13

16.8K 1.4K 596
                                    

" ရှောင်း နေမကောင်းဘူးဆို? "

အပြေးအလွှားအိမ်ထဲ၀င်ရောက်လာသူက အိပ်ယာပေါ်လှဲနေတဲ့ရှောင်းကို အသာပွေ့ချီကာ ရင်ခွင်ထဲထည့်ထားလိုက်သည်။

" အင်း မနေ့ညက ဟင်းထွက်၀ယ်ရင်းမိုးမိသွားလို့ "

" ရှောင်းရယ် တခုခုစားချင်တာရှိရင်ကျွန်တော့်ကိုပြောရောပေါ့ အခုတော့ရှောင်းဖျားနေပြီ "

" ငါသက်သာပါတယ် ခေါင်းလည်းသိပ်မမူးတော့ဘူး "

" ညစာကောစားပြီးပြီလား "

" မစားရသေးဘူး "

" ဒါဆို ရှောင်းဘာစားချင်လဲ စားချင်တာသာပြော ကျွန်တော်ပါပါးကိုဖုန်းဆက်ပြီးချက်ခိုင်းလိုက်မယ် "

" အဲ့လိုကျအားနာစရာကြီးလေ ပေါင်မုန့်လေး၀ယ်ထားတာရှိတယ် အဲ့ပေါင်မုန့်လေးစားပြီးဆေးသောက်လိုက်မယ်နော် "

" အခုချိန်မှာ အားရှိတဲ့အစားအစာတွေစားရမယ်လေ ပါပါးကိုအားနာစရာမလိုဘူး ကျွန်တော့်ပါပါးကသဘောကောင်းတယ် ရှောင်းစားချင်တာပဲပြော "

ခဏတွေ၀ေသွားတဲ့ရှောင်းက မျက်လုံးလေးစင်းကျကာ စတီဗန်ရဲ့ရင်ခွင်ထဲပို၍တိုး၀င်လာသည်။

" ရှောင်းကအဆိုးဗျာ ကျွန်တော့်ကိုချွဲနေတာ ဒီကောင်ကရူးတော့မယ် "

" ငါ့အနားမှာမင်းရှိနေတော့ အထီးမကျန်တော့ဘူး "

" ဟုတ်လား ဒါဆိုဘယ်သွားသွားရှောင်းကိုခေါ်သွားတော့မှာ "

ရင်ခွင်ထဲတိုး၀င်နေသူက ခပ်ရေးရေးလေးပြုံးကာ စတီဗန်ကိုဖက်ထားလိုက်သည်။

" ရှောင်းကိုယ်တွေပူနေသေးတယ် တခုခုလေးစားပြီးဆေးသောက်လို့ရအောင် ဘာစားချင်လဲ "

" အခုချိန် ကြက်စွတ်ပြုတ်ချဥ်စပ်လေးသောက်ချင်တာ "

" ရှောင်းကနေမကောင်းတော့ အစပ်စားလို့ဖြစ်ပါ့မလား "

" ဖြစ်ပါတယ် အဲ့တာလေးစားချင်နေတာ "

" ဟုတ်လား အဲ့တာဆိုကျွန်တော်ပါပါးကိုဖုန်းဆက်ပြီး အခုချက်ခိုင်းလိုက်မယ် "

စကားဆုံးသည်နှင့် စတီဗန်ကဖုန်းကောက်ကိုင်ရင်းအခြာတစ်ဖက်မှာဖုန်းသွားပြောနေသည်။ရှောင်းကတော့ အိပ်ယာပေါ်တွင်သာခပ်ငြိမ်ငြိမ်လေးလှဲရင်း မျက်လုံးစုံမှိတ်ထား၏။

Stivan And The Psychopath ( Completed) Where stories live. Discover now