My Green Forest ( Complete)

Door Khinlay-Nyan

207K 19.7K 4.2K

ကန္တာရထဲက လူတစ်ယောက် ကႏၱာရထဲက လူတစ္ေယာက္ (သက်ကောင်းလူ) ဒီနေ့... မနက်ဖြန်... သန်ဘက်ခါ... ကျန်ရှိတဲ့နေ့ရက်တိုင... Meer

Episode (1)
Episode (2)
Episode( 3)
Episode (4 )
Episode (5)
Episode (6)
Episode(7)
Episode( 8)
Episode (9)
Episode (10)
Episode (11)
Episode (12)
Episode (13)
Episode (14)
Episode (15)
Episode (16)
Episode (17)
Episode (18)
Episode (20)
Episode (21)
Episode (22)
Episode (23)
Episode (24)
Episode (25)
ခွင့်တိုင်ကြားခြင်း /ခြင့္တိုင္ၾကားျခင္း
Episode (26)
Episode (27)
Episode (28)
Episode (29)
Episode (30)
Episode (31)
Episode (32)
Episode (33)
Episode (34)
Episode (35)
Episode (36)
Episode (37)
Episode (38)
Episode (39)
Episode (40)
Episode (41)
Episode (42)
Episode (43)
Episode (44)
Episode (45)
Episode (46)
Episode (47)
Episode (48)
Episode (49)
Episode (50)
Episode (51)
Episode (52)
Episode (53)
Episode (54)
Episode (55)
Episode (56)
Episode (57) Part 1
Episode (57) Part 2
Episode (58)
Episode (59)
Episode (60)
Final Episode (61)
မေတ္တာစာလွှာ
သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင်
Extra

Episode (19)

2.6K 306 64
Door Khinlay-Nyan

Unicode

" ဟယ်လို "

" ... "

" ဟုတ်ကဲ့...ဟုတ်ကဲ့... ကျွန်မပြောလိုက်ပါမယ် "

လက်ထဲရှိဖုန်းကို ခပ်တင်းတင်းကိုင်ထားရင်း ပါး၏နောက်ကျောပြင်ကို ကြည့်မိပြန်တော့ ပြောစရာစကား ပျောက်ရပြန်သည် ။ မပြော၍လည်း မဖြစ်ဆိုတော့ ပြောကိုပြောရမည် ။

" ပါး "

ပါးက ခေါ်သံကြောင့် နောက်ဘက်ကို ခေါင်းလှည့်ကြည့်ကာ မေးဆတ်ပြ၏ ။  ပါးနှင့်အတူတူ စျေးခြင်းကိုဆွဲနေသည့် ပေါင်ပေ့ကလည်း နောက်သို့လှည့်ကြည်လာသည် ။

" မကြီးကို ဒီမနက်ပဲ ဆေးရုံတင်လိုက်ရတယ်တဲ့...ပါး..."

ပါး၏ ကျယ်သော မျက်လုံးအိမ်က ပိုကျယ်လာပြီး နှုတ်ခမ်းကလည်း ခပ်ဟဟပွင့်လာကာ မယုံနိုင်သော မျက်လုံးများဖြင့် ခပ်စိုက်စိုက်ကြည့်လာ၏ ။

" ဟုတ်လို့...ဟုတ်လို့လား...မား ၊ မနေ့ညကတောင် ပါးနဲ့ စကားပြောနေသေးတယ်လေ "

တုန်လှုပ်နေသော စကားနှင့်အတူ ပါး၏လက်ထဲရှိ ဆွဲခြင်းလက်ကိုင်ကလည်း ခပ်လျှောလျှောဖြစ်လာသကဲ့သို့ မျက်နှာကလည်း ပိုပိုပြီး နီမြန်းလာသည် ။
ထို့အတွက်ကြောင့် ခြင်းထဲရှိ ပစ္စည်းများပြုတ်ကျမသွားစေရန် ပါးဘက်ရှိ ဆွဲခြင်းလက်ကိုင်ကိုပါ သက်ကောင်းလူ လှမ်းဆွဲလိုက်ရ၏ ။ မားက ပါး၏အနားကို ခပ်သွက်သွက်လှမ်းလာပြီး ပါး၏ လက်မောင်းကို ညင်သာစွာပွတ်သပ်လိုက်၍ သက်ပြင်းချသည် ။

" ဟုတ်တယ်...ပါး ၊ အရေးပေါ်တင်လိုက်ရတာလို့ ပြောတယ် ၊ အဲဒါ ပါးနဲ့မား လိုက်သွားကြရအောင် "

ပါးက အံကိုတင်းတင်းကြိတ်ပြီးမှ တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်၏ ။

" မကြီး တစ်ခုခုဖြစ်ရင် ဟိုကောင်ကြောင့်ပဲ "

သွားကြားထဲမှထွက်လာသည့် ပါး၏ ထိုစကားသံမှာ ကြက်သီးထစရာပင် ။

" စိတ်ထိန်း...စိတ်ထိန်း...ပါး ၊ မကြီးလဲ ဆေးရုံရောက်သွားပြီဆိုတော့ သိပ်ပြီးဆိုးဆိုးဝါးဝါးမဖြစ်လောက်ပါဘူး ...ပါးရယ်...နော် ၊ မား အဝတ်သွားလဲလိုက်မယ် ၊ ပါးလဲ အဝတ်လဲလိုက်အုံး ၊ စျေးကပြန်လာတာဆိုတော့ အနံ့အသက်က မကောင်းဘူးလေ ၊ ပေါင်ပေ့ ခြင်းထဲက ပစ္စည်းတွေကို နေရာတကျသိမ်းထားလိုက်နော် ၊ ခေါက်ဆွဲတွေကိုတော့ ဟိုဘက်အိမ်ကို ပေးလိုက် ၊  အလုပ်သွားရင် လဲ အိမ်တံခါးကို သေချာပိတ်သွား ၊ မားနဲ့ပါးက ဆေးရုံမှာပဲ တစ်နေကုန်မဲ့ပုံ... "

မားက စကားကို တရစပ်ပြောပြီးနောက် အိမ်အပေါ်ထပ်သို့ ခပ်မြန်မြန်လေး တက်သွားလေသည် ။ သူနှင့်ပါးကတော့ သည်အတိုင်းသာ မတ်တတ်ရပ်နေကြ၏ ။ လက်ထဲရှိ ဆွဲခြင်းကို ကြမ်းပြင်ပေါ်သို့ချကာ ပါးကို လှမ်းကြည့်မိပြန်တော့ စိတ်ထဲမကောင်းလှ ။ အစ်မဖြစ်သူကို သိပ်ချစ်သည့်ပါးက ယခုကဲ့သို့ အခြေအနေကို ခံစားနေရလိမ့်မည် ။ နှစ်သိမ့်စကားဆိုရန်လည်း မည်ကဲ့သို့ပြောရမှန်း မသိသောအခါ ပါးစပ်ပိတ်ပြီး ကြည့်နေရန်သာ တတ်စွမ်းတော့၏ ။

ပါးက လက်သီးကို ကျစ်ကျစ်ဆုပ်ထားသဖြင့် လက်ဖမိုးပေါ်ရှိ သွေးကြောများကလည်း ထောင်ထနေကာ အံကြိတ်ထားသဖြင့် ပါးပြင်ပေါ်ရှိ ကြွက်သားများကလည်း တလှုပ်လှုပ် ။ နံနက်ခင်းအချိန်၌ပင် ပါး၏ မျက်နှာပြင်နှင့် ခန္ဓာကိုယ်ပေါ်တွင် ချွေးများအိုင်ထွန်းနေသည်ကို ကြည့်ခြင်းအားဖြင့် ပါး သိပ်ပြီး စိတ်လှုပ်ရှားနေမှန်း သိသာလှသည် ။

" ဟယ်...သားအဖနှစ်ယောက်လုံး ဘာရပ်လုပ်နေကြတာလဲ ၊ ပါးလဲ ရေချိုးလိုက်အုံး ၊ မား ပါးအတွက် အဝတ်ထုတ်ပေးထားတယ် ၊ ပေါင်ပေ့လဲ ပစ္စည်းတွေသိမ်းတော့ "

မား၏ အသံက သူနှင့်ပါး၏ ငြိမ်သက်တိတ်ဆိတ်မှုကို လှုပ်နှိုးလိုက်၏ ။ မားဆီမှနေ၍ ဆပ်ပြာအနံ့ကိုရပြီး မျက်နှာတွင်လည်း ရေစက်အချို့ ရှိနေပုံအရ ရေချိုးလာပုံပင် ။

မားက ပါးကို မျက်လုံးဝေ့ကြည့်ကာ ပါး၏ ပါးပြင်ကို လက်ဖြင့် ခပ်ဖွဖွကိုင်လိုက်၏ ။

" ပါး... အချိန်ကုန်တယ်ကွယ် ၊ ရေသွားချိုးလိုက်တော့ ၊ ပါး စိတ်ပူနေတာကို မား နားလည်တယ် ၊ မားလဲ မကြီးကို စိတ်ပူတာပဲ...ပါး ၊ စိတ်ပူနေတာနဲ့ ပြီးသွားမှာမှ မဟုတ်တာ ၊ အရေးကြီးတာ အရင်လုပ်ရမှာပေါ့ ပါးရဲ့...နော် "

ထိုအခါမှ ပါးက သက်ပြင်းရှည်ကြီးကိုချကာအပေါ်ထပ်ကို တက်သွားပြီး သူကတော့ ခြင်းကိုဆွဲကာ မီးဖိုခန်းထဲသို့ ။

မိနစ်အနည်းငယ်အကြာ

ဝယ်လာသည့်ပစ္စည်းများကို သိမ်းဆည်းပြီးချိန်တွင် သူ့တစ်ကိုယ်လုံး၌ ချွေးများနစ်နေပြီ ။ ထမင်းကတော့ နံနက်အစောကတည်းက ချက်ထားပြီးဖြစ်သဖြင့် ချက်စရာမလိုတော့ပေ ။  မနေ့ညက ကျန်သည့်ဟင်းများရှိနေသဖြင့် ဟင်းလည်း ချက်စရာမလိုချေ ။

ထိုအချိန် သူ့အာရုံထဲ ဝင်လာသည့် ပုံရိပ်တစ်ခုကြောင့် သက်ပြင်းကို နာနာချမိ၏ ။ အိမ်ထမင်း ၊ အိမ်ဟင်းကို နှစ်သက်ပါသည်ဟု ပြောထားသောအသံသြရှရှကလည်း နားထဲသို့ ဝင်လာပြန်သည် ။

ထိုလူ၏ စကားအရဆိုလျှင် မိသားစုနှင့် မနေဘဲ တစ်ယောက်တည်းနေသည့်ပုံ ။ ထို့အတွက်ကြောင့်လည်း ဆိုင်သို့လာပြီး ခေါက်ဆွဲကြော်စားစဉ်ကတည်းက ထိုလူ၏မျက်လုံးများက သူ့ထမင်းပန်းကန်ဆီသို့ တဝဲလည်လည်ဖြစ်နေပုံရ၏ ။

နာရီကို လှမ်းကြည့်တော့ ခုနစ်နာရီထိုးပြီး တစ်ဆယ့်ငါးမိနစ်ကို ညွှန်ပြနေသည် ။ ရေချိုး ၊ အဝတ်အစားလဲရန်အတွက် အချိန် ငါးမိနစ် ကုန်မည် ။ အိမ်မှ ထိုလူ၏ဆိုင်သို့ ခြေလှမ်းမြန်မြန်ဖြင့်သွားမည်ဆိုလျှင် ဆယ်မိနစ်ခန့်သာ အချိန်ကြာနိုင်သည် ။ ပိုသည့် အချိန်အနည်းငယ်အတွင်း ထမင်းချိုင့်ထည့်ရန်အတွက် လွယ်ကူသောဟင်းကို ချက်ပြုတ်ရန်စဉ်းစားတော့ ကန်စွန်းရွက်နှင့် ကြက်ဥကိုသာ စဉ်းစားမိ၏ ။ ကြက်သား ၊ ဝက်သားမဟုတ်ဘဲ ကြက်ဥကြော်သာ ဖြစ်သဖြင့်  မစားဘူးဆိုလျှင်လည်း မတတ်နိုင်ပေ ။

တကယ်ပါ...တကယ်ပါ ။ ကိုယ့်အပူနဲ့ကိုယ် ပူနေရတယ်ဆိုမှ တခြားတစ်ယောက်ရဲ့ အစားအသောက်အတွက်ပါ ကူပြီး ပူနေရသေးတယ် ။ မရှိဆင်းရဲသားလဲ မဟုတ်တဲ့လူအတွက် သူ့လို သာမန်လူတန်းစားက ပြန်ပြီး တွေးပူနေတာကို သူများတကာ သိရင် ရယ်လိုက်မဲ့အဖြစ် ။

ဦးနှောက်ကလည်း သူ့အလုပ်သူ လုပ်နေသကဲ့သို့ လက်ကလည်း အဆက်မပြတ်လှုပ်ရှားလျက် ။ ကန်စွန်းရွက်ကို ခပ်မြန်မြန်ချွေပြီးမှ ကြက်သွန်ဖြူကိုခွာ၍ ဓားပြားဖြင့် ခပ်ဆတ်ဆတ်ရိုက်ထားလိုက်၏ ။ ထို့နောက် ကြက်ဥသုံးလုံးကို ပန်းကန်ထဲဖောက်ထည့်၍ ခပ်နာနာခေါက်လိုက်ပြီးမှ ခရုဆီနှင့် ပဲငံပြာရည်အကြည် အနည်းငယ်စီထည့်လိုက်ကာ နောက်ထပ်တစ်ကြိမ် ထပ်ခေါက်လိုက်သည် ။

တရှဲရှဲမြည်သံသည် မီးဖိုခန်းထဲ၌ ထွက်ပေါ်လာပြီး သိပ်မကြာခင်ပင် မွှေးပျံ့သောအနံ့များပါ လွှမ်းမိုးလာသည် ။

ဟိုလူကြီးက ဒီလိုဟင်းမျိုးကို  ကြိုက်ပါ့မလား...။

****************

ဆိုင်အတွက် အဝတ်အစားများကို ရှာနေရသော်လည်း စိတ်ကမပါ ။ အာရုံက အလုပ်ဆီတွင် ရှိနေရမည့်အစား မျက်နှာချင်းဆိုင်တွင်ရှိနေသော ပေါင်ပေ့ထံသို့သာ တဝဲလည်လည် ။ ရောက်လာကတည်းက ပေါင်ပေ့၏ မျက်နှာမကောင်းသည်ကို သတိထားမိ၏ ။ နဂိုကလည်း မျက်နှာတည်သော်ငြား ယနေ့ ပေါင်ပေ့၏မျက်နှာက တည်နေသည် မဟုတ်ဘဲ စိတ်မပျော်စရာ ကိစ္စတစ်ခုခုရှိနေသည့်ပုံ ။ မျက်လုံးအိမ်လေးကလည်း ငြိမ်နေပြီး တစ်နေရာတည်းကိုသာ စိုက်ကြည့်နေသည့် ပေါင်ပေ့ကြောင့် ထင်ပါ အလိုလိုနေရင်း စိတ်မပျော်တော့ပေ ။

အလုပ်ဆက်လုပ်နေလည်း မထူးမဲ့အတူတူ ကွန်ပျူတာကိုပိတ်လိုက်ကာ ပေါင်ပေ့ဆီသို့သာ ဦးတည်မိ၏ ။ စားပွဲတွင် ငြိမ်သက်စွာထိုင်နေသည့် ပေါင်ပေ့ကတော့ ထင် သူ့ဆီလျှောက်လာသည်ကို သတိထားမိပုံ မရချေ ။ ပေါင်ပေ့၏ ခေါင်းလုံးလုံးလေးက စားပွဲပေါ်သို့သာ စူးစူးစိုက်စိုက် ကြည့်နေလေသည် ။

" သက်ကောင်းလူ "

ထင်ခေါ်လိုက်သော်လည်း ပေါင်ပေ့က ကြားဟန်မတူပေ ။ ခေါင်းလေးကလည်း ငုံ့မြဲ ၊ ငုံ့ဆဲ ။ နောက်ထပ်တစ်ကြိမ် ထင် ထပ်ခေါ်လိုက်သော်လည်း နဂိုအတိုင်း ငြိမ်သက်လျက်ရှိနေသည့် ပေါင်ပေ့ကြောင့် ထင့်မျက်ခုံးများက အလယ်သို့ စုသွားလေသည် ။ မည်သည့် အပူသောကက နှိပ်စက်နေသဖြင့် ပေါင်ပေ့က ယခုကဲ့သို့ သတိမရှိသည့် အခြေအနေမျိုး ဖြစ်နေရသနည်း ။

ထင် လက်ညှိုးထိပ်လေးဖြင့် သက်ကောင်းလူ၏ လက်မောင်းကို ထိရုံလေးထိလိုက်တော့ မော့ကြည့်လာသည့် မျက်လုံးဝိုင်းဝိုင်းတစ်စုံ ။ မျက်လုံးအိမ်အတွင်းတွင်လည်း အံ့သြဟန်အပြည့်ပေ ။ ထိုမျက်လုံးအကြည့်က ထင် အနားရောက်လာသည်ကို မသိကြောင်း ဖော်ပြနေသည် ။

" ကိုယ်ခေါ်နေတာ နှစ်ခါရှိပြီ "

" ဘာပြောစရာရှိလို့လဲ "

သက်ကောင်းလူဆီမှ ထွက်လာသည့်အသံမှာ ခပ်တိုးတိုး ။ " ဘာပြောစရာရှိလို့လဲ "ဆိုပြီး မေးလာသော်လည်း ထင့်မှာ အဖြေစကားမရှိပေ ။ ထို့အတွက်ကြောင့် ထင် နဖူးပေါ်ကျနေသည့် ဆံပင်အချို့ကို သပ်တင်ပြီးတော့ သက်ကောင်းလူကို ငုံ့ကြည့်မိ၏ ။

ဘယ်လိုပြောလိုက်ရင် ကောင်းမလဲ ။ ဘယ်လိုဖြေလိုက်ရင် အဆင်ပြေမလဲ ။

" စိတ်ညစ်စရာ တစ်ခုခုများ ရှိနေလား... သက်ကောင်းလူ ၊ အိမ်မှာ အဆင်မပြေတာများ ရှိနေလား "

ထင့်ကိုကြည့်နေသည့် မျက်လုံးဝိုင်းဝိုင်းလေးအတွင်းရှိ မျက်ဆန်လေးက ဟိုသည်ရွေ့လျားသွား၏ ။ နှုတ်ခမ်းပါးလေးကလည်း တင်းတင်းစေ့ပိတ်နေရာမှ အနည်းငယ် ပွင့်ဟလာပြီးနောက် သက်ပြင်းချသံကိုပါ ကြားလိုက်ရသည် ။

" ပါးရဲ့အစ်မ ဆေးရုံတင်လိုက်ရတယ် "

" အဲဒါကြောင့် စိတ်ပူနေတာလား "

" ဟုတ်တယ် "

" အဒေါ်မို့လား...အမေမှ မဟုတ်တာ "

ထင့်စကားကြောင့် အလိုမကျဟန် ဖြစ်သွားသည့် မျက်နှာလေး ။ မျက်ဆန်လေးက ထောင့်ကပ်သွားပြီး နှုတ်ခမ်းလေးကလည်း တစ်ပြေးညီဖြစ်သွား၏ ။

ထိုင်နေအကောင်းသား ၊ ထသွားမှကျိုးဆိုသည့် စကားစုလိုပင် ။ မမေးမိလျှင်အကောင်းသား ၊ အမေးမတတ်...အပြောမတတ်သည့်အခါကျတော့ တစ်ဖက်သား၏စိတ်ခံစားချက်ကို အလေးမထားသည့်ပုံ ဖြစ်သွားရသည် ။

" ဆောရီး...ဆောရီး... ကိုယ် တမင်ပြောလိုက်တာ မဟုတ်ဘူးနော် ၊ သက်ကောင်းလူ စိတ်ပူနေတာကို နည်းနည်းသက်သာသွားအောင် ပြောလိုက်တာပါ ၊ ကိုယ့်ကို စိတ်မဆိုးနဲ့နော် "

" ... "

" စိတ်ဆိုးသွားတာလား "

ထိုစကားနှင့်အတူ သက်ကောင်းလူ၏ ပခုံးအစွန်းကို ထင် လက်ညှိုးထိပ်လေးဖြင့် နောက်တစ်ကြိမ်ထိမိလိုက်သည် ။ ထိုသို့ ထင် လုပ်လိုက်သည်နှင့် သက်ကောင်းလူက မျက်မှောင်ကုတ်သွားပြီးတော့ ထင့်လက်ကို စောင်းကြည့်လာ၏ ။ ပြီးမှ ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းပြသည် ။

" စိတ်မဆိုးပါဘူး ၊ ခင်ဗျား မကောင်းတဲ့စိတ်နဲ့ ပြောတာ မဟုတ်မှန်း ကျွန်တော် သိပါတယ် "

ယခုမှပင် ရင်ဘတ်ထဲရှိ အလုံးကြီးက ပြုတ်ကျသွားပြီး အသက်ဝဝရှုနိုင်တော့သည် ။

" တော်သေးတာပေါ့...တော်သေးတာပေါ့ ၊ ကိုယ်က မင်း စိတ်ဆိုးသွားပြီ ထင်နေတာ "

" ကျွန်တော်က စိတ်မဆိုးပေမဲ့ ပါးရှေ့မှာသာ ခင်ဗျား အဲဒီစကားကိုပြောရင် ပါးက အသေစိတ်ဆိုးမှာ "

ပါးဆိုသော စကားကြောင့် တည်တင်းသောမျက်နှာထားက အာရုံထဲကို ဝင်လာသည် ။ သက်ကောင်းလူရော ၊ ဦးကျော်ဝင်းရော နှစ်ယောက်လုံးသည် မျက်နှာတည်ကြသူများဖြစ်သော်လည်း သက်ကောင်းလူ မျက်နှာတည်သည်က တစ်မျိုး ချစ်စရာကောင်း၏ ။ ဦးကျော်ဝင်း၏ မျက်နှာက ကျတော့ ချစ်မွေးမပါသည့်ပုံ ။ ထင်ကိုယ်တိုင်က ဦးကျော်ဝင်းအပေါ် အမြင်မကြည်ခြင်းကြောင့်လည်း ပါပေလိမ့်မည် ။

သက်ကောင်းလူ ဘေးဘက်ရှိ လူကို မော့ကြည့်၍ ခေါင်းကို ဖြည်းဖြည်းချင်းယမ်းမိပြန်သည် ။ မျက်နှာထား အမျိုးမျိုးပြောင်းလဲနေသည့် ထိုလူ၏ပုံစံက အတွေးကမ္ဘာထဲ မျောပါနေပုံ ။ နှုတ်ခမ်းထူထူများကလည်း ပြုံးလိုက် ၊ တည်လိုက် ။ နက်မှောင်ထူထဲသောမျက်ခုံးနှစ်ဖက်ကလည်း စုလိုက် ၊ တန်းလိုက် ။

မတ်တတ်ရပ်ပြီး ပြဇာတ်ကနေလား မသိပါဘူး ။

ကြည့်နေစဉ်မှာပင် ထင့်နှုတ်ခမ်းနှစ်ဖက်လုံးက ဘေးဘက်ကို ကွေးတက်သွားပြီးမှ သူ့မျက်နှာကို သေသေချာချာ ကြည့်လာပြန်သည် ။

" ဆေးရုံကို လိုက်သွားချင်လား သက်ကောင်းလူ ၊ ဆေးရုံကို လိုက်သွားချင်ရင် ကိုယ် လိုက်ပို့ပေးမယ်လေ "

သက်ကောင်းလူက ထင့်စကားကို ခေါင်းခါ၍ ငြင်းဆို၏ ။

" ဘာဖြစ်လို့လဲ... ဘာဖြစ်လို့ မသွားချင်တာလဲ "

" ကျွန်တော်က သွေးမြင်ရင် ခေါင်းမူးတယ် ၊ အဲဒါကြောင့် ပါးက မလိုအပ်ဘဲနဲ့ ဆေးရုံ...ဆေးခန်းကို မသွားခိုင်းဘူး "

" သက်ကောင်းလူက သွေးကြောက်တတ်တာလား "

ထင့် အမေးစကားကြောင့် ခေါင်းကို ဖြည်းဖြည်းချင်းညိတ်ပြလာသည့် သက်ကောင်းလူ ။

ထင့်ပေါင်ပေ့လေးက သွေးမြင်ရင် ခေါင်းမူးတတ်သတဲ့ ။ ထင့်ချစ်ရသူလေးက သွေးကို ကြောက်တတ်သတဲ့ ။ အဲဒါကြောင့်လဲ ဟိုတစ်ခါ ဆိုင်ကယ်လဲတုန်းက မျက်နှာပျက်နေတာ ဖြစ်မယ် ။

" အဲဒါဆိုရင်တော့ မသွားတာဘဲ ကောင်းပါတယ် ၊ ဆေးရုံဆိုတော့ မတော်တဆမှုတွေကို တွေ့ရမှာပဲလေ ၊ ဒါနဲ့..."

ထင်က စကားကိုဆုံးအောင်မပြောဘဲ တစ်ဝက်တစ်ပျက်ဖြင့် ရပ်လိုက်တော့ ပေါင်ပေ့က " ဆက်ပြောလေ "ဆိုသည့် သဘောနှင့် မေးဆတ်ပြ၏ ။

" မေးရမှာ အားနာပေမဲ့ ပိုက်ဆံရော အဆင်ပြေကြရဲ့လား ၊ ကျန်းမာရေးဆိုတော့ ပိုက်ဆံများများသုံးနိုင်မှ အဆင်ပြေမှာ ၊ လိုအပ်ခဲ့ရင် ကိုယ် ကူညီပေးပါမယ် "

" သူတို့က အဆင်ပြေကြပါတယ် ၊ အခုလိုမျိုးပြောတဲ့အတွက် ကျွန်တော်က ကိုယ်စားကျေးဇူးတင်ပါတယ်..."

" မလိုပါဘူးကွာ ၊ အပေါ်ယံပြောတာမဟုတ်ဘဲ ကိုယ့်ရဲ့ တကယ့်စိတ်ရင်းပါ ၊ ကိုယ်ပြောခဲ့သလိုပေါ့... တစ်ခုခုလိုအပ်တာနဲ့ ကိုယ့်ကို ချက်ချင်းပြောနော် ၊ ကိုယ် အစွမ်းကုန် ကူညီပေးမယ်...ဟုတ်ပြီလား "

ထင့်စကားကြောင့် သက်ကောင်းလူ၏မျက်နှာလေးက တွေဝေငေးမောသွား၏ ။ မျက်တောင် တိုတိုစိပ်စိပ်လေးများမှာလည်း ပိတ်လိုက် ၊ ဖွင့်လိုက်ဖြင့် နှစ်ကြိမ်ခန့် လှုပ်ရှားလာလေသည် ။ ထို့နောက် သက်ကောင်းလူက ထင့်ကို စိုက်ကြည့်နေပြန်သောကြောင့် နေမတတ် ၊ ထိုင်မတတ်ဖြစ်လာရပြီး တစ်ကိုယ်လုံးလည်း ရှိန်းတိန်းဖိန်းတိန်းနှင့် ။

" ခင်ဗျားက ဘာဖြစ်လို့ ကျွန်တော့်အပေါ်ကို ကောင်းရတာလဲ "

ထိုအမေးစကားက ထိန်းချုပ်ထားသည့် ထင့်စိတ်ကို ပေါက်ထွက်လာစေ၏ ။ ထင် သက်ကောင်းလူ၏ မျက်နှာကို ကြည့်နေရင်းဖြင့် ဆယ်ကျော်သက်လူငယ်တစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားလာသည် ။

ပေါင်ပေ့ကိုချစ်သည့်စိတ်က ထင့် ခန္ဓာကိုယ်အနှံ့စီးဆင်းနေသော သွေးကြောမျှင်များမှတစ်ဆင့် နှလုံးသို့စီးဆင်းသည့် သွေးကြောဆီသို့ တိုက်ရိုက်စီးဝင်သောအခါ ရင်ထဲတလှပ်လှပ်ဖြစ်လာခဲ့သည် ။

ထိုအချိန် ထင့်ကို ကြည့်နေသည့် သက်ကောင်းလူ၏ မျက်လုံးအကြည့်က တဖြည်းဖြည်းအရောင်ပြောင်းလာပြီးနောက် ထိုင်နေရာမှ မတ်တတ်ထရပ်လိုက်၏ ။ မျက်နှာနှစ်ခုကလည်း နဂိုထက်ပို၍ နီးကပ်သွားလေသည် ။

" ကိုယ်က ...မင်းကို... "

ထိုစကားကို ထင် စပြောလိုက်သည်နှင့် သက်ကောင်းလူ၏ မျက်နှာက ချက်ချင်းကို ပျက်ယွင်းလာကာ ခေါင်းကိုလည်း ဘယ်ပြန်ညာပြန် ခါယမ်းလေသည် ။

" ဆက်မပြောနဲ့ "

ဆိုပြီး ပြောလာသည့် သက်ကောင်းလူ၏အသံမှာ ဆို့ဆို့နင့်နင့် ။ ထိုမျှမကသေးဘဲ သက်ကောင်းလူက ထင့်ကိုကျော်၍ အခန်းထဲမှ အပြေးတစ်ပိုင်း ထွက်ခွာသွား၏ ။ သိပ်မကျယ်သည့် နောက်ကျောပြင်လေးကို လိုက်ကြည့်နေရင်း ဝမ်းနည်းစိတ်က လှိုက်တက်လာသောအခါ နှုတ်ခမ်းကိုသာ နာနာ ဖိကိုက်မိသည် ။ ရင်ဘတ်ကလည်း နိမ့်လိုက် ၊ မြင့်လိုက်ဖြစ်နေပြီး နှလုံးခုန်နှုန်းနှင့် အသက်ရှုသံကလည်း မူမမှန်တော့ပေ ။

ကိုယ် မင်းကို ချစ်နေမှန်း သိရဲ့သားနဲ့ ပေါင်ပေ့ရာ ။

ဘာဖြစ်လို့လဲ ။ ဘာအကြောင်းကြောင့်လဲ ။ ဘယ်လိုအရာတွေက တားဆီးထားလို့ ပေါင်ပေ့က ကိုယ့်ဆီလာဖို့ ခက်နေရတာလဲ ။ ပေါင်ပေ့လဲ ကိုယ့်အပေါ်မှာ ခံစားချက် ရှိနေတာပဲလေ ။ အဲဒါကို ကိုယ် ခံစားမိနေတယ် ပေါင်ပေ့ ။ ကိုယ် ချည်တဲ့ကြိုးက ပေါင်ပေ့ဆီမှာ နည်းနည်းလေးတော့ ငြိနေပြီလေ ။ ကိုယ်က ပေါင်ပေ့ကို သိပ်ချစ်သလို ပေါင်ပေ့ရဲ့ အချစ်ကိုလဲ နည်းနည်းလေးတော့ ပြန်လိုချင်တယ် ။ အများကြီး မဟုတ်ဘူး ပေါင်ပေ့ ။ နည်းနည်းလေးပဲ လိုချင်တာပါ ။ ကိုယ်က အများကြီးချစ်ပေးမှာမို့ ပေါင်ပေ့က နည်းနည်းလေးတော့ ပြန်ချစ်ပေးပါလား ...။

*****************

" ပေါင်ပေ့...မားတို့ ပြန်လာနေပြီနော် ၊ ခဏနေကျရင် ရောက်တော့မယ် "

" ဟုတ်ကဲ့ မား "

" ရေခဲသေတ္တာထဲမှာ ဝက်အူချောင်းရှိတယ်... အဲဒါကို ကြော်ထားလိုက်နော် ၊ နောက်ပြီးတော့ ကြာဆံထုပ်ကို အရည်များများနဲ့ပြုတ်ထားလိုက်...ပေါင်ပေ့ "

" ဟုတ်ကဲ့...ဟုတ်ကဲ့...မား ...ကျွန်တော် လုပ်ထားလိုက်ပါမယ်... ကြီးကြီးရော အဆင်ပြေရဲ့လား "

မားဘက်မှ အသံ ခဏတိတ်ဆိတ်သွားပြီး သက်ပြင်းချသံကိုပါ ကြားလိုက်ရသည် ။

" အခု ကားပေါ်မှာမို့လို့ အိမ်ရောက်မှ မား ပြောပြမယ်နော် "

" ဟုတ်ကဲ့ "

ဟု သူ ဖြေပြီးသည်နှင့် မားက ဖုန်းချသွားသည် ။ မား၏အသံကတော့ သိပ်မကောင်းပေ ။

မားခိုင်းသည့် အလုပ်များကို လုပ်နေရင်း ရင်ထဲတွင် မသက်သာလှပေ ။ ပါးက ကြီးကြီးကို သိပ်ချစ်သည့်အတွက် ယခုကဲ့သို့ ကြီးကြီး ဖြစ်သွားခြင်းအပေါ်  ခံစားနေရလိမ့်မည် ။ မားနှင့်ပါး၏ ပြောစကားများအရတော့ ကြီးကြီးတို့မိသားစုတွင် ပြသနာ တစ်ခုခုရှိနေပုံ ။ မည်သည့်ပြသနာကြောင့် ကြီးကြီး ယခုကဲ့သို့ ကျန်းမာရေးချို့ယွင်းသွားသနည်း ။

ဝက်အူချောင်းကြော်နှင့် ကြာဆံပြုတ်ကို ပြင်ဆင်ပြီးချိန် ဆိုင်ရှေ့မှ ကြားရသည့် မား၏ခေါ်သံနွမ်းနွမ်း ။ တံခါးကို မြန်မြန်ဆန်ဆန်ဖွင့်လိုက်တော့ ပထမဆုံးမြင်လိုက်ရသည်မှာ မျက်နှာပျက်ယွင်းနေသည့် ပါးကိုပင် ။ မားက ပါး၏ လက်တစ်ဖက်ကို ထိန်းကိုင်ထားပြီး သူ့ကို လှမ်းကြည့်လာ၏ ။

" ပါးကို တွဲလိုက်အုံး... ပေါင်ပေ့ "

သူ ပါး၏ ကျန်လက်တစ်ဖက်ကို တွဲလိုက်တော့ အေးစက်နေသော အထိအတွေ့ကို ခံစားမိလိုက်သည် ။ တစ်ဖက်ခြမ်းရှိ မားကို ခေါင်းစောင်းကြည့်မိတော့ မား၏မျက်နှာကလည်း မကောင်း ။

မတွေ့ရသည့် နာရီအနည်းငယ်အတွင်း ပါး၏မျက်နှာမှာ သိသိသာသာအိုစာသွား၏ ။ ပါးကို ခုံမှာ ထိုင်ခိုင်းတော့ ပါးက ခေါင်းကို ခါယမ်းသည် ။

" အပေါ်ကိုပဲ သွားမယ် "

မားက ရေတစ်ခွက်ကို ပါးရှေ့သို့ ချပေးပြီး မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်၏ ။

" ထမင်းစားရအုံးမယ်လေ ပါးရဲ့...နော် ၊ တစ်နေ့လုံးလဲ ဘာမှ သေသေချာချာစားသေးတာ မဟုတ်ဘူး ၊ ရေလဲ သောက်လိုက်အုံး "

" ရေလဲ မသောက်ချင်ဘူး ၊ ထမင်းလဲ မစားချင်ဘူး မား ၊ ပါး အိပ်ရာပေါ်မှာပဲ လှဲလိုက်ချင်တယ် မား..."

ပါးက မား၏မျက်နှာကို ကြည့်၍ စကားကို ခပ်တိုးတ်ိုး​ပြောကာ ရှေ့ရှိ ရေခွက်ကိုလည်း ဘေးဘက်သို့ တွန်းဖယ်လိုက်သည် ။

" ပါး...မားကိုကြည့် "

ကြည့်ဆိုတော့လည်း ကြည့်ရှာသည် ။

" မကြီးက အသက်ဘေးကနေ လွတ်သွားပြီလေ ၊ကိုယ့်ဘက်ပါလာပြီလို့ ဆရာဝန်တွေ ပြောတာကို ပါး ကြားခဲ့တယ် ...မဟုတ်လား ၊ အဲဒီတော့ ပါးက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှဖြစ်မှာ ၊ မား ပြောတာ ဟုတ်တယ်မို့လား...ပါး "

" ဒါပေမဲ့ မားရာ... ပါး မကြီးကို အခုလိုပုံစံမျိုးနဲ့ တွေ့ရတာကို စိတ်မချမ်းသာဘူး ၊ အဲဒါ ဟိုကောင်ကြောင့်... အဲဒီကောင်ကြောင့် မကြီး အခုလိုမျိုးဖြစ်သွားရတာ "

" အဲဒီလိုလဲ ဘယ်ဟုတ်ပါ့မလဲ ပါး "

ပါးက မား၏ ထိုစကားကို တူးတူးခါးခါးငြင်းဆန်လေသည် ။

" ဘာဖြစ်လို့ မဟုတ်ရမှာလဲ မား ၊ သားစိတ်ကြောင့် မကြီး အခုလိုမျိုးဖြစ်သွားတာလေ ၊ ပါးလေ အဲဒီကောင်ရဲ့မျက်နှာကို ဆွဲထိုးပစ်ချင်တာ မား ၊ ဆေးရုံမှာမို့ စိတ်ထိန်းထားရတာ "

ပါးက နှုတ်မှ ပြော၍ အားမရဘဲ လက်နှစ်ဖက်လုံးဖြင့် စားပွဲခုံကို ထုချလိုက်သောအခါ ရေခွက်ထဲမှရေများက ဘောင်ဘင်ခတ်သွားသကဲ့သို့ ကြာဆံပြုတ်ပန်းကန်ကလည်း လှုပ်ခါသွားလေသည် ။

" စိတ်ထိန်း...စိတ်ထိန်း...ပါး ၊ သူတို့ကိုလဲ ဘာမှမလုပ်ရဘူးနော် ၊ ပိုင်စိုးလဲ သူ့အမေကို စိတ်ပူနေတာပဲလေ ...ပါးရဲ့ ၊ ပိုင်စိုးရဲ့ကောင်လေးကလဲ ပျာယာခတ်ပြီး စိတ်ပူနေတာကို ပါးအမြင်လေ ..."

" ပိုင်စိုးရဲ့ ကောင်လေး "ဆိုသည့် စကားကြောင့် သက်ကောင်းလူ၏ မျက်ခုံးများမှာ အပေါ်ဘက်ကို မြင့်တက်သွား၏ ။

ကိုပိုင်စိုးက ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုက်နေတာပဲ ။

" လုပ်ချင်တာလုပ်သွားတယ်လေ မား ၊ သူစိမ်းတစ်ယောက်ကြောင့် မိသားစုကို ပစ်သွားတဲ့ကောင် ၊ မိန်းကလေးတစ်ယောက်ကြောင့်ဆိုရင်တောင် ပါး နားလည်ပေးနိုင်သေးတယ် ၊ အခုဟာက ယောက်ျားတစ်ယောက်အတွက် လုပ်သွားတာလေ ၊  ဘယ်လိုများ ယောက်ျားအချင်းချင်း ချစ်ကြလဲဆိုတာကို နားမလည်နိုင်တော့ဘူး "

ပါး၏မျက်နှာပေါ်ရှိ အနီရောင်အရိပ်သည် ပို၍ရင့်လာပြီး စားပွဲပေါ်တင်ထားသည့် လက်နှစ်ဖက်လုံးကိုလည်း ခပ်တင်းတင်းဆုပ်ကိုင်ထား၏ ။ မားက ပါး၏လက်တစ်ဖက်ကို အပေါ်မှ အုပ်မိုးကိုင်၍

" ပါးရယ် အချစ်ဆိုတာက ယောက်ျား... မိန်းမ မခွဲဘဲ ဖြစ်နိုင်တဲ့အရာပါကွယ် ၊
ပါးက မားကို ချစ်တာကလဲ အချစ်ပဲ ၊ ပိုင်စိုးက သူ့ကောင်လေးကို ချစ်တာကလဲ အချစ်ပါပဲ "

ဟု ပြောလာသောအခါ ပါးက မျက်လုံးလှန်ကြည့်၍ ခေါင်းခါ၏ ။

" မတူတာကို တန်းမညှိပါနဲ့ မား ၊ ပါးကတော့ အဲဒီလိုမျိုး အချစ်ဆိုတာကို လက်မခံနိုင်ဘူး ၊ အဓိပ္ပါယ်လဲမရှိဘူး ၊ ကြိုက်တဲ့လူကို လိုက်မေးကြည့် မား ၊ အဲဒီလို အချစ်မျိုးကို လက်ခံတဲ့သူ ဘယ်နှယောက်ရှိလဲဆိုတာကို မား တွေ့သွားလိမ့်မယ် "

သက်ကောင်းလူ ငြိမ်သက်စွာရပ်၍ ပါးနှင့်မားကို ကြည့်နေမိသည် ။ ပါးနှင့်မားကတော့ ယောက်ျားချင်းချစ်ကြိုက်သည်နှင့် ပတ်သက်၍ ဆွေးနွေးနေဆဲ ။ မားကတော့ ပျော့ပြောင်းနူးညံ့သော အသွင်ကိုဆောင်၍ ပါးကတော့ ခက်ထန်မာကြောသော သဏ္ဍာန်ကို လွှမ်းခြုံထားသည် ။

သူကတော့  အတွေးပင်လယ်ထဲမှာ တစ်ကိုယ်တည်း ရွက်လွင့်နေဆဲ...။

7/7/2022
10/7/2022မှာ ပြန်တွေ့ကြမယ်
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
ခင်လေးဉာဏ်

Zawgyi

" ဟယ္လို "

" ... "

" ဟုတ္ကဲ့...ဟုတ္ကဲ့... ကြၽန္မေျပာလိုက္ပါမယ္ "

လက္ထဲရွိဖုန္းကို ခပ္တင္းတင္းကိုင္ထားရင္း ပါး၏ေနာက္ေက်ာျပင္ကို ၾကည့္မိျပန္ေတာ့ ေျပာစရာစကား ေပ်ာက္ရျပန္သည္ ။ မေျပာ၍လည္း မျဖစ္ဆိုေတာ့ ေျပာကိုေျပာရမည္ ။

" ပါး "

ပါးက ေခၚသံေၾကာင့္ ေနာက္ဘက္ကို ေခါင္းလွည့္ၾကည့္ကာ ေမးဆတ္ျပ၏ ။  ပါးႏွင့္အတူတူ ေစ်းျခင္းကိုဆြဲေနသည့္ ေပါင္ေပ့ကလည္း ေနာက္သို႔လွည့္ၾကည္လာသည္ ။

" မႀကီးကို ဒီမနက္ပဲ ေဆး႐ုံတင္လိုက္ရတယ္တဲ့...ပါး..."

ပါး၏ က်ယ္ေသာ မ်က္လုံးအိမ္က ပိုက်ယ္လာၿပီး ႏႈတ္ခမ္းကလည္း ခပ္ဟဟပြင့္လာကာ မယုံနိုင္ေသာ မ်က္လုံးမ်ားျဖင့္ ခပ္စိုက္စိုက္ၾကည့္လာ၏ ။

" ဟုတ္လို႔...ဟုတ္လို႔လား...မား ၊ မေန႕ညကေတာင္ ပါးနဲ႕ စကားေျပာေနေသးတယ္ေလ "

တုန္လႈပ္ေနေသာ စကားႏွင့္အတူ ပါး၏လက္ထဲရွိ ဆြဲျခင္းလက္ကိုင္ကလည္း ခပ္ေလွ်ာေလွ်ာျဖစ္လာသကဲ့သို႔ မ်က္ႏွာကလည္း ပိုပိုၿပီး နီျမန္းလာသည္ ။
ထို႔အတြက္ေၾကာင့္ ျခင္းထဲရွိ ပစၥည္းမ်ားျပဳတ္က်မသြားေစရန္ ပါးဘက္ရွိ ဆြဲျခင္းလက္ကိုင္ကိုပါ သက္ေကာင္းလူ လွမ္းဆြဲလိုက္ရ၏ ။ မားက ပါး၏အနားကို ခပ္သြက္သြက္လွမ္းလာၿပီး ပါး၏ လက္ေမာင္းကို ညင္သာစြာပြတ္သပ္လိုက္၍ သက္ျပင္းခ်သည္ ။

" ဟုတ္တယ္...ပါး ၊ အေရးေပၚတင္လိုက္ရတာလို႔ ေျပာတယ္ ၊ အဲဒါ ပါးနဲ႕မား လိုက္သြားၾကရေအာင္ "

ပါးက အံကိုတင္းတင္းႀကိတ္ၿပီးမွ ေတာက္တစ္ခ်က္ကို ခပ္ျပင္းျပင္းေခါက္လိုက္၏ ။

" မႀကီး တစ္ခုခုျဖစ္ရင္ ဟိုေကာင္ေၾကာင့္ပဲ "

သြားၾကားထဲမွထြက္လာသည့္ ပါး၏ ထိုစကားသံမွာ ၾကက္သီးထစရာပင္ ။

" စိတ္ထိန္း...စိတ္ထိန္း...ပါး ၊ မႀကီးလဲ ေဆး႐ုံေရာက္သြားၿပီဆိုေတာ့ သိပ္ၿပီးဆိုးဆိုးဝါးဝါးမျဖစ္
ေလာက္ပါဘူး ...ပါးရယ္...ေနာ္ ၊ မား အဝတ္သြားလဲလိုက္မယ္ ၊ ပါးလဲ အဝတ္လဲလိုက္အုံး ၊ ေစ်းကျပန္လာတာဆိုေတာ့ အနံ႕အသက္က မေကာင္းဘူးေလ ၊ ေပါင္ေပ့ ျခင္းထဲက ပစၥည္းေတြကို ေနရာတက်သိမ္းထားလိုက္ေနာ္ ၊ ေခါက္ဆြဲေတြကိုေတာ့ ဟိုဘက္အိမ္ကို ေပးလိုက္ ၊  အလုပ္သြားရင္ လဲ အိမ္တံခါးကို ေသခ်ာပိတ္သြား ၊ မားနဲ႕ပါးက ေဆး႐ုံမွာပဲ တစ္ေနကုန္မဲ့ပုံ... "

မားက စကားကို တရစပ္ေျပာၿပီးေနာက္ အိမ္အေပၚထပ္သို႔ ခပ္ျမန္ျမန္ေလး တက္သြားေလသည္ ။ သူႏွင့္ပါးကေတာ့ သည္အတိုင္းသာ မတ္တတ္ရပ္ေနၾက၏ ။ လက္ထဲရွိ ဆြဲျခင္းကို ၾကမ္းျပင္ေပၚသို႔ခ်ကာ ပါးကို လွမ္းၾကည့္မိျပန္ေတာ့ စိတ္ထဲမေကာင္းလွ ။ အစ္မျဖစ္သူကို သိပ္ခ်စ္သည့္ပါးက ယခုကဲ့သို႔ အေျခအေနကို ခံစားေနရလိမ့္မည္ ။ ႏွစ္သိမ့္စကားဆိုရန္လည္း မည္ကဲ့သို႔ေျပာရမွန္း မသိေသာအခါ ပါးစပ္ပိတ္ၿပီး ၾကည့္ေနရန္သာ တတ္စြမ္းေတာ့၏ ။

ပါးက လက္သီးကို က်စ္က်စ္ဆုပ္ထားသျဖင့္ လက္ဖမိုးေပၚရွိ ေသြးေၾကာမ်ားကလည္း ေထာင္ထေနကာ အံႀကိတ္ထားသျဖင့္ ပါးျပင္ေပၚရွိ ႂကြက္သားမ်ားကလည္း တလႈပ္လႈပ္ ။ နံနက္ခင္းအခ်ိန္၌ပင္ ပါး၏ မ်က္ႏွာျပင္ႏွင့္ ခႏၶာကိုယ္ေပၚတြင္ ေခြၽးမ်ားအိုင္ထြန္းေနသည္ကို ၾကည့္ျခင္းအားျဖင့္ ပါး သိပ္ၿပီး စိတ္လႈပ္ရွားေနမွန္း သိသာလွသည္ ။

" ဟယ္...သားအဖႏွစ္ေယာက္လုံး ဘာရပ္လုပ္ေနၾကတာလဲ ၊ ပါးလဲ ေရခ်ိဳးလိုက္အုံး ၊ မား ပါးအတြက္ အဝတ္ထုတ္ေပးထားတယ္ ၊ ေပါင္ေပ့လဲ ပစၥည္းေတြသိမ္းေတာ့ "

မား၏ အသံက သူႏွင့္ပါး၏ ၿငိမ္သက္တိတ္ဆိတ္မႈကို လႈပ္ႏွိုးလိုက္၏ ။ မားဆီမွေန၍ ဆပ္ျပာအနံ႕ကိုရၿပီး မ်က္ႏွာတြင္လည္း ေရစက္အခ်ိဳ႕ ရွိေနပုံအရ ေရခ်ိဳးလာပုံပင္ ။

မားက ပါးကို မ်က္လုံးေဝ့ၾကည့္ကာ ပါး၏ ပါးျပင္ကို လက္ျဖင့္ ခပ္ဖြဖြကိုင္လိုက္၏ ။

" ပါး... အခ်ိန္ကုန္တယ္ကြယ္ ၊ ေရသြားခ်ိဳးလိုက္ေတာ့ ၊ ပါး စိတ္ပူေနတာကို မား နားလည္တယ္ ၊ မားလဲ မႀကီးကို စိတ္ပူတာပဲ...ပါး ၊ စိတ္ပူေနတာနဲ႕ ၿပီးသြားမွာမွ မဟုတ္တာ ၊ အေရးႀကီးတာ အရင္လုပ္ရမွာေပါ့ ပါးရဲ႕...ေနာ္ "

ထိုအခါမွ ပါးက သက္ျပင္းရွည္ႀကီးကိုခ်ကာအေပၚထပ္ကို တက္သြားၿပီး သူကေတာ့ ျခင္းကိုဆြဲကာ မီးဖိုခန္းထဲသို႔ ။

မိနစ္အနည္းငယ္အၾကာ

ဝယ္လာသည့္ပစၥည္းမ်ားကို သိမ္းဆည္းၿပီးခ်ိန္တြင္ သူ႕တစ္ကိုယ္လုံး၌ ေခြၽးမ်ားနစ္ေနၿပီ ။ ထမင္းကေတာ့ နံနက္အေစာကတည္းက ခ်က္ထားၿပီးျဖစ္သျဖင့္ ခ်က္စရာမလိုေတာ့ေပ ။  မေန႕ညက က်န္သည့္ဟင္းမ်ားရွိေနသျဖင့္ ဟင္းလည္း ခ်က္စရာမလိုေခ် ။

ထိုအခ်ိန္ သူ႕အာ႐ုံထဲ ဝင္လာသည့္ ပုံရိပ္တစ္ခုေၾကာင့္ သက္ျပင္းကို နာနာခ်မိ၏ ။ အိမ္ထမင္း ၊ အိမ္ဟင္းကို ႏွစ္သက္ပါသည္ဟု ေျပာထားေသာအသံၾသရွရွကလည္း နားထဲသို႔ ဝင္လာျပန္သည္ ။

ထိုလူ၏ စကားအရဆိုလွ်င္ မိသားစုႏွင့္ မေနဘဲ တစ္ေယာက္တည္းေနသည့္ပုံ ။ ထို႔အတြက္ေၾကာင့္လည္း ဆိုင္သို႔လာၿပီး ေခါက္ဆြဲေၾကာ္စားစဥ္ကတည္းက ထိုလူ၏မ်က္လုံးမ်ားက သူ႕ထမင္းပန္းကန္ဆီသို႔ တဝဲလည္လည္ျဖစ္ေနပုံရ၏ ။

နာရီကို လွမ္းၾကည့္ေတာ့ ခုနစ္နာရီထိုးၿပီး တစ္ဆယ့္ငါးမိနစ္ကို ၫႊန္ျပေနသည္ ။ ေရခ်ိဳး ၊ အဝတ္အစားလဲရန္အတြက္ အခ်ိန္ ငါးမိနစ္ ကုန္မည္ ။ အိမ္မွ ထိုလူ၏ဆိုင္သို႔ ေျခလွမ္းျမန္ျမန္ျဖင့္သြားမည္ဆိုလွ်င္ ဆယ္မိနစ္ခန့္သာ အခ်ိန္ၾကာနိုင္သည္ ။ ပိုသည့္ အခ်ိန္အနည္းငယ္အတြင္း ထမင္းခ်ိဳင့္ထည့္ရန္အတြက္ လြယ္ကူေသာဟင္းကို ခ်က္ျပဳတ္ရန္စဥ္းစားေတာ့ ကန္စြန္း႐ြက္ႏွင့္ ၾကက္ဥကိုသာ စဥ္းစားမိ၏ ။ ၾကက္သား ၊ ဝက္သားမဟုတ္ဘဲ ၾကက္ဥေၾကာ္သာ ျဖစ္သျဖင့္  မစားဘူးဆိုလွ်င္လည္း မတတ္နိုင္ေပ ။

တကယ္ပါ...တကယ္ပါ ။ ကိုယ့္အပူနဲ႕ကိုယ္ ပူေနရတယ္ဆိုမွ တျခားတစ္ေယာက္ရဲ႕ အစားအေသာက္အတြက္ပါ ကူၿပီး ပူေနရေသးတယ္ ။ မရွိဆင္းရဲသားလဲ မဟုတ္တဲ့လူအတြက္ သူ႕လို သာမန္လူတန္းစားက ျပန္ၿပီး ေတြးပူေနတာကို သူမ်ားတကာ သိရင္ ရယ္လိုက္မဲ့အျဖစ္ ။

ဦးႏွောက္ကလည္း သူ႕အလုပ္သူ လုပ္ေနသကဲ့သို႔ လက္ကလည္း အဆက္မျပတ္လႈပ္ရွားလ်က္ ။ ကန္စြန္း႐ြက္ကို ခပ္ျမန္ျမန္ေခြၽၿပီးမွ ၾကက္သြန္ျဖဴကိုခြာ၍ ဓားျပားျဖင့္ ခပ္ဆတ္ဆတ္ရိုက္ထားလိုက္၏ ။ ထို႔ေနာက္ ၾကက္ဥသုံးလုံးကို ပန္းကန္ထဲေဖာက္ထည့္၍ ခပ္နာနာေခါက္လိုက္ၿပီးမွ ခ႐ုဆီႏွင့္ ပဲငံျပာရည္အၾကည္ အနည္းငယ္စီထည့္လိုက္ကာ ေနာက္ထပ္တစ္ႀကိမ္ ထပ္ေခါက္လိုက္သည္ ။

တရွဲရွဲျမည္သံသည္ မီးဖိုခန္းထဲ၌ ထြက္ေပၚလာၿပီး သိပ္မၾကာခင္ပင္ ေမႊးပ်ံ့ေသာအနံ႕မ်ားပါ လႊမ္းမိုးလာသည္ ။

ဟိုလူႀကီးက ဒီလိုဟင္းမ်ိဳးကို  ႀကိဳက္ပါ့မလား...။

****************

ဆိုင္အတြက္ အဝတ္အစားမ်ားကို ရွာေနရေသာ္လည္း စိတ္ကမပါ ။ အာ႐ုံက အလုပ္ဆီတြင္ ရွိေနရမည့္အစား မ်က္ႏွာခ်င္းဆိုင္တြင္ရွိေနေသာ ေပါင္ေပ့ထံသို႔သာ တဝဲလည္လည္ ။ ေရာက္လာကတည္းက ေပါင္ေပ့၏ မ်က္ႏွာမေကာင္းသည္ကို သတိထားမိ၏ ။ နဂိုကလည္း မ်က္ႏွာတည္ေသာ္ျငား ယေန႕ ေပါင္ေပ့၏မ်က္ႏွာက တည္ေနသည္ မဟုတ္ဘဲ စိတ္မေပ်ာ္စရာ ကိစၥတစ္ခုခုရွိေနသည့္ပုံ ။ မ်က္လုံးအိမ္ေလးကလည္း ၿငိမ္ေနၿပီး တစ္ေနရာတည္းကိုသာ စိုက္ၾကည့္ေနသည့္ ေပါင္ေပ့ေၾကာင့္ ထင္ပါ အလိုလိုေနရင္း စိတ္မေပ်ာ္ေတာ့ေပ ။

အလုပ္ဆက္လုပ္ေနလည္း မထူးမဲ့အတူတူ ကြန္ပ်ဴတာကိုပိတ္လိုက္ကာ ေပါင္ေပ့ဆီသို႔သာ ဦးတည္မိ၏ ။ စားပြဲတြင္ ၿငိမ္သက္စြာထိုင္ေနသည့္ ေပါင္ေပ့ကေတာ့ ထင္ သူ႕ဆီေလွ်ာက္လာသည္ကို သတိထားမိပုံ မရေခ် ။ ေပါင္ေပ့၏ ေခါင္းလုံးလုံးေလးက စားပြဲေပၚသို႔သာ စူးစူးစိုက္စိုက္ ၾကည့္ေနေလသည္ ။

" သက္ေကာင္းလူ "

ထင္ေခၚလိုက္ေသာ္လည္း ေပါင္ေပ့က ၾကားဟန္မတူေပ ။ ေခါင္းေလးကလည္း ငုံ႕ၿမဲ ၊ ငုံ႕ဆဲ ။ ေနာက္ထပ္တစ္ႀကိမ္ ထင္ ထပ္ေခၚလိုက္ေသာ္လည္း နဂိုအတိုင္း ၿငိမ္သက္လ်က္ရွိေနသည့္ ေပါင္ေပ့ေၾကာင့္ ထင့္မ်က္ခုံးမ်ားက အလယ္သို႔ စုသြားေလသည္ ။ မည္သည့္ အပူေသာကက ႏွိပ္စက္ေနသျဖင့္ ေပါင္ေပ့က ယခုကဲ့သို႔ သတိမရွိသည့္ အေျခအေနမ်ိဳး ျဖစ္ေနရသနည္း ။

ထင္ လက္ညွိုးထိပ္ေလးျဖင့္ သက္ေကာင္းလူ၏ လက္ေမာင္းကို ထိ႐ုံေလးထိလိုက္ေတာ့ ေမာ့ၾကည့္လာသည့္ မ်က္လုံးဝိုင္းဝိုင္းတစ္စုံ ။ မ်က္လုံးအိမ္အတြင္းတြင္လည္း အံ့ၾသဟန္အျပည့္ေပ ။ ထိုမ်က္လုံးအၾကည့္က ထင္ အနားေရာက္လာသည္ကို မသိေၾကာင္း ေဖာ္ျပေနသည္ ။

" ကိုယ္ေခၚေနတာ ႏွစ္ခါရွိၿပီ "

" ဘာေျပာစရာရွိလို႔လဲ "

သက္ေကာင္းလူဆီမွ ထြက္လာသည့္အသံမွာ ခပ္တိုးတိုး ။ " ဘာေျပာစရာရွိလို႔လဲ "ဆိုၿပီး ေမးလာေသာ္လည္း ထင့္မွာ အေျဖစကားမရွိေပ ။ ထို႔အတြက္ေၾကာင့္ ထင္ နဖူးေပၚက်ေနသည့္ ဆံပင္အခ်ိဳ႕ကို သပ္တင္ၿပီးေတာ့ သက္ေကာင္းလူကို ငုံ႕ၾကည့္မိ၏ ။

ဘယ္လိုေျပာလိုက္ရင္ ေကာင္းမလဲ ။ ဘယ္လိုေျဖလိုက္ရင္ အဆင္ေျပမလဲ ။

" စိတ္ညစ္စရာ တစ္ခုခုမ်ား ရွိေနလား... သက္ေကာင္းလူ ၊ အိမ္မွာ အဆင္မေျပတာမ်ား ရွိေနလား "

ထင့္ကိုၾကည့္ေနသည့္ မ်က္လုံးဝိုင္းဝိုင္းေလးအတြင္းရွိ မ်က္ဆန္ေလးက ဟိုသည္ေ႐ြ႕လ်ားသြား၏ ။ ႏႈတ္ခမ္းပါးေလးကလည္း တင္းတင္းေစ့ပိတ္ေနရာမွ အနည္းငယ္ ပြင့္ဟလာၿပီးေနာက္ သက္ျပင္းခ်သံကိုပါ ၾကားလိုက္ရသည္ ။

" ပါးရဲ႕အစ္မ ေဆး႐ုံတင္လိုက္ရတယ္ "

" အဲဒါေၾကာင့္ စိတ္ပူေနတာလား "

" ဟုတ္တယ္ "

" အေဒၚမို႔လား...အေမမွ မဟုတ္တာ "

ထင့္စကားေၾကာင့္ အလိုမက်ဟန္ ျဖစ္သြားသည့္ မ်က္ႏွာေလး ။ မ်က္ဆန္ေလးက ေထာင့္ကပ္သြားၿပီး ႏႈတ္ခမ္းေလးကလည္း တစ္ေျပးညီျဖစ္သြား၏ ။

ထိုင္ေနအေကာင္းသား ၊ ထသြားမွက်ိဳးဆိုသည့္ စကားစုလိုပင္ ။ မေမးမိလွ်င္အေကာင္းသား ၊ အေမးမတတ္...အေျပာမတတ္သည့္အခါက်ေတာ့ တစ္ဖက္သား၏စိတ္ခံစားခ်က္ကို အေလးမထားသည့္ပုံ ျဖစ္သြားရသည္ ။

" ေဆာရီး...ေဆာရီး... ကိုယ္ တမင္ေျပာလိုက္တာ မဟုတ္ဘူးေနာ္ ၊ သက္ေကာင္းလူ စိတ္ပူေနတာကို နည္းနည္းသက္သာသြားေအာင္ ေျပာလိုက္တာပါ ၊ ကိုယ့္ကို စိတ္မဆိုးနဲ႕ေနာ္ "

" ... "

" စိတ္ဆိုးသြားတာလား "

ထိုစကားႏွင့္အတူ သက္ေကာင္းလူ၏ ပခုံးအစြန္းကို ထင္ လက္ညွိုးထိပ္ေလးျဖင့္ ေနာက္တစ္ႀကိမ္ထိမိလိုက္သည္ ။ ထိုသို႔ ထင္ လုပ္လိုက္သည္ႏွင့္ သက္ေကာင္းလူက မ်က္ေမွာင္ကုတ္သြားၿပီးေတာ့ ထင့္လက္ကို ေစာင္းၾကည့္လာ၏ ။ ၿပီးမွ ေခါင္းကို ျဖည္းျဖည္းခ်င္း ခါယမ္းျပသည္ ။

" စိတ္မဆိုးပါဘူး ၊ ခင္ဗ်ား မေကာင္းတဲ့စိတ္နဲ႕ ေျပာတာ မဟုတ္မွန္း ကြၽန္ေတာ္ သိပါတယ္ "

ယခုမွပင္ ရင္ဘတ္ထဲရွိ အလုံးႀကီးက ျပဳတ္က်သြားၿပီး အသက္ဝဝရႈနိုင္ေတာ့သည္ ။

" ေတာ္ေသးတာေပါ့...ေတာ္ေသးတာေပါ့ ၊ ကိုယ္က မင္း စိတ္ဆိုးသြားၿပီ ထင္ေနတာ "

" ကြၽန္ေတာ္က စိတ္မဆိုးေပမဲ့ ပါးေရွ႕မွာသာ ခင္ဗ်ား အဲဒီစကားကိုေျပာရင္ ပါးက အေသစိတ္ဆိုးမွာ "

ပါးဆိုေသာ စကားေၾကာင့္ တည္တင္းေသာမ်က္ႏွာထားက အာ႐ုံထဲကို ဝင္လာသည္ ။ သက္ေကာင္းလူေရာ ၊ ဦးေက်ာ္ဝင္းေရာ ႏွစ္ေယာက္လုံးသည္ မ်က္ႏွာတည္ၾကသူမ်ားျဖစ္ေသာ္လည္း သက္ေကာင္းလူ မ်က္ႏွာတည္သည္က တစ္မ်ိဳး ခ်စ္စရာေကာင္း၏ ။ ဦးေက်ာ္ဝင္း၏ မ်က္ႏွာက က်ေတာ့ ခ်စ္ေမြးမပါသည့္ပုံ ။ ထင္ကိုယ္တိုင္က ဦးေက်ာ္ဝင္းအေပၚ အျမင္မၾကည္ျခင္းေၾကာင့္လည္း ပါေပလိမ့္မည္ ။

သက္ေကာင္းလူ ေဘးဘက္ရွိ လူကို ေမာ့ၾကည့္၍ ေခါင္းကို ျဖည္းျဖည္းခ်င္းယမ္းမိျပန္သည္ ။ မ်က္ႏွာထား အမ်ိဳးမ်ိဳးေျပာင္းလဲေနသည့္ ထိုလူ၏ပုံစံက အေတြးကမၻာထဲ ေမ်ာပါေနပုံ ။ ႏႈတ္ခမ္းထူထူမ်ားကလည္း ၿပဳံးလိုက္ ၊ တည္လိုက္ ။ နက္ေမွာင္ထူထဲေသာမ်က္ခုံးႏွစ္ဖက္ကလည္း စုလိုက္ ၊ တန္းလိုက္ ။

မတ္တတ္ရပ္ၿပီး ျပဇာတ္ကေနလား မသိပါဘူး ။

ၾကည့္ေနစဥ္မွာပင္ ထင့္ႏႈတ္ခမ္းႏွစ္ဖက္လုံးက ေဘးဘက္ကို ေကြးတက္သြားၿပီးမွ သူ႕မ်က္ႏွာကို
ေသေသခ်ာခ်ာ ၾကည့္လာျပန္သည္ ။

" ေဆး႐ုံကို လိုက္သြားခ်င္လား သက္ေကာင္းလူ ၊ ေဆး႐ုံကို လိုက္သြားခ်င္ရင္ ကိုယ္ လိုက္ပို႔ေပးမယ္ေလ "

သက္ေကာင္းလူက ထင့္စကားကို ေခါင္းခါ၍ ျငင္းဆို၏ ။

" ဘာျဖစ္လို႔လဲ... ဘာျဖစ္လို႔ မသြားခ်င္တာလဲ "

" ကြၽန္ေတာ္က ေသြးျမင္ရင္ ေခါင္းမူးတယ္ ၊ အဲဒါေၾကာင့္ ပါးက မလိုအပ္ဘဲနဲ႕ ေဆး႐ုံ...ေဆးခန္းကို မသြားခိုင္းဘူး "

" သက္ေကာင္းလူက ေသြးေၾကာက္တတ္တာလား "

ထင့္ အေမးစကားေၾကာင့္ ေခါင္းကို ျဖည္းျဖည္းခ်င္းညိတ္ျပလာသည့္ သက္ေကာင္းလူ ။

ထင့္ေပါင္ေပ့ေလးက ေသြးျမင္ရင္ ေခါင္းမူးတတ္သတဲ့ ။ ထင့္ခ်စ္ရသူေလးက ေသြးကို ေၾကာက္တတ္သတဲ့ ။ အဲဒါေၾကာင့္လဲ ဟိုတစ္ခါ ဆိုင္ကယ္လဲတုန္းက မ်က္ႏွာပ်က္ေနတာ ျဖစ္မယ္ ။

" အဲဒါဆိုရင္ေတာ့ မသြားတာဘဲ ေကာင္းပါတယ္ ၊ ေဆး႐ုံဆိုေတာ့ မေတာ္တဆမႈေတြကို ေတြ႕ရမွာပဲေလ ၊ ဒါနဲ႕..."

ထင္က စကားကိုဆုံးေအာင္မေျပာဘဲ တစ္ဝက္တစ္ပ်က္ျဖင့္ ရပ္လိုက္ေတာ့ ေပါင္ေပ့က " ဆက္ေျပာေလ "ဆိုသည့္ သေဘာႏွင့္ ေမးဆတ္ျပ၏ ။

" ေမးရမွာ အားနာေပမဲ့ ပိုက္ဆံေရာ အဆင္ေျပၾကရဲ႕လား ၊ က်န္းမာေရးဆိုေတာ့ ပိုက္ဆံမ်ားမ်ားသုံးနိုင္မွ အဆင္ေျပမွာ ၊ လိုအပ္ခဲ့ရင္ ကိုယ္ ကူညီေပးပါမယ္ "

" သူတို႔က အဆင္ေျပၾကပါတယ္ ၊ အခုလိုမ်ိဳးေျပာတဲ့အတြက္ ကြၽန္ေတာ္က ကိုယ္စားေက်းဇူးတင္ပါတယ္..."

" မလိုပါဘူးကြာ ၊ အေပၚယံေျပာတာမဟုတ္ဘဲ ကိုယ့္ရဲ႕ တကယ့္စိတ္ရင္းပါ ၊ ကိုယ္ေျပာခဲ့သလိုေပါ့... တစ္ခုခုလိုအပ္တာနဲ႕ ကိုယ့္ကို ခ်က္ခ်င္းေျပာေနာ္ ၊ ကိုယ္ အစြမ္းကုန္ ကူညီေပးမယ္...ဟုတ္ၿပီလား "

ထင့္စကားေၾကာင့္ သက္ေကာင္းလူ၏မ်က္ႏွာေလးက ေတြေဝေငးေမာသြား၏ ။ မ်က္ေတာင္ တိုတိုစိပ္စိပ္ေလးမ်ားမွာလည္း ပိတ္လိုက္ ၊ ဖြင့္လိုက္ျဖင့္ ႏွစ္ႀကိမ္ခန့္ လႈပ္ရွားလာေလသည္ ။ ထို႔ေနာက္ သက္ေကာင္းလူက ထင့္ကို စိုက္ၾကည့္ေနျပန္ေသာေၾကာင့္ ေနမတတ္ ၊ ထိုင္မတတ္ျဖစ္လာရၿပီး တစ္ကိုယ္လုံးလည္း ရွိန္းတိန္းဖိန္းတိန္းႏွင့္ ။

" ခင္ဗ်ားက ဘာျဖစ္လို႔ ကြၽန္ေတာ့္အေပၚကို ေကာင္းရတာလဲ "

ထိုအေမးစကားက ထိန္းခ်ဳပ္ထားသည့္ ထင့္စိတ္ကို ေပါက္ထြက္လာေစ၏ ။ ထင္ သက္ေကာင္းလူ၏ မ်က္ႏွာကို ၾကည့္ေနရင္းျဖင့္ ဆယ္ေက်ာ္သက္လူငယ္တစ္ေယာက္ကဲ့သို႔ စိတ္လႈပ္ရွားလာသည္ ။

ေပါင္ေပ့ကိုခ်စ္သည့္စိတ္က ထင့္ ခႏၶာကိုယ္အႏွံ႕စီးဆင္းေနေသာ ေသြးေၾကာမွ်င္မ်ားမွတစ္ဆင့္ ႏွလုံးသို႔စီးဆင္းသည့္ ေသြးေၾကာဆီသို႔ တိုက္ရိုက္စီးဝင္ေသာအခါ ရင္ထဲတလွပ္လွပ္ျဖစ္လာခဲ့သည္ ။

ထိုအခ်ိန္ ထင့္ကို ၾကည့္ေနသည့္ သက္ေကာင္းလူ၏ မ်က္လုံးအၾကည့္က တျဖည္းျဖည္းအေရာင္ေျပာင္းလာၿပီးေနာက္ ထိုင္ေနရာမွ မတ္တတ္ထရပ္လိုက္၏ ။ မ်က္ႏွာႏွစ္ခုကလည္း နဂိုထက္ပို၍ နီးကပ္သြားေလသည္ ။

" ကိုယ္က ...မင္းကို... "

ထိုစကားကို ထင္ စေျပာလိုက္သည္ႏွင့္ သက္ေကာင္းလူ၏ မ်က္ႏွာက ခ်က္ခ်င္းကို ပ်က္ယြင္းလာကာ ေခါင္းကိုလည္း ဘယ္ျပန္ညာျပန္ ခါယမ္းေလသည္ ။

" ဆက္မေျပာနဲ႕ "

ဆ်ိုပြီး ေျပာလာသည့္ သက္ေကာင္းလူ၏အသံမွာ ဆို႔ဆို႔နင့္နင့္ ။ ထိုမွ်မကေသးဘဲ သက္ေကာင္းလူက ထင့္ကိုေက်ာ္၍ အခန္းထဲမွ အေျပးတစ္ပိုင္း ထြက္ခြာသြား၏ ။ သိပ္မက်ယ္သည့္ ေနာက္ေက်ာျပင္ေလးကို လိုက္ၾကည့္ေနရင္း ဝမ္းနည္းစိတ္က လွိုက္တက္လာေသာအခါ ႏႈတ္ခမ္းကိုသာ နာနာ ဖိကိုက္မိသည္ ။ ရင္ဘတ္ကလည္း နိမ့္လိုက္ ၊ ျမင့္လိုက္ျဖစ္ေနၿပီး ႏွလုံးခုန္ႏႈန္းႏွင့္ အသက္ရႈသံကလည္း မူမမွန္ေတာ့ေပ ။

ကိုယ္ မင္းကို ခ်စ္ေနမွန္း သိရဲ႕သားနဲ႕ ေပါင္ေပ့ရာ ။
ဘာျဖစ္လို႔လဲ ။ ဘာအေၾကာင္းေၾကာင့္လဲ ။ ဘယ္လိုအရာေတြက တားဆီးထားလို႔ ေပါင္ေပ့က ကိုယ့္ဆီလာဖို႔ ခက္ေနရတာလဲ ။ ေပါင္ေပ့လဲ ကိုယ့္အေပၚမွာ ခံစားခ်က္ ရွိေနတာပဲေလ ။ အဲဒါကို ကိုယ္ ခံစားမိေနတယ္ ေပါင္ေပ့ ။ ကိုယ္ ခ်ည္တဲ့ႀကိဳးက ေပါင္ေပ့ဆီမွာ နည္းနည္းေလးေတာ့ ၿငိေနၿပီေလ ။ ကိုယ္က ေပါင္ေပ့ကို သိပ္ခ်စ္သလို ေပါင္ေပ့ရဲ႕ အခ်စ္ကိုလဲ နည္းနည္းေလးေတာ့ ျပန္လိုခ်င္တယ္ ။ အမ်ားႀကီး မဟုတ္ဘူး ေပါင္ေပ့ ။ နည္းနည္းေလးပဲ လိုခ်င္တာပါ ။ ကိုယ္က အမ်ားႀကီးခ်စ္ေပးမွာမို႔ ေပါင္ေပ့က နည္းနည္းေလးေတာ့ ျပန္ခ်စ္ေပးပါလား ...။

*****************

" ေပါင္ေပ့...မားတ်ို့ ျပန္လာေနၿပီေနာ္ ၊ ခဏေနက်ရင္ ေရာက္ေတာ့မယ္ "

" ဟုတ္ကဲ့ မား "

" ေရခဲေသတၱာထဲမွာ ဝက္အူေခ်ာင္းရွိတယ္... အဲဒါကို ေၾကာ္ထားလိုက္ေနာ္ ၊ ေနာက္ၿပီးေတာ့ ၾကာဆံထုပ္ကို အရည္မ်ားမ်ားနဲ႕ျပဳတ္ထားလိုက္...ေပါင္ေပ့ "

" ဟုတ္ကဲ့...ဟုတ္ကဲ့...မား ...ကြၽန္ေတာ္ လုပ္ထားလိုက္ပါမယ္... ႀကီးႀကီးေရာ အဆင္ေျပရဲ႕လား "

မားဘက္မွ အသံ ခဏတိတ္ဆိတ္သြားၿပီး သက္ျပင္းခ်သံကိုပါ ၾကားလိုက္ရသည္ ။

" အခု ကားေပၚမွာမို႔လို႔ အိမ္ေရာက္မွ မား ေျပာျပမယ္ေနာ္ "

" ဟုတ္ကဲ့ "

ဟု သူ ေျဖၿပီးသည္ႏွင့္ မားက ဖုန္းခ်သြားသည္ ။ မား၏အသံကေတာ့ သိပ္မေကာင္းေပ ။

မားခိုင္းသည့္ အလုပ္မ်ားကို လုပ္ေနရင္း ရင္ထဲတြင္ မသက္သာလွေပ ။ ပါးက ႀကီးႀကီးကို သိပ္ခ်စ္သည့္အတြက္ ယခုကဲ့သို႔ ႀကီးႀကီး ျဖစ္သြားျခင္းအေပၚ  ခံစားေနရလိမ့္မည္ ။ မားႏွင့္ပါး၏ ေျပာစကားမ်ားအရေတာ့ ကြီးကြီးတ်ို့မိသားစုတွင် ျပသနာ တစ္ခုခုရွိေနပုံ ။ မည္သည့္ျပသနာေၾကာင့္ ႀကီးႀကီး ယခုကဲ့သို႔ က်န္းမာေရးခ်ိဳ႕ယြင္းသြားသနည္း ။

ဝက္အူေခ်ာင္းေၾကာ္ႏွင့္ ၾကာဆံျပဳတ္ကို ျပင္ဆင္ၿပီးခ်ိန္ ဆိုင္ေရွ႕မွ ၾကားရသည့္ မား၏ေခၚသံႏြမ္းႏြမ္း ။ တံခါးကို ျမန္ျမန္ဆန္ဆန္ဖြင့္လိုက္ေတာ့ ပထမဆုံးျမင္လိုက္ရသည္မွာ မ်က္ႏွာပ်က္ယြင္းေနသည့္ ပါးကိုပင္ ။ မားက ပါး၏ လက္တစ္ဖက္ကို ထိန္းကိုင္ထားၿပီး သူ႕ကို လွမ္းၾကည့္လာ၏ ။

" ပါးကို တြဲလိုက္အုံး... ေပါင္ေပ့ "

သူ ပါး၏ က်န္လက္တစ္ဖက္ကို တြဲလိုက္ေတာ့ ေအးစက္ေနေသာ အထိအေတြ႕ကို ခံစားမိလိုက္သည္ ။ တစ္ဖက္ျခမ္းရွိ မားကို ေခါင္းေစာင္းၾကည့္မိေတာ့ မား၏မ်က္ႏွာကလည္း မေကာင္း ။

မေတြ႕ရသည့္ နာရီအနည္းငယ္အတြင္း ပါး၏မ်က္ႏွာမွာ သိသိသာသာအိုစာသြား၏ ။ ပါးကို ခုံမွာ ထိုင္ခိုင္းေတာ့ ပါးက ေခါင္းကို ခါယမ္းသည္ ။

" အေပၚကိုပဲ သြားမယ္ "

မားက ေရတစ္ခြက္ကို ပါးေရွ႕သို႔ ခ်ေပးၿပီး မျက်နှာချင်းဆ်ိုင်ခုံတွင် ဝင္ထိုင္လိုက္၏ ။

" ထမင္းစားရအုံးမယ္ေလ ပါးရဲ႕...ေနာ္ ၊ တစ္ေန႕လုံးလဲ ဘာမွ ေသေသခ်ာခ်ာစားေသးတာ မဟုတ္ဘူး ၊ ေရလဲ ေသာက္လိုက္အုံး "

" ေရလဲ မေသာက္ခ်င္ဘူး ၊ ထမင္းလဲ မစားခ်င္ဘူး မား ၊ ပါး အိပ္ရာေပၚမွာပဲ လွဲလိုက္ခ်င္တယ္ မား..."

ပါးက မား၏မ်က္ႏွာကို ၾကည့္၍ စကားကို ခပ်တိုးတ်ိုးပြောပြီး ေရွ႕ရွိ ေရခြက္ကိုလည္း ေဘးဘက္သို႔ တြန္းဖယ္လိုက္သည္ ။

" ပါး...မားကိုၾကည့္ "

ၾကည့္ဆိုေတာ့လည္း ၾကည့္ရွာသည္ ။

" မႀကီးက အသက္ေဘးကေန လြတ္သြားၿပီေလ ၊ကိုယ့္ဘက္ပါလာၿပီလို႔ ဆရာဝန္ေတြ ေျပာတာကို ပါး ၾကားခဲ့တယ္ ...မဟုတ္လား ၊ အဲဒီေတာ့ ပါးက ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္မွျဖစ္မွာ ၊ မား ေျပာတာ ဟုတ္တယ္မို႔လား...ပါး "

" ဒါေပမဲ့ မားရာ... ပါး မႀကီးကို အခုလိုပုံစံမ်ိဳးနဲ႕ ေတြ႕ရတာကို စိတ္မခ်မ္းသာဘူး ၊ အဲဒါ ဟိုေကာင္ေၾကာင့္... အဲဒီေကာင္ေၾကာင့္ မႀကီး အခုလိုမ်ိဳးျဖစ္သြားရတာ "

" အဲဒီလိုလဲ ဘယ္ဟုတ္ပါ့မလဲ ပါး "

ပါးက မား၏ ထိုစကားကို တူးတူးခါးခါးျငင္းဆန္ေလသည္ ။

" ဘာျဖစ္လို႔ မဟုတ္ရမွာလဲ မား ၊ သားစိတ္ေၾကာင့္ မႀကီး အခုလိုမ်ိဳးျဖစ္သြားတာေလ ၊ ပါးေလ အဲဒီေကာင္ရဲ႕မ်က္ႏွာကို ဆြဲထိုးပစ္ခ်င္တာ မား ၊ ေဆး႐ုံမွာမို႔ စိတ္ထိန္းထားရတာ "

ပါးက ႏႈတ္မွ ေျပာ၍ အားမရဘဲ လက္ႏွစ္ဖက္လုံးျဖင့္ စားပြဲခုံကို ထုခ်လိဳက္ေသာအခါ ေရခြက္ထဲမွေရမ်ားက ေဘာင္ဘင္ခတ္သြားသကဲ့သို႔ ၾကာဆံျပဳတ္ပန္းကန္ကလည္း လႈပ္ခါသြားေလသည္ ။

" စိတ္ထိန္း...စိတ္ထိန္း...ပါး ၊ သူတို႔ကိုလဲ ဘာမွမလုပ္ရဘူးေနာ္ ၊ ပိုင္စိုးလဲ သူ႕အေမကို စိတ္ပူေနတာပဲေလ ...ပါးရဲ႕ ၊ ပိုင္စိုးရဲ႕ေကာင္ေလးကလဲ ပ်ာယာခတ္ၿပီး စိတ္ပူေနတာကို ပါးအျမင္ေလ ..."

" ပိုင်စ်ိုးရဲ့ကောင်လေး "ဆိုသည့္ စကားေၾကာင့္ သက္ေကာင္းလူ၏ မ်က္ခုံးမ်ားမွာ အေပၚဘက္ကို ျမင့္တက္သြား၏ ။

ကိုပိုင္စိုးက ေကာင္ေလးတစ္ေယာက္နဲ႕ ခ်စ္ႀကိဳက္ေနတာပဲ ။

" လုပ္ခ်င္တာလုပ္သြားတယ္ေလ မား ၊ သူစိမ္းတစ္ေယာက္ေၾကာင့္ မိသားစုကို ပစ္သြားတဲ့ေကာင္ ၊ မိန္းကေလးတစ္ေယာက္ေၾကာင့္ဆိုရင္ေတာင္ ပါး နားလည်ပေးန်ိုင်သေးတယ် ၊ အခုဟာက ေယာက္်ားတစ္ေယာက္အတြက္ လုပ္သြားတာေလ ၊  ဘယ္လိုမ်ား ေယာက္်ားအခ်င္းခ်င္း ခ်စ္ၾကလဲဆိုတာကို နားမလည္နိုင္ေတာ့ဘူး "

ပါး၏မ်က္ႏွာေပၚရွိ အနီေရာင္အရိပ္သည္ ပို၍ရင့္လာၿပီး စားပြဲေပၚတင္ထားသည့္ လက္ႏွစ္ဖက္လုံးကိုလည္း ခပ္တင္းတင္းဆုပ္ကိုင္ထား၏ ။ မားက ပါး၏လက္တစ္ဖက္ကို အေပၚမွ အုပ္မိုးကိုင္၍

" ပါးရယ္ အခ်စ္ဆိုတာက ေယာက္်ား... မိန္းမ မခြဲဘဲ ဖြစ်ပေါ်န်ိုင်တဲ့အရာပါကွယ် ၊ ပါးက မားကို ခ်စ္တာကလဲ အခ်စ္ပဲ ၊ ပိုင္စိုးက သူ႕ေကာင္ေလးကို ခ်စ္တာကလဲ အခ်စ္ပါပဲ "

ဟု ေျပာလာေသာအခါ ပါးက မ်က္လုံးလွန္ၾကည့္၍ ေခါင္းခါ၏ ။

" မတူတာကို တန္းမညွိပါနဲ႕ မား ၊ ပါးကေတာ့ အဲဒီလိုမ်ိဳး အခ်စ္ဆိုတာကို လက္မခံနိုင္ဘူး ၊ အဓိပ္ပါယ်လဲ မရွိဘူး ၊ ႀကိဳက္တဲ့လူကို လိုက္ေမးၾကည့္ မား ၊ အဲဒီလို အခ်စ္မ်ိဳးကို လက္ခံတဲ့သူ ဘယ္ႏွေယာက္ရွိလဲဆိုတာကို မား ေတြ႕သြားလိမ့္မယ္ "

သက္ေကာင္းလူ ၿငိမ္သက္စြာရပ္၍ ပါးႏွင့္မားကို ၾကည့္ေနမိသည္ ။ ပါးႏွင့္မားကေတာ့ ေယာက္်ားခ်င္းခ်စ္ႀကိဳက္သည္ႏွင့္ ပတ္သက္၍ ေဆြးႏြေးေနဆဲ ။ မားကေတာ့ ေပ်ာ့ေျပာင္းႏူးညံ့ေသာ အသြင္ကိုေဆာင္၍ ပါးကေတာ့ ခက္ထန္မာေၾကာေသာ သ႑ာန္ကို လႊမ္းၿခဳံထားသည္ ။

သူကေတာ့  အေတြးပင္လယ္ထဲမွာ တစ္ကိုယ္တည္း ႐ြက္လြင့္ေနဆဲ...။

7/7/2022
10/7/2022မွာ ျပန္ေတြ႕ၾကမယ္
စိတ္ခ်မ္းသာ ကိုယ္က်န္းမာၾကပါေစ
ခင္ေလးဉာဏ္

Ga verder met lezen

Dit interesseert je vast

720K 101K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
1.2M 63.2K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
2.5M 180K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...
48.7K 8.1K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...