24

16.1K 1.4K 204
                                    

လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်ရှိနေပါသဖြင့် ~~~~~~~

" တောက်!! "

အလိုမကျမှုတွေကို စတီဗန်စိတ်ထဲမြိုသိပ်ကာ သည်းခံလိုက်ပြီး ခွန်ရှောင်းရဲ့ခြံအပြင်မှ အိမ်ထဲသို့ လှည့်ပတ်ကာ အကဲခတ်လိိုက်သည်။အသံတိတ်ကာ တအိမ်လုံးမှောင်မဲနေတာကြောင့် စိုးရိမ်စိတ်ကအတော်လေးပြင်းထန်နေတာဖြစ်သည်။တနေ့လုံးဖုန်းမကိိုင်တဲ့အပြင် ခွန်ရှောင်းဘက်မှအဆက်အသွယ်မလုပ်တော့တာကြောင့် စိတ်တွေကမွန်းကျပ်လာရ၏။

ကလင်

ဖုန်းထဲ၀င်ရောက်လာတဲ့ messageကြောင့် စတီဗန်အမြန်ကားထဲ၀င်ကာ ဖုန်းဖွင့်ကြည့်လိုက်သည်။သူစုံစမ်းခိုင်ထားတဲ့ ခွန်ရှောင်းရဲ့တည်နေရာကို သိလာပြီဖြစ်တာကြောင့် စတီဗန်ကခပ်ရေးရေးပြုံးကာ လည်ပင်းထက်မှ necktieကိုဆွဲဖြုတ်လိုက်၏။

" ခင်ဗျား ကျွန်တော့်လက်ထဲကလွတ်အောင်ပြေးစမ်းပါ ခွန်ရှောင်းဇင်ရယ် "

လက်ထဲမှဖုန်းကို ကားနောက်ခန်းထဲပစ်ထည့်ကာ စတီဗန်ကားကိုတရှိန်ထိုးမောင်းနှင်လာ၏။မျက်နှာတွင်လည်းအလိုမကျမှုတွေက ဖုံးလွှမ်းကာ တစုံတယောက်ဆီကိုပဲဦးတည်နေတာဖြစ်သည်။

****

" ခွန်ရှောင်းဇင် အခုထွက်လာခဲ့ !!! "

လူရမ်းကားတယောက်လို အိမ်ပြင်မှအော်ဟစ်နေတာကြောင့်
ခွန်ရှောင်းတယောက် အိမ်ထဲမှအမြန်ပြေးထွက်ကာ ခြံပြင်ထွက်လာလိုက်သည်။ခွန်ရှောင်းအနောက်မှ သူနဲ့ရွယ်တူကောင်လေးသုံးယောက်လည်းလိုက်ပါလာတာကြောင့် စတီဗန်ပို၍စိတ်အလိုမကျဖြစ်လာတော့၏။

" ခင်ဗျားဆီမှာ နာရီမရှိတာလား? "

" မင်းဘာဖြစ်နေတာလဲ "

" ဘယ်နှနာရီရှိနေပြီလဲဆိုတာကောသိရဲ့လား မပြောမဆိုပဲစိတ်ထင်တိုင်းလျှောက်သွားနေတာဆိုတော့ အတော်လေးစိတ်လွတ်နေတဲ့ပုံပဲ "

" မင်းပုံစံကအလကားသပ်သပ် ငါ့ကိုစိတ်တိုနေတာနဲ့တူနေပြီ "

" ဟုတ်တယ်ဗျာ ဟုတ်တယ်!! ကျွန်တော်စိတ်တိုနေတာ ခွန်ရှောင်းဇင်ဆိုတဲ့ခင်ဗျားကို !! "

Stivan And The Psychopath ( Completed) Wo Geschichten leben. Entdecke jetzt