Be My Side [COMPLETED]

By Pp-ken

151K 12.9K 2.5K

တစ်သက်လုံးတွဲထားချင်တဲ့လက်တစ်စုံကို အချိန်မှီကလေး ကိုယ်လှမ်းပြီး ဖမ်းဆုပ်နိုင်ခဲ့တယ်။ • 𝗣𝗹𝗲𝗮𝘀𝗲 𝗕𝗲 𝗠... More

A/N
What is Omegaverse ?
Part 01
Part 02
Part 03
Part 04
Part 05
Part 06
Part 07
Part 08
Part 09
Part 10
Part 11
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
-Final-
-နှုတ်ဆက်စာ-

Part 12

3.1K 311 24
By Pp-ken

Pete ;

“Vegasပါတဲ့ပရောဂျက်တစ်ခု ငါထပ်ပြီးကမ်းလှမ်းခံရပြန်ပြီ ! အခုတလောဘာဖြစ်နေတာလဲဟေ ! ငါ့ရဲ့ကံတွေတက်နေတာလား ! Vegasကိုအနိုင်ယူဖို့အတွက် ကံကြမ္မာက ငါ့ကိုမျက်နှာသာပေးလိုက်ပြီထင်တယ် ”

အစ်ကိုလေးက ငါယူလာပေးတဲ့ဇာတ်ညွှန်းတစ်ထပ်ကြီးထဲကနေ Vegasနဲ့တွဲသရုပ်ဆောင်ရမယ့်ပရောဂျက်ပါတဲ့ ဇာတ်ညွှန်းသုံးခုကိုဆွဲထုတ်ပြီး အားရပါးရကိုပြောနေတော့တာ။ ဇာတ်ညွှန်းတိုင်းမှာ အစ်ကိုလေးကသာ အထက်စီးကချည်း၊ Vegasကာရိုက်တာက အစ်ကိုလေးရဲ့ညီ၊ အစ်ကိုလေးရဲ့လက်ထောက်၊ အစ်ကိုလေးရဲ့ကုမ္ပဏီဝန်ထမ်း စသဖြင့်ပဲ။

အထူးပြောဖို့မလိုတာကတော့ Vegasကသာဇာတ်ဆောင်ဖြစ်ပြီး အစ်ကိုလေးအရန်သရုပ်ဆောင်ပဲ။ ဒါပေမယ့် အစ်ကိုလေးက အဲ့ဒါကိုဘာဂရုစိုက်မှာတဲ့လဲ။ ဇာတ်ကြောင်းထဲမှာ Vegasကို နှိမ်ထားလို့ရသရွေ့ သူကသဘောကျနေဦးမှာပဲ။

“ဒါပေမယ့် အစ်ကိုလေးက သူ့ကိုသဘောမကျဘူးမလား ။ အဲ့ပရောဂျက်တွေကို ပယ်ထားလိုက်လေ ”

ငါတတ်နိုင်သလောက်လေး Vegasရဲ့ကျော့ကွင်းကနေ ရှောင်ချင်သေးတယ်။ ဒီလိုဇာတ်ညွှန်းတွေ ရလာရတဲ့နောက်ကွယ်ကလက်မည်းကြီးကို ငါသေချာသိတာမို့လေ။ ဟိုတစ်ခါ ကြော်ငြာရိုက်ကွင်းမှာတင် ငါမှတ်သွားပြီမို့။

ပြီးတော့ Vegas အဲ့ဆိုက်ကိုကောင်က ဘာတွေအရူးထနေတာလဲ ?! ငါ့ကိုလိုက်ဖို့အတွက်နဲ့ပဲ အစ်ကိုလေးလိုလူကိုချဉ်းကပ်တယ်ပေါ့လေ။ ငါပြန်မကြိုက်ခင်ပဲ အဲ့ကောင် အစ်ကိုလေးလက်ထဲ အမှုန့်ကြေသွားဦးမယ်။

ညီအစ်ကိုဝမ်းကွဲသာဆိုတယ်၊ အစ်ကိုလေးက Vegasကိုဆို အနိုင်ကျင့်ဖို့ပဲတွေးနေတာလေ။

“Pete ! မင်းတစ်ခုခုပြောင်းလဲသွားတယ်နော် ! ဟိုတစ်ခါကြော်ငြာတုန်းကလည်း လက်မခံဖို့ဖြောင်းဖြနေတာ ! မင်းဘာလို့လဲ ၊ Vegasကို ကြောက်နေလို့လား ! ”

အစ်ကိုလေးက ယုတ္တိမတန်တဲ့စကားကြီးကိုပြောလာပြီး ငါ့မျက်နှာနားတိုးကပ်လာတယ်။ ကြောက်လို့မဟုတ်ပဲ အသားယူခံရမှာဆိုးလို့ဆိုတာ အစ်ကိုလေးဆီ ငါဘယ်လိုပြောလိုက်ရပါ့။ Vegasက အရမ်းကိုလက်ရဲဇက်ရဲလေ။ သူအနားကပ်သွားတာနဲ့ ငါအနမ်းခံရမှာသေချာသလောက်။

အဲ့အယ်ဖာကောင်နားကို ရဲရဲတင်းတင်းမကပ်ရဲပါဘူး။ ငါ့ကုတ်ပိုးကို ကာကွယ်ရဦးမယ်လေ။ ဟို‌တလောက ထမင်းအတူလိုက်စားတာတော့ ခြွင်းချက်ပဲထားလိုက်ပါတော့။

“ကြောက်စရာလား ။ Vegasက ဘာကောင်မို့လို့လဲ ”

“အေးလေ ! ဘာကောင်မို့လို့လဲ ! ဘာကောင်မှမဟုတ်ဘူး ! ကြောက်စရာဘာမှကိုမရှိတာဟေ့ ! Pete မင်းကငါ့ကို ဒီအချိန်မှာ ကန့်ကွက်နေရမှာမဟုတ်ပဲ အားပေးနေရမှာလေ ! အဲ့ကောင်ကို ငါအနိုင်ကျင့်ခွင့်ရမှာ မင်းမပျော်ဘူးလား ”

မပျော်ဘူးဟေ့ ! နည်းနည်းလေးမှမပျော်ဘူး ။ အစ်ကိုလေးက အနိုင်ကျင့်လို့ရမှာဆိုပေမယ့် ကျွန်တော်က ကံဆိုးရင် အသားယူခံနေရမှာလေ။

ဒါကငါ့စိတ်ထဲကနေ ညည်းတွားနေတဲ့စကားတွေပါပဲ။ ငါဒီလိုထုတ်ပြောလိုက်လို့မှမရတာ။ အဲ့တော့ ငါ့မျက်နှာမှာအပြုံးကြီးကြီးချိတ်ဆွဲလိုက်ပြီး အစ်ကိုလေးဆီ စကားပြန်ပြောလိုက်ရတယ်။

“ပျော်တာပေါ့ အစ်ကိုလေးရ ။ တအားပျော်တာပဲ ”

ငါဒီလိုပြောလိုက်ပေမယ့် ငါ့ရင်ထဲမှာငိုကြွေးနေတာပါ။ Vegasကငါ့ကိုအတင်းအကြပ်မလုပ်ဘူးဆိုပေမယ့်လည်း ငါ့ကိုယ်ငါသိနေတယ်။ ဒီကောင်တစ်ခုခုလုပ်လာရင် မရုန်းနိုင်တဲ့ငါ့ကိုယ်ငါပေါ့။

ပြီးတော့ ငါ့ရဲ့အတွင်းထဲကတစ်စုံတခုကလည်း Vegasရဲ့ ဖယ်ရိုမုန်းတွေကိုကျင့်သားရနေသလိုမျိုးနဲ့ အဲ့ကောင်အနားကပ်လာရင် ရွှင်မြူးနေတော့တာ။ ဒါကငါထိန်းချုပ်နိုင်တဲ့အတိုင်းအတာမှာမရှိပဲ လွန်ထွက်နေလေတယ်။

“Pete မင်းကိုငါပြောရဦးမယ် ! အဲ့ကောင်လေ လတ်တလော ခြေမရှုပ်တော့ဘူးသိလား ! အရင်ဆို facebookက သူ့ anti gpထဲမှာ သူအိုမီဂါ ကောင်မလေးတွေ၊ ကောင်လေးတွေနဲ့ပျော်မြူးတဲ့ပုံတွေတင်ပြီး နာမည်ဖျက်ကြတယ်လေ ! အခု အဲ့antiတွေ ငိုကြွေးရလောက်အောင်ကို Vegasကခြေငြိမ်ပြနေတာဟေ့ ! အရမ်းမထူးဆန်းဘူးလား ”

စကားအပြောနိုင်ဆုံးဆုရှိရင် ငါတော့ အဲ့ဆုကြီးကိုယူပြီး အစ်ကိုလေးကိုပေးလိုက်ချင်တာပါပဲ။ ဘယ်လိုတောင်စကားပြောနိုင်မှုကြီးလဲ။ အခုလဲကြည့်၊ ငါ့ကိုပါအဖော်စပ်လာလေတာ။

Polနဲ့Armက အပြင်သွားပြီး အစ်ကိုလေးအတွက်စားစရာဝယ်နေတာမို့ အခု အစ်ကိုလေးဒဏ်ကိုခံနေရတာ ငါတစ်ယောက်တည်း။

အစ်ကိုလေးစကားအရမ်းများလွန်းတာ ငါမကြိုက်ပေမယ့်လည်း အခုစကားစုကြီးက ငါ့နားထဲတိုးဝင်လာတယ်။ ! Vegasခြေငြိမ်နေခြင်း ! ဘယ်လောက်တောင်ငြိမ်နေတာမို့လို့ အစ်ကိုလေးနားထဲအထိရောက်လာရတာလဲ။

မဟုတ်မှလွဲ ... ။ ငါအဲ့အတွေးနောက် ထပ်ပြီးမတွေးမိအောင်ထိန်းလိုက်ပေမယ့် စကားနားမထောင်တဲ့ငါ့ဦးနှောက်က ဆက်တိုက်တွေးနေမိတယ်။

မဟုတ်မှလွဲ ... ငါနဲ့အတူနေပြီးတည်းက ဘယ်သူနဲ့မှ ထပ်မနေတော့တာလား ။

ဒီအတွေးနဲ့အတူ ငါ့စိတ်ထဲကျေနပ်သလို၊ ပီတိဖြစ်သလိုဖြစ်သွားတာမို့ ငါကိုယ့်ကိုကိုယ် စိတ်ထဲကနေပြန်သတိပေးလိုက်ရတယ်။ သူ့ဟာသူ ခြေငြိမ်ငြိမ်မငြိမ်ငြိမ် ငါနဲ့ဘာဆိုင်သလဲဆိုပြီးတော့ပင်။ ငါကဘာလို့ ပီတိဖြစ်သွားရတာလဲ ! မဆီမဆိုင် !

“အောင်းးး ! မထူးဆန်းဘူးလားဆို ! အဲ့ဒါကို အဲ့လောက်တောင် စဉ်းစားနေရတာလား Pete ! ”

အစ်ကိုလေးက ငါ့နားကပ်အော်လိုက်မှ စုံချည်ဆန်ချည်ပြေးလွှားနေတဲ့ ငါ့အတွေးတွေရပ်တန့်သွားတယ်။ ငါ့ခေါင်းထဲ အစ်ကိုလေးကြိုက်လောက်စေမယ့်အဖြေကိုစဉ်းစားလို့ရသွားတာနဲ့ အစ်ကိုလေးဆီစကားပြန်ပြောလိုက်တယ်။

“ထူးဆန်းတာပေါ့ ။ အစ်ကိုလေးက ဘယ်လိုထင်လို့လဲ ”

ငါဒီလိုစကားထောက်သလိုနဲ့မေးလိုက်တော့ အစ်ကိုလေးက အပြုံးအကြီးကြီးပြုံးလာပြီး သိပ်ကိုကျေနပ်အားရနေတဲ့အသံနဲ့ ပြန်ပြောလာတော့တယ်။

“ပန်းသေနေတယ်လို့ထင်တာ ! အဲ့ကောင်အလုပ်လွန်ပြီး ကျောက်ကပ်ပျက်စီးသွားတာဖြစ်ရမယ် ! အပျော်အပါးလိုက်စားလွန်းတာလေ ! အဲ့လိုပဲဖြစ်လိမ့်မယ် ”

အစ်ကိုလေးက ဝမ်းခေါင်းသံကြီးနဲ့ကို အားပါးတရပြောနေတာ။ ‌ပြီးတော့ ကျေနပ်သလိုရယ်နေလေတော့ အစ်ကိုလေးစိတ်ချမ်းသာအောင် ငါလည်း လိုက်ရယ်ပေးနေရတယ်။ ဒါပေမယ့် အစ်ကိုလေးစကားက မမှန်ဘူး။ အဲ့ကောင်ကျောက်ကပ် ဘယ်လောက်ကောင်းလဲဆိုတာ ငါအသိဆုံးမို့လို့ပဲလေ။ ငါ့မှာခါးကျိုးမတတ်။

ရှီးယားးး ! အဲ့ညကအကြောင်းတွေ ငါ့ခေါင်းထဲရောက်လာပြန်ပြီ။ ဖယ်ရိုမုန်းကြောင့် အရှက်မရှိတဲ့ငါ့ကိုယ်ငါ တကယ်ပဲမကြိုက်ပါဘူး။

“အစ်ကိုလေးရေ ကျွန်တော်တို့ ပြန်လာပါပြီခင်ဗျာ ”

“လာပြီလား ! မြန်မြန် မြန်မြန် ! ငါ့ဗိုက် ဆာလွန်းလို့ သေမလိုဖြစ်နေပြီ ”

ဟမ့် ? ဒါလား ဗိုက်ဆာတဲ့သူ။ ခုနကပဲ စကားတွေကို သေမလိုများနေတာလေ။ ငါPolနဲ့Armကို ကျေးဇူးရှင်တွေလိုကြည့်လိုက်တော့ သူတို့ကလည်းနားလည်နေတဲ့ပုံနဲ့ ငါ့ပုခုံးတစ်ဖက်စီကို ခပ်ဖွဖွပုတ်ပေးလာကြတယ်။

သူငယ်ချင်းတို့ရေ မင်းတို့ရဲ့အချိန်ကိုက်ရောက်လာမှုက ငါ့ကိုမျက်ရည်တောင် လည်စေမတတ်ပဲကွာ ။

အစားအစာတွေဆီ အစ်ကိုလေးစိတ်ရောက်သွားတာတော်သေးတယ်။ မဟုတ်ရင် Vegasအတင်းတွေ ငါ့ကိုထပ်ပြောနေမှာ။ အဲ့လိုပြောနေလေ ငါက Vegasအကြောင်းတွေးမိလေဖြစ်နေမှာပဲ။

ငါအစားမစားချင်သေးတာနဲ့ အိမ်ရှေ့ခဏထွက်ခဲ့တော့ အချိန်ကိုက်ဆိုသလိုပဲ ငါ့ဖုန်းက LINE appနိုတီသံထွက်လာတယ်။ ငါသိနေတယ် ၊ ဒါဘယ်သူ့ဆီကလဲဆိုတာ။ ဖွင့်မကြည့်ဖို့တွေးလိုက်ပေမယ့် ငါ့လက်ကငါ့စိတ်ထက်မြန်စွာပဲ ဖုန်းကိုဖွင့်ပြီးသွားခဲ့ပြီ။ ပြီးတော့ ငါ့မျက်လုံးကလည်း ငါ့စိတ်ထက်မြန်စွာ စာကိုကြည့်နေတော့တယ်။

[ မျက်နှာရူး V ]
- မင်းကိုအရမ်းလွမ်းတာပဲကွာ :(

[ မျက်နှာရူး V ]
- ဒီနေ့ဇာတ်ဝင်ခန်းမှာလေ ချစ်တဲ့သူကိုကြည့်ရတဲ့ ကိုယ့်မျက်လုံးတွေမုမဝင်လို့ ဒါရိုက်တာကနည်းလမ်းပြောပြရတယ် ။ သူပြောတဲ့အတိုင်း ကိုယ်လုပ်လိုက်တာ အဆင်ပြေသွားတယ် ။ ဘာနည်းလမ်းလို့ထင်လဲ ကိုယ့်ရဲ့အချစ်ကလေး

စာနှစ်စောင်ကဝင်နေလေတယ်။ ပထမစာကိုဖတ်ပြီးတော့ အပိုတွေဆိုပြီး ငါရေရွတ်လိုက်တယ်။ ဒုတိယစာကိုဖတ်ပြီးတော့ကျ ဘာနည်းလမ်းဖြစ်ဖြစ်ပေါ့၊ ငါနဲ့ဘာဆိုင်တာမှတ်လို့လို့ စိတ်ထဲကတွေးလိုက်တယ်။

ငါဝန်ခံရမှာတစ်ခုက Vegasက ဇွဲအရမ်းကောင်းတယ်ဆိုတာပဲ။ အခုလိုစာတိုတွေ LINEကနေ နေ့တိုင်းပို့တတ်တယ်။ ငါပြန်ပို့တာမပို့တာ သူဂရုမစိုက်ဘူး။ သူကတော့ နေ့စဉ်မှတ်တမ်းလိုမျိုး သူဘာလုပ်တယ်ဘာကိုင်တယ်ကအစ ငါ့ကိုပြောပြနေတာ။ အဲ့ဒါကဘယ်လိုမျိုးလဲဆို စာတွေကနေတဆင့် ငါ့ကိုသူနဲ့ ရင်ဘတ်ချင်းနီးစေနေသလိုပဲ။

သဘောမကျဘူးဘာညာသာငါ့ပါးစပ်ကပြောနေပေမယ့် ဒီစာတိုတွေက ငါနဲ့အကျွမ်းတဝင်ဖြစ်နေပြီဆိုတာကိုတော့ ငါလက်မခံချင်လည်း လက်ခံရမှာပဲ။ စာဝင်တုန်းကပဲကြည့်လေ၊ ဘယ်သူ့ဆီကလဲဆိုတာတောင် ငါကြိုပြီးသိနေနှင့်ပြီမလား။

ငါမမေးလိုက်ဖို့ကြိုးစားပေမယ့်လည်း Vegasရဲ့အမေးကို လျစ်လျူမရှုလိုက်နိုင်ဘူး။ ဒီကောင်ငါ့စာကို စောင့်နေရင်ဆိုတဲ့အတွေးကြောင့် ငါ့စိတ်ဓာတ်ပြတ်သားမှုကယိုင်နဲ့သွားတယ်။

[ Pete ]
- ဘာနည်းလမ်းလဲ ?

ငါစာပို့ပြီးတာနဲ့ ဖုန်းကို screen offလို့ ဘောင်းဘီအိတ်ထဲပြန်ထည့်ထားလိုက်တယ်။ ဖုန်းကိုကိုင်ထားရင် ငါသူ့စာကိုစောင့်နေသလိုဖြစ်မှာဆိုးလို့။ ငါနည်းနည်းလေးမှကို မစောင့်နေဘူးနော်။

ပြီးတော့ ငါတွေးနေမိတယ်။ ငါသူ့ကိုအမြဲခေါ်နေကျ မျက်နှာရူးဆိုတာကို nicknameအနေနဲ့ တမင်တကာအကျင့်ယုတ်မှတ်ထားတာလေ။ Vegasဘက်ကရော ငါ့ကိုဘယ်လိုမှတ်ထားမလဲ။ သူခေါ်ခေါ်နေကျ ‘အချစ်ကလေး’ဆိုတာလား။ ဒါမှမဟုတ် တခြားတစ်ခုများလား။

ဒီအတွေးနဲ့အတူ Vegasဖုန်းကိုသွားပြီးယူကြည့်ချင်စိတ်တွေ ငါ့မှာဖြစ်ပေါ်လာရတယ်။ ငါအရမ်းသိချင်မိသွားပြီ။

ငါတွေးနေတုန်းမှာပဲ ဘယ်လောက်မှမကြာတဲ့အချိန်အတွင်း Vegasဘက်ကစာပြန်ရောက်လာတယ်။ တကယ်ကိုပဲ... ငါ့စာကိုစောင့်နေတာပဲ။ ငါပြန်မပို့လိုက်ရင် အဲ့ကောင် ဘယ်လိုလုပ်မလဲ။

ပုံမှန်ဆိုရင်အေးစက်စက်မျက်နှာထားနဲ့ Vegasတစ်ယောက် ငါ့ဆီကစာကိုစောင့်နေတဲ့မြင်ကွင်းကို ငါပုံဖော်ကြည့်လိုက်တော့ Vegasပုံစံက နည်းနည်းသနားစဖွယ်ဖြစ်သွားတယ်။ နောက်ခံသီချင်း အဆွေးလေးသာထည့်လိုက်ရင် ဒီကောင့်အတွက် ငါမျက်ရည်တောင်ကျပေးမိတော့မယ်။

ငါပြန်ပို့ပေးတာ Vegasတော့ငါ့ကိုအရမ်းကျေးဇူးတင်နေမှာပဲ။ ငါလည်း ကိုယ့်ကိုကိုယ် သူတော်ကောင်းလေးလို့ ခံစားလိုက်ရတယ်။ အခုလည်း Vegasကိုစောင့်မနေစေချင်တော့တာကြောင့် ဖုန်းကိုဘောင်းဘီအိတ်ထဲကထုတ်ပြီး ငါဖွင့်ကြည့်လိုက်တယ်။

[ မျက်နှာရူး V ]
- နည်းလမ်းက တစ်ဖက်သရုပ်ဆောင်ကို ကိုယ်ချစ်တဲ့သူလို့ သဘောထားပြီးမြင်ကြည့်လိုက်တဲ့ ။ ငါအဲ့စကားကိုလိုက်နာပြီး တကယ်ကြိုးစားကြည့်လိုက်တာ ငါ့အရှေ့မှာ မင်းပေါ်လာတော့တာပဲ ၊ That feeling is so amazing ... you know Pete ?

မင်းသားမလုပ်ပဲ စာရေးဆရာလုပ်ခဲ့ဖို့ကောင်းတယ်။ Vegas ပြောလိုက်တဲ့စကားလုံးတွေက အမြဲတမ်းပြောင်မြောက်နေလို့လေ။ မျက်စိရှေ့ကစာကိုဖတ်နေရင်း ငါတောင်မသိလိုက်ပဲ ပြုံးမိသွားတယ်။

ဖုန်းမှာရောင်ပြန်ဟပ်နေတဲ့ ငါ့မျက်နှာကြီးငါမြင်တော့မှ ပြုံးဖြီးနေတာကိုသတိထားမိသွားရတဲ့အဖြစ်။

ကျော့ကွင်းပဲ။ မုဆိုးVegasထောင်ထားတဲ့ ခိုင်မာတဲ့ကျော့ကွင်းထဲ ငါဝင်သွားတော့မလို့။ ကံကောင်းတယ် ကံကောင်းတယ်၊ ကိုယ့်ကိုကိုယ်ပြန်သတိထားလိုက်မိတာ တကယ်ကံကောင်းသွားတယ်။ ငါစာတိုတစ်ခုခပ်မြန်မြန်ရိုက်ပြီး Vegasဆီပြန်ပို့လိုက်တယ်။

[ Pete ]
- မျက်နှာရူး

Vegasကို nickname‌ပေးထားတဲ့နာမည်ကို ငါရိုက်ပို့ပစ်လိုက်တာ။ ငါအဲ့လိုပြောတိုင်း ပြုံး‌နေတဲ့သူ့အကြောင်းကို သိသိရဲ့နဲ့လေ။

ငါ ဖုန်းကိုဆက်ကိုင်ထားဆဲမို့ ချက်ချင်းပဲပြန်ရောက်လာတဲ့ Vegasစာကိုမြင်လိုက်ရတယ်။

[ မျက်နှာရူး V ]
- ဟီးဟီး

သိပ်ကိုကျေနပ်နေတဲ့ပုံပဲ။ သူပြုံးရယ်နေတဲ့မျက်နှာကိုပါ ထိုစာနဲ့အတူ ငါတွဲမြင်မိသွားတယ်။ တကယ်ပါပဲ၊ ငါ့ရဲ့သတိမထားမှုကြောင့် တကယ်ပဲအဲ့ကျော့ကွင်းထဲ ရောက်သွားတော့မလို့။ နောက်ဆို စာပြန်မပို့မိအောင်သတိထားဦးမှ။

Vegasက သိပ်ကိုပဲအန္တရာယ်များလွန်းတယ်။ လူတင်မကဘူး၊ သူ့စာတွေကပါ အန္တရာယ်များနေတော့တာ။ ငါဖုန်းကိုဘောင်းဘီအိတ်ထဲပြန်ထည့်လိုက်ပြီး ကိုယ့်ရင်ဘတ်ကိုယ်ဖိနေမိတော့တယ်။

- Be My Side -

Vegas ရဲ့ flirtတာတွေကို ကိုယ့်ဟာကိုယ်ပုံဖော်ရေးပြီး တအားတွေကြိုက်နေမိပြီ UwU
လူဆိုးကောင် ဟီးဟီး ပြောတာကို တအားကြိုက်လို့ ထည့်ရေးလိုက်ပါပြီ ><

05 July 2022 (Tue)

zg;

Pete ;

“Vegasပါတဲ့ပေရာဂ်က္တစ္ခု ငါထပ္ၿပီးကမ္းလွမ္းခံရျပန္ၿပီ ! အခုတေလာဘာျဖစ္ေနတာလဲေဟ ! ငါ့ရဲ႕ကံေတြတက္ေနတာလား ! Vegasကိုအႏိုင္ယူဖို႔အတြက္ ကံၾကမၼာက ငါ့ကိုမ်က္ႏွာသာေပးလိုက္ၿပီထင္တယ္ ”

အစ္ကိုေလးက ငါယူလာေပးတဲ့ဇာတ္ၫႊန္းတစ္ထပ္ႀကီးထဲကေန Vegasနဲ႔တြဲသ႐ုပ္ေဆာင္ရမယ့္ပေရာဂ်က္ပါတဲ့ ဇာတ္ၫႊန္းသုံးခုကိုဆြဲထုတ္ၿပီး အားရပါးရကိုေျပာေနေတာ့တာ။ ဇာတ္ၫႊန္းတိုင္းမွာ အစ္ကိုေလးကသာ အထက္စီးကခ်ည္း၊ Vegasကာ႐ိုက္တာက အစ္ကိုေလးရဲ႕ညီ၊ အစ္ကိုေလးရဲ႕လက္ေထာက္၊ အစ္ကိုေလးရဲ႕ကုမၸဏီဝန္ထမ္း စသျဖင့္ပဲ။

အထူးေျပာဖို႔မလိုတာကေတာ့ Vegasကသာဇာတ္ေဆာင္ျဖစ္ၿပီး အစ္ကိုေလးအရန္သ႐ုပ္ေဆာင္ပဲ။ ဒါေပမယ့္ အစ္ကိုေလးက အဲ့ဒါကိုဘာဂ႐ုစိုက္မွာတဲ့လဲ။ ဇာတ္ေၾကာင္းထဲမွာ Vegasကို ႏွိမ္ထားလို႔ရသေ႐ြ႕ သူကသေဘာက်ေနဦးမွာပဲ။

“ဒါေပမယ့္ အစ္ကိုေလးက သူ႔ကိုသေဘာမက်ဘူးမလား ။ အဲ့ပေရာဂ်က္ေတြကို ပယ္ထားလိုက္ေလ ”

ငါတတ္ႏိုင္သေလာက္ေလး Vegasရဲ႕ေက်ာ့ကြင္းကေန ေရွာင္ခ်င္ေသးတယ္။ ဒီလိုဇာတ္ၫႊန္းေတြ ရလာရတဲ့ေနာက္ကြယ္ကလက္မည္းႀကီးကို ငါေသခ်ာသိတာမို႔ေလ။ ဟိုတစ္ခါ ေၾကာ္ျငာ႐ိုက္ကြင္းမွာတင္ ငါမွတ္သြားၿပီမို႔။

ၿပီးေတာ့ Vegas အဲ့ဆိုက္ကိုေကာင္က ဘာေတြအ႐ူးထေနတာလဲ ?! ငါ့ကိုလိုက္ဖို႔အတြက္နဲ႔ပဲ အစ္ကိုေလးလိုလူကိုခ်ဥ္းကပ္တယ္ေပါ့ေလ။ ငါျပန္မႀကိဳက္ခင္ပဲ အဲ့ေကာင္ အစ္ကိုေလးလက္ထဲ အမႈန႔္ေၾကသြားဦးမယ္။

ညီအစ္ကိုဝမ္းကြဲသာဆိုတယ္၊ အစ္ကိုေလးက Vegasကိုဆို အႏိုင္က်င့္ဖို႔ပဲေတြးေနတာေလ။

“Pete ! မင္းတစ္ခုခုေျပာင္းလဲသြားတယ္ေနာ္ ! ဟိုတစ္ခါေၾကာ္ျငာတုန္းကလည္း လက္မခံဖို႔ေျဖာင္းျဖေနတာ ! မင္းဘာလို႔လဲ ၊ Vegasကို ေၾကာက္ေနလို႔လား ! ”

အစ္ကိုေလးက ယုတၱိမတန္တဲ့စကားႀကီးကိုေျပာလာၿပီး ငါ့မ်က္ႏွာနားတိုးကပ္လာတယ္။ ေၾကာက္လို႔မဟုတ္ပဲ အသားယူခံရမွာဆိုးလို႔ဆိုတာ အစ္ကိုေလးဆီ ငါဘယ္လိုေျပာလိုက္ရပါ့။ Vegasက အရမ္းကိုလက္ရဲဇက္ရဲေလ။ သူအနားကပ္သြားတာနဲ႔ ငါအနမ္းခံရမွာေသခ်ာသေလာက္။

အဲ့အယ္ဖာေကာင္နားကို ရဲရဲတင္းတင္းမကပ္ရဲပါဘူး။ ငါ့ကုတ္ပိုးကို ကာကြယ္ရဦးမယ္ေလ။ ဟို‌တေလာက ထမင္းအတူလိုက္စားတာေတာ့ ႁခြင္းခ်က္ပဲထားလိုက္ပါေတာ့။

“ေၾကာက္စရာလား ။ Vegasက ဘာေကာင္မို႔လို႔လဲ ”

“ေအးေလ ! ဘာေကာင္မို႔လို႔လဲ ! ဘာေကာင္မွမဟုတ္ဘူး ! ေၾကာက္စရာဘာမွကိုမရွိတာေဟ့ ! Pete မင္းကငါ့ကို ဒီအခ်ိန္မွာ ကန႔္ကြက္ေနရမွာမဟုတ္ပဲ အားေပးေနရမွာေလ ! အဲ့ေကာင္ကို ငါအႏိုင္က်င့္ခြင့္ရမွာ မင္းမေပ်ာ္ဘူးလား ”

မေပ်ာ္ဘူးေဟ့ ! နည္းနည္းေလးမွမေပ်ာ္ဘူး ။ အစ္ကိုေလးက အႏိုင္က်င့္လို႔ရမွာဆိုေပမယ့္ ကြၽန္ေတာ္က ကံဆိုးရင္ အသားယူခံေနရမွာေလ။

ဒါကငါ့စိတ္ထဲကေန ညည္းတြားေနတဲ့စကားေတြပါပဲ။ ငါဒီလိုထုတ္ေျပာလိုက္လို႔မွမရတာ။ အဲ့ေတာ့ ငါ့မ်က္ႏွာမွာအၿပဳံးႀကီးႀကီးခ်ိတ္ဆြဲလိုက္ၿပီး အစ္ကိုေလးဆီ စကားျပန္ေျပာလိုက္ရတယ္။

“ေပ်ာ္တာေပါ့ အစ္ကိုေလးရ ။ တအားေပ်ာ္တာပဲ ”

ငါဒီလိုေျပာလိုက္ေပမယ့္ ငါ့ရင္ထဲမွာငိုေႂကြးေနတာပါ။ Vegasကငါ့ကိုအတင္းအၾကပ္မလုပ္ဘူးဆိုေပမယ့္လည္း ငါ့ကိုယ္ငါသိေနတယ္။ ဒီေကာင္တစ္ခုခုလုပ္လာရင္ မ႐ုန္းႏိုင္တဲ့ငါ့ကိုယ္ငါေပါ့။

ၿပီးေတာ့ ငါ့ရဲ႕အတြင္းထဲကတစ္စုံတခုကလည္း Vegasရဲ႕ ဖယ္႐ိုမုန္းေတြကိုက်င့္သားရေနသလိုမ်ိဳးနဲ႔ အဲ့ေကာင္အနားကပ္လာရင္ ႐ႊင္ျမဴးေနေတာ့တာ။ ဒါကငါထိန္းခ်ဳပ္ႏိုင္တဲ့အတိုင္းအတာမွာမရွိပဲ လြန္ထြက္ေနေလတယ္။

“Pete မင္းကိုငါေျပာရဦးမယ္ ! အဲ့ေကာင္ေလ လတ္တေလာ ေျခမရႈပ္ေတာ့ဘူးသိလား ! အရင္ဆို facebookက သူ႔ anti gpထဲမွာ သူအိုမီဂါ ေကာင္မေလးေတြ၊ ေကာင္ေလးေတြနဲ႔ေပ်ာ္ျမဴးတဲ့ပုံေတြတင္ၿပီး နာမည္ဖ်က္ၾကတယ္ေလ ! အခု အဲ့antiေတြ ငိုေႂကြးရေလာက္ေအာင္ကို Vegasကေျခၿငိမ္ျပေနတာေဟ့ ! အရမ္းမထူးဆန္းဘူးလား ”

စကားအေျပာႏိုင္ဆုံးဆုရွိရင္ ငါေတာ့ အဲ့ဆုႀကီးကိုယူၿပီး အစ္ကိုေလးကိုေပးလိုက္ခ်င္တာပါပဲ။ ဘယ္လိုေတာင္စကားေျပာႏိုင္မႈႀကီးလဲ။ အခုလဲၾကည့္၊ ငါ့ကိုပါအေဖာ္စပ္လာေလတာ။

Polနဲ႔Armက အျပင္သြားၿပီး အစ္ကိုေလးအတြက္စားစရာဝယ္ေနတာမို႔ အခု အစ္ကိုေလးဒဏ္ကိုခံေနရတာ ငါတစ္ေယာက္တည္း။

အစ္ကိုေလးစကားအရမ္းမ်ားလြန္းတာ ငါမႀကိဳက္ေပမယ့္လည္း အခုစကားစုႀကီးက ငါ့နားထဲတိုးဝင္လာတယ္။ ! Vegasေျခၿငိမ္ေနျခင္း ! ဘယ္ေလာက္ေတာင္ၿငိမ္ေနတာမို႔လို႔ အစ္ကိုေလးနားထဲအထိေရာက္လာရတာလဲ။

မဟုတ္မွလြဲ ... ။ ငါအဲ့အေတြးေနာက္ ထပ္ၿပီးမေတြးမိေအာင္ထိန္းလိုက္ေပမယ့္ စကားနားမေထာင္တဲ့ငါ့ဦးေႏွာက္က ဆက္တိုက္ေတြးေနမိတယ္။

မဟုတ္မွလြဲ ... ငါနဲ႔အတူေနၿပီးတည္းက ဘယ္သူနဲ႔မွ ထပ္မေနေတာ့တာလား ။

ဒီအေတြးနဲ႔အတူ ငါ့စိတ္ထဲေက်နပ္သလို၊ ပီတိျဖစ္သလိုျဖစ္သြားတာမို႔ ငါကိုယ့္ကိုကိုယ္ စိတ္ထဲကေနျပန္သတိေပးလိုက္ရတယ္။ သူ႔ဟာသူ ေျခၿငိမ္ၿငိမ္မၿငိမ္ၿငိမ္ ငါနဲ႔ဘာဆိုင္သလဲဆိုၿပီးေတာ့ပင္။ ငါကဘာလို႔ ပီတိျဖစ္သြားရတာလဲ ! မဆီမဆိုင္ !

“ေအာင္းးး ! မထူးဆန္းဘူးလားဆို ! အဲ့ဒါကို အဲ့ေလာက္ေတာင္ စဥ္းစားေနရတာလား Pete ! ”

အစ္ကိုေလးက ငါ့နားကပ္ေအာ္လိုက္မွ စုံခ်ည္ဆန္ခ်ည္ေျပးလႊားေနတဲ့ ငါ့အေတြးေတြရပ္တန႔္သြားတယ္။ ငါ့ေခါင္းထဲ အစ္ကိုေလးႀကိဳက္ေလာက္ေစမယ့္အေျဖကိုစဥ္းစားလို႔ရသြားတာနဲ႔ အစ္ကိုေလးဆီစကားျပန္ေျပာလိုက္တယ္။

“ထူးဆန္းတာေပါ့ ။ အစ္ကိုေလးက ဘယ္လိုထင္လို႔လဲ ”

ငါဒီလိုစကားေထာက္သလိုနဲ႔ေမးလိုက္ေတာ့ အစ္ကိုေလးက အၿပဳံးအႀကီးႀကီးၿပဳံးလာၿပီး သိပ္ကိုေက်နပ္အားရေနတဲ့အသံနဲ႔ ျပန္ေျပာလာေတာ့တယ္။

“ပန္းေသေနတယ္လို႔ထင္တာ ! အဲ့ေကာင္အလုပ္လြန္ၿပီး ေက်ာက္ကပ္ပ်က္စီးသြားတာျဖစ္ရမယ္ ! အေပ်ာ္အပါးလိုက္စားလြန္းတာေလ ! အဲ့လိုပဲျဖစ္လိမ့္မယ္ ”

အစ္ကိုေလးက ဝမ္းေခါင္းသံႀကီးနဲ႔ကို အားပါးတရေျပာေနတာ။ ‌ၿပီးေတာ့ ေက်နပ္သလိုရယ္ေနေလေတာ့ အစ္ကိုေလးစိတ္ခ်မ္းသာေအာင္ ငါလည္း လိုက္ရယ္ေပးေနရတယ္။ ဒါေပမယ့္ အစ္ကိုေလးစကားက မမွန္ဘူး။ အဲ့ေကာင္ေက်ာက္ကပ္ ဘယ္ေလာက္ေကာင္းလဲဆိုတာ ငါအသိဆုံးမို႔လို႔ပဲေလ။ ငါ့မွာခါးက်ိဳးမတတ္။

ရွီးယားးး ! အဲ့ညကအေၾကာင္းေတြ ငါ့ေခါင္းထဲေရာက္လာျပန္ၿပီ။ ဖယ္႐ိုမုန္းေၾကာင့္ အရွက္မရွိတဲ့ငါ့ကိုယ္ငါ တကယ္ပဲမႀကိဳက္ပါဘူး။

“အစ္ကိုေလးေရ ကြၽန္ေတာ္တို႔ ျပန္လာပါၿပီခင္ဗ်ာ ”

“လာၿပီလား ! ျမန္ျမန္ ျမန္ျမန္ ! ငါ့ဗိုက္ ဆာလြန္းလို႔ ေသမလိုျဖစ္ေနၿပီ ”

ဟမ့္ ? ဒါလား ဗိုက္ဆာတဲ့သူ။ ခုနကပဲ စကားေတြကို ေသမလိုမ်ားေနတာေလ။ ငါPolနဲ႔Armကို ေက်းဇူးရွင္ေတြလိုၾကည့္လိုက္ေတာ့ သူတို႔ကလည္းနားလည္ေနတဲ့ပုံနဲ႔ ငါ့ပုခုံးတစ္ဖက္စီကို ခပ္ဖြဖြပုတ္ေပးလာၾကတယ္။

သူငယ္ခ်င္းတို႔ေရ မင္းတို႔ရဲ႕အခ်ိန္ကိုက္ေရာက္လာမႈက ငါ့ကိုမ်က္ရည္ေတာင္ လည္ေစမတတ္ပဲကြာ ။

အစားအစာေတြဆီ အစ္ကိုေလးစိတ္ေရာက္သြားတာေတာ္ေသးတယ္။ မဟုတ္ရင္ Vegasအတင္းေတြ ငါ့ကိုထပ္ေျပာေနမွာ။ အဲ့လိုေျပာေနေလ ငါက Vegasအေၾကာင္းေတြးမိေလျဖစ္ေနမွာပဲ။

ငါအစားမစားခ်င္ေသးတာနဲ႔ အိမ္ေရွ႕ခဏထြက္ခဲ့ေတာ့ အခ်ိန္ကိုက္ဆိုသလိုပဲ ငါ့ဖုန္းက LINE appႏိုတီသံထြက္လာတယ္။ ငါသိေနတယ္ ၊ ဒါဘယ္သူ႔ဆီကလဲဆိုတာ။ ဖြင့္မၾကည့္ဖို႔ေတြးလိုက္ေပမယ့္ ငါ့လက္ကငါ့စိတ္ထက္ျမန္စြာပဲ ဖုန္းကိုဖြင့္ၿပီးသြားခဲ့ၿပီ။ ၿပီးေတာ့ ငါ့မ်က္လုံးကလည္း ငါ့စိတ္ထက္ျမန္စြာ စာကိုၾကည့္ေနေတာ့တယ္။

[ မ်က္ႏွာ႐ူး V ]
- မင္းကိုအရမ္းလြမ္းတာပဲကြာ :(

[ မ်က္ႏွာ႐ူး V ]
- ဒီေန႔ဇာတ္ဝင္ခန္းမွာေလ ခ်စ္တဲ့သူကိုၾကည့္ရတဲ့ ကိုယ့္မ်က္လုံးေတြမုမဝင္လို႔ ဒါ႐ိုက္တာကနည္းလမ္းေျပာျပရတယ္ ။ သူေျပာတဲ့အတိုင္း ကိုယ္လုပ္လိုက္တာ အဆင္ေျပသြားတယ္ ။ ဘာနည္းလမ္းလို႔ထင္လဲ ကိုယ့္ရဲ႕အခ်စ္ကေလး

စာႏွစ္ေစာင္ကဝင္ေနေလတယ္။ ပထမစာကိုဖတ္ၿပီးေတာ့ အပိုေတြဆိုၿပီး ငါေရ႐ြတ္လိုက္တယ္။ ဒုတိယစာကိုဖတ္ၿပီးေတာ့က် ဘာနည္းလမ္းျဖစ္ျဖစ္ေပါ့၊ ငါနဲ႔ဘာဆိုင္တာမွတ္လို႔လို႔ စိတ္ထဲကေတြးလိုက္တယ္။

ငါဝန္ခံရမွာတစ္ခုက Vegasက ဇြဲအရမ္းေကာင္းတယ္ဆိုတာပဲ။ အခုလိုစာတိုေတြ LINEကေန ေန႔တိုင္းပို႔တတ္တယ္။ ငါျပန္ပို႔တာမပို႔တာ သူဂ႐ုမစိုက္ဘူး။ သူကေတာ့ ေန႔စဥ္မွတ္တမ္းလိုမ်ိဳး သူဘာလုပ္တယ္ဘာကိုင္တယ္ကအစ ငါ့ကိုေျပာျပေနတာ။ အဲ့ဒါကဘယ္လိုမ်ိဳးလဲဆို စာေတြကေနတဆင့္ ငါ့ကိုသူနဲ႔ ရင္ဘတ္ခ်င္းနီးေစေနသလိုပဲ။

သေဘာမက်ဘူးဘာညာသာငါ့ပါးစပ္ကေျပာေနေပမယ့္ ဒီစာတိုေတြက ငါနဲ႔အကြၽမ္းတဝင္ျဖစ္ေနၿပီဆိုတာကိုေတာ့ ငါလက္မခံခ်င္လည္း လက္ခံရမွာပဲ။ စာဝင္တုန္းကပဲၾကည့္ေလ၊ ဘယ္သူ႔ဆီကလဲဆိုတာေတာင္ ငါႀကိဳၿပီးသိေနႏွင့္ၿပီမလား။

ငါမေမးလိုက္ဖို႔ႀကိဳးစားေပမယ့္လည္း Vegasရဲ႕အေမးကို လ်စ္လ်ဴမရႈလိုက္ႏိုင္ဘူး။ ဒီေကာင္ငါ့စာကို ေစာင့္ေနရင္ဆိုတဲ့အေတြးေၾကာင့္ ငါ့စိတ္ဓာတ္ျပတ္သားမႈကယိုင္နဲ႔သြားတယ္။

[ Pete ]
- ဘာနည္းလမ္းလဲ ?

ငါစာပို႔ၿပီးတာနဲ႔ ဖုန္းကို screen offလို႔ ေဘာင္းဘီအိတ္ထဲျပန္ထည့္ထားလိုက္တယ္။ ဖုန္းကိုကိုင္ထားရင္ ငါသူ႔စာကိုေစာင့္ေနသလိုျဖစ္မွာဆိုးလို႔။ ငါနည္းနည္းေလးမွကို မေစာင့္ေနဘူးေနာ္။

ၿပီးေတာ့ ငါေတြးေနမိတယ္။ ငါသူ႔ကိုအၿမဲေခၚေနက် မ်က္ႏွာ႐ူးဆိုတာကို nicknameအေနနဲ႔ တမင္တကာအက်င့္ယုတ္မွတ္ထားတာေလ။ Vegasဘက္ကေရာ ငါ့ကိုဘယ္လိုမွတ္ထားမလဲ။ သူေခၚေခၚေနက် ‘အခ်စ္ကေလး’ဆိုတာလား။ ဒါမွမဟုတ္ တျခားတစ္ခုမ်ားလား။

ဒီအေတြးနဲ႔အတူ Vegasဖုန္းကိုသြားၿပီးယူၾကည့္ခ်င္စိတ္ေတြ ငါ့မွာျဖစ္ေပၚလာရတယ္။ ငါအရမ္းသိခ်င္မိသြားၿပီ။

ငါေတြးေနတုန္းမွာပဲ ဘယ္ေလာက္မွမၾကာတဲ့အခ်ိန္အတြင္း Vegasဘက္ကစာျပန္ေရာက္လာတယ္။ တကယ္ကိုပဲ... ငါ့စာကိုေစာင့္ေနတာပဲ။ ငါျပန္မပို႔လိုက္ရင္ အဲ့ေကာင္ ဘယ္လိုလုပ္မလဲ။

ပုံမွန္ဆိုရင္ေအးစက္စက္မ်က္ႏွာထားနဲ႔ Vegasတစ္ေယာက္ ငါ့ဆီကစာကိုေစာင့္ေနတဲ့ျမင္ကြင္းကို ငါပုံေဖာ္ၾကည့္လိုက္ေတာ့ Vegasပုံစံက နည္းနည္းသနားစဖြယ္ျဖစ္သြားတယ္။ ေနာက္ခံသီခ်င္း အေဆြးေလးသာထည့္လိုက္ရင္ ဒီေကာင့္အတြက္ ငါမ်က္ရည္ေတာင္က်ေပးမိေတာ့မယ္။

ငါျပန္ပို႔ေပးတာ Vegasေတာ့ငါ့ကိုအရမ္းေက်းဇူးတင္ေနမွာပဲ။ ငါလည္း ကိုယ့္ကိုကိုယ္ သူေတာ္ေကာင္းေလးလို႔ ခံစားလိုက္ရတယ္။ အခုလည္း Vegasကိုေစာင့္မေနေစခ်င္ေတာ့တာေၾကာင့္ ဖုန္းကိုေဘာင္းဘီအိတ္ထဲကထုတ္ၿပီး ငါဖြင့္ၾကည့္လိုက္တယ္။

[ မ်က္ႏွာ႐ူး V ]
- နည္းလမ္းက တစ္ဖက္သ႐ုပ္ေဆာင္ကို ကိုယ္ခ်စ္တဲ့သူလို႔ သေဘာထားၿပီးျမင္ၾကည့္လိုက္တဲ့ ။ ငါအဲ့စကားကိုလိုက္နာၿပီး တကယ္ႀကိဳးစားၾကည့္လိုက္တာ ငါ့အေရွ႕မွာ မင္းေပၚလာေတာ့တာပဲ ၊ That feeling is so amazing ... you know Pete ?

မင္းသားမလုပ္ပဲ စာေရးဆရာလုပ္ခဲ့ဖို႔ေကာင္းတယ္။ Vegas ေျပာလိုက္တဲ့စကားလုံးေတြက အၿမဲတမ္းေျပာင္ေျမာက္ေနလို႔ေလ။ မ်က္စိေရွ႕ကစာကိုဖတ္ေနရင္း ငါေတာင္မသိလိုက္ပဲ ၿပဳံးမိသြားတယ္။

ဖုန္းမွာေရာင္ျပန္ဟပ္ေနတဲ့ ငါ့မ်က္ႏွာႀကီးငါျမင္ေတာ့မွ ၿပဳံးၿဖီးေနတာကိုသတိထားမိသြားရတဲ့အျဖစ္။

ေက်ာ့ကြင္းပဲ။ မုဆိုးVegasေထာင္ထားတဲ့ ခိုင္မာတဲ့ေက်ာ့ကြင္းထဲ ငါဝင္သြားေတာ့မလို႔။ ကံေကာင္းတယ္ ကံေကာင္းတယ္၊ ကိုယ့္ကိုကိုယ္ျပန္သတိထားလိုက္မိတာ တကယ္ကံေကာင္းသြားတယ္။ ငါစာတိုတစ္ခုခပ္ျမန္ျမန္႐ိုက္ၿပီး Vegasဆီျပန္ပို႔လိုက္တယ္။

[ Pete ]
- မ်က္ႏွာ႐ူး

Vegasကို nickname‌ေပးထားတဲ့နာမည္ကို ငါ႐ိုက္ပို႔ပစ္လိုက္တာ။ ငါအဲ့လိုေျပာတိုင္း ၿပဳံး‌ေနတဲ့သူ႔အေၾကာင္းကို သိသိရဲ႕နဲ႔ေလ။

ငါ ဖုန္းကိုဆက္ကိုင္ထားဆဲမို႔ ခ်က္ခ်င္းပဲျပန္ေရာက္လာတဲ့ Vegasစာကိုျမင္လိုက္ရတယ္။

[ မ်က္ႏွာ႐ူး V ]
- ဟီးဟီး

သိပ္ကိုေက်နပ္ေနတဲ့ပုံပဲ။ သူၿပဳံးရယ္ေနတဲ့မ်က္ႏွာကိုပါ ထိုစာနဲ႔အတူ ငါတြဲျမင္မိသြားတယ္။ တကယ္ပါပဲ၊ ငါ့ရဲ႕သတိမထားမႈေၾကာင့္ တကယ္ပဲအဲ့ေက်ာ့ကြင္းထဲ ေရာက္သြားေတာ့မလို႔။ ေနာက္ဆို စာျပန္မပို႔မိေအာင္သတိထားဦးမွ။

Vegasက သိပ္ကိုပဲအႏၲရာယ္မ်ားလြန္းတယ္။ လူတင္မကဘူး၊ သူ႔စာေတြကပါ အႏၲရာယ္မ်ားေနေတာ့တာ။ ငါဖုန္းကိုေဘာင္းဘီအိတ္ထဲျပန္ထည့္လိုက္ၿပီး ကိုယ့္ရင္ဘတ္ကိုယ္ဖိေနမိေတာ့တယ္။

- Be My Side -

Vegas ရဲ႕ flirtတာေတြကို ကိုယ့္ဟာကိုယ္ပုံေဖာ္ေရးၿပီး တအားေတြႀကိဳက္ေနမိၿပီ UwU
လူဆိုးေကာင္ ဟီးဟီး ေျပာတာကို တအားႀကိဳက္လို႔ ထည့္ေရးလိုက္ပါၿပီ ><

05 July 2022 (Tue)

Continue Reading

You'll Also Like

68.1K 5K 65
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
95.5K 12.7K 46
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
5.8K 521 5
ဘဝမှာ အရေးအကြီးဆုံးက ipad ပဲလို့ထင်ခဲ့ဖူးတယ်၊ ဒါပေမယ့် ကိုကိုဒေါက်တာနဲ့တွေ့ပြီးတဲ့နောက်တော့ ... ချစ်စလုံးဘဝမှာ အရေးအကြီးဆုံးက ကိုကိုပဲ။ မဖြစ်နိုင်ဘူ...
121K 9.9K 35
yizhan story (သဘာဝလွန်) အခါးမပါ။ အချိုကြိုက်သူများ ဖတ်ရန်။ Start Date 21.1.2021 End Date 23.7.2021