12

17K 1.5K 522
                                    

"ကျွန်တော်ရှောင်းကိုလိုချင်တယ်.....မဟုတ်ဘူး ကျွန်တော်ရှောင်းကိုနောက်တကြိမ်အပိုင်သိမ်းတော့မှာ "

ရီ၀ေ၀ေအကြည့်တွေကစူးရှနေပြီး ဖိကပ်ခံထားရတဲ့ခန္ဓာကိုယ်လေးမှာပို၍ကျုံ့၀င်လာသည်။ အပေါ်မှလက်နှဖက်ထောက်ကာအုပ်မိုးထားတဲ့ စတီဗန်ရဲ့ခန္ဓာကိုယ်ကြီးကြောင့် ရှောင်းရဲ့လက်များက အိပ်ယာခင်းစကို ဆုပ်ကိုင်လိုက်သည်။မျက်နှာကိုတစ်ဖက်လှည့်ကာ မျက်လုံးစုံမှိတ်ထားတဲ့ရှောင်းကြောင့် စတီဗန်ကရှောင်းကိုအုပ်မိုးထားရာမှ ဘေးဘက်ကိုပြန်ဆင်းလိုက်သည်။

" ခွန်ရှောင်းဇင် "

" အင်း "

" ကျွန်တော် ခွန်ရှောင်းဇင်ကိုချစ်တယ်ဗျ "

နားအနားကပ်ကာပြောလာသည့်သြရှရှအသံကြောင့် ရှောင်းရင်ထဲအဆမတန်တုန်ယင်လာရသည်။နီးနီးကပ်ကပ်ကြည့်နေတဲ့ ရီ၀ေ၀ေမျက်၀န်းတွေကြောင့်ရင်ထဲဒိုင်းကနဲ။ချစ်တယ်ဆိုတဲ့စကားက အမြတ်တနိုးထားတဲ့အချစ်ဆုံးရဲ့နှုတ်ခမ်းပေါ်ကဖွင့်ဟလာတာမို့ ကြည်နူးရပါရဲ့။

" ငါကလည်းမင်းကိုချစ်ပါတယ် "

စကားအဆုံး၌နှစ်ယောက်လုံးထပ်တူညီစွာပြုံးမိ၏။နီးကပ်နေတဲ့ကိုယ်ခန္ဓာနှစ်ခုကြောင့် အသက်ရှုသံတွေကပြင်းထန်ဆဲ။ခန္ဓာကိုယ်ချင်းသိပ်မကွာလှသော်လည်း နွေးထွေးရဲ့ရင်ခွင်တစ်စုံက ရှောင်းစိတ်အလုံးစုံကို ကာကွယ်နိုင်လောက်ပါရဲ့။

" မင်းဒယ်ဒီက ငါ့ကိုသိပ်သဘောမကျသလိုပဲနော် "

ခပ်တိုးတိုးဖွင့်ဟလာတဲ့ ရှောင်းရဲ့အသံကြောင့် စတီဗန်ကချက်ချင်းခေါင်းထောင်ကြည့်လာသည်။

" ခုနကဒယ်ဒီရဲ့အပြုအမူကြောင့် ရှောင်းစိတ်မကောင်းဖြစ်သွားတာလား။ဒယ်ဒီရဲ့ပုံစံက အရင်တည်းကအဲ့လိုပုံစံမို့လို့စိတ်ထဲမထားနဲ့နော် အဓိက,က ကျွန်တော်ရှောင်းကိုအရမ်းချစ်တာသိပေးရင်ရပြီ "

" အင်းပါ "

" အချစ်ဆုံးက စိတ်မကောင်းဖြစ်အောင်လုပ်နေပြီဗျာ ဒီလူရဲ့နှလုံးသားကို အပိုင်ရထားတာတောင် ဘာတွေအတွေးလွန်နေတာလဲ "

Stivan And The Psychopath ( Completed) Where stories live. Discover now