ထူထပ်နေတဲ့လူအုပ်ကြား အိုင်ဗန်တိုး၀ှေ့ကာ ထိုအခန်းရှေ့ရောက်အောင်သွားလိုက်သည်။ဘာလုပ်ရမှန်းမသိပေမယ့် စတီဗန်ကအ၀ေးကနေ မျက်စိတဖက်မှိတ်ပြလိုက်တာမို့ သတ္တိပြန်မွေးရင်း အခန်းတံခါးရှေ့မှပိတ်ရပ်နေသည့်လူသုံးယောက်ရှေ့တွင်ခပ်တည်တည်ရပ်လိုက်၏။
" မတွေ့တာတောင်ကြာပြီပဲ "
တခါမျှမဆုံဖူးပဲ သူတို့ကိုသိနေတဲ့ပုံစံလာလုပ်နေတဲ့အိုင်ဗန်ကြောင့် ထိုလူသုံးယောက်မှာ ခပ်ရွဲ့ရွဲ့ပြုံးလိုက်ပြီး အိုင်ဗန်ရဲ့အင်္ကျီကိုလှမ်းဆွဲလိိုက်သည်။
" မင်းကဘာကောင်လဲ မသိပဲနဲ့ဘာတွေဇယားလာရှုပ်နေတာလဲ "
" အခုချက်ချင်း မင်းတို့ရဲ့လက်တွေကိုပြန်ယုတ်သိမ်းလိုက်ရင်ကောင်းမယ်ထင်တယ် "
" စကားပြောတာရင့်လှချည်လား "
" မင်းတို့ကငါ့ကိုမသိပေမယ့် ငါကတော့မင်းတို့အကြောင်းတွေသိပြီးသားနော် ငါ့ကိုထိတာနဲ့ဗစ်တာနဲ့ထိပ်တိုက်ရှင်းရပြီသာမှတ် "
ဗစ်တာဆိုတဲ့အမည်နာမကြောင့် ထိုလူတွေရဲ့လက်မှာအလိုလိုပြေလျော့သွားတော့သည်။
" မင်းဘယ်သူလဲ "
" ဒီနာရီပြလိုက်ရင်ကော ငါဘယ်သူလဲဆိုတာပြောစရာလိုလောက်သေးလား "
အိုင်ဗန်က သူ့လက်ထဲမှနာရီကို လက်ကြားထဲတွဲလောင်းခါပြလိုက်တာမို့ တဖက်လူသုံးယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးတွေ၀ေသွားသည်။
" မင်း...မင်းက "
" စတီဗန်....အတိအကျပြောရရင် စတီဗန်ဗစ်တာ "
တုန်လှုပ်ခြင်းမရှိခပ်အေးအေးပြောလိုက်တာမို့ တဖက်လူသုံးယောက်မှာချက်ချင်းခေါင်းငုံ့ကာ အရိုအသေပေးလိုက်သည်။အိုင်ဗန်ကတော့ စိတ်လှုပ်ရှားခြင်းမရှိပဲ သူ့လက်ထဲမှနာရီကိုလက်ကောက်၀တ်တွင်ပြန်ပတ်ထားလိုက်သည်။
" ကျွန်တော်တို့မသိလို့ ရိုင်းပျမိသွားတဲ့အတွက်တောင်းပန်ပါတယ် "
" ထားပါတော့ လောလောဆယ်လုပ်စရာကိစ္စလေးတွေရှိလို့ ငါဒီအခန်းထဲ၀င်ချင်တယ်"