11

18.2K 1.5K 251
                                    

" မနေ့ညက ဒီကျောင်းရဲ့ securityဦးလေးကြီးအသတ်ခံလိုက်ရတယ်တဲ့ အခုကျောင်းရှေ့မှာရဲတွေရောက်နေပြီ "

တယောက်တပေါက်ပြောနေတဲ့စကားသံတွေက ကျောင်းအတွင်းဆူညံကာ ပွက်လောရိုက်သွားတော့သည်။

" Van ငါတို့ကျောင်းထဲမှာတင် လူသတ်ကောင်ကရှိနေပြီထင်တယ် "

ရှောင်းက အနည်းငယ်ထိတ်လန့်စွာဖြင့်ပြောလာတာမို့ စတီဗန်ကရှောင်းရဲ့လက်ကိုတင်းကျပ်စွာဆုပ်ကိုင်ပေးထားသည်။

" လင်းရောင် "

" အေး "

" မင်းတခြားဘာသတင်းကြားမိသေးလဲ "

" ငါကြားမိသလောက် အဲ့လူသတ်ကောင်က ရည်ရွယ်ချက်ရှိရှိနဲ့ တစ်ယောက်ချင်းစီသတ်နေတာလို့ကြားတာပဲ "

" ငါ သေသွားတဲ့လူကိုကိုယ်တိုင်သွားကြည့်ချင်တယ် သူအခုဘယ်မှာလဲ "

" ကျောင်းရှေ့မှာပဲရှိလောက်အုံးမယ်ထင်တယ် စစ်ဆေးနေကြတာဆိိုတော့ "

" ရှောင်းဒီမှာခဏကျန်ခဲ့နော် ကျွန်တော်အခုချက်ချင်းပြန်လာခဲ့မယ် အတည်ပြုစရာလေးရှိလို့ "

" မြန်မြန်ပြန်လာခဲ့ရမယ်နော် "

စတီဗန်ကခေါင်းကိုအသာညိတ်ပြရင်း အခင်းဖြစ်ရာနေရာသို့ဦးတည်လာခဲ့၏။စတီဗန်ရဲ့ဘေးတွင် လင်းရောင်လည်းကပ်ပါလာတာဖြစ်သည်။လူအများအပြားအုံနေတဲ့ လူအုပ်ကြီးထဲစတီဗန်တိုး၀ေ့ကာ ကြည့်လိုက်တော့ ထိတ်လန့်စရာမြင်ကွင်းတစ်ခုအားမြင်လိုက်ရသည်။

သေဆုံးနေသည့်အလောင်းတွင် မျက်လုံးနှစ်လုံးမရှိတော့ပဲ မျက်နှာကအတော်လေးစုတ်ပြတ်စွာဖြင့်သေဆုံးနေတာဖြစ်သည်။ခန္ဓာကိုယ်ကတော့ ကြီးကြီးမားမားဒဏ်ရာမရှိပေ။

" တကယ်ပဲဒီကောင်ဘယ်သူလဲ "

စတီဗန်က မကျေနပ်စွာဖြင့်စိတ်ထဲမှရေရွတ်ရင်း ထိုလူအုပ်ထဲမှပြန်ထွက်လာခဲ့သည်။

" ကြက်ခြေခတ် ....လူသေရဲ့လက်ဖျံမှာ ကြက်ခြေခတ်ပုံစံ ဓားနဲ့မွှန်းထားတယ် ဒါဘာကိုပြောချင်တာလဲ တကယ်ပဲဒီကောင်က ဘာအကွက်တွေရွှေ့နေတာလဲ "

Stivan And The Psychopath ( Completed) Where stories live. Discover now