23

16.7K 1.5K 815
                                    

" ထင်တဲ့အတိုင်း ဗစ်တာလိုက်လာပါပြီ"

" ဒီပိုင်နက်ကသူ့နယ်မြေမဟုတ်တဲ့အတွက် တိုက်ခိုက်ဖို့လာမှာမဟုတ်ဘူး ညှိနှိုင်းဖို့လာတာ...သူလာရင် ဂိတ်တံခါးဖွင့်ပေးလိုက်... သူ့ဘေးနားမှာ Samပါလားဆိုတာသေချာကြည့် အဲ့ကောင်ပါလာရင်သတိထားပြီး လှုပ်ရှားလိုက် "

" ဟုတ်ကဲ့ "

" သူ့သားကို အခုနေပြန်လွှတ်ပေးတာကောင်းလိမ့်မယ်နော်လီယမ် မဟုတ်ရင် ငါတို့အကုန်လုံးကို ဗစ်တာပတ်ရမ်းလိမ့်မယ် "

မိတ်ဖက်ဂိုဏ်းတခုမှ လုပ်ဖော်ကိုင်ဖက်ရဲ့စကားကြောင့် လီယမ်ကအလိုမကျစွာဖြင့်မျက်မှောင်ကြုတ်ရင်း ထိုလူရဲ့အနားကိုချဥ်းကပ်သွားလိုက်သည်။

" ဗစ်တာရဲ့လျှို့၀ှက်ချက်တစ်ခုပြောပြရမလား? အဲ့ကောင်က လွန်းတာနေဆန်းနဲ့ သူ့အဖေဒေးဗစ်နဲ့ပတ်သတ်ပြီး စိတ်ဒဏ်ရာရှိပြီးသားသူတယောက်....အဲ့စိတ်ဒဏ်ရာကြောင့်ပဲ သူသေမလိုဖြစ်ခဲ့တာလေ...အခုလဲ ဒေးဗစ်နဲ့ပတ်သတ်တဲ့ဒဏ်ရာဟောင်းလေးကို နည်းနည်းလောက်ဆွပေးလိုက်မယ်ဆိုရင်?"

အသံကိုခပ်ဖြည်းဖြည်းလျှောချကာ တလုံးချင်းပြောလိုက်တာကြောင့် တဖက်လူမှာလီယမ်ရဲ့အကြံကိုသဘောပေါက်ပြီး သဘောကျစွာပြုံးရယ်လိုက်သည်။

" သနားစရာကောင်ငယ်လေးဗစ်တာနဲ့ သနားစရာဒေးဗစ်ရဲ့ပေးဆပ်ခြင်းလို့ ခေါင်းစဥ်တပ်ရမလားပဲ "

" သူ့အဖေအနစ်နာခံခဲ့သလိုမျိုး အခုသူ့အလှည့်ပြန်ရောက်လာပြီလေ ဒီတခါကော သနားစရာဗစ်တာက သူ့သားအတွက်ဘယ်လိုအနစ်နာခံသွားမလဲဆိုတာ စိတ်၀င်စားနေပြီ "

လီယမ်တို့ကအချင်းချင်းခွက်ချင်းတိုက်ကာ အောင်ပွဲခံလိုက်ပြီး သဘောကျစွာအော်ရယ်လိုက်ကြသည်။ ဘေးချင်းကပ်အခန်းတွင်လည်း စတီဗန်တို့သုံးယောက်ကို တယောက်တနေရာစီခွဲကာ ဖမ်းချုပ်ထားတာဖြစ်၏။

*****

" ဗစ်တာရောက်လာပါပြီ ခေါင်းဆောင် "

" တခြားဘယ်သူတွေပါသေးလဲ "

" သူတယောက်ထဲလာတာပါ "

" လွှတ်လိိုက် "

လက်ထဲမှ whiskyခွက်ကိုအသာလှုပ်ရမ်းရင်း လီယမ်က စားပွဲပေါ်ခြေထောက်တင်ကာ အဆင်သင့်စောင့်နေလိုက်သည်။ခဏအကြာ သူ့ရုံးခန်းထဲသို့ခပ်တည်တည်ပဲ၀င်ရောက်လာတဲ့ ဟန်နရီကြောင့် လီယမ်ကခပ်ရေးရေးပြုံးရင်း
ဟန်နရီကိုကြိုဆိုလိုက်သည်။

Stivan And The Psychopath ( Completed) Where stories live. Discover now