" ဟေ့ကောင်တွေ ထစမ်း!! "
အခန်းထဲစူးရှစွာ၀င်ရောက်လာတဲ့အသံနဲ့အတူ နိုးထလာရတာကြောင့် စတီဗန်တို့သုံးယောက်လုံးမျက်လုံးကိုအားပြုကာဖွင့်ရင်း ပတ်၀န်းကျင်ကိုအကဲခတ်လိုက်သည်။
လူလေးယောက်လောက်က သူတို့လက်တွေကိုနောက်ပြန်ကြိုးတုပ်ကာ ထိုအခန်းထဲမှဆွဲထုတ်သွားသော်လည်း အကြောက်အလန့်မရှိသည့်စတီဗန်တို့သုံးယောက်က အေးဆေးစွာဖြင့်လိုက်ပါသွားသည်။
" ကောင်းကောင်းအိပ်စက်ခဲ့ကြရဲ့လား ကိုယ့်ရဲ့ VIPလေးတွေ "
အပြင်သို့ရောက်သည်နှင့်သူတို့အား ပျူပျူငှာငှာပြုံးပြနေတဲ့ လီယမ်ကြောင့် စတီဗန်ကမျက်ခုံးတချက်ပြန်ပင့်ပြကာ ခပ်ရွဲ့ရွဲ့ပြုံးပြလိုက်သည်။
" ရန်သူနှစ်ယောက်ကိုတောင် ပြေလည်အောင်ပေါင်းနိုင်တယ်ဆိုတော့ ဗစ်တာသားက နည်းနည်းတော့ထက်မြက်မယ်ထင်တယ် "
တဖက်မှအထင်သေးစွာပြောလာပေမယ့် စတီဗန်ဘာကိုမှမတုံ့ပြန်ပဲ ခေါင်းငုံ့ကာနှုတ်ဆိတ်နေလိုက်သည်။
" မင်းတို့အတွက်မခက်ခဲတဲ့ အလုပ်လေးတခုကိုလုပ်ပေးနိုင်မလား အဲ့အလုပ်ပြီးတာနဲ့ မင်းတို့သုံးယောက်လုံးကို ပြန်လွှတ်ပေးမယ် "
" ဘာအလုပ်မှန်းမသိပေမယ့် မလုပ်ပေးနိုင်ဘူး "
ခပ်ပြတ်ပြတ်ထွက်လာတဲ့လင်းရောင်ရဲ့စကားသံကြောင့် လီယမ်ကလက်သီးဆုပ်ကာ လင်းရောင်ရဲ့မျက်နှာကိုဆွဲထိုးလိုက်သည်။သုံးယောက်လုံးလက်နောက်ပြန် ချုပ်နှောင်ခံထားရတာမို့ အံကြိတ်ကာသည်းခံရုံကလွဲပြီးမတတ်နိုင်ပေ။လီယမ်ရဲ့လက်ချောင်းတွေပေါ်မှ ထူထဲတဲ့လက်စွပ်တွေကြောင့် လင်းရောင်ရဲ့မျက်နှာမှာဝာအတော်လေး ပွန်းရှသွားတော့သည်။
" ခင်ဗျားဘာဖြစ်ချင်နေတာလဲ !!! "
သူ့ကိုစိုက်ကြည့်ကာ လေသံမာမာဖြင့်ပြောလာသည့်စတီဗန်ကြောင့် လီယမ်ကစတီဗန်ရဲ့မျက်နှာကိုဆွဲညှစ်ကာ ပြန်လည်စိုက်ကြည့်လိုက်သည်။
" သဘက်ခါဆို BLKဂိုဏ်းက လက်နက်ကုန်ချဖို့ နယ်စပ်ကသူတို့စခန်းကိုပြန်လာလိမ့်မယ် အဲ့အချိန်မှာ မင်းတို့သုံးယောက်က သူတို့စခန်းကို၀င်တိုက်ပြီး အဲ့လက်နက်တွေကိုသိမ်းပိုက်ပေးရုံပဲ အဲ့ကိစ္စအောင်မြင်ရင် မင်းတို့သုံးယောက်လုံးကိုပြန်လွှတ်ပေးမယ် "