Stivan And The Psychopath ( C...
Oleh greyvictor25
1.2M 76.2K 16.2K
Stivan Victor + Khon Shao Zin Lebih Banyak
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42(Final)
23
23K 1.8K 889
Oleh greyvictor25
" ထင်တဲ့အတိုင်း ဗစ်တာလိုက်လာပါပြီ"
" ဒီပိုင်နက်ကသူ့နယ်မြေမဟုတ်တဲ့အတွက် တိုက်ခိုက်ဖို့လာမှာမဟုတ်ဘူး ညှိနှိုင်းဖို့လာတာ...သူလာရင် ဂိတ်တံခါးဖွင့်ပေးလိုက်... သူ့ဘေးနားမှာ Samပါလားဆိုတာသေချာကြည့် အဲ့ကောင်ပါလာရင်သတိထားပြီး လှုပ်ရှားလိုက် "
" ဟုတ်ကဲ့ "
" သူ့သားကို အခုနေပြန်လွှတ်ပေးတာကောင်းလိမ့်မယ်နော်လီယမ် မဟုတ်ရင် ငါတို့အကုန်လုံးကို ဗစ်တာပတ်ရမ်းလိမ့်မယ် "
မိတ်ဖက်ဂိုဏ်းတခုမှ လုပ်ဖော်ကိုင်ဖက်ရဲ့စကားကြောင့် လီယမ်ကအလိုမကျစွာဖြင့်မျက်မှောင်ကြုတ်ရင်း ထိုလူရဲ့အနားကိုချဥ်းကပ်သွားလိုက်သည်။
" ဗစ်တာရဲ့လျှို့၀ှက်ချက်တစ်ခုပြောပြရမလား? အဲ့ကောင်က လွန်းတာနေဆန်းနဲ့ သူ့အဖေဒေးဗစ်နဲ့ပတ်သတ်ပြီး စိတ်ဒဏ်ရာရှိပြီးသားသူတယောက်....အဲ့စိတ်ဒဏ်ရာကြောင့်ပဲ သူသေမလိုဖြစ်ခဲ့တာလေ...အခုလဲ ဒေးဗစ်နဲ့ပတ်သတ်တဲ့ဒဏ်ရာဟောင်းလေးကို နည်းနည်းလောက်ဆွပေးလိုက်မယ်ဆိုရင်?"
အသံကိုခပ်ဖြည်းဖြည်းလျှောချကာ တလုံးချင်းပြောလိုက်တာကြောင့် တဖက်လူမှာလီယမ်ရဲ့အကြံကိုသဘောပေါက်ပြီး သဘောကျစွာပြုံးရယ်လိုက်သည်။
" သနားစရာကောင်ငယ်လေးဗစ်တာနဲ့ သနားစရာဒေးဗစ်ရဲ့ပေးဆပ်ခြင်းလို့ ခေါင်းစဥ်တပ်ရမလားပဲ "
" သူ့အဖေအနစ်နာခံခဲ့သလိုမျိုး အခုသူ့အလှည့်ပြန်ရောက်လာပြီလေ ဒီတခါကော သနားစရာဗစ်တာက သူ့သားအတွက်ဘယ်လိုအနစ်နာခံသွားမလဲဆိုတာ စိတ်၀င်စားနေပြီ "
လီယမ်တို့ကအချင်းချင်းခွက်ချင်းတိုက်ကာ အောင်ပွဲခံလိုက်ပြီး သဘောကျစွာအော်ရယ်လိုက်ကြသည်။ ဘေးချင်းကပ်အခန်းတွင်လည်း စတီဗန်တို့သုံးယောက်ကို တယောက်တနေရာစီခွဲကာ ဖမ်းချုပ်ထားတာဖြစ်၏။
*****
" ဗစ်တာရောက်လာပါပြီ ခေါင်းဆောင် "
" တခြားဘယ်သူတွေပါသေးလဲ "
" သူတယောက်ထဲလာတာပါ "
" လွှတ်လိိုက် "
လက်ထဲမှ whiskyခွက်ကိုအသာလှုပ်ရမ်းရင်း လီယမ်က စားပွဲပေါ်ခြေထောက်တင်ကာ အဆင်သင့်စောင့်နေလိုက်သည်။ခဏအကြာ သူ့ရုံးခန်းထဲသို့ခပ်တည်တည်ပဲ၀င်ရောက်လာတဲ့ ဟန်နရီကြောင့် လီယမ်ကခပ်ရေးရေးပြုံးရင်း
ဟန်နရီကိုကြိုဆိုလိုက်သည်။
" ခရီးပန်းသွားပြီလား ဗစ်တာ "
ဟန်နရီက လီယမ်ကိိုမျက်ခုံးတစ်ချက်သာပြန်လည်ပင့်ပြရင်း ခြေထောက်နှစ်ဖက်ကိုဖြဲကားကာထိုင်လိုက်ပြီး လီယမ်ကိုအရွဲ့တိုက်ပြလိုက်သည်။
" မင်းရဲ့သားကိို လူကြီးကိုဘယ်လိုလေးစားပြီးဆက်ဆံရမယ်ဆိုတာ သေချာလေးသင်ထားပေးစမ်းပါ "
" ကျုပ်သားကို လေးစားထိုက်တဲ့လူကိုရိုသေလေးစားဖို့သင်ပေးပြီးသားပါ ဒါပေမဲ့ခက်တာက ခင်ဗျားကလေးစားထိုက်တဲ့လူမှမဟုတ်ပဲလေ ကျုပ်သားကိုမပြောခင် ကိုယ့််ကိုကိိုယ်အရင်ပြန်စမ်းစစ်တာကောင်းမယ်ထင်တယ် "
" မင်းအခုရောက်နေတာ ငါ့ပိုင်နက်နော် တယောက်ထဲလာညှိနှိုင်းရာကနေ အသက်ပျောက်သွားအုံးမယ် "
" ညှိနှိုင်းတယ်? ခင်ဗျားနဲ့လာညှိနှိုင်းတယ်လို့များတခွန်းပြောမိလိုက်လား "
" ညှိနှိုင်းမှုမပါပဲ မင်းရဲ့သားကိုပြန်လွှတ်ပေးမှာမဟုတ်ဘူး "
" ဘာအတွက် ကျုပ်သားကိုဖမ်းခေါ်ထားတာလဲ ခင်ဗျားကိုကြည့်ရတာ ကျုပ်သားကိုခပ်ကြောက်ကြောက်ကလေးတယောက်လို့ ထင်ထားတဲ့ပုံပဲ "
" တကယ်လဲမင်းရဲ့သားက ငကြောက်ကောင်ပဲလေ အခုချိန်ထိမင်းရဲ့လုပ်ငန်းတွေကို ဘာမှမဦးစီးနိုင်တာကိုပဲကြည့်လေ "
" ၀ေဖန်ရတာကိုသဘာကျနေတဲ့ပုံပဲ အပြင်ပန်းကသူများကို၀ေဖန်ပြီး ကိုယ်တိုင်က လိုအပ်ချက်တွေအများကြီးရှိနေတဲ့လူ "
အထစ်အငေါ့မရှိပြောလိုက်တဲ့ အေးစက်စက်အသံကြောင့် လီယမ်ကအံကြိတ်ကာ ဟန်နရီကိုစိုက်ကြည့်လိုက်ပြီး မျက်နှာလွှဲသွားသည်။
" မင်းလိုကောင်က ငါ့ဆီတယောက်ထဲလာတာဆိုတော့ သွေးရိုးသားရိုးမဖြစ်နိုင်ဘူး ဥာဏ်များဖို့မကြံနဲ့နော်ဗစ်တာ မင်းရောက်နေတာ ငါ့ရဲ့ပိိုင်နက် "
ဟန်နရီကသူ့လက်နှဖက်ကို လီယမ်ရဲ့ရှေ့တွင်ဆန့်တန်းပြကာ ဘာလက်နက်မှမပါကြောင်းသက်သေပြလိုက်သည်။
" မင်းရဲ့သားအကြောင်း တခွန်းမှမမေးသေးဘူးနော် ဘာလို့လဲ မွေးစားသားဖြစ်နေလို့လား "
လီယမ်ရဲ့စကားကြောင့် ခပ်ထူထူမျက်ခုံးလေးမှာအနည်းငယ်တွန့်ကွေးသွားပြီး အလိုမကျဖြစ်သွားပုံရသည်။သို့ပေမယ့် ဟန်နရီကချက်ချင်းဆိုသလို မျက်နှာအမူအယာပြန်ထိန်းပြီး လီယမ်ကိုအရေးမစိုက်သည့်ပုံစံဖြင့် စူးစိုက်ကြည့်လိုက်၏။
" နည်းနည်းတော့စိတ်ရှုပ်စရာစကားကြားလိုက်မိပြီထင်တယ် အဲ့စကားအတွက် ခင်ဗျားတာ၀န်ပြန်ယူပေးရလိမ့်မယ် "
လီယမ်က ဟန်နရီရဲ့အနားသို့ချက်ချင်းကပ်လာကာ ဟန်နရီရဲ့ဗိုက်ကိုသေနတ်ဖြင့်ထောက်ထားလိုက်သည်။သို့ပေမယ့် ဗစ်တာကအနည်းငယ်တောင် တုန်လှုပ်သွားခြင်းမရှိပေ။
" မင်းဘာတွေကြံစည်နေတာလဲ "
" ဘာကြံစည်နေတာဖြစ်မလဲ ? "
" စောက်ပိုတွေလုပ်မနေနဲ့ဗစ်တာ!! မင်းတခုခုလှုပ်ရှားလိုက်တာနဲ့
မင်းရဲ့သားကော မင်းကောသေပြီပဲ ငါနဲ့ပူးပေါင်းထားတဲ့အဖွဲ့အစည်းတွေရှိတယ်ဆိုတာမမေ့နဲ့ "
" အဲ့အဖွဲ့အစည်းတွေရဲ့အထက်မှာ ဘယ်သူရှိနေလဲဆိိုတာမေ့နေပြီလား "
" မင်းကမကြာခင်ပြိုလဲတော့မဲ့လူပဲ ဗစ်တာ "
" ပြိုလဲရင်တောင် ခင်ဗျားတို့အကုန်လုံးကိုအနိုင်ယူပြီးမှ အရှုံးပေးလိုက်မယ် "
" သတ္တိသိပ်ကောင်းနေတယ်ပေါ့ မင်းကဟီရိုရဲ့စိတ်ကြိုက်ပုံသွင်းခြင်းကိုခံခဲ့ရတဲ့ စက်ရုပ်တကောင်နဲ့အလားတူပဲ "
လီယမ်ရဲ့စကားကြောင့် ဟန်နရီခဏတာနှုတ်ဆိတ်သွားပြီး သူ့လက်ကောက်၀တ်မှနာရီကိုငုံ့ကြည့်လိုက်သည်။
" မင်းလိုကောင်က ဟီရိုနဲ့သာမတွေ့ခဲ့ရင် အခုလိုအာဏာပြနိုင်မှာမဟုတ်ဘူး "
" ....... "
" မင်းတို့ရဲ့ဗစ်တာမျိုးရိုးကို ငါ့လက်ထက်မှာတင်အပြတ်ရှင်းပစ်မှာ မင်းသာမရှိတော့ရင် အာဏာအရှိဆုံးကငါဖြစ်လာမှာ "
" ........ "
" အဓိက, ကမင်းသာဒီလောကထဲက ထွက်သွားပေးရင်ရပြီ "
" ရှုး....စကားပြောတာတွေခဏရပ်ပြီး ဂိမ်းလေးကစားကြမလား 5စက္ကန့်ပဲလိုတော့တယ် "
ပါးစပ်ပိတ်ဖို့အချက်ပြကာ နာရီပဲလှမ်းကြည့်နေတဲ့ဟန်နရီကြောင့် လီယမ်ခဏတာ ကြောင်အသွားသည်။
" 1.... 2...3...4...5 "
'" မင်းဘာတွေကြံစည်နေတာလဲ "
" ခုနကပြောခဲ့တဲ့စကားလေးမှတ်မိလား ကျုပ်သားကိုပြောခဲ့တဲ့စကားအတွက် ပြန်တာ၀န်ယူရမယ်ဆိုတာလေ...."
စကားဆုံးတာနဲ့ လီယမ်လက်ထဲမှသေနတ်ကိုဟန်နရီဆွဲလုကာ လီယမ်ရုံးခန်းနံရံပေါ်မှ အချက်ပေးခလုတ်ကိုဟန်နရီလှမ်းကန်လိုက်သည်။
အချက်ပေးအသံကြောင့် စခန်းတခုလုံးဆူညံသွားပြီး အသံတွေရောထွေးသွားတော့၏။ရုတ်တရက်ဆန်သွားတဲ့အခြေအနေကြောင့် လီယမ်ဘာမှမပြောနိုင်လောက်အောင် ခဏတာဆွံ့အသွားရသည်။ဟန်နရီကတော့ လှောင်ပြောင်သည့်အပြုံးဖြင့်သူ့အားပြုံးပြရင်း ထိုစခန်းရဲ့လှေကားအပေါ်ထက်မှခုန်ချသွားသည်။
" ဟန်နရီဗစ်တာ !!!! "
" ဂိတ်တံခါးကိုပိတ်ချလိုက် !! ဗစ်တာကိုအရှင်ရအောင်ဖမ်းလာခဲ့ !!! "
" စခန်းထဲကို ဗစ်တာရဲ့လူတွေရောက်လာပါပြီ ခေါင်းဆောင်...ဗစ်တာက ခေါင်းဆောင်နဲ့လာညှိနှိုင်းတာမဟုတ်ပဲ အာရုံလွှဲထားတာပါ သူ့တပည့် Samနဲ့နောက်လိုက်တွေကအနောက်ကနေ ကျတော်တို့လူတွေကို ၀င်တိုက်သွားတာပါ "
" တောာက်!!! "
" ကျတော်တို့ရဲ့ သတင်းအချက်အလက်တွေအကုန်လုံးဗစ်တာလက်ထဲမှာရှိနေပါတယ် ခေါင်းဆောင် "
" ဘာ!!! ဒီကိစ္စကအတွင်းလူကလွဲပြီး အဲ့ကောင်သိစရာအကြောင်းမှမရှိတာ "
" တယောက်ယောက်က ခေါင်းဆောင်ရဲ့ကွန်ပျူတာထဲအချက်အလက်တွေအကုန် hackပြီးဗစ်တာကိုပေးခဲ့တာပါ "
" အဲ့ကောင်လက်ထဲလုံး၀ရောက်လို့မဖြစ်ဘူး အဲ့အချက်အလက်တွေဗစ်တာလက်ထဲရှိနေရင် ငါတို့ဂိုဏ်းတခုလုံးပြိုလဲသွားနိုင်တယ် အခုချက်ချင်းဗစ်တာကိုသွားဖမ်းလာခဲ့ !!!! "
လီယမ်ကဒေါသတွေဆူပွက်လာရင်း ခြေလှမ်းတွေကိုဘယ်ညာခေါက်တုံ့ခေါက်ပြန်လျှောက်ကာ သွေးပျက်မတက်ဖြစ်နေ၏။
" ငါ့အခန်းထဲ တော်ရုံကောင်ဘယ်သူမှ၀င်လို့ရတာမဟုတ်ဘူး ဘယ်လိုကောင်ကဒီအချက်အလက်တွေကို ဗစ်တာရဲ့လက်ထဲပေးလိုက်တာလဲ "
လီယမ်ကသူ့ဆံပင်တွေကိုထိုးဖွကာသေချာစဥ်းစားရင်းမျက်မှောင်ကြုတ်လိုက်၏။ထို့နောက် တစုံတယောက်ကိုသတိရသွားတာကြောင့် လီယမ်ချက်ချင်းပဲမျက်နှာပျက်ကာ သူ့သေနတ်ကိုဆွဲယူလိုက်သည်။
" အိုင်ဗန်လီယမ်!!!!!! အခုချက်ချင်း အိုင်ဗန်ကိုငါ့ရှေ့ခေါ်လာခဲ့ "
**********
စခန်းတခုလုံးဆူညံနေသော်လည်း လက်တွေကိုချုပ်နှောင်ခံထားရကာ အားနည်းလာပြီဖြစ်တာကြောင့် ထိုအခန်းငယ်ထဲ လင်းရောင်နံရံကိုမှီကာ မျက်လုံးစုံမှိတ်ထားလိုက်သည်။
"စိတ်ပျက်စရာဘ၀ကြီး မွေးတည်းကစောက်ကျိုးနည်းတွေပဲဖြစ်လာခဲ့တာ "
မကျေနပ်ချက်တွေကို လင်းရောင်စိတ်ထဲမှရေရွတ်ကာ
အံကြိတ်ထားလိုက်၏။
' ၀ုန်း !! '
မျက်နှာကျက်ပေါ်မှ ရုတ်တရက်ပြုတ်ကျလာတဲ့အိုင်ဗန်ကြောင့် လင်းရောင်ကအခန်းနံရံထောင့်ပြေးကပ်ရင်း ထူးဆန်းစွာကြည့်နေလိုက်သည်။
" မင်း.... "
" ဘာထူးဆန်းနေလို့လဲ "
" ငါ့ကိုသတ်ဖို့လာတာလား မင်းအဖေသတ်ခိုင်းလိုက်တယ်မလား "
" ဟုတ်တယ်မင်းကိုသတ်မှာ......ဒီနှလုံးသားနဲ့ "
" ဘာ "
အိုင်ဗန်ကချက်ချင်း လင်းရောင်အနားကပ်ကာ ကြိုးတွေကိုဖြည်ပေးလိုက်ပြီး လင်းရောင်ရဲ့လက်ကိုလှမ်းဆွဲလိုက်သည်။
" ဘာစကားမှမများပဲ ငါ့နောက်လိုက်ခဲ့ "
" ငါမလိုက်နိုင်ဘူး "
" အတော်ခေါင်းမာနေတာလား သေချင်နေတာလား "
" ခွန်ရှောင်းဇင်နဲ့ စတီဗန်ကျန်သေးတယ် "
" ခွန်ရှောင်းဇင်ကိုစိတ်မပူနဲ့ စတီဗန်ရှိတယ် "
" စတီဗန်လဲအဖမ်းခံထားရတာလေ သူတို့ကိုသွားကယ်ရမယ် "
" အပြင်မှာဘာတွေဖြစ်နေလဲဆိုတာကောသိရဲ့လား စကားမများပဲအေးဆေးလိုက်ခဲ့! အာရုံနောက်တယ် '
အိုင်ဗန်ကထိုအခန်းပြင်ရောက်တာနဲ့ပတ်၀န်းကျင်ကိုအကဲခတ်ကာ လူမသိတဲ့လျှို့၀ှက်တံခါးပေါက်ထဲ၀င်သွားလိုက်သည်။
" မင်းက ဒီလိုလျှို့၀ှက်နေရာတွေလဲသိတာပဲလား? "
" စကားဆက်များနေမယ်ဆိုရင် ဒီမှာကျန်ခဲ့လိုက်တော့...နားငြီးတယ် "
" နားငြီးရင်ငါ့ကိုအောက်ချပေးလေ !! '
" ငါ့စကားနားမထောင်တဲ့မင်းကို အိမ်ရောက်မှအပြစ်ပေးရမယ် "
**********
စခန်းတခုလုံးသေနတ်သံတွေနဲ့ဆူညံကာ လူစုကွဲနေပြီဖြစ်တာကြောင့် လီယမ်မြေအောက်ခန်းထဲသို့ဆင်းလာလိုက်သည်။
ထွက်ပေါက်နားရောက်တာနဲ့ အရှေ့မှပိတ်ရပ်လိုက်တဲ့ဟန်နရီကြောင့် လီယမ်ကချက်ချင်းပဲသူ့သေနတ်ကိုဆွဲထုတ်လိုက်၏။
သို့ပေမယ့် လျှင်မြန်တဲ့ခြေတံရှည်တွေက လီယမ်ရဲ့သေနတ်ကို အ၀ေးကိုလှမ်းကန်ထုတ်ပစ်ရင်း လီယမ်ရဲ့ရင်ဘတ်ကိုပါဆောင့်ကန်ပစ်၏။
" မင်းကိုငါ့လူတွေသတ်တော့မှာ! ငါနဲ့ပူးပေါင်းထားတဲ့အဖွဲ့အစည်းတွေအများကြီးရှိတယ် !! "
" လူတွေရဲ့သဘောတရားကိုပြောပြရမလား သူတို့အတွက်အကျိုးမပြုနိုင်တော့ရင် အမြဲသစ္စာဖောက်ကြတာချည်းပဲ အခုခင်ဗျားဒုက္ခရောက်နေမှန်းလဲသိရော ကိုယ်စီပျောက်သွားကြပြီလေ အဲ့တာတွေကြောင့် ကျုပ်ဘယ်သူ့ကိုမှမယုံတာ "
" ထွီ!! "
မျက်နှာပေါ်လာစင်သွားတဲ့တံတွေးတွေကို ဟန်နရီလက်ကိုင်ပု၀ါနဲ့သုတ်ချကာ လီယမ်ရဲ့မျက်နှာကိုဆွဲထိုးလိုက်သည်။
" ခင်ဗျားလိုလောဘတတ်နေတဲ့ကောင်က သေတာပဲကောင်းတယ် "
ဟန်နရီကစိတ်မြန်စွာဖြင့် သူ့သေနတ်ကိုဆွဲထုတ်ရင်း လီယမ်ရဲ့ဦးခေါင်းကိုချိန်ထားလိုက်၏။
" သားလေးကိုတော့မသတ်ပါနဲ့ ငါ့ကိုပဲသတ်သွားကြပါဆိုတဲ့ စကားသံလေးက အခုထိနားထဲပဲ့တင်သံထပ်နေတုန်းပဲ....တစုံတယောက်က car accidentကြောင့်သေခဲ့တာမဟုတ်ပဲ သူ့သားကြောင့်သေခဲ့တာဆိုရင်ကော ? "
မထိတထိလေးထိုးနှက်လိုက်တဲ့စကားကြောင့် ဟန်နရီရဲ့လက်တွေကရပ်တန့်သွားကာ အကြည့်တွေပျက်ပြားလာသည်။
" တကယ်တော့လေ မင်းကဂြိုလ်ဆိုးကောင်....ဘယ်သူ့အတွက်မှအသုံးမ၀င်တဲ့နတ်ဆိုးတယောက်ပဲ...မင်းအဖေသေခဲ့တာလဲ မင်းကြောင့်ပဲ "
လီယမ်ရဲ့စကားဆုံးသည်နှင့် ဟန်နရီကချက်ချင်းလီယမ်ကိုဆွဲမတ်ကာ အင်္ကျီစကို ကိုင်ဆောင့်လိုက်သည်။
" သေခါနီး မဟုတ်မမှန်တဲ့စကားတွေပြောချင်နေတာထင်တယ် "
" မဟုတ်မမှန်စကားတဲ့လား မင်းပဲမသိခဲ့တာ အဲ့ကိစ္စက ဟီရိုကအစသိခဲ့တာ...မင်းအဖေလုပ်ကြံခံခဲ့ရတာတောင် ဟီရိုဘာလို့ငြိမ်နေခဲ့လဲသိလား? မင်းအဖေကပျော့ညံ့တဲ့လူတယောက်မို့လို့ပဲ "
" ခင်ဗျားစောက်ပါးစပ်ပိတ်ထားတာကောင်းမယ်ထင်တယ် "
" မင်းသာအဲ့နေ့ညက မင်းအဖေကိုဘာမဟုတ်တဲ့အရုပ်လေးတရုပ်ကို အလုအယက်မ၀ယ်ခိုင်းခဲ့ရင် အခုလိုတွေဖြစ်ခဲ့မှာမှတ်လား "
ဟန်နရီကသူ့လက်ထဲမှသေနတ်ကိုပစ်ချကာ လီယမ်ရဲ့ကျောပြင်ကိုနံရံနဲ့ကပ်ပြီး လည်ပင်းကိုတံတောင်နဲ့ထောက်ထားလိုက်၏။
" အဲ့နေ့ညကဘာဖြစ်ခဲ့တာလဲ.....ဘာတွေဖြစ်ခဲ့လဲဆိုတာကျုပ်ကိုအခုပြော!!!! "
" မင်းအဲ့နေ့ညက ဘာမဟုတ်တဲ့အရုပ်လေးတရုပ်အတွက်နဲ့ မင်းအဖေကိုညဘက်ကြီး သွား၀ယ်ခိုင်းခဲ့တယ်မှတ်လား အဲ့အချိန်မှာ ရှိန်းခန့်ပိုင်အဖေခေါင်းဆောင်ပြီး မင်းအဖေကိုသတ်ပစ်လိုက်ကြတာ ငါ့အဖေလဲပါတယ် "
ဟန်နရီရဲ့အသက်ရှုသံတွေကပြင်းထန်လာကာ တည်ငြိမ်နေတဲ့အကြည့်တွေမှာ အနည်းငယ်ယိုင်လဲလာသည်။
" နောက်တခုပြောပြရအုံးမလား အဲ့အချိန်မှာထဲက မင်းကိုသတ်ပစ်ဖို့ မင်းရဲ့အခန်းထဲကို ငါ့အဖေရဲ့လူတွေရောက်နေပြီးသား....ဒါပေမဲ့ မင်းအဖေကအနူးညွှတ်တောင်းပန်ပြီး သူ့အသက်ကိုပဲယူပါဆိုလို့ ရှိန်းခန့်အဖေကကိစ္စရှင်းပေးလိုက်တာ....ဒါပေမဲ့ 11နှစ်အရွယ်ကောင်လေးကတော့ သူ့အဖေ car accidentဖြစ်တယ်လို့ပဲထင်နေခဲ့တာလေ....အဲ့အချိန်ထဲက မင်းလိုကောင်ကိုသတ်ပစ်ခဲ့ရမှာ ........မင်းလိုကောင်က ကောင်းကျိုးမပေးတဲ့ ဂြိုလ်.... ဆိုး......ကောင် "
စကားကိုတလုံးချင်းပြောကာ ရင်ဘတ်ထဲမှစိတ်ဒဏ်ရာကိုထိုးဆွပေးလိုက်တာကြောင့် ဟန်နရီကအသားတွေတဆက်ဆက်တုန်ယင်လာကာ အံကိုကြိတ်ထားလိုက်သည်။
" ငါ-*ုးမသား!!!! ခင်ဗျားကိုကျုပ်သတ်မယ် "
ရုတ်တရက်ဘေးကနေ၀င်ရောက်လာတဲ့ Samက လီယမ်ကိုလှမ်းဆွဲကာ မျက်နှာကိုအဆက်မပြတ်ဆွဲထိုးလိုက်သည်။
" ဂြိုလ်ဆိုးကောင်က ခင်ဗျားမှအစစ်!!! "
" Sam တော်တော့ "
ဟန်နရီရဲ့စကားကို Samကလျစ်လျူရှုကာ သူ့ခါးကြားထဲမှသေနတ်ကိုဆွဲထုတ်လိုက်သည်။ နာကျည်းတဲ့ခံစားချက်တွေက Samရဲ့မျက်နှာတလျှောက်ထင်ဟပ်နေတာဖြစ်၏။
" Sam တော်တော့လို့ !!! "
Samရဲ့ခန္ဓာကိုယ်ကို ဟန်နရီဆွဲလှည့်ကာ တင်းကျပ်စွာဖက်ထားလိုက်သည် အခွင့်ကောင်းရသွားတဲ့ လီယမ်က ထိုနေရာမှကြိုးစားကာ ထွက်ပြေးသွားသည်
Samအံကိုကြိတ်ကာ ငိုကြွေးလိုက်ပြီး ဟန်နရီရဲ့ဆံပင်ကိုသူ့လက်နဲ့ထိုးဖွလိုက်သည်
" ဘာလို့လဲ....ဘာလို့ နာကျဥ်းစရာအတိတ်တွေက Bossဆီမှာပဲရှိနေရတာလဲ ဘာလို့ Bossကိုပဲသတ်ချင်နေကြရတာလဲ "
" ငါ့ကောင်ကငိုနေတာလား ဒီကောင်၀မ်းနည်းဖို့လဲထားပါအုံး "
" Bossဟန်ဆောင်နေတာ.....အဆင်ပြေချင်ယောင်ဆောင်ပြီး ရင်ဘတ်ထဲနာကျင်နေရတယ်မှတ်လား "
" ငါက တကယ်လဲဂြိုလ်ဆိုးကောင်ဖြစ်နေခဲ့တယ်ထင်ပါတယ် "
" အခုချိန်မှာအဓိပ္ပာယ်မရှိတဲ့အတွေးတွေ တွေးနေတဲ့ Bossကိုပဲဆွဲထိုးပစ်ချင်မိတော့တယ် "
" တကယ်တော့လေ ငါအဲ့အရုပ်လေးကိုသွား၀ယ်ခိုင်းခဲ့တာမဟုတ်ပါဘူး ဒီအတိုင်းသဘောကျတယ်လို့ပဲပြောမိခဲ့ယုံပါ....ဒါပေမဲ့ ဒယ်ဒီကငါမသိတဲ့အချိန်မှာထွက်သွားပြီး သွား၀ယ်ပေးခဲ့တယ်ထင်ပါတယ် အရာအားလုံးကငါ့ကြောင့်ပဲပျက်စီးခဲ့ရတယ် "
" ကျွန်တော် အဲ့ကောင်ကိုသတ်မယ် "
သေနတ်ကိုလှမ်းဆွဲကာ သတ်ဖို့ကြံနေတဲ့ Samကိုဟန်နရီလှမ်းဆွဲကာ ခေါင်းခါပြလိုက်၏။
" အဲ့ကောင်က မင်းမသတ်လည်းမကြာခင်သေရမှာမို့ ဒီကနေထွက်သွားမှဖြစ်မယ် တီတီးနဲ့တွေ့ပြီးပြီလား "
" ကျွန်တော်နဲ့တွေ့ပြီးပြီ ခွန်ရှောင်းဇင်ကိုလည်းလွှတ်ပေးလိုက်ပြီ "
" အင်း အဲ့တာဆို ဒီထဲကအမြန်ထွက်မယ် "
********
" ကျွန်တော်တို့ ဒီနေရာကအမြန်ထွက်မှဖြစ်မယ်ခေါင်းဆောင် စခန်းတခုလုံးကို ဗစ်တာကသိမ်းလိုက်ပါပြီ "
" ငါ့ပစ္စည်းတွေ....ငါ့စည်းစိမ်တွေ!! မင်းတို့ပဲထွက်သွားကြ "
လောဘအတောမသပ်နိုင်သူက ရူးကြောင်ကြောင်ဖြစ်ကာ သူ့အခန်းထဲပြေး၀င်ပြီး မီးခံသေတ္တာကိုဆွဲဖွင့်လိုက်သည်။
" ဖြည်းဖြည်းလုပ်နော် ခင်ဗျားကိုအချိန်ပေးအုံးမယ် "
အခန်းထောင့်မှထွက်ပေါ်လာတဲ့အသံကြောင့် လီယမ်ကအမြန်လှည့်ကြည့်ကာ သူ့သေနတ်ကိုလိုက်ရှာလိုက်သည်။
" ခင်ဗျားကို 3စက္ကန့်အချိန်ပေးမယ် 3စက္ကန့်အတွင်းကျတော့်အရှေ့ကိုလာမလား ကျတော်ပဲလာပြီးခင်ဗျားရဲ့ခြေထောက်တွေကိုရိုက်ချိုးပစ်ရမလား "
" 1...3စက္ကန့်ပြည့်ပြီ ကျတော်ပဲခင်ဗျားရဲ့ခြေထောက်တွေကိုရိုက်ချိုးပစ်မယ် "
စတီဗန်က သူ့လက်ထဲမှသံတုတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း လီယမ်ရဲ့ခြေထောက်ကိုသူ့အားဖြင့်ရိုက်ချလိုက်၏။
" အာ့ "
လီယမ်လဲကျသွားသည့်အချိန်မှ စတီဗန်ကထိုလူရဲ့ရင်ဘတ်ပေါ်သို့ သူ့ခြေထောက်ဖြင့်ဖိထားကာ ငုံ့ကြည့်လိုက်သည်။
" ဒီကမ္ဘာမှာမရှိသင့်တဲ့သူက ဗစ်တာမဟုတ်ပဲ ခင်ဗျားဖြစ်နေတာကိုကောသိရဲ့လား "
" မင်း!! "
" ခင်ဗျားနဲ့ကျတော့်ဒယ်ဒီနဲ့ပြောခဲ့တဲ့စကားတွေကိုအကုန်ကြားခဲ့ပြီးပြီမို့လို့ ကျတော်ကပဲခင်ဗျားကိုအပြစ်ပေးမယ် "
" မင်းကဘာကောင်မို့လို့လဲ "
" ဘာကောင်မှမဟုတ်ပေမဲ့ လက်ရှိမှာတော့ခင်ဗျားကိုအပြစ်ပေးမဲ့ တဦးတည်းသောကောင် "
" ကိုယ့်နေရာကိုယ်မသိတဲ့ကောင် "
" ကိုယ့်နေရာကိုယ်မသိပေမဲ့ ခင်ဗျားကိုဘယ်လိုအဆုံးသတ်ပေးရမယ်ဆိုတာတော့သိတယ် "
" စောက်သုံးမကျတဲ့ကောင်!! "
" လက်ရှိမှာတော့ အဲ့စောက်သုံးမကျတဲ့ကောင်ရဲ့ခြေထောက်အောက်မှာပြားပြား၀ပ်နေရတယ်မှတ်လား "
" ခင်ဗျားသိအောင်တော့တခုပြောလိုက်မယ် ကျုပ်က တုံးအနေတာမဟုတ်ပဲ တုံးအချင်ယောင်ဆောင်ရတာကိုသဘောကျနေတာနော်
လူမသိသူမသိနေတာကျုပ်ရဲ့စတိုင်ဆိုပေမဲ့ ဗစ်တာသားကစောက်တုံးမဟုတ်ဘူး ကျုပ်ကိုစောက်တုံးဆိုပြီးပြက်ရယ်ပြုနေတဲ့ ခင်ဗျားတို့ကို ထိုင်ကြည့်ချင်နေတာ စတီဗန်ရဲ့စတိုင်ပဲ "
လှုပ်မရအောင်ချုပ်နှောင်ခံထားရတာဖြစ်သော်လည်း လီယမ်ကဟက်ဟက်ပက်ပက်ရယ်ကာ စတီဗန်အားရန်စလိုက်၏။
" ဗစ်တာရဲ့သားက ငကြောက်မဟုတ်ဘူးဆိုတာခင်ဗျားကိုလက်တွေ့ပြပေးမယ် "
စကားဆုံးသည်နှင့် စတီဗန်ကသူ့လက်ထဲမှသံတုတ်ကိုဆွဲလှည့်ကာ လီယမ်ရဲ့မျက်နှာကိုအားပြင်းပြင်းနဲ့ရိုက်ချလိုက်၏။
ကိစ္စအားလုံးပြီးခါမှ စတီဗန်ကအသက်၀၀ရှုကာ ထိုစခန်းအပြင်ထွက်လာလိုက်သည်။ အပြင်မှာအဆင်သင့်စောင့်နေတဲ့ Samနဲ့ဟန်နရီကြောင့် စတီဗန်ကနွေးထွေးစွာပြုံးရယ်ပြရင်း
သူ့အဖေရင်ခွင်ထဲပြေး၀င်၏။
" ရှောင်းကို အိမ်သေချာပြန်ပို့လိုက်ရဲ့လား အန်ကယ်လေး "
" ပို့ပြီးပါပြီဗျာ သူ့ခွေးလေးအတွက်လည်း လိုအပ်တာတွေအကုန်၀ယ်ပေးခဲ့ပြီးပြီ "
" အန်ကယ်လေးကချစ်ဖို့ကောင်းလိုက်တာ ကျွန်တော့်ကိုဖက်ထားပေးပါအုံး '"
" စောက်ကလေးလေး "
ရင်ခွင်ထဲတဖန်ပြန်ရောက်လာတဲ့စတီဗန်ကို Samကပွေ့ဖက်ကာ ဟန်နရီကိုလှမ်းကြည့်လိုက်သည်။
" ဒယ်ဒီ "
စကားဆက်တိုက်များနေသူက ဟန်နရီထံမြှားဦးလှည့်လာတာကြောင့် Samကတော့ ရယ်ချင်စိတ်တွေကိုထိန်းထားလိုက်သည်။
" ကျွန်တော့်ကိုလေ လူတွေကဗစ်တာရဲ့မွေးစားသားဆိုပြီး ပြက်ရယ်ပြုကြတယ် "
မထင်မှတ်ထားတဲ့စကားကြောင့် ဟန်နရီနဲ့ Samကတယောက်မျက်နှာတယောက်လှမ်းကြည့်ကာ အကဲခတ်လိုက်၏။
" သားကကော ဘယ်လိုသတ်မှတ်ထားလို့လဲ "
" ကျွန်တော်ကတော့ လူတွေဘယ်လိုပြောပြော ဒယ်ဒီရဲ့သွေးသားအရင်းလို့ပဲခံစားရတယ် "
" အဲ့တာအဖြေပဲလေ သားကဒယ်ဒီရဲ့သားပဲ စတီဗန်ဗစ်တာက ဟန်နရီဗစ်တာရဲ့သားဆိုတာ ငြင်းမရတဲ့အမှန်တရားပဲ နောက်တခါသားကို ဘယ်ကောင်ပြက်ရယ်ပြုလဲဆိုတာပဲပြောလိုက် ထပ်မလှောင်ရဲအောင် ဆုံးမပေးလိုက်မယ် "
" အာ့...."
" ဘာဖြစ်တာလဲ "
" ဟက်ထိသွားလို့ "
သူ့ရင်ဘတ်ကိုဖိကာ မျက်စိတဖက်မှိတ်ပြလိုက်တဲ့စတီဗန်ကြောင့်ဟန်နရီကသဘောကျစွာပြုံးရယ်ရင်း စတီဗန်ကိုလက်မထောင်ပြလိုက်သည်။
" ဒယ်ဒီ ကျတော်ဒါလေးမနိုင်တော့လို့ကူသယ်ပေးပါအုံး"
လက်နှဖက်ကိုထပ်ကာ ပစ္စည်းတခုခုသယ်ယူနေတဲ့ပုံစံလုပ်ပြနေတဲ့ စတီဗန်ကြောင့် ဆရာတပည့်နှယောက်လုံးကြောင်ကြည့်နေကြသည်။
" ဒယ်ဒီ ဒါလေးကူသယ်ပေးပါအုံးနော် ကျတော်မနိုင်တော့လို့ "
" ဘာတွေလဲ သား "
" ဒယ်ဒီတို့ကို ချစ်တဲ့အချစ်တွေ "
Samတယောက်ဟန်မဆောင်နိုင်အောင်ထရယ်လိုက်ပြီး ဟန်နရီကိုလှမ်းကြည့်ကာ ဟန်နရီကိုမျက်ခုံးတချက်ပင့်ပြလိုက်သည်။
" Bossသားက ကျတော်တို့ကိုရောင်းစားတော့မှာ "
" အန်ကယ်လေးကို ကြည့်ရတာချမ်းနေတဲ့ပုံပဲ အဆင်ပြေရဲ့လား "
" ဟင် မချမ်းပါဘူး "
" ချမ်းတယ်လုပ်လိုက်ပါ အန်ကယ်လေးရယ် "
" အေးကွာ အဲ့တာဆိုလည်းချမ်းတယ် '
" ချမ်းမှာပေါ့ ဘာလို့ဆို အန်ကယ်လေးအေးချမ်းပါစေဆိုပြီး နေ့တိုင်းမေတ္တာပို့ပေးနေတာမို့လို့လေ "
" ခွီး "
အတော်လေးပွဲကျသွားတဲ့ ဆရာတပည့်နှယောက်ကြောင့် စတီဗန်ကပြုံးရယ်ကာ ငေးကြည့်နေလိုက်သည်။
" ဘာပဲ ဖြစ်ဖြစ်ပါကွာ ငါ့သားက Bossထက်အများကြီးသာတယ် Bossတုန်းက ဘာမှသင်ပေးလို့မရဘူး သူကအဲ့အပိိုင်းနည်းနည်းညံ့တယ် "
" အဟမ်း!! ငါ့ကိုကဲ့ရဲ့နေတာလား Sam "
" ရေကိုချစ်တာဗေဒါ ပန်းကိုချစ်တာလိပ်ပြာ လွန်းကိုချစ်တာ??? "
စကားအစဖော်ကာ နောက်ပြောင်နေတဲ့ Samကြောင့် ဟန်နရီနေရခက်လာသည်။ဘေးနားမှစတီဗန်ကလည်း နားမလည်သလို ကြောင်တောင်တောင်လေးငေးကြည့်နေတာမို့ ရှက်စိတ်အနည်းငယ်၀င်ရောက်လာတော့၏။
" လွန်းကိုချစ်တာ ???? "
" Sam တော်တော့ "
" အဲ့တာဆိုဆက်ပြောလေ လွန်းကိုချစ်တာ??? "
" ခွေးသားလေး တော်ပါတော့ဆို တီတီးကြည့်နေတယ် "
" အဲ့တာဆိုမြန်မြန်ပြောလေ လွန်းကိုချစ်တာ?? "
အဆက်မပြတ်စနောက်နေတဲ့ Samကြောင့် ဟန်နရီကမျက်မှောင်ကြုတ်ကာ Samကိုစိုက်ကြည့်လိုက်သည်
" လွန်းကိုချစ်တာ??? "
" ဟန်နရီပါ "
မရဲတရဲလေးပွင့်ထွက်လာတဲ့သြရှရှအသံကြောင့် စတီဗန်ပါးစပ်အမြန်ပိတ်ကာ ရယ်ချင်စိတ်တွေကိုထိန်းထားလိုက်သည်။ Samကတော့ မျက်ရည်ကျတဲ့အထိအော်ရယ်ကာ သူ့ဆရာပခုံးကိုလှမ်းဖက်လိုက်၏။
" ၀ေး၀ေးသွားစမ်းပါ ငါ့ကိုစနောက်နေတဲ့အကြောင်းတွေကို မာန်ဟိန်းကိုပြန်ပြောပြပြီး မင်းကိုဆူခိုင်းရမယ် "
2.7.22
Grey
****
" ဟုတ်ကဲ့ "
*****
" သူတယောက်ထဲလာတာပါ "
" လွှတ်လိုက် "
ဟန်နရီက လီယမ်ကိုမျက်ခုံးတစ်ချက်သာပြန်လည်ပင့်ပြရင်း ခြေထောက်နှစ်ဖက်ကိုဖြဲကားကာထိုင်လိုက်ပြီး လီယမ်ကိုအရွဲ့တိုက်ပြလိုက်သည်။
" မင်းရဲ့သားကို လူကြီးကိုဘယ်လိုလေးစားပြီးဆက်ဆံရမယ်ဆိုတာ သေချာလေးသင်ထားပေးစမ်းပါ "
" ကျုပ်သားကို လေးစားထိုက်တဲ့လူကိုရိုသေလေးစားဖို့သင်ပေးပြီးသားပါ ဒါပေမဲ့ခက်တာက ခင်ဗျားကလေးစားထိုက်တဲ့လူမှမဟုတ်ပဲလေ ကျုပ်သားကိုမပြောခင် ကိုယ့်ကိုယ်ကိုယ်အရင်ပြန်စမ်းစစ်တာကောင်းမယ်ထင်တယ် "
" တကယ်လည်းမင်းရဲ့သားက ငကြောက်ကောင်ပဲလေ အခုချိန်ထိမင်းရဲ့လုပ်ငန်းတွေကို ဘာမှမဦးစီးနိုင်တာကိုပဲကြည့်လေ "
" ၀ဖေန်ရတာကိုသဘာကျနေတဲ့ပုံပဲ အပြင်ပန်းကသူများကိုဝဖေန်ပြီး ကိုယ်တိုင်က လိုအပ်ချက်တွေအများကြီးရှိနေတဲ့လူ "
အထစ်အငေါ့မရှိပြောလိုက်တဲ့ အေးစက်စက်အသံကြောင့် လီယမ်ကအံကြိတ်ကာ ဟန်နရီကိုစူးစိုက်ကြည့်ရင်း မျက်နှာလွှဲသွားသည်။
" မင်းလိုကောင်က ငါ့ဆီတယောက်ထဲလာတာဆိုတော့ သွေးရိုးသားရိုးမဖြစ်နိုင်ဘူး ဥာဏ်များဖို့မကြံနဲ့နော်ဗစ်တာ မင်းရောက်နေတာ ငါ့ရဲ့ပိုင်နက် "
ဟန်နရီကသူ့လက်နှဖက်ကို လီယမ်ရှေ့ဆန့်တန်းပြကာ ဘာလက်နက်မှမပါလာကြောင်း လက်ခါပြလိုက်သည်။
လီယမ်ရဲ့စကားကြောင့် ခပ်ထူထူမျက်ခုံးလေးတွေမှာအနည်းငယ်တွန့်ကွေးသွားပြီး ပုံစံပျက်သွားတော့သည်။
လီယမ်က ဟန်နရီရဲ့စကားဆုံးသည်နှင့် ဟန်နရီအနားသို့ချက်ချင်းကပ်လာကာ သေနတ်ဖြင့်ချိန်ရွယ်ထားလိုက်သည်။
သို့ပေမယ့် ဟန်နရီကကြောက်ရွံ့တုန်လှုပ်ခြင်းမရှိပဲ လီယမ်ပိုခပ်အေးအေးသာစူးစိုက်ကြည့်လာ၏။
" မင်းဘာတွေကြံစည်နေတာလဲဗစ်တာ "
" ဘာကြံစည်နေတာဖြစ်မလဲ ? "
" သောက်ပိုတွေလုပ်မနေနဲ့ဗစ်တာ!! မင်းတခုခုလှုပ်ရှားလိုက်တာနဲ့ မင်းရဲ့သားကော မင်းကောသေပြီပဲ ငါနဲ့ပူးပေါင်းထားတဲ့အဖွဲ့အစည်းတွေရှိတယ်ဆိုတာမမေ့နဲ့ "
" အဲ့အဖွဲ့အစည်းတွေရဲ့အထက်မှာ ဘယ်သူရှိနေလဲဆိုတာမေ့နေပြီလား "
လီယမ်ရဲ့စကားကြောင့် ဟန်နရီခဏတာနှုတ်ဆိတ်သွားပြီး သူ့လက်မှနာရီကိုငုံ့ကြည့်လိုက်သည်။
" ....... "
" ........ "
ပါးစပ်ပိတ်ဖို့အချက်ပြကာ နာရီကိုပဲလှမ်းကြည့်နေတဲ့ဟန်နရီကြောင့် လီယမ်ခဏတာ ကြောင်အသွားသည်။
" 1.... 2...3...4...5 "
" ဟန်နရီဗစ်တာ !!!! "
" တောာက်!!! "
" ကျွန်တော်တို့ရဲ့ သတင်းအချက်အလက်တွေအကုန်လုံးဗစ်တာလက်ထဲမှာရှိနေပါတယ် ခေါင်းဆောင် "
" တယောက်ယောက်က ခေါင်းဆောင်ရဲ့ကွန်ပျူတာထဲကအချက်အလက်တွေအကုန် hackပြီးဗစ်တာကိုပေးခဲ့တာပါ "
**********
အံကြိတ်ထားလိုက်၏။
' ၀ုန်း !! '
" မင်း.... "
" ဘာထူးဆန်းနေလို့လဲ "
" ဘာ "
အိုင်ဗန်ကချက်ချင်းပဲ လင်းရောင်ရဲ့အနားသို့ပြေးကပ်ကာ ကြိုးတွေကိုဖြည်ပေးလိုက်ပြီး လင်းရောင်ရဲ့လက်ကိုလှမ်းဆွဲလိုက်သည်။
" ငါမလိုက်နိုင်ဘူး "
" စတီဗန်လည်းအဖမ်းခံထားရတာလေ သူတို့ကိုသွားကယ်ရမယ် "
ခေါင်းမာနေတဲ့လင်းရောင်ကြောင့် အိုင်ဗန်ကအလိုမကျစွာစူးစိုက်ကြည့်ရင်း လင်းရောင်ကိုပွေ့ချီလိုက်သည်။
အိုင်ဗန်ကအခန်းပြင်သို့ရောက်သည်နှင့် ပတ်ဝန်းကျင်အခြေအနေကိုအကဲခတ်ကာ လူမသိတဲ့လျှို့ဝှက်တံခါးပေါက်ထဲဝင်သွားလိုက်သည်။
အချိန်တိုင်းလိုလိုသူ့အားအော်ငေါက်ကာ ဒေါသထွက်တတ်သည့်လင်းရောင်ကို အိုင်ဗန်ကဘာတစ်ခွန်းမှမတုံ့ပြန်တော့ပဲ ခပ်ပြုံးပြုံးသာငုံ့ကြည့်လာ၏။
**********
" ထွီ!! "
စကားဆုံးသည်နှင့် ဟန်နရီကချက်ချင်းပင်လီယမ်ကိုဆွဲမတ်ကာ အင်္ကျီစကို ကိုင်ဆောင့်လိုက်သည်။
ဟန်နရီသူ့လက်ထဲမှသေနတ်ကိုပစ်ချကာ လီယမ်ရဲ့ကျောပြင်ကိုနံရံနဲ့ကပ်ပြီး လည်ပင်းကိုသူ့တံတောင်ဖြင့်ထောက်ထားလိုက်သည်။
" မင်းအဲ့နေ့ညက ဘာမဟုတ်တဲ့အရုပ်လေးတရုပ်အတွက်နဲ့ မင်းအဖေကိုညဘက်ကြီး သွားဝယ်ခိုင်းခဲ့တယ်မလား အဲ့အချိန်မှာ ရှိန်းခန့်ပိုင်ရဲ့အဖေခေါင်းဆောင်ပြီး မင်းအဖေကိုသတ်ပစ်လိုက်ကြတာလေ ငါ့အဖေလည်းပါတယ် "
မထင်မှတ်ထားတဲ့စကားသံကြောင့် ဟန်နရီရဲ့အသက်ရှုသံတွေပြင်းထန်လာကာ မျက်လွှာချသွားသည်။
" နောက်တခုပြောပြရအုံးမလား အဲ့အချိန်မှာထဲက မင်းကိုသတ်ပစ်ဖို့ မင်းရဲ့အခန်းထဲကို ငါ့အဖေရဲ့လူတွေရောက်နေပြီးသား....ဒါပေမဲ့ မင်းအဖေကအနူးညွှတ်တောင်းပန်ပြီး သူ့အသက်ကိုပဲယူပါဆိုလို့ ရှိန်းခန့်ပိုင်အဖေကကိစ္စရှင်းပေးလိုက်တာ....ဒါပေမဲ့ 11နှစ်အရွယ်ကောင်လေးကတော့ သူ့အဖေ car accidentဖြစ်တယ်လို့ပဲထင်နေခဲ့တာလေ....အဲ့အချိန်ထဲက မင်းလိုကောင်ကိုသတ်ပစ်ခဲ့ရမှာ ........မင်းလိုကောင်က ကောင်းကျိုးမပေးတဲ့ ဂြိုလ်.... ဆိုး......ကောင် "
စကားကိုတလုံးချင်းပြောကာ ရင်ဘတ်ထဲမှစိတ်ဒဏ်ရာကိုထိုးဆွပေးလိုက်တာကြောင့် ဟန်နရီအသားတွေတဆက်ဆက်တုန်ယင်လာကာ အံကိုကြိတ်ထားလိုက်သည်။
" သောက်အဘိုးကြီး ခင်ဗျားကိုကျုပ်သတ်ပစ်မယ် "
" Sam တော်တော့ "
ဟန်နရီစကားကို Samလျစ်လျူရှုကာ သူ့ခါးကြားထဲမှသေနတ်ကိုဆွဲထုတ်လိုက်သည်။နာကျည်းတဲ့ခံစားချက်တွေက Samရဲ့မျက်နှာတလျှောက်ထင်ဟပ်နေ၏။
" Sam တော်တော့လို့ !!! "
Samရဲ့ခန္ဓာကိုယ်ကို ဟန်နရီကဆွဲလှည့်ကာ တင်းကျပ်စွာဖက်ထားလိုက်သည်။အခွင့်ကောင်းရသွားတဲ့ လီယမ်က ထိုနေရာမှကြိုးစားကာ ထွက်ပြေးသွား၏။
Samကတော့အံကိုကြိတ်ကာ ငိုကြွေးရင်း ဟန်နရီရဲ့ဆံပင်ကိုသူ့လက်ဖြင့်ထိုးဖွလိုက်သည်။
" ဘာလို့လဲ....ဘာလို့ နာကျည်းစရာအတိတ်တွေက Bossဆီမှာပဲရှိနေရတာလဲ ဘာလို့ Bossကိုပဲသတ်ချင်နေကြရတာလဲ "
" Bossဟန်ဆောင်နေတာ.....အဆင်ပြေချင်ယောင်ဆောင်ပြီး ရင်ဘတ်ထဲနာကျင်နေရတယ်မလား "
" တကယ်တော့လေ ငါအဲ့အရုပ်လေးကိုသွားဝယ်ခိုင်းခဲ့တာမဟုတ်ပါဘူး ဒီအတိုင်းသဘောကျတယ်လို့ပဲပြောမိခဲ့ရုံပါ....ဒါပေမဲ့ ဒယ်ဒီကငါမသိတဲ့အချိန်မှာထွက်သွားပြီး သွားဝယ်ပေးခဲ့တယ်ထင်ပါတယ် အရာအားလုံးကငါ့ကြောင့်ပဲပျက်စီးခဲ့ရတယ် "
********
" ခင်ဗျားကို 3စက္ကန့်အချိန်ပေးမယ် 3စက္ကန့်အတွင်းကျွန်တော့်အရှေ့ကိုလာမလား ကျွန်တော်ပဲလာပြီးခင်ဗျားရဲ့ခြေထောက်တွေကိုရိုက်ချိုးပစ်ရမလား "
" 1...3စက္ကန့်ပြည့်ပြီ ကျွန်တော်ပဲခင်ဗျားရဲ့ခြေထောက်တွေကိုရိုက်ချိုးပစ်မယ် "
စတီဗန်က သူ့လက်ထဲမှသံတုတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း လီယမ်ရဲ့ခြေထောက်တစ်ဖက်ကိုသူ့အားဖြင့်ရိုက်ချလိုက်သည်။
" အာ့ "
လဲကျသွားသူရဲ့ရင်ဘတ်ပေါ်စတီဗန်က သူ့ခြေထောက်တဖက် လှမ်းတင်ကာငုံ့ကြည့်လိုက်သည်။
" မင်း!! "
" ခင်ဗျားနဲ့ကျွန်တော့်ဒယ်ဒီနဲ့ပြောခဲ့တဲ့စကားတွေကိုအကုန်ကြားခဲ့ပြီးပြီမို့လို့ ကျွန်တော်ကပဲခင်ဗျားကိုအပြစ်ပေးမယ် "
" လက်ရှိမှာတော့ အဲ့စောက်သုံးမကျတဲ့ကောင်ရဲ့ခြေထောက်အောက်မှာပြားပြားဝပ်နေရတယ်မလား "
" ...... "
" စောက်ကလေးလေး "
" ဒယ်ဒီ "
" အာ့...."
" ဘာဖြစ်တာလဲ  "
" ဟက်ထိသွားလို့ "
သူ့ရင်ဘတ်ကိုဖိကာ မျက်စိတဖက်မှိတ်ပြလိုက်တဲ့စတီဗန်ကြောင့်ဟန်နရီခေါင်းငုံ့ကာကြိတ်ရယ်လိုက်ပြီး စတီဗန်ကိုလက်မထောင်ပြလိုက်သည်။
" ဒယ်ဒီ ကျွန်တော်ဒါလေးမနိုင်တော့လို့ကူသယ်ပေးပါအုံး"
လက်နှစ်ဖက်ကိုထပ်ကာ ပစ္စည်းတခုခုသယ်ယူနေတဲ့ပုံစံလုပ်ပြနေတဲ့ စတီဗန်ကြောင့် ဆရာတပည့်နှစ်ယောက်လုံးကြောင်ကြည့်နေမိသည်။
" ဒယ်ဒီ ဒါလေးကူသယ်ပေးပါအုံးနော် ကျွန်တော်မနိုင်တော့လို့ "
" ဘာတွေလဲ သား "
" Bossသားက ကျွန်တော်တို့ကိုရောင်းစားတော့မှာ "
" ဟင် မချမ်းပါဘူး "
စတီဗန်ကSamကိုမျက်မှောင်တချက်ကြုတ်ပြကာ မေးငေါ့ပြလိုက်၏။
" ခွီး "
အတော်လေးပွဲကျသွားတဲ့ ဆရာတပည့်နှယောက်ကြောင့် စတီဗန်ကအတူပြုံးရယ်ကာ သူ့အဖေရဲ့လက်ကိုဆုပ်ကိုင်လိုက်သည်။
" ဘာပဲဖြစ်ဖြစ်ပါကွာ ငါ့သားက Bossထက်အများကြီးသာတယ် Bossတုန်းက ဘာမှသင်ပေးလို့မရဘူး သူကအဲ့အပိုင်းနည်းနည်းညံ့တယ် "
" လွန်းကိုချစ်တာ ???? "
" Sam တော်တော့ "
အဆက်မပြတ်စနောက်နေတဲ့ Samကြောင့် ဟန်နရီမျက်မှောင်ကြုတ်ကာ Samကိုစိုက်ကြည့်လိုက်သည်။
" လွန်းကိုချစ်တာ??? "
" ဟန်နရီပါ "
~~~~~~~~~
2.7.22
Grey
Lanjutkan Membaca
Kamu Akan Menyukai Ini
17.6K 1.7K 54
You call it obsession Gentle love , but he is obsessed with you👀🌚 i call it devation
11.5K 719 38
මළවූවන්ගේ ප්‍රේමය, ජීවමාන ප්‍රේමය උරා ගැනීමෙන් පමණක් ජීවත් වන අතර, එය වැඩි වැඩියෙන් ප්‍රේමය උරා බොන තරමට ජීවත් වේ...
2.8M 181K 36
No descriptions here
1.8M 81.9K 46
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
Aplikasi Wattpad - Akses fitur eksklusif