားကအောင်မြင်လိမ့်မယ်ဆိုတာ ကြိုပြီးခန့်မှန်းထားနိုင်တယ်။

ဒါပေမယ့် ရိုက်ကူးရေးအဖွဲ့သားတွေဆီကနေ သူကောလဟာလကြားမိတာတော့ ဒီဇာတ်ကြောင်းတစ်ခုလုံးက Vegasကြောင့်နဲ့ ပြန်ပြင်ရေးထားရတဲ့ဇာတ်ကြောင်းတဲ့။ အစက သေဆုံးသူနေရာက မင်းသားရဲ့အဖေ၊ အခုဇာတ်ညွှန်းလိုမျိုး အစ်ကိုမဟုတ်ဘူးတဲ့လေ။ နားစွန်နားဖျားကြားခဲ့ရတာမို့ အမှန်ဟုတ်လားမဟုတ်လား သူသေချာမသိပေမယ့် အရင်တစ်ခါကြော်ငြာကို သူ့ကြောင့်နဲ့လက်ခံခဲ့ပါတယ်ဆိုတဲ့ Vegasကိုပြေးမြင်တော့ ဒီတစ်ခေါက်လည်း အဲ့လိုများဖြစ်နေမလားဆိုပြီး သံသယဝင်သွားရတယ်။ တကယ်သာ အဲ့လိုဆိုရင်တော့ သူ Vegasကို လက်မအကြီးကြီးထောင်ပြလိုက်ပါတော့မယ်။

သူ့ကိုကြိုက်တာလေးအတွက်နဲ့ အစ်ကိုလေးကိုရင်ဆိုင်ဖို့ရွေးချယ်ရဲတဲ့သတ္တိကို တကယ်ကိုပဲအထင်ကြီးလေးစားမိတာကြောင့်လေ။

“Pete ... ”

“Khun Vegas ”

ဘေးမှာလူတွေအမြင်တွေရှိနေတာမို့ ငါသူ့ကို Khunထည့်ခေါ်လိုက်တယ်။ ငါတို့နှစ်ယောက်တည်းဆိုရင် သက်တူရွယ်တူသာဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးပဲသုံးနှုန်းလေ့ရှိတယ်။ သူကလည်း ငါနဲ့အတူဆိုရင် စည်းတစ်ခုခြားထားတာမျိုးမရှိတာကြောင့် အခေါ်အဝေါ်ကိုလွတ်လွတ်လပ်လပ်သာပြောနိုင်လေတယ်။

“မင်း ကိုယ်ပြင်ဆင်ထားတဲ့ပုံစံကို လူကိုယ်တိုင် မမြင်ဖူးဘူးမလား ”

သူ့ရဲ့မေးခွန်းကိုကြားတော့ ငါ့အတွေးထဲ သူနဲ့တွေ့ဖူးတဲ့အကြိမ်ရေတွေကိုပြန်စဉ်းစားမိတယ်။ ဟိုတစ်ခေါက် အစ်ကိုလေးနဲ့ကြော်ငြာရိုက်တုန်းက သူကလက်ထောက်နေရာမျိုးမို့ သေချာပြင်ဆင်ထားတာမရှိပဲ သာမာန်ဝတ်စုံကိုသာဝတ်ခဲ့ရတာ။ ပြီးတော့ သူနဲ့အတူ ထမင်းသွားစားတုန်းကဆို Vegasက ပေါ့ပေါ့ပါးပါးဝတ်စုံတစ်ထည်နဲ့။ အဲ့လိုတွေလျှောက်တွေးနေရင်းပဲ သူနဲ့ငါအနီးစပ်ဆုံးဖြစ်ခဲ့တဲ့တစ်ညက ခေါင်းထဲရောက်လာတယ်။ အဲ့ညက ရုပ်ရှင်ပွဲတော်ရဲ့ညစာစားပွဲညမို့ သူကအနက်ရောင်ဝတ်စုံနဲ့ မိတ်ကပ်လည်းလိမ်းထားခဲ့တာကြောင့် သူပြင်ဆင်ထားတဲ့ပုံကိုငါမြင်ဖူးလားလို့မေးရင် မြင်ဖူးတယ်လို့ပဲဖြေရလိမ့်မယ်။

“ဟိုည ... ”

“အဲ့ညကိုထည့်မတွက်ဘူး ”

ပိတ်ပြောလာခဲ့တဲ့သူ့စကားကိုကြားတော့ ငါပါးစပ်ပိတ်လိုက်တော့တယ်။ ထည့်မတွက်ရင် ဘာလို့များလာမေးနေသေးလဲ၊ ဒီအရူးကောင်ကတော့...။

“ဒါဆို မမြင်ဖူးဘူး ။ ဘာဖြစ်လို့လာမေးတာလဲ ”

ငါ့ရဲ့ဘုဆတ်ဆတ်အဖြေကိုကြားတော့ သူ့နှုတ်ခမ်းထောင့်တွေက အပေါ်ကိုတွန့်သွားတယ်။ မရယ်ပြုံးတတ်တဲ့ နာမည်ကြီးသရုပ်ဆောင် Vegasဆိုတာမှဟုတ်ပါရဲ့လား။ ငါ့ရှေ့မှာဆို ခဏခဏကိုပြုံးနေတော့တာပဲနော်။ ငါအမြင်ကတ်ကတ်နဲ့ မျက်မှောင်ကုတ်ကာမျက်စောင်းထိုးမိမလိုဖြစ်သွားတော့ ငါ့အရှေ့ကလူဆီကနေ ဟက်ခနဲရယ်သံကိုကြားလိုက်ရတော့တယ်။ ပြီးတဲ့နောက် သူကငါ့မျက်နှာနဲ့အနီးဆုံးထိကပ်လာပြီး ငါ့ရနံ့ကိုတစ်ချက်ခပ်ပြင်းပြင်းရှုရှိုက်လိုက်လေတယ်။ အရှိန်အဝါတစ်ခုထွက်နေတဲ့ သူ့ရဲ့အဲ့ပုံစံကြောင့် ငါအသက်ရှူအောင့်ထားလိုက်မိတယ်။ ဒါကိုမြင်တော့ သူ့ပုံစံကပိုသဘောကျသွားသလိုမျိုး အပြုံးကပီပြင်သွားတော့တယ်။

“ခဏနေရင် ကိုယ်မင်းကို အပြည့်အဝ ဆွဲဆောင်တော့မလို့လေ ။ မင်းတော့ အန္တရာယ်များတော့မှာ ”

ပြောပြီးတာနဲ့ နောက်ထပ်တစ်ကြိမ်အဖြစ် သူ့ရဲ့တောက်ပနေတဲ့အပြုံးကို ငါ့ကိုထပ်ပြလာပြန်တယ်။ ပြီးတော့ ငါနဲ့ကိုယ်ချင်းခွာသွားပြီး ဘေးကနေဖြတ်လျှောက်သွားတယ်။ တမင်တကာလား၊ မတော်တဆလားမသိပေမယ့် သူ့လက်ချောင်းတို့က ငါ့လက်ချောင်းတို့နဲ့ ပွတ်တိုက်သွားလေတယ်။ ပြီးတော့ ရနံ့ ... ခပ်ပြင်းပြင်းကျွန်းသစ်သားရနံ့ကလည်း ငါ့ဘေးနားမှာ ဝေ့ဝဲကျန်ခဲ့တော့တယ်။

Vegasကမိတ်ကပ်ပြင်တဲ့အခန်းထဲကိုဝင်သွားတာဖြစ်ပြီး သူဘာလို့ဒီလိုစကားမျိုးပြောသွားလဲဆိုတာ ငါလိုက်မမှီပေမယ့် ထူးဆန်းစွာပဲ ငါ့ရင်ကတုန်နေခဲ့တယ်။ အစ်ကိုလေးအတွက် Bubble Teaသွားဝယ်ရင်းကနေ ငါ့အတွက်ငါဝယ်ခဲ့တဲ့အအေးကိုသာ အသည်းအသန်စုပ်သောက်လိုက်ရတော့တယ်။ ငါဒီလောက်အထိ ရင်မတုန်ဖူးတာမို့ လန့်တောင်လန့်လာရတယ်။ ပုံမှန်ရောဟုတ်ရဲ့လားလေ။

မိနစ်အနည်းငယ်ကြာတော့ ငါကလွဲ အဖွဲ့သားတွေအကုန်လုံးရဲ့အကြည့်က မိတ်ကပ်ပြင်အခန်းဆီကိုရောက်သွားတာကြောင့် ငါလည်းသူတို့နဲ့ရောယောင်ပြီးလိုက်ကြည့်လိုက်တယ်။

အဲ့တခဏမှာ ငါနားလည်သွားရတယ်၊ Vegasဘာလို့ အဲ့စကားကိုပြောသွားတာလဲဆိုတဲ့အကြောင်းအရင်းကိုပေါ့။

Vegasရဲ့သွင်ပြင်ကို စကားလုံးတစ်လုံးတည်းနဲ့ပဲဖော်ပြရမယ်ဆိုရင် ‘Hot’ပဲ။ ငါအခုတွေးနိုင်တာအဲ့စကားလုံးတစ်လုံးအပြင် တခြားစကားလုံးမရှိတော့ဘူး။ Vegasကနဂိုတည်းက ဆွဲဆောင်မှုရှိတဲ့ယောက်ျားသားတစ်ယောက်ဆိုတာမှန်ပေမယ့် အခုချိန်မှာပိုလို့ပင် ဆွဲဆောင်မှုပြင်းနေလေတယ်။

ဆံပင်ကိုအပေါ်ကိုလှန်တင်ထားကာ မျက်နှာကိုရှင်းလင်းနေစေတယ်။ ခပ်ပါးပါးမိတ်ကပ်က သူ့မေးရိုးကိုပိုပြီးထင်ရှားသွားအောင် ပံ့ပိုးပေးထားတယ်။ ပြီးတော့ နှုတ်ခမ်းနီအနီရောင်၊ ထိုနှုတ်ခမ်းနီက သူ့သွင်ပြင်ကို ပိုနက်ရှိုင်းသွားစေလျက်ရှိတယ်။ ရင်ဘတ်ဟပြဲအင်္ကျီကြောင့် ကျစ်လစ်တဲ့ရင်အုပ်ကိုမြင်နေရပြီး ဒါကဆွဲဆောင်မှုပြင်းနေစေတယ်။ ဖန်သားပြင်ထက်မှာ အကြိမ်များစွာ Vegasရဲ့ပုံစံကို ငါမြင်ဖူးခဲ့ပေမယ့် အခုပုံစံနဲ့တော့လုံးဝမယှဉ်နိုင်ဘူး။

ပြီးတော့ အဲ့ဒီညတုန်းက ငါမြင်ဖူးခဲ့တယ်ဆိုတာကလည်း မှတ်ဉာဏ်ကဝေဝေဝါးဝါးပဲ။ အခုလိုမျိုး ရှင်းလင်းပြတ်သားနေတာမဟုတ်ဘူး။

ဒါကြောင့်မို့ Vegasက ယုံကြည်ချက်ရှိရှိနဲ့ အဲ့စကားမျိုးကိုပြောသွားတာကိုး။ အခု Vegasရဲ့ပုံစံက အယ်ဖာတစ်ယောက်ရဲ့နိုင့်ထက်စီးနင်း လွှမ်းမိုးချုပ်ကိုင်မှုအပြည့်ရှိနေတဲ့ ခံစားချက်မျိုးပဲ။ သူ့ကိုကြည့်မိတဲ့အိုမီဂါတိုင်းကို အတားအဆီးမရှိဆွဲဆောင်တော့မယ်ဆိုတဲ့အရိပ်အငွေ့မျိုးလည်းရနေတယ်။ ဒါ့ကြောင့်မို့ အကုန်လုံးရဲ့အကြည့်က Vegasဆီရောက်ကုန်ကြတာ။

ငါတောင်မှပဲ၊ ငါတောင်မှ Vegasကိုအချိန်အတော်ကြာတဲ့အထိကြည့်မိသွားပြီး အကြည့်မလွှဲနိုင်ဖြစ်နေလေတယ်။ ‘မင်းတော့ အန္တရာယ်များတော့မှာ’ဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကို ငါသေချာနားလည်သွားရတယ်။

- Be My Side -

09 July 2022 (Sat)

zg;

Pete ;

‘You know how much you're beautiful ’
ငါသူ႔ကိုတြန္းတိုက္ၿပီးထြက္လာခဲ့တာေတာင္ ငါ့နားထဲမွာ သူ႔ရဲ႕ဒီစကားသံကို ၾကားေနရတုန္းပဲ။ Vegasက သိပ္ကိုပဲေတာ္လြန္းတဲ့သူပဲ။ လူ႔စိတ္ကို ဘယ္လိုမ်ိဳးဘဝင္ေခြ႕ေအာင္လုပ္ရမလဲဆိုတာ ေသခ်ာသိေလတယ္။

ဘယ္သူမဆို ကိုယ့္ကိုသေဘာက်တဲ့သူရွိရင္ စိတ္ထဲေက်နပ္ၾကမွာအမွန္ေလ။ ငါလည္းအဲ့လိုေပါ့၊ Vegasကငါ့ကိုစကားလုံးခ်ိဳခ်ိဳေလးေတြေျပာလာခဲ့ရင္ ငါ့ပုံစံကသေဘာမက်သလိုေပမယ့္ ငါ့မသိစိတ္ထဲမွာေတာ့ ထုတ္ျပထားတဲ့ငါ့ပုံစံနဲ႔ျခားနားစြာပဲ သေဘာက်သလိုခံစားေနရတယ္။

စကားလုံးေတြခ်ိဳသာစြာေျပာၿပီး ၿပဳံးေနတတ္တဲ့Vegasပုံစံက ဆြဲေဆာင္မႈရွိတယ္ဆိုတာကိုေတာ့ ငါမျငင္းႏိုင္ဘူး။

“Pete ! မ်က္ႏွာနီေနတယ္ ! ဘာလို႔လဲ ! ”

အစ္ကိုေလးက Bubbleေစ့ေတြကိုဝါးေနရင္းကေန ဗလုံးဗေထြးနဲ႔ငါ့ကိုလွမ္းေအာ္လာတယ္။ အသံကက်ယ္တာမို႔ စတူဒီယိုမွာရွိတဲ့ဝန္ထမ္းေတြကေတာင္ ငါ့ကိုလွည့္ၾကည့္လာၾကတယ္။ ငါရွက္ရွက္နဲ႔ပဲ အစ္ကိုေလးေဘးကို သြက္သြက္ကေလးသြားလိုက္ရေတာ့တယ္။ အခုလိုမ်ိဳး လူေတြအာ႐ုံကို တစုတစည္းထဲရလိုက္တာမ်ိဳး ငါတကယ္ကိုမႀကိဳက္ပါဘူး။ အစ္ကိုေလးက သူဘာအမွားမွမလုပ္ထားတဲ့ပုံမ်ိဳးနဲ႔ Babbleေစ့ေတြကိုပိုက္နဲ႔စုပ္ယူႏိုင္ဖို႔သာႀကိဳးစားေနလ်က္ရွိတယ္။

“စကားေျပာရင္ တိုးတိုးေျပာပါ ၊ အစ္ကိုေလးက public figureေနာ္ ၊ ပုံစံထိန္းဦး ”

ငါ အစ္ကိုေလးကို တိုးတိုးတိတ္တိတ္ကပ္ၿပီး သတိေပးစကားေျပာလိုက္ရတယ္။ Armနဲ႔Polထက္စာရင္ အစ္ကိုေလးက ငါ့စကားကို နားေထာင္သလိုလိုရွိတာမို႔။ သူတို႔ႏွစ္ေယာက္ အစ္ကိုေလးကိုမထိန္းႏိုင္တဲ့အခါမ်ိဳးဆို ငါပဲဝင္ထိန္းခဲ့ရတာ။ အဲ့လိုထိန္းလိုက္ရင္ အစ္ကိုေလးက နည္းနည္းေတာ့ၿငိမ္သြားတတ္တယ္။ ဒါေပမယ့္ ဒီတစ္ခါေတာ့ အစ္ကိုေလးရဲ႕ ေကာင္းမြန္တဲ့စိတ္ကေလးက အေတာင္ပံေပါက္ၿပီး ပ်ံသြားၿပီထင္တယ္။ ငါ့စကားကိုၾကားတာနဲ႔ အစ္ကိုေလးက ပက္ခနဲျပန္ေျပာလာပါေလေရာ။

“ေအာင္း ! ဘာလို႔ ထိန္းရမွာလဲ ! ကိုယ့္ပုံစံနဲ႔ကိုယ္ပဲေပါ့ ! Tankhunတို႔ကေတာ့ ဒီလိုပဲေျပာတတ္တယ္ ! မေက်နပ္ဘူးလား မေက်နပ္ရင္ ငါနဲ႔မေျပာပဲ ဟိုမ်ိဳးမစစ္ေလးနဲ႔ သြားေျပာေနလိုက္ ! ”

စကားလုံးေတြကို နားကြဲမတတ္နားေထာင္ၿပီးေနာက္မွာေတာ့ အစ္ကိုေလးဘာျဖစ္လို႔ ငါ့စကားကိုျပန္ခြန္းတုံ႔ျပန္လဲဆိုတာ ငါသိသြားရၿပီ။ ခုနက Vegasနဲ႔စကားရပ္ေျပာေနတာကို အစ္ကိုေလးက မၾကည္ျဖစ္ေနတာပဲ။ Vegasကလည္း ၿပဳံးၿပီးေျပာေနတာဆိုေတာ့ ငါတို႔စကားဝိုင္းကို ေပ်ာ္စရာေကာင္းတယ္လို႔ အစ္ကိုေလးကထင္ေနတာျဖစ္မယ္။ ‘ေပ်ာ္စရာေကာင္းလား’လို႔ ငါ့ကိုေမးရင္ေတာ့ အဲ့လိုမဟုတ္ပါဘူးလို႔ေျပာမိမွာေပမယ့္ ‘ဒါဆိုေပ်ာ္စရာမေကာင္းဘူးလား’လို႔ ထပ္ေမးလာရင္ေတာ့ အဲ့အေမးကိုေထာက္ခံၿပီး ေခါင္းညိတ္ျပႏိုင္မယ္မထင္ဘူး။ ဘာလို႔ဆို စိတ္လႈပ္ရွားစရာေတာ့ေကာင္းတာမို႔။

ဒါေပမယ့္ အစ္ကိုေလးဆီကို အဲ့လိုေျဖလိုက္လို႔ေတာ့မရတာေၾကာင့္ အေၾကာင္းျပခ်က္ေပးရမယ့္ငါ့ႏႈတ္ခမ္းက ခ်က္ခ်င္းဆိုသလိုၿပဳံးလိုက္ရေတာ့တယ္။ အစ္ကိုေလးက ၿပဳံးၿပီးသာေခ်ာ့ေမာ့စကားေျပာလိုက္ရင္ ခ်က္ခ်င္းစိတ္ျပန္ေျပတတ္တာမို႔ အခုစကားနည္းနည္းေလာက္ အလိုလိုက္အႀကိဳက္ေဆာင္ေျပာလိုက္ရင္ အစ္ကိုေလးစိတ္ေပ်ာ္သြားမွာအေသအခ်ာပဲ။

“သူစကားလာေျပာေနလို႔ မေကာင္းတတ္လို႔နားေထာင္ေနရတာပါ အစ္ကိုေလးရာ ။ ကြၽန္ေတာ္ Vegasကိုသေဘာမက်တာ အစ္ကိုေလးလည္းသိတာပဲ ။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္မ်က္ႏွာရဲလာတာေပါ့ ။ အဲ့ေကာင္စကားေတြကို ႀကိတ္မွိတ္သည္းခံနားေထာင္လာရလို႔ေလ ။ အစ္ကိုေလးမယုံရင္ ကြၽန္ေတာ္ဘယ္လိုလုပ္ျပရမလဲေျပာ ”

ငါ့စကားေတြက အလိမ္အညာတစ္ဝက္ေတာင္မဟုတ္ဘူး၊ အလိမ္အညာ သုံးပုံပုံရင္ ႏွစ္ပုံေလာက္ပါေနေလတယ္။ ‘Vegasကိုသေဘာမက်’ဆိုတဲ့စကားစုကေတာ့ အမွန္ေပါ့။ ငါမွတကယ္သေဘာမက်ေသးတာ။ စိတ္ဝင္စားမိ႐ုံေလး။ ေဟး အဲ့စကားလုံးႏွစ္လုံးရဲ႕အဓိပၸါယ္က တအားကိုကြဲျပားတာေနာ္။ သေဘာက်တာနဲ႔စိတ္ဝင္စားတာ ၊ ဒါကလုံးဝကြဲတယ္ ။ စိတ္ဝင္စားမိတာနဲ႔ သေဘာက်တာမျဖစ္သြားဘူးေလ။ ငါက Vegasကိုစိတ္ဝင္စား႐ုံ။

အစ္ကိုေလးနဲ႔ေျပာေနရင္း Vegasဘက္ကိုတစ္ခ်က္လွမ္းၾကည့္လိုက္ေတာ့ သူကလည္းငါ့ကိုလွမ္းၾကည့္ေနတာျမင္လိုက္ရတယ္။ အၾကည့္ခ်င္းဆုံသြားေတာ့ သေဘာက်သလိုၿပဳံးလိုက္တဲ့ Vegasရဲ႕အၿပဳံးက ငါလွည့္ၾကည့္လိုက္တာကို ေက်နပ္ေနတဲ့ပုံျဖင့္။ ငါခ်က္ခ်င္းပဲ အၾကည့္ျပန္လႊဲလိုက္ေတာ့တယ္။ ေသလိုက္ပါေတာ့ ! ဘာလို႔လွည့္ၾကည့္လိုက္ရတာလဲ Pete ရာ !

“Pete ! Pete ! မင္းအရမ္းေျပာင္းလဲသြားၿပီ ! ေျပာင္းလဲသြားၿပီလို႔ ! ငါနဲ႔ေျပာေနရင္းေတာင္ အဲ့ေကာင္ဘက္ကိုလွည့္ၾကည့္တယ္ေပါ့ေလ ! Pete မင္းကအိုမီဂါ ၊ သူကအယ္ဖာေနာ္ အဲ့ဒါကို ေခါင္းထဲထည့္ထားဦး ! ”

ဒီတစ္ခါေျပာလာတဲ့အစ္ကိုေလးရဲ႕စကားက ဆူပူတယ္လို႔ထင္ရႏိုင္ေပမယ့္ တကယ္တမ္းနားေထာင္ၾကည့္မယ္ဆိုရင္ ထိုအသံထဲမွာ စိတ္ပူရိပ္တို႔စြက္ေနတာကိုေသခ်ာၾကားႏိုင္ေလတယ္။ ဒါေၾကာင့္ပဲ ငါ့ရင္ထဲ ေႏြးေထြးမႈကိုခံစားလိုက္ရတယ္။ ဘယ္လိုပဲဆိုးသြမ္းၿပီး ဂ်စ္တိုက္ေနပါေစ၊ အစ္ကိုေလးက ငါ့ရဲ႕မိသားစုဝင္တစ္ဦးလိုပဲ။ ငါအစ္ကိုေလးကိုဂ႐ုစိုက္သလို အစ္ကိုေလးကလည္း ငါ့ကိုဂ႐ုစိုက္တယ္။ အခုလည္း အစ္ကိုေလးမ်က္ဝန္းထဲမွာ အေဖတစ္ေယာက္ရဲ႕ပူပန္မႈေတြလိုမ်ိဳးျမင္ေနရတယ္။ ဒီလိုေတြးမိသြားေတာ့ ငါမၿပဳံးရယ္ပဲမေနႏိုင္ေတာ့ဘူး။

“သိပါတယ္ အစ္ကိုေလးရာ ။ စိတ္မပူနဲ႔ ”

စိတ္မပူပါနဲ႔၊ အစ္ကိုေလးရဲ႕မန္ေနဂ်ာ ကြၽန္ေတာ္ဆိုတဲ့Peteက သူ႔ဆီက အစားခံၿပီးသြားၿပီမို႔ေလ ။

ငါဒါကိုစိတ္ထဲမွာ အၿပဳံးတုတစ္ခုနဲ႔အတူေတြးလိုက္မိသြားတာ။ အဲ့ဒီအေတြးအတိုင္း အစ္ကိုေလးကိုေျပာျပလိုက္ရင္ အစ္ကိုေလးတစ္ေယာက္ ခ်က္ခ်င္းပဲ Vegasဆီေျပးသြားၿပီးေတာ့ ေကာ္လံစကိုဆြဲေနမလားမသိဘူး။ မ်ိဳးမစစ္၊လူယုတ္မာ၊ေခြးေကာင္ အစရွိတဲ့ဆဲဆိုစကားေတြလည္း ဆဲဆိုရင္ဆဲဆိုလိမ့္မယ္။ အေတြးနဲ႔တင္ ငါ့နားထဲမွာ အဲ့အသံေတြကိုၾကားေယာင္လာသလိုျဖစ္ေနၿပီး ေခါင္းေတြပါကိုက္လာရေတာ့တယ္။

“အစ္ကိုေလး မိတ္ကပ္ျပင္ေတာ့ေလ ။ ဟိုမွာေစာင့္ေနၾကၿပီထင္တယ္ ”

ဒီဇာတ္ကားအတြက္ ထုတ္လုပ္ေရးဘက္ကေန ေငြအေျမာက္အျမားသုံးထားတယ္ဆိုတာကို အခုပိုစတာ႐ိုက္ဖို႔အတြက္ စတူဒီယိုေနရာကိုၾကည့္တာနဲ႔တင္သိသာလွတယ္။ ဝတ္စုံေတြရယ္၊ မိတ္ကပ္ျပင္ဆင္ဖို႔ရယ္နဲ႔ အနားယူဖို႔အခန္းေတြျပင္ထားေပးတဲ့အျပင္ အစားအေသာက္ကအစ လိုေလေသးမရွိ စီစဥ္ေပးထားေသးတယ္။ အစ္ကိုေလးနဲ႔ Vegasအျပင္ ဇာတ္ေဆာင္မင္းသမီးပါေရာက္လာခဲ့ၿပီး အဲ့ေနာက္မွာ ဇာတ္ကားရဲ႕အဓိကအရန္သ႐ုပ္ေဆာင္ေတြလည္းေရာက္လာခဲ့တယ္။

ဒီဇာတ္ကားမွာ Vegasကဇာတ္ေဆာင္မင္းသားျဖစ္ၿပီး ဇာတ္ၫႊန္းအရ မင္းသားက အေၾကာင္းတစ္ခုေၾကာင့္ေသဆုံးသြားတဲ့သူ႔အစ္ကိုအတြက္ လက္စားေခ်ဖို႔ႀကိဳးစားမွာပင္။ ေသဆုံးရတဲ့ကိစၥေနာက္ကြယ္မွာ မင္းသမီးတို႔မိသားစုကပါေနသည္ေပါ့။ ဒါေပမယ့္ ေသသြားၿပီထင္တဲ့အစ္ကိုက ေနာက္ဆုံးက်ျပန္ေပၚလာၿပီး တကယ့္တရားခံကဘယ္သူဆိုတာ သူ႔ညီကိုေျပာျပမွာပင္။

ရႈပ္ေထြးလွတဲ့ဇာတ္ေၾကာင္းေတြလည္းရွိေသးတာမို႔ ဇာတ္ကားက ၾကည့္လို႔ေကာင္းမွာအေသအခ်ာ။ မင္းသားနဲ႔မင္းသမီးကလည္း နာမည္ႀကီးသ႐ုပ္ေဆာင္တြဲဖက္ေတြပဲမို႔ ဒီကားကေအာင္ျမင္လိမ့္မယ္ဆိုတာ ႀကိဳၿပီးခန႔္မွန္းထားႏိုင္တယ္။

ဒါေပမယ့္ ႐ိုက္ကူးေရးအဖြဲ႕သားေတြဆီကေန သူေကာလဟာလၾကားမိတာေတာ့ ဒီဇာတ္ေၾကာင္းတစ္ခုလုံးက Vegasေၾကာင့္နဲ႔ ျပန္ျပင္ေရးထားရတဲ့ဇာတ္ေၾကာင္းတဲ့။ အစက ေသဆုံးသူေနရာက မင္းသားရဲ႕အေဖ၊ အခုဇာတ္ၫႊန္းလိုမ်ိဳး အစ္ကိုမဟုတ္ဘူးတဲ့ေလ။ နားစြန္နားဖ်ားၾကားခဲ့ရတာမို႔ အမွန္ဟုတ္လားမဟုတ္လား သူေသခ်ာမသိေပမယ့္ အရင္တစ္ခါေၾကာ္ျငာကို သူ႔ေၾကာင့္နဲ႔လက္ခံခဲ့ပါတယ္ဆိုတဲ့ Vegasကိုေျပးျမင္ေတာ့ ဒီတစ္ေခါက္လည္း အဲ့လိုမ်ားျဖစ္ေနမလားဆိုၿပီး သံသယဝင္သြားရတယ္။ တကယ္သာ အဲ့လိုဆိုရင္ေတာ့ သူ Vegasကို လက္မအႀကီးႀကီးေထာင္ျပလိုက္ပါေတာ့မယ္။

သူ႔ကိုႀကိဳက္တာေလးအတြက္နဲ႔ အစ္ကိုေလးကိုရင္ဆိုင္ဖို႔ေ႐ြးခ်ယ္ရဲတဲ့သတၱိကို တကယ္ကိုပဲအထင္ႀကီးေလးစားမိတာေၾကာင့္ေလ။

“Pete ... ”

“Khun Vegas ”

ေဘးမွာလူေတြအျမင္ေတြရွိေနတာမို႔ ငါသူ႔ကို Khunထည့္ေခၚလိုက္တယ္။ ငါတို႔ႏွစ္ေယာက္တည္းဆိုရင္ သက္တူ႐ြယ္တူသာျဖစ္တာေၾကာင့္ ေပါ့ေပါ့ပါးပါးပဲသုံးႏႈန္းေလ့ရွိတယ္။ သူကလည္း ငါနဲ႔အတူဆိုရင္ စည္းတစ္ခုျခားထားတာမ်ိဳးမရွိတာေၾကာင့္ အေခၚအေဝၚကိုလြတ္လြတ္လပ္လပ္သာေျပာႏိုင္ေလတယ္။

“မင္း ကိုယ္ျပင္ဆင္ထားတဲ့ပုံစံကို လူကိုယ္တိုင္ မျမင္ဖူးဘူးမလား ”

သူ႔ရဲ႕ေမးခြန္းကိုၾကားေတာ့ ငါ့အေတြးထဲ သူနဲ႔ေတြ႕ဖူးတဲ့အႀကိမ္ေရေတြကိုျပန္စဥ္းစားမိတယ္။ ဟိုတစ္ေခါက္ အစ္ကိုေလးနဲ႔ေၾကာ္ျငာ႐ိုက္တုန္းက သူကလက္ေထာက္ေနရာမ်ိဳးမို႔ ေသခ်ာျပင္ဆင္ထားတာမရွိပဲ သာမာန္ဝတ္စုံကိုသာဝတ္ခဲ့ရတာ။ ၿပီးေတာ့ သူနဲ႔အတူ ထမင္းသြားစားတုန္းကဆို Vegasက ေပါ့ေပါ့ပါးပါးဝတ္စုံတစ္ထည္နဲ႔။ အဲ့လိုေတြေလွ်ာက္ေတြးေနရင္းပဲ သူနဲ႔ငါအနီးစပ္ဆုံးျဖစ္ခဲ့တဲ့တစ္ညက ေခါင္းထဲေရာက္လာတယ္။ အဲ့ညက ႐ုပ္ရွင္ပြဲေတာ္ရဲ႕ညစာစားပြဲညမို႔ သူကအနက္ေရာင္ဝတ္စုံနဲ႔ မိတ္ကပ္လည္းလိမ္းထားခဲ့တာေၾကာင့္ သူျပင္ဆင္ထားတဲ့ပုံကိုငါျမင္ဖူးလားလို႔ေမးရင္ ျမင္ဖူးတယ္လို႔ပဲေျဖရလိမ့္မယ္။

“ဟိုည ... ”

“အဲ့ညကိုထည့္မတြက္ဘူး ”

ပိတ္ေျပာလာခဲ့တဲ့သူ႔စကားကိုၾကားေတာ့ ငါပါးစပ္ပိတ္လိုက္ေတာ့တယ္။ ထည့္မတြက္ရင္ ဘာလို႔မ်ားလာေမးေနေသးလဲ၊ ဒီအ႐ူးေကာင္ကေတာ့...။

“ဒါဆို မျမင္ဖူးဘူး ။ ဘာျဖစ္လို႔လာေမးတာလဲ ”

ငါ့ရဲ႕ဘုဆတ္ဆတ္အေျဖကိုၾကားေတာ့ သူ႔ႏႈတ္ခမ္းေထာင့္ေတြက အေပၚကိုတြန႔္သြားတယ္။ မရယ္ၿပဳံးတတ္တဲ့ နာမည္ႀကီးသ႐ုပ္ေဆာင္ Vegasဆိုတာမွဟုတ္ပါရဲ႕လား။ ငါ့ေရွ႕မွာဆို ခဏခဏကိုၿပဳံးေနေတာ့တာပဲေနာ္။ ငါအျမင္ကတ္ကတ္နဲ႔ မ်က္ေမွာင္ကုတ္ကာမ်က္ေစာင္းထိုးမိမလိုျဖစ္သြားေတာ့ ငါ့အေရွ႕ကလူဆီကေန ဟက္ခနဲရယ္သံကိုၾကားလိုက္ရေတာ့တယ္။ ၿပီးတဲ့ေနာက္ သူကငါ့မ်က္ႏွာနဲ႔အနီးဆုံးထိကပ္လာၿပီး ငါ့ရနံ႔ကိုတစ္ခ်က္ခပ္ျပင္းျပင္းရႈရႈိက္လိုက္ေလတယ္။ အရွိန္အဝါတစ္ခုထြက္ေနတဲ့ သူ႔ရဲ႕အဲ့ပုံစံေၾကာင့္ ငါအသက္ရႉေအာင့္ထားလိုက္မိတယ္။ ဒါကိုျမင္ေတာ့ သူ႔ပုံစံကပိုသေဘာက်သြားသလိုမ်ိဳး အၿပဳံးကပီျပင္သြားေတာ့တယ္။

“ခဏေနရင္ ကိုယ္မင္းကို အျပည့္အဝ ဆြဲေဆာင္ေတာ့မလို႔ေလ ။ မင္းေတာ့ အႏၲရာယ္မ်ားေတာ့မွာ ”

ေျပာၿပီးတာနဲ႔ ေနာက္ထပ္တစ္ႀကိမ္အျဖစ္ သူ႔ရဲ႕ေတာက္ပေနတဲ့အၿပဳံးကို ငါ့ကိုထပ္ျပလာျပန္တယ္။ ၿပီးေတာ့ ငါနဲ႔ကိုယ္ခ်င္းခြာသြားၿပီး ေဘးကေနျဖတ္ေလွ်ာက္သြားတယ္။ တမင္တကာလား၊ မေတာ္တဆလားမသိေပမယ့္ သူ႔လက္ေခ်ာင္းတို႔က ငါ့လက္ေခ်ာင္းတို႔နဲ႔ ပြတ္တိုက္သြားေလတယ္။ ၿပီးေတာ့ ရနံ႔ ... ခပ္ျပင္းျပင္းကြၽန္းသစ္သားရနံ႔ကလည္း ငါ့ေဘးနားမွာ ေဝ့ဝဲက်န္ခဲ့ေတာ့တယ္။

Vegasကမိတ္ကပ္ျပင္တဲ့အခန္းထဲကိုဝင္သြားတာျဖစ္ၿပီး သူဘာလို႔ဒီလိုစကားမ်ိဳးေျပာသြားလဲဆိုတာ ငါလိုက္မမွီေပမယ့္ ထူးဆန္းစြာပဲ ငါ့ရင္ကတုန္ေနခဲ့တယ္။ အစ္ကိုေလးအတြက္ Bubble Teaသြားဝယ္ရင္းကေန ငါ့အတြက္ငါဝယ္ခဲ့တဲ့အေအးကိုသာ အသည္းအသန္စုပ္ေသာက္လိုက္ရေတာ့တယ္။ ငါဒီေလာက္အထိ ရင္မတုန္ဖူးတာမို႔ လန႔္ေတာင္လန႔္လာရတယ္။ ပုံမွန္ေရာဟုတ္ရဲ႕လားေလ။

မိနစ္အနည္းငယ္ၾကာေတာ့ ငါကလြဲ အဖြဲ႕သားေတြအကုန္လုံးရဲ႕အၾကည့္က မိတ္ကပ္ျပင္အခန္းဆီကိုေရာက္သြားတာေၾကာင့္ ငါလည္းသူတို႔နဲ႔ေရာေယာင္ၿပီးလိုက္ၾကည့္လိုက္တယ္။

အဲ့တခဏမွာ ငါနားလည္သြားရတယ္၊ Vegasဘာလို႔ အဲ့စကားကိုေျပာသြားတာလဲဆိုတဲ့အေၾကာင္းအရင္းကိုေပါ့။

Vegasရဲ႕သြင္ျပင္ကို စကားလုံးတစ္လုံးတည္းနဲ႔ပဲေဖာ္ျပရမယ္ဆိုရင္ ‘Hot’ပဲ။ ငါအခုေတြးႏိုင္တာအဲ့စကားလုံးတစ္လုံးအျပင္ တျခားစကားလုံးမရွိေတာ့ဘူး။ Vegasကနဂိုတည္းက ဆြဲေဆာင္မႈရွိတဲ့ေယာက္်ားသားတစ္ေယာက္ဆိုတာမွန္ေပမယ့္ အခုခ်ိန္မွာပိုလို႔ပင္ ဆြဲေဆာင္မႈျပင္းေနေလတယ္။

ဆံပင္ကိုအေပၚကိုလွန္တင္ထားကာ မ်က္ႏွာကိုရွင္းလင္းေနေစတယ္။ ခပ္ပါးပါးမိတ္ကပ္က သူ႔ေမး႐ိုးကိုပိုၿပီးထင္ရွားသြားေအာင္ ပံ့ပိုးေပးထားတယ္။ ၿပီးေတာ့ ႏႈတ္ခမ္းနီအနီေရာင္၊ ထိုႏႈတ္ခမ္းနီက သူ႔သြင္ျပင္ကို ပိုနက္ရႈိင္းသြားေစလ်က္ရွိတယ္။ ရင္ဘတ္ဟၿပဲအက်ႌေၾကာင့္ က်စ္လစ္တဲ့ရင္အုပ္ကိုျမင္ေနရၿပီး ဒါကဆြဲေဆာင္မႈျပင္းေနေစတယ္။ ဖန္သားျပင္ထက္မွာ အႀကိမ္မ်ားစြာ Vegasရဲ႕ပုံစံကို ငါျမင္ဖူးခဲ့ေပမယ့္ အခုပုံစံနဲ႔ေတာ့လုံးဝမယွဥ္ႏိုင္ဘူး။

ၿပီးေတာ့ အဲ့ဒီညတုန္းက ငါျမင္ဖူးခဲ့တယ္ဆိုတာကလည္း မွတ္ဉာဏ္ကေဝေဝဝါးဝါးပဲ။ အခုလိုမ်ိဳး ရွင္းလင္းျပတ္သားေနတာမဟုတ္ဘူး။

ဒါေၾကာင့္မို႔ Vegasက ယုံၾကည္ခ်က္ရွိရွိနဲ႔ အဲ့စကားမ်ိဳးကိုေျပာသြားတာကိုး။ အခု Vegasရဲ႕ပုံစံက အယ္ဖာတစ္ေယာက္ရဲ႕ႏိုင့္ထက္စီးနင္း လႊမ္းမိုးခ်ဳပ္ကိုင္မႈအျပည့္ရွိေနတဲ့ ခံစားခ်က္မ်ိဳးပဲ။ သူ႔ကိုၾကည့္မိတဲ့အိုမီဂါတိုင္းကို အတားအဆီးမရွိဆြဲေဆာင္ေတာ့မယ္ဆိုတဲ့အရိပ္အေငြ႕မ်ိဳးလည္းရေနတယ္။ ဒါ့ေၾကာင့္မို႔ အကုန္လုံးရဲ႕အၾကည့္က Vegasဆီေရာက္ကုန္ၾကတာ။

ငါေတာင္မွပဲ၊ ငါေတာင္မွ Vegasကိုအခ်ိန္အေတာ္ၾကာတဲ့အထိၾကည့္မိသြားၿပီး အၾကည့္မလႊဲႏိုင္ျဖစ္ေနေလတယ္။ ‘မင္းေတာ့ အႏၲရာယ္မ်ားေတာ့မွာ’ဆိုတဲ့စကားရဲ႕အဓိပၸါယ္ကို ငါေသခ်ာနားလည္သြားရတယ္။

- Be My Side -

09 July 2022 (Sat)

Continue Reading

You'll Also Like

180K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
10K 1K 31
It's my second fan fiction for BKPP
73.5K 6.2K 30
Kray (yoai) & Mpreg Zawgyi & Unicode ခင်ဗျားကို ချစ်ရတာ ကမ်းမမြင်တဲ့ ပင်လယ်ကြီးထဲ လက်ပစ်ကူးနေရသလိုပဲ ... ဘာကိုမျှော်လို့ မျှော်လင့်ရမှန်းမသိပဲ ... ခ...
17.9K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~